Chapter 119
( ရှန့်ကျန်း၏ပါးစပ်)
ရှန့်ကျန်းသည် ဝေ့ထင်ကိုမြင်သောအခါ အရိပ်အခြည်မသိဘဲ ရှေ့သို့ လျှောက်သွားကာ
“ယောက်ဖက ကျွန်တော့်ဆရာမကို သိပ်ဂရုစိုက်တာပဲ…သူမကိုတွေ့ဖို့ အစောကြီးရောက်လာတာဆိုတော့ မဆိုးပါဘူး...ဘာမှားလဲဆိုတော့ ဘာလို့ အပြင်လူကို ခေါ်လာတာလဲ...သူက ခင်ဗျားရဲ့ ညီမအရင်းဆိုရင်တောင်မှ ကြားလူအဝင်မခံသင့်ဘူး မဟုတ်လား"
ကျိုးဖုန်း သည် ရှန့်ကျန်း စကားကိုကြားပြီးနောက်၊ သူ့နှုတ်ခမ်းထောင့်များက ကွေးသွားသလို၊ ဝေ့ထင် ၏ မူလတည်ငြိမ်သောမျက်နှာမှာ ပို၍ပင် မှုန်မှိုင်းလာသည်။
ကျိုးဖုန်းက စုမုန့်ကို ပြော၏။
"သူက မင်းကို ကာကွယ်ဖို့ ICU ထဲကို ပြောင်းလာတဲ့ ရှန့်ကျန်း မဟုတ်လား"
ကျိုးဖုန်း စကားကိုကြားပြီးနောက် ရှန့်ကျန်း ရှက်သွားသည်။သူ့ခေါင်းကို ပွတ်ဖို့ လက်မြှောက်လိုက်သော်လည်း လမ်းတစ်ဝက်မှာတင် လက်က တန့်နေ၏။
“အဲ့လောက်ကြီးတော့ မဟုတ်ဘူး...သူမက ကျွန်တော့်ရဲ့ ဆရာမဆိုလည်း ဟုတ်တယ် ဘော့စ်ဆိုလည်း ဟုတ်တယ်လေ... သူမကို ကာကွယ်ဖို့က ကျွန်တော့်အလုပ်ပါ..ကျွန်တော်တို့က မိသားစုတွေပါ”
'မိသားစု' ဟု ပြောပြီးသည်နှင့် ဝေ့ထင်၏ မျက်လုံးတွေကို ကြည့်လိုက်ရာ ရှန့်ကျန်း အလွန်တုန်လှုပ်သွားသည်။
သို့သော်လည်း၊သူ၏ ကျန်းမာရေးအခြေအနေနှင့် စုမုန့်လည်း သူ့ဘေးမှာ ရှိနေ၍ ဝေ့ထင် သူ့ကို ဘာမှမလုပ်နိုင်ပေ။ထို့ကြောင့် သူ အားတင်းပြီး
"ယောက်ဖက အတိတ်မှာကျန်ခဲ့ပြီလေ...စုမုန့်က မကြာခင် ခင်ဗျားနဲ့ ဘာမှမဆိုင်တော့ဘူးလေ...အခုချိန်ကစပြီး ကျွန်တော်က သူမရဲ့ မိသားစုဖြစ်လာတော့မယ်"
ဝေ့ထင်၏ အကြည့်များသည် ပို၍အေးစက်လာပြီး အထက်လူကြီးတစ်ယောက်လိုမျိုး ဖြစ်လာ၏။
စကားအဆုံးတွင် ရှန့်ကျန်း ထိတ်လန့်သွားကာ စုမုန့် နောက်မှာ အမြန်ပုန်းပြီး
“ကျွန်တော် ပြောခဲ့တာတွေက အမှန်တွေပဲ…ခင်ဗျား စုမုန့်နဲ့ ကွာရှင်းပြီးရင် မိသားစုမဟုတ်တော့ဘူး"
"မစ္စတာရှန့်က အမှန်တိုင်းပြောရတာကြိုက်တယ် ထင်တယ်" ကျိုးဖုန်း ဘေးမှ ဝင်ပြော၏။
စုမုန့် ကိုယ်နဖူးကိုသာ ရိုက်ချင်မိသည်။ ဒီကောင့်ပါးစပ်က တော်တော်သရမ်းတာပဲ…သူ့ပါးစပ်ကြောင့်တော့ သေတော့မှာ သေချာတယ်...
စုမုန့် ပြုံးပြီး ဝေ့ထင်ကို နှစ်သိမ့်လိုက်သည်။
"သူ့ကို စိတ်မဆိုးပါနဲ့..ရှန့်ကျန်းက အမြဲရိုးသားတာ...ပွင့်ပွင့်လင်းလင်း ပြောရတာ ကြိုက်တယ်လေ...ရှင် သူ့ကို မကြားချင်ယောင်ဆောင်နေလိုက်"
သူမ ပြောရင်း ဝေ့ရွှယ် ပေးလိုက်သော ရေဖန်ခွက်ကို ဝေ့ထင်အား ပေးလိုက်သည်။
“လာ...ဒေါသပြေသွားအောင် ရေနည်းနည်းသောက်”
ဝေ့ထင် ငြင်းချင်သော်လည်း စုမုန့်က သူ့ကို ကောင်းကောင်း ဆက်ဆံခဲသည်။အများအားဖြင့်၊ သူ့ကို ရွဲ့စောင်းလိုက်၊အပြစ်တင်လိုက်သာ လုပ်နေတတ်၍ သူ ချင်ချင်း ခွက်ကိုယူ၍ သောက်လိုက်သည်။
....
ရေခွက်ကိုယူလိုက်သောအခါ ဝေ့ရွှယ် အလွန်တုန်လှုပ်သွားပြီး မျက်လုံးပြူးသွားသည်။သူ့ကို တားချင်သော်လည်း သူမ ဘာမှမပြောနိုင်ခင် ဝေ့ထင် က ချက်ချင်း သောက်လိုက်သည်။ပြီးလျှင် စုမုန့်က
"ဒီရေကို ရှောင်ရွှယ် ခပ်တိုက်တာလေ"
ဝေ့ရွှယ် : “…”
သူမ စိတ်ထဲတွင် စုမုန့်ကို ကျိန်ဆဲလိုက်သည်။ ဘာလို့ငါ့ကို ထည့်ပြောတာလဲ...
ဝေ့ထင် က ဘာမှတုံ့ပြန်မှုမရှိသော်လည်း ဝေ့ရွှယ် အလွန်စိတ်လှုပ်ရှားနေ၏။သူမ တားဖို့မြှောက်ထားသည့် လက်ကိုလည်းပြန်ချလိုက်သည်။
ဝေ့ထင် သည် ဝတ်မှုန်နှင့်မတည့်ကြောင်း သူမ သိသော်လည်း ပန်းအမျိုးအစားတစ်ခုတည်းအတွက်သာ ပြင်းထန်သည်။ ဤပန်းသည် နှင်းဆီပန်းမဟုတ်သောကြောင့် သူ့အတွက် ပြဿနာမဖြစ်သင့်ပေ။သူမသည် ဝေ့ထင် ဆီမှာ ဆိုးရွားသော တုံ့ပြန်မှုများ ဖြစ်လာမည်ကို စိုးရိမ်နေမိသည်။သို့သော်၊ အဆင်ပြေပါသည်။ ယခုလေးတင် သောက်ပြီးတာကြောင့်လား၊ဝေ့ထင်က ဤဝတ်မှုန်နှင့် တည့်နေတာကြောင့်လား မသိပေ။
ပြီးလျှင်၊စုမုန့်က ဝေ့ရွှယ်ကို အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်သည်။ဝေ့ရွှယ်၏ စိုးရိမ်ပူပန်နေသည့်အကြည့်ကို မြင်လိုက်ရလျှင်
"ရှောင်ရွှယ် ဘာဖြစ်နေတာလဲ...နင်က ဘာကို စိတ်ပူနေရတာလဲ"
“မဟုတ်ပါဘူး…နည်းနည်းစိုးရိမ်မိလို့ပါ..အချိန်ကိုကြည့်လိုက်တော့ အိမ်ပြန်သင့်သလားလို့ပါ... အဘိုးက စောင့်နေရော့မယ်"
ဝေ့ရွှယ်က ခြောက်သွေ့သော အပြုံးဖြင့် ပြန်ပြောသည်။
စုမုန့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် သွားသင့်တယ်...ပြီးရင် ဆေးထိုးဖို့ စောစောပြန်လာရမယ်"
စုမုန့် သွားမည်ဆို၍ ရှန့်ကျန်း က သိချင်စွာဖြင့် မေးသည်။
" ဆရာမ ဘယ်သွားမလို့လဲ...မင်းဆေးရုံဆင်းတော့မှာလား"
ကျိုးဖုန်းက ဝင်ဖြေလေသည်။
"သူမက ဝေ့မိသားစုဆီ သွားမယ်လေ...အဲ့ဒါကြောင့် ဒီလူနှစ်ယောက်က သူမကို လာခေါ်တာ…ဒါပေမယ့်…”
သူ့စကားအဆုံးမှာ ဝေ့ရွှယ်ကို တစ်ချက်ကြည့်ပြီး စကားရပ်လိုက်သည်။
ရှန့်ကျန်းက "ဒါပေမယ့် ဘာဖြစ်လဲ"
ကျိုးဖုန်းက
"ဘာမှမဟုတ်ဘူး...မင်း သွားတော့မယ်ဆိုတော့ ကိုယ်လည်းပြန်မယ်…ဒီတစ်ခါတော့ အားလုံးပဲ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပါတယ်”
သူ့စကားတွေက နားမလည်နိုင်လောက်အောင်ဖြစ်နေ၍ ရှန့်ကျန်း ထပ်မေးမည်ပြင်လိုက်စဉ် ကျိုးဖုန လှည့်ပြီး ထွက်သွားသည်။
"ကျွန်မ မသွားခင် ရှင့်ကို အရင်ပြန်ပို့ပေးမယ်"
စုမုန့် ရှေ့သို့လျှောက်သွားပြီး ရှန့်ကျန်း၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ကာ ပြန်ပို့ရန် ပြင်ဆင်နေသည်။
ထိုအချိန်မှာ၊ ဝေ့ထင် သူမ၏ အပြုအမူကို မြင်ပြီးမျက်မှောင်ကြုတ်လိုက်သည်။သူ တစ်ခုခုပြောချင်သော်လည်း ရှန့်ကျန်းတစ်ယောက် ဤမျှပြင်းထန်သော ဒဏ်ရာကို ခံစားခဲ့ရခြင်းမှာ စုမုန့်ကို ကာကွယ်ခဲ့ခြင်းဖြစ်၍ ဘာမှ မပြောဖြစ်တော့။
(ဝေ့ရွှယ်ကိုသာ)
ဝေ့ရွှယ် က " စုမုန့်၊ နင်နဲ့ သူက အရမ်းကို ဆက်ဆံရေးကောင်းတယ်နော်... သာမန်မဟုတ်နိုင်ဘူး... တစ်ယောက်အသက်ကိုတစ်ယောက် ကယ်ပေးတယ်ဆိုတော့လေ အမလေး မနာလိုစရာကြီး"
သူမ စကားထဲတွင် ဖုံးကွယ်ထားသော အဓိပ္ပါယ်ရှိသည်။
ရှန့်ကျန်း က မျက်မှောင်ကြုတ်ပြီး ဝင်ပြောသည်။
“ သာမန်မဟုတ်ဘူးလေ...ငါတို့က နေ့တိုင်းတွေ့နေကြတာ...ဘာလို့လဲ...မင်းက ငါ စုမုန့်နဲ့ ဆက်ဆံရေးကောင်းတာကို မနာလိုဘူးလား…သြော် ငါသိပြီ...တကယ်တော့ မင်း ငါ့ကို ကြိုက်နေတာလား...ဒါပေမယ့် လက်လျှော့လိုက်ပါ... မင်းက ငါ့နဲ့မထိုက်တန်ဘူး...ငါက တစ်ကယ်ကို နူးညံ့ပြီး ကြင်နာတတ်တဲ့သူတွေကိုပဲ သဘောကျတယ်၊အပြင်ကတစ်မျိုး၊အတွင်းကတစ်မျိုး လုပ်တဲ့လူတွေကို မကြိုက်ဘူး"
"ရှင်..."
ဝေ့ရွှယ် ဒေါသထွက်လာရသော်လည်း ဝေ့ထင်ရှိနေ၍ ကျန်စကားလုံးများကို မျိုချလိုက်သည်။ သူမကို လူတိုင်းမချစ်သော်လည်း၊ သူမကို ကြိုက်သူများအားတန်းစီပါက နိုင်ငံခြားတိုင်းပြည်တွေအထိ ရောက်သွားနိုင်သည်။ထို့အပြင် သူမကို လိုက်သူအားလုံးသည် ချမ်းသာသော မိသားစုမှ သခင်လေးများ ဖြစ်ကြသည်။သို့သော် သူမ သူတို့ကို ကြည့်တောင် မကြည့်။
ရှန့်ကျန်းက ဘာလဲ...သူပြောတာက သူမနဲ့မထိုက်တန်ဘူးဆိုပါလား.. မျှော်လင့်ထားသလိုပင်၊စုမုန့်နှင့် အတူရှိကာ ပေါင်းသင်းနေသူတွေက စိတ်အနှောင့်အယှက်ဖြစ်ရသည်။ EQ မရှိသူများပင်။
ထို့နောက် ရှန့်ကျန်း သည် ဝေ့ရွှယ် နှင့် ဝေ့ထင် ကို ကြည့်ကာ စုမုန့် ကို ပြော၏။
"မင်း ဝေ့မိသားစုကိုသွားတဲ့အခါ မင်းကိုအနိုင်ကျင့်တဲ့သူရှိရင် ကိုယ့်ကိုပြောပါ...ကိုယ်လာပြီးကာကွယ်ပေးမယ်... ကိုယ်က ဒီလောက်ထိ ဒဏ်ရာရထားပြီးသားဆိုတော့ ဘယ်သူမှ ကိုယ်ကိုထိဝံ့မှာမဟုတ်ဘူး...ကိုယ့်ကိုထိတဲ့သူကိုလည်း ကိုယ်က လွှတ်ပေးမှာမဟုတ်ဘူး"
ယခုတစ်ခါတော့ ထူးထူးဆန်းဆန်း၊ရှန့်ကျန်းကို စုမုန့် မငေါက်ဘဲ ပြုံးပြီးပြန်ပြောဖြစ်သည်။
"ကောင်းပြီ၊ စိတ်မပူပါနဲ့"
ရှန့်ကျန်း သူ့ကို ဘာမှမဆူတာကြောင့် အံ့အားသင့်စွာ မေးလိုက်သည်။
“မင်း အဆင်ပြေရဲ့လား… ဘာလို့ရုတ်တရက်အရမ်းနူးညံ့နေတာလဲ...ကြောက်စရာတောင် ကောင်းတယ်"
စုမုန့်: “…”
သူ့ကို သူမက ကောင်းကောင်း တစ်ခါမှ မပြောဆိုဆက်ဆံဖူး၍ ကြောက်နေခြင်းဖြစ်ရမည်။
ရှန့်ကျန်း ပြောပြီးနနောက် ဝေ့ထင် ကို လှည့်ကြည့်လိုက်သည်။
"ယောက်ဖကို ကျွန်တော်နောက်ဆုံးပေးခဲ့တဲ့ အိမ်ထောင်ရေး အဆောင်ကို သုံးလား"
"အိမ်ထောင်ရေး အဆောင်က ဘာကြီးလဲ"
စုမုန့် နှင့် ဝေ့ရွှယ်က တစ်ပြိုင်နက် မေးသည်။ သို့သော် ဝေ့ရွှယ်၏လေသံမှာ အလွန်စိုးရိမ်နေပြီး စုမုန့် လေသံမှာ သံသယဖြစ်နေဟန်ပင်။
....
ရှန့်ကျန်း လှည့်ကြည့်ပြီး ဝေ့ရွှယ်ကို မျက်စောင်းထိုးလိုက်သည်။
"မင်းနဲ့ဘာဆိုင်လို့လဲ…ဘာလဲ..မင်းအစ်ကို့အိမ်ထောင်ရေးကိုပါ ဝင်ပါချင်တာလား"
ရှန့်ကျန်း၏ စကားများသည် ဝေ့ရွှယ်အတွက် အတော်လေး ထိခိုက်စေ၏။ သူ ဘာကြောင့် သူမအပေါ် ယခုလို ဆက်ဆံနေရမှန်းမသိတော့။သူမတို့ တစ်ခါမှလည်း ရန်မဖြစ်ဖူးပေ။ထိ့ကြောင့် သူမက ရှန့်ကျန်း ကို ဝမ်းနည်းဟန်ဖြင့် ကြည့်ကာ
“မစ္စတာရှန့်ကို ကျွန်မ ဘာလုပ်မိလို့လဲ...ကျွန်မကို ပြဿနာရှာနေသလိုပဲ...ကျွန်မဘက်က တစ်ခုခုမှားခဲ့ရင် ကျွန်မ ပြောင်းလဲနိုင်ဖို့ ပြောပြပါ"
ဝေ့ရွှယ်၏ ကြေကွဲဝမ်းနည်း နေဟန်ရှိသောလေသံကိုကြားလျှင် စုမုန့် ကြက်သီးထသွားရလေသည်။ ရွံစရာကောင်းလိုက်တာ...
ကံကောင်းထောက်မစွာ၊ ရှန့်ကျန်း သည် အနည်းငယ် တုံးအ,သော်လည်း အရေးကြုံလျှင် ပိုင်းခြားနိုင်စွမ်းရှိသည်။
"မင်းထင်တာ တစ်ခုမှမဟုတ်ဘူး....မင်းက ပြောင်းချင်တယ်ဆိုတော့ ငါပြောမယ်... မင်းအသက်ရှူတာကို ငါမုန်းတယ်...မင်းပြောင်းလဲ ပေး"
ရှန့်ကျန်း တခြားမိန်းကလေးတွေကို ဤသို့မဆက်ဆံဖူးပေ။သူ အမြဲတမ်း ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံတတ်၏။ယခင်က စုမုန့် သည် ဝေ့ရွှယ် နှင့် ရင်းနှီးသူတွေကို အမုန်းဆုံးဟု ပြောခဲ့ဖူးသည်။စုမုန့် သူတို့ကို မုန်းသည်ဟုဆိုကတည်းက ... သူကလည်း သူတို့ကို မုန်းလာရ၏။ စုမုန့် သည် သူ၏ ကျေးဇူးရှင်ဖြစ်သည်။သူမ မရှိလျှင် သူဘယ်ဆီဘယ်ဝယ် ရောက်နေမှန်းပင် မသိနိုင်။စုမုန့် နှင့် အဘ်ိုးတို့သည် သူ့ကံကြမ္မာဆိုးက တန်ပြန်လာမည်ကို မကြောက်ကြ။ယခင်က သူ့အတွက် မိသားစုတစ်ခုရရန် မလွယ်ကူခဲ့ပေ။ထို့ကြောင့် သူ၏ မိသားစုဝင်ဖြစ်လာသော စုမုန့် နှင့်အဘိုးကို ဘယ်သူကမှ အနိုင်ကျင့်ခွင့် မပြုနိုင်ပေ။ ထို့ကြောင့် စုမုန့် မုန်းသောသူကို သူမုန်းသည်။
ရှန့်ကျန်းက ယခုလောက်ထိ တိုက်ရိုက်ပြောလာမည်ဟု ဝေ့ရွှယ် မမျှော်လင့်ခဲ့ပေ။ယခု သူမ ဘယ်လိုတုံ့ပြန်ရမှန်း မသိဘဲ မျက်ရည်တွေရစ်ဝဲလာရသည်။သူမ ပုံစံက အလွန်စိတ်မကောင်းဖြစ်နေပုံပင်။
စုမုန့် သည် ဝေ့ရွှယ်၏မူရာမာယာများနေပုံကို မကြည့်ချင်တော့၍ ရှန့်ကျန်း ကို ဆွဲခေါ်သွားလိုက်သည်။ ယခု သူမသည် ဝေ့မိသားစုထံ လိုက်ချင်သလို၊ဝေ့ထင်ဆီမှ ကားမတော်တဆမှုကို စုံစမ်းချင်ရုံသာမက အဘိုးဝေ့ကိုလည်း တွေ့ချင်နေခဲ့သည်။သူမ ရှန့်ကျန်းကို လူနာဆောင်ထဲ ပြန်ပို့ပြီး အမြန်ပြန်လာခဲ့သည်။သို့သော်လည်း သူမ အခန်းထဲ ရောက်သောအခါ ဝေ့ထင် တစ်ခုခု ဖြစ်နေကြောင်း သူမ တွေ့ရှိခဲ့သည်။
သူ့မျက်နှာက ဖြူဖျော့နေပြီး နဖူးမှာလည်း ချွေးတွေ ရွှဲနေသည်။သူ့ကြည့်ရတာ နာကျင်နေပုံပင်။ဝေ့ရွှယ်သည် ဘေးနားတွင် မေးခွန်းများ ဆက်တိုက်မေးနေသော်လည်း ဆရာဝန် ဘယ်လိုခေါ်ရမှန်း သိပုံမရပေ။
"ရှင် ဘာဖြစ်နေတာလဲ"
သူမ မေးလိုက်သည်။ ဝေ့ထင်ကို သူမစိတ်မပူသော်လည်း သူ့ကိုယခုလိုမြင်ရသည်မှာ ထူးဆန်းသည်။စောစောက သူ အပြင်မထွက်ခင်လေးတင်၊ နေကောင်းနေသော်လည်း ယခုနေမကောင်းဖြစ်နေပုံရတယ်။
“ဘာမှမဟုတ်ဘူး...ကိုယ် နေကောင်းတယ်… သွားကြရအောင်"
ဝေ့ထင် အခြေအနေမကောင်းသော်လည်း လုံးဝဂရုမစိုက်ဘဲ ထပြီး ထွက်သွားတော့မည်ပြုသည်။စုမုန့်က ဝေ့ရွှယ်ကို အေးစက်စွာ ကြည့်ပြီး
"ဘာလို့ ဆရာဝန်မခေါ်တာလဲ...ဒါက ဆေးရုံလေ...ရောဂါတစ်ခုခုဖြစ်ရင်ဆရာဝန် ခေါ်ရတယ်"
xxxxxx