အပိုင်း ၈၆
Viewers 11k

Chapter 86




သူ့ရင်ထဲမှ ဒေါသတွေသည်တော့ ပြေပျောက်မသွားသေးဘဲ "အဲ့လိုလုပ်တာလည်း မမှန်နေသေးဘူး ဖေးယွင်က ကလေးမလေးပဲရှိသေးတာ သူမမှာ ချို့ယွင်းချက်ရှိသွားရင် ငါ မင်းကို ခွင့်မလွှတ်ဘူး ငါ့တူမကို အဲ့လိုမျိုးတွေ မလုပ်ခိုင်းနဲ့"


မုန့်ချန်၏မျက်၀န်းများ နီရဲလာပြီး ဒေါသတကြီးဖြင့် "ကောင်းပြီ၊ ရှင့်ရွာကလူတွေကို ကျွန်မထက်ပိုချစ်တယ်ဆိုတာ သိသွားပြီ"


စကားပြောပြီးနောက် သူမသည် ဒေါသတကြီးဖြင့် အခန်းထဲပြေးဝင်သွားပြီး လော့ခ်ချလိုက်သည်။


ဟယ်ချုန်ရှန်းသည် ပိတ်ထားသည့်တံခါးကို ကြည့်လိုက်ပြီး အရမ်းပျင်းနေသော်လည်း မုန့်ချန် သူနှင့် တကယ်စကားများမည်ကို စိုးရိမ်သွားသောကြောင့် တံခါးကို အလျင်စလိုခေါက်လိုက်၏။ "အခုလေးတင် ပြောသွားတာက အဲ့လိုဆိုလိုချင်တာ မဟုတ်ပါဘူး ကိုယ်က တုံးပြီး စကားမပြောတတ်လို့ပါ အဲ့ဒါကြောင့်လေ"


သူ့သားဟယ်ရိခန်က အခန်းထဲမှ ထွက်လာပြီး ထိုမြင်ကွင်းကို မြင်တော့ ‌သရော်လာသည်။


"ဟန်ဆောင်နေတာတွေ အဖေ သူမကို ဘယ်လိုသည်းခံနိုင်တာလဲ"


'ဒီအမျိုးသမီးက သူတို့ရဲ့ဘဝတွေကို အနှေးနဲ့အမြန်ဆိုသလို လွှမ်းမိုးသွားလိမ့်မယ်။'


*****


ပဏာမအကျော့ပြီးတာ လေးရက်ရှိသွားပြီဖြစ်သည်။ ကနဦး စိတ်လှုပ်ရှားမှုနှင့် ရူးသွပ်မှုများ ကျော်လွန်သွားပြီးနောက်တွင် ကြည့်ရှုသူလူအုပ်ကြီးသည် အယောက် ၁၀၀၀၀သို့မဟုတ် ၂၀၀၀၀ခန့်၌ တည်ငြိမ်သွားခဲ့သည်။ဟုတ်ပေသည်၊ခက်ခဲမှုပုံမှန်မဟုတ်သည့် ပုစ္ဆာများကြောင့် ပြိုင်ပွဲကို လက်လျော့ခဲ့ရသည့် ကျောင်းသားထက်ဝက်ကျော်သည် ငိုမိလုနီးပါးပင်။


သို့သော်လည်း ဖိုရမ်သည် အရှိန်အဟုန် အပြည့်ရှိနေဆဲဖြစ်ပြီး hotပို့စ်များလည်း အတောမသတ်ထွက်ပေါ်နေဆဲဖြစ်သည်။ ယခု သင်သည် ဖိုရမ်၏ အဟော့ဆုံးစကားလုံးများကို ရှာဖွေနိုင်ပြီး QYXLPဆိုသည့်စာလုံးငါးလုံးသည် စာရင်း၏ထိပ်တွင် ရှိနေသည်ကို သင်တွေ့ရလိမ့်မည်။


ထိပ်တန်းပို့စ်နှစ်ခုမှာ "ကြီးမြတ်တဲ့နတ်ဘုရား၊ ငါလည်း မိန်းကလေးတစ်ယောက်ဖြစ်ပြီး ရုပ်ချောတယ် ငါ့ကိုလည်း သူငယ်ချင်းအဖြစ် ထည့်ပေးလို့ရမလား(ရှက်ရွံ့) (ရှက်ရွံ့)"


"ဩဂုတ်လ ၁၈ရက်နေ့ ပဏာမပြိုင်ပွဲ၏ ပထမနေ့တွင် ပထမနေရာသည် ရှိုးလည်ပတ်မှုတွင် တတိယနေရာကို ချေမှုန်းနိုင်ခဲ့သည်"


ပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသော ကစားသမားအများအပြားသည် ပါဝင်ရန် ရည်ရွယ်ချက်မရှိကြတော့ဘဲ ဤတက်ကြွပျော်ရွှင်ဖွယ်ပို့စ်များကြောင့် ဆွဲဆောင်ခံခဲ့ရသည်။


၎င်းတို့ထဲတွင် ရွှီရှောင်ယွဲ့လည်း ပါ၀င်သည်။


ယခု သူမသည် ကြီးမြတ်သည့်နတ်ဘုရားက သူမနှင့် အမှန်တကယ်စကားပြောဆိုခဲ့သည်ဆိုသော နေရာတွင်သာ သူမ၏အတွေးအားလုံးရှိနေပြီး၊ သူမသည် ပြိုင်ပွဲတွင် ပါဝင်ရန်စိတ်ကူး ဘယ်မှာရှိပါတော့မည်နည်း။ ထို့အပြင်၊ သူမသည် နှစ်ရက်ကြာ မေးခွန်းဖြေဆိုခဲ့သော်လည်း အဆင့်မတက်သွားဘဲ နောက်ပင်ပြန်ဆုတ်သွားကာ ပြည်နယ်အဆင့် ၁၈၀၀ကျော်မှ ၃၀၀၀ကျော်အထိ တဖြည်းဖြည်းကျသွားပြီး ပြိုင်ပွဲကို လိုလိုလားလားပင် လက်လျှော့လိုက်တော့သည်။


ထိုအကြောင်းကို မေ့လိုက်နိုင်သည်။ သူမသည် ပြိုင်ပွဲတွင် ထိုလူတွေကို အနိုင်မယူနိုင်သော်လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲတွင်တော့ ဘယ်သူက နိုင်မည်၊ ရှုံးမည် အမြဲတမ်းမသေချာနေဟု သူမကိုယ်သူမ အားပေးထား၏။ ကောလိပ်ဝင်ခွင့်စာမေးပွဲက တစ်နှစ်ခွဲသာ လိုတော့သည်။ မည်သည်ကို ရွှီရှောင်ယွဲ့ ပထမဦးစွာ ကြောက်ရမည်နည်း။


ထို့ကြောင့် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူမသည် အလွန်စိတ်လှုပ်ရှားနေဟန်ရှိပြီး အမျိုးသမီးသန့်စင်ခန်းမှ စာသင်ခန်းထဲသို့ ရေစက်လက်ဖြင့်ပြန်သွားကာ ပါးစပ်က တတွတ်တွတ်ရွတ်နေလေသည်။


အတန်း(၁၉)၏အတန်းဖော်တွေက သူမ အဘယ်ကြောင့် အရမ်းစိတ်လှုပ်ရှားနေရသည်ဆိုတာ သဘာဝကျကျပင် သိကြသည်။ ယောက်ျားလေးများအားလုံးက ပျော်ပျော်ပါးပါး joinကြသော်လည်း မိန်းကလေးများကမူ သူတို့၏ နှလုံးသားထဲတွင် တိတ်တဆိတ်နှင့် အနည်းငယ်မနာလိုဖြစ်နေကြသည်။


နံပါတ်တစ်နတ်ဘုရားက ရှစ်ကျစ်ထန် သို့မဟုတ် ကျန့်ကျီရိဖြစ်မည်ဆိုလျှင် ရွှီရှောင်ယွဲ့၏သူငယ်ချင်းသည် ရှစ်ကျစ်ထန် သို့မဟုတ် ကျန့်ကျီရိဖြစ်မည်မဟုတ်ပါလား။ ၎င်းတို့နှစ်ဦးစလုံးသည် သက်ဆိုင်ရာကျောင်းများတွင် သြဇာကြီးမားသည့် ပုံရိပ်ရှိသူများဖြစ်သည်။ ရှစ်ကျစ်ထန် မည်မျှချောမောခန့်ညားသည်ကိုမပြောနှင့်ဦး ၊ ကျန့်ကျီရိသည်ပင် အလွန်နူးညံ့သိမ်မွေ့ပြီး သူသည်လည်း ချောမောခန့်ညားသည့် လူငယ် တစ်ယောက်ပင် ။


ဒီရွှီရှောင်ယွဲ့၊ အနံ့ဆိုးတဲ့မိန်းကလေးကို သူမတို့ မနာလိုပေ။


ရွှီရှောင်ယွဲ့သည် စိတ်အားတက်ကြွနေပြီး သူမကို မည်သူမျှ အနိုင်မယူနိုင်ချေ။ သူမ၏ စိတ်ခံစားချက်သည် မြှင့်တက်နေရုံသာမက အတန်းထဲတွင်ပင် ကျယ်ကျယ်လောင်လောင် မရယ်မောဘဲ မနေနိုင်ခဲ့ပေ။


သင်္ချာအချိန်၌ သူမသည် နောက်တစ်ကြိမ် လှူပ်လှုပ်ရှားရှား ထပ်မံပြုလုပ်နေပြီး ကျုံးယို့ယို့သည်ပင် မထိန်းချုပ်ထားနိုင်တော့ဘဲ မျက်မှောင်ကြုတ်၍ သူမကို ကြည့်လိုက်မိသည်။


ပါးပြင်တွေကိုကိုင်ထားရင်း စွဲမက်ဖွယ်အပြုံးများက သူမမျက်နှာတွင် ပြည့်နှက်နေပြီး မှတ်စုစာအုပ်ထဲ၌ စာရေးပြီး ပုံဆွဲနေသည်အား တွေ့လိုက်ရသည့်...ကျုံးယို့ယို့ : "..."


ဤသို့ဖြစ်လာမည်ဟု ဘယ်သူက မျှော်လင့်ထားမိမည်နည်း။ သူမက ဤမိန်းကလေး၏ခံစားချက်ကို လှည့်စားနေမိသည်လား။


ယခုမူ ရွှီရှောင်ယွဲ့သည် ကြီးမြတ်သည့်နတ်ဘုရားက မည်သို့မည်ပုံရှိသည်ကို သူမဘာသာသူမ စိတ်ကူးယဉ်နေကြောင်း သူမ(ZYY)ပြောနိုင်၏။ 'သူမစိတ်ထဲမှာ ဘယ်လိုစိတ်ကူးတွေရှိနေတာတုန်း။ အဲဒါက အရမ်းဒုက္ခများလွန်းတယ်။ သူမအနေနဲ့ စာတွေကို အမြန်ဆုံး အလိုအလျောက်ဖျက်ပစ်ဖို့ လိုတယ်။ သိသွားရင် ချက်ခြင်း ငိုသွားမှာများလား။


သူမ မလုပ်နိုင်သေးဘူး...'


ကျုံးယို့ယို့သည် သူမ၏ဖုန်းကိုထုတ်လိုက်ပြီး မက်ဆေ့ချ်များကို တချက်ကြည့်လိုက်၏။ ရွှီရှောင်ယွဲ့က မက်ဆေ့ခ်ျအနည်းငယ်ပို့ထားသည်ကို သူမမြင်လိုက်ရသည်။ "ကြီးမြတ်တဲ့နတ်ဘုရား ရှိနေလား"၊ "ကြီးမြတ်တဲ့နတ်ဘုရားရှိလားလို့"၊ "ရှင် ရှိနေလား"။ သူမလက်မောင်းကိုမထိဘဲ မနေနိုင်တော့ချေ။ 'ကြက်သီးထလာပြီ။'


'ဒီကလေးက တကယ့်ကို တွယ်ကပ်တတ်တာပဲ။'


******


လီသုန်းဖျင်သည် တြိဂံပုံသဏ္ဍာန်ပေတံတစ်ချောင်းကိုင်၍ ဝင်လာခဲ့သည်။ ပထမစာကြောင်းသည်တော့  "ဒီရက်ပိုင်းမှာ လူတိုင်းက ပြိုင်ပွဲအစီအစဉ်ကို အပြည့်အ၀ ဆွေးနွေးနေကြပေမယ့် ဒီကိစ္စက မင်းတို့ အာရုံစိုက်စရာမဟုတ်ဘူးဆိုတာ လူတိုင်းကို ငါပြောချင်တာ ကောလိပ်တက်ဖို့အတွက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်ဖို့ စာလေ့လာရာမှာ အာရုံစိုက်ဖို့လိုတယ်ဆိုတာ မင်းတို့အများစု သိပါတယ်"


သို့သော်ငြား လီသုန်းဖျင်က သူတို့ကိုဆွဲဆောင်ရန် အပြင်းအထန်ကြိုးစားလျှင်ပင် ယခုပြန်လည်သုံးသပ်သည့် မေးခွန်းအရေအတွက်၌ မည်သူက ပထမအဆင့်ဖြစ်သည်ကို သိရှိနိုင်ရန် ဖိုရမ်ပေါ်၌ ပြန်လည်သုံးသပ်ခြင်းကို မရပ်တန့်နိုင်ကြဆဲပင်ဖြစ်သည်။


အဆုံးတွင်တော့၊ ဤအရာသည် တကယ့်ကို စိတ်လှုပ်ရှားစေပြီး စွဲလမ်းစေသည့် အရည်အချင်းစစ်ဂိမ်းကို ကြည့်ရသည်နှင့်တူသည်။


လေးရက်ဆက်တိုက် သွေးလွှမ်းမုန်တိုင်းများ တိုက်ခတ်ပြီးနောက် မျှော်လင့်ထားသည့်အတိုင်း ထိုစာလုံးအတွဲလိုက်သည် ပထမအဆင့်တွင် ရှိနေဆဲပင်။


ထို့အပြင်၊ လေးရက်အတွင်း သူ၏မေးခွန်းအရေအတွက်သည် ပို၍များပြားလာသောကြောင့် နောက်ရှိလူများနှင့် အကွာအဝေးက နှစ်ဆတိုးသွားသည်။ ရလဒ်အနေနှင့်၊ ကြီးမြတ်သည့်နတ်ဘုရားမှ  ဖြေဆိုထားသော မေးခွန်းအရေအတွက်သည် တစ်ထောင်ကျော်သို့ ရောက်ရှိသွားသည်။ပြည်နယ်အဆင့်တစ်ဆယ်ဖြစ်သည့်လူမှာ လေးရာခန့်သာ ဖြေဆိုရသေးသည်။ ၎င်းက ရိုးရိုးရှင်းရှင်းပင် ကြီးမားသောကွာဟချက်ဖြင့် ပိုင်းခြားထားသကဲ့သို့ပင်။


ပြည်နယ်အဆင့်တစ်ဆယ်နေရာသည် လူတိုင်းမျှော်ကြည့်ရမည့်နေရာ ဖြစ်နေပြီဖြစ်သော်လည်း ဤကြီးမြတ်သည့်နတ်ဘုရား၏ရှေ့တွင်တော့ နောက်တွင် ကျန်ရစ်ခဲ့သည်ဖုန်မှုန့်မျှသာ။ 


ထို့အပြင် ဆွေးနွေးမှုအများဆုံးမှာ ပြိုင်ပွဲ၏ ထိပ်ဆုံးသုံးယောက်ဖြစ်သည်။ ဒုတိယနှင့်တတိယနေရာက မည်မျှပင်တန်ပြန်တိုက်ခိုက်နေပါစေ ပထမနေရာက တည်ငြိမ်နေဆဲဖြစ်သည်ကတော့ သနားစရာပင် ။ အဆုံးတွင်တော့ အနိုင်ဆက်တိုက်ရနေသည့် အပေါ်စီးမှ တစ်ကိုယ်တည်းဝံပုလွေတစ်ကောင်ကဲ့သို့ လူတိုင်းကို အမှန်တကယ် ယုံကြည်ကိုးကွယ်စေ၏။


လူတိုင်းနီးပါး၌ ခိုင်မာသည့်စိတ်ဓာတ်ရှိသည်။ ဤကြီးမြတ်သောနတ်ဘုရား၏ အောင်မြင်မှုများသည် အလွန်ကြီးမားသောကြောင့် သူ့အား အာရုံစိုက်၊ လေးစားကြပြီး ကိုးကွယ်ကြသူများမှာ သဘာဝကျကျပင် ပိုများကြသည်။


ပဉ္စမနေ့တွင်၊ ဤကြီးမြတ်သည့်နတ်ဘုရား၏ ပရိတ်သတ်များက သူတို့ကိုယ်သူတို့ မည်သို့ခေါ်သင့်သည်ကို စတင်ဆွေးနွေးကြပြီး အားလုံးက ကြော်ငြာဆောင်ပုဒ်ကို ဆွေးနွေးကြတော့သည်။


ဆွေးနွေးမှု၏အလယ်ဗဟိုဖြစ်သော ကျုံးယို့ယို့သည် ထိုရက်တွေအတွင်း မေးခွန်းများအပြင်ဘက်ရှိ သွေးလွှမ်းမုန်တိုင်းများကို သိပ်ဂရုမစိုက်ဘဲ အဆုံးတွင်တော့ ယခုအချိန်၌ သူမတွင် ထိုသို့လုပ်ရန်လည်း အားအင်မရှိပေ။မည်မျှပင်ပြင်းထန်ပါစေ၊ ပြင်းထန်ရက်စက်သည့် ပြိုင်ဆိုင်မှုတွေနှင့် ရင်ဆိုင်ရသည့်အခါ စိတ်အေးအေးထားပြီ ပုစ္ဆာဖြေရှင်းရန်သာ အာရုံစိုက်၍ ကောင်းကောင်းအိပ်စက်ပြီး အတန်းကို အလေးအနက်ထား တက်ရမည်ပင်။ သူမ၏မေးခွန်းအရေအတွက်သည်  ပထမနေရာ၌ တည်တည်ငြိမ်ငြိမ်ရှိနေသည်ကို တွေ့နေရသောကြောင့် သူမသည် အလွန်ပင်စိတ်တည်ငြိမ်နေပြီး ရလဒ်ကိုသာ မျှော်လင့်နေတော့၏။


တိုက်ရိုက်ထုတ်လွှင့်ခွင့်ရသည့်အတွက် အရမ်းပျော်ရွှင်စရာကောင်းလိမ့်မည်ပင်။


"ချင်းယောင် မင်း ဒီနံပါတ်တစ်ရဲ့နာမည်ပြောင်ကို တချက်လာကြည့်ဦး ဘယ်လိုတောင်ထူးဆန်းတာလဲ"


ထူကျစ်ဖန်သည် ၎င်း၏အပြန်အလှန်အကျိုးသက်ရောက်မှုကို လေ့လာရန်အတွက် ဤအမျိုးသားဉာဏ်စမ်းပြိုင်ပွဲပရိုဂရမ်၏ ဆော့ဖ်ဝဲကိုဖွင့်ခဲ့ခြင်းဖြစ်သည်။ ဉာဏ်စမ်းပြိုင်ပွဲအတွက် ဖိုရမ်တစ်ခုရှိနေသည်ကို သူမြင်သည့်အခါ စိတ်မထိန်းနိုင်ဘဲ တချက်ဖွင့်ကြည့်လိုက်ပြီးနောက် ပို့စ်အနည်းငယ်ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။


Rank နံပါတ်တစ်က အံ့ဖွယ်ပင်။ ပို့စ်တစ်ခုတွင် ဖော်ပြထားသော နံပါတ်တစ်၏ မေးခွန်းဖြေဆိုခြင်းနည်းဗျူဟာနှင့် အရှိန်အဟုန်ကို ဖတ်ရှုပြီးနောက် လူပြိန်းတစ်ယောက်ပင်လျှင် သူက အလွန်အံ့အားသင့်စရာကောင်းသည်ဟု ထင်မိမည်ဖြစ်သည်။ သို့သော်၊ QYXLP ဟူသော အမည်ပြောင်သည် ဤအဆင့်ထိပ်ဆုံးရှိ အထက်တန်းကျောင်းသားအတွက်ဆိုလျှင်တော့ အနည်းငယ်ထူးဆန်းသည်။


"ဘာထူးဆန်းလို့လဲ?" ချင်းယောင်က မော့မကြည့်လာချေ။


ထူကျစ်ဖန်က ဖတ်ပြလိုက်သည်။"Q-Y-X-L-P တဲ့ နည်းနည်းမတူဘူးလား...ချင်းယောင်ရဲ့ဇနီးလေးဆိုတဲ့ အတိုကောက်နဲ့လေ F***" ကမ္ဘာသစ်ကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ထူကျစ်ဖန်သည် သူ့ပေါင်သူ ရိုက်လိုက်မိ၏။ "ချင်းယောင် ဒါက တကယ်ကို အဲ့ဒီစကားလုံးရဲ့အတိုကောက်ပဲ မင်းကိုတိတ်တခိုးသဘောကျနေတဲ့ အထက်တန်းကျောင်းသူတစ်ယောက်က ဒီနာမည်ပြောင်ကို တမင်တကာယူထားတာများ ဖြစ်နိုင်လား"


ချင်းယောင်က ထိုမှသာခေါင်းမော့လာပြီး သူ့ကို ဗလာဖြစ်စွာဖြင့် တစ်ချက်ကြည့်လိုက်ကာ "သေချာပြော၊ ငါ့မှာ အခု ကောင်မလေးရှိနေပြီ"


ထူကျစ်ဖန်သည် ချက်ချင်းပါးစပ်ပိတ်လိုက်သော်လည်း မျက်လုံးများကိုတော့ လှိမ့်လိုက်ဆဲပင်။‌ 'ကောင်မလေးတစ်ယောက်ရှိတာ အရမ်းကောင်းတယ်။ သူ လက်ထပ်နိုင်တဲ့ ဇနီးလေးလည်း ရှိတယ်။'


သူဘာတွေ ညည်းညူနေသည်ဆိုတာ ခန့်မှန်းနိုင်သကဲ့သို့ ချင်းယောင်က သူ့ဘောပင်ထိပ်လေးကိုဖိ၍ ခဏရပ်တန့်လိုက်သည်။ ချင်းယောင်းဘာတွေတွေးနေမှန်း သူမသိသော်ငြား ရုတ်တရက် သူ့နှုတ်ခမ်းများတွန့်ကွေးသွားပြီး "သူမ ငါနဲ့ လက်ထပ်မှာက အနှေးနဲ့အမြန်ပဲလေ သူမက တရားဝင်ထိမ်းမြားလက်ထပ်ရမယ့် အသက်အရွယ် အခုထိမပြည့်သေးလို့သာ"


ထူကျစ်ဖန် : "..."


'ငါ မင်းအတွက် အလုပ်ကြိုးစားပေးနေတာကို ခွေးစာက တစ်နေ့လုံး စားရဦးမယ်၊ မစားဘူးကွာ ၊  ဒီခွေးစာပန်းကန်ကို ငါကန်ထုတ်ပစ်လိုက်တော့မယ်။'


ချင်းယောင်သည် ကျုံးယို့ယို့ကျောင်းဆင်းသည့်အချိန်ထက်စောပြီး အလုပ်ဆင်းသည်။ ထုံးစံအတိုင်း သူသည် ကျုံးယို့ယို့၏ ကျောင်းအပြင်ဘက်ရှိ ပန်းခြံသို့ မောင်းလာပြီး ကျုံးယို့ယို့ကို ထိုနေရာတွင် စောင့်နေလိုက်သည်။


ကျုံးယို့ယို့သည် ကျောပေါ်ရှိ ကျောင်းလွယ်အိတ်နှင့်အတူ သင်ကြားရေးအဆောက်အဦပေါ်မှ ဆင်းလာ၏။ သူမသည် မေးခွန်းများကို ဆက်လက်လေ့လာရန် ဆော့ဖ်ဝဲကိုဖွင့်နေရင်း ခေါင်းကိုငုံ့ထားကာ အရှေ့သို့ လျှောက်လာသည်။ ကျောင်းထဲတွင် ကားများမရှိသောကြောင့် တခုခုအားတိုက်မိမည်ကိုလည်း မစိုးရပေ။ ယခုလက်ရှိတွင် ပြိုင်ပွဲက လုံး၀အရှိန်တက်လာပြီ ဖြစ်သည်။ အရေးကြီးသော နောက်ဆုံးရက်နှစ်ရက် ဖြစ်သည့်အတွက် သူမသည် မေးခွန်းနောက်ထပ် အနည်းငယ်ဖြေဆိုရန်အတွက် အချိန်ထွက်လာအောင် လုပ်နိုင်သည်။


သို့သော် ကျောင်းဂိတ်တံခါးဝသို့ ရောက်လာသည်နှင့်တပြိုင်နက် အသိမိတ်ဆွေတစ်ယောက်က သူမကို တားလာ၏။


ဆောင်းရာသီအလယ်တွင် ယွီစစ်ရွှယ်သည် အဖြူရောင်မင့်ခ်မြွေပါသားမွေးအင်္ကျီကို ၀တ်ဆင်ထားပြီး ဘွတ်ဖိနပ်နှင့် တွဲလျက် နေကာမျက်မှန်တစ်လက်ကိုပင် ကြွားလုံးထုတ်တပ်ဆင်ထားသေးကာ ကျောင်းဂိတ်တံခါးကိုမှီလျက် သူမသွားရာလမ်းကို ပိတ်ဆို့ထားသည်။ အနီးနားရှိ ကျောင်းသားအများအပြားသည် ပြန်လှည့်မကြည့်ပဲ မနေနိုင်ကြချေ။


ယခု၀တ်ဆင်ထားသည်က တော်သေး၏။ယွီစစ်ရွှယ် နိုင်ငံခြားမှ ပြန်လာသည့်အချိန်တုန်းက ပြည်တွင်းသုံးကျောင်းဝတ်စုံက မည်သည်ဆိုတာပင် သူမ မသိခဲ့ပေ။


ကျုံးယို့ယို့သည် သူမကို တစ်ချက်ကြည့်လိုက်ပြီး ဖုန်းကိုကိုင်၍ ရှေ့သို့ဆက်လျှောက်သွားသည်။


"ဟဲ့ ကျုံးယို့ယို့ ငါ့ကိုမတွေ့ဘူးလား" ယွီစစ်ရွှယ်သည် ချက်ခြင်း မတ်မတ်ပြန်ရပ်လိုက်ပြီး "နင့်ကိုပြောစရာရှိတယ်" 


"ဘာပြောမှာလဲ?" ကျုံးယို့ယို့သည် လမ်းလျှောက်နေသည်အား ရပ်လိုက်ပြီး "မြန်မြန်ပြော"


'သူမရဲ့အချိန်ကို မနှောင့်နှေးစေနဲ့၊'သူမ အိမ်ပြန်ပြီး မေးခွန်းများ ဆက်ရေးရဦးမည်ဖြစ်သည်။ လွန်ခဲ့သောနှစ်ရက်က ချင်းယောင်၏ကားထဲတွင် သူမသည် မေးခွန်းများကို ဖြေဆိုရင်း ဘယ်ဘက်လက်ဖြင့် စခရင်အပေါ်ပိုင်းကို တိတ်တဆိတ်ဖုံးထားပြီး မေးခွန်းဖြေဆိုနေစဉ်တွင်လည်း နာမည်ပြောင်ကို ကာထားခဲ့သည်။ သူမ ပထမနေရာကို မရရှိခဲ့လျှင် သူမ၏အမည်ပြောင်ကို ထုတ်ဖော်ခွင့်မပြုနိုင်ပါချေ။ မဟုတ်ပါက ထိုအခိုက်အတန့်တွင် အံ့ဩစရာမရှိတော့မည်မဟုတ်ပါလား။


"... နင့်မှာ ပိုကောင်းတဲ့သဘောထားလေး ရှိလို့မရဘူးလား" ယွီစစ်ရွှယ်က အနည်းငယ် မကျေမနပ်ဖြင့် ပြောလိုက်သည် ။


ကျုံးယို့ယို့နှင့်မုန့်ရှစ်ရွှမ်တို့၏ အထောက်အထားနှင့်ပတ်သက်သည့် အမှန်တရားကို ကြေငြာပြီးနောက် ကျုံးယို့ယို့နှင့်ပတ်သက်သည့် ယွီစစ်ရွှယ်၏ခံစားချက်တွေက အမြဲလိုလိုပင် ရှုပ်ထွေးနေခဲ့သည်။အတိတ်က ကျုံးယို့ယို့အပေါ် သူမလုပ်ခဲ့သမျှကို ပြန်သတိရပြီး သူမ အနည်းငယ် အပြစ်ရှိစိတ်ဖြစ်မိကြောင်း သိခဲ့ရသည်။ ကျုံးယို့ယို့သာ ကျုံးမိသားစု၏သမီးအစစ်ဖြစ်ကြောင်း သူမ မသိခဲ့ပါက ကောင်းလိမ့်မည်။ သူမ(ZYY)ကို ဆင်းရဲသားဆွေမျိုးဟု 

ဆူပူကြိမ်းမောင်းကြသည့်အသံကို သူမကိုယ်တိုင်(ZYY)ကြားနေရသည့်အဖြစ်က မည်မျှစိတ်မသက်မသာဖြစ်စရာကောင်းသည်လဲ။ ဤသည်က အထင်အမြင်တခြားစီဖြစ်သွားသည့် အဖြစ်ပျက်မျိုးပင်။


သူမသာဖြစ်လျှင်.......။ ယွီစစ်ရွှယ်သည် ထိုခံစားချက်များကို စဉ်းပင်စဉ်းစားနိုင်မည်မဟုတ်ချေ။


နောက်ပိုင်းတွင် ကျုံးမိသားစု၏ အတွင်းပိုင်း ဇာတ်လမ်းကိုလည်း သူမ တဖြည်းဖြည်း သိရှိလာခဲ့ရသည်။ ကျုံးမိသားစုက သူတို့၏သမီးအရင်းကို ပြန်ခေါ်လာခဲ့သော်လည်း မုန့်ရှစ်ရွှမ်ကို မခွဲနိုင်သောကြောင့် သူတို့၏အစစ်အမှန် အထောက်အထားများကို မည်သူ့ကိုမှ မကြေညာခဲ့တာဖြစ်နိုင်လေသည်။


ကျုံးမိသားစု၏အပြုအမူများကြောင့် ကျုံးယို့ယို့သည် ခြံစည်းရိုးအောက်မှ ကျုံးမိသားစုတွင်နေထိုင်သော ဆွေမျိုးတစ်ဦးသာဖြစ်သည်ဟု ယုတ္တိမရှိသောလူများကို ထင်မြင်စေသောကြောင့် သူမသည် ကျုံးယို့ယို့အား နည်းအမျိုးမျိုးဖြင့် အရှက်ခွဲအနိုင်ကျင့်ခဲ့သည်။


ဒါဆို ကျုံးယို့ယို့က ဤကိစ္စတွင် လုံးဝအပြစ်ရှိသည်လား။ မဟုတ်ပါချေ။


ယွီစစ်ရွှယ်က သူမကို အလွန်အမင်း မကျေမနပ်ဖြစ်စွာနှင့်ကြည့်လိုက်ပြီး ကျုံးယို့ယို့က သူမကို ခွင့်လွှတ်နိုင်လောက်သည်ဟု သူမခံစားရ၏။


တကယ်တော့ သူမသည် ဤတစ်ချိန်လုံး ကျုံးယို့ယို့အား တောင်းပန်ရန်ကြိုးစားနေသော်လည်း မျက်နှာကို လုံးဝ မနှိမ့်ချထားနိုင်သေးချေ။


ယွီစစ်ရွှယ်သည် မုန့်ရှစ်ရွှမ်၏လှည့်စားခြင်းကိုခံခဲ့ရပြီး ကျုံးယို့ယို့သည် အလွန်ပျင်းရိပြီး မုန့်ရှစ်ရွှမ်နှင့် အဆင်ပြေပြေမနေနိုင်သော ရက်စက်ကြမ်းကြုတ်သည့်မိန်းမမျိုးဖြစ်သည်ဟု တကယ်ထင်မိခဲ့သောကြောင့် သူမသည် ယခင်က ကျုံးယို့ယို့ကို ဆဲဆိုကြိမ်းမောင်းခဲ့သည်။ သို့သော်လည်း သူမက အလွန်တုံးအသောကြောင့် သူမကို မုန့်ရှစ်ရွှမ်က သေနတ်သမားအဖြစ် အသုံးပြုခဲ့တာဖြစ်လေသည်။


ထို့ကြောင့် အချိန်အတော်ကြာအောင် ရုန်းကန်ပြီးနောက်တွင် သူမသည် ကျုံးယို့ယို့၏ရန်သူမဖြစ်နိုင်လောက်သေးမှန်း ခံစားရသောကြောင့် ကျုံးယို့ယို့ကို ပိတ်ဆို့ထားရန် ကျောင်းဂိတ်တံခါး၀သို့ ရောက်လာခဲ့ခြင်းပင်။


ယွီစစ်ရွှယ်သည် ရှုပ်ထွေးသောအမူအရာဖြင့် သူမကိုကြည့်နေပြီး စကားမပြောလာသည်ကိုမြင်လိုက်ရသည့်အခါ ကျုံးယို့ယို့က အနည်းငယ်စိတ်မရှည်စွာဖြင့် "ဘာပြောချင်တာလဲ"


ယွီစစ်ရွှယ် အသက်ပြင်းပြင်းရှုပြီး နောက်ဆုံးတွင် စာကြောင်းတစ်ကြောင်းကို ဖိအားပေး၍ပြောလိုက်သည်။ "ငါ မှားသွားတယ်"


သို့သော်လည်း အသံက ခြင်တစ်ကောင်တဝီဝီ အော်နေသည့်အသံမျှသာ။


ကျုံးယို့ယို့ လုံးဝမကြားလိုက်ရချေ။သူမက မျက်မှောင်ကြုတ်ပြီး ပြန်မေးလိုက်၏။ "နင် ဘာပြောတာလဲ"


ယွီစစ်ရွှယ် ဒေါသအမျက်ခြောင်းခြောင်းထွက်သွားပြီး ရုတ်တရက် ကျယ်လောင်စွာ အော်ပြောလာတော့သည်။"နင့်ကို အရှက်မခွဲခင် ဝိုင်နီနဲ့လောင်းမိတာ ငါ မှားသွားတယ်လို့ ကျုံးယို့ယို့ရဲ့"


ဤစကားသည် အနီးနားရှိ ကျောင်းသားအားလုံးကို ဆွဲဆောင်သွားခဲ့သည်။ ယွီစစ်ရွှယ်သည် သူမ ထပ်ပြီးမဆင်မခြင်ပြုမူမိသွားပြီး နောက်တစ်ကြိမ် ရှက်စရာကောင်းသည့်အရာကို ပြုလုပ်မိကြောင်း သဘောပေါက်သွားရသည်။ သူမ စိတ်အနှောင့်အယှက်ဖြစ်သွားပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားလိုက်သည်။


 "ငါတို့ သူငယ်ချင်းမဖြစ်နိုင်ပေမယ့် ရန်သူမဖြစ်ဖို့တော့ ငါမျှော်လင့်တယ်"


ဟုတ်ပေသည်၊ ကျုံးယို့ယို့သာ ကျုံးမိသားစု၏သမီးအရင်းဖြစ်ခဲ့လျှင် သူမနှင့်မည်သို့ ရန်သူဖြစ်လာနိုင်မည်နည်း။ သူမ၏အဖေက ကျုံးယို့ယို့နှင့်သူငယ်ချင်းဖြစ်ရန် ကြိုးကြိုးစားစားလုပ်စေချင်မည်ပင် စိုးရ၏။ ယွီစစ်ရွှယ် ဒေါသတကြီး တွေးလိုက်သည်။ အချို့လူတွေက အရမ်းကိုကောင်းကောင်းမွန်မွန် မွေးဖွားခဲ့ကြတာဖြစ်ပြီး သူမ၏မိသားစုပင်လျှင် ယှဉ်လို့မရပါချေ။


"တောင်းပန်တယ် နင့်ရဲ့သဘောထားက ဒါပဲလား" ကျုံးယို့ယို့က သဘောမတူလိုက်ပေ။


ယွီစစ်ရွှယ်သည် တခဏမျှ ဆို့နင့်သွားပြီး ခဏအကြာမှ "အဲ့ဒီကိစ္စတွေအတွက် ငါ နင့်ကို တောင်းပန်တယ်၊ ဒါပေမယ့် ချင်းယောင် ငါ သူ့ကို နှစ်ပေါင်းများစွာ သဘောကျနေခဲ့ရတာ နင် သူ့ကို လုယူသွားမယ်လို့ပြောရင် ငါ သူ့အတွက် နင်နဲ့ တိုက်ခိုက်ရလိမ့်မယ်"


"..." ကျုံးယို့ယို့က သူမကို လုံးဝဂရုမစိုက်ဘဲ ပါးစပ်ထောင့်မှ အပြုံးတစ်ပွင့်နှင့် နွေးထွေးမှုတစက်မှမရှိ မေးလိုက်၏။


"အိုး၊ နင် သူ့အတွက် ဘယ်လိုတိုက်ခိုက်ချင်တာလဲ"


ယွီစစ်ရွှယ်က လက်သီးယမ်းပြပြီး "နင် ဘယ်လိုမျိုး ချင်းယောင်ကို မရပ်မနား အနှောင့်အယှက်ပေးလိုက်လဲဆိုတာ ငါဂရုမစိုက်ဘူး၊ ချင်းယောင် နင့်ကို ဘယ်လိုမျိုးသဘောကျသွားလဲဆိုတာလည်း ငါ ဂရုမစိုက်ဘူး ဘာပဲဖြစ်ဖြစ် ချင်းယောင်နဲ့ ငါက တစ်ယောက်နဲ့တစ်ယောက် သိတာကြာပြီ၊ ငါတို့နှစ်ယောက်ရဲ့မိသားစုတွေကလည်း သူငယ်ချင်းတွေ၊ အဓိကအချက်က ချင်းယောင်ရဲ့မိဘတွေနဲ့မိသားစုက ငါ့ကို ပိုပြီးကြင်နာကြတယ်ဆိုတဲ့ အားသာချက်ရှိတယ် နောက်ဆုံးတော့ တရားမျှမျှတတနဲ့ ယှဉ်ပြိုင်နေသရွေ့ ဘယ်သူအနိုင်ရမယ်ဆိုတာ သေချာ‌လေ့မရှိဘူး‌လေ”


သူမစကားမဆုံးသေးခင် ကျုံးယို့ယို့၏နောက်ကို ကြည့်လိုက်မိသည့်အခါ ပြောနေသည့်စကားများက ရုတ်ခြည်းရပ်တန့်သွားပြီး သူမရဲ့မျက်နှာက ရုတ်တရက် အနီရောင်ပြောင်းသွားတော့သည်။


ကျုံးယို့ယို့သည် သူမ၏နောက်မှ ရင်းနှီးနေသော သံလိုက်ဓာတ်ရှိပြီး အနည်းငယ်သီးသန့်ဆန်သည့် အသံခပ်တိုးတိုးကို ကြားလိုက်ရသည်။"အဲဒီအကြောင်း မေ့လိုက်တော့ တရားမျှတတဲ့ ပြိုင်ဆိုင်မှုမျိုး လုပ်မှာမဟုတ်ဘူး မင်းအတွက် တရားမျှတပေးဖို့က မဖြစ်နိုင်ဘူးလေ"


ကျုံးယို့ယို့ : "?"


ယွီစစ်ရွှယ် : "......."


သူမ(YSX)၏အသားအရည်သည် အနီမှ အဖြူ၊ အဖြူမှ  အပြာသို့ ပြောင်းလဲသွားတော့၏။


......


စာရေးသူမှာ ပြောစရာရှိတယ် :


ချင်းယောင် : မိန်းမ ကိုယ့်ကို မြန်မြန်လေးချီးကျူးပေး [ဣန္ဒြေရရနေ,နေသည့်.jpg]