Chapter 41
ရှန့်ဖန်းယွိတယောက် အန္တရာယ်ရှိလာပြီဆိုသည်ကို မသိခဲ့သေးပေ။ ပူအိုက်နေလွန်း၍ သူ့ကုတ်င်္အကျီကြီးအား ချွတ်ပစ်ချင်နေသော်လည်းအိတ်အကြီးကြီးများသယ်ထားခဲ့သောကြောင့် သူ့လက်များသည်တော်တော် အားလျော့နေသည်။
ကျန်းရွှိကြည့်နေသည်ကို မြင်ရသောအခါ ရှန့်ဖန်းယွိ သူ့နဖူးပေါ်မှချွေးစက်များအား လက်ဖြင့်တချက်သပ်လိုက်သည်။သူ့လက်ဖဝါးနီရဲရဲလေးများအား ကျန်းရွှိကြည့်စေရန် ဖြန့်ပြလိုက်ရင်း ပြုံးပြလိုက်ကာ
"ငါ့လက်တွေ ထုံနေတယ် ငါ့ကုတ်အင်္ကျီကို ကြယ်သီးကူဖြုတ်ပေး"
ကျန်းရွှိသည် ရှန့်ဖန်းယွိ ပါးစပ်ကို လှမ်းပိတ်ဖို့ရာ သူ့လက်တွေကို ချက်ချင်းဆန့်ထုတ်လိုက်ရသည်။
ဖျတ်ခနဲလင်းလာသော ဖုန်းစခရင်ကို ကြည့်လိုက်ပြီး ဆေးရုံမှခေါ်သည့်ဖုန်းသာဆို လျှင် သိပ်ကောင်းမည်ဟု ကျန်းရွှိတယောက်တွေးနေမိသည်။
သူ့မိဘတွေက သူ့အားလာတွေ့ချင်လျှင် ရက်ပေါင်းများစွာကြိုတင်အသိပေးမှရသည်။ရှေ့တုန်းကလက်မှတ်တွေအများစုကိုလည်း သူဝယ်ခဲ့သေးသည်။အသက်ငါးဆယ်ကျော် လူကြီးများက သူတို့၏ ကလေးများကို ရုတ်တရက်အံ့အားသင့်စရာ suprise မျိုးတွေ လုပ်ပြရန် လုံးဝအမြင်မရှိကြဘူးထင်သည်။ သို့သော် ကျန်းရွှိတယောက် ခံစားချက်များ မကောင်းသဖြင့် သူ့မိဘများ သူ့အိမ်သို့ ရှောင်တခင် ဝင်စစ်ဖို့လာကြသည်များလားဟု တွေးမိသွားရသည်။
"အေမ…"
ကျန်းရွှိ ဝိုးတဝါး ပြောလိုက်သော်လည်း
"အေး…ကောင်းပြီ ဖုန်းဘေလ်က တော်တော်စျေးကြီးတယ် ငါအပိုတွေပြောမနေတော့ဘူး မင်းအဖေနဲ့ ငါနဲ့ အခု ဓာတ်လှေကားထဲ ဝင်နေကြပြီ" သူ့အမေက ကြားဖြတ်ဝင်ပြောလေတော့သည်။
အမေဖြစ်သူ ရုတ်တရက်ချက်ချင်းဖုန်းချသွားသောအခါ ကျန်းရွှိ ခဏတာ ကြက်သေသေသွားသည်။ထို့နောက် ရှန့်ဖန်းယွိ ပါးစပ်ပေါ်တွင်အုပ်ထားသော သူ့လက်ကိုဖယ်လိုက်ပြီး ကြမ်းပြင်ပေါ်မှ ကလေးပစ္စည်းများကို လက်ညှိုးထိုးကာ
"မြန်မြန်လုပ် ဒီဟာတွေ အကုန်ဖယ်ထားလိုက်တော့ ငါ့မိဘတွေ လာနေပြီ"
"မင်းမိဘတွေ…"
ရှန့်ဖန်းယွိလည်းအတော်လန့်သွားကာ ကျန်းရွှိရဲ့ အလောတကြီး ခိုင်းသည့်အတိုင်း အိတ်များကို စာကြည့်ခန်းဘက်သို့ယူသွားလိုက်ပြီး စက်သေနတ်ပစ်ကဲ့သို့ မေးခွန်းများကိုတရစပ် မေးနေသည်။
"သူတို့ကဘယ်မှာလဲ…သူတို့ကို သွားခေါ်ရမှာလား…ငါတို့အတူနေနေကြတာ သူတို့သိလား…ငါမြန်မြန်သွားပြီး သူတို့ဆီက ပုန်းနေရမလား…"
ကျန်းရွှိတယောက် နှလုံးသားများ ပြာကျသွားမတတ်ခံစားနေရကာ " သူတို့ဓာတ်လှေကားထဲမှာ"
"သေလိုက်ပါတော့ကွာ"
ရှန့်ဖန်းယွိမေးပြန်သည်။
"ရှောင်တခင်ဝင်စစ်တာလား မင်းမိဘတွေက ခဏခဏ အဲ့လိုလာလာစစ်တတ်တာလား…"
ကျန်းရွှိ ကူကယ်ရာမဲ့စွာ သူ့ခေါင်းကိုခါယမ်းပြလိုက်သည်။
ရှန့်ဖန်းယွိက "သူတို့ဒီလိုရုတ်တရက်ကြီး ပေါ်လာစရာအကြောင်းမရှိဘူးလေ…သူတို့ ကလေးအကြောင်းသိလို့လာတာမဟုတ်လောက်ပါဘူး"
"ပါးစပ်ပိတ်နေတော့" ကျန်းရွှိက ရှန်ဖန်းယွိကို ကလေးပစ္စည်းအိတ်များနှင့်အတူ စာကြည့်ခန်းထဲတွင် ချက်ချင်း သော့ပိတ်ထားလိုက်ကာလှည့်အထွက်တွင် ဘဲလ်တီးသံကြားလိုက်ရသည်။
ကျန်းရွှိမိဘများသည် မြို့ငယ်လေးတမြို့တွင်နေထိုင်ကြသော ပုံမှန် လုပ်ခစားများဖြစ်ကြသော်လည်း ရိုးရိုးရှင်းရှင်းနှင့် သန့်ရှင်းသပ်ရပ်စွာဝတ်စားထားကြသည်။တံခါးပွင့်သွားသည့်အခါ သူတို့၏ သားဖြစ်သူ ကျန်းရွှိကိုမြင်လိုက်ရသည်နှင့်
"သားရယ် ဘာလို့အဲ့လောက်ပိန်သွားရတာလဲ"
ဟု အမေဖြစ်သူက ပူပန်စွာ ငိုမဲ့မဲ့နှင့်မေးတော့သည်။
ကျန်းရွှိက သူ့မိဘများအတွက် အိမ်တွင်းစီးဖိနပ်အပါး ၂ရံထုတ်ပေးကာ
"အဖေ…အမေ…သားအလုပ်တွေအရမ်းရှုပ်နေတာနဲ့ အဲ့တာကြောင့် ကိုယ့်က်ိုယ်ကို ဂရုမစိုက်ဖြစ်တာပါ"
"မင်းဒီနေရာမှာ ဘယ်လိုတွေ နေနေတာလဲ"
"မင်းကို မိန်းမရှာဖို့ပြောတော့လည်း မင်းကနားမထောင်ပြန်ဘူး…အေး…တော်ပြီ မေ့လိုက်တော့ အဲ့လိုတွေပြောရင်မင်းမကြိုက်တာ သိတယ်" အမေဖြစ်သူလည်း မတတ်သာသော်ငြား ပြောရပြန်သည်။
သားဖြစ်သူကျန်းရွှိက သည်လိုတွေပြောသည်ကိုမကြိုက်မှန်းသိသော်လည်း သက်လတ်ပိုင်းအရွယ် သူမလို အမျိုးသမီးကြီး အဖို့ အကြိမ်ပေါင်းများစွာပြောပြီးသားအကြောင်းအရာများအား ထပ်ခါထပ်ခါပြန်ပြောတတ်သည့်အကျင့်က ဖျောက်ရခက်သည်။ ကျန်းရွှိကလည်းလက်ထပ်ရန်အတွက် မစဉ်းစားချင်သေးကြောင်း အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးသော်လည်း ထိုစကားလုံးများသည် မိခင်ဖြစ်သူအတွက်ဟိုဘက်နားကဝင်၍ ဒီဘက်နားက ထွက်သလိုပင်ဖြစ်နေပြီး သားဖြစ်သူကိုမြင်တိုင်း လက်ထပ်ရန်သာ ဆက်လက်တိုက်တွန်းနေပါတော့သည်။
ကျန်းရွှိကျောင်းတက်နေစဉ်တုန်းက သူ့ဝမ်းကွဲအစ်ကို အား သူ့မိသားစုက လက်ထပ်ရန် မည်မျှ တိုက်တွန်းကြောင်းကိုပြောဖြစ်ခဲ့ကြသေးသည်။ထိုအချိန်တုန်းက သူ့ဝမ်းကွဲအစ်ကို ပြောပြသည်များကို ချဲ့ကားလွန်းသည်ဟုသာထင်ခဲ့မိသည်။ ယခု မိမိ၏ အမေဖြစ်သူက အဒေါ်ထက်ပို၍ ဇွတ်အတင်းဖိအားပေးနေသည်ဆိုသည်မှာ ကျန်းရွှိ လုံးဝမထင်ထားခဲ့ပေ။
ကျန်းရွှိက သူ့နားထင်ကို ပွတ်သပ်လိုက်ကာ
"အမေရယ် သား အဆင်ပြေနေပါတယ်"
အဖေဖြစ်သူ က တစ်ဖက်မှနေ၍ ဖျောင်းဖျပေးသေးသည်။
"ကျန်းရွှိ…သား …မင်း လုပ်ချင်တာကိုလုပ်…မင်းအမေစကားတွေနားထောင်မနေနဲ့ …မင်းလမ်းမှား မလျှောက်မိရင်သာတော်ပြီ"
ကျန်းရွှိတယောက် အဖေဖြစ်သူ၏စကားများကို နားမလည်သေးခင်လေးမှာပင် အမေဖြစ်သူက ဖိနပ်စင်ပေါ်မှ ရှန့်ဖန်းယွိ ၏ ရှူးဖိနပ်များသို့ လက်ညှိုးထိုးကာ မေးသည်။
"သားလေး ဧည့်သည်ရောက်နေတာလား"
ကျန်းရွှိ၏ နှလုံးခုန်သံများ စည်းချက်မှားကုန်သည်။
"အဲ့တာ သားဖိနပ်တွေပါ အမေရဲ့"
"ဟုတ်လား" အမေက သံသယဝင်စွာမေးလာသည်။
"မင်းဖိနပ်တွေဟုတ်မယ့်ပုံမပေါ်ပါဘူး…ဘယ်တုန်းက ဒီလို ဒီဇိုင်းနဲ့ဖိနပ်တွေ စကြိုက်သွားတာလဲ"
ကျန်းရွှိ မျက်တောင်များ တဖျက်ဖျက်ခတ်ရင်း ကြည့်ကာ " သားစိတ်ကူးပေါက်လို့ လျှောက်ဝယ်ထားတာပါဆိုနေ"
သို့သော်ငြားလည်း…ယနေ့ အမေကျန်းသည် စုံထောက်ကြီး ရှားလော့ဟုမ်းကဲ့သို့ဖြစ်နေသည်။ သူမက မီးဖိုချောင်ထိဝင်သွားကာ
"သား…မင်းမလိမ်နဲ့ မီးဖိုက အခုမှလောလောလတ်လတ်သုံးထားတဲ့ပုံ…အမေ့ကိုမှန်မှန်ပြောစမ်း…အခုဒီမှာရောက်နေတဲ့ ဧည့်သည်ရှိတယ်မလား?"
ထို့နောက်သူမသည် ရေခဲသေတ္တာကိုဖွင့်လိုက်သည်။ သူမယူလာခဲ့သော အစားအသောက်များစီထည့်ဖို့ကြံရွယ်ကာရှိသေး ရေခဲသေတ္တာထဲတွင် အစားအသောက်များ အပြည့်ရှိနေသည်ကို မြင်လိုက်ရသောအခါ သူမလန့်သွားသည်။
ကျန်းရွှိက မျက်နှာ အမူအရာ မပြောင်းသေးပဲ "မီးဖို ဖွင့်လိုက်ပြီနော်" ဟုပြောသော်လည်း သူ့အမေက မယုံပေ။
"မဖြစ်နိုင်ဘူး" သူမ၏သားအကြောင်း သူမကောင်းကောင်းသိသည်။ " အနောက်အရပ်ဘက်ကနေ နွထွေက်လာရင် တောင် ငါ့သားကဟင်းချက်မယ့်သူမျိုးမဟုတ်ဘူး"
"ကျနော် ကိုယ့် ဘဝကို ချစ်တတ်လာပြီ"ကျန်းရွှိရေရွတ်လိုက်သည်။
အမေကျန်းက သားဖြစ်သူ၏အိပ်ခန်းထဲသို့ ဝင်ရန်ကြိုးစားသည်။ ကျန်းရွှိက ကြမ်းပြင်ပေါ်တွင် အိပ်ယာခင်းထားသည်ကို သတိရသွားပြီးသူ့အမေအခန်းထဲ မဝင်ခင် တားရန်ကြိုးစားသည်။ သူအလျင်အမြန်သွားကာ တံခါးဝတွင် ပိတ်ရပ်လိုက်ပြီး ပြောလိုက်သည်။
" အမေ …သားအခန်းက အရမ်းရှုပ်နေတာ…ဝင်ကြည့်မနေနဲ့တော့…နော်"
အမေဖြစ်သူ ကျန်းမူ ကသူမ၏သားကို အဓိပ္ပာယ်များအပြည့်ပသော အကြည့်နှင့် ကြည့်လိုက်သော်လည်း သူမ အနေနှင့် ဆိုဖာ ပေါ်ကိုသာပြန်လာထိုင်ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းရွှိတယောက် ပြဿနာတစ်ခု အခုမှ ဖြေရှင်းနိုင်ရုံမျှရှိသေး ရေချိုးမှ အသံတစ်သံကထွက်ပေါ်လာခဲ့သည်။
"ရှောင်ရွှိရေ ဘာဖြစ်လို့ ဘေစင်ပေါ်မှာ အာလုတ်ကျင်းခွက်နဲ့ သွားတိုက်တံက နှစ်စုံရှိနေရတာလဲ?"
အဖေကျန်းက ရေချိူးခန်းတံခါးဖွင့်၍ ထွက်သွားသည်။သူ့၏မျက်လုံးများထဲတွင် သိလိုစိတ်များအပြည့်နှင့်…။
ကျန်းရွှိသည် သူ့ကိုယ်သူ တိုင်ပေါ်မှာချည်၍ သံနဲ့ရိုက်ခံနေရသလိုခံစားလိုက်ရပြီး ဇောချွေးများပါပြန်လာခဲ့သည်။သူကြံရာမရ မနည်းစဉ်းစားရင်း
"သားမှာခွေးရှိတယ်လေ အဲ့တာ ခွေးအတွက်ပါ"
"ငါလည်း ခွေးအမွှေးတွေ မတွေ့မိပါဘူး ငါ့သားရယ်" ဟု သူ့အမေက ပေါင်ကျင်းရှန် လေသံနှင့် ပြောသည်။
( ပေါင်ကျင်းရှန်သည် မှုခင်းဖြေရှင်းရသည့် ဇာတ်လမ်းတွဲထဲမှ စိတ်ကူးယဉ် ဇာတ်ကောင်ဖြစ်သည်။)
သူမရုတ်တရက် လန့်သွားပြီး ထပ်မေးပြန်သည်။
"ဘယ်ကောင်မလေးနဲ့ အတူနေနေတာလဲ"
"ဘယ်သူနဲ့မှမနေပါဘူး" ကျန်းရွှိငြင်းဆန်လိုက်သည်။
ရှန့်ဖန်းယွိက ယောကျာ်းလေးတစ်ယောက်ဖြစ်သည်။ ယောကျာ်းလေး နှစ်ယောက် ခဏ အတူတူနေသည့်အကြောင်းအား သူ့မိဘတွေဆီပြောပြရန် ဘယ်အရာက မှားယွင်းနေလဲမသိတော့ပေ။သူ့အနေနှင့် ထိုကိစ္စကို ဖုံးကွယ်ထားပြီး သူ့မိဘတွေသိမသွားဖို့အတွက် သာမန်မိရိုးဖလာ အစဉ်အလာ ပုံစံအတိုင်းနေနေရသည်လား။
သူဘာကြောင့် အပြစ်ရှိနေသလို ပြုမူနေရသည်လဲ…။
ကျန်းရွှိတယောက် စိတ်နည်းနည်းရှုပ်လာသလို ခံစားရသည်။ရှန့်ဖန်းယွိက ဒီမှာ ခဏလာနေသည်ဟု အကျိုးအကြောင်းပြောပြကာ ဖြေရှင်းမည်တွေးပြီး ပါးစပ်ဟရုံမျှရှိသေး…မိခင်ဖြစ်သူကအထိတ်တလန့်နှင့်…
"ရှောင်ရွှိ…အမေ့ကိုမှန်မှန်ပြောစမ်း သားက ယောကျာ်းလေးတွေကိုကြိုက်တတ်တာလား… "
"…" ကျန်းရွှိတယောက်အသံတိတ်နေမိသည်။
သူ၏ စိတ်မသိုးမသန့်ဖြစ်နေရသည်မှာ ကျိုးကြောင်းသင့်လျော်သည်။သူ့မိဘတွေသာလျှင် ပုံမှန်သဘာဝအတိုင်း အံ့ဩနေကြခြင်းဖြစ်သည်။
သို့သော်လည်း သူ၏ ပြောစရာစကားမဲ့နေသော မျက်နှာကို အမေကျန်း၏မျက်လုံးထဲတွင် မြင်နေရသည်။ထို့ကြောင့်ပင် အမေဖြစ်သူကမျက်နှာအမူအရာ ချက်ချင်းပြောင်းပြီး သိချင်စိတ်ပြင်းပြစွာဖြင့်ထပ်၍မေးပြန်သည်။
"မင်းက တကယ် ယောကျာ်း လေးတွေကိုကြိုက်တာလား…အဲဒီလိုလား…ရှန့်ဖန်းယွိလား"
ကျန်းရွှိ ချောင်းအကျယ်ကြီး ထဆိုးလိုက်မိသည်။ကံကောင်းထောက်မစွာဖြင့် သူရေသောက်မနေ၍တော်သေးသည်။မဟုတ်လျှင် သူ သီးသွားနိုင်သည်။
ဒါကဘယ်လိုကြီးလဲ……
"ကျနော် ယောကျာ်းလေးတွေ မကြိုက်ပါဘူး…"ကျန်းရွှိက အခိုင်အမာပဲ ပြောလိုက်သည်။
"ကျနော် ယောကျာ်းလေးတွေကြိုက်ခဲ့ရင်တောင် ရှန့်ဖန်းယွိလိုလူကိုတော့ မကြိုက်ပါဘူး တကယ်သေချာတယ်…"
"ဒါပေမဲ့…" အမေကျန်းက ပြောနေရင်း ခဏရပ်လိုက်သည်။ ထို့နောက် ဆက်၍ပြောသည်။
"အဲ့ဒီနေ့က ဖုန်းထဲမှာ မင်းက ရှန့်ဖန်းယွိကြောင့် အိမ်ထောင်မပြုတော့ဘူးဆိုပြီး ပြောခဲ့သေးတယ်လေ"
ရှန့်ဖန်းယွိကြောင့် သူကလက်မထပ်တော့ဘူးတဲ့လား…။
ကျန်းရွှိတယောက် ခဏငြိမ်နေလိုက်သည်။ထို့နောက် ဒီနေ့ သူ့မိဘများ ဘာကြောင့် ရေးကြီးခွင်ကျယ် ပြဿနာရှာနေကြသည်ကိုသဘောပေါက်သွားခဲ့တော့သည်။
သိပ်မကြာမီကပင် သူ၏မိခင်က ဖုန်းဆက်တိုင်းအမြဲပြောနေကြ ဖန်တရာထပ်နေသော စကားများထဲတွင် လှည့်ကွက်အသစ်တစ်ခုထပ်တိုးပြောခဲ့သေးသည်။
"မင်းအလယ်တန်းကျောင်းသားဘဝတုန်းက ကောင်မလေးတွေအများကြီးမင်းကို ဝိုင်းကြိုက်ကြတာ အမေမှတ်မိသေးတယ်။ခုကျမှ ဘာဖြစ်လို့မင်းမှာ လက်တွဲဖော်ရှိမနေရတာလဲ? အဲ့တာ ငါ့အပြစ်တွေပါ…အဲ့အချိန်တုန်းက မင်းကို မချစ်မိစေနဲ့ဆိုပြီး မတားခဲ့သင့်တာပါ…အခုတော့ ငါ့မှာ ချီစရာ မြေးတယောက်တောင်မရှိဘူး…"ဟူ၍…။
အလယ်တန်းတက်တုန်းက အမေဖြစ်သူမှာ တခြားမိဘ အများစုကဲ့သို့ပင် ကျောင်းသားဘဝ ရည်းစားထားမည်ကို တားမြစ်ထားခဲ့ကြသည်။သို့သော် သူယခုချိန်ထိ လက်မထပ်ရသေးသည်မှာ ထို အကြောင်းပြချက်ကြောင့်မဟုတ်ပေ။မည်သူ၏တက်ကြွတဲ့ အားပေးစကားများကို သူမနားထောင်ခဲ့လည်း သူသိချင်သွားသည်။သူ့ကို လက်ထပ်ရန်အတွက် အကြိမ်ပေါင်းများစွာတိုက်တွန်းပြီး တကြိမ်မျှ အဆင်မပြေခဲ့ပြီးတဲ့နောက်…သူမကိုယ်သူမအပြစ်တင်နေသည်။
ကျန်းရွှိက ထိုအရာများဟာ အမေ့အမှားမဟုတ်ကြောင်း၊အမေနှင့်မဆိုင်ကြောင်း၊ပြဿနာက သူကိုယ်တိုင်ပင်ဖြစ်ကြောင်းရှင်းပြပြောသော်လည်းအမေက သူ့မကိုယ်သူမ အတင်း အပြစ်တင်နေခဲ့သည်။
ကျန်းရွှိက စကားရည်လုရသည်ကို မကျွမ်းကျင်သကဲ့သို့ သူ၏ အမေဖြစ်သူအရှေ့တွင်လည်း ရိုးရိုးရှင်းရှင်းပင် အားမရှိတော့သည့်သူတယောက်လိုဖြစ်နေသည်။ထိုအချိန်တွင် ရှန့်ဖန်းယွိက ဒီညဂျူတီချိန်ကို သူနှင့်မတူ မလိုက်နိုင်တော့ကြောင်း မက်ဆေ့ခ်ျပို့လာသည်။ထို့ကြောင့် လက်ရှိအခြေအနေတွေအားလုံး ကို ရှန့်ဖန်းယွိအပေါ်ကိုပုံချဖို့ဆုံးဖြတ်လိုက်သည်။
"အမေ့ကိုအပြစ်မတင်ပါဘူး…ကျနော်နဲ့အတူ တနှစ်တည်း ပညာတော်သင်ဆုရခဲ့တဲ့ကျောင်းသားကိုမှတ်မိလား…"
အမေ ကျန်းမူက ခဏမျှစဉ်းစားလိုက်ပြီး ထိုကဲ့သို့တယောက်ရှိခဲ့သည်ကို မှတ်မိသွားသည်။ထိုအချိန်တုန်းက ကျန်းရွှိသည် ထိပ်တန်းနေရာရသည့်ကျောင်းသားတယောက်ဖြစ်သော်လည်းတခြားတယောက်နှင့် နှိုင်းယှဉ်ခံရသောကြောင့် စိတ်ဆိုး မာန်ဆိုးဖြစ်ကာ တရက်မျှ အစားမစားပဲနေခဲ့ဖူးလေသည်။
ကျန်းရွှိကဆက်ပြောသည်။
"တယောက်ယောက်ကိုအပြစ်တင်ချင်ရင် သူ့ကိုသာတင်လိုက်ပါ…"
၎င်းက ရှန့်ဖန်းယွိအမှားမဟုတ်သကဲ့သို့၊ သူ့အမေသည်လည်း ရှန့်ဖန်းယွိကို မမြင်ဖူးသလို၊ သူ့အမေ ရှန့်ဖန်းယွိကို သိခဲ့သည်မှာလည်းသတင်းစာထဲမှ ဆောင်းပါးတစ်ခုကြောင့်သာဖြစ်သောကြောင့် သူမအနေနှင့် သိပ်သတိမထားမိခဲ့ခြင်းသာဖြစ်မည်။
ကျန်းရွှိတွေးခဲ့သည်က ရှန့်ဖန်းယွိကို အဘယ့်ကြောင့်အပြစ်တင်ရမည့်အကြောင်း အမေဖြစ်သူက မေးခဲ့လျှင် သူတို့နှစ်ဦးကြားက ပြိုင်ဆိုင်မှုကအရမ်းပြင်းထန်သည့်အကြောင်း ကြောင့်ပါဟု ပြောပြရန် စီစဉ်ထားသော်လည်း သူစိတ်မအေးရပေ။သူပြောဖို့ရာ စကားလုံးတွေစီစဉ်ပြီးသည့်အခါတွင် သူ့အမေက ဘာမျှဆက်မမေးခဲ့ပေ။
မမျှော်လင့်ပဲ စာကြောင်းတကြောင်းက လူကြီးမိဘများကို သူတို့ သား၏ လိင်စိတ်ခံယူမှုနှင့်ပတ်သက်ပြီး အထင်အမြင်လွဲသွားစေခဲ့သည်။ထိုညက သူ့မိဘတွေ သတင်းစာအဟောင်းကိုပြန်ရှာကာ မူရင်းသတင်းကိုသေချာပြန်ဖတ်ခဲ့ကြသည်။ရှန့်ဖန်းယွိရဲ့နာမည်နှင့်ရုပ်ရည်ကို ပြန်မှတ်မိပြီးလက်မှတ်တစ်စောင်အမြန်ဝယ်ကာ A မြို့သို့ သွားခဲ့ကြသေးသည်။
ကျန်းရွှိ ကူကယ်ရာမဲ့သလိုခံစားခဲ့ရသည်။ရှန့်ဖန်းယွိက သူ့အားချစ်ရေးလာဆိုသမျှသူတိုင်းအား ကျန်းရွှိနာမည်ကိုသုံး၍ မည်သည့်ပြဿနာမျှမရှိပဲအေးဆေးစွာ ငြင်းဆိုခဲ့သည်။သူသည် ကျန်းရွှိကို အကာအရံဒိုင်း တစ်ခုကဲ့သို့ အသုံးချခဲ့သည်။ထိုကဲ့သို့ကိစ္စတွေ ဖြစ်ပျက်ခဲ့သည်။
သူ၏အမေကို မျက်နှာငယ်လေးနှင့်ပြောလိုက်သည်။
"အမေ…အမေထင်သလို မဟုတ်ပါဘူး…ကျနော်တို့က သာမန်လုပ်ဖော်ကိုင်ဖက်တွေပါပဲ အမေရယ်"
"လုပ်ဖော်ကိုင်ဖက်တွေ…?"အမေက အထိတ်တလန့်နှင့် ထပ်ပြောပြန်သည်။ "မင်းတို့က လုပ်ဖော်ကိုင်ဖက်တွေ…?"
ကျန်းရွှိ ရုတ်တရက်မျက်နှာပျက်သွားသည်။သူ့မိဘတွေက ရှန့်ဖန်းယွိ အခုဘာအလုပ်လုပ်နေသည်ကိုမသိကြသေးပေ။
"မင်းဘဝက အဲ့လောက်ထိ ကဘောက်ကချာ ဖြစ်နေတာလား…"
အမေက ဒေါသတကြီးနှင့်မေးသည်။ကျန်းရွှိတယောက် အံကြိတ်ရင်း ခက်ခဲနေသည်။ ဤအခြေက သိပ်မဆိုးသေးပေ။ အတူနေပြီးကလေးပါရနေသည့်အကြောင်းကို သိလျှင် ပိုပြီးဆိုးရွားသော လမ်းဟူ၍ ပြောခံရမည်မှာမလွဲဧကန်ပင်။
ကျန်းရွှိအသံတိတ်နေသည်ကိုမြင်၍ အမေကထပ်မေးပြန်သည်။ "မင်းအခု ဘယ်သူနဲ့ နေနေတာလဲ…"
"ကျန်းရွှိကသာ ရှန့်ဖန်းယွိလို့ပြောရင် မြစ်ဝါမြစ်ထဲခုန်ချလိုက်ရင်တောင် သူ့ကိုယ်သူ သန့်ရှင်းအောင် ဘယ်တော့မှပြန်ဆေးကြောလို့မရတော့ဘူး"
"ဒါက သူငယ်ချင်းပဲလေ…မင်းသူတို့ကို မသိဘူးလား…"
"တကယ်လား" အမေကစိတ်သိပ်မကြည်သေးပဲပြောသည်။အဖေကျန်း က အမေနှင့် အကြည့်တချက်ဖလှယ်ပြီး ကျန်းရွှိအား …
"ဒါဖြင့် မင်း အဲ့ဒီ ရှန့်ဖန်းယွိကိုခေါ်လိုက် …ဒီညနေငါတို့တွေအတူ ထမင်းစားကြမယ်"
ကျန်းရွှိက ရှန့်ဖန်းယွိအား ဤကိစ္စများမသိစေချင်၍
"သူက အလုပ်အရမ်းရှုပ်တော့ သိပ်မအားဘူးလေ …သူ့မှာ အချိန်မရှိဘူး…အဲ့တော့ ထမင်းစားဖို့ ကျနော်ပဲပါလို့မရဘူးလား…မိသားစုတွေအတူမရှိရတာ ကြာပြီလေ"
အမေဖြစ်သူက အနည်းငယ် အင်တင်တင်ဖြစ်နေသည်။သူ့ကိုမယုံသည်မှာ သေချာသည်။သူမသည် ကျန်းရွှိဖုန်းသို့ လက်ညှိုးထိုးလိုက်ပြကာပြောသည်။
"သူ့ကိုအခုခေါ်လိုက်"
ကျန်းရွှိအသက်ကိုပြင်းပြင်းရှူလိုက်ကာ ခဏတာတွေးပြီးနောက် " သူအခုမအားဘူး ခွဲစိတ်ခန်းဝင်နေတယ်"
အမေဖြစ်သူက ခပ်အေးအေးပုံစံနှင့် နှာဖျားမှ လေတချက်မှုတ်ထုတ်လိုက်ပြီး သူမမျက်လုံးများထဲတွင်လည်း သံသယတွေအပြည့်က ပိုပိုများလာက
"မင်းက သူဘာတွေလုပ်နေလဲဆိုတာတောင်သိတယ်ပေါ့"
"…" ကျန်းရွှိအသံတိတ်နေသည်။
အဖေက အရာအားလုံးအဆင်ပြေအောင် ဖျန်ဖြေရန်ကြိုးစားပြီး
"သား ရှောင်ရွှိ…ဖုန်းဆက်ဖို့ မဖြစ်နိုင်ရင် မက်ဆေ့ခ်ျတော့ပို့ထားလိုက်လေ"
အမေကနောက်ကလိုက်ပြောသည်။
"ဟုတ်တယ် ဟုတ်တယ် မက်ဆေ့ခ်ျပို့လိုက်"
မိဘတွေက သူ့ကိုစိုက်ကြည့်နေကြပြီး သူ့ဦးရေပြားတွေပါထုံကျင်သွားသည်။ကျန်းရွှိလက်ချောင်းများက ဖုန်းကို တဖြေးဖြေး လော့ခ်ဖွင့်လိုက်ကာ ရှန့်ဖန်းယွိဖုန်းပိတ်ထားပါစေဟုဆုတောင်းရင်း စာကိုဖြည်းဖြည်းချင်းရိုက်နေတော့သည်။