အပိုင်း ၃၉
Viewers 11k

Chapter 39


ခဏတာမျှ တိတ်ဆိတ်ပြီးသည့်နောက် ရှန့်ဖန်းယွိသည် လျှပ်စစ်ကားကို ကျန်းရွှိ၏ မျက်စောင်းအောက်မှာပဲ တိတ်တဆိတ်ပြန်သွားထားလိုက်ပြီး ကျန်းရွှိသည် သားဖွားမီးယပ်ဆရာဝန်မဟုတ်ပဲ ကလေးအထူးကုဆရာဝန်တစ်ဦးဖြစ်ရမည်ဟု သံသယဝင်သွားခဲ့သည်။

အရုပ်ဆိုင်ဧရိယာတစ်ဝိုက်တွင်ဈေးဝယ်ပြီး နှစ်ယောက်သား အဝတ်အစားရောင်းတဲ့နေရာသို့ သွားကြသည်။

သေးငယ်သော ကလေးအဝတ်အစားများကို စင်ပေါ်တွင် သပ်သပ်ရပ်ရပ်ချိတ်ဆွဲထား၏။ ထိုအဝတ်အစားများသည် ချစ်စရာကောင်းပြီး စတိုင်လ်များကလည်း မိုက်ကာ လူကြီးအဝတ်အစားဆိုင်များထက် နိမ့်ကျနေခြင်း မရှိပါပေ။ ဒီဇိုင်းမျိုးစုံကို ရနိုင်ပြီး ကာတွန်းဇာတ်ကောင်အမျိုးမျိုးကိုလည်း ပုံနှိပ်ထားကြသေးသည်။

ကျန်းရွှိသည် အရိုးရှင်းဆုံးအရောင်တွေရှိရာသို့ လျှောက်သွားပြီး ပညာရပ်ဆိုင်ရာ စာတမ်းတစ်ခုကို လေ့လာနေသကဲ့သို့ အထည်သားပေါင်းစပ်ထားသည့် စာလုံးဖြင့်‌ရေးထားသော ဇယားကိုကြည့်နေကာ ဘေးနားရှိ အရောင်းဝန်ထမ်းမလေးကို ဂရုတစိုက်မေးမြန်းနေသည်။

သူက တစ်ချိန်လုံး မပြုံးဘဲမျက်မှောင်ပင် အနည်းငယ်ကြုတ်နေသေးကာ သူ၏အမူအရာက အထူး အလေးအနက်ဖြစ်နေပြီး အရောင်းဝန်ထမ်းမလေးကိုပင် ဘွဲ့နှင်းသဘင်အတွက် ချေပချက် ပြုလုပ်နေသည်ဟူ၍ပင် ထင်ယောင်‌ထင်မှားဖြစ်စေသည်။ထိုကောင်မလေးမှာ မေးခွန်းများစွာကို တုန်လှုပ်စွာ ဖြေဆိုပြီးသည့်နောက်တွင် သူမသည် အလွန်တုန်လှုပ်နေခဲ့ပြီး နောက်ကျောတွင် ချွေးများပင် ထွက်လာခဲ့သည်။

နောက်ဆုံးတွင် ကျန်းရွှိက အလွန်safeဖြစ်သော ကုန်ကြမ်းများပါဝင်သည့် ၊ ကလေးကို မည်သည့်အခါတွင်မှ အနေကျပ်စေမည့် ပုံစံမျိုးမဟုတ်သော အဝတ်အစားအစုံအနည်းငယ်ကို ရွေးချယ်ခဲ့သည်။ သူ ထိုအဝတ်အစားများကို လှည်းထဲသို့ ထည့်မည့်အချိန်တွင် ရှန့်ဖန်းယွိသည် ရုတ်တရက် အရောင်အသွေးစုံလင်သော အဝတ်အစားလေးများကို လှည်းထဲသို့ထည့်လိုက်သည်။ ထိုအဝတ်အစားများသည် ကာတွန်းကားများထဲတွင်ပါဝင်သည့် မင်းသမီးများ၏ ဝတ်စုံများကဲ့သို့ တောက်ပသောအရောင်အသွေးမျိုးစုံနှင့် ရှုပ်ထွေးစွာ တန်ဆာဆင်ထားသည်။

သူသည် ကျန်းရွှိ၏လက်ထဲမှ အဝတ်အစားများကိုလည်း အကဲခတ်ပြီး "ဒါမဝယ်နဲ့ ညစ်ပတ်နေတယ်။ အဲ့ဒါက ဘာမှမကောင်းဘူး။ မိန်းကလေးငယ်တွေက အလှအပကို ချစ်တာ၊ သူမကို အဖိုးကြီးလိုမျိုး အဖြူရောင်စွပ်ကျယ် Jumpsuit တွေ အများကြီး လျှောက်မထည့်နဲ့"

ကျန်းရွှိ မျက်မှောင်ကြုတ်ပြီး ဈေးဝယ်လှည်းထဲမှ စကတ်ငယ်များကို ထုတ်ကာ ရှန့်ဖန်းယွိလက်ထဲသို့ ပြန်ထည့်လိုက်ပြီး "ဒါတွေက အန္တရာယ်ဖြစ်နိုင်ချေ ရှိတယ်"

ထိုလှပသော ဝတ်စုံများတွင် သေးငယ်သောစိန်ပွင့်များ သို့မဟုတ် ဇာများ ပါရှိသည်။ ကလေးများ၏ အသားအရေသည် အလွန်နုနယ်သည်။ သတိမထားမိသည့်အချိန်တွင် ထိုအရာများသည် ဓာတ်မတည့်မှုများ ဖြစ်လာနိုင်လိမ့်မည်။ အရောင်အသွေးစုံလင်တဲ့ ဝတ်စုံက အလျင်အမြန် ပျက်ပြယ်လွယ်ပြီး အလွန်အမင်း ဆိုးဆေးထည့်ထားသော အဝတ်အစားများက ကလေးများ၏ အသားအရေအတွက် မကောင်းပါ။

"အရုပ်တွေ မဝယ်သင့်ဘူး၊ ပြီးတော့ ဝတ်စုံလှလှလေးတွေ မဝယ်သင့်ဘူး"

ရှန့်ဖန်းယွိသည် ‌အစောပိုင်းက ထည့်ထားသည့် ပညာရေးစာအုပ်ထူထူကြီးကို လက်ညှိုးထိုးကာ "မင်း သူမ မမွေးခင်မှာပဲ စာအုပ်တွေအများကြီးဝယ်နေတယ်။ သူမ မွေးလာရင် သာမာန်ကလေးတွေလို ဘယ်လိုလုပ်နေနိုင်တော့မလဲ။ မင်း သူမကို သုံးနှစ်အရွယ်မှာ စာလုံးတစ်ထောင်ဖတ်ဖို့၊ လေးနှစ်အရွယ်မှာ ထန်ကဗျာတွေကို အလွတ်ကျက်ဖို့၊ ငါးနှစ်ပြည့်မှာ ကုလဗေဒသင်ယူပြီး ခြောက်နှစ်ပြည့်မှာ ချင်းပေတက္ကသိုလ်တက်ဖို့ မင်းမျှော်လင့်နေလို့မရဘူး" ဟု ပြောသည်။ "ငါသာ မင်းရဲ့သမီးဖြစ်ရင် ငါမွေးတောင် မွေးလာချင်မှာမဟုတ်ဘူး"

ကျန်းရွှိသည် ပညာရေးကိုအစတွင် မှန်ကန်စွာ စတင်သင့်သည်ဟု ထင်သည်။ သူသည် ကိုယ်ပိုင်ပညာ‌ရေးတွင် အခြားသူများထက် မဆိုးခဲ့ပေ။ ထို့ကြောင့် သူ၏ကလေးသည် တစ်နေကုန်ပျင်းရိနေရန်မှာ သဘာဝအားဖြင့် လုံးဝမဖြစ်နိုင်ပါ။

သို့သော်လည်း ဘီမြို့တော်ရှိ နံပါတ်(၁) ပညာရှင်လည်း ဖြစ်သည့် ရှန့်ဖန်းယွိသည် သူ့ကို ဆန့်ကျင်ခဲ့သည်။

သာမန်လူများ၏ အကဲဖြတ်မှုအောက်တွင် သူသည် သူ့လေ့လာမှု၏ အထွဋ်အထိပ်သို့ ရောက်ရှိခဲ့သည်။ သူသည် ပြည်တွင်းကောလိပ်ဝင်ခွင့် စာမေးပွဲတွင် အမြင့်ဆုံးအမှတ်ဖြင့် တက္ကသိုလ်သို့ ဝင်ရောက်ခွင့်ရခဲ့ပြီး ပါရဂူဘွဲ့လည်း ရရှိခဲ့သည်။

သူက သူတို့၏သားများကို နဂါးများ၊ သမီးများကို ဖီးနစ်ငှက်များအဖြစ် သူတို့ငယ်စဉ်အခါက မပြည့်မီသောဆန္ဒများကို ထိုးသွင်းထားသည့် အခြားသူများကဲ့သို့ မျှော်လင့်နေခြင်းမဟုတ်ပါ။ တောင်ထိပ်ပေါ်က ရှုခင်းတွေကို သူမြင်ဖူးခဲ့ပြီးဖြစ်သောကြောင့် သူ့အတွက် ကလေးများသည် အလွန်ကောင်းရန်မလိုဘဲ ပေါ့ပေါ့ပါးပါးနှင့် အေးဆေးနေထိုင်ရတာ ပိုကောင်းသည် သူခံစားရသည်။

ရှေ့တွင် ကြီးမားသော သဘောထားကွဲလွဲမှုနှင့်အတူ ရှန့်ဖန်းယွိသည် "ပစ္စည်းတွေ သပ်သပ်စီဝယ်ရအောင်။ ပြီးရင် သူမဘယ်ဟာတွေ ပိုကြိုက်လဲကြည့်မယ်"

"အဲဒါကို စဉ်းတောင်မစဉ်းစားနဲ့" ကျန်းရွှိသည် ရှန့်ဖန်းယွိ၏ ကလေးကိုပျိုးထောင်မည့်ပုံကို မှန်းဆကာ လေးနက်သော မျက်နှာထားဖြင့် "မင်းကို ငါသတိပေးမယ်၊ လာမယ့်အချိန်တွေမှာ ကလေးကို မျက်စိစုံမှိတ်ပြီး သနားဖို့ မစဉ်းစားနဲ့"

"ဘာပဲဖြစ်ဖြစ် ငါက ကလေးကိုပြုစုပျိုးထောင်မယ့်သူပဲ" ရှန့်ဖန်းယွိက ပြောသည်။ "မင်းအဲဒါအတွက် စိတ်ပူစရာမလိုဘူး"

ကျန်းရွှိသည် သူ့အား ရှုပ်ထွေးသော အမူအရာဖြင့် စိုက်ကြည့်ကာ နှေးကွေးသောလေသံဖြင့် "မင်းတစ်ယောက်တည်း သူမကို ပျိုးထောင်ရမယ်လို့ ငါဘယ်တုန်းကပြောခဲ့ဖူးလို့လဲ" ဟုမေးလိုက်သည်။

"ဒါပေမဲ့..."
ရှန်ဖန်းယွိ သည် မှင်သေသေဖြစ်သွားသည်။
ကျန်းရွှိသည်ဘယ်တော့မှ ရှင်းရှင်းလင်းလင်းမပြောပေ။
"ဒီတော့ အရင်က သူပြောခဲ့တာနဲ့အဓိပ္ပာယ်မတူဘူးလား"

ကလေးမွေးရန်ဆုံးဖြတ်ပြီး နောက်တွင် တစ်ဖက်လူအား ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်နှင့် အရှက်မကွဲရန် သူ့ဘာသာကလေးကို ပြုစုပျိုးထောင်မည်ဟု ကျန်းရွှိ အရင်က ပြောခဲ့ဖူးသည်။

လောလောဆယ် ဗီဇာနှင့် ဆောင်းပါးထုတ်ဝေသော ကိစ္စများသည် တိုးတက်မှု ချောမွေ့မှုမရှိသေးသောကြောင့် ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆပြီးနောက် ကျန်းရွှိ သည် နောက်ဆုံးနည်းလမ်းအဖြစ် ကလေးမွေးဖွားရန် ရွေးချယ်ခဲ့ကြောင်း သူသိသည်။ ကျန်းရွှိက ထိုအတိတ်ညကအကြောင်းဘာကြောင့်ပြောသည်ကိုမသိရပါ။ ကျန်းရွှိ ဘာကိုကြိုးစားပြောနေသည်ကို သူတကယ်နားမလည်ပေ။

ကုတင်ပေါ်တွင် ခေတ္တခဏလဲလျောင်းပြီး နားလည်သဘောပေါက်မိသည်က ကျန်းရွှိသည် သူ၏အတွေးအမြင်များကို ယုံကြည်လာရန်သိမ်းသွင်းချင်နေသည်ပင်..။

သို့သော် ယခု ကျန်းရွိ ဘာဆိုလိုသည်ကိုနားမလည်ပေ။
သူသည်ကလေးကို အတူတူ ပြုစုပျိုးထောင်ချင်သည်လား…။

ရှန်ဖန်းယွိစိတ်ထဲတွင်ပေါက်ကွဲထွက်တော့ ခံစားနေရသည်။ကျန်းရွှိက သူ့ကိုတစ်ချက်ငဲ့စောင်းကြည့်ပြီး စျေးခြင်းလှည်းနဲ့အတူ ငွေရှင်းကောင်တာစီထွက်သွားခဲ့သည်။ရှန်ဖန်းယွိတစ်ယောက်စိတ်ရှုပ်ထွေးနေရာမှသတိပြန်ဝင်လာချိန်တွင် ကျန်းရွှိကငွေရှင်းပြီးနှင့်ပြီ။

သမီးလေးရှေ့တွင် ပြရမည့် အခွင့်အရေးလွတ်သွားသော ရှန်ဖန်းယွိက "ဒီငွေတွေကိုမင်းရှင်းလိုက်တော့ ငါကဘာသွားလုပ်ရတော့မှာလဲ'' ဟုမေးနေခဲ့သည်။

ကျန်းရွှိ က ငွေရှင်းကောင်တာ တွင် ထုပ်ပိုးထားသော အိတ်ပေါင်းများစွာကို လက်ညှိုးထိုးပြပြီး

"ဒါတွေကို မင်း သယ်သွားလိုက်" ဟု သဘာဝကျကျ ပြောလိုက်သည်။
"ဘယ်ကိုလဲ"
"ငါတို့ရပ်ကွက်"

ကုန်တိုက်သည် ကျန်းရွှိ၏အိမ်မှလျှောက်လျှင် မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ရသည်။ပုံမှန်ဆို လျှင် ကိစ္စမရှိသော်လည်း အိတ်များစွာကိုသယ်ဆောင်ရင်း လမ်းလျှောက်ရသည်က ကိစ္စရှိသွားပြီ။

ရှန်ဖန်းယွိ သည် လူတစ်ယောက်၏ အမြင့်တစ်ဝက်ခန့် ဖောင်းကားနေသော အိတ်များကို ကြောင်တောင်တောင်နှင့် ကြည့်ကာ တုန်လှုပ်သွားလျှက်

"မင်း ငါ့ကို လာခေါ်ဖို့ အနည်းဆုံး ကားတစ်စီး ခေါ်ပေးလို့မရဘူးလား"

"ငါလုပ်ရမှာလား"
ကျန်းရွှိက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ဒါမှမဟုတ် ...မင်းကောင်းကောင်းမကိုင်တွယ်နိုင်ဘူးလို့ဆိုလိုချင်တာလား"
ရှန်ဖန်းယွိ: "..."
ကျန်းရွှိ ဘယ်တုန်းက သင်ယူခဲ့မှန်းမသိသော သာမန်လူနားမလည်နိုင်သည့်ဒေါသထွက်ခြင်းအနုပညာကို သူသတိရမိသွားသည်။

သစ်ပင်များတန်းစီးထားသော ကျန်းရွှိအိမ်ရှိရာလမ်းမ‌ ပေါ်တွင်အရပ်အမောင်းအချိုးစားတူလူငယ်နှစ်ဦးသည် ဖြည်းညှင်းစွာလမ်းလျှောက်နေခဲ့သည်။လမ်းမဘေးကလူသည် လက်ထဲတွင် လေးလံသောအထုပ်အပိုးတွေအပြည့်နှင့်။

အထုပ်များ ကိုကိုင်ဆွဲထားသောလက်မောင်းများသည် သေးသွယ်သယောင်ထင်ရသော်လည်း ခွန်အားအပြည့်ရှိနေကြသည်။ အင်အားသုံးထားရသော အတွက်ကြောင့်ဖြစ်လာသော သွေးကြောများအား မြင်နိုင်သည်မှာအသေအချာပင်။

သူ့ဘေးနားတွင် အေးအေးလူလူလမ်းလျှောက်နေသော လူငယ်တစ်စုက သူ့အထုပ်များ လမ်းဘေးကခလုတ်တိုက်နိုင်မည့်အရာတွေ မထိမိရန်ရံဖန်ရံခါ သတိလှမ်းပေးသည်။
ဒါကတကယ့်ကိုပဲ... မျက်စိပသာဒဖြစ်စေသည်။

"ဘာလို့လဲမသိဘူး၊ မင်းမျက်နှာကနည်းနည်း‌ လေးဖြူနုနေ‌တယ်လို့ခံစားရတယ်။" ဟု ရှန်ဖန်းယွိ က မထိန်းနိုင်ဘဲ ပြန်ပြောလိုက်သည်။

**မျက်နှာဖြူနုခြင်းသည် အခြားသူများကို ငွေကြေးထောက်ပံ့ရန် အားကိုးအားထားပြုသော ရုပ်ရည်ချောမောသူကိုအတွက် နှိမ့်ချသောအသုံးအနှုန်းဖြစ်သည်။

ကျန်းရွှိ က ထိုစကားကိုကြားသောအခါ လမ်းပေါ်တွင် သူဝယ်လာသော ပဲနို့ကို တစ်ငုံစာစုပ်သောက်ရင်း
"မင်းကတကယ်ကို ပိုက်ဆံလောက်နီိးနီးတန်ဖိုးရှိတယ်" ဟု မှတ်ချက်ပေးလိုက်သည်။

"မင်း ငါ့ကို မင်းရဲ့ကျွန် လို့ထင်နေတာလား။"
ရှန်ဖန်းယွိ ၏ မျက်နှာသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။

ကျန်းရွှိက ကြော့ကြော့မော့မော့နှင့် လမ်းလျှောက်ရင်း

" ငါက မင်းရဲ့ လက်မောင်းကြွက်သားတွေ ပိုသန်မာလာအောင်လေ့ကျင့်ပေးနေတာ…ပြီးရင် မင်းလက်မောင်းက ဘာအတွက်လိုအပ်သေးလဲ"

ကျန်းရွှိ သည် ပဲနို့ပိုက်ကို ပေါ့ပေါ့ပါးပါး ကိုက်လိုက်ပြီး သူ့အကြည့်က အနည်းငယ် အဓိပ္ပါယ်ရှိနေသည်။

ရှန်ဖန်းယွိက ရုတ်တရက် တခုခုကို တွေးလိုက်သည်။

ကျန်းရွှိ သည် သူ့လက်မောင်းအားပိုပြီးသန်မာအောင်လေ့ကျင့်ပေးနေခြင်းသည် အနာဂတ်တွင် ကလေးထိန်းနိုင်ဖို့လေ့ကျင့်ပေးနေတာ ဖြစ်နိုင်သည်။

ဆိုလိုသည်မှာ ကျန်းရွိ က သူနဲ့အတူ ကလေးလေးကိုပြုစုပျိုးထောင်ချင်နေသည့်အဓိပ္ပာယ်လား..။

အနှောက်အယှက်ဖြစ်ဖို့ကောင်းသောအတွေးများက အသက်ပြန်ဝင်လာသည်။ ရှန်ဖန်းယွိ ၏နှလုံးခုန်သံများပိုမြန်လာပြီး အိတ်တွေအားကိုင်ထားသော လက်တွေက ချွေးစေးများထွက်နေသည်။

မေးဖို့နည်းနည်းကြောက်ပေသော်လည်း မမေးလျှင်လည်း သူ့နှလုံးသားက နံရိုးတွေအထိ ခပ်မြန်မြန် သွားရိုက်မိတော့မည်ဟုခံစားရသည်။

''ကျန်းရွှိ''
သူ့နှလုံးသားလေးမထိခိုက်ရစေရန် ရှန်ဖန်းယွိကစကားစပြောခဲ့သည်။

" ငါတို့စျေးဝယ်နေတုန်းကပြောခဲ့တဲ့စကားတွေက ဘာကိုဆိုလိုချင်တာလဲ…ကလေးကို မင်းဘာသာ ပြုစုပျိုးထောင်ချင်တာလား"

ရှန်ဖန်းယွိ က ခက်ခက်ခဲခဲ အံကြိတ်ကာ "ဒါမှမဟုတ် မင်းက ငါ့ကို ပါ မင်းနဲ့အတူ...."

ကျန်းရွှိ က ခဏရပ်ပြီး "သူတို့အားလုံးက မင်းမှာ EQ မြင့်တယ်လို့ ပြောကြတယ်"ဟု ရှန်ဖန်းယွိအားပြောသည်။

"..."ရှန်ဖန်းယွိ အသက်ပြင်းပြင်းရှူပြီး "ကိုယ့်ကိုကိုယ်စိတ်အေးချမ်းအောင်အနားယူပြီး ငါ့ကိုချွင်းချက်အ‌ နေနဲ့ ပြောဆိုဆက်ဆံပါလား" ဟုပြန်ပြောလိုက်သည်။

အကယ်၍ သူနားလည်နိုင်မည့်လူတွေအား အဆင့်သတ်မှတ်ရမည်ဆိုလျှင် ကျန်းရွှိ သည် နားလည်ရအခက်ဆုံးသူဖြစ်ရမည်။

ကျန်းရွှိ၏ ပင်ကိုယ်စရိုက်က အရမ်းရှုပ်ထွေးနေတာမျိုးမဟုတ် သော်လည်း သူနှင့် မျက်နှာချင်းဆိုင်လိုက်သည့်အခါမျိုးတွင် လည်း ကိုယ့်ကျင့်တရားများကိုမ စောင့်ထိန်းနိုင်သလိုပင်…။

အရင်တုန်းက ကျန်းရွှိသည် သူ့အတွက် အတိတ်ဘဝကအကုသိုလ်‌ကောင် ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ သူနှင့်ဆက်ဆံရေးသည် မရှင်းမလင်းဖြင့်ရှုပ်ထွေးနေသည်။ကျန်းရွှိ နှင့် အတူရှိစဉ်အချိန်များတွင် သူ့၏ အသိစိတ်များသည် အမြဲတမ်း အလွယ်တကူ ရှုပ်ထွေးနေပြီး ကျန်းရွှိနှင့် တွေ့သည့်အခါတခြားသူများသူပြောဆိုဆက်ဆံသကဲ့သို့ ပင် ဆက်ဆံခဲ့သည်လားဟူ၍ သူ့စိတ်သူပြန်ဆန်းစစ်ဖို့ ပင်ခက်ခဲနေသည်။

ရှန်ဖန်းယွိကိုယ်တိုင်သည်လည်း အဘယ့်ကြောင့် ဤသို့ချွင်းချက်ဖြစ်နေရသည်ကို နားမလည်နိုင်ပေ..။ စဉ်းစားတွေးတောနေဖို့ရာလည်း သူ့အတွက် အချိန်အများကြီးမပေးနိုင်ပေ..။ ထို့ကြောင့် ကျန်းရွှိနှင့် အနီးကပ်နေရသည့်အခါမျိုးတွင် စိတ်လိုက်မာန်ပါ အရာများ ပြောမိ လုပ်မိတတ်သည်။

ဖြစ်နိုင်ခြေသည် သူ့၏ခံစားနေရသောခံစားချက်များကိုဖုံးကွယ်ခြင်းသည်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကျန်းရွှိနှင့် အကြာကြီးသိခဲ့ရသော်လည်း ကျန်းရွှိအား သူ တကယ်နားမလည်နိုင်ကြောင်း ခံစားရသည်။

ကျန်းရွှိ နှင့် အတူနေထိုင်ရရန် စိတ်အားထက်သန်စွာ အကြိမ်များစွာတောင်းဆိုပြီးနောက်ပိုင်း ကျန်းရွှိ ၏ ပင်ကိုယ်စရိုက်အရ ကြင်နာမှုမရှိရုံသာမက ထိုအကြောင်းကိုပင် ခနဲ့တဲ့တဲ့နဲ့ရွှဲ့သလိုပင် ခံစားလာရလေသည် ။

ရလဒ်အနေနှင့်… သူ မလုပ်နိုင်ခဲ့ပေ။ ကျန်းရွှိ သည် ရှန်ဖန်းယွိ၏အိမ်တွင် အတူ‌ နေဖို့ ခေါ်ခြင်းကို မထီမဲ့မြင်ပြုရုံသာမက သူ့အိမ်တွင်နေထိုင်ရန်လည်း ဖိတ်ခေါ်ခဲ့သည်။

ကျန်းရွှိ ၏ခေါ်မှုသည် ထိုညက ရုတ်တရတ်ဖြစ်ခဲ့သော်လည်း သူ့သဘောထားသည် အလွန်ဖော်ရွေခြင်းမရှိသည့်အပြင် ပုံမှန်အတိုင်း အမိန့်ပေးနေသလိုပင်ဖြစ်သည်။ သို့သော်လည်း ရှန်ဖန်းယွိ သည် အလွန်ထူးဆန်းပြီး ရှုပ်ထွေးနေသည်ဟု ခံစားခဲ့မိသည်။
၎င်းက ကျန်းရွှိ ပင်…။
ကျန်းရွှိ သည် အမှန်မှာ သူ့အိမ်ပင် အေးအေးချမ်းချမ်း ငြိမ်သက်ခြင်းအသွင်ကို ထိန်းထားနိုင်လောက်အောင် သည်းခံနေထိုင်တတ်သည်။

အဆုံးတွင် ကိုယ်ဝန်ရရန် ခက်ခဲသောယူဆချက် ရှိသောအကြောင်းပြချက်ကြောင့် သာလွန်စွာသန်မာ‌ သော စွမ်းအင်တို့၏ဇာတ်ကောင်ကျန်းရွှိပင်လျှင် သူ၏ တစ်ခါတရံ ပြုစုစောင့်ရှောက်မှု လိုအပ်ပြီး ခဏတာအကူအညီ လိုအပ်ကြောင်း သူက အကြောင်းပြချက်ပေးခဲ့သည်။

သို့သော် ယနေ့ည ကျန်းရွှိ ပြောခဲသောစကားသည် အရိပ်အမြွက်ပြလွန်းပြီး ပြတ်သားသောအရိပ်အယောင်များပင် ပါနေသည်။

ရည်ရွယ်ချက်အကြောင်းအရင်းကို ကျန်းရွှိ ကသူပြောသည်မှာ အတိအကျဆိုလိုကြောင်း ရှန်ဖန်းယွိ ကို ပြောခဲ့သော်လည်း အဲဒီလူသားက ကျန်းရွှိဖြစ်နေသောကြောင့်သူ့၏အသိစိတ်ပိုင်းဆိုင်ရာက မဖြစ်နိုင်ဘူးဟုသာ ပြောလိုက်မိသည်။

တစ်ရက်နှစ်ရက်အတွင်း ပြီးဆုံးသွားသော ဆက်ဆံရေးတစ်ခု မဟုတ်သကဲ့သို့ လပိုင်းမျှပြီးမဲ့ကိစ္စလည်းမဟုတ်ပေ။ ကလေးတစ်ယောက်အရွယ်ရောက်ဖို့ဆိုသည်မှာဆယ့်ရှစ်နှစ်လောက် အချိန်ယူရလိမ့်မည်။ ထို့ပြင် ကျန်းရွှိက သူနှင့် အတူ ကလေးကို စောင့်ရှောက်ရန်ဆုံးဖြတ်ခဲ့သည်ဆိုလျှင် သူတို့၂ယောက်သည် အနည်းဆုံး ဆယ့်ရှစ်နှစ်လောက် အတူနေထိုင်ရမည်ဟူသော အဓိပ္ပာယ်ပင်…။သို့သော် သူတို့နှစ်ယောက်သည် သူငယ်ချင်းများပင်မဟုတ်ကြပေ…။

ကျန်းရွိက ထိုသို့စကားများ ပြောလာသည့်အခါတိုင်းရူးသွားမလိုပင်။

"မင်းက ခြွင်းချက်ပဲ" ဆိုသည့်စကားပြောပြီး ကျန်းရွှင်က နှုတ်ဆိတ်သွားပြီးနောက် ရှန်ဖန်းယွိ က သူ့အားစကားပြန်ပြောရန် မဝံ့မရဲဖြစ်နေပြီး သူ့နားရွက်ထိပ်လေးများက အနည်းငယ်နီနေသည်ကို မြင်လိုက်ရသည်။

ရှန်ဖန်းယွိ သည် ကျန်းရွှိ ၏စကားများကို နားလည်မှုလွဲနေသည်ဟု တွေးထင်ကာ ကျန်းရွှိ က စကားမပြောဘဲနေခဲ့သည်။

ရှန်ဖန်းယွိရုတ်တရက်အနည်းငယ်ရှက်ရွံ့သလိုခံစားရသည်။

အရင်က ထိုကဲ့သို့ မေးခွန်းမျိုး သူဘယ်တော့မျှ မမေးဖူးခဲ့သော်လည်း ယခု ကျန်းရွှိ သည် သူ၏ ယခင်အသိဥာဏ်နှင့် မတူတော့သည်ကိုသူနားလည်လာသည့်အတွက် ရှင်းလင်းချက်တောင်းရန် အကူညီမရနိုင်တော့ပေ။သို့သော် သူ့ကိုယ်သူ ကျေကျေနပ်နပ် ဖြစ်နေပုံရသည်။

သူ၏မသိစိတ်က ကိစ္စအရာရာကို ချောချောမွေ့မွေ့ ဖြစ်အောင် ကြိုးစားရှင်းခဲ့သည်။

"ငါ တခြား ဘာမှ မဆိုလိုပါဘူး ငါထင်တာ... မင်းတစ်‌ ယောက်တည်း သူ့မကို ကျွေးမွေးစောင်‌ ရှောက်ဖို့ဆိုတာခက်တယ်လေ ဒါကြောင့်ငါက…"

မထင်မှတ်ပဲ ကျန်းရွိ က သူ့ကို ကြားဖြတ်ကာ

"မင်းပါ တာဝန်ယူချင်လို့"ဟုဝင်ပြောသည်။

ရှန်ဖန်းယွိက သူ့လျှာဖျားသူပြန် ကိုက်လုမတတ်ဖြစ်သွားသည်။