အပိုင်း ၈၉
Viewers 11k

Chapter 89



သိပ်မဝေးသည့်နေရာ၌ ရှစ်ယိမုန့်နှင့် ရွှီမင်တို့သည် ကျောင်းလွယ်အိတ်များနှင့် ကျောင်းထဲသို့ ၀င်ရောက်ခါနီးအချိန်တွင် မလှမ်းမကမ်းမှ ချင်းယောင်၏ကားကို မြင်လိုက်ကြသည်။ သူတို့နှစ်ယောက် မနေ့ညနေခင်းက ဖြစ်ခဲ့သည့်ကိစ္စနှင့်ပက်သက်ပြီး စိုးရိမ်နေဆဲဖြစ်သည်။ထို့ကြောင့် ချင်းယောင်၏ ဘေးတိုက်မျက်နှာပုံစံကို မြင်သည်နှင့် မှတ်မိလိုက်ကြသည်။

 

ရွှီမင်က မြန်မြန်ပြောလိုက်သည်။

"ဟေး အဲ့ဒါ မနေ့က ကျုံးယို့ယို့နဲ့အတူ စားသောက်နေခဲ့တဲ့လူမလား အဲ့လူက သူမချစ်သူဆိုတာ မင်းသေချာလား "


ရှစ်ယိမုန့်သည် စိတ်ဓာတ်ကျနေပြီး ပြော၏ ။

" သူ့ကို မနှောင့်ယှက်နဲ့ ဟုတ်ပြီလား " 


ရွှီမင်သည် သူ့ထက် ပိုပြီးစိတ်ပါ၀င်စားကာ ချင်းယောင်ကို လက်ညှိုးထိုးရင်း ပြောလာသည်။


"ကြည့်လိုက် သူ့လည်ပင်းကဟာကို ၊ ကျုံးယို့ယို့က သူ့ကိုပေးခဲ့တဲ့ဟာ မဖြစ်နိုင်ဘူးလား ပုံစံက မိန်းကလေးတစ်ယောက် ရွေးချယ်လောက်တဲ့ဒီဇိုင်းမျိုး "


ရှစ်ယိမုန့်သည်လည်း ကားထဲမှ ချင်းယောင်ကို ပြတင်းပေါက်က‌တဆင့်ကြည့်လိုက်ပြီး သူ၏အကြည့်တွေသည် လည်စည်းပေါ်သို့ ကျရောက်သွားသည်။

ချင်းယောင်က သူ၏အကြည့်ကို သတိထားမိပုံရပြီး သူ၏နှုတ်ခမ်းတွေက ကျေနပ်ခြင်းများဖြင့် ကော့တက်သွားပြီး ကားမှန်တံခါးကို တည်ငြိမ်စွာဖြင့် တင်လိုက်သည်။ ထိုကဲ့သို့လုပ်သည်က သူ့အား လက်လျော့စေရန် သို့မဟုတ် နောက်ဆုတ်ရန် သဘောပေါက်အောင် လုပ်လိုက်ခြင်းဖြစ်သည်။


ရှစ်ယိမုန့် "....."


....


ပြိုင်ပွဲရက်နောက်ဆုံးနေ့ဖြစ်သောကြောင့် မြို့နယ်တစ်ခုလုံးက အပြည့်အ၀ စိတ်လှုပ်ရှား‌နေကြပုံပေါ်ပြီး အလွန့်အလွန် ပြင်းထန်၏။

  

မုန့်ရှစ်ရွှမ်သည် သူမ၏ဦးနှောက်ကို သုံးခဲ့ပြီးသည့်နောက် ကိုး နေရာမြောက်၌ မြဲမြံသွားလေပြီ။ ထိုအချိန်၌ ကျန့်ကျီရိသည် တတိယနေရာ၌သာ ထင်ထားသကဲ့သို့ရှိပြီး ရှစ်ကျစ်ထန်သည်လည်း ဒုတိယနေရာ၌သာဖြစ်‌သည်။ သူတို့နှစ်ယောက်လုံး အကောင်းဆုံးကြိုးစားခဲ့ကြပေမဲ့ ပထမနေရာမှသူကို မကျော်လွန်နိုင်ခဲ့ကြချေ။


ဖိုရမ်က ပေါက်ကွဲထွက်သွားပြီး ၀င်ရောက်လာသည့် လူတွေက တိုးများလာခဲ့ပြီး လူတွေဟာ မနက်ငါးနာရီအထိ မအိပ်စက်သေးကြပေ။ သူတို့အားလုံးဟာ မြို့နယ်၏ပထမအဆင့် ပေါက်ဖွားလာသည့် ဖြစ်ရပ်ကို မျက်မြင်ကြည့်ရှု‌နေကြ၏။


ဤကြီးမြတ်သည့်နတ်ဘုရားက တကယ်ပင် အံ့ဩဖို့ကောင်း၏။ စုစုပေါင်းမေးခွန်းအရေအတွက်နှင့် အမှတ်အရေအတွက်က ခုနစ်ရက်လုံး ပထမအဆင့်၌ ရှိနေရုံသာမက တနေ့တာ ဖြေဆိုသည့် မေးခွန်းအရေအတွက်၌လည်း ဤခုနစ်ရက်လုံးမှာ ပထမအဆင့်ဖြစ်ပြီး အမြဲတမ်း ပြန်လည်တိုက်ခိုက်ချင်တဲ့ တတိယနေရာကလူကို အကြိမ်တိုင်းမှာ အစိတ်စိတ်အမွှာမွှာ ချေမှုန်းပစ်ခဲ့သည်။  စနစ်၏ နေ့စဉ် အမှတ်ပေးစည်းမျဉ်းအရ သူသည် မြင့်မားပြီးသားအမှတ်၌ ထပ်တိုး ၁၄၀ မှတ်ကို ရယူနိုင်သေးလေသည်။


ဤနည်းအားဖြင့် သူ၏‌စွမ်း‌ဆောင်မှုသည် ပို၍တောင် ထူးချွန်ပြောင်မြောက်ကာ  မည်သူကမှ လိုက်မမီနိုင်တော့ချေ။


ဖိုရမ်မှ လူအားလုံး စိတ်လှုပ်ရှားနေကြသည်။  မြို့နယ်အ‌ဆင့်၌ ပထမ‌ နေရာမှသူက ရုပ်မြင်သံကြားမှာ လွှင့်မယ့်ကြော်ငြာ ရိုက်ကူးဖို့ ကြိုတင်ချိတ်ထားတယ်ဟူ၍လည်း ကြားရကာ ထိုအရာက လူအများ၏ အာရုံစိုက်မှုကို ရယူနိုင်လိမ့်မည်။ ထို့အပြင် ဤပြည်နယ်မှ ထိပ်ဆုံး ဆယ်ယောက်သည် နိုင်ငံတော်အဆင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားကြပြီး ပါ၀င်ယှဥ်ပြိုင်သူတစ်‌ယောက်ကတော့ သေချာသည့် နေရာတစ်‌နေရာကို ရယူနိုင်လောက်သည်။


ယခု သူတို့သည် နံပါတ်တစ်နတ်ဘုရားက ရှစ်ကျစ်ထန်သည်လား ကျန့်ကျီရိများလား သိချင်နေကြပြီ ။ သူတို့သည် နောက်ဆုံးပြည်နယ်ပွဲစဉ် ရိုက်ကူးသည့်ရက်၌ သိကြရလိမ့်မည်။


မနက်ခင်း ခြောက်နာရီအချိန်၌ မြို့နယ်ထဲရှိ ကွန်ပျူတာဘယ်လောက်များများက ဖွင့်ခံထားရတာ သို့မဟုတ်အထက်တန်းကျောင်းသားဘယ်လောက်များများက နာရီလက်တံ ၆ နာရီသို့ ညွှန်ပြခြင်းကို ရင်တမမဖြင့် ကြည့်ရှုနေကြသည်ကို သိမှာမဟုတ်ပေ။


ခုနစ်ရက်ကြာ မာရသွန်ပြိုင်ပွဲက နောက်ဆုံး၌ ပြီးဆုံးသွားလေပြီ။


" ဝေါင်း " ဤအခိုက်အတန့်၌ လူတိုင်း၏ တင်းကျပ်နေသည့် ကြိုးများက နောက်ဆုံးတော့ အလုံးစုံ ပြတ်တောက်သွားခဲ့ပြီး ဖိုရမ်ဟာ ရပ်တန့်သွားခဲ့သည်။


သူက တကယ်ပင် ကြီးမြတ်သည့်နတ်ဘုရားဖြစ်သည်။ အဆုံးသတ်မှာ သူက ပထမနေရာကို ရယူသွားခဲ့သည်။


"အမလေး ခုနစ်ရက်လုံး သူရဲ့ လမ်းတစ်လျှောက် ချေမှုန်းခဲ့တာတွေက မျက်မြင်ကြုံခဲ့ရတယ် ငါ ဒီလိုမျိုးလူမျိုးနဲ့ အတန်းဖော် သေချာပေါက် မဖြစ်ချင်ဘူး အရမ်း‌သေးနုပ်ညံ့ဖျင်းလိမ့်မယ် "


"ငါ အခု နတ်ဘုရားရဲ့ ရှေ့မှာဆိုရင် ပုရွက်ဆိတ်လေးတစ်ကောင်လိုမျိုး ခံစားရတယ် ငါ့ဦးနှောက်ကဘယ်မှာလဲ စားလို့ရလား လူတိုင်းက တူညီတဲ့ ဦးနှောက်တစ်ခု ၊ မျက်လုံးတစ်စုံနဲ့ ပါးစပ်တစ်ခုရှိကြပေမဲ့ ဉာဏ်ရည်က ငါတို့ထက် ဘာလို့ အရမ်းမြင့်နေရတာလဲ "


ထို့အပြင် အစမှအဆုံးအထိ ကြီးမြတ်သည့် နတ်ဘုရားသည် ဖိုရမ်ပေါ်၌ စကားလုံးတစ်လုံးတောင် မတင်ခဲ့ပေ။ သူသည် ယခင်က ပေါ်မလာခဲ့ဖူးဘဲ အလွန်ထူးခြားဆန်းကြယ်ကာ ကမ္ဘာကြီးက သူ၏ ဒဏ္ဍာရီများဖြင့် ပြည့်နက်နေသည်။


မည်သို့ပင်ဆိုစေ အားသွန်ခွန်စိုက် ခုနစ်ရက်တာ အကြိုဗိုလ်လုပွဲစဉ်မှ QYXLW ဆိုသည့်နာမည်က ပြည်နယ်အတွင်းရှိ အထက်တန်းကျောင်းများ၏ ဆွေးနွေးမှုတွေအကြား ထိပ်ဆုံးသို့ တွန်းပို့ခံခဲ့သည်။ အထက်တန်းကျောင်းအားလုံးဖြစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်သည့် 'မင်းသယ် ' နှင့် အမှတ် (၁၃) အလယ်တန်းကျောင်းတွေသာမက ဖေးယွင်နဲ့ သူမ၏သူငယ်ချင်းများ၏ မြို့နယ်ကျောင်းများနှင့် ရှီးယွိချီနှင့် သူမ၏ အသက်မွေးပညာအထက်တန်းကျောင်း အားလုံးက ဤကိစ္စကို ပြောဆိုနေကြသည်။

 

အမည်မသိသည့် နတ်ဘုရားအကြောင်း ပြောသည်နှင့် စကားလုံး‌ခြောက်လုံးသာရှိသည် ။

" အံ့ဩဖွယ်ကောင်းလွန်းတယ် "


...


နောက်တစ်နေ့သည် ပိတ်ရက်ဖြစ်သည် ။အကြိုဗိုလ်လုပွဲစဉ်ရှိ ထိပ်ဆုံးဆယ်ယောက်က ရုပ်မြင်သံကြားဌာနသို့ သွားရောက်၍ ရိုက်ကူးရေးလုပ်ရမည့် နေ့လည်း ဖြစ်နေသည်။ ဤရိုက်ကူးရေး၏ အဓိကရည်ရွယ်ချက်သည် သူတို့၏ မျက်နှာများကို ပြသပြီး နိုင်ငံတော်အဆင့် ဖိုင်နယ်ပွဲသို့ ၀င်ရောက်သွားခြင်းကို ကြေညာရန်အတွက် ဖြစ်သည်။ ထိုအခါ နိုင်ငံတ၀န်းမှ လူ ၅၀၀နှင့် ပြင်းထန်သည့် စစ်ပွဲတစ်ခု ရှိလာမည် ဖြစ်သည်။  ထိုအချိန်၌ မြို့နယ်နှင့် ပြည်နယ် ခွဲခြားထားမည်မဟုတ်ပဲ နိုင်ငံ‌တော်အဆင့် စိန်ခေါ်မှုပြိုင်ပွဲဖြစ်သည်။ ထိုအရာက ပိုပြီးပြင်းထန်မည်ကို ကြောက်မိသည်။


မနက်ခင်း စောစော၌ ကျုံးယို့ယို့သည် နာရီနှိုးစက်သံကို ပိတ်လိုက်ပြီး ရုပ်သံဌာနမှ ဖုန်းကောလ်တစ်ခုကို လက်ခံရရှိခဲ့ကာ ရိုက်ကူးရေး၌ ပါ၀င်ရန် ပြင်ဆင်ထားဖို့ မေးမြန်းလာခြင်းဖြစ်သည်။


ကျုံးယို့ယို့ သူမကိုယ်သူမ မှန်ထဲသို့ကြည့်လိုက်သည်။ သူမခေါင်းစည်းကို ဆွဲချွတ်ပြီး တုံ့ဆိုင်းနေခဲ့သည်။ သူမသည် နိုင်ငံတော်အဆင့်‌ ဖိုင်နယ်ထိ မယှဉ်ပြိုင်ရသေးပေ။ ထို့ကြောင့် သူမကိုယ်သူမ QYXLW အဖြစ်သာ အရင်ဆုံး မဖော်ပြရမည်နည်း။


တစ်ခါ ဖော်ထုတ်လိုက်သည်နှင့် သတင်းထောက်တွေ မေးမြန်းမည့်အကြောင်းအရာများက ကျုံးမိသားစု မွေးနေ့ပွဲမှ သမီးအစစ်နှင့်သမီးအတုကိစ္စ၌သာ လည်ပတ်နေလိမ့်မည် မဟုတ်လား။ ထိုကဲ့သို့ဖြစ်ပါက သူမ၏ အဆင့်တွေ၊ သူမအချိန်ကြာ ကြိုးစားခဲ့ရသည့် မေးခွန်းအရေအတွက်တွေကို မည်သူကမှ ဂရုစိုက်တော့မည် မဟုတ်ချေ။


ကျုံးယို့ယို့ ထိုသည်ကို အလွန်မုန်းသည်။ သူမသည် သူမ၏ ကြိုးစားအားထုတ်မှုများ ကျုံးမိသားစု၏ အောက်၌ ဖုံးကွယ်ခံရမည်ကို မုန်းတီးပါ၏။ သူမသည် ကျုံးမိသားစုနှင့် နည်းနည်းလေးမှ ပါ၀င်မပက်သက်ချင်သလို  ပြည်နယ်အဆင့် ပထမနေရာကို ကျုံးမိသားစုက အနောက်ဘက်တံခါးမှ ၀ယ်ပေးခဲ့သည်ဟူ၍ လူအများက တွေးကြမည်ကိုလည်း မလိုလားပေ။


ထို့ကြောင့် ယခု သူမကိုယ်သူမ ဖော်ထုတ်ပြီး ပြဿနာမဖြစ်စေရန် စီစဉ်ထားသည်။


သူမသာ နိုင်ငံ‌တော်အ‌ဆင့်ချန်ပီယံနေရာ၌ ရပ်နိုင်ခဲ့လျှင် ထိုအချိန်၌ သူမသည် ကျုံးမိသားစု၏ အဆက်အသွယ်များအပေါ်  မှီခိုသည်ဟု ပြောကြမည်ကို ကြောက်စရာမလိုပါ။ ကျုံးမိသားစုသည် ဤမြို့၌သာ ကျိကျိတက်ချမ်းသာသည့် မိသားစုဖြစ်ပြီး သူတို့၏လက်တံများသည် အရမ်းရှည်ရှည်လျားလျား ရောက်လိမ့်မည် မဟုတ်ပါ။


သူမသည် ကုတင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ထိုအကြောင်းကို တွေးလိုက်၏ ။ ထို့နောက် ရိုးရိုးသာမန်လေဖောင်းဂျာကင်နှင့် နှင်းစီးဘွတ်ဖိနပ်ကို စီးလိုက်ပြီး‌‌ သူမ မကြာသေးခင်က ၀ယ်ခဲ့သည့် ပြုံးဖြီးဖြီး လုပ်နေသည့်ရက်ကွန်းပုံ‌ ခေါင်းဆောင်းကို ကောက်ယူကာ ‌စောင်းကြည့်လိုက်သည်။ ပြုံးဖြီးဖြီးရက်ကွန်းပုံခေါင်းဆောင်းကို စောင်းပြီးသည့်အခါ သူမဦးခေါင်းကို ဘယ်သူမှ သေချာမမြင်ရတော့ကာ မည်သူကများ သူမကို မှတ်မိနိုင်ပါဦးမးမည်နည်း ၊သူမ အရမ်းဉာဏ်ကောင်း၏ ။


ကျုံးယို့ယို့ အနည်းငယ် ဂုဏ်ယူသွားပြီး ရက်ကွန်းခေါင်းဆောင်းကို ကိုင်ကာ ထွက်သွားခဲ့သည်။


တစ်နေရာ၌ မုန့်ရှစ်ရွှမ်သည်လည်း ၀တ်စားဆင်ယင်ဖို့ အိပ်ရာမှ စောစောထခဲ့ပြီး သူမနှလုံးက မြန်မြန်‌ခုန်နေလေ၏ ။


သူမ နောက်ဆုံးတော့ အဆင့် ' ကိုး ' နေရာ၌ ရောက်ခဲ့သည်။ သူမ၏ရလဒ်များကို ကျေနပ်မှုသိပ်မရှိ‌ပေမဲ့ ထိပ်ဆုံးဆယ်ယောက်အတွင်း ၀င်သွားခဲ့ပြီး ရုပ်မြင်သံကြား၌ ပြသခံရတော့မည်။ ထိုအကြောင်းကို တွေးမိသည်နှင့် မုန့်ရှစ်ရွှမ်သည် အ၀တ်ဗီရိုရှေ့၌ အချိန်အကြာကြီး ရပ်နေခဲ့ပြီး အ၀တ်အစားကို ရွေးချယ်နေခဲ့သည်။ သို့သော် သူမက အထူးကောင်းကောင်းမွန်မွန် ၀တ်စားသွားမည်ဆိုလျှင် ကြည့်ရှုသူပရိသတ်က သူမအား မုန်းတီးကြလိမ့်မည်။ အဆုံးမှာတော့ သူမသည် ကောင်းမွန်သည့် ပုံရိပ်တစ်ခုမဟုတ်ပါချေ။


ထို့ကြောင့် သူမကိုယ်သူမ မှန်ထဲ၌ ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ၀တ်ထားတာတွေအကုန် ချွတ်ပစ်လိုက်ပြီး ရိုးရှင်းသည့် အဖြူရောင်စကပ်နှင့် ရိုက်ကူးရေးခန်းထဲသို့ ၀င်ရောက်ပြီးလျှင် အလွယ်တကူ ချွတ်လို့ရနိုင်သော လေဖောင်းဂျာကင်ကိုသာ ၀တ်ခဲ့သည်။ ရလဒ်အနေနှင့် သူမသည် မျက်တွင်းချောင်ကျနေပြီး ပို၍ သနားစဖွယ်ကောင်းသည့်ပုံပေါ်လေသည်။


...


သည်လူဆယ်ယောက်စာရင်းက ထွက်လာပြီးသည့်နောက် ရှစ်ကျစ်ထန်နှင့် ကျန့်ကျီရိတို့ နှစ်ယောက်လုံးသည် နာမည်ပြောင်များနှင့် နာမည်လွှဲများကို အသုံးပြုခဲ့ကြသည့်အတွက် သိသိသာသာ မုန့်ရှစ်ရွှမ်ကသာလျှင် လူထုအာရုံစိုက်မှုကို အဆွဲဆောင်နိုင်ဆုံး ဖြစ်ခဲ့သည်။


မကြာသေးခင်က မြို့ထဲ၌ ဆူညံမှုများစွာဖြစ်ခဲ့သည့် သမီးအတုအကြောင်းကို လူတိုင်းက မမေ့ပျောက်ကြသေးပါ။


မုန့်ရှစ်ရွှမ်သည် ဘတ်စ်ကားဖြင့် ရုပ်သံဌာန တံခါးပေါက်အထိ သွားခဲ့သည်။ လမ်းလျှောက်၀င်လာသည်နှင့် ချက်ချင်း သူမသည် သတင်းထောက်များစွာ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။ သူမသည် ဤတစ်ခေါက် ပြည်နယ်အဆင့်၌ ကိုးယောက်မြောက်သူဖြစ်သော်လည်း ယခုအချိန်၌ ဤသတင်းထောက်များသည် ကျုံးမိသားစုနှင့် သူမ၏ ဆက်ဆံရေး၊ ခံစားချက် အခြေအနေတွေကိုသာ ပိုပြီးမေးမြန်းနေကြသည်။


အနည်းငယ်သော လူများကသာ သူမ ကိုးယောက်မြောက်‌ အဆင့်နေရာကို ရရှိသည့်အပေါ် အတွေးအမြင်ကို မေးမြန်းလာကြသည်။


မုန့်ရှစ်ရွှမ်သည် ဤကဲ့သို့ ဖြစ်လိမ့်မည်ကို သိခဲ့ပြီးသားဖြစ်သည်။ ယခုကစပြီး သူမသည် ခြေလှမ်းတစ်လှမ်း မှား၍ မဖြစ်တော့ပါ။  ထို့ကြောင့် သူမသည် နှုတ်ခမ်းတွေကို ကင်မရာရှေ့မှောက်၌ ဖိထားပြီး ဘာမှမပြောခဲ့ချေ။ စကား‌ပြောလေလေ အမှားများလေလေ ဖြစ်တတ်ကြောင်း သူမကောင်းကောင်းသိပါ၏ ။


သို့သော် သူမ ဘာမှမပြောဆိုလျှင်တောင်မှ သူမ၏ မူရင်း နူးညံ့သိမ်မွေ့သည့် မျက်နှာလေးက သတင်းထောက်တွေကို အတင်းအကြပ် ဆက်လက်ဖိအားမပေးစေဖို့ လုံလောက်လေသည်။ 


မုန့်ရှစ်ရွှမ်က အရင်ဆုံး ရောက်ရှိလာသူဖြစ်ပြီး တခြားသူများသည်လည်း တဖြည်းဖြည်း ပေါ်ထွက်လာကြသည်။ မုန့်ရှစ်ရွှမ်မှလွဲ၍ ရှစ်ကျစ်ထန်နှင့် ကျန့်ကျီရိတို့သည် မျက်စိကို အဖမ်းစားနိုင်ဆုံးသော ထူးချွန်ကျောင်းသားများအဖြစ် လူသိများ၏ ။


ခန်းမအတွင်းသို့ မ၀င်မီ ရိုက်ကူးရေးခန်းမအပြင်ဘက်ရှိ စောင့်ဆိုင်းခန်းထဲ၌ ၀န်ထမ်းက သူတို့အတွက် နံပါတ်ပြားတွေကို ပေးနေခဲ့သည်။ ရှစ်ကျစ်ထန်နှင့် ကျန့်ကျီရိတို့အလှည့် ရောက်လာသည့်အခါ သတင်းထောက်များ၊ကင်မရာမန်းများနှင့် တိုက်ရိုက်ထုတ်လွှတ်မှုနေရာ ပြင်ပရှိ ကျောင်းသားမိဘများစသည် လူအားလုံး၏ အာရုံစိုက်မှုက သူတို့ ရင်ဘတ်ပေါ်သို့ ကျရောက်သွားကြပြီး ဆန်းကြယ်သည့် နံပါတ်တစ်က မည်သူဖြစ်သလဲဆိုသည်ကို သိချင်နေကြသည်။


အံ့ဩစရာကောင်းစွာ ရှစ်ကျစ်ထန်၏ ရင်ဘတ်ပေါ်က အဆင့်သည် ဒုတိယဖြစ်ပြီး ကျန့်ကျီရိကတော့ တတိယဖြစ်နေခဲ့သည်။ ' ဘာတွေဖြစ်ကုန်တာလဲ ။ သူတို့ထဲက နှစ်ယောက်က ပထမနှင့် ဒုတိယ မဟုတ်ကြဘူးလား '


ရှစ်ကျစ်ထန်သည် ကျန့်ကျီရိ၏ နံဘေး၌ ရပ်နေခဲ့သည်။


သူတို့နှစ်ယောက်သည် ပြိုင်ဖက်များဖြစ်ပြီး လမ်းမက ကျဉ်းမြောင်းပါ၏ ။ သူတို့က အချင်းချင်း စကားမပြောကြပေမဲ့  နှစ်ယောက်လုံးက ပထမ မဟုတ်သည်ကို ရှင်းရှင်းလင်းလင်း သိနေခဲ့သည် ။


တချို့သော သတင်းထောက်များက တုံ့ပြန်နိုင်ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည် ။ အတွင်းလူတချို့၏ သတင်းပေးမှုများကြောင့်  အဆင့်ဇယားကို ရရှိခဲ့ကြ‌ပြီး ကြိုတင်သိရှိခဲ့ကြသည့် သူများကတော့ အရမ်းထိတ်လန့်သွားပုံမပေါ်ခဲ့ကြပါ။ အဆင့်သတ်မှတ်ချက် က သူတို့၏ mailbox ထဲသို့  သတင်းရေးသားရန် မနက် ၆ နာရီ၌ ရောက်ရှိလာခဲ့ရာ ထိုအချိန်၌ ထိတ်လန့်မှုကို ခံစားခဲ့ရပြီးဖြစ်သည်။

 

အင်တာနက်‌‌ပေါ်က တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသည့် ကျောင်းသား၊သူတွေသည် ထိတ်လန့်သွားခဲ့ကြသည်။ အထူးသဖြင့် ဖိုရန်ထဲက လူအုပ်စုပင်။ သူတို့က အချိန်တော်ကြာ  ဆွံ့အသွားခဲ့ကြပြီး ဖိုရမ်က ချက်ချင်းပင် တစ်ဖန်ပြန်လည် ပေါက်ကွဲထွက်ခဲ့သည်။ ဒီအခြေအနေက လူတိုင်း ထင်ထားသည်နှင့် လုံးလုံး ကွဲပြားနေလေသည်။ ဘာတွေဖြစ်နေကြတာလဲ ။ 

 

ဘယ်သူက ပထမနေရာလဲ ။

ဖိုရမ်သည် နည်းပညာအခက်အခဲကြောင့် 

တုံ့ပြန်မှုမရှိ ဖြစ်လာလုနီးပါးပင်။


' ရယ်စရာကောင်းချက်ပဲ ၊သူတို့တွေက ပထမနေရာအား ရှစ်ကျစ်ထန်နှင့် ကျန့်ကျီရိကို မဲပေးခဲ့ကြကာ ထိုအရာအားလုံးက အချည်းနှီးဖြစ်သွားခဲ့သည်လား။ နေစမ်းပါဦး သေစမ်း ။ အခုက ‌ ရှစ်ကျစ်ထန်နဲ့ ကျန့်ကျီရီထက် ပိုပြီးတော်တဲ့လူ‌တစ်ယောက်ရှိနေသည့် အဓိပ္ပာယ် မဟုတ်ဘူးလား ။ မဟုတ်သေးဘူး ဘယ်‌လောက်တောင်မှလဲ ' ဤအပြောင်းအလဲက သူတို့ကို တော်တော်လေး ဆွံ့အသွားစေ၏ ။


လူတိုင်းက သူတို့၏ နှလုံးများ ဒရမ်ကဲ့သို့ ခုန်ပေါက်နေရင်း တုန်လှုပ်စွာဖြင့် ပထမလူ ၀င်ရောက်လာမည်ကို စောင့်ဆိုင်းနေကြစဉ် ထိုလူက ရောက်ရှိလာခဲ့သည်။


လေဖောင်းဂျာကင်ပြောင်နှင့် မိန်းကလေးနှင်းစီးဘွတ်ဖိနပ်၊ ကြောက်စရာကောင်းသည့် ရက်ကွန်းပုံခေါင်းဆောင်းဖြင့် ရင်ဘတ်၌ 'နံပါတ်တစ် ' နှင့်သူက သူတို့အား ငြိမ်သက်စွာ ဖြတ်ကျော်သွားခဲ့သည်။


သတင်းထောက်များ "...."

ရှစ်ကျစ်ထန်၊မုန့်ရှစ်ရွှမ်နှင့် အခြားသောပြိုင်ပွဲ၀င်များ "......"


တိုက်ရိုက်ထုတ်လွှင့်မှု၏ နောက်ပိုင်းအဆင့်၌ သွေးထွက်သံယိုအနည်းငယ်ဖြင့် ရက်ကွန်းခေါင်းက ရောင်စုံဝါးတားတားအကွက်များဖြင့် ဝိုးတိုးဝါးတား ဖုံးကွယ်ခံထားရသည်။ ထို့ကြောင့် ဖန်သားပြင်‌ရှေ့က ကျောင်းသား၊သူများ မြင်‌တွေ့နိုင်သည်က ဦးခေါင်းမှာ ရောင်စုံဝါးတားတားအကွက်များဖြင့် မိန်းကလေးတစ်ယောက် လမ်းလျှောက်လာခြင်းကိုဖြစ်ပြီး သူမရင်ဘတ်ပေါ်က QYXLW ဆိုသည့်နာမည်က မျက်စိကို  အထူးသဖြင့် ဖမ်းစားနေခဲ့သည်။ 

 "......"


ဖိုရမ်သည် ထပ်မံ တုံ့ဆိုင်းရပ်တန့်သွားပြန်သည်။ 


' တောက်စ် သေစမ်း ၊နတ်ဘုရားက ရောင်စုံဝါးတားတားအကွက်ခေါင်းကြီးနဲ့လား '

"......"


မုန့်ရှစ်ရွှမ်သည် ကြောက်စရာကောင်းသည့် သွင်ပြင်ဖြင့် လျှောက်လှမ်းသွားသည့်သူကို ကြည့်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် လူအများ၏ အာရုံစိုက်မှုကို ရယူဖို့ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့ရသည်။ သို့သော် ဤရောင်စုံဝါးတားတားအကွက်များနှင့်သူကို ပြိုင်ပွဲအစမှာပင် ရှုံးနိမ့်သွား၏။