Chapter 133
(စုမုန့် အရှက်ကွဲပြီ)
ပတ်ဝန်းကျင်က လူတွေမှ တစ်ယောက်နှင့်တစ်ယောက် တီးတိုးတီးတိုးပြောလာသည်။ သူတို့ အဘိုးဝေ့အကြောင်း မပြောဝံ့သော်လည်း စုမုန့် အကြောင်းကိုမူ ပြော၍ရ၏။
သူတို့အသံတွေက မတိုးလှတာမို့ စုမုန့် နှင့် ဝေ့ရွှယ် တို့နှစ်ယောက်စလုံးကြားလိုက်ရသည်။ဝေ့ရွှယ် သည် စုမုန့်ကို နောက်ဆုံးတွင် တစ်ကျော့ပြန်အနိုင်ရပြီဟု တွေးရင်း ဂုဏ်ယူစွာကြည့်လိုက်သည်။
စုမုန့်သည် ပတ်ဝန်းကျင်ကလူတွေ၏ အမြင်ကို ဂရုမစိုက်ဘဲ အဘိုးဝေ့ကို ကြည့်ပြီး “အဘိုး၊ မွေးနေ့ပွဲပြီးရင် တိတ်တိတ်လေး ပို့ပေးချင်တယ်...အခု က လူတွေများလွန်းတယ်...ခဏလောက်စောင့်ပါဦး"
"နင်က အခုမှပြင်ဆင်မလို့လား...မပြင်လည်းရတယ်နော်..အဘိုးက နင့်ကို အပြစ်ပြောမှာမဟုတ်ဘူး...နင် လုပ်ချင်တယ်ဆိုလည်း ငါလည်း နင့်ကို ကူညီပေးနိုင်တယ်"
ဝေ့ရွှယ်က ကူညီမည်ဟု ပြောခဲ့သော်လည်း၊ သူမ တင်ပါးက လုံးဝမကြွသေးပေ။မထတော့မည့်လူလိုမျိုး တစ်စက်မှ မလှုပ်သေး။
စုမုန့် သည် ဝေ့ရွှယ်ကိုကြည့်ကာ ရုတ်တရက် ရယ်သည်။ထို့နောက် စကားတစ်ခွန်းမှ မပြောဘဲ လှည့်ကာ စောစောက သူမ ထိုင်ခဲ့သည့်ထိုင်ခုံပေါ်မှ အင်္ကျီကို ကောက်ကိုင်လိုက်ပြီး လက်ဖဝါးအရွယ် အနီရောင် အလုံပိတ်အိတ်ကို ထုတ်လိုက်သည်။
လူတိုင်းက စုမုန့်ကို စိုက်ကြည့်ရင်း သူမ ဘာတွေကိုင်ထားလဲဆိုသည်ကို သိချင်နေကြသည်။သို့သော်လည်း အိတ်သေးသေးလေးပဲဖြစ်၍ သူတို့စိတ်ဝင်စားမှုက ချက်ချင်း ပျောက်သွားရ၏။အိတ်သေးသေးလေးထဲမှာ တန်ဖိုးကြီးပစ္စည်း တစ်ခုမှ မဆံ့နိုင်ပေ။ ဝေ့မိသားစု၏ သခင်မလေးက ဤမျှတွန့်တိုမည်ဟု သူတို့မထင်ထားပေ။အဘိုးဖြစ်သူအတွက် ထိုက်တန်သော လက်ဆောင်ကိုပင် သူမ မပြင်ဆင်ခဲ့ပေ။ရှက်စရာကောင်းလွန်းသည်။
ဤအခြေနေကိုမြင်လျှင် အပျော်ဆုံးလူက ဝေ့ရွှယ်ပင်။သူမ အမြင်အရ စုမုန့်သည် ဘာမဆို အတင်းလုပ်ယူ ကြိုးစားနေတာပင်။ ဝေ့ထင်ထံမှ လက်ဆောင်ကို သူမ ရှာမတွေ့သောကြောင့် လက်ဆောင်အဖြစ် တစ်ခုခု ကောက်ယူလာခြင်းဖြစ်နိုင်သည်။ထိုအချိန်မှာ၊ လူအုပ်ထဲက တစ်ယောက်ယောက်က ပြောလိုက်သည်။
“မစ္စစု၊ ဒီလိုပြောရတာ မရိုးမသားမှန်း သိပါတယ်… ဒါပေမယ့် မင်းအိတ်ထဲမှာ ဘာပါလဲလို့ မေးချင်မိတယ်…ငါတို့ကြည့်လို့ရမလား"
စကားပြောသူမှာ အသက်နှစ်ဆယ်ကျော် လူငယ်လေးဖြစ်သည်။ပြောပြီးသည်နှင့် သူသည် ဝေ့ရွှယ် နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ စုမုန့် ချက်ချင်း သဘောပေါက်သွားရ၏။ဤလူငယ်သည် ဝေ့ရွှယ် နှင့်အတူ တစ်ဖက်တည်းဖြစ်ပုံရသည်။ဝေ့ရွှယ် ကိုယ်တိုင်မပြောနိုင်သည့် အရာတချို့ ရှိတာကြောင့် သူက သူမအား ကူညီနေခြင်းပင်။ထို့ကြောင့် သူမက ပြုံးပြီး “ကျွန်မကတော့ ဘာမဆို လုပ်နိုင်ပါတယ်.…ဒါပေမယ့် ဒါက အဘိုးအတွက် လက်ဆောင်ပါ...ပရိတ်သတ်ကို ပြချင်တာလား၊ မပြချင်ဘူးလားဆိုတာက အဘိုးအပေါ် မူတည်တယ်"
ထို့နောက် သူမက ပြန်လျှောက်လာပြီး အိတ်ကို အဘိုးဝေ့ဆီ ပေးလိုက်သည်။
“အဘိုး၊ မွေးနေ့မှာ ပျော်ရွှင်ပါစေနော်...ကျွန်မ ဒီဟာထက်ကောင်းတဲ့လက်ဆောင်ကို မပြင်ဆင်နိုင်လို့ အဘိုး လက်ခံပေးဖို့ပဲ ပြောချင်ပါတယ်"
စုမုန့်က အတွင်းမှအရာသည် တစ်ကယ်တန်ဖိုးမရှိသလို နှိမ့်ချစွာပြောလိုက်သည်။
အဘိုးဝေ့လည်း အိတ်ကိုယူကြည့်လိုက်ရာ သေးငယ်သော အရာဝတ္ထုတစ်ခုဟု သူပါထင်ခဲ့သည်။သို့သော် လက်ဆောင်၏တန်ဖိုးကို သူ ဂရုမစိုက်။သူက အတွေးကိုပဲ ဂရုစိုက်တာမို့ ပြုံးပြုံးလေးပြောသည်။
“လက်ဆောင်ဆိုရင် ဘာပဲဖြစ်ဖြစ် အဘိုးက ကြိုက်ပါတယ်...ဒါတွေအားလုံးက နှလုံးသားနဲ့ဆိုင်တယ်..စိတ်ထားလေးကသာ မွန်မြတ်ရင် တန်ဖိုးက အရေးမကြီးတော့ဘူး"
စကားပြောနေရင်း သူသည် အလုံပိတ်အိတ်ကို ဖြည်းညှင်းစွာဖွင့်ကာ အတွင်းရှိပစ္စည်းများကို ထုတ်ယူလိုက်သည်။ ပစ္စည်းကို ထုတ်ယူလိုက်သောအခါတွင် ဧည့်သည်အားလုံး အသက်ပြင်းပြင်းရှူကာ အထင်အမြင်သေးပုံပေါ်သွားရသည်။တချို့လူတွေက အကျယ်ကြီး ရယ်ကြသည်။
ဝေ့ရွှယ်သည် အဘိုးဝေ့လက်ထဲရှိ အရာများကို ကြည့်ပြီး ဝမ်းသာအားရဖြစ်နေတော့သည်။သူမက ပြုံးပြုံးလေးဖြင့် မေးသည်။
“ယောက်မရယ်…နင့်မှာ အခက်အခဲရှိရင် ငါ့ကိုပြောပါ… လက်ဆောင်ပေးဖို့လည်း ကူညီပေးနိုင်ပါတယ်…လက်ဆောင်မပါလာရင်တောင် အဘိုးက ဘာမှ မပြောပါဘူး...ဒါပေမယ့် နင် အဘိုးကိုတော့ ဒီလိုမလုပ်သင့်ဘူး"
စုမုန့် ဘာမှပြန်မပြောသလို သူမကိုလည်း မကြည့်ပေ။
“နင့်မှာ ပိုက်ဆံမရှိလို့ပဲလား…ဒါပေမယ့် အစ်ကို ဝေ့ထင်က နင့်ကို လစဉ် မုန့်ဖိုးပေးတယ်မလား..ဝေ့မိသားစုရဲ့ သားသမီးတွေကို အမြဲတမ်း မုန့်ဖိုးအများကြီး ပေးထားတာပါ"
“အစ်ကိုဝေ့ထင်က နင့်ကို ပိုက်ဆံမပေးဘူးဆိုရင်တောင်...ဒါကတော့ မဖြစ်သင့်ဘူး...သူက ဒီတစ်ခါတော့ နင် အဘိုးကို ပေးဖို့အတွက် လက်ဆောင်တစ်ခုတောင် ကိုယ်တိုင်ပြင်ဆင်ထားတယ်မလား"
ထိုစဉ်၊ ဝေ့ရွှယ် နှင့် မနီးမဝေးက မိန်းကလေးတစ်ယောက်က ရုတ်တရက် ပြောလိုက်တာက "ဒါက မဖြစ်သင့်တာကြီး...နင့်ယောင်းမက နင့်အစ်ကိုပေးခဲ့တဲ့ မုန့်ဖိုးအကုန်လုံးကို သုံးထားလို့လက်ဆောင်ပြင်ဆင်ဖို့ ပိုက်ဆံမရှိတာ နေမယ်”
ဝေ့ရွှယ် နှုတ်ခမ်းကို ကိုက်ပြီး စုမုန့် ကိုဟန်ဆောင်,ကာပြောသည်။
"မဖြစ်နိုင်ဘူး…ငါ့ယောက်မမက အဲ့ဒီလိုလူမဟုတ်ဘူး...သူမ… သူမကလေ ပိုက်ဆံဖြုန်းတီးသူ တစ်ယောက်ဖြစ်နိုင်ပေမယ့် အရေးကြီးတဲ့ အချိန်မှာတော့ မဟုတ်တာလုပ်မယ့်သူ မဟုတ်ပါဘူး"
ထိုကောင်မလေးက “ဒါက အရေးကြီးတဲ့ အချိန် မဟုတ်ဘူးလား...သူမ လုပ်ရပ်က မဖြစ်သင့်ဘူးလို့ နင်လည်း မယူဆဘူးလား...အဘ်ိုးဝေ့ အပေါ် ဒီလိုလုပ်တာကို ငါ တစ်ကယ် စိတ်မကောင်းဘူး"
( ဒေါသထွက်ကာ ငိုခြင်း)
ဝေ့ရွှယ်နှင့် အထူးရင်းနှီးသော နံဘေးရှိ သူငယ်ချင်းအနည်းငယ်ရှိ၍ ပါးစပ်ဖွင့်ကာ “ဟုတ်တယ် မစ္စစု... အဘိုးဝေ့က နင့်ကို အရမ်းဂရုစိုက်ပေးတယ်လို့ ငါတို့ကြားတယ်...ဒါတောင် နင် သူ့ကို ဘယ်လို လှည့်စားရက်တာလဲ”
အဘိုးဝေ့သည် စကားပြောနေသော လူငယ်များကို မကျေမနပ် စိုက်ကြည့်နေသည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာရသည်။ သူ စကားတစ်ခွန်းမှ မပြောသော်လည်း သူ့မျက်လုံးများက လူငယ်များကို တုန်လှုပ်စေခဲ့သည်။
အဘိုးဝေ့၏အမူအရာကိုမြင်လျှင် ထိုလူများသည် ချက်ချင်းပင် အသံမထွက်ရဲပေ။သူတို့အားလုံး ခေါင်းငုံ့ထာပြီး မော့မကြည့်ဝံ့ကြ။
စုမုန့် ဂရုမစိုက်ပေ။ သူမသည် အခြားသူများ၏ အတင်းအဖျင်းပြောခြင်းကို အချိန်အကြာကြီး ခံလာရသူဖြစ်၍ ဤစကားအနည်းငယ်လေးက သူမကို မထိခိုက်ပေ။ထို့အပြင်၊ သူမ အဲ့ဒီလူတွေနဲ့ ငြင်းခုန်လို့နိုင်ခဲ့ရင်တောင် ဘာသွားသုံးရမှာလဲ..နောက်ဆုံးတော့ သူမကို လှောင်ရယ်ကြမှာ မဟုတ်ဘူးလား...သူမ ဘဝ၏ ဒဿနက အသုံးမဝင်သည့်အရာတွေကို မလုပ်ဘဲ၊ နောက်ဆုံးမှာ အတင်းအဖျင်းလူတွေကို ပါးစပ်ပိတ်သွားအောင် ကြိုးစားရမည်ဟူ၍ပင်။
သူမ အဘိုးဝေ့ကို တိတ်တဆိတ်ကြည့်နေသည်။သူ့မျက်လုံးထဲက အကြည့်က စောစောကနှင့်မတူဘဲ တစ်စုံတစ်ယောက်အလား၊နွေးထွေးမှုအရိပ်အငွေ့များ ပြည့်နေသလိုပင်။ သေသေချာချာ တွေးကြည့်ပြီးနောက် သူ့မျက်လုံးထဲက အကြည့်တွေက ဝေ့ထင် နှင့် တူနေမှန်း သိလိုက်ရသည်။သူမထပ်ပြီး အဘိုးဝေ့ကို ထပ်ကြည့်သည်။ သေချာကြည့်လေ၊ သူတို့မြေးအဘိုးက တစ်ယောက်နှင့်တစ်ယောက် ပိုတူလေပင်။သူမ စိတ်ထဲတွင် သက်ပြင်းချမိသည်။ မြေးအဘိုးနှစ်ယောက် တူလည်းတူပါပေ့။ တစ်ဖန် ဆက်ပြီး အဖေဝေ့နှင့် အမေဝေ့ကို လှည့်ကြည့်လိုက်သော်လည်း တစ်ယောက်နှင့်တစ်ယောက် လုံးဝမတူဖြစ်နေသည်။ဖြစ်နိုင်သည်က cross-generation inheritanceဟုခေါ်သည့် ငုပ်ဗီဇတစ်ချို့ ပြန်ပေါ်လာသည်ဟုပင်ပြောရမည်။အဘိုးဝေ့၏ ဗီဇ၊အကျင့်တို့သည် အဖေဝေ့မှာ ထင်ဟပ်နေရမည့်အစား၊မြေးဖြစ်သူ ဝေ့ထင်ဆီမှာ ငုပ်ဗီဇအဖြစ်ပြန်ပေါ်သွားခြင်းပင်။ထို့ကြောင့် ဝေ့ထင်သည် ဤနှစ်ယောက်နှင့် အလွန်ကွာခြားနေသည်မှာ အံ့သြစရာမဟုတ်ပေ။
စုမုန့်အကြောင်း ဘယ်သူမှ မပြောတော့သဖြင့် အဘိုးဝေ့ ခေါင်းငုံ့ပြီး သူ့လက်ထဲက အရာကို ဆက်ကြည့်သည်။ယခုထိ သူ စကားမပြောသေး။မကြာမီ သူ အလွန်စိတ်လှုပ်ရှားသွားပြီး မျက်လုံးများနီရဲလာသည်။
ဘေးမှကြည့်နေသော ဝေ့ရွှယ်သည်လည်း အနည်းငယ် အံ့သြသွားသည်။ အဘိုးဝေ့ ယခုလို စိတ်တည်ငြိမ်မှု ပျောက်ဆုံးသည်ကို သူမ မမြင်ဖူးပေ။ထို့ကြောင့် စုမုန့်ကို ဒေါသထွက်သည်ဟု ထင်မိ၍ ပို၍ပင် ဝမ်းသာသွားရသည်။
စုမုန့် သည် အဘိုးဝေ့ကို လက်ဖဝါး ထက်ဝက်ခန့်ရှိသော ကြွေထည်ပစ္စည်းတစ်ခု ပေးခဲ့သည်။၎င်းတွင် ရောင်စုံပုံစံကနုတ်များ ခြယ်ထားသည်မှလွဲ၍ အခြားထူးခြားသောလက္ခဏာများ မရှိ။ အကယ်၍ ကျောက်မျက်ရတနာများ စီခြယ်ထားပါက၊အားလုံး ယခုလို အံ့ဩမနေသင့်ပေ။ဤအရာသည် လမ်းဘေးသို့ လွှင့်ပစ်လျှင်ပင် ဘယ်သူမှ မကောက်ချင်သည့် အမှိုက်မျိုးဖြစ်သည်။ ရိုးရိုးကြွေအကျိုးအပဲ့ကလေးပင်။
အဘိုးဝေ့၏အမူအရာကိုမြင်လျှင် ဝေ့ရွှယ်စိတ်ထဲတွင် ရယ်မောလိုက်သည်။ အဘိုးဝေ့သည် စုမုန့်ကို အလွန်ဂရုစိုက်သော်လည်း ကျိုးပဲ့နေသောကြွေသားအပိုင်းလေးကိုသာ လက်ဆောင်အဖြစ် ရရှိခဲ့သည်။ထို့ကြောင့် အဘိုးဝေ့ စိတ်ပျက်ပြီး ဝမ်းနည်းနေခဲ့တာပင်။
မနီးမဝေးမှာ ထိုင်နေသည့် ဝေ့မိဘတွေက အခြေအနေကို အာရုံစိုက်နေခဲ့သည်။စုမုန့်က အဘိုးဝေ့အား ကြွေထည်တစ်ပိုင်း ပေးသည်ကို တွေ့လိုက်ရလျှင်၊ သူတို့မျက်နှာတွေ မည်းမှောင်သွားရ၏။စုမုန့်က ဝေ့မိသားစုကို အရှက်ရစေသည်ဟု သူတို့နှစ်ယောက်လုံး ထင်နေကြသည်။
စုမုန့်သည် ဝေ့ထင်နှင့် မကွာရှင်းရသေးပေ။ထို့ကြောင့် သူမသည် ဝေ့မိသားစုဝင် အဖြစ်အမည်ခံထားသော်လည်း ယုတ်မာသော လက်ဆောင်ကို ပေးခဲ့သည်။ ရှက်စရာကောင်းလိုက်တာ…
အဖေဝေ့က စုမုန့်ကို ဆူပူကြိမ်းမောင်းချင်သော်လည်း အဘိုးဝေ့က မတ်တပ်ထရပ်ကာ “အားလုံး စားကြရအောင်… ငါ့အတွက် စိတ်မပူပါနဲ့…ငါ လေကောင်းလေသန့်ရဖို့ အပြင်ထွက်လိုက်ဦးမယ်"
သူပြောပြီးသည်နှင့် သူ့ပတ်ဝန်းကျင်က လူတွေကို ဂရုမစိုက်ဘဲ ထွက်သွားလေတော့သည်။ ပုံမှန်အားဖြင့် စူးရှသော သူ၏ မျက်လုံးများသည် ငိုတော့မလို နီရဲနေရသည်။
အဘိုးဝေ့၏စကားကိုကြားလျှင် ဧည့်သည်များ ဤကိစ္စကို စိတ်မ၀င်စားတော့ပေ။ အဘိုးဝေ့စိတ်ဆိုးနေသည်ဟုသာထင်လိုက်ကြ၏။ ထို့ကြောင့် ကိုယ့်အသက်ကို ညှာတာပါက၊ငြိမ်ငြိမ်နေခြင်းကသာ ပိုကောင်းပေမည်။
ထိုစဉ်၊ဝေ့ရွှယ်က စုမုန့် နံဘေးကို လျှောက်သွားပြီး “ စုမုန့်... နင် အမြဲ အဘိုးနဲ့နီးပေမယ့် ဒီတစ်ခါ အရမ်းဝေးသွားပြီ… အဘိုးက နင့်အပေါ် အရမ်းကောင်းပေမယ့် နင်ကတော့ သူ့ကို ဒီလောက်တန်ဖိုးမရှိတဲ့ဟာကို မွေးနေ့လက်ဆောင်အဖြစ် ပေးရသလား...ကြည့်စမ်း၊ အဘိုး ဒေါသထွက်လွန်းလို့ ငိုတော့မယ်"
စုမုန့် က မျက်လုံးပြူးကြည့်ပြီး ဘာမှပြန်မပြော။
မကြာမီ၊ အဖေဝေ့သည် စုမုန့်ဘက်သို့ တိတ်တိတ်ဆိတ်ဆိတ် လျှောက်သွားကာ အသံတိုးတိုးဖြင့် ကြိမ်းမောင်းလိုက်သည်။
"စုမုန့် နင်က အမြဲတမ်း ရိုင်းစိုင်းတတ်တာမှန်ပေမယ့် ဒီအခြေအနေမှာ နင် ဘယ်လိုတောင် ရက်စက်ရတာလဲ…နင် ဝေ့မိသားစုကို အရှက်ရအောင် လုပ်တာလား...ဒါဆို ဘာမှမပေးတာ ပိုကောင်းတယ်"
ဝေ့ရွှယ် နှင့် အဖေဝေ့က သူမအား ပြစ်တင်ရှုတ်ချသောအခါ စုမုန့် မျက်မှောင်ကြုတ်ကာ နောက်ဆုံးတွင် ပြောလိုက်သည်။သို့သော် သူမ၏စကားကြောင့် ဝေ့ရွှယ်နှင့် အဖေဝေ့တို့ အလွန်ဒေါသထွက်ကာ သွေးအန်လုနီးပါးဖြစ်ခဲ့သည်။သူမ
ဝေ့ရွှယ်ကိုကြည့်ကာ အေးစက်စွာပြောလိုက်သည်က...
"အရူးမ..နင့် ဉာဏ်ရည်ဉာဏ်သွေးက အရမ်းနိမ့်နေတာပဲ...မသိရင်လည်း အသာနေ... နောက်ဆုံးကျ ကိုယ်ရူးမှန်း လူတိုင်းသိကုန်မယ်"
(အဘိုးဝေ့အပေါ် သံသယ)
စုမုန့် အဖေဝေ့အား တစ်ချက်ကြည့်လိုက်သည်။
"ဦးလေးဝေ့က ကျွန်မ ဝေ့မိသားစုထဲက နှင်ထုတ်ခဲ့တာ ကြာပြီမလား…ကျွန်မတို့ကြားမှ ဘာဆက်ဆံရေးမှမရှိဘူး ဆိုတော့ ကျွန်မက ဝေ့မိသားစုကို အရှက်ခွဲတယ်လို့ ရှင် ဘာကိစ္စပြောရသလဲ... ပြီးတော့ ရှင်က အဘိုးရဲ့သားဖြစ်တာတောင် ရှင့်အဖေက ဘာကို တန်ဖိုးအထားဆုံးလဲဆိုတာ မသိဘူး...တစ်ကယ်တမ်း အရှက်ရတဲ့သူက ဘယ်သူလဲ"
ထို့နောက် သူမ သူတို့နှစ်ယောက်ကို လျစ်လျူရှုပြီး ထွက်သွားလိုက်သည်။သူမ နောက်ကျောပြင်ကို ကြည့်လိုက်ရင်း ဝေ့ရွှယ် က သူ့အဖေကို ပြောလိုက်သည်။
“အဖေ၊ စုမုန့်ကိုကြည့်… သူမ ပိုပိုပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာတယ်…သမီးကို ဆဲတာကို မပြောလိုပါဘူး၊ဘာလို့ အဖေ့ကိုတောင် လာဆဲရတာလဲ"
အဖေဝေ့ အေးစက်စွာ၊ဘာမှမပြောဘဲ စုမုန့် နောက်ကျောကိုသာ စိုက်ကြည့်နေသည်။ စုမုန့်ထံမှ ပြစ်တင်ရှုတ်ချခြင်းကို ခံရပြီးနောက် သူ ရှက်သွားသော်လည်း သူမစကားက တစ်ချက်မှန်သည် - သူ့အဖေက ဘာကို အနှစ်သက်ဆုံးလဲဆိုသည်ကို သူ တစ်ကယ် မသိခဲ့ပေ။သူ့စိတ်ထဲမှာ အဖေဖြစ်သူက ဘာကိုမှစိတ်မဝင်စားသလို စကားနည်းနည်းသာ ပြောတတ်ပြီး သိပ်မပြုံးတတ်သူပင်။ ယခု စုမုန့် ဆီက လက်ဆောင်ကို မြင်လိုက်ရလျှင် သူ့မျက်နှာက တစ်မျိုးပြောင်းရသည် သူ့ဘဝတွင် တစ်ကြိမ်သာ ဖခင်ဖြစ်သူ၏ ထိုကဲ့သို့သော အမူအရာကို မြင်ဖူးသည်။ထိုနေ့က အမေဖြစ်သူ ဆုံးပါးသွားခဲ့သည့် နေ့ကပင်။
အဖေဝေ့ စုမုန့်ကိုကြည့်၍ ဒေါပွနေသော်လည်း အရေးကြီးသည့် အခိုက်အတန့်တွေကို တွေးနိုင်စွမ်းရှိပါသေးသည်။ထို့ကြောင့် အဘိုးဝေ့ တစ်ခုခုမှားနေမှန်း သူ ချက်ချင်း သဘောပေါက်သွား၏။အဘိုးဝေ့အတွက်ပေးသည့် စုမုန့်၏ လက်ဆောင်က အဘိုးဝေ့ တစ်ကယ်ကြိုက်သည့် အရာတစ်ခုဖြစ်ကောင်းဖြစ်မည်။
သို့သော် ထူးဆန်းသောအရာတစ်ခု ရှိခဲ့သည်။၎င်းမှာ ကွဲအက်နေသည့် ကြွေထည်တစ်ပိုင်းသာဖြစ်သည်။ သူ့ အဓိပ္ပါယ်က ဘာလဲ... ဒါဖြစ်နိုင်မလား…,
အဖေဝေ့ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။ ဤအရာသည် သူ၏ အမေဖြစ်သူနှင့် ပတ်သက်နိုင်မလားဟု အံ့သြတကြီး တွေးလိုက်မိသည်။
ဒီလိုဆိုရင် စုမုန့်က ဒီအကြောင်းကို ဘယ်လိုသိပြီး ဘယ်လိုရှာတွေ့တာလဲ…
အဖေဝေ့ စိတ်ထဲမှာ သံသယများဖြင့် ပြည့်နှက်နေသည်။ တစ်ဆက်တည်း ယခင်က သူ စုမုန့်ကို လျှော့တွက်ခဲ့သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။တစ်နေ့တွင် သူ အခွင့်အရေးရသောအခါ စုမုန့် နှင့် စကားပြောဖြစ်မည်မှာ သေချာသည်။
အဖေဝေ့ စုမုန့်အကြောင်း တွေးနေရင်း သူမဘက်ကို စိုက်ကြည့်နေသေးလျှင် ဝေ့ရွှယ်က မျက်မှောင်ကြုတ်ပြီး “အဖေ ဘာကြည့်နေတာလဲ...စုမုန့် ထွက်သွားပြီလေ ..အမှန်ပြောရရင် ကြောက်တော့ကြောက်တတ်သားပဲ... အဖေ့ကို ရန်ထောင်ပြီး ထွက်သွားတာများ တန်းနေတာပဲ...အဖေက ပြန်ပြောမှာကိုကြောက်လို့ထင်တယ်"
ယခုတော့ အဖေဝေ့က စုမုန့်ကို အပြစ်မတင်ဘဲ..."ရှောင်ရွှယ်"
"ဟုတ်"
ဝေ့ရွှယ်သည် အဖေဝေ့က သူမ နာမည်ကို ရုတ်တရက်ခေါ်လိုက်သောအခါ စိတ်ရှုပ်ထွေးစွာဖြင့် ပြန်ဖြေလိုက်သည်။
"စုမုန့်က ဖုန်းရွှေပညာကို ဘယ်တုန်းက လေ့လာခဲ့တာလဲ… သူက တခြားသူတွေပြောသလိုပဲ တစ်ကယ်ကို အစွမ်းထက်တာလား”
ဝေ့ရွှယ်သည် သူမ၏ဖခင်မှ စုမုန့်ကို ရုတ်တရက် ဘာကြောင့် စိတ်ဝင်စားသွားမှန်း မသိပေ။စုမုန့်ကို သူဒေါသထွက်နေတာကြောင့် တစ်ခုခုမလုပ်ခင်၊ စုမုန့်အကြောင်း ပိုသိချင်နေခဲ့တာဖြစ်နိုင်သည်ဟု သူမ ထင်ခဲ့သည်။
မဟုတ်ရင် သူအရမ်း မုန်းတီးတဲ့ စုမုန့် အကြောင်းကို ဘာကိစ္စ မေးရမှာလဲ...
ထိုသို့စဉ်းစားရင်း သူမက ပြုံးပြီး ပြောလိုက်သည်။
" စုမုန့်ရဲ့ အစွမ်းအစကို သမီးသေချာမသိပေမယ့် သူ့ပတ်ဝန်းကျင်က လူတွေက သူမ အရမ်းအစွမ်းထက်တယ်လို့ ပြောကြတယ်...ဖုန်းရွှေပညာရှင် ပြိုင်ပွဲမှာ စုမုန့်က တစ်ခြားယောက်ျားတစ်ယောက်နဲ့ အရမ်းရင်းနှီးသွားခဲ့တာ... ထူးဆန်းတာက အဲဒီလူက သူမကို ပထမဆုံးတွေ့ဖူးတာတောင်၊ပွဲစဉ်တစ်လျှောက်လုံး သူမကို ကူညီပေးခဲ့တာ"
"အဖေ သိလား...ပြိုင်ပွဲတုန်းက စုမုန့် အကြောင်းတစ်ခုခုကြောင့် မူးလဲသွားတာလေ...အဲ့ဒီလူကလည်း အရမ်းပြာယာခတ်နေတာ...သူက စုမုန့်က်ု ပွေ့ခေါ်မယ် ပြင်တော့ အစ်ကိုက သူ့ကို တားထားတာ...သူမ မူးလဲသွားပေမယ့် ပြိုင်ပွဲမှာ အနိုင်ရခဲ့တာပဲ..အဲဒီလူက သူမကို ကူညီပေးခဲ့တယ်ထင်တယ်”
“အဲဒီအချိန်ကတည်းက စုမုန့်က အဲဒီလူနဲ့ ရှိခဲ့တာ.. သူတို့ နှစ်ယောက် အတူတူ အပြင်ထွက်ပြီး အလုပ်တွေ အတူတူ လုပ်ကြတယ်…သူတို့ကလေ အရမ်းရင်းနှီးကြတာ...မသိရင်...သူတို့က…”
ဝေ့ရွှယ် ပြောရင်း သူ့အဖေကိုကြည့်ပြီး ရုတ်တရက် ပါးစပ်ပိတ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် သူမကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသော သူ့အဖေ၏ မျက်နှာထားမှာ ရေခဲလို အေးစက်နေတာကြောင့် ဖြစ်သည်။ သူမ အဖေဖြစ်သူ စိတ်ဆိုးနေမှန်း သိ၍ ကြောက်ဟန်ဆောင်ပြီး ဆက်မပြောတော့ပေ။ခဏနေမှ အဖေဝေ့ ဆက်နားထောင်ချင်မှန်းသိ၍..
"အဖေ၊စုမုန့်က လူကောင်းတစ်ယောက်ပါ…ဒီကိစ္စမှာ သူမ နည်းနည်း လွန်သွားလို့သာ…သူမက အစ်ကိုနဲ့ မကွာရှင်းရသေးပေမယ့် တခြားယောက်ျားတစ်ယောက်နဲ့ အတူနေနေပြီ...
သူတို့က နေ့တိုင်းအတူမြင်နေကြတာဆိုတော့ အရမ်းရင်းနှီးတာပဲ နေမှာပါ… ပထမတော့ အစ်ကိုက အဲဒါကိုမြင်တော့ အရမ်းစိတ်ဆိုးသွားတယ်၊ဒါပေမယ့် စုမုန့်က ဂရုမစိုက်ဘဲ သူ့နည်းသူ့ဟန်နဲ့ ဆက်လုပ်နေတော့ လူတော်တော်များများက အတင်းအဖျင်းပြောကြသေးတယ်”
“အိုး ဟုတ်သား...အဲဒီလူကြောင့် သူမက အမေ့ကို ထောင်ထဲပို့ခဲ့တာလေ”
xxxxx