အပိုင်း ၁၂၀
Viewers 15k

Chapter 120

(အမှိုက်ပုံးထဲ နှိုက်နေသည်ကို မိသွားခဲ့ပြီ)


ဝေ့ရွှယ် က ကြိမ်ဖန်များစွာ ခေါင်းညိတ်ကာ "အင်း"ဟု ပြောပြီးနောက် အခန်းထဲမှ အမြန်ထွက်လာခဲ့သည်။ လူနာဆောင် ကော်ရစ်ဒါတွင်း ရောက်သွားသည်နှင့် သူမ ချက်ချင်း ဆရာဝန်ဆီ မသွားဖြစ်ပေ။ထိုအစား ထိတ်လန့်သောမျက်နှာအမူအရာဖြင့် အခန်းတံခါးဝရှိ အမှိုက်ပုံးကို ကြည့်လိုက်သည်။


သူမကိုယ်သူမ ဒုက္ခပေးနေသူမှန်း သိသည်။ ဝေ့ထင် သည် ဝတ်မှုန်နှင့် ရောထားသည့်ရေကို သောက်ပြီးနောက် ဓါတ်မတည့်မှု တစ်ခုခု ဖြစ်ခဲ့တာဖြစ်နိုင်သည်။ သူမအနေနှင့် စုမုန့် အား ထိခိုက်စေလိုခြင်းဖြစ်သော်လည်း ဝေ့ထင်ကို နာကျင်စေလိမ့်မည်ဟု မမျှော်လင့်ထားပေ။


ဝေ့ထင်သည် သူ ဓာတ််မတည့်မှု ဖြစ်ရသည့် အကြောင်းရင်းကို သိလိုက်သည်နှင့် သေချာစွာ စုံစမ်းပြီး ဖော်ထုတ်သွားမည်ဖြစ်သည်။  


ဝေ့ရွှယ် နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်ပြီး အမှိုက်ပုံးကို စက္ကန့်အနည်းငယ်ကြာ ကြည့်လိုက်သည်။ထို့နောက် သက်သေအထောက်အထားတွေကို အရင်ရှင်းဖို့ ဆုံးဖြတ်လိုက်သည်။အထဲက ပန်းတွေကို သူမ သိမ်းထားသရွေ့ ဘာမှ စိတ်ပူစရာ မလိုနိုင်ပေ။ နောက်ဆုံးတွင် လက်ကို အမှိုက်ပုံးထဲသို့ အရောက်နှိုက်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။သို့သော် သူမလက်ကို အမှိုက်ပုံးထဲသို့ ထည့်လိုက်ချိန်မှာ စုမုန့် အခန်းထဲက ထွက်လာရသည်။


သူမ စုမုန့်ကို အလန့်တကြားကြည့်လိုက်ချိန်တွင် သူမ လက်သည် အမှိုက်ပုံးထဲတွင် ရှိနေသေးသည်။ လက်ကို ထုတ်လိုက်လျှင်၊မကောင်းသလို၊ မထုတ်လျှင်လည်း အဆင်‌မပြေပေ။သူ မ နေရာတွင် အံ့သြစွာရပ်နေပြီး စုမုန့်ကို ကြည့်လိုက်သည်။


စုမုန့် အခန်းထဲမှထွက်လာပြီး အမှိုက်ပုံးထဲလက်နှိုက်နေသည့် ဝေ့ရွှယ် ကိုတွေ့လျှင်၊ခဏလောက် ထိတ်လန့်သွားပြီး


 "ရှောင်ရွှယ်… နင့်အစ်ကိုက ရောဂါဝေဒနာ ခံစားနေရတယ်လေ...နင်က  သူ့အတွက် ဆရာဝန် ဘာလို့ သွားမရှာတာလဲ…ပြီးတော့ နင် ဘာလို့ အမှိုက်ပုံးကို နှိုက်နေတာလဲ...ဆေးရုံက အမှိုက်ပုံးတွေမှာ ဆေးပစ္စည်းအမှိုက်တွေနဲ့ ပြည့်နေတာ...  ကူးစက်ရောဂါရှိတဲ့သူတစ်ယောက်က အဲဒီထဲကို တစ်ခုခု ပစ်ပေါက်သွားရင် ဘယ်သူသိမှာလဲ...နင် ကူးစက်ခံရမှာကို မကြောက်ဘူးလား"


စုမုန့် ပြောပြီးသည်နှင့်၊ ဝေ့ရွှယ်ကလည်း လက်ကို နောက်ဆုံးတွင်ဆွဲထုတ်လိုက်သည်။မနေ့ညက ပန်းစည်းကို ရှာမတွေ့သလို၊ အမှိုက်ပုံးထဲတွင် ဘာမျှမရှိ။ သန့်ရှင်းရေးသမားက သန့်ရှင်းရေးလုပ်ခဲ့ခြင်း ဖြစ်နိုင်သည်။တော်သေးသည်က၊သူမလည်း  စိတ်ပူဖို့ လုံးဝမလိုအပ်တော့။သူမ ရှက်ရွံ့စွာ ပြုံးလိုက်ရင်း ပြောလိုက်သည်။ 


“ဪ...ခုနက အလျင်လိုနေတာနဲ့ လက်ကောက်ကလေး အမှိုက်ပုံးထဲကို ထည့်မိသွားလို့ပါ… အဲဒါကို ရှာတွေ့နိုင်မလားဆိုတာ ရှာကြည့်တာ...အဲဒီလက်ကောက်ကို အမေက ပေးခဲ့တယ်ဆိုတော့ အများကြီး အဓိပ္ပာယ်ရှိတယ်...ပျောက်သွားရင် ငါနောင်တရလိမ့်မယ်"


စုမုန့်က ခေါင်းညိတ်ပြီး 


“ဒါက လွယ်ပါတယ်...ပြီးမှ သန့်ရှင်းရေးသမားကို သွားရှာပြီး ပြောကြည့်လေ..သူတို့မှာ အကာအကွယ်ပစ္စည်းတွေ ပါတော့ သူတို့ရှာရင် ပိုအဆင်ပြေမှာပါ...အခု ငါတို့မှာ လက်အိတ်တောင် မရှိဘူး…ရှာဖို့က အရမ်းအန္တရာယ်များတယ်”


စုမုန့်က သူမကို ကူညီချင်နေတာကြောင့် ဝေ့ရွှယ် ခေါင်းခါပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။  


"မလိုပါဘူး စုမုန့် ...ဆရာဝန်ရှာဖို့က ပိုအရေးကြီးတယ်မလား...ဒါကို ဒီတိုင်းထားလိုက်တာပေါ့"


ထိုအခါ စုမုန့်က ဝေ့ရွှယ် နောက်ဘက်ကို မေးစေ့နှင့်ထိုး၍ ညွှန်ပြရင်း


  “ဆရာဝန်က ဒီကို ရောက်နေပြီ… ဒီထဲမှာ ခေါင်း‌လောင်းတွေ တပ်ထားတယ်...ငါက နင့်ကိုပြောမို့ပဲ...နင်က အရင်ထွက်ပြေးတာလေ" 


ဝေ့ရွှယ် သည် စုမုန့် ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ပြန်ကြည့်သည်။မျှော်လင့်ထားသည့်အတိုင်း ဆရာဝန်လေးယောက် အမြန်လမ်းလျှောက်လာနေသည်။  ဦးဆောင်သူမှာ စုမုန့် ၏ ဆရာဝန်ဖြစ်သည်။သူက အရပ်ရှည်ပြီး ရုပ်ရည်လည်း ကြည့်ကောင်းသည်။သူ့ပုံစံက ဆရာဝန်ယူနီဖောင်းနှင့်ဆို မော်ဒယ်တစ်ယောက်လို ဖြစ်နေတာကြောင့် တခြားဆရာဝန်တွေကြားမှာ သူ့က အထင်းသားပေါ်လွင်နေသည်။ဝေ့ရွှယ် သူ့ကိုတစ်ချက်ကြည့်ရုံဖြင့် မှတ်မိသည်။သူမ ချက်ချင်း အမှိုက်များကို ဖယ်ထုတ်ထားသော လက်ကို နောက်ဘက်သို့ အမြန်ဝှက်ထားလိုက်သည်။ဆရာဝန်တွေများ သူမလုပ်လိုက်တာကို မြင်သွားလား…သူတို့သာ ရှိခဲ့လျှင် ရှက်စရာ ကောင်းလှသည်။


 “မစ္စစု ကျွန်တော်တို့ရောက်ပြီ…အခု လူနာက ဘယ်လိုလဲ"  


သို့သော်လည်း ဆရာဝန်က စုမုန့်ထံသို့ တိုက်ရိုက်လှမ်းမေးပြီး သူမကိုပင် မကြည့်ချေ။သူမ စိုးရိမ်ပူပန်နေစရာမလိုတော့။ စောစောက ဆရာဝန်မေးလျှင် ဘယ်လိုဖြေရမလဲဆိုသည်ကိုသာ တွေးနေရင်း ပူပန်နေခဲ့၍ စိတ်ထဲမှာ ရွှင်မြူးသွားရသည်။တော်သေးသည်၊မဟုတ်လျှင် သူမ ပိုရှက်သွားရလိမ့်မည်။


သူမ စိတ်တွေ ပြေလျော့သွားကာ ဆရာဝန်၏ ရင်ဘတ်ပေါ်ရှိ အလုပ်ပါမစ်ကို တစ်ချက်ကြည့်ကာ သူ့နာမည်ကို သိခွင့်ရခဲ့သည်။သူ့နာမည်က သန်းယု... 


ဝေ့ရွှယ် မျက်မှောင်ကြုတ်ပြီး စိတ်ထဲမှာ နာမည်ကို ထပ်ခါတလဲလဲ ပြောကြည့်သည်။ သန်းယု…ဒီနာမည်ကို ဘာကြောင့် ဒီလောက်ရင်းနှီးရတာလဲ


သူမ အချိန်အတော်ကြာအောင် စဉ်းစားပြီးမှ မမှတ်မိတော့သည့်အတွက် လက်လျှော့လိုက်သည်။ နာမည်တူတစ်ခုခု သူမ ကြားဖူးခြင်းဖြစ်ပေမည်။  အခု အရေးကြီးဆုံးက သူမကို ဘယ်သူမှ သတိမထားမိ၍ တော်သေးပေသည်။


ဆရာဝန်က ဝေ့ရွှယ် နှင့် စကားပြောဖို့ ရည်ရွယ်ချက်မရှိသော်လည်း စုမုန့်ကတော့ သူမကို မလွှတ်ပေး။သူမက ဝေ့ရွှယ် ကို တစ်ချက်ကြည့်လိုက်ပြီး


 "ဆရာ ကျွန်မတို့ အထဲမဝင်ခင် ရှောင်ရွှယ်ကို ကြည့်ခိုင်းချင်လို့… သူမက စောစောက အမှိုက်ပုံးထဲကို လက်နှိုက်နေတာ...ဆေးရုံအမှိုက်ပုံးထဲမှာ လူနာတွေဆီက ပစ္စည်းမျိုးစုံရှိနေတာလေ...သူမ ကူးစက်မှာကို ကြောက်လို့ပါ”


ထိုအခါ လိုက်ပါလာသည့် ဆရာဝန်အနည်းငယ်က ဝေ့ရွှယ် ကို ချက်ချင်းကြည့်လိုက်ရာ ဝေ့ရွှယ် မျက်နှာ ချက်ချင်းပင် နီရဲလာသည်။သူမ  အလျင်စလိုပြန်ပြောသည် ။


"စုမုန့်.... နင် ဘာပြောတာလဲ…ငါက လိုက်ရှာနေခဲ့တယ် ဟုတ်လား...အထဲမှာ ဘာမှ မရှိဘူး...ပစ္စည်းတစ်ခုခုကို ရှာချင်ပေမယ့် အထဲမှာ အမှိုက်တွေ အရမ်းများနေတာနဲ့ပဲ အပြင်ကနေ တစ်ချက်ပဲ ကြည့်လိုက်တာပါ"


 "တစ်ကယ်​​ပြောတာလား… ဒါပေမယ့် နင့်လက်ထဲမှာ တစ်ခုခုရှိနေတယ်ဆိုတာ ငါမြင်တယ်...ရပါတယ်၊ ရှက်နေစရာမလိုပါဘူး…သူတို့က ဆရာဝန်တွေ...လူနာတွေကြည့်ဖို့ကိုပဲ ဂရုစိုက်ကြတာ...သူတို့က နင့်ကို မရယ်ပါဘူး” 


စုမုန့် စိုးရိမ်တကြီး အကြံပေးလိုက်လေသည်။


(ဝေ့ထင် နေမကောင်းဖြစ်ပြန်သည်)


 "မစ္စစု...အတွင်းထဲက လူနာကို အရင်ကြည့်ရအောင်… လူနာရဲ့ အခြေအနေကို ကျွန်တော်တို့ မသိရသေးတော့ စစ်ဆေးဖို့ လိုအပ်တယ်... ဒီမိန်းကလေးက ဆေးပစ္စည်းအညစ်အကြေးတွေကို ထိမိနိုင်တာကြောင့် သူမကိုလည်း နောက်မှ စစ်ဆေးရမယ်” 


သန်းယု က တိုးတိုးလေးပြောခဲ့သည်။


"ကောင်းလိုက်တာ ရှောင်ရွှယ်...နင့်အစ်ကိုနဲ့ အတူတူသွားစစ်ရင် ပိုကောင်းမယ်....ဒါမှ ငါ စိတ်သက်သာရာ ရနိုင်မှာ... မဟုတ်ရင် နင့်အစ်ကိုကလည်း နင့်ကို စိတ်ပူလိမ့်မယ်"  


အရေးကြီးသောအခိုက်အတန့်တွင် စုမုန့်သည် ဝေ့ထင်ဘက်ကို ဦးတည်ချက်ပြောင်းလိုက်သည်။ဝေ့ရွှယ် အစိုးရိမ်ဆုံးအရာက ဝေ့ထင်၏ အတွေးဖြစ်မှန်းသူမ သိသည်။


ဝေ့ထင် စိတ်ပူနေမည်ဟု ပြောလာသောအခါ ဝေ့ရွှယ် ချက်ချင်း သဘောတူလိုက်သည်။သူမစိတ်ထဲတွင် ထင်ထားသည်မှာ သက်သေများ မရှိတော့သောကြောင့်၊ ရလဒ်သည် မည်သို့ပင်ရှိစေကာမူ သူမနှင့် ပတ်သက်ဆက်နွှယ်နေမည် မဟုတ်ပေ။  အကယ်၍ သူမ ဝေ့ထင်နှင့်အတူ လိုက်သွားနိုင်ခဲ့ပါက၊ နှစ်ယောက်တည်း အချိန်ပိုရမည်ဟု တွေးမိသည်။ထို့ကြောင့် သူမ သဘောတူလိုက်သည်။


ဝေ့ရွှယ် သဘောတူလာလျှင် စုမုန့် က ပြုံးပြီး


 "ဒါဆို သွားကြရအောင်...သူက အရမ်းအခြေအနေ ပြင်းထန်ပုံရတယ်... သူ မနက်က နေကောင်းတုန်းဆိုတော့ ကျွန်မ ခဏ အပြင်ထွက်ပြီး လမ်းလျှောက်သွားလိုက်တယ်..ကျွန်မ  ပြန်လာတော့ဒီလို ဖြစ်နေတာကိုတွေ့တာပဲ”


စုမုန့် ဘေးကို လှည့်ပြီး ဆရာဝန် ဝင်ဖို့ လမ်းဖယ်ပေးလိုက်သည်။ထိုအခါ သန်းယုသည် အခြားဆရာဝန်များနှင့်အတူ လူနာခန်းထဲသို့ လျှောက်သွားခဲ့သည်။ ဝေ့ထင်သည် မျက်နှာက ဖြူဖျော့ဖျော့နှင့် နဖူးပေါ်မှာလညး ချွေးများကျနေကာ၊ ဆိုဖာပေါ်တွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။သူ့ကြည့်ရသည်က အတော်နာကျင်နေပုံပင်။


 "ဒီနေ့ ရှင့်အိမ်ကို ကျွန်မ မသွားနိုင်ဘူးလို့ ထင်တာပဲ...ရှင် နေမကောင်းဘူး ဆိုတော့ အရင်ဆုံး ဆရာဝန်သွားပြပါ"  


စုမုန့် တံခါးဘောင်ကို မှီ၍ ဝေ့ထင်ကို ကြည့်ကာ ပြောလိုက်သည်။


ဝေ့ထင် ဆေးရုံတက်ဖို့ ရည်ရွယ်ချက်မရှိ။သူ မျက်မှောင်ကြုတ်ပြီး ရှေ့က လျှောက်လာသည့် သန်းယုကို ကြည့်ကာ ပြောလိုက်၏။


"ဓာတ်မတည့်တာ ထင်တယ်"

 

 "အရင်ဆုံး သွားစစ်ကြည့်ရအောင်…  မစ္စတာဝေ့ ဟုတ်တယ်မလား…ခင်‌ဗျား ကိုယ်တိုင်ထပြီး လမ်းလျှောက်လို့ရလား"  သန်းယုက သူ့ကို မေးသည်။


ဝေ့ထင်သည် သန်းယုကို လေးလေးနက်နက် စေ့စေ့ကြည့်ပြီးနောက် ခေါင်းညိတ်သည်။  


"ရပါတယ်"


ဝေ့ထင် ထိုသို့ပြောပြီးနောက် မတ်တပ်ထရပ်လိုက်သည်။


ထိုစဉ်၊ စုမုန့်က ဝေ့ရွှယ်ကို လက်ညှိုးထိုးပြပြီး တစ်ဖန် ဝေ့ထင်အား လက်ညှိုးထိုးပြလိုက်၏။


“နင်လည်း မြန်မြန် စစ်ဆေးဖို့ သူတို့နဲ့လိုက်သွားလေ...ကူးစက်ရောဂါရသွားရင် မကောင်းဘူး”  


ထိုစကားကို ပြောပြီးနောက် သူမက ခြေတစ်လှမ်းတောင် နောက်ဆုတ်ရှောင်လိုက်သည်။ သူမပုံစံက ဝေ့ရွှယ်တွင်ကူးစက်ရောဂါရှိနေမှာကို ကြောက်နေသလိုမျိုးပင်။


 "ဘာလို့ နောက်ဆုတ်တာလဲ...ငါ ဘာမှမဖြစ်သေးဘူး... နေကောင်းတယ်"

 

ဝေ့ရွှယ်က စုမုန့်ကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။သူမက နေမကောင်းခြင်း မဟုတ်ကြောင်း ပြောသော်လည်း၊ ဆရာဝန်နှင့် ဝေ့ထင် ထွက်သွားသည်နှင့် သူတို့နောက်ကို လိုက်သွား၏။ဘာပဲဖြစ်ဖြစ်၊စစ်ဆေးမှုက ဘာမှထိခိုက်မှုမရှိနိုင်ပေ။


စုမုန့် တံခါးဝမှာ ရပ်ပြီး သူတို့ထွက်သွားသည်ကို စောင့်ကြည့်နေမိရင်း သူမမျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာသည်။သူတို့ ပျောက်ကွယ်သွားပြီးနောက် သူမလည်း အခန်းထဲသို့ ဝင်သွားကာ တံခါးကို ပိတ်လိုက်သည်။


အခန်းထဲပြန်ရောက်လျှင် မနေ့ညက ဖုန်းထုတ်ပြီး ရိုက်ကူးထားသည့် ဗီဒီယိုကို ဖွင့်ကြည့်သည်။ဗီဒီယိုထဲမှာ ဝေ့ရွှယ်လုပ်ခဲ့သမျှကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထား၏။ပထမတော့ သူမ မသိသလို ဟန်ဆောင်ပြီး ဝတ်မှုန်ထည့်ထားသည့် ရေတစ်ခွက်သောက်လိုက်မည်။အကယ်၍ ဓာတ်မတည့်မှု ဖြစ်လာပါက၊ ဗီဒီယိုကို တင်မည်ဟုတွေးထား၏။မည်သို့ပင်ဆိုစေ၊ရေကို နည်းနည်းလေး သောက်လိုက်လျှင် အန္တရာယ်ဖြစ်မှာမဟုတ်ချေ။


သို့သော် နောက်ပိုင်းတွင် သူမ ထိုအကြောင်းကို သေချာပြန်စဉ်းစားခဲ့သည်။ဝေ့ရွှယ်လို လူမျိုးနှင့် ဆက်ဆံဖို့ သူမရဲ့ ကျန်းမာရေးကို ဘာကြောင့် အသုံးချရမှာလဲ… အချိန်ကြာလာသောအခါတွင် သူမ၏ ရောဂါက ပိုဆိုးလာမည်ဖြစ်ကာ သူမသာ နစ်နာရပေမည်။


ခဏလောက်စဉ်းစားပြီးမှ စုမုန့် မသောက်တော့ဘူးဟု ဆုံးဖြတ်လိုက်သည်။သို့သော် ထိုရေကို မသောက်ပါက၊ ဓါတ်မတည့်မှု မဖြစ်လာနိုင်ပါ။ထိုအခါ သူမ နေကောင်းနေသောကြောင့် ဗီဒီယိုသည် အသုံးမဝင်တော့။သူမသာ ဗီဒီယိုကို တင်လိုက်လျှင် ဝေ့ရွှယ်သည် အမှိုက်ပုံးထဲ လက်နှိုက်နေသည့်အတွက် လှောင်ပြောင်ခံရမည်ဖြစ်သည်။တခြားဒုက္ခမရောက်သွားနိုင်ပေ။


ဗီဒီယိုသည် အသုံးမဝင်သော်လည်း ၎င်းကို ဖျက်ရန်အစီအစဉ်မရှိသေးပေ။  နောင်တစ်ချိန်မှာ၊အဆင်ပြေလာပါလိမ့်မည်။သူမ ဗီဒီယိုကို သိမ်းဆည်းပြီး ‌နောက်ထပ် ကော်ပီကူးယူကာ ဆိုဖာပေါ်တွင် ပျင်းရိစွာထိုင်ရင်း ဝေ့ထင်နှင့် အခြားသူများကို စောင့်မျှော်နေခဲ့သည်။


ပုံမှန်အခြေအနေအရ၊ ယခုအချိန်တွင် drip ချိတ်ရန် လိုအပ်သော်လည်း သူမနှင့် ဝေ့ထင်သည် ယနေ့တွင် ဝေ့မိသားစုသို့ အတူတူသွားရန် သဘောတူသောကြောင့် drip ချိတ်ခြင်းကို ယနေ့ညအထိ ရွှေ့ဆိုင်းရန် ဆရာဝန်ကို ပြောထားခဲ့သည်။ သို့သော် ဝေ့ထင် အခြေအနေက သိပ်ကောင်းပုံမပေါ်ပေ။  ဝေ့ထင် ကိစ္စကပိုလေးနက်လျှင် သူမတို့ ဝေ့မိသားစုဆီ မသွားဖြစ်ဖို့ သေချာသည်။ ဒါဆို သူမ အခု drip ချိတ်သင့်လား…သူမ တွေးမိနေသည်။


 ကံကောင်းထောက်မစွာ၊ စုမုန့် သိပ်အကြာကြီးမစောင့်လိုက်ရ။တစ်နာရီခန့်အကြာတွင် ဝေ့ထင်နှင့်ဝေ့ရွှယ် ပြန်ရောက်လာသည်။သူတို့နှစ်ယောက်သား လူနာဆောင်ထဲကို ဝင်လာလျှင် သူမ အချိန်ကိုကြည့်ပြီး နောက်ထပ် နာရီဝက်လောက် စောင့်ဖို့ဆုံးဖြတ်လိုက်သည်။အကယ်၍ ဝေ့ထင်၏ အခြေအနေ မထူးခြားပါက၊သူမအား drip ချိတ်ပေးရန်အတွက် ဆရာဝန်ကို တောင်းဆိုမည်ဖြစ်သည်။


 "အင်း… နှစ်ယောက်စလုံး အဆင်ပြေရဲ့လား…အရင်လိုဆို ဆေးရုံမှာ ငါ့အတွက်အဖော်နှစ်ယောက် ရမယ်ထင်ထားတာ… နှမြောစရာပဲ"


စုမုန့် သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။အထူးသဖြင့် ဝေ့ထင်က လန်းလန်းဆန်းဆန်း ဖြစ်နေသလိုပင်။ သူတို့အဆင်ပြေနေသဖြင့် သူမ နည်းနည်းစိတ်ပျက်သွားသည်။



xxxxx