အပိုင်း ၉၁
Viewers 11k

Chapter 91



နံပါတ်တစ်ကို ကင်မရာချိန်ထားသည့် ကြာချိန်သည် ကျန်သူတွေအားလုံး၏ စုစုပေါင်းနီးပါးလောက် ရှိသည်ကို သူမသတိထားမိခဲ့သည်။ နံပါတ်တစ်နှင့် အတူရှိနေသရွေ့ screen time မရှိမည်ကို လုံး၀ စိတ်ပူစရာမလိုအပ်ချေ။


သို့သော် သူမ မျှော်လင့်မထားသည်က ပထမရသည့် မိန်းကလေး၏ သူမတူထူးခြားသည့် အကျင့်စရိုက်၊ စိတ်သဘောထားဖြစ်သည်။

 

ခေါင်း‌ဆောင်းကို ၀တ်ဆင်ထားပါသော်လည်း မုန့်ရှစ်ရွှမ်သည် ထိုအမွှေးဖွာရက်ကွန်း၏ မျက်လုံးများထဲမှ သူမကို  စိတ်မ၀င်စားသည့်် အကြည့်ကို ခံစားနိုင်သကဲ့သို့ ရှိသည်။


 "ပြိုင်ပွဲ၀င် ဆယ်ယောက်မှာ မိန်းကလေးသုံးယောက်ရှိတယ်မလား ။ ဘာလို့ အချင်းချင်း မကူညီဘဲ နေကြမှာလဲ "


ထိုကဲ့သို့ ပြောပြီးသည့်နောက် 'ရောင်စုံကွက်' သည် သူမ၏ရှေ့မှ စားပွဲခုံကို မကာ သူမတို့အား ထားပစ်ခဲ့သည်။


တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ လူတိုင်း

 "...…"


' သေစမ်း ၊ ဒီခွန်အားကြီးက...တကယ်ပဲမိန်းကလေးဟုတ်ရဲ့လား '


" ဟားဟားဟား ဘော့စ်က အရမ်းသန်မာတာပဲ သာမန်မိန်းကလေးတစ်ယောက်မဟုတ်ဘူးပဲ ။


မုန့်ရှစ်ရွှမ်သည် ကင်မရာကို ကျောပေးထားပြီး သူမမျက်နှာသည် တောင့်တင်းနေသည်။ သို့သော် သူမမျက်နှာကို ကင်မရာဆီသို့ လှည့်လိုက်သည့်အခါ၌ ပုံမှန်ပြန်ဖြစ်သွားပြီး ခါတိုင်းကဲ့သို့ သိမ်မွေ့ ငြိမ်သက်နေဆဲအခြေ‌အနေ ပြန်ဖြစ်သွားသည်။ 


သူမက ပြုံးလိုက်ပြီး ပုံမှန်ကဲ့သို့ပင် အဆင့် ခြောက်  မိန်းကလေးဆီသို့ လျှောက်

လှမ်းသွားပြီး " အတူသွားကြရအောင် "


ဤမိန်းကလေး၌ ပိန်ပါးသည့် လက်မောင်းနှင့် ခြေထောက်များ ရှိ၏။ သူမဟာ ပေါင် ၇၀ ကျော်ရုံလောက်သာ ရှိမည့်ပုံပေါ်ပြီး သူမဘာသာ မည်သည်ကိုမျှ ရွှေ့နိုင်မည့်‌ပုံမပေါ်ချေ။ ထို့ကြောင့် ထင်ထားသကဲ့သို့ သူမက အင်း ဖြေလာခဲ့သည်။


သူတို့နှစ်ယောက်သည် ရေသန့်‌ရေဘူးဆီသို့ သွားခဲ့ကြပြီး ထိုအရာကို တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ နောက်ဘက်သို့ ရွှေ့ပြောင်းရန် စီစဉ်ထားကြသည်။ မမျှော်လင့်စွာ ရေသန့်ဘူး၏အလေးချိန်သည် သူမတို့ မျှော်မှန်းထားသည့် ပမာဏထက် ကျော်လွန်နေခဲ့သည်။ 


မုန့်ရှစ်ရွှမ်သည် အားနည်းသောကြောင့် ချက်ချင်း လွှတ်ချလိုက်လေသည်။ သူမသည် မွေးကတည်းက လေးပင်သည့် အရာ၀တ္ထုမျိုး တစ်ခါမှ ပင့်မခဲ့ဖူးခြင်း မရှိပေ။ ပြီးခဲ့သည့် လ၀က်လုံးလုံး ကျုံးအိမ်တော်၌ အလုပ်ကြမ်းလုပ်နေခဲ့သည်ဆိုပေမဲ့ ပန်းကန်တွေဆေးခြင်းနှင့် ကြမ်းတိုက်သည်လောက်သာလျှင် ဖြစ်သည်။ ကလေးဘ၀ကတည်းက အရွယ်ရောက်သည်အထိ သူမကျောင်းတက်လျှင်တောင်မှ စာအုပ်များကို ယောင်္ကျားလေးများက ကူညီသယ်ပေးခဲ့ကြသည်။


ရေသန့်ဘူးက ' ဘန်း ' ဟူ၍ ကျယ်လောင်သည့်အသံဖြင့် မြေပြင်ပေါ်သို့ ကျသွားခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် လူတွေကို ကြောက်လန့်စေသွားသည်။

  

' ထိုအရာအတွက် လျော်ကြေးပေးရမည်လား။ မိန်းကလေးနှစ်‌‌ေယာက်က နမော်နမဲ့နိုင်၍ ဖြစ်လိမ့်မည်။ ပြီးတော့ မိန်းကလေးတွေက အားမရှိကြပေ '


သို့သော် မိန်းကလေးနှစ်ယောက်သည် ပစ္စည်းတွေကို အခက်အခဲများစွာဖြင့် မသယ်ယူနိုင်ခင်မှာပဲ ခေါင်းပေါ်၌ ရောင်စုံကွက်များနှင့် လူတစ်ယောက်က လာနေသည်ကို မြင်တွေ့ရသည်။


သူက ရေသန့်ဘူးကို လက်တစ်ဖက်တည်းဖြင့် ကိုင်ပြီး ကျန်လက်တစ်ဖက်ဖြင့်မကာ သယ်ယူရင်း ထွက်သွားခဲ့သည်။ 


 တိုက်ရိုက်ထုတ်လွှင့်မှုပရိသတ် "......" 


 "ဟားဟား ဒီအခန်းက အရမ်းထူးဆန်းတာပဲ ရောင်စုံကွက်တွေက ရေသန့်ဘူးကို သယ်ထားတယ် "


ထို့အပြင် ' ဘုရားရေ ၊နတ်ဘုရားကတကယ်ကို သန်မာတာပဲ ၊သူမက တကယ့်ကို ရိုးရိုးသာမန်မိန်းကလေးမဟုတ်ဘူး '  သူမစာမေးပွဲကို ဖြေဆိုနိုင်ပြီး အဆင့်တစ် နေရာကိုရယူနိုင်ခဲ့တာ အံ့ဩစရာမဟုတ်ချေ။


မူလအစကတည်းက လူအများစု၏ မိန်းကလေးတွေအပေါ်  အမြင်သည် အားနည်းပြီးရင်း အားနည်းသည်ဟူ၍  ဖြစ်သည်။ ထို့ကြောင့် သူတို့သည် မုန့်ရှစ်ရွှမ်နှင့် မျက်မှန်တပ်ထားသည့် အဆင့်ခြောက် မိန်းကလေးတို့က ရေသန့်ဘူးကို သယ်နိုင်ခြင်းမရှိပဲ ပြုတ်ကျသွားသည်ကို မြင်သောအခါ  ထူးထူးခြားခြား တုံ့ပြန်မှုမရှိခဲ့ပေ။  သို့သော် ယခု၌မူ နတ်ဘုရားသည်လည်း မိန်းကလေးတစ်ဦးဖြစ်ပေမဲ့ ရုတ်တရက် ရေသန့်ဘူးကို လက်တစ်ဖက်တည်းဖြင့် မကာ သယ်ဆောင်သွားခဲ့သည်။ လူတစ်ယောက်က နှိုင်းယှဉ်ကြည့်ရင်း ကောမန့်များ ရေးလိုက်သည်။


ဖိုရန်ပေါ်၌ အဖြောင့်ကောင်လေးများ၏ မှတ်ချက်များနှင့် ပြည့်နေသည်။

" အံ့ဩစရာကောင်းတယ် "


" ဒီ အဆင့်တစ်က တကယ် ဉာဏ်ကြီးရှင်ဖြစ်ပြီး အဆင့်ကောင်းကောင်းရှိသည်သာမက ဒီလိုမျိုး သန်မာသည့်စွမ်းရည်လည်း ရှိတယ်။နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အဲ့ဒီ မိန်းကလေးနှစ်‌ယောက်က တကယ် အားနည်းလွန်းပြီး လေ့ကျင့်ခန်းပိုလုပ်ဖို့ လိုအပ်လိမ့်မယ် "


မိန်းကလေးတွေနှင့် ယောင်္ကျားလေးတွေသည် ‌စဉ်းစားပုံခြင်း ကွာခြားကြသည်။ မိန်းကလေးများသည် လက်ဖက်စိမ်းမများကို ခွဲခြားရာ၌ ကျွမ်းကျင်ကြပြီး တစ်ချက်ကြည့်ရုံဖြင့် မုန့်ရှစ်ရွှမ်ကို ထိုးဖောက်မြင်နိုင်ကြသည်။ အဆင့်ခြောက် မိန်းကလေးသည် အမှန်တကယ် အားနည်းလိမ့်မည်။ သူမ၏ ခြေလက်များက အလွန်ပိန်နေကာ အရိုးများကိုပင် တွေ့နိုင်လေသည်။ ဒါပေမဲ့ မုန့်ရှစ်ရွှမ်သည် စကပ်၀တ်ထားပြီး ပြည့်ပြည့်မောက်မောက်ကောက်ကြောင်းရှိပြီး  သူမက ဘယ်နေရာမှာ အားနည်းသည့်ပုံပေါ်ပါသလဲ ။


ချက်ချင်း လူတစ်ယောက်က သူတို့၏မျက်လုံးတွေကို လှိမ့်လိုက်ပြီး စာရိုက်လိုက်သည်။


"နင်က ဘာလို့ အရမ်းအားနည်းနေတာလဲ ။ ဒါက ဟန်ဆောင်နေတာမဟုတ်ဘူးလား ရေသန့်စက်ရေဘူးလေးကိုတောင် မရနိုင်ဘူးလား လက်ဖက်စိမ်းမ  "


"ငါလည်း အဆင့်ကိုးကို သဘောမကျဘူး "


မုန့်ရှစ်ရွှမ်သည် ကြည့်ရှုသူ၏ မှတ်ချက်စကားများကို မတွေ့မြင်နိုင်ပေ။ သို့သော် ရောင်စုံကွက်က သူမတို့ မသယ်နိုင်သည့် အရာကို ရုတ်တရက် ယူဆောင်သွားသည့်အခါ သူမမျက်နှာသည် သိပ်မကောင်းပေ။


' အဲ့မိန်းမက တမင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာမလား။ တမင်တကာ သူမကို အရှက်ရစေဖို့လေ '


တင်ဆက်သူက ထိုအခွင့်အရေးကို အခွင့်ကောင်းယူကာ ကျုံးယို့ယို့ ရှေ့၌ မိုက်ခရိုဖုန်းကို ထိုးပေးလိုက်ပြီး မေးလိုက်တယ်။ " အဆင့်တစ်အတန်းဖော် ကျွန်တော်ထင်တာတော့ မင်းက တော်တော်လေးသန်မာ‌ပုံပေါ်တယ်။ သာမန်မိန်းကလေးတစ်ယောက်ထက်ပိုပြီး သန်မာတယ်မလား  "


ကျုံးယို့ယို့သည် တည်ငြိမ်စွာဖြင့် အမှန်အတိုင်း ပြောလိုက်သည်။

"ဟုတ်ပါတယ် ကျွန်မ အချိန်ပိုင်းအလုပ်လုပ်ပြီး ကျောင်းစရိတ်ရှာခဲ့ဖူးတယ် ။ တကယ်လို့ ကျွန်မသာ ပန်းကန်တွေဆေးဖို့ အားမရှိဘူးဆိုရင် မန်နေဂျာဆူတာခံရလိမ့်မယ် "


ပန်းကန်ဆေးခြင်းသာမက သူမသည် ကူးပြောင်းမလာခင်  အုတ်ခဲများကိုပင် သယ်ခဲ့ဖူးသည်။ သူမ ဒီအကြောင်းတွေကို ပြောနေဖို့ အကြောင်းမရှိပေ။  မူလပိုင်ရှင်သည်လည်း ကျုံးမိသားစုထံသို့ ပြန်မရောက်ခင် အချိန်တစ်ဆယ့်ငါးနှစ်က အလွန်ပင်ပန်းခဲ့သည်။ ထို့ကြောင့် မူလပိုင်ရှင်၏ ခန္ဓာကိုယ်က ကြံ့ခိုင်နေကာ အရင်ဘ၀က သူမနှင့် ထပ်တူနီးပါးဖြစ်သည်။


တင်ဆက်သူက ခဏလောက် အံ့အားသင့်သွားခဲ့သည်။ ကျောင်းသူလေး၏ စကားကိုနားထောင်ပြီးရင်း သူမသည် ပိုကောင်းမွန်သည့် မိသားစု၌ မွေးဖွားလာခဲ့သင့်သည်လို့ ခံစားရပြီး နောက်ကွယ်မှာ ဒီလိုဇာတ်လမ်းမျိုးရှိနေခဲ့သည်လား။


ထို့ကြောင့် တင်ဆက်သူသည် ဒီအချက်ကို အမိအရဖမ်းဆုပ်ပြီး အနည်းငယ် လှုပ်လှုပ်ရွရွဖြစ်လာပြီး


" ဆင်းရဲသည့်‌ နောက်ခံရှိသည့် ကျောင်းသားတွေဖို့ ပညာရေးကနေတဆင့် နာမည်တစ်ခုရလာဖို့ လုပ်ရတာ တကယ်မလွယ်ကူပါဘူး ။ ဒါကြောင့် ကြည့်ရှုနေကြသည့်သူများခင်ဗျာ ၊ ကျွန်တော်တို့ရဲ့အဆင့်တစ်က မင်းတို့နှင့် အသက်အရွယ်တူညီကာ သူမ၏ ထူးချွန်ပြီး ကြိုးစားအားထုတ်မှုတွေကို မြင်တွေ့ကြရပြီမလား။  ဒါ‌ကြောင့် မင်းတို့တွေကိုလည်း ကြိုးစားဖို့  မလှုံ့ဆော်နိုင်သေးဘူးလား ခင်ဗျာ "


ရွှီရှောင်ယွဲ့သည် နတ်ဘုရားထဲမှ 'အချိန်ပိုင်းအလုပ်'ဆိုသည့် စကားလုံးကို ကြားလိုက်ရသောအခါ သူမစိတ်ကူးထဲ၌ ပူပြင်းသည့်နွေရာသီကို တွေးမိသွားသည်။ နတ်ဘုရားက ညစ်ပတ်နေသည့် အဖြူရောင်စွပ်ကျယ်ကို ၀တ်ထားပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အုတ်သယ်နေခဲ့၏။  သူမ၏ မျက်လုံးများသည် ချက်ချင်း နီရဲလာခဲ့သည်။ 

' ဘာလို့ ဒီလောက်တောင် သနားစရာကောင်းရတာလဲ '


ပညာရေးဆိုင်ရာစွမ်းဆောင်ရည်က အရမ်းကောင်းမွန်ပေမဲ့ အတွေ့အကြုံတွေကတော့ ခါးသီးလွန်းလှသည်။ ဤသည်က ဂန္တ၀င်ဖြစ်သည့် 'မေ့ချန်းချန် 'ပင်  မဟုတ်ဘူးလား "

[ 美强惨 - လှပ၊သန်မာပေမဲ့ သနားစရာကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ ]


အဲ့ဒီကာရိုက်တာသည် အမှန်တကယ် ပင် အရမ်းပေါ်ပြူလာဖြစ်၏။ ဖိုရမ်ဟာ "ဝေါင်း ၊  ရင်ထဲအောင့်သွားပြီ ၊ စိတ်မကောင်းနည်းနည်းဖြစ်မိတယ် ၊ ဘာဖြစ်ကြတာလဲ ၊ ငါသိတာက နတ်ဘုရားက ပညာရေးမှာ အရမ်းထူးချွန်သည်ပေါ့ သူမမှာလည်း ဒီလိုဇာတ်လမ်းတစ်ခု ရှိမယ်လို့ မထင်ထားဘူး... " စသည်များဖြင့် ပြည့်နေ၏။ 


နောက်ဆုံးတော့ သူမသည် အဆင့်တစ်ဖြစ်ပြီး ကျုံးယို့ယို့၏ ကိုယ်ပိုင် ရောင်စုံကွက်များဖြင့် ဖုံးကွယ်ခံထားရသည့် ခေါင်းဆောင်း‌ကြောင့်အပြင် တင်ဆက်သူကလည်း သူမကို မေးခွန်းများစွာ မေးရတာကို နှစ်သက်နေခဲ့သည်။ ထို့ကြောင့် ကင်မရာက သူမကို မကြာခဏ ချိန်လေ့ရှိသည့်အတွက်ကြောင့် ရိုက်ကူးရေးနှစ်နာရီမှာ တစ်နာရီကသာ အဓိကအနှစ်ဖြစ်ပြီး ထိုအနှစ်ထဲမှာ ကျုံးယို့ယို့၏အပိုင်းက တခြားသူများ၏ ပါ၀င်မှုအချိန်ထက် လုံးလုံး ပိုများနေခဲ့သည်။

.....


ထို့ကြောင့် နှစ်နာရီကြာ ထုတ်လွှင့်မှု ပြီးဆုံးသွားသည့်အခါ ဖိုရမ်ပေါ်၌ ဆွေးနွေးကြသည့် အကြောင်းအရာအားလုံးသည် နံပါတ်တစ်၏ ရောင်စုံကွက်များဖြစ်သည်။


သို့သော်ငြား လူအများအာရုံစိုက်ခံရဆုံး ဖြစ်သင့်သည့် ရှစ်ကျစ်ထန်၊ကျန့်ကျီရိနှင့် မုန့်ရှစ်ရွှမ်တို့၏ ဆွေနွေးမှုများကတော့ အနည်းငယ်သာ ရှိကြသည်။ တခါတရံ သူတို့အကြောင်း ပြောထားသည့် ပို့စ်များအားလုံးသည်  အကြောင်းအရာမျိုးစုံ ဖြစ်ကြသည်။ ‌သူတို့နှင့်ပက်သက်သော အနည်းငယ်ရှိပေမယ့် နောက်ဆုံးတွင် နံပါတ်တစ် စွမ်းဆောင်ရည်၊ ဟာသဉာဏ်နှင့် အနည်းငယ်ခါးသီးမှုထံသို့ သာရောက်ရှိသွားကြသည်။

  

ရိုက်ကူးရေးပြီးသည့်နောက် မုန့်ရှစ်ရွှမ်သည် လမ်းလျှောက်ရင်း သူမဖုန်းကို ထုတ်ကာ ဖိုရမ်ပေါ်မှ မှတ်ချက်တွေကို ဖတ်လိုက်သည်။


သို့သော် သူမ မူလစာမျက်နှာမှ  စာမျက်နှာများစွာ လှန်ကြည့်ခဲ့သော်လည်း သူမနာမည်ကို မတွေ့ရသလောက်ပင်။


ထို့ကြောင့် သူမသည် နာမည်ဖြင့်သာ တိုက်ရိုက် ရှာလိုက်ရသည်။  အချိန်ခဏကြာ ရှာဖွေပြီးသည့်နောက်တွင် ယနေ့တင်ခဲ့သည့် ပို့စ်အချို့ကို တွေ့လိုက်ရပေမဲ့ မှတ်ချက် ကောမန့်အရေအတွက်သည် မရှိသလောက်နည်းပါးလှပြီး ဒါဇင်အနည်းငယ်သာလျှင်ရှိသည်။


ဖိုရမ်၌ လူအာရုံစိုက်မှုကိုခံရပြီး  တောက်လောင်နေသည့် ဆွေးနွေးချက်များ အားလုံးသည် နံပါတ်တစ်နှင့် သူ၏ ရောင်စုံအကွက်များဖို့  သီးသန့်ပို့စ်များဖြစ်ကြ၏။


တချို့က သူမကို ဉာဏ်ကောင်းကာ အမှီအခိုကင်းမဲ့ပြီး မိမိကိုယ်ကို တိုးတက်စေလို့ ချီးကျူးကြပြီး တခြားသူများက သူမအတွက် စိတ်မကောင်းဖြစ်နေကြပြီး တချို့ကတော့ ပျော်စရာတစ်ခုအလား‌ ကြည့်နေကြသည်။  နောက်ထပ် အတွဲဖန်တွေကလည်း စိတ်လှုပ်ရှားစွာ ‌ကြည့်ရှုနေကြပြီး သူမကို ရှစ်ကျစ်ထန် ဒါမှမဟုတ် ကျန့်ကျီရိနှင့် တွဲပေးချင်နေကြသည်။ ဖန်သားပြင်၏ အများစုသည် "ဟားဟားဟား" များသာဖြစ်သည်။  


အတိုချုပ်ဆိုရသော် သူမအကြောင်းပြောနေသည်များက အလွန်နည်းပါးလှသည်။ သူမသည် ပို့စ်ကိုဖွင့်ကာ နှိပ်၀င်လိုက်ပြီး အကောင်းမြင်သည့် ကောမန့်များ သိပ်များများစားစားမရှိသည်ကို တွေ့လိုက်ရသည်။ တချို့သောသူတွေသည် သူမက ကျုံးမိသားစု၏ သမီးအတုဖြစ်နေသည့်ကိစ္စကို ပြောဆိုနေကြခြင်းဖြစ်ကြသည်။


သူမ၏ ယနေ့စွမ်းဆောင်ရည်အပေါ် ကောမန့် အနည်းအကျဉ်းက

" လှတော့ လှပါတယ် ဒါပေမဲ့ ဘာလုပ်ရမှာလဲ။ အရမ်းအတုယောင်ဆန်လွန်းတယ် ။ လူတိုင်းက  လေဖောင်းဂျက်ကပ်တွေ နဲ့ သူ့အောက်မှာ ရိုးရိုးဆွယ်တာတွေကို ခံ၀တ်ပြီး သာမန်ကျောင်းသား၊သူတွေအတိုင်းလာကြတာ သူမကတော့ စကပ်တိုတောင် ၀တ်ထား‌သေးတယ်။ စကပ်က ဘာမှတော့ မဖြစ်ပါဘူး။ ဒါပေမဲ့ တခြားကျောင်းသားတွေနဲ့ နှိုင်းလိုက်ရင် အဆင့်ကိုးက ကော်ဇောနီကို လျှောက်တော့မလိုမျိုးပဲ "


မုန့်ရှစ်ရွှမ်သည် ဖုန်းကို တင်းတင်းဆုပ်ကိုင်ရင်း သူမနှုတ်ခမ်းတွေကို ကိုက်နေခဲ့သည်။ 

' စကပ်လှလှလေး ၀တ်တာက ဘာမှားနေလို့လဲ '


သူမသည် ရက်ကွန်း‌ခေါင်းဆောင်းကို စောင်းထားသည့် သိပ်မဝေးသောနေရာက အဆင့်တစ်ကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။ သူတို့အားလုံးသည် သူမကို အရှက်ရစေသည့် ပထမဆုံးသောသူတွေဖြစ်ကြသည်။ သူမသည် ရေသန့်ဘူးကို မြေပြင်ပေါ်သို့ ပြုတ်ကျစေရန် တမင် ရွှေ့ခဲ့ခြင်း မဟုတ်ပေ။ နံပါတ်တစ်က သူမကိစ္စကို ၀င်ပါလာကာ ရွှေ့သွားခဲ့သည်။ ဤသည် သိသာစွာပင် တမင်သက်သက် ရှိုးလုပ်ပြပြီး ရိုက်ကူးချိန်ပိုလိုချင်၍ ဖြစ်သည်။

 

ဖိုရမ်ပေါ်၌ ရွှီရှောင်ယွဲ့ကဲ့သို့ အဆင့်တစ်နတ်ဘုရားဘက်မှ ပြင်းပြင်းထန်ထန် ကာကွယ်နေသူများအပြင် အဆင့်တစ်က အိုဗာဖြစ်လွန်းသည်ဟု တွေးကြသည့်သူများလည်း ရှိကြသည်။ သူတို့သည် သူမက အများထဲမှာ ထင်းနေဖို့ကြိုးစားလွန်းနေပြီး မဟုတ်ပါက အားပျော့သည့် ဓာတ်မတည့်မှုလေးအတွက်နှင့်  ခေါင်းဆောင်းကို စောင်းပြီး တစ်ခေါင်းလုံးက ရောင်စုံကွက်များဖြင့် ဖုံးခံထားရဖို့ လုပ်လိမ့်မည် မဟုတ်ပေ။


ဥပမာအားဖြင့် ကွန်ပျူတာရှေ့၌ ထိုင်နေသည့် ၀မ်နွမ်နွမ်သည် ဖန်သားပြင်ပေါ်မှ အဆင့်တစ်အား မျက်မှောင်ကြုတ်စွာဖြင့် ကြည့်နေခဲ့သည်။ 


ကျန့်ကျီရိ၏ မိခင်သည် သူမခေါင်းကို မီးခိုချောင်ထဲမှ ထိုးထွက်ပြရင်း

" နွမ်နွမ် ကျီရိက ည‌စာစားတဲ့အချိန်ထိ ပြန်လာမှာ မဟုတ်ဘူး ၊ သမီး အိမ်အရင်ပြန်ချင်လား ၊သူပြန်လာရင် အန်တီ သမီးကို ဖုန်းဆက်ပေးရမလား " 


၀မ်နွမ်နွမ်သည် လျင်မြန်စွာ ပြောလိုက်သည်။

" ရပါတယ် အန်တီ၊ သမီးစောင့်နေလိုက်ပါ့မယ် "


"အွန်း အဲ့ဒါလဲ အဆင်ပြေပါတယ် ၊အန်တီ သမီးကို စားစရာတစ်ခုခု အရင်လုပ်ပေးထားမယ် ၊ ပြီးတော့ သမီး သူ့ရဲ့ ကွန်ပျူတာ ဆော့နေလို့ရတယ် " 


" ဟုတ် "

၀မ်နွမ်နွမ်သည် ကျန့်ကျီရိ၏ မိခင်နှင့် စကားပြောပြီးသည့်နောက် သူမသည် ကျန့်ကျီရိ၏ ကွန်ပျူတာကို လှည့်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်သည် ငယ်ကတည်းက အတူကြီးပျင်းလာသည်ဖြစ်ပြီး သူ၏ ကွန်ပျူတာ လျှို့ဝှက်နံပါတ်အားလုံးကိုလည်း သိပြီးဖြစ်သည်။


ကျန့်ကျီရိထွက်မသွားခင် မေးခွန်းလွှာ app ကို မပိတ်သွားရချေ။ ထို့ကြောင့် သူမ၀င်လာသည့်အခါ ကွန်ပျူတာကို ဖန်သားပြင်တစ်နေရာ၌ ဖွင့်လိုက်ပြီး ကျန့်ကျီရိနှင့် နံပါတ်တစ်တို့အကြား သီးသန့်စာတိုမှတ်တမ်း တစ်ခုက ရှိနေသည်ကို မြင်လိုက်ရသည်။


အစက ၀မ်နွမ်နွမ်သည် ထိုနံပါတ်တစ်က ယောင်္ကျားလေးတစ်ယောက်ဟု ထင်ခဲ့သည်။ ထို့ကြောင့် စာပို့မှတ်တမ်း၌ ဘာမှမရှိခဲ့ပဲ  အမေးအဖြေတစ်ခုပြီးတစ်ခုသာ ရှိသည့်အတွက် သူမသည် ‌ဂရုမစိုက်ခဲ့‌ပေ။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုပြီးသည့်အခါမှသာ နံပါတ်တစ်က မိန်းကလေးတစ်‌ယောက် ဖြစ်နေခဲ့၏။


ဤ သီးသန့်စာတိုများသည် မပြတ်မသားဖြစ်ပုံပေါ်ပြီး သူမဘယ်လိုပဲကြည့်ပါစေ သံသယဖြစ်နေမိသည်။,  အထူးသဖြင့် စကားလုံးခန့်မှန်းရသည့် ဂိမ်းဖြစ်သည်။ ကျန့်ကျီရိသည် သိသိသာသာ နံပါတ်တစ်မိန်းကလေးကို ထိန်းပေးခဲ့ပြီး သူမကို ခန့်မှန်းဖို့ မေးလိုက်ကာ ရိုက်ကူးချိန်တွေကိုတောင် ‌ပေးခဲ့သည်။ 


၀မ်နွမ်နွမ်သည် သူမကို ကြည့်ရင်း နှလုံးသားထဲ၌ မနာလိုမှုများ ဖြစ်လာခဲ့သည်။ သီးသန့်စာတိုများ၏ ပြသသည့်အချိန်အရ ထိုအချိန်သည် အရင်နေ့ ည ၁၁ နာရီဖြစ်သည်။ ထိုအချိန်က သူမက အိမ်အောက်ထပ်၌ ကျန့်ကျီရိကို လာရှာပြီး ကျန့်ကျီရိက ပြတင်းပေါက်ကို ဖွင့်၍  စိတ်မရှည်စွာ ပြန်ပိတ်ခဲ့သည့် အချိန် မဟုတ်ပါလား။ သူမကိုတော့ အေးတိအေးစက် ဆက်ဆံနေခဲ့ပြီး ဒီတစ်ယောက်နဲ့ကျ စကားပြောနေခဲ့သည်လား။