အပိုင်း ၉၅
Viewers 11k

Chapter 95




အိမ်အောက်ထပ်၌ ...

 ချင်းယောင်သည် သူ ထွက်မသွားခင် ကျုံးယို့ယို့ အိမ်ပြန်ရောက်ပြီး အခန်းမီးဖွင့်သည်ကို အမြဲတမ်း စောင့်လေ့ရှိ၏ ။ သို့သော် သူမ အပေါ်တက်သွားတာ ဆယ်မိနစ်ကြာသွားတာတောင်မှ အခန်းမီးက မလင်းသေးချေ။ ချင်းယောင်က မျက်မှောင်ကြုတ်သွားပြီး ဖုန်းခေါ်လိုက်၏ ။


" ရှင် ထွက်မသွားသေးဘူးလား " ကျုံးယို့ယို့သည် အံ့ဩသွားပြီး ကော်ဖီစားပွဲခုံပေါ်ကနေ ခုန်ချကာ ၀ရံတာဆီသို့ မြန်မြန်‌သွားခဲ့သည်။


ချင်းယောင်က အောက်ထပ်၌ မတ်တပ်ရပ်နေခဲ့ပြီး လမ်းမီးရောင်က သူ၏အရိပ်ကို ပိုရှည်နေစေသည်။

"မီးကျွမ်းသွားတာလား "


" ရှင် ဘယ်လိုသိတာလဲ "

ကျုံးယို့ယို့က ပြုံးလိုက်ပြီး တုံ့တိုင်းမှုမရှိဘဲ သူ့အား ခေါ်လိုက်သည်။


" ကံကောင်းလို့ ရှင် ထွက်မသွားသေးဘူး အပေါ်မြန်မြန်တက်လာခဲ့ "


အိမ်၌ အရံမီးသီးများရှိပြီး ချင်းယောင်က သူမဆီလာကာ လဲပေးရန်သာ လိုအပ်၏။ 


ချင်းယောင်သည် အပေါ်ထပ်သို့ တက်လာကာ ၀င်လာခဲ့ပြီး ဖိနပ်တွေကို လဲလိုက်၏။ ထို့နောက် ‌ကော်ဖီစားပွဲခုံပေါ်သို့ တက်လိုက်သည်။ ကျုံးယို့ယို့က မီးအိမ်လေးတစ်လုံးကို ယူလာခဲ့၏။ အဝါရောင်မီးအိမ်လေးက ချင်းယောင်၏ ခါးနှင့် ဗိုက်ကို ထိနေလေသည်။ သူက အဖြူရောင် တီရှပ်ကို ၀တ်ထားပြီး ထင်ရှားသည့် ခါးနှင့် ၀မ်းဗိုက်ကို ပြသထားပြီး ရှည်လျားသည့် ခြေတံများနှင့် ပြီးပြည့်စုံသည့် သူတစ်ယောက်ပင်။ အလင်းရောင်က သူ၏ မေးရိုးထောင့်၊နှာခေါင်းရိုးပေါ်နှင့် မျက်ခုံးများ၌ ကျရောက်နေသည်။ ကျုံးယို့ယို့သည် တိတ်ဆိတ်စွာဖြင့် ဆိုဖာပေါ်၌ ထိုင်ရင်း သူကို ကြည့်နေခဲ့ရင်း ရုတ်တရက် ...ခံစားလိုက်ရသည်။


ဤကမ္ဘာကို ရောက်လာရသည်က ကောင်းတာလည်းရှိသည်။ အနည်းဆုံးတော့ ဒီလူရှိနေသည်လေ။


ကျုံးယို့ယို့၏ မျက်လုံးများက ကွေးညွတ်သွားသည် ။ သူမက သူ၏ ပေါင်ကို ထိလိုက်ပြီး ပြော၏။


" ချင်းယောင် ရှင် Gym သွားလေ့ရှိလား

ရှင့် အချိုးအစားက အရမ်းမိုက်တယ် "


"...."  ချင်းယောင်သည် ကော်ဖီခုံပေါ်မှ ပြုတ်ကျတော့မလို ဖြစ်သွားခဲ့သည် ။ သူ၏ နားရွက်များက နီရဲနေခဲ့ပေမဲ့ ဝေဝါးသည့် အလင်းရောင်မှိန်မှိန်ထဲ၌ ဖြစ်၍ အရမ်း မသိသာခဲ့ချေ။ 


ချင်းယောင်က " ကိုယ့်ကို အာရုံမလွှဲနဲ့ ကိုယ်က မီးသီးလဲနေတာလေ "


ကျုံးယို့ယို့သည် မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်၏။


" ဒါဆို ရှင် ဆက်ပြင်နေလိုက်လေ ။ ကျွန်မ ရေအရင်ချိုးနှင့်မယ်နော် "


ချင်းယောင်က သူမကို ငုံ့ကြည့်လိုက်ပြီး အတည်ပြောလိုက်သည်။


" ကိုယ် ဒီမှာရှိနေရင် လုပ်ပေးလို့ရတယ် ။ ဒါပေမဲ့ အနာဂတ်မှာ တခြားပရိဘောဂတွေ ပျက်စီးရင် အလုပ်သမားတွေ အိမ်‌ခေါ်ပြီး ပြင်ရလိမ့်မယ်။ မင်းကို ရေချိုးဖို့ ဒါမှမဟုတ် ရေချိုးတော့မယ်လို့ ပြောဖို့ ခွင့်မပြုဘူး "


" အင်းပါ၊အင်းပါ၊ သိပါပြီ အရမ်းစကားများတာပဲ "


ကျုံးယို့ယို့က တီးတိုးပြောလိုက်သည်။


 " အာဏာရှင်ကြီး  "


ချင်းယောင် "....."


ကျုံးယို့ယို့သည် သူမ၏ ဂျာကင်ကို ချွတ်လိုက်ပြီး ရေချိုးခန်းထဲ၀င်သွားခဲ့သည်။ ရေပန်းအသံက ထွက်လာသည့်အခါ မီးသီးကိုလည်း ပြင်‌ပြီးသွားခဲ့ပြီ။ ကော်ဖီစားပွဲပေါ်က ဆင်းလိုက်သည့်အခါ ကျုံးယို့ယို့၏ ဖုန်းမျက်နှာပြင်က လင်းလာသည်ကို တွေ့လိုက်ရသည်။

 

ချင်းယောင်သည် တမင်တကာ မကြည့်ခဲ့ပါဟု ကျိန်ဆိုလိုက်၏။ မျက်နှာပြင်က လင်းလာသည်နှင့် စာတိုတစ်စောင်က သူ၏ မျက်လုံးထဲ ၀င်ရောက်လာခဲ့သည်။ သူ၏ မှတ်ဉာဏ်သည် အမြဲတမ်း အရမ်းကောင်းမွန်ခဲ့ရာ ဤအချက်အလက်ကို သူ၏ခေါင်းထဲ မထည့်သွင်းမိဖို့ ခက်ခဲလေသည်။


"အကြိုဗိုလ်လုပွဲ ပြိုင်ပွဲ၀င် QYXLW,  "Extreme Brain" ပရိုဂရမ်၏ နိုင်ငံတော်အဆင့် ဆီမီးဖိုင်နယ်သို့ တရား၀င် တက်ရောက်သွားသည့်အတွက် ဂုဏ်ပြုပါသည်။ ကျေးဇူးပြုပြီး ဆီမီးဖိုင်နယ်အတွက် စောင့်စားရန် ရိုက်ကူးရေးခန်းမသို့  သုံးရက်အတွင်း သွားရောက်ပေးပါ။ သင့်ရဲ့...ကို ယူလာဖို့ သတိပြုပါ "



ချင်းယောင်သည် ဤစာလုံးအတန်းလေးကို တစ်နေရာရာ၌ မြင်တွေ့ဖူးပြီး ရင်းနှီးနေသယောင် ခံစားရသည်။ သူသည် ဤအစီအစဉ်အကြောင်း ကြားဖူးသည်။ သို့သော် ဒီအရာက ကုမ္ပဏီပရောဂျက်များနှင့် ဘာမှမသက်ဆိုင်ချေ။


သူက ရသစုံရှိုးတွေကို သိပ်ပြီး မကြည့်သော်လည်း ကျုံးယို့ယို့က ဤအစီအစဉ်၌ ပါ၀င်ထားသည်လား။ အဘယ့်ကြောင့် သူ့ကို မပြောပြရသနည်း ။ ချင်းယောင်သည် ရုတ်တရက် တခုခုထူးဆန်းနေသည်ဟု ခံစားရသည် ။


သူသည် ဆိုဖာပေါ်၌ ထိုင်ချလိုက်ပြီး အများကြီးတွေးတောနေခဲ့သည် ။ ဓာတ်ပုံရိုက်ရခြင်းနှင့် ရုပ်သံအစီအစဉ်များကို တကယ်မနှစ်သက်သည့် ယို့ယို့က ရှစ်ကျစ်ထန်ပါ၀င်သောကြောင့်  ထိုအစီအစဉ်၌ ပါ၀င်ခဲ့သည်ဖြစ်နိုင်မလား။ချက်ချင်းပင် သူသည် သေမလိုသ၀န်တိုသွားခဲ့ပြီး မထိန်းချုပ်နိုင်ခဲ့‌ပေ။ သူက မိုဘိုင်းဖုန်းကို ထုတ်လိုက်ပြီး ပြိုင်ပွဲကို ရှာဖွေလိုက်၏ ။ ပထမဆုံး ပေါ်လာသည့်် စာမျက်နှာက ပရိုဂရမ်၏ အချက်အလက်တချို့နှင့် လူထုအမြင်များ ဖြစ်သည် ။ 


မြို့နယ်ဗိုလ်လုပွဲစဉ်၏ သတင်းအကြောင်းအရာကို နှိပ်လိုက်ပြီး ဓာတ်ပုံတွေကို ရှာဖွေနေလိုက်ပြီး ပြိုင်ပွဲ၀င် ဆယ်ယောက်ထဲမှ ရက်ကွန်းခေါင်းဆောင်းနှင့် မိန်းကလေးသည် ကျုံးယို့ယို့မှန်း ရှာဖွေတွေ့ရှိသွား၏ ။ ချင်းယောင်က ဓာတ်ပုံကို အကြီးချဲ့လိုက်ပြီး ခေါင်းဆောင်းကို သေသေချာချာ ကြည့်လိုက်သည် ။ သူက အနည်းငယ် ကြောင်အသွားခဲ့သည် ။ သူမကို မည်သူကမှ


မမှတ်မိနိုင်သည်က ဖြစ်နိုင်သလား ။ သတင်းထဲမှာ မည်သူကမှ ကျုံးမိသားစု၏ သမီး ကျုံးယို့ယို့နှင့် ပြည်နယ့်အဆင့် ပထမရသူကို မဆက်စပ်မိကြပါ။


ခေါင်းဆောင်းအောက်မှ လစ်ဟပြခံထားရသည့် လည်ပင်း‌‌အရေပြားသေးသေးလေး ၊ မိုက်ခရိုဖုန်းကို ကိုင်ထားသည့် လက်ချောင်းသွယ်သွယ်လေးတွေ ၊ လမ်းလျှောက်သည့် ကိုယ်ဟန် ၊ နှင်းစီးဘွတ်ဖိနပ်ကတောင်မှ ကျုံးယို့ယို့ဖြစ်သည်က သိသာနေသည်။


သို့သော် ဘာကြောင့် ယို့ယို့က သူ့ကို ဖုံးကွယ်ထားသနည်း ။


ချင်းယောင်သည် စိတ်ဓာတ်ကျသွားခဲ့သည်။ ကျုံးယို့ယို့၏ ဘေး၌ ရပ်နေသည့် ရှစ်ကျစ်ထန်ကို စိုက်ကြည့်နေရင်း ထိုသူ၏မျက်နှာကို အပေါက်ဖောက်ချင်နေခဲ့မိသည်။


ထို့အပြင် နာမည်ပြောင်က ... QYXLW..

ချင်းယောင်သည် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားခဲ့ပြီး သူ၏ မျက်နှာအမူအရာက သုံးစက္ကန့်လောက် ဗလာဖြစ်သွားခဲ့သည်။ ထို့နောက် သူကရုတ်တရက် တုန့်ပြန်လာခဲ့သည် ။


' ပြီးခဲ့သည့် အကြိမ်က ထူကျစ်ဖန်ပြောသလိုမျိုး ...မဟုတ်‌ဘူး ...'

သို့သော် စဉ်းစားလေလေ ပိုပြီး ဖြစ်နိုင်ပုံပေါ်လေလေပင်။ သူက ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ပြန်ပြီး ထိုင်ချလိုက်ရင်း ရှက်သွေးဖြာနေခဲ့သည် ။


" လူဆိုးမလေး "


သို့သော် တခြားသူတွေကို လူဆိုးတွေဟူ၍ ပြောနေစဉ်မှာ သူကိုယ်တိုင်သည်လည်း သူ၏ နှုတ်ခမ်းများက နားရွက်ကို ချိတ်မတက်ဖြစ်နေသည်ကို သတိမထားမိချေ။


ရုတ်တရက် ရေချိုးခန်းတံခါးဖွင့်သံက ထွက်ပေါ်လာခဲ့ပြီး သူက လက်ဖြင့် မျက်နှာကို မြန်မြန်ပွတ်သပ်လိုက်ရာ နီရဲမနေတော့‌ေသာ်လည်း သူ၏ မျက်နှာအမူအရာက ပိုပိုပြီး ထိန်းချုပ်လို့မရဖြစ်လာသည်။


ကျုံးယို့ယို့သည် ရေချိုးတဘက်ကို ပတ်တ်ထားကာ ထွက်လာပြီး ရှက်နေသည့်မျက်နှာအမူအရာဖြင့် ဆိုဖာပေါ်၌ မတ်မတ်ထိုင်နေသည့် ချင်းယောင်ကို မြင်လိုက်ရသည် ။


" ဘာဖြစ်လို့လဲ ပြင်ပြီးသွားပြီလား "


ကျုံးယို့ယို့သည် သူမ၏ဆံပင်ကို သုတ်ရင်း လျှောက်လာနေခဲ့ပြီး အနည်းငယ် ထူးဆန်းနေသည်။ 


ချင်းယောင်၏ မျက်နှာက နီရဲနေကာ ကျုံးယို့ယို့ကို တိုက်ရိုက် မကြည့်ဝံ့ဘဲ တီဗွီကိုသာလျှင် ဖွင့်ခဲ့ပြီး သူ၏မျက်လုံးတွေကို ဖန်သားပြင်ပေါ်၌သာ ရှိနေစေ

ဖို့ အကောင်းဆုံးကြိုးစားနေခဲ့သည် ။ 

အကြိုဗိုလ်လုပွဲစဉ်ပြိုင်ပွဲကို ယှဉ်ပြိုင်နေပြီး တင်ဆက်သူက ပြိုင်ပွဲအကြောင်းကို မိတ်ဆက်ပေးနေသည်။


 ပြည်နယ်အဆင့်ဆယ်ယောက် ၊။

ကျုံးယို့ယို့သည် ရင်းနှီးသည့် အစီအစဉ် အသံကို ကြားသည့်အခါ တီဗွီကို လှမ်းကြည့်လိုက်သည်။ သူမက မျက်လုံးတွေကို လှိမ့်လိုက်ပြီး မသိလိုက်မသိဘာသာ ပြောလိုက်သည်။


" ချင်းယောင် ရှင်က တီဗွီအစီအစဉ်တွေကြည့်လေ့ရှိတာလား ဒီပြိုင်ပွဲအစီအစဉ်က အရမ်းကောင်းတယ် ၊ကျွန်မ ပထမအပိုင်းကြည့်ပြီးသွားပြီ "


သူမ နောက်နေခြင်းပင်။

 ' ချင်းယောင်က ရှိုးကို မကြည့်ရင်  ဘယ်လိုလုပ် နိုင်ငံတော်အဆင့်ပြိုင်ပွဲမှာ စပရိုက်တိုက်လို့ ရတော့မှာတုန်း မြန်မြန် ကျွန်မကို အဲ့ဒါပြခွင့်ပြု '


" ကိုယ်လည်းကြည့်ပါတယ် "


ချင်းယောင်သည် ကျုံးယို့ယို့ကို ကြည့်လိုက်ပြီး သူမက ဆံပင်တွေကို အေးဆေးတည်ငြိမ်သည့် မျက်နှာဖြင့် သုတ်နေသည်ကို တွေ့လိုက်ရသည်။သူ၏မျက်လုံးထဲ ရယ်ချင်စိတ်က ဖြတ်သန်းသွားပြီး အေးဆေးစွာ ပြောလိုက်သည်။ 


"အင်း အဆင့်တစ် ကောင်မလေးက အရမ်းတော်တယ် ချစ်စရာလည်းကောင်းပြီး သူမ ပခုံးပေါ်က ဆံပင်လေးတွေကို ကြည့်လိုက် ၊ ဆံပင်ကတောင် အရမ်းချစ်စရာကောင်းနေတယ် "


ကျုံးယို့ယို့က "....အွန်း "

'ဘာ‌တွေဖြစ်နေတာတုန်း ရှောင်းလောင်တိ  '


ချင်းယောင်သည် တခြားလူ‌များကို ချီးမွမ်းသည်က ရှားပါးပြီး သူမသည် အလွန်မသက်မသာဖြစ်နေသည် ။ ထို့အပြင် သူက သူမရှေ့၌ တခြားသူတွေကို ချီးမွမ်းခဲ့ခြင်းဖြစ်သည်လေ။ ထိုကဲ့သို့မျိုး ယခင်က မဖြစ်ခဲ့ဖူးချေ။


'  ရောင်စုံကွက်ကြီးက ခေါင်းတစ်ခုလုံးကို ဝါးထားတာ။ ဘယ်လိုလုပ် မှတ်မိနိုင်မှာလဲ ။ ချင်းယောင်သာ သူမကို မှတ်မိနိုင်မယ်ဆိုလျှင် သူမ ရှုံးသွားလိမ့်မယ် '


ချင်းယောင်က ချီးမွမ်းပြီးသည့်အခါ သူ၏ မျက်လုံးထဲမှာ လျင်မြန်သည့် အူမြူမှုလေးက ဖြတ်သန်းသွားခဲ့သည်။ သူက ရုတ်တရက် မျက်ခုံးတွေကို တွန့်ရင်း မှောင်ကြုတ်ပြီး သူမကို လှည့်ကြည့်ပြီး‌သည့်‌နောက် ပြောလာခဲ့သည်။


" ကိုယ်က တခြားလူတွေကို ချီးမွမ်းတာ မင်းက ဘာလို့ သ၀န်မတိုတာလဲ "


အသံနေ အသံထားက စူအောင့်နေခဲ့သည်။

ကျုံးယို့ယို့ : " ....."

......


 စာရေးသူမှာ ပြောစရာရှိ၏ ။


ကျုံးယို့ယို့ : ကျွန်မကောင်လေးက တခြားမိန်းမတွေဆီကနေ ခပ်ခွာခွာနေ လွန်းတယ်၊ ကျွန်မက သ၀န်တိုလို့တောင်မရဘူး ၊ကျွန်မ ဘယ်လိုလုပ်ရမလဲ ၊

အွန်လိုင်းပေါ်မှာ စောင့်နေပါတယ် 


ချင်းယောင် : ရူးသွားတဲ့အခါ ငါ့မိန်းမကို သူ့ဂျယ်လီသူ အတင်း ပြန်စားခိုင်းလိုက်တယ်