Chapter 129
(မြေခွေးသည် ကျား၏စွမ်းအားကို အသုံးပြုသည်)
အဖေရှောင် အလွန်စိတ်လှုပ်ရှားနေပြီဖြစ်သော်လည်း မျက်နှာမပျက်စေရန် တည်ငြိမ်ဟန်ဆောင်ကာ စုမုန့်ကို ပြန်ဖြေသည်။
“အဆင်ပြေပါတယ်... သူမက အရမ်းစကားများနေတော့ ဧည့်သည်တွေ ထမင်းစားချိန်ကို နှောင့်နှေးစေမှာ စိုးလို့ သူမကို ခေါ်သွားမလို့ပါ..ဦးလေး တကယ်စိတ်မကောင်းပါဘူး…သူမကို အလိုလိုက်ထားတာ့လေ ဘယ်လို ပြောဆိုရမှန်း မသိနေတာ"
“အဖေ၊ မစ္စစုကို သမီး မေးခွန်းနည်းနည်း မေးချင်တယ်…သမီးတစ်ယောက်တည်းမေးချင်တာမဟုတ်ပါဘူး...သမီးက လူတိုင်းကိုယ်စား တောင်းဆိုတာပါ...တွေ့လား၊ မစ္စစုက စိတ်မဆိုးဘူး... ဟုတ်တယ် မဟုတ်လား”
ရှောင်ရှောင် သည် အဖေရှောင် က သူမအား အလိုမကျဖြစ်နေသည်ဟု ထင်မိသည်။ထို့ကြောင့် သူမ ချက်ချင်းပင် စိုးရိမ်လာပြီး မိမိကိုယ်ကို ကာကွယ်ခဲ့သည်။
စုမုန့်သည် အစမှအဆုံး နားထောင်နေပြီး မျက်နှာပေါ်တွင် အပြုံးမပျက်။ ရှောင်ရှောင်၏ မေးခွန်းများသည် အလွန်ရှုပ်ထွေးသော်လည်း၊ သူမက စိတ်မရှည်သည့် အရိပ်အယောင် မပြခဲ့ပေ။
ရှောင်ရှောင် မေးခွန်းကို ကြားသည့်အခါ သူမက ခေါင်းညိတ်ပြီး
"မစ္စရှောင်က ဧည့်သည်ပါ....ကျွန်မက ဧည့်သည်တွေ မေးတာကို စိတ်ထဲမထားပါဘူး"
ထိုသို့ပြောပြီးနောက် ခေါင်းကိုလှည့်ကာ အဘိုးဝေ့ကို ။
“အဘိုး…ကျွန်မ အချိန်နည်းနည်းလောက် စကားပြောလို့ ရမလား"
အဘိုးဝေ့နှင့် စကားပြောနေသောအခါတွင် စုမုန့်သည် စောစောကလို မျက်နှာထားမျိုးမဟုတ်ဘဲ စာတော်သောကျောင်းသားတစ်ယောက်၏ ဂုဏ်ယူဝင့်ကြွားဟန်မျိုးတွေ့ရသည်။
အဘိုးဝေ့ ပြုံးပြီး “အဆင်ပြေပါတယ်...သမီး အနိုင်ကျင့်တာ မခံရသရွေ့တော့ အဘိုးက ကြိုက်ပါတယ်...သမီး ပြောချင်သလောက် ပြောနိုင်တယ်...တစ်ခုခုဖြစ်ရင် အဘိုးက သမီးကို ကူညီပါ့မယ်"
အဘိုးဝေ့ သည် သူမ၏ ရည်ရွယ်ချက်ကို မြင်နေရသည်။ဤမိန်းကလေးသည် အလွန်လိမ္မာပါးနပ်ကြောင်း သူ့စိတ်ထဲတွင် သိသည်။သူမသည် ရှောင်ရှောင် ကို ရည်ရွယ်ချက်ရှိရှိဖြင့် မျက်နှာပျက်အောင် လုပ်မည်ဖြစ်သည်။သို့သော်လည်း၊ တစ်ချိန်တည်းမှာပဲ သူ ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ သူ မမှားဘူး ဆိုလျှင် စုမုန့် အနည်းငယ် ပြောင်းလဲသွားသည်။ယခင်ကဆို၊ သူမသည် အခြားသူများအတွက် ခက်ခဲစေမည့်ကိစ္စများကို တမင်တကာမလုပ်တတ်။တစ်ဖက်က သူမကို ဘယ်လိုပဲ အနိုင်ကျင့်နေပါစေ၊သူမက သည်းခံခွင့်လွှတ်ပြီး ခပ်ပြုံးပြုံးပင်။ယခုမူ သူမအတွက် အခက်အခဲဖြစ်စေသူတွေအပေါ် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရမည်ကို သိနေပြီဖြစ်၏။
အဘိုးဝေ့ စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။ စုမုန့်ကို အနိုင်ကျင့်သူမရှိလျှင်၊သူမ အနိုင်ကျင့်မခံရလျှင် သူ ကျေနပ်သည်။သို့ဆိုလျှင်၊သူမ ဒုက္ခရောက်ခဲ့လျှင်တောင် သူမဘာသာ ဖြေရှင်းနိုင်မည်ဖြစ်ပေသည်။လောလောဆယ် သူမ ၎င်းကို ကိုင်တွယ်နိုင်ကြောင်း သိလိုက်ရသဖြင့် သူလည်း စောင့်ကြည့်ရန် စိတ်အားထက်သန်နေခဲ့သည်။
အဘိုးဝေ့၏ခွင့်ပြုချက်ကိုရရှိပြီးနောက် စုမုန့်သည် အဖေရှောင် ဘက်သို့လှည့်ကာ
"ဦးလေးရှောင်...ရှောင်ရှောင် သိချင်နေတာဆိုတော့ သူမကို မေးခွင့်ပေးလိုက်ပါ.. ပွဲပြီးလို့ ကျွန်မ ထွက်သွားရင် သူမ မေးလို့မရတော့ဘူးလေ…ပြီးတော့ သူမ တောင်းဆိုတာက ကြီးကြီးမားမားကိစ္စမဟုတ်ဘူး...ဖြေရတာ ဝမ်းသာပါတယ်...ဒါကြောင့် ဦးလေးမှာ ဘာမှ အရေးတကြီး မရှိဘူး ဆိုရင် သူမကို အရင်မေးခွင့်ပြုပါရစေ"
စုမုန့်၏စကားများကိုရင်ဆိုင်ရသောအခါ ကြောက်ရွံ့နေပြီဖြစ်သော အဖေရှောင် မည်သို့ဖြေရမည်ကို မသိပေ။သူ့စိတ်က ကိုယ်နှင့်မကပ်တော့။
ထိုအခိုက်မှာ… အဘိုးဝေ့က
“မစ္စတာ ရှောင် ထိုင်ပါ... ဒါက သူတို့ လူငယ်တွေ ကိစ္စပါ...တို့လို လူကြီးတွေက ဘာလို့ ဝင်ပါရမလဲ...ကလေးတွေရဲ့ စိတ်နေစိတ်ထားက ဒီလိုပါပဲ…စိတ်ထဲမှာ သံသယတွေ များနေရင် မေးချင်ကြတယ်...ပြေလည်သွားရင်တော့ အဆင်ပြေသွားမှာပါ...လာပါ၊လာပါ… အားလုံးပဲ ဒီကလေးနှစ်ယောက်ကို လျစ်လျူရှုပြီး ကြိုက်သလောက်စားပါ”
....
အဘိုးဝေ့ စကားကြောင့် အချို့က ဓားနှင့်ခရင်းများကို ကောက်ကိုင်လိုက်ကြသည်။သို့ရာတွင် သူတို့သည် စားရန် စိတ်မကူးကြဘဲ ရှောင်ရှောင် နှင့် တခြားသူများကိုသာ အကဲခတ်နေကြသည်။
အဘိုးဝေ့၏ စကားကြောင့် အဖေရှောင် ဘာပြောရမှန်းမသိတော့ပေ။ဤသည်မှာ အဘိုးဝေ့၏ မွေးနေ့ပွဲဖြစ်သော်လည်း အဘိုးဝေ့ စိတ်ထဲမထားချေ။ သူ တစ်ခုခုဆက်ပြောနေမည်ဆိုလျှင် အဘိုးဝေ့ စိတ်ဆိုးသွားနိုင်သည်။
စုမုန့် က အဖေဝေ့ ကို ဆက်မေးသည်။ "ဦးလေးရှောင် အဆင်ပြေလား"
အဖေရှောင် ခေါင်းညိတ်ပြပြီး သူ့နှုတ်ခမ်းထောင့်များက ပြုံးလိုက်ရင်း အားနာနာပြောရသည်။
“အဆင်ပြေပါတယ်.. ဒီသမီးက တစ်ကယ်ကို ဉာဏ်မမီဘူး...သူမက ကြမ်းကြမ်းတမ်းတမ်းပြောရင် စိတ်မဆိုးပါနဲ့"
"အဆင်ပြေပါတယ်…စိတ်မပူပါနဲ့ ဦးလေးရှောင် မြန်မြန်ထိုင်ပါ… ဒီတစ်ခါတော့ သေချာထိုင်ရမယ်...ထပ်မပြုတ်ကျအောင် သတိထားပါ”
စုမုန့် သူ့ကို လေးလေးနက်နက် သတိပေးလိုက်၏။
အဖေရှောင် ၏ ယင်ကောင်စားလိုက်မိသလိုမျိုး မအီမသာ ဖြစ်နေသည့် မျက်နှာကို ကြည့်ကာ သူမ စိတ်ထဲတွင် တောင်းပန်လိုက်သည်။ 'တောင်းပန်ပါတယ်...ရှင့်သမီးက ကျွန်မကို တမင်ပြောဆိုချင်နေတာပဲ..ကျွန်မ သူမကို လက်တုံ့ပြန်ရင် ကျွန်မကို အပြစ်မတင်ပါနဲ့'
တစ်ချိန်တည်းမှာပင် သူမ စိတ်ထဲမှ သက်ပြင်းချမိသည်။ ကျားကို ခြိမ်းခြောက်ဖို့ မြေခွေးတစ်ကောင်ကို သုံးရခြင်းက တစ်ကယ်ကောင်းသည်။ အဘိုးဝေ့ ကြောင့်သာ မဟုတ်လျှင် အားလုံးက သူမကို ဂရုမစိုက်ဘဲ လျစ်လျူရှုနေကြမှာပင်။
အဖေရှောင် ထိုင်ပြီးနောက် ရှောင်ရှောင် က စုမုန့် ကို မေးခွန်းတွေ ဆက်မေးသည်။မေးခွန်းတိုင်းသည် စုမုန့် မျက်နှာပျက်စေရန် ရည်ရွယ်ခဲ့သော်လည်း အားလုံးကို သူမက ကျွမ်းကျင်စွာ ဖြေရှင်းခဲ့သည်။ ရှောင်ရှောင် သူမကို ခက်ခဲသည့် အနေအထားကို တမင်တွန်းပို့နေသည်ကို သူမ စိတ်မဝင်စားပေ။ အကြောင်းမှာ အိမ်ရှင်ကို အနေခက်အောင် နှောင့်ယှက်သူ ဧည့်သည်ကြောင့် တခြားဧည့်သည်တွေလည်း ထိုဧည့်သည်ကို စိတ်ထဲက အပြစ်တင်နေမှာကို သိတာကြောင့်ပင်။ထိုအခါ မျက်နှာပျက်မည့်သူမှာ သူမ မဟုတ်ဘဲ ရှောင်ရှောင် သာဖြစ်ပေလိမ့်မည်။ဟုတ်သည်။မကြာခင်မှာ ရှောင်ရှောင် ကို မကျေနပ်ကြောင်း တစ်ယောက်တစ်လေက တီးတိုးပြောလာသည်။ထိုအခါမျိုးတွင်၊စုမုန့် ၏ အပြုံးက ပို၍ နူးညံ့လာသည်။
ရှောင်ရှောင်ကိုတားဖို့ အဖေရှောင် မအောင်မြင်သည်ကို အမေရှောင်က မြင်ပြီး ပြစ်တင်လိုက်၏။
"ဘာလို့ ဒီလောက် အသေးအမွှားကိစ္စလေးတောင် မကိုင်တွယ်နိုင်ရတာလဲ... ကုမ္ပဏီမှာရော၊အိမ်မှာရော ရှင်ဟန်ကြီးပန်ကြီးနဲ့ နေတတ်တာလေ...အခုကျ ဘာလို့ အဲ့လိုမျိုးမလုပ်တာလဲ...ကိုယ်သမီးကိုယ် သေချာ အရိပ်အခြည်သိအောင် ဟန်ပါပါ ပြောလိုက်ပါတော့လား... မစ္စစုက အဘိုးဝေ့မဟုတ်ဘူးလေ...ဒါတောင် ရှင်က သူမကို အရမ်းကြောက်နေသလိုပဲ"
(မယားငယ်ရှိခဲ့သည်)
အဘိုးဝေ့ကြောင့် အဖေရှောင်သည် စုမုန့်ကို ကြောက်သော်လည်း ဇနီးသည်ကို မကြောက်ပေ။ ထို့ကြောင့် အမေရှောင်က သူ့အား အပြစ်တင်သောအခါ... သူက ဒေါသတကြီး ဒေါသတကြီးနှင့်...
"မင်း နားမကြားဘူးလား…အဘိုးဝေ့က ဆက်ပြောခိုင်းနေတာကို ငါ ဘာပြောရမလဲ... ဘာလဲ မင်းက အဘိုးဝေ့ကို ဆန့်ကျင်ချင်တာလား"
"မင်းရောပဲ အပြစ်ရှိတယ်လေ... သူမကို အရမ်း အလိုမလိုက်ဖို့ ၊မဖျက်ဆီးဖို့ ငါဘယ်နှစ်ခါပြောခဲ့လဲ…အခုကြည့်စမ်း၊ မင်း သူမကို ဘာမှ ဆုံးမမှုမရှိဘူး...သူ ဘယ်မှာရောက်နေမှန်း၊ဘယ်သူနဲ့ပြောနေမှန်း ဘာမှ မသိဘူး...ဘာမဆို ပြောရဲဆိုရဲနဲ့... ငါတို့ အဘိုးဝေ့ကို စော်ကားရင် ငါတို့ ရှောင်မိသားစုတစ်ခုလုံး ဒုက္ခရောက်လိမ့်မယ်... ဒါတွေအားလုံးက မင်းရဲ့သမီးကြောင့်ချည်းပဲ...မင်းသူမကို ဘယ်လိုသင်ပေးခဲ့တာလဲ... မင်းရဲ့ သမီးက manner ကို မသိတော့ဘူး..."
အမေရှောင် စိတ်တိုသွားကာ အသံတိုးတိုးနှင့် ပြန်ပြောသည်။
“သူက ကျွန်မ သမီးပဲလား...သူမကို ဘယ်လို သင်ပေးတယ်ဆိုတာကို ကျွန်မ တစ်ယောက်တည်းကိုပဲ ပြောနေတာလား...ဒါဆို ရှင်က သူမကို ဘာသင်ပေးလဲ...ရှင် ကျွန်မကိုပဲ အပြစ်ပုံချတယ်...ကိုယ့်ကိုယ်ကိုကျ ဘာမှ မပြောဘူး"
အမေရှောင်သည် သူ့ကိုပြန်ပြောနေတာကြောင့် အဖေရှောင် စိတ်တိုလာရတော့သည်။ “ငါက နေ့တိုင်း လုပ်စရာတွေ အများကြီး ရှိသေးတယ်…ငါ သူမကို ဘယ်လိုလုပ် ဆုံးမနိုင်မလဲ…ဒါပေမယ့် မင်း နေ့တိုင်း ဘာမှမလုပ်ဘူး… မင်းအိမ်မှာ တစ်နေ့လုံးနေပေမယ့်တောင် ကလေးကို ကောင်းကောင်း မသင်ပေးတတ်ဘူး… မရှက်ဘူးလား…ငါတို့ ကလေးတွေကို ကြည့်ပါ…ငါတို့သားအကြီးဆုံးကလွဲရင် ဘယ်တစ်ယောက်ကများ…”
"ပါးစပ်ပိတ်ထား!"
အမေရှောင် သူ့စကားကို ရပ်လိုက်သည်။
"ကျွန်မ အိမ်ထဲမှာပဲ နေနေတယ်လို့ ရှင် ထင်နေတာလား...သူများတွေက အစေခံတွေကို အိမ်အလုပ်တွေ လုပ်ခိုင်းတယ်...သူတို့ကတော့ ဈေးဝယ်ထွက်ပြီး လက်ဖက်ရည်သောက်ကြတယ်…ကျွန်မ အတွက်လား?...နေ့တိုင်း ကလေးတွေကို ဂရုစိုက်ပြီး အိမ်မှုကိစ္စတွေ လုပ်ရတယ်... ရှင် မျက်နှာပန်းလှအောင် တခြားချမ်းသာတဲ့ ဇနီးတွေနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရတယ်"
"ကျွန်မ ဘာလို့ ဒီလောက်တောင် ပင်ပန်းနေတာလဲ သိလား...ရှင်က ပိုက်ဆံအများကြီး မရှာနိုင်လို့လေ...ကျွန်မမှာ အစေခံတွေငှားပြီး ဈေးကြီးတဲ့ ပရိဘောဂတွေ ဝယ်မဲ့ပိုက်ဆံကို သူများလို တန်းတူဝတ်နိုင်၊စားနိုင်အောင် သုံးရသေးတယ်... ဒီလိုမှမဟုတ်ရင် ပွဲတက်တဲ့အခါ မလှမပ၊သာမာန်အဝတ်အစား ဝတ်ရင် ရှင်က ဆူချင်သေးတယ်"
“အရေးကြီးဆုံးက…”
အမေရှောင်သည် အဖေရှောင်တစ်ကိုယ်လုံးအား စုန်ချည်ဆန်ချည် ကြည့်ရာ သူမ အကြည့်ကြောင့် အဖေရှောင် ထိတ်လန့်သွားခဲ့သည်။
”ရှင့် မယားငယ်ကို ပေးကမ်းနေရတာနဲ့ ရှင့်မိသားစုကို ဘယ်လောက်ထိ လျစ်လျူရှုထားလဲဆိုတာ ရှင့်ကိုယ်ရှင် မသိဘူးလား”
အမေရှောင်က သူ့မယားငယ်အကြောင်းပြောလာသည့်အခါ အဖေရှောင် ခေါင်းနပန်းကြီးသွားရသည်။
“ဘယ်က မယားငယ်လဲ...ဒီမှာ လူတွေအများကြီးရှိတယ်၊ ကလေးတွေလည်းရှိတယ်...မင်း ဘာတွေ လာပြောနေတာလဲ... ငါအသက်အရမ်းကြီးနေပြီ၊ ငါဘာလို့ မယားငယ် ထားရမှာလဲ"
အဖေရှောင်က ဝန်မခံလျှင် အမေရှောင် က ဖုန်းကို ထုတ်ပြီး ဓာတ်ပုံကိုပြလိုက်သည်။ပုံက အဖေရှောင်နှင့် သူ့ချစ်သူခေါ် မယားငယ်လေး နမ်းနေသည့်ပုံပင်။အနမ်းက ဘယ်လောက်တောင် ပြင်းထန်နေလဲဆိုသည်ကို မြင်ရုံနှင့် သိနိုင်၏။အဖေရှောင်သည် ထိုမိန်းမ၏ ခါးကို လက်တစ်ဖက်က ဖက်ထားပြီး ကျန်တစ်ဖက်က သူမ ရင်ဘတ်ပေါ်တင်ထားသည်။
အဖေရှောင်: "...မင်း ငါ့နောက်ကို နောက်ယောင်ခံလိုက်နေတာပဲ"
....
အမေရှောင် သည် အဖေရှောင်၏ဒေါသကို လုံးဝဂရုမစိုက်သလို ဖြစ်နေသည်။
"ဘာလဲ…ရှင်ပဲ ကျွန်မနောက်ကို လိုက်ချင်တာလား...ရှင် စိတ်ဆိုးနေတာလား"
အဖေရှောင် စိတ်တိုလာကာ သူ့လက်ကို မြှောက်ပြီး အမေရှောင်ကို ရိုက်ဖို့ပြင်လိုက်ရင်း...ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ဤနေရာက ဝေ့မိသားစု၏ပိုင်နက်ထဲမှာပင်။ လူတွေကလည်း အများကြီးရှိသည်။သူသာ ရိုက်လိုက်ပါက၊ ရှောင်မိသားစု၏ အရှုပ်တော်ပုံအကြောင်း လူတိုင်းသိသွားနိုင်သည်။
မိသားစုကြီးများတွင် မယားငယ်ထားခြင်းသည် အလွန်အဖြစ်များပြီး ယောက်ျားတိုင်းလိုလို လျှို့ဝှက်စွာ ထားကြသည်။ အပေါ်ယံတွင် ထိုလူကြီးလူကောင်းများသည် အကျင့်စာရိတ္တကောင်းမွန်သူဖြစ်သော်လည်း သူ့မယားငယ်ကိစ္စသာ ပေါ်သွားပါက၊သူ့ကိုပင် လှောင်ရယ်ကြနိုင်၏။ထိုသို့တွေးပြီး အဖေရှောင် စိတ်ထဲမှာ ဒေါသတွေထွက်နေေသးသော်လည်း သူ မရိုက်တော့။ သူ့လက်ကို ချလိုက်တော့သည်။
အမေရှောင် လည်း အောင်ပွဲခံသူပမာ ပြုံးလိုက်ပြီး "ရှင် ကျွန်မကို မကျေနပ်တာကြာပြီဆိုတာ သိပါတယ်…ကျွန်မက အဲဒီမိန်းကလေးတွေလောက် မလှဘူး၊ကျွန်မက ရှင်နဲ့ မထိုက်တန်ဘူးလို့ ထင်လား...ဆက်ပြောပါရစေ၊ ဒီဓာတ်ပုံထက် အထောက်အထား ပိုများတဲ့ ဗီဒီယိုရှိတယ်..ကျွတ် ကျွတ်…"
သူမက စုတ်သပ်လိုက်ပြီးနောက်
“ဗီဒီယိုထဲမှာ ရှင်က ခွေးလိုမျိုး အကျင့်တွေ ပျက်ပြားနေတာလေ…ကျွန်မသာ ပို့စ်တင်မယ်ဆိုရင် အင်တာနက်မှာ ချက်ချင်းရေပန်းစားလာမှာ မဟုတ်လား.. ရှောင်မိသားစုရဲ့ ဦးစီးက ဒီလိုမျိုးတောင် အကျင့်ပျက်နေတယ်ဆိုတာလေ... နားထောင်ရုံနဲ့ ရယ်ရတယ်… ဟားဟား...ဟားဟားဟား"
အမေရှောင် ပြုံးနေသော်လည်း သူမ မျက်လုံးတွေက နီရဲနေပြီး မျက်ရည်တွေ ဝဲနေသည်။
( နောက်တစ်ခါ အိမ်ထောင်ရေးမဖောက်ပြားဖို့ ကတိပြုပါ)
အမေရှောင် ကျခါနီး မျက်ရည်များကို ထိန်းကာ အံကြိတ်ရင်း အဖေရှောင်ကိုပြောသည်။
"နောက်ဆို ရှင် ကျွန်မကို ကောင်းကောင်းမွန်မွန်ဆက်ဆံရင်၊ ဘာမှ မဖြစ်ခဲ့ဘူးလို့ဟန်ဆောင်နိုင်တယ်…ဒါပေမယ့် ကျွန်မကို တစ်ခုခုလုပ်ဖို့ ကြိုးစားရင်တော့ ဒါပဲ...အဲဒီအချိန်ရောက်ရင် ရှောင်မိသားစုတင် သိမှာ မဟုတ်ဘူး... ရှောင်မိသားစု ဘာဖြစ်သွားလဲဆိုတာ ကမ္ဘာပေါ်ကလူတိုင်းကို ကျွန်မပြောပြမယ်"
ကံကောင်းထောက်မစွာ၊ လူတိုင်း၏အာရုံကို ရှောင်ရှောင် က ဆွဲဆောင်ထားခဲ့သည်။ထို့အပြင် ခန်းမထဲတွင် စန္ဒယားတီးနေသဖြင့် သူတို့စကားကို မည်သူမျှမကြားနိုင်ပေ။
စုမုန့် ကြောင့် အဖေရှောင် ၏ မျက်နှာထားသည် အလွန်ပျက်ယွင်းနေခဲ့ပြီဖြစ်သည်။ယခု သူ အမေရှောင် နှင့်လည်း စကားများနေ၍ သူ့မျက်နှာက ရေတွေ အပျက်ပျက်ပင်။ အမေရှောင် သူ့နောက်ကို နောက်ယောင်ခံလိုက်ခဲ့သည့် အချက်ကို သူ ရွံရှာခဲ့သော်လည်း ပြသနာကို ပိုဆိုးသွားအောင် မလုပ်မိစေဖို့ ခဏလောက် စဉ်းစားပြီးမှ...
"ကိုယ် မင်းကို လျစ်လျူရှုခဲ့တယ်… စိတ်မပူပါနဲ့၊ နောင်မှာလည်း မင်းကို ပိုကောင်းကောင်း ဆက်ဆံပါ့မယ်...အဲ့ဒီမိန်းကလေးက ခဏတွဲတာပါ...ကိုယ် ပြီးရင် သူမကိုမောင်းထုတ်လိုက်မယ်"
"ဘာပဲဖြစ်ဖြစ် သူမကို ငြီးငွေ့နေပါပြီ…ဒါကို သူမကို နှင်ထုတ်ဖို့ အကြောင်းပြချက်တစ်ခုအနေနဲ့ သုံးလိုက်မယ်"
'ပြီးတော့ အသစ်တစ်ယောက်ပြောင်းလိုက်မယ်…မင်းအတွက်တော့ ငါ တည်ငြိမ်နေပြီး မင်းရဲ့အကူအညီမလိုတဲ့အခါ မင်းကိုကွာရှင်းပြီး အရမ်း နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်တတ်တဲ့ မိန်းမချောလေး တစ်ယောက်ကို ငါ လက်ထပ်လိုက်မယ်'
အဖေရှောင် ကျန်စကားတွေ အားလုံးကို မပြောဘဲ ဤအသက်ကြီးပြီး ယုတ်မာသော ဇနီးသည်အား စိတ်ထဲက ကျုံးဝါးလျက်ရှိ၏။
အဖေရှောင်၏ တောင်းပန်မှုကို အမေရှောင်က လက်ခံခဲ့သည်။သူ ရိုးသားသည်ဖြစ်စေ၊ မရိုးသားသည်ဖြစ်စေ သူမ ဂရုမစိုက်။သူမ လက်ထဲမှာ အထောက်အထားတွေ ရှိနေတာကြောင့် သူမအပေါ် နောက်ထပ်သစ္စာမဖောက်ဝံ့ဘူးဟုသာ ထင်ခဲ့သည်။သို့သော်လည်း ယခုအချိန်တွင် သူမ ဒေါသထွက်နေပြီး အဖေရှောင်နှင့် စကားဆက်မပြောချင်တော့သောကြောင့် ဘာမှပြန်မပြောလိုက်ပေ။
အဖေရှောင် တစ်ခုခုပြောခါနီးမှာ ဖုန်းက ရုတ်တရက်မြည်လာသည်။ သူ ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး အမေရှောင်ကို မော့ကြည့်လိုက်သည်။
"ငါ ဖုန်းသွားဆက်လိုက်ဦးမယ်"
အမေရှောင် သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ဖုန်းထဲက နံပါတ်ကို သူမ မှတ်မိနေပါသေးသည်။ဤသည်က အဖေရှောင်၏ မယားငယ်ဆီမှ လာခြင်းပင်။သူမ စိတ်ထဲတွင် လှောင်ရယ်ကာ ခေါင်းကိုတစ်ဖက်လှည့်လိုက်သည်။
အဖေရှောင် သိပ်ရှင်းပြမနေဘဲ ဖုန်းကိုယူကာ အပြင်သို့ ထွက်လာခဲ့သည်။ လူမရှိသော နေရာကို ရောက်သောအခါ ဖုန်းကို ကောက်ကိုင်လိုက်သည်။
အဖေရှောင် နှင့် အမေရှောင် ရန်ဖြစ်နေတုန်း ရှောင်ရှောင် က စုမုန့် နှင့် စကားပြောနေဆဲ။ထို့အပြင် စုမုန့် နှင့် အဘိုးဝေ့ တို့ထံမှ သဘောတူညီချက်ရထားသောကြောင့် သူမ၏ မေးခွန်းများသည် ပိုမိုရှုပ်ထွေးလာခဲ့သည်။နောက်ဆုံးတွင်တော့ စုမုန့် နှင့် ဝေ့ထင်တို့ ကွာရှင်းပြတ်စဲရန်ကိုသာ ဦးတည်လာနေ၏။
ပထမတော့ အဘိုးဝေ့ က သူတို့ နှစ်ယောက် စကားကိုသာ နားထောင်ခဲ့သော်လည်း၊ရှောင်ရှောင် စကားများက ဆင်ခြင်တုံတရား ကင်းမဲ့လာတာကြောင့် သူ ဝင်ပြောရတော့သည်။
"လူတစ်ချို့က ဝေ့မိသားစုရဲ့တံခါးဝကိုဝင်ဖို့ မိန်းကလေးမုန့်ကို နင်းချင်မှန်း ငါ သိတယ်..ဒီနေ့တော့ ငါ ဒဲ့ပဲ ပြောလိုက်မယ်...ဒီအဘိုးကြီး အသက်ရှင်နေသရွေ့ ငါ မိန်းကလေးမုန့် ကို တစ်သက်လုံးကာကွယ်သွားမယ်…ငါဒီမှာရှိနေသရွေ့ ဝေ့မိသားစုကို ဘယ်သူမှ မဝင်ရဘူး... ဝေ့ကျောက် ရဲ့ နှလုံးသားထဲမှာ စုမုန့်ကိုပဲ ငါ့မြေးချွေးမအဖြစ် အသိအမှတ်ပြုတယ်”
အဘိုးဝေ့၏ အကာအကွယ်ပေးသော စကားကို ရင်ဆိုင်လိုက်ရာ စုမုန့် စိတ်ထဲမှာ ကျေးဇူးတင်စိတ်နှင့် နွေးထွေးမှုတို့ဖြင့် ပြည့်နှက်နေရသည်။သူမ ဆရာကလွဲ၍ ဤကမ္ဘာကြီးမှာ အဘိုးကြီးဝေ့ကသာ သူမအပေါ် ကောင်းပေးသည်။ထို့ကြောင့် အနာဂတ်တွင် မည်သို့ပင်ဖြစ်ပါစေ၊ သူမသည် ဤအဘိုးနှစ်ဦးကို သေချာပေါက် ကာကွယ်ရမည်ဖြစ်သည်။
“ဒီလောက် စကားတွေ အများကြီးပြောပြီးတာတောင် မစ္စစုက မိသားစုနောက်ခံအကြောင်း ဘာမှ မပြောသေးဘူး...နင့်ရဲ့မိသားစုနောက်ခံက မကောင်းလို့ မပြောရဲတာလား"
ရှောင်ရှောင် သူ့မေးစေ့ကိုပင့်လိုက်ပြီး စုမုန့်ကို မေးလိုက်သည်။ သူမ၏ မိသားစု နောက်ခံအကြောင်းကို တခြားသူတွေကလည်း သိချင်ကြ၏။သို့သော်၊ သူတို့သည် အဘိုးဝေ့ရှေ့မှာ မေးရသည်အထိ ရှောင်ရှောင် လောက် မတုံးပေ။ သို့သော် သူတို့ နားထောင်ရမည်ဆိုလျှင်တော့ စိတ်ပါလက်ပါ နားထောင်ချင်ကြသည်။သူတို့ရှေ့မှာ ငတုံးမ တစ်ယောက်ရှိနေသည်။ယခုလို စိတ်ဝင်စားစရာကောင်းသည် ကိစ္စတွေကို နားမထောင်လျှင်၊ မဖြစ်၍ သူတို့အားလုံး တိတ်တိတ်ဆိတ်ဆိတ်ပဲ ကြည့်နေကြသည်။
စုမုန့် သူမ၏ မိသားစုနောက်ခံအကြောင်း တခြားသူတွေကို ပြောပြဖို့ မတွန့်ဆုတ်ပေ။ဝင်ပါချင်နေသော အဘိုးဝေ့ကို တားပြီး သူမ ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း အရိပ်အခြည်ပြလိုက်သည်။ ထို့နောက် ခွက်ကို ကောက်ကိုင်လိုက်ပြီး ရေတစ်ငုံကို ဝိုင်နီသောက်သလို၊လှလှပပနှင့် သပ်ရပ်စွာ သောက်လိုက်သည်။
xxxxxxx