အပိုင်း ၄၀
Viewers 11k

Chapter 40


ဆူညံနေသောလမ်းသည် ရုတ်တရက် တိတ်ဆိတ်သွားပုံရပြီး ရှန်ဖန်းယွိ၏ သူ့ဦးနှောက်က တုန်လှုပ်သွားသည်။ သူ့၏ နှလုံးခုန်သံကလွဲ၍ဘာကိုမှ မကြားနိုင်တော့ပေ။

ခဏလောက်မျှ ကျန်းရွှိ ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်များ ပြောင်းလဲသွားသလားဟု တွေးလိုက်မိသေးသည်။

ကျန်းရွှိ သည် သူ့ဆီတွင် ဘာအကြောင်းပြချက်မျှ မရှိသလိုနှင့် သူ့ရှေ့တည့်တည့်မှ အဝေးကို လှမ်း၍စိုက်ကြည့်နေသည်။

"မင်းကတာဝန်သိတတ်နားလည်သူ တစ်ယောက်မဟုတ်ဘူး"

"ငါက သူမရဲ့ သွေးသားတော်စပ်မှုအရအဖေအရင်းပါ ငါ သူမကို အရွယ်ရောက်တဲ့အထိ ပြုစုပျိုးထောင်ပေးမှာပြီးတော့ မိဘနှစ်ပါးရှိတဲ့မိသားစုလိုမျိုး လုပ်ပေးနိုင်သလောက် လုပ်ပေးနိုင်အောင် ကြိုးစားသွားမှာပါ” ဟု သူကပြောခဲ့သည်။

အမှန်တကယ်မှာ သူ ကလေးယူရန် ဆုံးဖြတ်ထားသည်ကို ရှန်ဖန်းယွိ ဆီ ပြောပြရန် စီစဉ်ခဲ့သော်လည်း ရှန်ဖန်းယွိ က သူ့စကား၏ အဓိပ္ပာယ်ကို နားမလည်သောကြောင့် ကျန်းရွှိ ဒေါသအရမ်းထွက်လာကာ စကားပြောဖို့ကိုပင်စိတ်မဝင်‌စားတော့ချေ။

သူသည် နှုတ်ခမ်းကို ပွတ်သပ်ရင်း

“မင်း သူမကို အတူတူ ပြုစုပျိုးထောင်ဖို့ ဆန္ဒရှိရင် ငါတို့ ခဏတာ အတူနေနိုင်ပြီး သူမကြီးပြင်းတဲ့အထိ အခန်းဖော် နှစ်ယောက်လို အတူတူပြုစုပျိုးထောင်လို့ရတယ်။ ဒီလိုမဟုတ်ပဲ ဒီလမ်းတစ်ဝက်မှာတင် ထွက်သွားချင်တယ်ဆိုလည်းပြဿနာတော့မရှိပါဘူး။ဒါပေမယ့်... ကလေးတွေက သူတို့ကြီးပြင်းလာတဲ့အခါ အရွယ်ရောက်ပြီးသူတွေလို ခံစားချက်တွေ ရှိလာမှာမို့လို့ မင်းထွက်သွားချင်တယ်လို့ ခံစားရရင်သူ့မကို ရှင်းပြလိုက်တာ ပိုကောင်းတာပေါ့"ဟု ပြောသည်။

" ကလေးရဲ့ စိတ်ကျန်းမာရေးအရ မင်းရှင်းပြပြီးလို့မှ သူမကမင်းကို မထွက်သွားစေချင်သေးရင်" ကျန်းရွှိက သူ့ကို လှမ်းကြည့်ကာ "မင်းထွက်သွားဖို့ကိုငါသဘောတူမှာ မဟုတ်ဘူး"

"ဒါဆို မင်းငါ့ကို အဖြေမပေးခင် သေချာစဉ်းစားနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ကျန်းရွှိ ကပြောသည်။

"မင်းအစကတည်းက မပါဝင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ပါဝင်မယ်ဆိုရင် စွန့်စားမှုတွေဖြစ်နိုင်တယ်။"

"သေချာတာပေါ့"
ကျန်းရွှိ က သော့ကိုယူကာ တံခါးကိုဖွင့်လိုက်ပြီး နောက်ပြန်လှည့်၍ အထုပ်အပိုးများကိုင်ဆောင်ထားသော ရှန့်ဖန်းယွိ အား အရင်ဝင်ခွင့်ပြုလိုက်သည်။

"မင်းလည်း သူမရဲ့မိသားစုဝင်ပါပဲ၊ မင်း သူမကို ပြုစုပျိုးထောင်ရာမှာ မပါဝင်ချင်ဘူးဆိုရင်လည်း မင်းသူမဆီကို ရံဖန်ရံခါ လာလည်မှာကိုငါခွင့်မပြုပဲမနေပါဘူး ဒါတော့ မင်းစိတ်ချနိုင်တယ်"

"ဒါ့အပြင်၊ ငါတို့ရဲ့ကလေးကို ပြုစုစောင့်ရှောက်ဖို့ ငါအစွမ်းကုန်ကြိုးစားပြီး သူမနဲ့ပတ်သတ်ပြီး အမှားခံမှာမဟုတ်လို့ မင်းစိုးရိမ်နေစရာ မလိုဘူးလို့ ငါမင်းကို အာမခံနိုင်တယ်"

သူ၏စကားတွေသည် ရိုးသားမှုအပြည့်နဲ့ ဖော်ပြနေသည်။အရပ်ဘက်ရေးရာတရားစီရင်‌ရေး ဗျူရိုမှ ကိုယ်ဝန်ဆောင်နှင့် ကွာရှင်းပြတ်စဲသော အမျိုးသားမှ ထိုသို့သောစကားများပြောနိုင်လျှင် ကွာရှင်းဖို့ကိစ္စဖျန်ဖြေပေးသောသူသည်အလုပ် ရှုပ်လိမ့်မည်မဟုတ်ပေ။ သူသည်လင်မယားနှစ်ယောက်ကို ပြန်လည်ပေါင်းစည်းပေးနိုင်‌လောက်မည်။

သို့သော် သူနှင့် ရှန်ဖန်းယွိ တို့သည် ရန်ဖြစ်ခဲ့ကြပြီး ပြတ်စဲသောဆက်ဆံရေးကို ကြုံတွေ့နေရသော စုံတွဲလည်းမဟုတ်၊ ပေါင်းသင်းဆက်ဆံမှုလည်းမရှိခဲ့ပေ။

ရုတ်တရက် ကလေးရောက်ရှိလာခြင်းသည် ဘဝတွင် ပြိုင်ဖက်ဖြစ်နေသော လူနှစ်ဦးကို ချည်နှောင်ကာ သူတို့၏ဘဝကို ဇောက်ထိုးပြောင်းသွားစေသည်။ လူကြီးမိဘတွေ၏ သဘောထားကို နာခံကာ လက်ထပ်သည့် သားသမီးများသည် တစ်ဆင့်ပြီးတစ်ဆင့်ဖြတ်သန်းကာ သူတို့နှစ်ဦးသည် ဘဝအသက်ဆုံးတိုင်ပေါင်းဖက်ကြသည်။

ထိုကိစ္စသည်နည်းငယ် ကမောက်ကမ ဖြစ်ခဲ့သည်။

ဘုရားသခင်သည် သူ့အား စိတ်မပျက်စေဘဲ အပြစ်ပေးရန်အတွက် သူ့ကို တမင်တကာ ပြက်ရယ်ပြုနေသကဲ့သို့ပင်။

ထို့ကြောင့် ဤတစ်ကြိမ်တော့ သူ့မိသားစုရဲ့မျှော်လင့်ချက်များအတွက် သူ့အမြင်များအား ပြောင်းလဲရန်အစီအစဉ်မရှိတော့ပါ။

သူနဲ့အတူ ကလေးကို ပြုစုစောင့်ရှောက်ရန် ရှန်ဖန်းယွိ အားမ ဆန့်ကျင် တော့ပေ။ဆရာဝန်များသည် အလုပ် အရမ်းရှုပ်ကာ ယခုဆို သူ့အသက်မွေးဝမ်းကြောင်း၏ ရွှေရောင်ကာလပင် ရောက်နေပါပြီ။သူ့တွင် ခေါင်းသုံးလုံးနှင့် လက်‌ ခြောက်ချောင်းပါနေမည် ဆိုလျှင်ပင် ကလေးကိုတစ်ယောက်တည်းပြုစုရန်ဆိုသည်မှာခက်ခဲလွန်းသည်။

ရှန်ဖန်းယွိနှင့် ခဏတာ ညှိနှိုင်းခြင်းမျိုး မရှိနိုင်သော်လည်း ကလေးတစ်ယောက်၏ ပြဿနာကြီးကြောင်း သူနှင့် ရှန်ဖန်းယွိ တို့ကြား အရင်ပဋိပက္ခဟောင်းများနှင့် အဓိပ္ပာယ်မဲ့သောညများသည် အသေးအဖွဲပင် ဖြစ်သွားဟန်ရှိသည်။

သို့သော် ရှန်ဖန်းယွိ က သူပြောခဲ့သလိုပင် အတူတူပါဝင်မနေထိုင်တော့ ပဲ ထွက်သွားခဲ့လျှင် ကလေး၏ နုနယ်သော နှလုံးသားအား ကြေကွဲစေသောကြောင့် သူအတူ‌ နေထိုင်ရန်ဆန္ဒရှိမရှိ ကို ရှန်ဖန်းယွိအား မေးရပါလိမ့်မည်။

ရှန်ဖန်းယွိသည် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။ ကျန်းရွှိ က သူ့အားပြန်ကြည့်လိုက်သောအခါ ပလပ်စတစ်အိတ်များပေါ်တွင် အရက်ပျံဖြန်းပြီး တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်သည်။

အမှန်မှာ သူ့အလေ့အကျင့်တစ်ခုပင်…။ရှန်ဖန်းယွိ က သူ့အကျင့်အားလုံးအား ဘယ်အချိန်က စပြီး အာဂုံဆောင်သကဲ့သို့ မှတ်မိနေမှန်းမသိပေ…။

ရိုးရိုးသားသားပြောရလျှင် ကျန်းရွိသည် ရှန်ဖန်းယွိက သူ့အား ဘယ်လိုအဖြေပေးမည်ဆိုသည်ကို မသိပေ။

သို့သော် ရှန်ဖန်းယွိ အဖြေက သူ့အား ပျော်ရွှင်စေသည်ဖြစ်စေ မပျော်သည်ဖြစ်စေ သူ့မျက်နှာတွင် ခံစားချက်များ ဘယ်တော့မှ ထုတ်ဖော်ပြမည်မဟုတ်။

ထို့နောက် ရှန်ဖန်းယွိက…

"ကျန်းရွှိ…ငါက ငယ်ငယ်ကတည်းက ကောလိပ်မှာ မင်းနဲ့မတွေ့မချင်း နံပါတ်တစ်ဖြစ်ခဲ့တယ်… ငါတို့နှစ်ယောက် အရည်အချင်းတူ levelတူအဖြစ် နှစ်ပေါင်းများစွာကြာနေပြီပြီး ငါမင်းကိုတစ်နေ့တော့ တကယ်အနိုင်ယူချင်ခဲ့တာပဲ"

သူက အရက်ပျံကို ကျွမ်းကျင်စွာ ဖျန်းလိုက်ပြီး စိတ်ချလက်ချဖြစ်စေသော ရနံ့က ကျန်းရွှိ နှာခေါင်းထဲသို့စိမ့်ဝင်သွားသည်။

"ဒါပေမယ့် မင်း ငါတို့ကလေးကို ပြုစုပျိုးထောင်ဖို့ မင်းရဲ့ ခွန်အားအများစုကို အသုံးပြုရမှာမို့ ငါမင်းကို အနိုင်ယူပြီး အနားမှာ ဒီအတိုင်းရပ်ကြည့်နေရင် ငါ့ရဲ့ဒီအနိုင်ရမှုက တန်ဖိုးမရှိဘူးလို့ ငါခံစားရလိမ့်မယ်။"

သူ့လက်များ အလုပ်ရှုပ်နေသောကြောင့် ကျန်းရွှိ ၏မျက်လုံးများကို မကြည့်ဘဲ အကြောင်းတစ်ခုခုကြောင့် မကြောက်ရွံ့ဖူးသော ရှန်ဖန်းယွိသည် အနည်းငယ် ပေါ့ပါးသွားသလိုပင် ခံစားလိုက်ရသည်။

သို့သော် နောက်ဆုံးစကားအား သူပြောပြီးချိန်တွင် သူက အရက်ပျံဖြန်းသည်ကို ချလိုက်ကာ ရှိသမျှသတ္တိများ စုဆောင်းပြီး ကျန်းရွှိ ကိုကြည့်လိုက်သည်။

"မင်းကြောင့် ငါ Single ဖြစ်နေတဲ့ဘဝ နှစ်တော်တော်ကြာပြီ၊ဒီတော့ တစ်သက်လုံး Single ဖြစ်ရမှာကို မကြောက်တော့ဘူး"

သူ့မျက်ဝန်းများသည် အလွန်တောက်ပနေပြီး အပြင်ဘက်တွင် တောက်ပသော နေရောင် ဝင်ရောက်လာသောအခါ ထိုတောက်ပသောမျက်ဝန်းများက အနည်းငယ် ချစ်ခင်မှုကို ဖြစ်စေပြီး ကျန်းရွှိသည် သူ့မျက်နှာအား သဘာဝကျကျ လှည့်ကြည့်လိုက်သည်။

"မင်းဘာကိုဆိုလိုတာလဲ နှစ်တွေအကြာကြီး မင်းဘာသာ singleဖြစ်တာ ငါတို့ကောလိပ်တက်တုန်းက သူတို့ကို မင်းကိုချစ်မိသွားအောင်လို့ငါမတားခဲ့ဖူးပါဘူး"

ရှန်ဖန်းယွိဒေါသထွက်ထွက်ရန် ကြိုးစားနေမှန်း သိသာထင်ရှားသော်လည်း သူ့ပါးစပ်ထောင့်နားအား မသိမသာကွေးကာ ပြုံးလိုက်သည်။

"မင်းငါ့ကို ချစ်ဖို့မတားခဲ့ပေမယ့် မင်းက ငါ့ကိုချစ်တတ်ဖို့အချိန်ပေးခဲ့တယ်"

ရှန်ဖန်းယွိသည် အတိတ်ကို တွေးပြီး ခေါင်းငုံ့ကာ ရယ်မောလျက် အတိတ်ကသဘောထားကို ပြန်ပြောင်းချင်ပုံပေါ်သည်။

"ငါ့ကိုပြော ငါမင်းနဲ့မဆိုင်တဲ့ အတန်းပြီးရင် မင်း အတန်းရပ်ကို မင်းဘာသာလေ့လာခဲ့သလဲ" သူက ပြတ်ပြတ်သားသားပြောသည်– “စား၊သောက်၊ အိပ်တာကလွဲလို့ ကျန်တဲ့အချိန်တွေကို အဲဒီအတန်းမှာ ငါတို့အတူ ကုန်ဆုံးခဲ့ကြတယ်လေ"

ဆေးတက္ကသိုလ်၏ စာသင်ခန်းသည် အလွန်စိတ်ဖိစီးဖို့‌ ကောင်းသည်။၊ စာကြည့်တိုက်သည် အမြဲလူပြည့်နေပြီး ဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်းများတွင် ကျောင်းသားများနှင့် ပြည့်နေသည်။ ဝင်ခွင့်အမှတ်အများဆုံးရရှိသော စာသင်နှစ် ‌ရှစ်နှစ် ရှိတဲ့ ထိပ်တန်းဆေးကျောင်းသားနှစ်ဦးသည် ကိုယ်တိုင်လေ့လာရန် နေရာမရှိသည့် အခြေအနေကို သည်းမခံနိုင်ပေ။

ထို့ကြောင့် ရှစ်နှစ်ကျောင်းသားများထံမှ မရေမတွက်နိုင်သော ပြတ်ပြတ်သားသား စကားလုံးများဖြင့် လျှောက်လွှာတင်ပြီးနောက်၊ကျောင်းသားခေါင်းဆောင်များထံ နောက်ဆုံးတွင် လျှောက်လွှာရောက်သွားကာ ၎င်းတို့ကဲ့သို့ ရှစ်နှစ်ကျောင်းသားများအတွက် သီးခြားစာသင်ခန်းတစ်ခု စီစဉ်ပေးခဲ့သည်။ ထို့ပြင် စာသင်ခန်း စီမံခန့်ခွဲရေးဆရာအား တံခါးသော့ခတ်မထားရန် အကြောင်းကြားပြီး တံခါးကို ၂၄နာရီ ဖွင့်ထားသောကြောင့် ထိုဘုရင်နှစ်ပါးအား သူတို့လိုသည့် အချိန်တိုင်း စာ‌ လေ့လာနိုင်စေခဲ့သည်။

ထိုသို့နှင့် အားလပ်ရက်များ ပွဲတော်များနှင့် တခြားအချိန်များတွင် တခြားအတန်းမှ မိန်းကလေးတွေနဲ့ ပြောဆိုကြပြီး နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ် စာသင်ခန်းထဲတွင် ထိုင်ကာ အချင်းချင်း တိတ်တိတ်လေး ပြိုင်နေခဲ့ကြသည်။

"မတွေးနဲ့ ငါမသိဘူး ရှန်ဖန်းယွိ" ကျန်းရွှိ က အတွေးဟောင်းကို ပြန်မှတ်မိသောအခါ "တစ်ခုကို ငြင်းချင်တိုင်း မင်းငါ့ကို အကြောင်းပြချက်တစ်ခုအနေနဲ့ သုံးတယ်"

ထို့နောက် မိန်းကလေးတော်တော်များများက ကျန်းရွှိ ဆီသို့လာပြီး ဖြားယောင်ကာ စာလုပ်သည်ကို ရပ်ခိုင်းပြီး အနားယူနိုင်မလားဟု မေးကြသည်။

ကျန်းရွှိသည် အရင်က ထိုအခြေအနေကိုနားမလည်ခဲ့ပေ..။ ထိုသူများက ကောင်းသောအဓိပ္ပာယ်နဲ့ဆိုလိုသည် ဟုထင်ခဲ့ပြီး တစ်နေ့တွင်ကောင်မလေး တယောက်က သူ့အားရှင်းပြသည်ကို နားထောင်မိသည်။

" ရှန်ဖန်းယွိကပြောတယ် နင်အနားမယူရင် သူလည်းအနားယူမှာမဟုတ်ဘူး။ဒါပေမဲ့ ငါသူနဲ့အတူနေ့လယ်စာစားချင်တယ်ထမင်းစားချိန်နင်ခဏအနားယူလို့ရလား"

ကျန်းရွှိ သူမစကားကို နားထောင်ရင်း သူ့ခေါင်းထဲတွင် အနက်ရောင်လိုင်းများ ပြည့်နှက်နေခဲ့သည်။

ကောလိပ်သည် အထက်တန်းကျောင်းထက်စာလျှင် ဆက်ဆံရေးပိုမိုသက်တောင့်သက်သာရှိပြီး ကျန်းရွှိ အား လိုက်ရန်ကြိုးစား‌နေ‌သောမိန်းကလေးများနှင့် ယောက်ျားလေးများစွာရှိသည်။ သူသည် အမြဲတမ်း တိုက်ရိုက်ငြင်းဆိုခဲ့ပြီး ရှန်ဖန်းယွိ ကို ဆင်ခြေအဖြစ် ဘယ်သောအခါမှ မသုံးခဲ့ပါ။ တွေးလိုက်တိုင်း သူဒေါသမထွက်သော်လည်း ဘာမျှမလုပ်နိုင်သေးပေ။

"အရမ်း တိုက်ရိုက်ပြောတာက သူတို့ နှလုံးသားတွေ ကြေကွဲသွားမှာကို ငါကြောက်တယ်…ငါက နှလုံးသားလေးပျော့ပျောင်းတဲ့သူလေ…"
ရှန်ဖန်းယွိ က အပြစ်ရှိစိတ်နှင့်ပြောလိုက်သည်။

"ဒါ့အပြင် ငါပြောခဲ့တာတွေက အမှန်တွေပဲ။ မင်းအတွက်မဟုတ်ရင် ငါကောလိပ်မှာ ဒီလောက်အလုပ်ကြိုးစားမှာမဟုတ်ဘူး"

ထိုအချက်တော့ ကျန်းရွှိသည် သူနဲ့ အတူတူပင်ဟု ယုံကြည်ခဲ့သည်။
ကောလိပ်မတက်မီတွင် ကျန်းရွှိ နှင့် ရှန့်ဖန်းယွိ တို့သည် ကိုယ်ပိုင် သင်ယူမှု ဟန်ချက်ညီညီရှိကြကာ အလုပ်နှင့် အနားယူခြင်း ပေါင်းစပ်မှုသည် အလွန်မျှတပါသည်။ဤဟန်ချက်ညီမှုသာ စာမေးပွဲအမျိုးမျိုးတွင် လွှမ်းမိုးရန် လုံလောက်ခဲ့သည်။

ကောလိပ်ရောက်ချိန်အထိ နှစ်ယောက်သား ရှုံးနိမ့်ကြောင်း ဝန်ခံပြီး ဒုတိယနေရာ ရမည်ကို မလိုလားခဲ့ကြသောကြောင့် နှစ်ယောက်စလုံး သူတို့၏ဟန်ချက်ညီမှုများ ပြောင်းလဲကုန်ကြသည်။

ကျန်းရွှိသည် ကလေးပစ္စည်းများကို နေရာတကျစီစဉ်နေတဲ့ ရှန်းဖန်းယွိကို တစ်ချက်ကြည့်လိုက်မိကာ ကံကြမ္မာသည် တကယ်ပင် လျှို့ဝှက်ဆန်းကြယ်သော အရာဖြစ်သည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ကောလိပ်တွင် ရှန်ဖန်းယွိ နဲ့သာ မဆုံဖြစ်ခဲ့ရင် သူ့အရင် အရှိန်အဟုန်နှင့် သင်ယူပြီး ပထမနေရာအား ပိုလွယ်လွယ်ရကာ ၊မိန်းကလေးတွေနှင့်လည်း ချိန်းတွေ့ပြီး လျှောက်လည်ဖြစ်မည်။ ကျောင်းဝင်းထဲတွင် ရိုမန့်အချစ်ဇာတ်လမ်းတစ်ခု ရှိကောင်းရှိနိုင်မည်။ သူကြိုက်သောမိန်းကလေးကို အိပ်ဆောင်သို့ လိုက်ပို့ပေးပြီး အိမ်ထောင်သည်ဘဝအထိပင် ဖြစ်ကောင်းဖြစ်လာနိုင်အုံးမည်။

ရှန်ဖန်းယွိလည်း ထိုနည်းလည်းကောင်းပင်ဖြစ်လိမ့်မည်။
သို့သော် ယုတ္တိမရှိသော ကံကြမ္မာကြောင့် သူတို့သည် ယခုတွင် တစ်ယောက်နှင့်တစ်ယောက် အတူနေထိုင်ပြီး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ကာ ကျန်ဘဝတစ်လျှောက်လုံး အတူတကွ ဖြတ်သန်းနေရပေတော့မည်။

သို့သော် ...... ကျန်းရွှိ သည် ထိုဘဝမျိုးက သူ့အတွက် ထင်ထားသလောက် မဆိုးဘူးဟု ထင်ခဲ့သည်။
"မင်းဘာလို့ကြောင်သွားတာလဲ။ မင်းဖုန်းမြည်နေတယ်လေ။"
ရှန်ဖန်းယွိ သည် လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ သူ့ရှေ့တွင် ရပ်နေသော ကျန်းရွှိ၏မျက်စိအား မတော်တဆ ထိမိသွားသည် ။ ကျန်းရွှိရုတ်တရက် သတိပြန်ဝင်လာပြီး ရှန်ဖန်းယွိ သည် ဆက်တိုက် မြည်နေသော ကျန်းရွှိ၏ မိုဘိုင်းဖုန်းဆီညွှန်းပြနေသည်ကို မြင်လိုက်ရသည်။

"မထိနဲ့။" ကျန်းရွှိ သည် သူ့မျက်နှာပေါ်တွင် သိမ်မွေ့သော အမူအရာဖြင့် မျက်လုံးကို ငုံ့ထားလိုက်သည်။

"ငါမင်းရဲ့ဆံပင်တောင်ကိုင်လို့မရနိုင်ဘူးလား" ရှန်ဖန်းယွိ က နှုတ်ခမ်းစူပြီး "ငါမမှုတ်ပေးလို့ မင်းရဲ့ဆံပင်ကိုကောင်းကောင်းမခြောက်တာနှစ်ရက်ရှိပြီမဟုတ်လား"

ကျန်းရွှိ သည် ရှန်ဖန်းယွိ ကြောင့် အာရုံပြောင်းသွားသည်ကို သဘောပေါက်ပြီး စကားမပြောပါ။ တစ်ခုခု မူမမှန်သည်ကို သူအမြဲတမ်း ခံစားနေရသည်။

သို့သော် သူ့အကြောင်းကို စဉ်းစားဖို့ပင် အချိန်မရှိသောကြောင့် ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းခေါ်သူကို တစ်ချက်ကြည့်လိုက်ရန်အလင်းကို လျှော့လိုက်သည်။

ဆေးရုံမှ ကဆက်လာတဲ့ဖုန်းဟု သူထင်ကာ ပင်ပန်းခဲ့သော ဤအလုပ်သည်အားလပ်ရက်ပါ ကုန်ဆုံးတော့မည်ကို စိတ်ပျက်မိသော်လည်း ထိုဖုန်းသည် သူ့အမေဖုန်းဆက်သည်ကို မြင်လိုက်ရသဖြင့် စိတ်သက်သာရာရသွားသည်။
"မား “ဘာဖြစ်လို့လဲ”ဟု မေးလိုက်သည်။
"ရှောင်ရွှိ"
အမေဖြစ်သူ ကျန်းက အရမ်းကြင်နာသောအသံဖြင့်
"မင်းဘာတွေလုပ်နေလဲ၊ မင်း ကောင်မလေး‌တချို့နဲ့ချိန်းတွေ့နေတာလား"

လွန်ခဲ့ သော နှစ်ရက်က သူ့အမေ သူ့ကိုဖုန်းဆက်တုန်းက သူအနားယူရန် အာရုံစိုက်သင့်သည်ဟု ပြောခဲ့ပြီး ကျန်းရွှိ က သူမအား ယနေ့သူ၏အားလပ်ရက်အကြောင်း ပြောပြခဲ့မိသည်။

ကောင်မလေးများ မရှိသော်လည်း သူ့တွင် ကောင်လေးတစ်ယောက်တော့သူနဲ့အတူရှိနေသည်။
ရှန်ဖန်းယွိ ကို တစ်ချက်ကြည့်လိုက်ပြီး "ကျွန်တော် အိမ်မှာ အနားယူနေတယ်" ဟု မိခင်အား ကူကယ်ရာမဲ့စွာပြောခဲ့သည်။

မထင်မှတ်ပဲ အမေသည် သူ့ရည်းစားကို ဘယ်လိုရှာရမလဲဆိုသည်ကို မပြောသောကြောင့် ကျန်းရွှိ ဆီ ယနေ့ နေအလင်းရောင်သည် အနောက်မှ တက်လာသလားဟုပင်တွေးမိသည်။

"မင်း အဖေနဲ့ ငါ အောက်ထပ်မှာ ရောက်နေပြီ၊ မင်းကိုတွေ့ဖို့ ငါတို့လာခဲ့တာ" ဟု ဖုန်းပြောသံကိုကြားလိုက်ရသည်။
စိတ်သက်သာရာရနေမှု‌များပျောက်ကွယ်သွားပြီး ရှန်ဖန်းယွိအား ရုတ်တရက်ကြည့်လိုက်သည်။