Chapter 82
မုန့်ရှစ်ရွှမ်သည် ကျုံးမိသားစုအိမ်တွင်နေထိုင်ခဲ့သော်လည်း တစ်လခွဲကြာ သန့်ရှင်းရေးလုပ်ပြီးနောက် ကျုံးမိသားစုသည် သူမအား ထပ်မံ၍ အကြည့်တချက်ပင် မပေးလာခဲ့ချေ။ သူမသည် အိမ်တွင် ပို၍စကားနည်းလာပြီး ပို၍သတိထားတတ်လာသည်။
မုန့်ချန်သည် အရင်တခေါက်က သူမကို နည်းလမ်းရှာလိုက်ဦးမည်ဟု ပြောခဲ့သော်လည်း မည်သည့်နည်းလမ်းပင်ဖြစ်စေ အသုံးပြုလို့ရသည်ဟု သူမထင်သည်။ နောက်ဆုံးတော့ တစ်လခွဲလောက်ကြာသွားသော်ငြား မုန့်ချန်သည် ဘာမှ မလုပ်ရသေးချေ။ မုန့်ရှစ်ရွှမ်သည် စိတ်အနှောင့်အယှက်ဖြစ်နေသော်လည်း မုန့်ချန်ကိုဆက်သွယ်ရန် သူမဘက်က အစပြုခြင်းမရှိပေ။ သူမအတွက်၊ ဤမိခင်အရင်းသည် အိပ်မက်ဆိုးတစ်ခုလိုပင်။
ထို့နေ့ ကျောင်းဆင်းပြီးနောက် ကျောင်းလွယ်အိတ်လွယ်၍ ကျောင်းဂိတ်တံခါးအပြင်ဘက်တွင် ဘတ်စ်ကားစောင့်နေစဉ် သတင်းထောက်တစ်ယောက်သည် ကားပေါ်က ဆင်းလာခဲ့၏။ထိုလူသည် သူမတို့၏ နှစ် ၂၀ ပြည့် နှစ်ပတ်လည်တွင် မိသားစုဓာတ်ပုံရိုက်ပေးခဲ့သော အသိမိတ်ဆွေဖြစ်သည်။ သတင်းထောက်ကိုမြင်လိုက်ရသည့်အခါ မုန့်ရှစ်ရွှမ်၏စိတ်သည် မသိစိတ်က စိတ်ဖိစီးသွားရပြီး ချက်ချင်းပင် ကွေ့ပတ်သွားလိုက်မိသည်။
သူမရဲ့အထောက်အထားကို လူသိရှင်ကြား ထုတ်ဖော်ပြီးကတည်းက မီဒီယာ သတင်းထောက်တော်တော်များများသည် သူမ၏ ခံစားချက်များကို ယင်ကောင်တွေကဲ့သို့ပင် တဝီဝီနှင့် မေးခွန်းထုတ်ခဲ့ကြသည်။
မြို့တွင် သတင်းတွေပွက်လောက်ရိုက်နေခဲ့သည်က တစ်လခွဲကျော်ခဲ့ပြီဟု သူမထင်သည်။ 'ဒါဆို ဘာလို့ ဒီနေရာမှာ သတင်းထောက်တွေရှိနေရသေးတာလဲ။'
သို့သော် ခြေလှမ်းအနည်းငယ်မျှ မလှမ်းရသေးခင်တွင် သတင်းထောက်က သူမကို တားဆီးလိုက်ပြီး "ရှစ်ရွှမ် ငါ့ရဲ့လက်ထဲမှာ ကင်မရာလည်းမရှိပါဘူး၊ နင် ဘာလုပ်နေတာလဲ"
သတင်းထောက်ကျိုးက သူမကို ပြုံးပြလာသည်။ မုန့်ရှစ်ရွှမ်ရပ်သွားသည်ကိုမြင်တော့ သူက ခပ်မြန်မြန်ပင် ရှေ့တိုးလာပြီး "မင်းကို တစ်ခုခုပြောဖို့အတွက် ဒီကိုလာခဲ့တာ စကားစမြည်ပြောဖို့ တိတ်ဆိတ်တဲ့ နေရာလေးရှာရအောင်"
မုန့်ရှစ်ရွှမ်သည် တခဏမျှ တုံ့ဆိုင်းသွားပြီး သူ့နောက်သို့ လိုက်သွားသည်။
တကယ်တော့ မုန့်ရှစ်ရွှမ်သည် လူထုအမြင်တွင် အသာစီးရရန် မီဒီယာတွေဆီသွားပြီး မီဒီယာသတင်းထောက်တွေနှင့် ပရိသတ်တွေကို သူမအပြစ်မရှိကြောင်းပြောသည့် နည်းလမ်းကိုလည်း စဉ်းစားခဲ့ဖူးသည်။ သူမသည် ကျုံးမိသားစုအိမ်တွင် နှစ်အတော်ကြာနေခဲ့ပြီး ၎င်းတို့ကို သူမ၏မိဘအရင်းများအဖြစ် မှတ်ယူထားပြီးဖြစ်သည်။ ယခုမူ သူမ၏မိဘတွေသည် တခြားလူတွေဖြစ်ပြီး သူမ တကယ်ကို ဘာပြောရမှန်းမသိတော့ပါချေ... ဤသို့သောနည်းဖြင့် သူမသည် လူတိုင်း၏ သနားဂရုဏာကို ရရှိနိုင်၏။
ထိုချဉ်းကပ်နည်းကို သူမစဉ်းစားခဲ့သော်လည်း သူမကိုယ်တိုင်ပင် ချက်ချင်းငြင်းမိခဲ့သည်။ သူမသည် အားနည်းသောကြောင့် အင်တာဗျူးရန်အတွက် လူထုအမြင်ကို အသုံးပြုလိုက်သည်နှင့် သတင်းကို ကျုံးမိသားစုနှင့် ချင်းမိသားစုတို့က မလွဲမသွေပင် ဖိနှိပ်လိုက်မည်ဖြစ်သည်။ ထိုအချိန်တွင် သူမသည် လက်ရှိအခြေအနေကို နောက်ပြန်မလှည့်နိုင်တော့ရုံသာမက ကျုံးပါပါးကိုလည်း လုံးဝစိတ်အနှောင့်အယှက်ဖြစ်စေမိမည်ဖြစ်သည်။
ထို့နောက် သူမသည် မည်သို့သေဆုံးသွားသည်ကို မသိဘဲ သေလောက်အောင်နင်းခြေခံရမည့် နှံကောင်တစ်ကောင်ကဲ့သို့ ဖြစ်လာလိမ့်မည်။ ယခု သူမသည် ကျုံးပါပါး၏ သူမအပေါ်ရှိအမြင်ကို နားလည်ပြီး သူ သူမကို ကျုံးမိသားစုအိမ်တွင် ပေးနေရခြင်း အကြောင်းရင်းမှာ သူမသည် ကျုံးယို့ယို့ကို ထိခိုက်စေရန် သာမာန်ထက်ကျော်လွန်သည့် မည်သည့်ကိစ္စကိုမှမလုပ်သေးသောကြောင့်ဟု ရှင်းရှင်းလင်းလင်းကြီးပင် သိနေသည်။
စည်းကျော်မိလိုက်သည်နှင့်တပြိုင်နက် ကျုံးပါပါးသည် သူမကို ကန်ထုတ်ပစ်ရုံသာမက ပြန်ပင်ပေးဆပ်ရလောက်မည်ပင်။
ယခုလက်ရှိ သူမသည် သည်းခံရုံနှင့် စောင့်ရုံသာ တတ်နိုင်သည်။
သူမနှင့် သတင်းထောက်ကျိုးတို့သည် ကော်ဖီဆိုင်တွင် ထိုင်နေကြသည်။ သတင်းထောက်ကျိုးက သူမကို အပြုံးတပွင့်နှင့်ကြည့်လာပြီး အဓိပ္ပါယ်ရှိရှိဖြင့် "ငါက မင်းကို တကယ်ကူညီဖို့လာခဲ့တာ"
မုန့်ရှစ်ရွှမ် နှုတ်ဆိတ်နေမိ၏။ သတင်းထောက်ကျိုးက ထပ်ပြောလာသည်။"အခု မင်းမှာ ဘာအဆက်အသွယ်မှမရှိဘူး၊ ကျုံးယို့ယို့နဲ့ ယှဉ်လို့မရတဲ့အရာက Mr.ကျုံးနဲ့ တခြားသူတွေက ကျုံးယို့ယို့အပေါ် ဘက်လိုက်ကြတာကိုပဲ"
မုန့်ရှစ်ရွှမ်က သူမ၏အောက်နှုတ်ခမ်းကို ကိုက်ပြီး ခေါင်းညိတ်လိုက်သည်။
သတင်းထောက်ကျိုးက "မင်းကို ဓာတ်ပုံရိုက်ပေးခဲ့တုန်းက ပလပ်စတစ် အရည်အချင်းပဲ ရှိတဲ့သူလို့ ထင်ခဲ့မိတယ် မင်းက ကင်မရာထဲမှာ အရမ်းလှပြီး စကားပြောပြေပြစ်တယ် ဒါကြောင့် သူငယ်ချင်းတစ်ယောက်အနေနဲ့ မင်းကို ပြောချင်တာက ကိုယ့်ကိုကိုယ် လက်မလျှော့ပါနဲ့၊ တက်တက်ကြွကြွနေရမယ် မင်းက တန်ဖိုးရှိပြီး စွမ်းဆောင်နိုင်မှ တကျော့ပြန်လာနိုင်မှာ"
"ကျွန်မ ကောင်းကောင်းသိပါတယ်" မုန့်ရှစ်ရွှမ်သည် အနည်းငယ်စိတ်ပြေလျော့သွားပြီး ခွက်ထဲရှိ ကော်ဖီကို ဇွန်းဖြင့်မွှေလိုက်ကာ မျက်မှောင်ကြုတ်၍ “ရှင်ပြောတာကို ကျွန်မနားလည်တယ်”
သူမတွင် ကျုံးမိသားစုတွင်မွေးဖွားခဲ့သော ကျုံးယို့ယို့ကဲ့သို့သောကံမျိုး မရှိပေ။ ကျုံးမိသားစု၏ ချမ်းသာကြွယ်ဝမှုကို ဆယ့်ရှစ်နှစ်ကြာ ခံစားခဲ့ရပြီးနောက် သူမသည် ဤအရာအားလုံးကို အမှန်တကယ် ဆုံးရှုံးချင်မည်လား။ ဤကြီးမားသော ကွာဟချက်ကို မည်သူမျှ မခံနိုင်ချေ။ကျုံးမိသားစုအိမ်ကနေ ထွက်လာပြီးသည်နှင့် သူမတွင် ဘာမှမရှိတော့သလို ယခုလက်ရှိ အခြေအနေတွေအားလုံးသည်လည်း ပျောက်ကွယ်သွားမည်ပင်။ သူမသည် ချမ်းသာသည့်ဘ၀တွင် ဆက်နေထိုင်မည် သို့မဟုတ် လွန်ခဲ့သည့်ဆယ့်ရှစ်နှစ်အတွင်း နေထိုင်ခဲ့ရသည့် ဤကဲ့သို့သော သာလွန်ကောင်းမွန်သည့်ဘဝကို ပြန်လည်ခံစားရန်အတွက် သူမ၏ကိုယ်ပိုင်ရုန်းကန်မှုကို အားကိုးရလိမ့်မည်။
သို့သော် ၎င်းက အရမ်းနှေးလွန်းသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးမှဆို နောင်နှစ်ပေါင်းများစွာ ကြာလိမ့်မည်။ သူမ ထိုမျှထိမစောင့်နိုင်ချေ! ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးလျှင် သူမကို မောင်းထုတ်ပစ်မည်ဟု ကျုံးပါပါးက ပြောခဲ့၏။
သတင်းထောက်ကျိုးက business cardကို ထုတ်ပြီး သူမကို ပေးလာသည်။ "မင်းလည်း ဒီရှိုးမှာ တိုက်ရိုက်ပါဝင်နိုင်တယ် မင်းရဲ့အသွင်အပြင်က လူထုအမြင်ကို ပမာဏတစ်ခုထိ ယူဆောင်ပေးနိုင်လိမ့်မယ်"
မုန့်ရှစ်ရွှမ် တခဏမျှ အံ့အားသင့်သွားပြီး business cardကို ယူလိုက်၏။ ထိုအချိန်မှပင် သတင်းထောက်ကျိုးက ဤနေရာသို့ အဘယ်အတွက်ကြောင့်လာရသည်ကို သူမ နားလည်သွားခဲ့သည်။
သတင်းထောက်ကျိုးသည် ဤ station ၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရှိုးကို ပိုမိုရေပန်းစားအောင် ပြုလုပ်လိုသည်။ သူမသည် ကျုံးမိသားစု၏ သမီးဟောင်းဖြစ်သည်။ ရှိုးစသည်နှင့်တပြိုင်နက် ယခင်မွေးနေ့ပွဲ၌ဖြစ်ခဲ့သည့် အဖြစ်အပျက်၏အကူအညီဖြင့် သတင်းခေါင်းစီးအချို့ကို နှိုးဆော်နိုင်မည်ဖြစ်သည်။
ဟုတ်သည်၊ သူမကို ကြိမ်းမောင်းသည့် ခေါင်းစီးတွေ အများကြီးရှိလောက်မည်ဖြစ်သော်လည်း "Extreme Brain" အစီအစဉ်တွင် သူမအနေနှင့် ဖိုင်နယ်၌ နိုင်ငံ့ချန်ပီယံဆု သို့မဟုတ် တတိယဆုရနိုင်ခဲ့ပါက ပရိတ်သတ်အချို့နှင့် ထိတွေ့မှုအချို့ရှိသွားမည်ဖြစ်ပြီး သတင်းထောက်ကျိုးပြောသည့် လူထုအမြင်၏အလေးချိန်လည်း ရှိလာလိမ့်မည်ပင်။
သူမ ယခုအလိုအပ်ဆုံးအရာသည် ဤအရာမျိုးဖြစ်ပြီး သူမ၌ ကျောထောက်နောက်ခံမရှိ၊ ကူညီနိုင်မည့်သူ မရှိသောကြောင့် သူမသည် သန်မာလာရန်အတွက် သူမကိုယ်သူမ အားကိုးရန်သာတတ်နိုင်၏။
မုန့်ရှစ်ရွှမ်သည် မျက်လွှာချလိုက်ပြီး သူမစိတ်ကို ပြင်ဆင်ထားပြီးဖြစ်သော်လည်း သတင်းထောက်ကျိုးကို အေးအေးလူလူပုံစံဖြင့် ပြောလိုက်ဆဲပင်။ "ကျွန်မ စဉ်းစားလိုက်ပါ့မယ်"
"Extreme Brain" ပရိုဂရမ်သည် အပြည့်အ၀ လည်ပတ်နေသည်။ audition ပြီးသွားပြီဖြစ်ပြီး အပျော်သဘောဖြင့် ပါဝင်လာသူတွေ၏ 90% ကို ဖယ်ထုတ်လိုက်ပြီဖြစ်သည်။ ပဏာမအဆင့်သို့ ဝင်ရောက်နိုင်သူများသည် ပဏာမအကျော့များတွင် မေးခွန်းများစွာဖြေဆိုထားသူများ သို့မဟုတ် ယခင်က မြို့နယ်အထက်အဆင့်များတွင် အောင်မြင်ခဲ့ပြီး ပဏာမအဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်သူများဖြစ်ကြသည်။
ပဏာမအကျော့များအပြီးတွင် ယှဉ်ပြိုင်နိုင်သူများသည် နိုင်ငံတစ်ဝှမ်းမှ ထိပ်တန်းကျောင်းသားများဖြစ်ကြပြီး လေ့လာရေးနတ်ဘုရားများနှင့် လေ့လာရေးဆရာသခင်များကဲ့သို့သောသူများဟုပင် ဆိုနိုင်သည်။
မင်းသယ်အထက်တန်းကျောင်းတွင် မြို့နယ်ပြိုင်ပွဲပြီးဆုံးချိန်မှစ၍ ဤပဟေဠိရှိုးသည် ဖိုရမ်ရှိ ခေါင်းစီးအများစုကို သိမ်းပိုက်ထားသည်။ ဤပြိုင်ပွဲ၏နယ်ပယ်သည် နိုင်ငံတစ်ဝှမ်းရှိ အထက်တန်းကျောင်းများအားလုံး အကျုံးဝင်သည်။ သင့်တွင် အားကောင်းသန်မာသည့်ဦးနှောက်နှင့် IQ မြင့်မြင့်ရှိသရွေ့ ၎င်းတွင် ပါ၀င်နိုင်သည်။ ထို့ကြောင့်၊ မင်းသယ်၏အထက်တန်းတတိယနှစ်ရှိ လူတိုင်းနီးပါးက စာရင်းသွင်းထားကြသည်။ ဟုတ်ပေသည်၊ ပထမနှစ်နှင့် ဒုတိယနှစ်ရှိ ကျောင်းသားအများစုသည် တတိယနှစ်တွေလောက်တော့ မတော်ကြပါချေ။တတိယနှစ်များသည်လည်း အသိပညာပမာဏအကန့်အသတ်ရှိကြပြီး audition အတွင်း အများအပြားဖယ်ရှားခံခဲ့ရသည်။
နောက်ဆုံးတွင် တတိယနှစ်ရှိ လူပေါင်း ၁၅၀ ခန့် ပဏာမပြိုင်ပွဲသို့ ဝင်ရောက်နိုင်ခဲ့သည်။
ပဏာမအကျော့သည် ပြည်နယ်အဆင့်စနစ်ဖြစ်ပြီး စည်းကမ်းများ တင်းကြပ်လှသည်။
ပြည်နယ်အတွင်းတွင် အထက်တန်းကျောင်းပေါင်း လေးဆယ် သို့မဟုတ် ငါးဆယ် ရှိပြီး လူဦးရေ ရာနှင့်ချီ ၊ ထောင်နှင့်ချီရှိသည်။များပြားလှသောလူများထဲမှ ၉၀ ရာခိုင်နှုန်းသည် ဖယ်ရှားခံခဲ့ရပြီးနောက် ယှဉ်ပြိုင်ရန်အတွက် လူ ၁၀,၀၀၀ သို့မဟုတ် ၂၀,၀၀၀သာ ကျန်တော့မည်ပင်။ "Extreme Brain" ၏ အထက်အောက်ရွေ့လျားနေသောစခရင်ပေါ်တွင် ပြိုင်ပွဲဝင်များ ဖြေဆိုထားသည့် မေးခွန်းအရေအတွက်ကို ခုနှစ်ရက်ကြာ ပြသနေမည်ဖြစ်သည်။
ထိုအလွန်ခက်ခဲသောမေးခွန်းများကို "Extreme Brain" ၏ထုတ်လုပ်ရေးအဖွဲ့မှ အွန်လိုင်းပြိုင်ပွဲဝင်များဆီသို့ ထုတ်ဝေသည်။ ပြိုင်ပွဲဝင်များသည် မေးခွန်းများဖြေရန်အတွက် စခရင်ကိုဖွင့်ပြီးသည်နှင့် စခရင်ကိုပိတ်၍ ပိုင်တုသို့သွားရန် သို့မဟုတ် အချက်အလက်များကို စစ်ဆေးရန် မဖြစ်နိုင်ချေ။ ကြက်ခြေခတ်အမှားခြစ်ကို မနှိပ်ချင်ပါက စခရင်ကို ပိတ်လို့ရသည်။ သို့သော်ငြား သင် စခရင်ပြန်ဖွင့်လိုက်သည့်အခါ သင့်ရှေ့မှာ ပြထားသည့်မေးခွန်းတွေကို ပြိုင်ပွဲမေးခွန်းအသစ်တွေနှင့် အစားထိုးသွားမည်ဖြစ်သည်။ မေးခွန်းများကို
ပြန်လည်သုံးသပ်သည့်အခါ အခြားသူများကို မေးမြန်းခြင်း၊ ကိုးကားခြင်းနှင့် ခိုးချခြင်းများကို လုံးဝဖယ်ရှားပစ်ရန်အတွက် စာမေးပွဲကို အလိုအလျောက်စောင့်ကြပ်ရန် ကင်မရာကိုဖွင့်ထားဖို့ လိုအပ်သည်။
ပဏာမပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များသည် မျက်နှာမပြကြရဘဲ နောက်ဆုံးခုနစ်ရက်အတွင်း ပြိုင်ပွဲမေးခွန်းအများဆုံးဖြေဆိုသူကိုသာ အနိုင်ရရှိသူဟု ဆုံးဖြတ်ပေးမည်ဖြစ်သည်။ အဆင့်သတ်မှတ်ချက်များသည် အဆက်မပြတ် ရွေ့လျားနေပြီး ပြောင်းလဲနေသောကြောင့် ပြိုင်ပွဲသည် အလွန်တရာပင် စိတ်လှုပ်ရှားဖွယ်ရာကောင်းလှသည်။
ပဏာမအကျော့ ခုနစ်ရက်ကြာပြီးနောက်၊ ပြည်နယ်တစ်ခုစီရှိ ဒါဇင်နှင့်ချီသောမြို့များ၏ အဆင့်များနိမ့်ချည်မြင့်ချည်ဖြစ်နေသော လူထောင်ပေါင်းများစွာထဲမှ ထိပ်ဆုံးဆယ်ယောက်သည် ဆီမီးဖိုင်နယ်သို့ ဝင်ရောက်နိုင်သည် ။ ဖယ်ရှားမှုနှုန်းက အလွန်မြင့်မားသည်ဟု ဆိုနိုင်သည်။
ထို့နောက်တွင် နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်အားလုံးတွင် ဆီမီးဖိုင်နယ်သို့ ဝင်ရောက်နိုင်သူ စုစုပေါင်းအယောက် ၅၀၀ ကျော်အထိ ရှိလာမည်ဖြစ်သည်။
ဆီမီးဖိုင်နယ်ကို ရသစုံရှိုးပုံစံဖြင့် ကျင်းပမည်ဖြစ်ပြီး ကစားသမားများက စင်ပေါ်တွင် သူတို့၏မျက်နှာများပြသရန် လိုအပ်သည်။ ပြိုင်ပွဲတွင် နောက်ဆုံးလူ ၅၀ သာကျန်မည်ဖြစ်ပြီး ဖိုင်နယ်ပွဲအတွက် ပေကျင်းမြို့ဘေးရှိ စက်ရုံကြီးတစ်ခုသို့ သူတို့သွားရောက်ရမည်ပင်။
...........
ပဏာမပြိုင်ပွဲ ပထမခုနစ်ရက်စတင်သည့်နေ့တွင် အဓိကအတန်းရှိ ကျောင်းသားအများအပြားကပင် ကျောင်းပျက်ကြပြီး အထူးတလည်အနေဖြင့် အိမ်တွင်နေ၍ မေးခွန်းများလေ့လာကြကာ တစ်နေ့လျှင် ၂၄ နာရီ အိပ်စက်ခြင်းပင်မရှိခဲ့ကြပေ။
မုန့်ရှစ်ရွှမ်လည်း ထိုသို့ပင်လုပ်ခဲ့ပြီး သူမနေမကောင်းသောကြောင့်ဟု ခွင့်တောင်းဆိုကာ တံခါးကိုပိတ်၍ မေးခွန်းတွေကို စတင်ဖြေဆိုတော့သည်။
ထိုပြိုင်ပွဲမေးခွန်းများက အရမ်းခက်ခဲ၏။ အများစုကို နာရီဝက်အတွင်း ဖြေရှင်းနိုင်သော်လည်း အချို့သော အယ်လဂိုရီသမ်များသည် အလွန်ရှုပ်ထွေးသောကြောင့် ၎င်းတို့ကို တစ်နာရီ၊ နှစ်နာရီအတွင်း တွက်ချက်၍မရပေ။ မြို့နယ်ဒုတိယနေရာကို အောင်မြင်ခဲ့ဖူးသော ကျောင်းသူတစ်ယောက်ဖြစ်သည့် မုန့်ရှစ်ရွှမ်သည်ပင် ပင်ပန်းလွန်းလှပြီဖြစ်သည်။
သက်မွေးအထက်တန်းကျောင်းက ကျောင်းသားတွေသည်တော့ လုံးဝမပါဝင်ခဲ့ကြချေ။
မင်းသယ်၏ အဓိကအတန်းမှ ကျောင်းသားအများအပြားသည် ပထမမေးခွန်းကိုဖြေဆိုခဲ့ကြပြီးနောက် ပုံမှန်မဟုတ်သောအခက်အခဲကြောင့် တိုက်ရိုက်ပင် အရှုံးပေးလိုက်ကြသည်။
မုန့်ရှစ်ရွှမ်သည်တော့ သည်းခံခဲ့၏။ကံကောင်းထောက်မစွာဖြင့် သူမတွင် အတော်လေးကောင်းသည့် အခြေခံအုတ်မြစ်ရှိခဲ့သည်ပင်။ မည်သည့်ပုစ္ဆာကိုမဆို နာရီအနည်းငယ်အတွင်းတော့ သူမ မဖြေရှင်းနိုင်ပါချေ။ထိုသို့သောအခြေအနေမျိုးဖြင့် တစ်နေလုံးကုန်ဆုံးသွားပြီး သူမ၏ပုစ္ဆာဖြေရှင်းသည့်ပမာဏက 56 ဖြစ်နေဆဲ။ ဤဂိမ်းက မူမမှန်ပေ။ ပြဿနာတစ်ခုအား မဖြေရှင်းနိုင်ပါက ၎င်းကို နောက်တစ်ခုသို့လည်း ကျော်သွားခွင့်မရှိ။ သင် ကျော်ဖြတ်နိုင်သည် သို့မဟုတ်ပါက ဖယ်ထုတ်ခံရမည်ဖြစ်သည်။
မုန့်ရှစ်ရွှမ်သည် ချွေးစေးများပြန်နေပြီး စာရွက်အတိုအစသုံးရွက်ကို အသုံးပြုကာ ညာဘက်အပေါ်ထောင့်ကို တစ်ချက်ကြည့်လိုက်သည်။
ပြည်နယ်တွင် လက်ရှိ အဆင့်သုံးဆယ့်လေး။
သူမ အတန်ငယ်တော့ အခြေကျသွားပြီပင်။
......
ဤသည်မှာ ရှည်ကြာလှသည့်တိုက်ပွဲဖြစ်သည်။ လူများစွာသည် ပထမနေ့တွင် ပုစ္ဆာများ ဖြေရှင်းနိုင်သော်လည်း ခုနစ်ရက်မြောက်သောနေ့အထိ ကြာရှည်ခံနိုင်ကြမည်မဟုတ်ပေ။ သင်ဆက်သွားနေပါက ပြည်နယ်အဆင့်တစ်ဆယ်လောက်ထိ ရောက်ရှိနိုင်မည်ဖြစ်သည်။
သူမကို အလွန်စိုးရိမ်စေသည့်အရာမှာ ပထမနေရာတွင်ရှိသူတစ်ဦးသည် ၎င်း၏အမည်ရင်းကို မသုံးထားဘဲ စာလုံးကြီးအတွဲလိုက် QYXLP ဟု သာ သုံးထားသည်။
'ဒီလူက ဘယ်ကနေပေါ်လာတာလဲမသိဘူး။' ဤလူက မြို့ထဲကလူ သေချာပေါက်မဟုတ်မှန်း မုန့်ရှစ်ရွှမ် ရဲရဲကြီးကောက်ချက်ချနိုင်သည်။ ယခင်မြို့တွင်းပြိုင်ပွဲများတွင် ပုစ္ဆာဖြေရှင်းခြင်းအရှိန်က လူမဆန်သောအမြန်နှုန်းသို့ရောက်နေသည့် ကျောင်းသားတစ်ဦးကို သူမ တခါမှ မမြင်ခဲ့ဖူးချေ။
သူ မေးခွန်းတွေဖြေရှင်းသည်က အရမ်းမြန်ပြီး ပြတ်တောင်းပြတ်တောင်းနိုင်လှ၏။ ဥပမာအားဖြင့် နေ့လည် ၃ နာရီတွင် မေးခွန်း ၂၇ ခုခန့်သာ ရှိသေးသည်ဆိုပါစို့ ။တစ်နာရီလောက်ကြာပြီးနောက် သူသည် ထပ်မံမရွေ့လျားတော့ဘဲ တဖြေးဖြေးနောက်ရောက်သွားသော်ငြား ရုတ်တရက်ပင် ဆယ်မိနစ်အတွင်း မေးခွန်းပေါင်း တစ်ဒါဇင်ကျော်ဖြေရှင်းလိုက်ပြီး စုစုပေါင်းမေးခွန်း အရေအတွက်က ၄၃ ဖြစ်သွားကာ နံပတ်များက တပြိုင်နက်တည်း ခုန်တက်လာခြင်းဖြစ်သည်။
ညနေခင်း၌ သူသည် လူတိုင်း၏ခေါင်းများကို လုံးလုံးလျားလျားနင်းခြေသွားပြီး အပေါ်စီးမှကြည့်နေသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
တစ်မိနစ်အတွင်း ရေးထားသော မေးခွန်းများသည် အခြားသူများထက် အဆများစွာ ရှိသည်။
ဤလူက မုန့်ရှစ်ရွှမ်ကို မေးခွန်းများဖြေဆိုသည့်အရှိန်ဖြင့် လုံးလုံးလျားလျား ရှုံးနိမ့်သွားစေခဲ့လေသည်။
......
ဤနည်းဖြင့် ခုန်တက်ပြီး အားလုံးကိုနင်းခြေလိုက်ခြင်းက မုန့်ရှစ်ရွှမ်အား ကျုံးယို့ယို့၏လူယုတ်မာပုံစံကို ရုတ်တရက်တွေးမိသွားစေပြီး စိတ်တင်းကြပ်သွားရသည်။ သူမသည် ပြိုင်ပွဲစခရင်ကို ယာယီအဖြစ် အလျင်အမြန်ပိတ်လိုက်ပြီး ယင်ချူးချူးထံသို့ စာတိုတစ်စောင် ပေးပို့လိုက်သည်။
"ချူးချူး ဒီနေ့ ကျုံးယို့ယို့ကျောင်းလာတာတွေ့လား"
ယင်ချူးချူးသည် ကျောင်း၌ နေ့လည်စာစားနေခြင်းဖြစ်၏။ မုန့်ရှစ်ရွှမ်က ဘာကြောင့်မေးမှန်း သူမ မသိသော်လည်း အလျင်အမြန် replyပြန်လိုက်ဆဲပင်။
"အင်း သူ ကျောင်းမှာ တနေကုန်နေခဲ့တာ ငါနေ့လယ်စာစားဖို့ ကော်ဖီဆိုင်ကိုသွားတုန်းက သူ့ကို တွေ့ခဲ့တယ်"
"ကျေးဇူးပါ"
မုန့်ရှစ်ရွှမ် သက်ပြင်းချလိုက်ပြီး ထိပ်ဆုံးရှိ နာမည်ပြောင်ကို စိုက်ကြည့်လိုက်သည်။ရယ်ဖွယ်ရာပင်။ ကျုံးယို့ယို့နှင့် ထိုသို့သောဂျီးနီးယပ်ဇာတ်ကောင်ကို သူမ မည်သို့ ဆက်စပ်ကြည့်ခဲ့သနည်း။ ဤလူသည် နိုင်ငံခြားနယ်ပယ်ဘက်ရှိ အမည်မသိပြိုင်ဘက်ဖြစ်ရမည်။
ကျုံးယို့ယို့ကျောင်းတက်နေသည်ဆိုကတည်းက သူမသည် ဤပြိုင်ပွဲ၌ လုံးဝမပါဝင်ခဲ့သည်မှာ သေချာသလောက်ပင်။
ဤအစီအစဉ်နှင့်ပတ်သက်သည့် ပြည်နယ်ဖိုရမ်များကိုလည်း အဆင့်ကုန်တိုးမြှင့်ထားသည်။ လူတိုင်းက ပြည်နယ်အဆင့်များတွင် ထိပ်ဆုံး၌ရှိနေသည့် ကြီးမြတ်သောနတ်ဘုရား QYXLP ၏အကြောင်းကိုမေးမြန်းနေကြသည်။ ၎င်းက အံ့ဖွယ်ပင်။ ညနေ ၆ နာရီမှ စတင်၍ ပထမအဆင့်တွင် ရှိနေခဲ့တာဖြစ်သည်။ ထို့အပြင်၊ ဒုတိယနေရာမှ မေးခွန်းအရေအတွက်နှင့်ယှဉ်လျှင် အဆများစွာ ကွာခြားနေသေးသည်။
ကောင်းလွန်းလှသည့်စီးနင်းမှုပင်။
ညစာစားပြီးနောက် ကျုံးယို့ယို့သည် ကွန်ပြူတာရှေ့တွင်ထိုင်ကာ စတော်ဘယ်ရီတစ်ဗူးယူ၍ စားနေစဉ်မှာပင် စခရင်ကိုဖွင့်လိုက်သည်။ နေ့ခင်းဘက်တွင် အတန်းတက်ရမည်ဖြစ်၍ မေးခွန်းတွေကြိုးကြိုစားစားဖြေဆိုရန် အခွင့်ကောင်းမယူနိုင်ခဲ့ချေ။ ယခု ညဘက်တွင်တော့ မေးခွန်းတွေလုပ်လို့ရပြီဖြစ်သည်။ သူမသည် ဆုံလည်ကုလားထိုင်ပေါ်တွင်ထိုင်ရင်း စတော်ဘယ်ရီသီးတစ်လုံးကို ပါးစပ်ထဲသို့ ပစ်ထည့်ကာ လက်ကိုပွတ်၍ စိတ်လှုပ်ရှားစွာ စိုက်ကြည့်လိုက်သည်။
ပြောရလျှင် ဤရှိုးသည်လည်း လူလိမ်ပင်။
သူမသည် မူလက "ချင်းယောင်၏ဇနီးလေး" ဟု နာမည်ပြောင်ပေးကာ စနစ်ထဲသို့ ဝင်ရောက်ခဲ့သော်လည်း သူမသည် "ဤရှိုး၏ အပိုဒ် 5 - အထက်တန်းကျောင်းသားများကို ချစ်ခွင့်မပြုပါ" ဟူသောအချက်ကို ချိုးဖောက်ရာကျမည်စိုးသောကြောင့် နာမည်ပြောင်ကို QYXLP ဟု အတိုကောက်ခေါ်ဆိုခဲ့ရသည်။ ဒီစာအတွဲလိုက်က ဘယ်လောက်ထိ အဟန့်ကောင်းလိုက်လဲ။
ကျုံးယို့ယို့သည် စာမျက်နှာကိုဖွင့်ခါနီးတွင် သူမဘေးမှ သက်ဆိုင်ရာဖိုရမ်ပေါ်ရှိ အနီရောင်ပို့စ်များကြောင့် ရုတ်တရက် ဆွဲဆောင်ခံလိုက်ရသည်။
"စာရင်းရဲ့ထိပ်ဆုံးက မြင့်မြတ်တဲ့ QYXLP နတ်ဘုရားက ဘယ်မှာလဲ၊ တိုက်ခိုက်ဖို့ ထွက်လာမှာလား"
ဟမ့်၊ ဤသည်က ရန်စခြင်းလား။
ကျုံးယို့ယို့သည် မျက်ခုံးပင့်ကာ မောက်စ်ကိုကိုင်၍ နှိပ်လိုက်သည်။ ပင်မစကားပြောခန်းကို မကြည့်မီတွင် နံပတ်တစ်မှလူသည် Zမြို့ရှိ နံပါတ်တစ် ရှစ်ကျစ်ထန်ဖြစ်သင့်သည် သို့မဟုတ် A မြို့ရှိ ဒဏ္ဍာရီလာလေ့လာရေးသခင် ကျန့်ကျီရိဖြစ်သင့်သည်ဟူသော အကြောင်းပြချက်နှင့် အထောက်အထားများစွာတို့ကို ခွဲခြမ်းစိတ်ဖြာထားသည်အား သူမတွေ့လိုက်ရသည်။
ကျုံးယို့ယို့သည် မောက်စ်ဖြင့် ထိုပို့စ်အား လှန်လှောကြည့်လိုက်သော်လည်း သူမ၏နာမည် စာရင်းတင်သွင်းမည့်သူတစ်ယောက်မှ မတွေ့ခဲ့ရချေ။
"........"
သူမ၏ အသစ်စက်စက်ရထားသည့် မြို့နယ်နံပါတ်တစ်ဆိုသောခေါင်းစီးက လူသိများရန် မလုံလောက်သည့်ဟန်ပင်။ သူမကို ကံကောင်းခြင်းနှင့် ခွန်အားမရှိခြင်း အမျိုးအစားတစ်ခုအဖြစ် မှတ်ယူထားဆဲဖြစ်ဟန်ရသည်။
ကျုံးယို့ယို့ အနည်းငယ် မကျေမနပ်ဖြစ်သွားရပြီး စတော်ဘယ်ရီသီး နောက်တစ်လုံးကိုစားကာ replyပြန်ရန်အတွက် အကောင့်သေးလေးတစ်ကောင့် ဖွင့်လိုက်၏။
["Z မြို့ မင်းသယ်အထက်တန်းကျောင်းက ကျုံးယို့ယို့ကို လောင်းတယ်"]
မကြာမီ ကြီးမားသောreplyတစ်ခု ရောက်လာသည်။
["အဲဒါ ဘယ်သူလဲ၊ ငါမကြားဖူးဘူး လူသိနည်းတဲ့လူပဲဟ"]
["ဟီးဟီး၊ အဲ့တစ်ယောက်က အကြည့်တစ်ချက်နဲ့တင် မိန်းကလေးတစ်ယောက်ပဲဖြစ်ရမယ် လေးစားမှုအပြည့်နဲ့ပြောလိုက်မယ် မိန်းကလေးတွေက ဒီလိုမျိုး ဉာဏ်သုံးရတဲ့ပြိုင်ပွဲတွေမှာ တကယ်ကိုအသာစီးရနိုင်ဘူး"]
ဤသည်က တခြားမြို့ပင်။
ဤမြို့၌ ကျို့ယို့ယို့အကြောင်းကို ကြားဖူးနားဝရှိထားသည့် လူတွေလည်း ရှိ၏။
["အရင်က မြို့ကို ဒုက္ခရောက်အောင် လုပ်ခဲ့တဲ့ ကျုံးမိသားစုရဲ့သမီးအရင်းလား ဒီလိုသမီးမျိုးကလည်း အဆင့်တွေပိုကောင်းလာနိုင်တာလား သူက မလှပေမယ့် သဘောထားကြီးတယ်ဆို?"]
ပြီးတော့ ထိုကျောင်းကလူတစ်ယောက်ကလည်း ["ဒီညီလေး၊ မင်းသယ်အထက်တန်းကျောင်းက ကျုံးယို့ယို့ကို မင်း ချီးကျူးလို့ရပြီ သူမက တလောကပဲ မြို့နယ်နံပါတ်တစ်နေရာ ရခဲ့တယ်လေ ပြီးတော့ သူမက ဒီတခေါက်စာမေးပွဲကို ဒီရက်တွေအတွင်း လုံးဝလာမဖြေခဲ့ဘူး ဒီတော့ သူမ(QYXLP)က သူမ(ကျုံးယို့ယို့)မဟုတ်ဘူး QYXLPက သူမသာဆိုရင် ငါ liveလွှင့်ပြီး ** စားပြလိုက်မယ်"]
တိုတိုပြောရလျှင် သူတို့အားလုံးက သူမကို အလှပန်းခက်လေးဟု ထင်နေကြတာပင်။
ကျုံးယို့ယို့ : "......'
ကျုံးယို့ယို့သည် ကျောင်းမှ နောက်ဆုံးကျောင်းသားအား တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
["ကောင်းပြီ နင့်ကိုစောင့်နေမယ်...နင် liveမလွှင့်ပြရင် တွေ့ပြီပဲ"]