အပိုင်း ၈၈
Viewers 11k

Chapter 88



ကျုံးယို့ယို့ အိမ်သို့ ပြန်လာခဲ့သည်။


ပုံမှန်ကဲ့သို့ ရေမြန်မြန်ချိုးလိုက်ပြီး သူမ၏ ကွန်ပျူတာရှေ့ထိုင်ကာ လုပ်စရာရှိသည်များကို စတင်သည်။


ပြိုင်ပွဲနောက်ဆုံးရက်၏ ရှေ့တစ်ရက်ဖြစ်ကာ ပြိုင်ဆိုင်မှုက ပို၍ ပြင်းထန်လာနေသည်။


ဒီအချိန်၌ ပါ၀င်ယှဉ်ပြိုင်သူဦးရေ၏ ၉၀ ရာခိုင်နှုန်းနီးပါးက လက်လျော့ကုန်ကြပြီးဖြစ်သည့်အတွက်ကြောင့် ဤအချိန်၌ လူဦးရေ ထောင်ဂဏန်းလောက်သာ ကျန်ရှိတော့သည်။ သူတို့၏ ဦးနှာက်တွေကို ခုတ်ထစ်ကာ လူဆယ်‌ယောက်အဖြစ် ပွားလိုက်လျှင်တောင်   မြို့နယ်ထဲက ထိပ်ဆုံး ဆယ်‌ဦးထဲ နှစ်ရက်အတွင်း ၀င်ဖို့က မဖြစ်နိုင်ပေ။ 


ရလဒ်အနေနဲ့ ၉၀ရာခိုင်နှုန်း သော သူတွေက လက်လျော့ခဲ့ကြပြီး မေးခွန်းတွေဖြေဆိုခြင်းကို ရပ်တန်ခဲ့ကြသည်။ ထို့ကြောင့် အဆင့်ဇယားထိပ်ဆုံးမှသူများနှင့် သူတို့၏ ကွာခြားမှုက ပိုပိုကြီးမားလာခဲ့သည်။ ပမာဏက ကြောက်စရာကောင်းလောက်အောင်ပင်။


ဖိုရမ်ထဲ၌ သိသာစွာပဲ လူတွေပိုပိုပြီး ဆွေးနွေးဝိုင်းထဲ ၀င်ရောက်လာခဲ့ကြသည်။


" အဲ့ဒါက ခက်ခဲတယ် ၊ ငါတော့ လေးရက်မြောက်နေ့မှာပဲ လက်လျော့လိုက်တာ ငါ့ဦးနှောက်ကတော့ ယင်တစ်ကောင်၀င်သွားသလိုပဲ တဝီဝီမြည်နေတော့တာပဲ ။ ရှေ့ဆုံးကသူတွေ ဒါကိုဘယ်လိုတောင်ခံနိုင်လဲ တကယ်မသိတော့ဘူး။ သူတို့အားလုံးမှာ 'ဟွလော့ကွန်း'လို ဦးနှောက်တွေ ရှိနေကြတာလား" 

[ Huáluōgēng = တရုတ်သင်္ချာပညာရှင်]


" အထူးသဖြင့် ပထမနေရာကသူ ၊သူ့ရဲ့ မေးခွန်းအရေအတွက်တွေနဲ့ အမှတ်တွေက ဆယ်‌နေရာမြောက်က သူ ထက် ၇ ဆတောင် ရှိနေပြီ ဒါက တကယ်ကို မယုံကြည်နိုင်စရာကောင်းလောက်တဲ့ လုပ်ဆောင်ချက်မျိုးပဲ "


ရွှီရှောင်ယွဲ့သည်လည်း ထိုပို့စ်များထဲက ပထမနတ်ဘုရား‌အကြောင်း ပြောထားသည်များကို တွေ့ခဲ့သည်။ နတ်ဘုရားက သူမကို လျစ်လျူရှုထားသော်လည်း သူမကတော့ ဒီရက်ပိုင်း မမောနိုင်မပန်းနိုင်စွာဖြင့် နတ်ဘုရားဆီသို့ စာတိုများကို ပို့နေဆဲဖြစ်သည်။   သူမသည် ထိုအရာကို အရမ်းစွဲလမ်းလာနေပြီး ကြယ်ပွင့်တွေနောက်လိုက်သည့် ပရိသတ်လေးကဲ့သို့ ဖြစ်လာနေပြီဟူ၍ သူမကိုယ်သူမ ခံစားမိနေသည်။


နတ်ဘုရား QYXLW ၏ ယနေ့ည မေးခွန်းအရေအတွက်ပမာဏက အလွန်တိုးများလာသည်ကို မြင်သော် နတ်ဘုရားအတွက် သူမစိတ်ထဲ၌ အလံလေးကို ဝေ့ယမ်းနေလိုက်သည်။ 

' လုပ်ထား ၊ ဒုတိယနှင့် တတိယနေရာထက် နှစ်ဆ ကျိန်းသေဖြစ်ရမယ် '


ထိုအချိန်၌ မုန့်ရှစ်ရွှမ်သည် ရက်ပေါင်းများစွာ အခန်းထဲမှ မထွက်လုနီးပါး မေးခွန်းတွေကို ဖြေဆိုနေခဲ့ပြီးနောက်မှာ  သုံးဆယ် သို့မဟုတ် လေးဆယ်ယောက်မြောက် နေရာ၀န်းကျင်မှ တဖြည်းဖြည်း  ကိုးနေရာမြောက်သို့ တက်လာခဲ့သည်။


သူမအမြင့်ကို တက်လာလေလေ ကွာခြားမှုက ကြီးမားလာပြီး ရှေ့ဆက်ရန် ပိုမိုခက်ခဲလာသည်။ သူမသည် အံကြိတ်ကာ ထိပ်ဆုံးသုံးယောက်ကို စိုက်ကြည့်လိုက်သည်ပြီး သူမနှင့် ထိုသူတို့ကြား ကွာဟမှုကို နက်နက်နဲနဲ ခံစားရသည်။


ယခု သူမဖြေဆိုခဲ့သည့် မေးခွန်းအရေအတွက်သည် ၅၀၀ သာလျှင် ရှိသေးသော်လည်း ထိပ်ဆုံးနေရာက မေးခွန်းပမာဏက ၃၇၀၀ ကိုတောင် ကျော်သွားပြီဖြစ်သည်။ အားလုံးက သူမထက်မြင့်ကြပြီး သူမကို လုံးလုံးနင်းခြေထားကြသည်ရာ ဦးခေါင်းကိုပင် မ၍မနိုင်‌တော့ချေ။


မုန့်ရှစ်ရွှမ်သည် တခြားနေရာများမှ သူများသည် ပိုတော်ကြသည်ကို အမြဲတမ်း နားလည်ထားခဲ့သည်။ သို့သော် သူမ ပထမနေရာက သူနှင့် ပက်သက်ပြီး စိုးရိမ်မိသည် ။ ထိုလူက bug တစ်ခုလိုမျိုးပင်။ ထိုလူက ရှစ်ကျစ်ထန်သာဆိုလျှင် သူမ နားလည်ပေးနိုင်ပြီး အနည်းငယ် ခံနိုင်ရည်ရှိလောက်မှာ ဖြစ်သော်လည်း တခြားလူသာဆိုလျှင် သူမ မယုံကြည်နိုင်ပေ။


ကျုံးရှီယို့သည် ပြိုင်ပွဲနှင့်ပက်သက်ပြီး အာရုံစိုက်မှုမရှိချေ။ သို့သော် သူသည် သူ၏အစ်မနာမည် ကျုံးယို့ယို့ကို ဇယား၌ သွားရှာကြည့်ခဲ့ပြီး မတွေ့ခဲ့သည့်အတွက် လက်လျော့လိုက်သည်။ သူက သူ့ဘာသာသူ ကျုံးယို့ယို့က ထိုကဲ့သို့ပြိုင်ပွဲတွေမှာ ပါ၀င်ပြီး အချိန်ဖြုန်းမည်မဟုတ်ဟူ၍ တွေးလိုက်သည်။


သို့သော် သူသည် မုန့်ရှစ်ရွှမ်၏ နာမည်ကို‌ မြင်လိုက်ရသည်။


ကျုံးရှီယို့သည် ချက်ချင်း မုန်းတီးစွာဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် ပြန်လည်မွေးလာခဲ့ချိန်က မုန့်ရှစ်ရွှမ်ကို ယခုလောက် မမုန်းတီးပေ။ အလွန်ဆုံး သူမကို မကာကွယ်ပေးချင်တော့ရုံသာဖြစ်ပြီး သူ၏ခံစားချက်တွေက အေးစက်သွားခဲ့သည်။ သူသည် ထိုနေ့က ကျုံးယို့ယို့နှင့် ၎င်းနေရာမှာ ရှိချိန် မုန့်ရှစ်ရွှမ်၏  စိတ်ကယောင်ချောက်ချားဖြစ်နေသည့် သွင်ပြင်ကို မတွေ့လိုက်ခင်အထိ  လုံးလုံး မနိုးထခဲ့ချေ။


ယခု သူသည် မုန့်ရှစ်ရွှမ်ကို မြင်ရသည်ဖြစ်စေ၊ ကြားရသည်ဖြစ်စေ ၊သူမနာမည်ကို တွေ့ရသည်ဖြစ်စေ သူ၏မျက်လုံးတွေကို အရင်က မဖွင့်ခဲ့မိသည့်အတွက် သူ့ကိုယ်သူ့ မုန်းတီးနေမိသည်။


ကျုံးယို့ယို့ ၀င်မပြိုင်ဘူးဆိုကတည်းက သူသည် ဤအိုင်ကျူ ပြိုင်ပွဲကို အာရုံမစိုက်‌ချေ။

...


ဤပြိုင်ပွဲနှင့် ပက်သက်ပြီး မြို့နယ်၏ ကောလိပ်နှင့် တက္ကသိုလ်‌အ‌တော်များများ၌ ဆွေးနွေးချက်တွေက များများပြားပြား ရှိလျက်ရှိ၏ ။ ပြီးခဲ့သည့်ညသည် ပြိုင်ပွဲတစ်လျှောက် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်ခဲ့သည်။ အကြောင်းမူကား မနက် ခြောက်နာရီရောက်သည်နှင့် ဖြေဆိုသူအားလုံး၏ ရလဒ်တွေကို စတင်ရေတွက်ခြင်းကြောင့်ဖြစ်သည်။ ထိုအချိန်မှာ စနစ်က  မေးခွန်းတွေ ဆက်လက်ဖြေဆိုခြင်းကို


တားမြစ်လိုက်မည်ဖြစ်ပြီး ဇယား၏ အဆင့်အားလုံးက ဖျက်ခနဲကြည့်ရုံနှင့် ရှင်းလင်းနေပြီဖြစ်သည်။


ပြီးခဲ့သည့်ညက အချိန်စေ့ဖို့ ကိုးနာရီသာ ကျန်တော့သဖြင့် အများစုသည် အမှန်တကယ် မအိပ်နိုင်ခဲ့ကြချေ။


ဆက်လက်တိုက်ပွဲ၀င်လိုသည့် ပြိုင်ပွဲ၀င်တွေသည် သူတို့၏ သွားများကို ကြိတ်ကာ မေးခွန်းတွေကို ဆက်လက်တောင့်ခံဖြေဆိုနေကြသည်။ သို့သော်  အစပိုင်းကတည်းက ဖြေဆိုခြင်းမရှိသည့်လူများနှင့် ဆက်လက်ဖြေဆိုဖို့ မျှော်လင့်ချက် မရှိသည့်သူများကတော့ ဖိုရမ်ပေါ်၌ အလွန်တက်ကြွနေကြပြီး မည်သူက ပထမအဆင့်ကိုရယူပြီး လူ‌ထောင်‌ ပေါင်းများစွာ၏ ရှေ့၌ ရပ်နိုင်မည်ကို ပြင်းပြစွာဖြင့် လောင်းကြေးထပ်နေကြသည်။


 ၉၅ ရာခိုင်နှုန်းသောသူ‌တွေသည် နောက်ဆုံး အနိုင်ရသူက ပထမလူဖြစ်မည်ဟု တွေးကြသည်။သို့သော်ငြားလည်း ၅ ရာခိုင်နှုန်းသော သူတချို့ကတော့ ဒုတိယနှင့် တတိယနေရာမှ လူနှစ်ယောက်သည် အဆုံး၌ ပြန်လည်တိုက်ခိုက်လာမည်ဟု ယုံကြည်ထားကြသည်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ရလဒ်ကို ဘယ်သူကမှ နောက်ဆုံးမိနစ်မတိုင်ခင်အထိ သိနိုင်မည်မဟုတ်။


ယနေ့ ည၌ ကျုံးယို့ယို့သည်လည်း ကျိန်းသေ အနည်းငယ် နောက်ကျသည်အထိ နေဖို့ စီစဉ်ထားသည်။ သူသည် ဒုတိယနှင့် တတိယနှစ်ယောက်ကို သုံးဆလောက် အပြတ်အသတ်နိုင်ထားပြီးသော်လည်း မတော်တဆရှိလာမည်ကို ကြောက်ရွံ့၏။ ထို့အပြင် များများဖြေဆိုနိုင်ထားပါက အဆုံး၌ ရလဒ်များလည်း ပိုကောင်းနိုင်မည်။ ထို့ကြောင့် သူမသည် အင်္ကျီလက်များကိုခေါက်ကာ ကြီးကြီးမားမားလုပ်ရန် ပြင်ဆင်လိုက်သည်။


မမျှော်လင့်စွာဖြင့် ညခင်း ၁၁နာရီထိုးသည့်အခါ တတိယနေရာမှ သူက သူမထံ သီးသန့်စာပို့ခြင်း‌ နေရာမှ စာပို့လာခဲ့သည်။


ထိုအချိန်၌ သူမ၏ မေးခွန်းဖြေဆိုမှုအရေအတွက်သည် ဤတစ်ယောက်ထက် သုံးဆရှိနေခဲ့ပြီ။ ထိုသူသည်လည်း ဤဟာကို သိကောင်းသိနိုင်သည်။ထို့ကြောင့် သူသည် မေးခွန်းများဖြေရှင်းဖို့ကို ခဏဘေးဖယ်ကာ သူမအား မေးခွန်းတစ်ခုမေးလာခဲ့သည်။


ကျုံးယို့ယို့ ဤတတိယနေရာကလူ မည်သူမှန်းမသိပေ။ သို့သော် တတိယသူ၏ ပြုမူပုံကိုကြည့်လျှင် ရှစ်ကျစ်ထန်ဖြစ်လိမ့်မည်ဟု သူမ မထင်ချေ။ ရှစ်ကျစ်ထန်မဟုတ်သရွေ့ အနိုင်ရလိုသည့် ပြိုင်ပွဲအားလုံးအပေါ်၌ အမြင်ကောင်းရှိသည်။ ဘာပဲဖြစ်ဖြစ် သူမသည်လည်း အနိုင်ရလိုသည့် ခံစားချက်ကို နားလည်ပ

သည်။


ထို့ကြောင့် သူမသည် တတိယမြောက်သူ၏ မေးခွန်းကို ဖြေရန် အချိန်ယူလိုက်သည် ။ ထိုကဲ့သို့ တတိယနေရာမှ သူက သူမကို မေးခွန်းအချို့မေးလာခဲ့ပြီး သူမသည်လည်း အားလုံးကို ဖြေဆိုပေးခဲ့သည်။


ကွန်ပျူတာဘက်ခြမ်း၌ ကျန့်ကျီရိသည် ဖန်သားပြင်ကို ကြည့်နေခဲ့ပြီး သူ၏ခံစားချက်က အရမ်းရှုပ်‌ေထွးနေခဲ့သည်။ သူသည် ဤပထမလူကို အနိုင်ရနိုင်မည်မဟုတ်မှန်း သိထားသည်။ ထို့အပြင်  နောက်ဆုံး၌ သူသည် တတိယမြောက်နေရာ၌သာ အဆုံးသတ်သွားနိုင်သည်ကို လည်း သိပြီး ထိုသို့မဖြစ်ချင်ပေမယ့်လည်း ဘာတတ်နိုင်မည်နည်း ။


သူသည် ဒီနံပါတ်တစ်ကို တကယ် လေးစားအားကျ၏ ။ ဤလူက ရှစ်ကျစ်ထန်မဟုတ်လောက်မှန်း သိ‌ေသာ်ငြားလည်း မည်သူလဲဆိုသည်ကို ဘယ်‌လိုပင်စဉ်းစားပါစေ မတွေးနိုင်တော့ချေ။ တစ်နေ‌ရာရာက ထွက်ပေါ်လာသည့် သူ မကြုံဖူးသေးသည့် မြင်းနက်များဖြစ်နေမည်လား။ ထိုသို့ဆိုပါက ကျန့်ကျီရိသည် ထိုသူနှင့် မိတ်ဖွဲ့ချင်မိ၏။


ကနဦး၌ သူသည် မေးခွန်းကို မေးလိုက်သော် ပထမလူက ဖြေမည်မဟုတ်လောက်ဟူ၍ ထင်ခဲ့သည်။ နောက်ဆုံး ထိုသို့ပြုလုပ်ခြင်းက ပထမလူ၏ အချိန်ကို ဖြုန်းတီးသလိုဖြစ်ပေသည်လေ။ သို့ပေမဲ့ ပထမလူက ဖော်ရွေသည်ပဲလား ယုံကြည်မှုမြင့်လွန်းသောကြောင့်လားမသိ သူ့ကြောင့် ထိုသူ၏ အချိန်တွေ ကုန်ဆုံးသွား‌တာ‌တောင်မှ ထိုလူသည် ပထမနေရာ၌ ဆက်လက်ရှိနေမည်ဟု တွေးသည့်အတွက်ကြောင့်လားမသိ  အလေးအနက် ဖြေဆိုလာခဲ့သည်။


ကျန့်ကျီရိသည် ဤမကောင်းဆိုး၀ါးကို မယုံကြည်နိုင်ခဲ့ပဲ မေးခွန်းအချို့ ထပ်မေးခဲ့သည်။ နံပါတ်တစ်လူသည် သူ၏ မေးခွန်းများ၌ အချိန်အချို့အသုံးပြုရပြီး ဂရုတစိုက် တစ်ခုချင်း ဖြေလာပေးခဲ့သည်။


ထိုသူမှ ပေးပို့လာခဲ့သည် အဖြေလွှာတွေကို မြင်သည့်အခါ နေရာအတော်များများ၌ ‌စဉ်းစားပုံက သူနှင့်ဆင်တူကာ သူတို့၏ စဉ်းစားပုံနှင့် ပြဿနာဖြေရှင်းပုံက သူ့ထက်ပင် ပိုပြီးတိကျပြတ်သားလေသည်။ ဤမေးခွန်းနည်းနည်းမှ ပထမလူသည် ကျယ်ပြန့်သည့် အသိပညာရှိပြီး အလွန်သန်မာကာ သူ့အား လုံးလုံးနင်းခြေနိုင်သည်ကို ‌ရှင်းပြပြီးသားဖြစ်ခဲ့သည်။


ထိုအချိန်၌ မောက်မာသည့် ကျန့်ကျီရိသည် ယုံကြည်လက်ခံနိုင်သွားပြီး သူ့ကို ကျော်တက်ခဲ့သည့် ရှစ်ကျစ်ထန်ကတောင် သူ့အား ယုံကြည်လက်မခံ‌နိုင်စေခဲ့။


ထို့ကြောင့် ကျန့်ကျီရိသည် ရုတ်ချည်း အလွန်တရာ ရှုပ်ထွေးသည့် စိတ်ခံစားမှုကို ပေါက်ဖွားလာခဲ့သည်။ သူသည် အလွန်လည်း မနာလိုဖြစ်၏။ ယခုကဲ့သို့ စိတ်ထားမျိုးက ထိုသူကို အာရုံမစိုက်ရ မနေနိုင်အောင် ဖြစ်သေသည်။


ရုတ်တရက် ကျောက်တုံးအသေးလေးတစ်ခုက ပြတင်းပေါက်ဆီသို့ ဘန်း ခနဲ ထိမှန်လာခဲ့သည်။


ကျန့်ကျိီရိ၏ အတွေးများက ရုတ်တရက် နှောင့်ယှက်ခံလိုက်ရ၏။ သူက စိတ်မကျေနပ်စွာဖြင့် သူ၏ခေါင်းကိုမော့လိုက်ကာ ပြတင်းပေါက်ကိုဖွင့်လိုက်ပြီး ၀မ်နွမ်နွမ်က အောက်ထပ်၌ မကျေနပ်စွာရပ်နေသည်ကိုတွေ့ရသည်။


၀မ်နွမ်နွမ်သည် သူ၏ကျောင်းမှ မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူ၏ ငယ်ချစ်ဦးနှင့် အိမ်နီးနားချင်းဖြစ်သည်။ သူက ၀မ်‌နွမ်နွမ်ကို ပိုးပန်းခဲ့သည်ဟူ၍ ပြောကြသော်လည်း တကယ်တော့ သူတို့သည် ငယ်စဉ်က‌တည်းက ရင်းနှီးခဲ့ကြရုံသာလျှင် ဖြစ်ကြသည်။ သူသည် ၀မ်နွမ်နွမ်နှင့် အတူ ကျောင်းမှလမ်းလျှောက်ပြန်လေ့ရှိပြီး ထိုကဲ့သို့ပြုလုပ်ခြင်းဖြင့် ၀မ်‌နွမ်နွမ်က သူမနောက်ကို လိုက်နေကြသည့်သူတွေကို မောင်းထုတ်နိုင်လေသည်။


၀မ်နွမ်နွမ်၏ ပညာရေးလုပ်ဆောင်ချက်တွေက နိမ့်ကျပြီး သူမသည် ရည်မှန်းချက်လည်း မရှိချေ။ သူမက မကြာခဏ ဤသို့ ပြောလေ့ရှိသည်။


" ဘာပဲဖြစ်ဖြစ် ငါက လှတယ်လေ စာလုပ်မလုပ်က အရေးမပါဘူး "


ထို့ကြောင့် ကျန့်ကျီရိကဲ့သို့ ရည်မှန်းချက်ကြီးကာ ကြိုးစားသည့် သူသည် ၀မ်နွမ်နွမ်ကို  ဘယ်သောအခါမှ နှစ်ခြိုက်သဘောကျမည် မဟုတ်ချေ။ ၀မ်နွမ်နွမ်နှင် နှိုင်းယှဉ်ပါက သူသည် ပထမနေရာမှ ယောင်္ကျားလေးကိုသာ သဘောကျ၏။


ကျန့်ကျီရိ၏မျက်နှာက ရုတ်တရက် တောင့်တင်းသွားသည်။ သူ ဒီလိုစိတ်ဓာတ်မျိုး ရှိလာလို့ မဖြစ်ပေး။ သူ၏မိဘများကသာ ယောင်္ကျားလေးတစ်ယောက်ကို သဘောကျနှစ်ခြိုက်သည်ကိုသိလျှင် သေလောက်အောင်အရိုက်ခံရနိုင်သည်။ 


" ကျန့်ကျီရိ နင်ငါ့စာတွေကို ရက်တွေအများကြီး အကြောင်းမပြန်ဘူးနော်၊ ဆင်းလာခဲ့၊ အဲ့ပြိုင်ပွဲက အဲ့လောက်ထိ အရေးကြီးနေလား "


ကျန့်ကျီရိသည် မျက်မှောင်ကြိုတ်ကာ အောက်ထပ်မှ ၀မ်နွမ်နွမ်ကို ကြည့်လိုက်ပြီး ထိုသို့ သူမပြောလာမည်ကို သိနေခဲ့၏ ။ သူသည် ဒေါ‌သထွက်ပြီး ပြတင်းပေါက်ကို ပိတ်ကာ လိုက်ကာတွေကို ချထားလိုက်ပြီး စာတိုပို့လိုက်သည်။


" ဟုတ်တယ် အရမ်းအရေးကြီးတယ် နင်က‌တော့ ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး "


နားကြပ်တွေကို တပ်လိုက်သည့်အခါ ၀မ်နွမ်နွမ်ပြောနေသည်များကို မကြားရတော့ဘဲ ကမ္ဘာကြီးက ငြိမ်သက်သွားခဲ့သည်။


ကျုံးယို့ယို့သည် သူမ၏ ရလဒ်ကိုတိုးမြှင့်ချင်သေးပေမယ့် ဖိုင်နယ်မတိုင်ခင်နေ့တွင် သူမ ညဉ့်နက်သည့်အချိန်ထိ နေ၍ မ‌ဖြစ်ချေ။ သူမ နောက်‌တစ်နေ့ အောက်ထပ်သို့ ဆင်းလာသည့်အခါ ချင်းယောင်က အေးစက်သည့်လေထုထဲ၌ သူမ‌ ပေးခဲ့သည့် လည်စည်းပဝါကို ပတ်ကာ ကားကို မှီထားရင်း မတ်တပ်ရပ်နေခဲ့သည်။ ကျုံးယို့ယို့သည် သူမ၏ပါးစပ်ကို  စေ့ထားလိုက်ပြီး ချင်းယောင်ဆီသို့ မြန်မြန်လျှောက်သွားခဲ့သည်။


ဘာကြောင့်မှန်းမသိ သူမက ချင်းယောင်ကို လည်စည်းပဝါတစ်ထည်သာပေးခဲ့ပေမဲ့ ချင်းယောင်က သူ၏ ခေါင်းပေါ်၌ 'ပျော်သည် 'ဟူ၍ ဖော်ပြနေသည့် ကြယ်လေးရှိသယောင် တောက်ပနေခဲ့ပြီး  သူသည် ပြီးခဲ့သည့် နှစ်ရက်လုံး စိတ်ခံစားချက်က ကောင်းမွန်နေခဲ့ကာ ကျုံးယို့ယို့က ထိုအရာကို မြင်တွေ့နိုင်လေသည်။


ကားထဲက လေထုသည် ထူးဆန်းနေခဲ့သည်။ ကားက ကျောင်း၀င်ပေါက်သို့ မောင်းနှင်လာခဲ့ပြီး ကျုံးယို့ယို့သည် ကားတံခါးကိုဖွင့်ကာ ကားထဲမှ ထွက်လိုက်သည်။ ထို့နောက် သူမက လှည့်ကာ ပြုံးလိုက်ရင်း ပြောသည်။


" မနက်ဖြန် တွေ့ကြမယ်နော် "


ချင်းယောင်သည် သူမ ကျောင်းထဲသို့ ၀င်ရောက်သွားသည်ကို ကြည့်နေခဲ့ပြီး သူ၏နှုတ်ခမ်းတွေက ကွေးတက်သွားကာ အပြုံးတစ်ခုက ချင်းယောင်၏ မျက်နှာပေါ်၌ ပေါ်ပေါက်လာခဲ့သည်။


ပုံမှန်ဆိုလျှင် ဤအချိန်၌ ကျုံးယို့ယို့ ကျောင်းထဲသို့ ၀င်သည်နှင့် သူသည် လှည့်ပြန်ပြီး ကုမ္ပဏီသို့ သွားမည်ဖြစ်သည်။ သို့သော် ယနေ့တွင် မထွက်ခွာ‌သေးဘဲ ကားထဲ၌ စိတ်ရှည်စွာ‌ဖြင့် စတီယာတိုင်ကို တဒေါက်ဒေါက်ခေါက်ရင်း ခြင်္သေ့တစ်ကောင်ကဲ့သို့ သူ၏ပြိုင်ဘက်ကို စောင့်ဆိုင်းနေခဲ့သည်။