အပိုင်း ၁၂၈
Viewers 15k

Chapter 128

(အံ့သြဖွယ်အမျိုးသမီး)


ယခု စုမုန့် သည် အဘိုးဝေ့ အနားတွင် ရှိနေသောကြောင့် သူမကို ချဉ်းကပ်ရန် မသင့်တော်ပေ။ စုမုန့် တစ်ယောက်တည်းရှိချိန်အထိ စောင့်ဖို့ သူ ဆုံးဖြတ်လိုက်သည်။


ယခုအချိန်တွင် ရှောင်ချမ် ၏ နှလုံးသားသည် စုမုန့် ထံ ရောက်ရှိသွားပြီဖြစ်သောကြောင့် ပွဲ၌ရှိ‌သည့် အခြား သခင်မလေးများကို မကြည့်တော့ပေ။သူ စုမုန့် ကိုသာ တစ်ချိန်လုံး ကြည့်နေမိသည်။ ဝေ့ရွှယ် နှင့် စကားပြောနေတာကြောင့် အဘိုးဝေ့က စုမုန့် အကြောင်းကို မိတ်ဆက်ပေးနေသည်ကိုပင် သူ မကြားလိုက်ရပေ။သူ သတိပြန်ဝင်လာသောအခါ အဘိုးဝေ့ စကားက အဆုံးသတ်သွားခဲ့သည်။ မကြားလိုက်ရ၍ နှမြောစရာကောင်းသော်လည်း၊ သူကတော့ ဤအကြောင်းအရာတွေကို ဂရုမစိုက်။သူ့မှာ ပန်းတိုင်တစ်ခုသာ ရှိသည်။ထိုအရာက ယနေ့ပွဲပြီးလျှင် စုမုန့်ကို သူ လိုက်ရပေမည်။သူနားမထောင်သော်လည်း အခြားသူများသည် အလွန်အလေးအနက်ထား နားထောင်ကြသည်။ 


အဘိုးဝေ့ စကားဆုံးသောအခါ လူအုပ်ထဲမှ တစ်ယောက်ယောက်က “စုမုန့်...ဒီနာမည်က ဘာလို့ ဒီလောက်ရင်းနှီးသလိုခံစားရတာလဲ…အရင်က တစ်နေရာရာမှာ ကြားဖူးတယ်ထင်တယ်"


အဘိုးဝေ့က အခုမှပြောပြီး၍ အားလုံး တိတ်ဆိတ်နေသဖြင့် ထိုလူ၏ အသံမှာ တိုးလျနေသည့်တိုင် ဧည့်သည်အများအပြား ကြားနေရဆဲ ဖြစ်သည်။


 တစ်ယောက်ယောက်ကလည်း ပြောသည်။


 “မစ္စစုမုန့်က ဝေ့မိသားစုရဲ့သခင်မလေးပါ…  ငါတို့အရင်က မသိပေမယ့် သူမရဲ့ ဂုဏ်သတင်းက သေချာပေါက် ကြီးမားနိုင်ပါတယ်…အဘိုးဝေ့ရဲ့မြေးချွေးမက ဘယ်လိုလုပ်ပြီး နာမည်မကြီးပဲ နေမှာလဲ"


 "ဟုတ်တယ်..ငါတို့သာ မသိတာ...သူမက အရမ်းနာမည်ကြီးမှာပါ"


 စောစောက ပြောသူသည် အခြားသူများ၏ စကားကိုကြားသောအခါ ဆက်တွေးမနေတော့ဘဲ လိုက်ပြောလိုက်၏။


 ထိုလူများ၏ စကားပြောသံကိုကြားလျှင် စုမုန့် အားကိုးရာမဲ့ ဖြစ်သွားသည်။ သူတို့တွေဟာ သိသိသာသာပင် ‌ မြှောက်ပင့်နေကြသည်။အဘိုးဝေ့ ကျေနပ်စေရန်အတွက် သူတို့မသိနားမလည်သော အကြောင်းအရာကိုပင် မတွေးဘဲ ပြောဆိုနေကြလေသည်။ 


'ဟင်း... ငွေနဲ့ အာဏာရှိတဲ့ သူက အရမ်းကောင်းတယ်...လူတိုင်းက သူ့စကားကို နားထောင်ကြလိမ့်မယ်...'


သူမ စိတ်ထဲတွင် ညည်းညူနေမိသည်။ တစ်ချိန်တည်းမှာပင် သူမလည်း ထိုသို့ ဘုန်းကံကြီးခြင်းမျိုး ရချင်လာမိသည်။ကိုယ့်ကိုလာပြီး လူတွေက ကောင်းကောင်းဆက်ဆံကြတယ်ဆို‌တာ အရမ်းကောင်းတဲ့ ဖီလင်မျိုးဖြစ်မှာပဲ... 


စုမုန့်ကို အဘိုးဝေ့က အရေးပေးနေသဖြင့် အားလုံးက သူမအကြောင်း ချီးကျူးကြ၊ပြောဆိုကြ၊မေးမြန်းကြသည်။ ဤမွေးနေ့ပွဲသည် အဖိုးဝေ့အတွက် ပြင်ဆင်ထားသော်လည်း ယခုတော့ သူမအတွက်ဖြစ်သွားရသည်။  


ဝေ့ရွှယ် အလွန်မနာလိုဖြစ်သဖြင့် သူမ၏တည်ငြိမ်ရင့်ကျက်သော သခင်မလေး ပုံစံကို ထိန်းသိမ်းထားရန် လက်သီးများကို ဆုပ်ထားလိုက်သည်။ သူမ စုမုန့်ကို အပြင်းအထန် စိုက်ကြည့်ပြီးနောက် ရှောင်ရှောင် ကို ကြည့်လိုက်သည်။ရှောင်ရှောင် ဤအရာများကို စိတ်မဝင်စားဘဲ ဟိုဒီလှည့်ပတ်ကြည့်နေသည်။ ဝေ့ထင်ကို ရှာနေတာ ဖြစ်နိုင်သည်။


 ....


ဝေ့ရွှယ် စိတ်ထဲတွင် ‘ဒီအရူးမ’ ဟု ကျိန်ဆဲလိုက်သည်။ သူမမှာ ရင်သားကြီးကြီး တစ်စုံသာ ရှိသော်လည်း ဦးနှောက်ကမရှိ။ ယောက်ျားကိုသာ ကြည့်တတ်သည်။ယခုအချိန်က စုမုန့်ကို အရှက်ခွဲနိုင်မည့် အခွင့်အရေးဖြစ်သော်လည်း ရှောင်ရှောင် နားမလည်တာကြောင့် သူမကို သတိပေးဖို့ ဆုံးဖြတ်လိုက်သည်။


 သူမ အသာလေး ဖုန်းကို ထုတ်လိုက်ပြီး ရှောင်ရှောင်ထံ စာတိုတစ်စောင် ပို့လိုက်သည်။ ရှောင်ရှောင် ဖုန်းထဲက မက်ဆေ့ခ်ျဝင်လာသံကို ကြားပြီး ဖုန်းကို ကြည့်လိုက်သည်။စာကိုဖတ်ပြီးနောက် ဝေ့ရွှယ် သည် သူမအား အချိန်အတော်ကြာ စိုက်ကြည့်နေမှန်း သိလိုက်ရသောကြောင့် သူမ ခေါင်းကိုအမြန် မော့ကြည့်လိုက်သည်။


ဝေ့ရွှယ်ဟာ သူမအတွက် အောင်သွယ်တော် မြားနတ်မောင် တစ်ယောက်လိုပင်။ သူမနှင့် အမေဝေ့တို့ ရှေ့ရေးသည် ဝေ့ရွှယ်၏အကူအညီပေါ်တွင်မူတည်သည်။ထို့ကြောင့် သူမ ဝေ့ရွှယ် စကားကို အားလုံးနီးပါး နားထောင်ခဲ့သည်။


ဝေ့ရွှယ် က အတိအလင်း မပြောခဲ့ဘဲ  စုမုန့် အကြောင်းကိုသာ သူမအား ပြောပြခဲ့သည်။ သူမလည်း ဝမ်းသာသွားရ၏။ သူမသည် ရင်သားကြီးပြီး ဦးနှောက်မရှိသူ မဟုတ်ကြောင်း ဝေ့ရွှယ်ကို ကိုယ်တိုင်ကိုယ်ကျ သက်သေပြရပေမည်။


သူမ စာတိုကို ဖတ်ပြီးနောက်မှာ ကောင်းကောင်းပြောဖို့ မစဉ်းစားဘဲ မတ်တပ်ထရပ်ပြီး စုမုန့်ကို မေးလိုက်သည်။


 “မစ္စစု...သခင်လေးဝေ့က လက်မထပ်ရသေးတဲ့ ကောင်မလေးတွေ အားလုံးရဲ့ အိပ်မက်ထဲက ချစ်သူပါ...နင်က သူ့ကို ရသွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး… ဒါဆို သူ့ကိုရဖို့အတွက် နင် ဘယ်လိုနည်းလမ်းမျိုး လုပ်တယ်ဆိုတာ ပြောပြနိုင်မလား"


သူမ ပြောပြီးသည်နှင့်၊ ရုတ်တရတ် ဧည့်သည်များ ဟာကနဲဖြစ်ကုန်ကြသည်။ ဝေ့ရွှယ် အလွန်တုန်လှုပ်သွားပြီး သူမ လက်ထဲတွင် ဓားကိုင်ထားသည်ကို မေ့သွားကာ ကြမ်းပြင်ပေါ်  ပြုတ်ကျသွားရ၏။


သူမ အနားရှိ ရှောင်ချမ် က ပို၍အံ့သြသွားသည်။ အသက်ကြီးပြီး အတွေးအခေါ် ဉာဏ်မမီသော သူ့ညီမကို မြင်လိုက်ရသောအခါ၊ပါးစပ်ထဲက ဝိုင်နီတစ်ငုံစာမှာ မျိုမချနိုင်ဘဲ ထွေးထုတ်မိသားဖြစ်သွားရသည်။နောက်ဆုံးတော့ သူ့ရှေ့က ဟင်းပွဲတွေအားလုံး ညစ်ပတ်ကုန်ရသည်။ ဘေးနားက အစေခံတွေက မြင်သောအခါ သူ့ပန်းကန်တွေကို ချက်ချင်းပဲ အသစ်ပြောင်းပေးကြသည်။


တခြားသူတွေက ရှောင်ရှောင်၏ ဗြောင်ကျကျစကားကို အံ့သြနေကြသော်လည်း စုမုန့် ၏နောက်ခံအကြောင်းကိုသူတို့ပါ သိချင်ကြပြန်သည်။အကြောင်းကတော့ ဝေ့မိသားစုထဲမှာ ယခုလို သာမာန်မိန်းမငယ်လေး ရောက်လာကြောင်းကို သူတို့  တစ်ခါမှ မကြားဖူး၍ပင်။


စုမုန့် ရှောင်ရှောင်၏ မေးခွန်းကို ရင်ဆိုင်သောအခါမှာလည်း သူမ မျက်နှာသည် တည်ငြိမ်နေသည်။ အစကနေ အဆုံးအထိ နည်းနည်းလေးမှ ပြောင်းမသွား။တစ်ဖက်တွင် အဘိုးဝေ့ စိတ်တိုကာ ရှောင်ရှောင်ကို အေးစက်စွာ ကြည့်လိုက်သည်။


ရှောင်ရှောင် ၏မိဘများသည် ကြောက်ရွံ့မှုကြောင့် ချွေးဒီးဒီးထွက်လုနီးပါးဖြစ်ခဲ့ရသည်။သူတို့ ရှောင်ရှောင်ကို မျက်နှာရိပ်မျက်နှာကဲပြပြီး ပါးစပ်ပိတ်ကာ ထိုင်ခိုင်းလိုက်သည်။ သို့သော် ရှောင်ရှောင် ကတော့ လုံးဝကြောက်ရွံ့မနေပေ။သူမ လည်ပင်းကို ငုံ့ထားပြီး အဖြေကို စောင့်နေဆဲ။တစ်ချိန်တည်းမှာပင် သူမသည် အားလုံး ထိတ်လန့်တကြား ဖြစ်စေသော စကားကို ပြောလိုက်သည်။


( သခင်မကို ပြုစုပျိုးထောင်ခြင်း)


 "မစ္စစု သေချာပေါက် ကြားဖူးတဲ့ စကားတစ်ခွန်းရှိတယ်၊ အဲဒါက အဆင့်အတန်းတူတဲ့ စုံတွဲ ဆိုတာပဲ...ငါတို့လို မိသားစုကြီးတွေအတွက်၊ အဆင့်သတ်မှတ်ထားတဲ့ စုံတွဲဆိုတာက အရမ်းအရေးကြီးတယ်... ဒါပေမယ့် နင့်ရဲ့မိသားစုအကြောင်း ငါအရင်က မကြားဘူးသလိုပဲ…နင့်ရဲ့ ဆွေမျိုးတွေကိုလည်း ဒီမှာ မတွေ့ဖူးဘူး... ဒါကြောင့် မစ္စစု… ငါတို့ သိချင်စိတ်ကို ဖြည့်ဆည်းပေးနိုင်မလား”


ရှောင်ရှောင် ၏ စကားများသည် ဤကဲ့သို့ ဖြစ်နေသော်လည်း လက်တွေ့တွင် သူမသည် စုမုန့်၏ နောက်ခံအကြောင်းကို သိထားပြီးဖြစ်သည်။ လူရှေ့သူရှေ့တွင် သူမကိုယ်သူမ မသိနားမလည်ဟန်ဆောင်ကာ မေးလိုက်ခြင်းသာ။


အဘိုးဝေ့ သည် ရှောင်ရှောင်ကို အေးစက်စွာကြည့်ကာ ပါးစပ်ကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။  


“စုမုန့်က ဝေ့မိသားစုရဲ့ မြေးပါ…သူမရဲ့ မျိုးရိုးက ဘယ်လိုပဲဖြစ်နေပါစေ၊ငါ့စိတ်ထဲမှာ ဘယ်သူမှ သူမနဲ့ ယှဉ်လို့မရပါဘူး… သူမက ဝေ့မိသားစုဝင်နဲ့ လက်ထပ်ပြီးကတည်းက ဝေ့မိသားစုဝင်တစ်ဦး ဖြစ်လာတာ...သူမကို နှိမ့်ချပြောဆိုတာဟာ ဝေ့မိသားစုကို နှိမ့်ချတာပါပဲ”


သူ့စကားအဓိပ္ပါယ်က တော်တော်ရှင်းနေပြီဖြစ်သည်။အဘိုးဝေ့က စုမုန့်ကို သူ့မြေးမလေးအဖြစ် ဆုံးဖြတ်ထားပြီးဖြစ်၍ သူမအား အဆုံးထိ ကာကွယ်ပေးမည်ဟု ဆိုခြင်းပင်။တစ်ချိန်တည်းမှာပင်၊သူ့စကားများသည် စုမုန့် သည် ဝေ့မိသားစုဝင်တစ်ဦးဖြစ်ကြောင်း ရောက်ရှိလာသူအားလုံးကို ပြောပြနေသည်။သူမကို အနိုင်ကျင့်ခြင်းက ဝေ့မိသားစုတစ်ခုလုံးကို ရန်ပြုနေသည်ဟု ဆိုလိုက်သည်။ 


အဘိုးဝေ့၏ မျက်နှာအမူအရာမှာ  မကျေမနပ်ဖြစ်ဟန်ပေါ်နေသည်။ ရှောင်မိသားစု၏ မိဘများသည် ယင်းကိုမြင်လိုက်ရသောအခါ၊အတော် ကြောက်ရွံ့နေခဲ့သည်။အထူးသဖြင့် အဘိုးဝေ့တို့ မိသားစုကို မစော်ကားရဲပေ။သူ၏ အရှိန်နှင့်အာဏာက တော်ရုံလူမကပ်ရဲပေ။အကယ်၍ သူ့ကိုသာ အာခံလိုက်မည်ဆိုလျှင်၊ ရှောင်မိသားစုတစ်ခုလုံး ဒုက္ခရောက်လိမ့်မည်။


ဤသည်က၊ ရှောင်ရှောင်သည် ဝေ့ရွှယ်ကို အလွန်အမင်း ကပ်ဖားနေရသည့်၊ အကြောင်းရင်းလည်း ဖြစ်သည်။  အထက်တန်းစား အသိုင်းအဝိုင်းတစ်ခုလုံးတွင် ရှောင်ရှောင် သည် အောက်ခြေအဆင့်တွင် ရှိနေသည်။ဝေ့မိသားစုကို ဆန့်ကျင်ဖို့ ရှောင်မိသားစုမှာ အသက်၈၀၀ရှိလျှင်တောင် မလုပ်ရဲကြ။  


အဖေရှောင်နှင့်အမေရှောင် ဒေါသထွက်ကာ ခြေထောက်ကို ဆောင့်ဆောင့်နင်းပြီး ရှောင်ရှောင်အား အဆက်မပြတ် အရိပ်အမြွက်ပြနေသည်။ကံမကောင်းစွာပင်၊ ရှောင်ရှောင် သည် စုမုန့် ဆီမှာသာ အာရုံရောက်နေသည်။ စုမုန့် နှင့် ဝေ့ထင် ကွာရှင်းထားသရွေ့ သူမမှာ အခွင့်အရေးရှိပြီး သူမ ဝေ့ထင်ကို လက်ထပ်ဖို့ ကူညီပေးမည်ဟု ဝေ့ရွှယ် ကတိပေးထားခဲ့သည်။


 "အားရှောင်ကို တားဖို့ နည်းလမ်းကို စဉ်းစားပါဦး...သူမ အရူးပဲ... အဘိုးဝေ့ကို ပြန်ပြောဖို့တောင် သတ္တိရှိနေတာပဲ”  


အမေရှောင် အလွန်စိုးရိမ်သောကြောင့် အဖေရှောင်အား ပြောလိုက်သည်။


 "အဲ့လိုပြောဖို့တောင်လိုသေးလား… ငါဘယ်လိုပြောရမလဲ စဉ်းစားနေတယ်!"  အဖေရှောင် က စိတ်မရှည်စွာပြောသည်။


အမေရှောင် ဘာမှ မတွေးနိုင်တော့။ခေါင်းထဲမှာ ထူပူလာပြီဖြစ်၍ ရှောင်ရှောင်ကို အမြန်တာလိုသောကြောင့် အဖေရှောင်အား တွန်းထုတ်သည်။  


“စဉ်းစားကြည့်ပါလား..ခဏလောက် စဉ်းစားကြည့်ပါဦး....  ရှောင်ရှောင်က အဘိုးဝေ့ကို ဒေါသထွက်အောင်လုပ်လိုက်ရင် ကျွန်မတို့ ရှောင်မိသားစုက အကျိုးဆက်ကို မခံနိုင်လောက်ဘူး...အခု ရှောင်မိသားစုက ဘယ်လိုမျိုးဖြစ်နေလဲဆိုတာ ရှင် မသိဘူးလား...ကုမ္ပဏီက ဟိုတစ်လောကတည်းက အခြေအနေမကောင်းတော့တာ.. ဝေ့မိသားစုကို စော်ကားရင် ကျွန်မတို့တော့ သွားပြီ”


အမေရှောင်က အဖေရှောင်ကို စားပွဲအောက်မှ အတင်းတွန်းရင်းပြောနေသည်။အားက အတော်များသဖြင့် အဖေရှောင်တစ်ယောက် အောက်ကိုကျလုနီးပါးပင်။မကြာမီ၊ အဖေရှောင် ဟန်ချက်ပျက်သွားပြီး ထိုင်ခုံပေါ်မှပြုတ်ကျသွားသည်။ ကံကောင်းထောက်မစွာ၊ သူ လျင်လိုက်၍ လဲကျခြင်းမရှိပေ။ သို့သော် ယခုတလော ထိတ်လန့်တုန်လှုပ်စရာများ ဖြစ်နေရသောကြောင့် မတော်တဆ အော်လိုက်မိသည်။သူ့အသံကို ရှောင်ရှောင် ထံ ရောက်နေသော လူတိုင်း၏အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။


 ....


လူအများကြီးက စိုက်ကြည့်ခြင်းကို ခံရသော အဖေရှောင် အရှက်ပြေ ခြောက်ကပ်ကပ် ရယ်လိုက်သည်။ချက်ချင်း သူ့ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်နေပြီး ဤအဆင်မပြေသည့် အခြေအနေကို ဖြေရှင်းဖို့ သူ ဘယ်လိုပြောရမလဲဆိုသည်ကို စဉ်းစားနေသည်။သူမ မပြောခင် အဘိုးဝေ့က အရင်ပြောသည်။  


"မင်းဘာလို့ ပြုတ်ကျသွားတာလဲ...ထိုင်ခုံ ကျိုးသွားပြီလား"


ပြောရင်းဆိုရင်း သူ့ဘေးနားမှ အစေခံအား သွားကြည့်ရန် လက်ပြလိုက်သည်။ အစေခံက သူ့ဆီ လျှောက်လာနေလျှင် အဖေရှောင်  ရှက်ရွံ့စွာပြုံးပြီး 


“မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲဒါ ကုလားထိုင်က ဖြစ်တာမဟုတ်ဘူး…  မတော်တဆ ချော်လဲသွားတာပါ... ကျွန်တော့်အတွက် စိတ်မပူပါနဲ့… ကောင်းပါတယ်"


ဤအခွင့်အရေးကို အသုံးချပြီး အဖေရှောင်က ရှောင်ရှောင်ကို "ရှောင်ရှောင်… လာခဲ့...နင့်ကိုပြောစရာရှိတယ်"


ရှောင်ရှောင်သည် အဖေရှောင်က ပုံမှန်အတိုင်းသာပြောနေခြင်းမှတ်၍  


“အဖေ... နေပါဦး..မစ္စစုကို မေးခွန်းတွေ မေးပြီးရင် လာပါ့မယ်"


သူ့သမီးက သူ ဘာကိုဆိုလိုမှန်း နားမလည်သည်ကို မြင်လိုက်ရသဖြင့် အရူးသမီးလေးမိုက်မဲအား


 "လာခဲ့...ကြားလား..."


အဖေရှောင်က လူတိုင်းရှေ့မှာ ရှောင်ရှောင်ကို အရှက်မဲ့စွာ အော်နေသဖြင့် ပတ်ဝန်းကျင်က လူတွေက သူတို့ကို ကြည့်နေကြသည်။လူတိုင်းက သူမကို အာရုံစိုက်နေပြီမို့ အဖေရှောင် ဘာပဲလုပ်လုပ် အသုံးမဝင်တော့ပေ။


ရှောင်ရှောင်ကို စိုးရိမ်တကြီး အော်ခေါ်နေသော အဖေရှောင်အား စုမုန့် မြင်သောအခါ၊ ချက်ချင်း သဘောပေါက်သွားသည်။ကံမကောင်းစွာ၊ ရှောင်ရှောင်ကသာ မမြင်နေခြင်းပင်။သူမသည် သူမအတွက် အခက်အခဲဖြစ်စေသူတွေကို မကူညီချင်ပေ။ထို့ကြောင့် သူမက အဖေရှောင်ကို အလွန်သတိထားနေကာ မေးလိုက်သည်။


"ဦးလေး၊ ရှောင်ရှောင်ကို ဘာလို့ ခေါ်နေတာလဲလို့ ကျွန်မ မေးလို့ရမလား...ဟင်...သူမ နာမည်က ရှောင်ရှောင်လို့ခေါ်တယ် မဟုတ်လား"


ထိုအခါ အဖေရှောင်က 


“ဟုတ်တယ်... သူက ဦးလေး အငယ်ဆုံးသမီး ရှောင်ရှောင်ပါ...သူမကလေ အသက်ကလည်း ငယ်တယ်၊ဉာဏ်ကလည်း မမီဘူးဆိုတော့ ဦးလေး တစ်ကယ်တောင်းပန်ပါတယ်"


ထိုစကားကိုပြောပြီးနောက် ရှောင်ရှောင်ကိုကြည့်ကာ ပြောလိုက်သည်။


 "လာပါ"


ကံမကောင်းစွာပင်၊ ရှောင်ရှောင်က မလှုပ်သေး။စုမုန့်က ပြုံးပြီး မေးသည်။


"ဒါဆို ဦးလေးက ရှောင်ရှောင်ကို အခု ခေါ်လာရတာက ဘာကိစ္စ အရေးကြီးနေလို့လဲ"



xxxxxxx