အပိုင်း ၁၁၇
Viewers 15k

Chapter 117

(အသေးစားလှုပ်ရှားမှုများ)


အဆုံးမှာ ဝေ့ထင်သည် ကျိုးဖုန်း အခန်းကို တစ်ကယ်သွားအိပ်ခဲ့ပြီး ဝေ့ရွှယ်က စုမုန့် နှင့် အတူရှိနေခဲ့သည်။


လုစုကွဲသွားသောအခါတွင်၊ဝေ့ထင် မရှိတော့၍ ဝေ့ရွှယ်၏ ပင်ကိုစရိုက်က ပေါ်လွင်လာသည်။ သူမက အေးစက်သောမျက်နှာဖြင့် စကားတစ်ခွန်းမှမပြောဘဲ စုမုန့်၏ ကုတင်ဆီသို့ လျှောက်သွားပြီး အိပ်ရန်ပြင်ဆင်နေသည်။


 "ရှောင်ရွှယ် …နင်က ငါ့ကိုဂရုစိုက်ဖို့ဒီမှာနေခဲ့တာမဟုတ်ဘူးလား... ဒါ​ပေမယ့်​ နင်သာ အိပ်​​နေရင်​ ငါ့ကို ဘယ်​လိုဂရုစိုက်​မလဲ" 


စုမုန့် သည် ဝေ့ရွှယ် ကို အသားချင်းမထိဘဲ စောင်ဖြင့် အားမပါဘဲ တွန်းထားသည်။  ဝေ့ရွှယ် ရဲ့ ခန္ဓာကိုယ်က တစ်ခုခုက သူမကို ဓါတ်မတည့်မှု ဖြစ်စေရင် ဘယ်လိုလုပ်မလဲ...


ဝေ့ရွှယ်က ဟန်မဆောင်ဘဲ စိတ်မရှည်စွာပြောသည်။


 “တစ်ခုခုရှိရင် ငါ့ကို ခေါ်လိုက်လေ"


စုမုန့်က သနားဟန်ဆောင်ကာ


  "ဒါပေမယ့် ဒီအခန်းထဲမှာ ဒီကုတင်ပဲရှိတယ်...အရမ်းသေးတယ်…နင် ဒီမှာအိပ်ရင် ငါက ဘယ်လိုအနားယူမှာလဲ...လူနာက ငါလေ... ညသန်းခေါင်ကြီး တစ်ခုခုဖြစ်သွားရင်  ငါ့အသက်ကို အဲ့ဒီကြောက်စရာ ကိရိယာတွေနဲ့ ကယ်နေရဦးမယ်"


"ငါတို့က မဝပါဘူး…ဒီလို ကုတင်ကြီးကြီးမှာ ငါတို့နှစ်ယောက်အိပ်ရတာ လွယ်တယ်…မြန်မြန်အိပ်တော့… ငါ့မှာ မနက်ဖြန်လုပ်စရာတွေရှိသေးတယ်"  


ထိုစကားကို ပြောပြီးနောက် သူမ မျက်လုံးမှိတ်ကာ အိပ်ပျော်သွားခဲ့သည်။


စုမုန့် တခြားဘာမှ မပြောဘဲ ဝေ့ရွှယ် အနားမှာအိပ်နေခဲ့သည်။  သို့သော်လည်း သူမ ဝေ့ရွှယ် နှင့် နည်းနည်းခွာအိပ်သည်။ခဏကြာသည်အထိ နှစ်ယောက်လုံးက တစ်ကယ်ပဲ အိပ်ပျော်သွားသလိုမျိုး ဘာမှ မပြောဖြစ်။


အချိန်အတော်အတန်ကြာပြီးနောက် ဝေ့ရွှယ် ရုတ်တရက် မျက်လုံးပွင့်လာသည်။သူမ ခေါင်းကို အနည်းငယ် လှည့်ကြည့်လိုက်ရာ စုမုန့်သည် ဘေးမှာ ငြိမ်သက်စွာ အိပ်နေတာကို တွေ့လိုက်ရသည်။


 "စုမုန့်"  


သူမ တိုးတိုးလေး ခေါ်ကြည့်ရာ ဘာမှ ပြန်မထူး။ထို့နောက် သူမ တိတ်တိတ်ဆိတ်ဆိတ် ကုတင်ပေါ်က ဆင်းပြီး ထွက်လာခဲ့သည်။


ဝေ့ရွှယ် ထွက်သွားတော့ စုမုန့် ရုတ်တရက် မျက်လုံးပွင့်လာရ၏။တစ်ကယ်တမ်းက၊ဝေ့ရွှယ် တစ်ခုခုလုပ်မည်ဟုတွေးမိ၍သူမ ယခုထိ မအိပ်ရသေးပေ။


ဝေ့ရွှယ်သည် အခန်းအပြင်ဘက်သို့ ခြေဖျားထောက်ကာ အမှိုက်ပုံးရှေ့သို့သွားပြီး အမှိုက်ပုံးကို ကြောင်စီစီ စိုက်ကြည့်နေသည်။


ထိုစဉ် စုမုန့် ကုတင်ပေါ်မှ အပြင်ကို လှမ်းကြည့်လိုက်ရာ ဝေ့ရွှယ် ၏ ကိုယ်တစ်ပိုင်းကို မြင်ရသည်။ ဝေ့ရွှယ်သည် တံခါးအပြင်ဘက်တွင် ရပ်နေပြီး မလှုပ်ရှားကြောင်း သူမလည်း သိသည်။ 


 ....


ဝေ့ရွှယ် အချိန်အကြာကြီး မလှုပ်ရှားတာကြောင့် စုမုန့် သိချင်ဇောဖြင့် ထထွက်လာခဲ့၏။ကံကောင်းစွာနှင့် ဆေးရုံကုတင်က တံခါးနှင့် မဝေးပေ။ သူမ ခြေလှမ်းအနည်းငယ်သာလှမ်းပြီး ဝေ့ရွှယ် ကို သေချာမြင်လိုက်ရသည်။  ။


ဝေ့ရွှယ်သည် ကြောင်စီစီဖြင့် အမှိုက်ပုံးကို ကြည့်နေရာမှ လက်ကို စက္ကန့်အနည်းငယ်လောက် လေထဲမှာ တုံ့ဆိုင်းနေဟန်ရှိ၏။သူမ ဘာလုပ်ဖို့ကြိုးစားနေမှန်းမသိ။ စုမုန့် ဖုန်းကို ထုတ်လိုက်ပြီး ဝေ့ရွှယ်ကို ဗီဒီယို စရိုက်တော့သည်။


 ဤသည်မှာ မိသားစုကြီးအချို့ကို ဝန်ဆောင်မှုပေးသည့် အထူးသီးသန့်ဆေးရုံဖြစ်သောကြောင့်၊ ညဘက်တွင် လူနာအနည်းငယ်သာ ရှိသည်။တာဝန်ကျဆရာဝန်မှလွဲ၍ အပြင်လူတစ်ဦးတစ်ယောက်မှ မရှိသောကြောင့် ဘာမှ စိုးရိမ်နေစရာမလိုပေ။ဝေ့ရွှယ် တစ်ယောက် အမှိုက်ပုံးရှေ့မှာ အကြာကြီး ရပ်နေ၍ သူမ စိတ်မရှည်ဖြစ်လာချိန်မှာ တစ်ခုခုပြုလုပ်ရန်ပြင်နေသည်။ဝေ့ရွှယ်   အသက်ပြင်းပြင်းရှူရင်း အံကြိတ် မျက်လုံးကိုမှိတ်ကာ လက်ကို အမှိုက်ပုံးထဲသို့ထည့်လိုက်သည်။


စုမုန့် သူမ၏ လုပ်ရပ်ကို မြင်သောအခါ ချက်ချင်း သဘောပေါက်သွားသည်။ ဝေ့ရွှယ်သည် စောစောက ဝေ့ထင် လွှင့်ပစ်ထားသော ပန်းစည်းကို ယူတော့မည်။မျှော်လင့်ထားသလိုပင် ဝေ့ရွှယ် အမှိုက်ပုံးထဲက ပန်းစည်းကို ကိုင်လိုက်၏။ဝေ့ရွှယ် ယခုထိ စိတ်ပြောင်းမသွားသေးပေ။ 


ဒုတိယအကြိမ် ကြိုးစားသည်အထိ စိတ်ပိုင်းဖြတ်ထားပုံရသည်။ပန်းတိုင်ရောက်သည့်အထိ အရှုံးမပေးချေ။သူမသည် များသောအားဖြင့် သိမ်သိမ်မွေ့မွေ့ သာပြောဆိုနေထိုင်သော်လည်း ယခုတော့ အမှိုက်ပုံးထဲလက်ထည့်ရန်ပင် ဆန္ဒရှိနေသည်။ ဝေ့ရွှယ် ပန်းများကိုယူပြီးနောက် မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ယခုဆို အညစ်အကြေးများကိုပင် ဂရုမစိုက်တော့ဘဲ သူမ ပျော်ရွှင်နေနိုင်လေသည်။ထို့နောက်  သူမသည် ပန်းရိုးတိုင်အားလုံးကို ခြွေချကာ ကျန်အကြွင်းအကျန်များကို လွှင့်ပစ်လိုက်သည်။သူမ၏ လှုပ်ရှားမှုက မြန်ဆန်လွန်းသည်။ခဏလေးနှင့် ပြီးသွား၏။ 


စုမုန့် သူမ ပြန်လာတော့မည်မှန်းသိကာ အချိန်မီ ဆေးရုံကုတင်ပေါ် အမြန်ပြန်လာခဲ့သည်။ပြီးလျှင် သူမတစ်ကိုယ်လုံး စောင်ခြုံထားသော်လည်း ဖုန်းနှင့် record ယူ၍ရစေရန် အောက်ဖျားနားကို ဟ,ထားလိုက်၏။ဗီဒီယိုကို ဤအဟ,ကြားလေးမှတစ်ဆင့် ဆက်လက်ရိုက်ကူးနိုင်သည်။


ဝေ့ရွှယ် ဝင်လာပြီးနောက်၊ စုမုန့် နိုးနေသလားဆိုသည်ကို အရင်စစ်သည်။စုမုန့် မျက်လုံးမဖွင့်သေးသဖြင့် သူမ စိတ်သက်သာရာရသွားသလို တိုးတိုးလေး "ယေး"ဟု ပြောလိုက်သည်။ထို့နောက် သူမ စားပွဲဆီသို့ လျှောက်သွားကာ ရေနွေးအိုးကိုဖွင့်ပြီး တစ်ခုခုထည့်လိုက်သည်။


(စုမုန့်ကို ဆေးသောက်ခိုင်းတယ်)


စုမုန့် မျက်လုံးမှိတ်ပြီး တစ်ဖက်လှည့်ကာ ဗီဒီယိုကိုပြန်ပိတ်ကာ ဖုန်းကို ဖယ်ထားလိုက်သည်။ထို့နောက် တစ်ဖက်ကိုစောင်းအိပ်လိုက်၏။


ဝေ့ရွှယ် စိတ်ထဲဝယ် အပြစ်ရှိသလို ခံစားနေရချိန်မှာ စုမုန့် တစ်ဖက်လှည့်သံကို ကြားလိုက်ရသောအခါ ထိတ်လန့်သွားပြီး စုမုန့်အား ချက်ချင်းလှည့်ကြည့်လိုက်သည်။ အချိန်အတော်ကြာအောင်စောင့်ကြည့်ရာ စုမုန့် မျက်လုံးမဖွင့်သေးမှန်း တွေ့လိုက်ရသည်။ထိုအခါမှ သူမလည်း စိတ်အေးလက်အေး ဖြစ်သွားသည်။


ဝေ့ရွှယ် အားလုံးလုပ်ပြီးနောက်တွင်  တိတ်တိတ်လေး အိပ်ရာပေါ်ပြန်တက်ကာ စုမုန့်ကို ပြန်ကြည့်လိုက်သည်။စုမုန့် အလွန်အေးချမ်းစွာ အိပ်ပျော်နေသည်ကို မြင်လိုက်ရသောအခါ သူမ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားရသည်။သူမ ခဏလှဲအိပ်ကာ ပြန်ထပြီး ခုမှ နိုးလာသလိုမျိုး မျက်လုံးကိုပွတ်သပ်လိုက်သည်။


 "စုမုန့် ဆေးမသောက်ဘူးလား... မြန်မြန်ထပြီး ဆေးသောက်လိုက်လေ"


ဝေ့ရွှယ် လေသံက နူးညံ့လျက်ရှိသည်။ အချိန်အတော်ကြာအောင် ‌သူမနှိုးနေသော်လည်း စုမုန့် မျက်လုံးမဖွင့်သေး။ ထိုအခါ အိပ်ပျော်နေသည့် စုမုန့်ကိုကြည့်ရင်း သူမ တိုးတိုးလေး ငြီးတွားလိုက်သည်။


"နင် ဘာလို့ ဝက်လို အိပ်နေတာလဲ...ဒါကြောင့် နင်တုံးနေတာပေါ့" 


ထို့နောက် သူမ ဆက်၍ခေါ်သည်။  


“ စုမုန့်၊ နင့်ရဲ့ ဆေးသောက်ရမယ့်အချိန်ဇယားကို ငါကြည့်ထားတယ်...အခုဆေးသောက်ချိန်ရောက်ပြီ...မြန်မြန်ထ"


 တစ်ကယ်တမ်းတွင်၊အချိန်က စောနေသေးပြီး ယခု ည ၁၀ နာရီကျော်သာရှိသေးသည်။ 


ဝေ့ရွှယ် အကြာကြီး နှိုးပြီးခါမှ စုမုန့် ဖြည်းညှင်းစွာ နိုးလာချင်ယောင်ဆောင်သည်။


 "ရှောင်ရွှယ်၊ ဘာဖြစ်နေတာလဲ"


ဝေ့ရွှယ်က ပြုံးပြီး “ ဆေးသောက်ရမယ့်အချိန်ရောက်ပြီလေ...ဒီည နင့်ကို ဂရုစိုက်မယ်လို့ ငါမပြောထားဘူးလား... မြန်မြန်ထပြီး ဆေးသောက်... ငါရေသွားယူလိုက်မယ်"


ဝေ့ရွှယ်က သူမကို အသာဆွဲထူပြီး စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် စောစောက တစ်ခုခုထည့်ထားသည့် ရေနွေးအိုးထဲမှ ရေယူလာ၏။


 "အခု ဘယ်နှနာရီရှိပြီလဲ"  


စုမုန့် သည် ဝေ့ရွှယ်ကို အိပ်မှုန်စုတ်ဖွားနှင့် ကြောင်စီစီ ကြည့်နေသည်။  သူမကို ကြည့်ပြီး ဝေ့ရွှယ်စိတ်ထဲမှာ ရယ်လိုက်မိသည်။ ဤအတိုင်းက ပိုအဆင်ပြေသည်။ 

 ....


 “၁၀ နာရီကျော်နေပြီလေ"


ဝေ့ရွှယ် ရေနွေးခွက်ထဲ ရေနွေးဖြည့်ရင်း ဖြေလိုက်သည်။ ထို့နောက် စားပွဲပေါ်မှ ဆေးစာများကိုကြည့်ကာ ဆေးတိုက်ဖို့ပြင်ပြီး ဆေးကို စုမုန့်အား ပေးသည်။


စုမုန့် သည် ရေခွက်နှင့် ဆေးကို ယူသော်လည်း မသောက်ဘဲ ဝေ့ရွှယ်ကို ဆက်လက် စိုက်ကြည့်နေသည်။


စုမုန့် ၏အကြည့်ကြောင့် ဝေ့ရွှယ် အနည်းငယ် စိတ်ရှုပ်သွားသည်။ 


 "ဘာဖြစ်နေတာလဲ... ဆေးက ခါးတယ်ထင်လို့လား...အခါးကြောက်ရင် စားစရာတစ်ခုခု ပေးမယ်"


ယခုဆို ဝေ့ရွှယ်သည် ညီမလေးကို ပြုစုစောင့်ရှောက်ပေးနေသော အစ်မတစ်ယောက်လိုပင်။သူမ၏ လေသံမှာ နူးညံ့သိမ်မွေ့ပြီး စိတ်ရှည်သည်းခံမှုအပြည့်ရှိသည်။ သာမာန်လူတစ်ယောက်ဆိုပါက၊သူမ အပြုအမူကြောင့် လှည့်စားခံရမှာ သေချာသည်။ ကံကောင်းသည်က၊စုမုန့် သူမ၏ ဇာတိရုပ်ကို သိခဲ့တာ ကြာပါပြီ။သူမ ခဏလောက်စဉ်းစားပြီးနောက် ခေါင်းခါပြီး 


"မဟုတ်ဘူး၊ နင်က ငါ့အပေါအရမ်းကောင်းပေးတော့ ငါ့ရင်ထဲမှာ အရမ်းကို ကျေးဇူးတင်မိလို့ပါ"


ထိုသို့ပြောပြီးနောက် သူမ စိတ်ခံစားမှုများလွန်ကဲလာကာ ငိုချမည်ဟန် လုပ်လိုက်သည်။ ထိုအခါ ဝေ့ရွှယ် က ဂုဏ်ယူနေပုံဖြင့်


 “အာယား၊ ငါတို့က ညီမတွေလို ရင်းနှီးကြတာမလား...ငါက နင့်ကို ဟိုတုန်းကလည်း  ဂရုစိုက်ခဲ့တယ်...နောက်လည်း အမြဲဂရုစိုက်နေမှာပါ... စိတ်မပူပါနဲ့”


ဟုတ်ပါတယ်...အရင်ဘတုန်းကလည်း နင်ဂရုစိုက်လို့ ငါနဲ့ငါ့ကလေးရဲ့ ဘဝနှစ်ခုလုံး ငါးပါးမှောက်ခဲ့ရပြီလေ... 


စုမုန့် စိတ်ထဲတွင် လှောင်နေသော်လည်း မျက်နှာမှာ ငြိမ်သက်နေခဲ့သည်။  


“အရမ်း ကျေးဇူးတင်ပေမယ့် အခုက ငါ ဆေးသောက်ရမယ့်အချိန်မဟုတ်သေးဘူး... ဆရာဝန် လာကြည့်ပေးမှာမို့လို့ နင့်စေတနာကို ငြင်းပါရစေနော်"”


စုမုန့် ပြောလိုက်ပြီးနောက် ဆေးများကို ကုတင်ဘေး စားပွဲပေါ်သို့ ထည့်လိုက်သည်။သို့သော် လက်က ဟန်ချက်ပျက်သွားကာ ဆေးများမှာ ကြမ်းပြင်ပေါ်သို့ ကျသွားသည်။ထို့အပြင် ခွက်ထဲကရေတစ်ဝက်လောက် ဖိတ်စင်သွားပြီး ဆေးများရေစိုသွားရတော့သည်။ 


 "ဟာ... ပြုတ်ကျသွားပြီ!" 


သူမ လေသံမှာ ဝမ်းနည်း နေဟန်ရှိသော်လည်း မျက်လုံးများတွင် အပြုံးရိပ်များ ရှိနေသည်။တစ်ဖက်က ဝေ့ရွှယ်မှာ စိတ်ထဲကနေ သူမကို အတင်းဆဲဆိုနေတော့သည်။


မိနစ်အနည်းငယ် ကြာလျှင် ဆရာဝန်  ရောက်လာ၏။သူက စုမုန့် နှင့် ဝေ့ရွှယ် ကုတင်ပေါ်မှာ အတူတူထိုင်နေသည်ကို တွေ့သော်... 


 "ဆေးရုံကုတင်က လူနာအိပ်ဖို့ပါ...မင်းက လူနာမဟုတ်ဘူးဆိုတော့ ဒီမှာထိုင်လို့မရဘူး"


ဝေ့ရွှယ် အနည်းငယ်ရှက်သွားပြီး 


“မဟုတ်ပါဘူး၊စုမုန့် က အိပ်ပျော်နေတာလေ…အခုက ဆေးသောက်ရမယ့်အချိန်မို့ နှိုးကြည့်တာ...ဘယ်လ်ိုမှ နှိုးမရလို့ ကုတင်ပေါ်မှာ ထိုင်ပြီးနှိုးတာပါ...ကျွန်မ အခုပဲ ဆင်းပါတော့မယ်"


ဝေ့ရွှယ် ပြောရင်း ကုတင်ပေါ်မှ ဆင်းကာ ဘေးနားရှိ ဆိုဖာဆီသို့ လျှောက်သွားလိုက်သည်။ထိုစဉ် စုမုန့်က


"ကျေးဇူးတင်ပါတယ် ဆရာ… ဒါပေမယ့် အဆင်ပြေပါတယ်...သူမက  အမြဲဒီလိုပဲ...စောစောက ကျွန်မကို အတင်းဆေးတိုက်နေတာလေ... ဒါပေမယ့်…”


စုမုန့် က ဝေ့ရွှယ်ကို စိတ်ဆိုးနေဟန်ဖြင့် တစ်ချက်ကြည့်ပြီး


"ရှောင်ရွှယ် နောက်တစ်ခါ ငါ့ကို နှိုးချင်ရင် နာမည်ကိုပဲ ခေါ်ပါ...လက်နဲ့လာမကိုင်ပါနဲ့...ငါ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေက မသက်သာသေးဘူး...နင် လှုပ်နှိုးတာ အရမ်းနာတယ်"


သူမ စကားပြောနေရင်း ဝေ့ရွှယ် ကိုင်လှုပ်ထားသည့် နေရာကို လက်နှင့်အသာဖိပြကာ ရှုံ့မဲ့ပြနေလေသည်။



xxxxxx