အပိုင်း ၂၀၅
Viewers 41k

Chapter 205




သီချင်းတိုင်းအတွက် စာသားနှင့်သံစဥ်ကို ချင်ဝူက ရေးစပ်ထားသည်။ သူမက အထူးတလည်ကြီး စာသားရေးရာတွင် မကျွမ်းကျင်သော်လည်း သူမ၏သီချင်းရေးစပ်မှုက အလွန်ကောင်းသည်။ ဆယ်နှစ်ကျော်ကြာပြီးသည့်တိုင် သူမ၏သီချင်းများသည် ရေပန်းစားနေဆဲဖြစ်သည်။


ချင်ဝူ ဘယ်သူလဲဆိုသည်ကို ပရိသတ်တွေနှင့် အင်တာနက်သုံးစွဲသူတွေက အလွန်သိချင်ခဲ့ကြ၏။


ချင်ရန်က ချင်ဝူသည် သူမ၏ အစ်မဖြစ်ပြီး သူမအစ်မကသာ ဒီသီချင်းတွေကို သီဆိုရန်မွေးဖွားလာသူဟုပြောခဲ့သည်။သူမက ချင်ရန်ထက် များစွာ ပိုတော်သည်။သက်ရှိထင်ရှားရှိမနေတော့သည်က စိတ်မကောင်းစရာပင်။


သူမက သူမဆိုနိုင်သည့် ချင်ဝူ၏ သီချင်းအားလုံးကို သီဆိုခဲ့ပြီး ခက်လွန်းသည့်သီချင်းတွေကိုပဲချန်ထားခဲ့သည်။သူမက သူတို့ကို ချိတ်ပိတ်ကာ ဂီတလောကမှ အနားယူပြီး မင်းသမီးအဖြစ်သို့ ပြောင်းလဲခဲ့သည်။


ချင်မိသားစု၏ မျိုးဗီဇများသည် အမှန်တကယ် ကောင်းမွန်ပြီး ၎င်းတို့ကို အညီအမျှ ဖြန့်ဝေထားခဲ့သည်။ချင်ရူယွင်၏ ညံ့ဖျင်းသော သရုပ်ဆောင်စွမ်းရည်က လူတွေကို ခေါင်းကိုက်စေသော်လည်း ချင်ရန်၏ သရုပ်ဆောင်စွမ်းရည်မှာ အလွန်ကောင်းမွန်သည်။သရုပ်ဆောင်လောကသို့ပြောင်းပြီး စတုတ္ထနှစ်တွင် သူမသည် အကောင်းဆုံးမင်းသမီးဆုကိုရရှိကာ ကြီးမားသော ဖန်သားပြင်များပေါ်တွင် စတင်ပေါ်လာခဲ့သည်။


လင်းလော့ချင်း ချင်ရူယွင်က ချင်ဝူဖြစ်လိမ့်မည်ဟု တစ်ခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။


သူမရှေ့က ပြုံးနေသည့်လူကို ကြည့်ပြီး သူ့ရင်ထဲမှာ ရှော့ရမှုတွေပြည့်နေသည်။


ချင်ရူယွင် တိတ်ဆိတ်နေသော သူ့ကိုကြည့်ပြီးသံသယဝင်ကာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ ရှောင်လင်းလောင်ရှီး"


"ဘာ...ဘာမှမဟုတ်ပါဘူး"

လင်းလော့ချင်းက ခေါင်းငုံ့လိုက်သည်။


ချင်ဝူက ဘာကြောင့် မိမိကိုယ်ကို သတ်သေသည်ကို သူသိနေသလို ခံစားရသည်။


ဒါပေမဲ့ အခုပဲ သူမက ယန်ဖုန်းဆီက ထွက်လာတာဆိုတော့ အဆုံးသတ်က ကွဲပြားသွားမှာမဟုတ်ဘူးလား...


ချင်ရန်ကလည်း သူမအစ်မသေဆုံးသွားတဲ့အတွက်ကြောင့်ဖြစ်လာတဲ့ ဝမ်းနည်းပူဆွေးမှုတွေ ခံစားစရာမလိုတော့ဘူးမလား...မူရင်းဝတ္ထုထဲကလို အမျိုးသားဇာတ်လိုက်ရဲ့ နွေးထွေးမှုကြောင့် ကြီးပြင်းလာချိန်မှာ သူ့ကို ဇွတ်အတင်းလိုက်ခဲ့တာမျိုးလည်း ဖြစ်လာမှာ မဟုတ်တော့ဘူး...


လင်းလော့ချင်း ၎င်းကို တွေးပြီး ဖြည်းညှင်းစွာ ပြုံးလိုက်သည်။


အံ့သြစရာကောင်းသည်ဟု သူခံစားရ၏။အရာအားလုံးက အရင်ကတည်းက ကြိုစီစဉ်ပေးထားသကဲ့သို့ပင်။အမှောင်ထဲမှာ သူ့တို့အတွက် အချင်းချင်းဆီ ဦးတည်နေသော ကံကြမ္မာလမ်းတစ်ခုရှိနေသည်။


သူ ဤစာအုပ်လောကကို ပထမဆုံးရောက်လာတုန်းက ကြောင်တောင်တောင်ဖြစ်နေပြီး သူဘာကြောင့် သည်ကိုကူးပြောင်းလာလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။ ဘာကြောင့် သူဖြစ်ရသည်လဲဆိုသည်ကိုမူ ပို၍ပင်နားမလည်ဖြစ်ခဲ့၏။


ယခု အတိတ်နောင်တအချို့ကို ပြင်ဆင်ရန်ဟု သူထင်မိသည်။


သူရောက်လာသည်က ကမ္ဘာကြီးတစ်ခုလုံးကို မပြောင်းလဲနိုင်ပေမဲ့ ကျိလဲ့ယွီ၊ လင်းဖေး၊ချင်ဝူနှင့် ကျိယွီရှောင်တို့လို လူတစ်ချို့၏ လမ်းကြောင်းကို ပြောင်းလဲသွားစေနိုင်သည်။


အကယ်၍ ချင်ဝူက သူရောက်လာသောကြောင့် မသေရပါက ကျိယွီရှောင်လည်း ယခုနှစ်တွင် မသေမည်မှာ သေချာသည်။


သူယုံတယ်...


လင်းလော့ချင်း ID ကတ်ကို ရှောင်ဝမ်ထံ ပေးပြီး ချင်ရူယွင်အတွက် ရှေ့နှင့် နောက်ဘက်ခြမ်းများကို ကူးခိုင်းခဲ့သည်။


သူက ချင်ဝူကိုမေးလိုက်၏။

"ခင်ဗျားကို ယွင်ကျဲလို့ခေါ်ရမလား...ဝူကျဲလို့ခေါ်ရမလား"


"ဝူကျဲလို့ပဲခေါ်ပါ" 

ချင်ဝူက ပြောသည်။ 


"ကျွန်မက အရင်ကုမ္ပဏီကနေ ထွက်လာပြီးပြီလေ... ပုံမှန်အားဖြင့်တော့ သူတို့ဖန်တီးထားတဲ့ အနုပညာရှင်နာမည်ကို သုံးစရာမလိုပါဘူး"


"ကောင်းပြီ"


"ကျွန်မ ဘာဆက်လုပ်ရမလဲ" 

ချင်ဝူက သူ့ကို မေးသည်။


လင်းလော့ချင်းက ခဏလောက်စဉ်းစား၏။ 

"ကျဲရဲ့ကုမ္ပဏီနဲ့ ဒါရိုက်တာဝမ် ဘယ်လိုညှိနှိုင်းကြမလဲဆိုတာအရင်ကြည့်ရအောင်...ကျဲကို ဆက်ပြီး ရိုက်ကူးခွင့်ပေးမလား ဒါမှမဟုတ် တခြားသူကိုပဲ ရိုက်ခိုင်သမလား ကြည့်ကြတာပေါ့... အစားထိုးခံရလိမ့်မယ် လို့တော့ ကျွန်တော် ထင်တယ်...ကျဲက သူတို့ကုမ္ပဏီကမဟုတ်တော့ဘူးဆိုတော့ သူတို့က ကျဲကို ဒီအရင်းအမြစ်ကို ဆက်စားခိုင်းမှာမဟုတ်ဘူး... ဒါပေမဲ့ ဒီဒရာမာအတွက် သီချင်းဆိုလို့ရမလားဆိုတာ ကျွန်တော် ဒါရိုက်တာဝမ်နဲ့ စကားပြောကြည့်မယ်"


ချင်ဝူ အံ့သြသွားသည်။ 

"တကယ်လား... ဒါရိုက်တာဝမ်က ဆန္ဒရှိမှာလား"


"ကျဲအနေနဲ့ ကောင်းကောင်း စွမ်းဆောင်ဖို့တော့ လိုတာပေါ့" 

လင်းလော့ချင်းက ပြုံးပြီး ပြောသည်။


 "ဒီဒရာမာရဲ့ ဇာတ်ညွှန်းကို ကျဲဖတ်ပြီးသာလေ...အဲဒီတော့ ဒီဒရာမာရဲ့ အဓိပ္ပာယ်ကို ကျဲသိတယ်...ကျဲက ဤဒရာမာအတွက် သီချင်းတစ်ပုဒ်ကို အံဝင်ခွင်ကျဖြစ်အောင်ရေးပြီး နမူနာလေးတစ်ခုကို မှတ်တမ်းတင်ထားလိုက်...ပြီးရင် ဒါရိုက်တာဝမ်ကို နားထောင်ခိုင်းလို့ရတယ်"


"ကောင်းပြီ"


ချင်ဝူမှာ ငြင်းစရာမရှိပေ။

"ဒါဆို ကုမ္ပဏီက တခြားသူကို ကျွန်မနေရာမှာ အစားထိုးဖို့ပို့လိုက်ရင် ကျွန်မ ဒီမှာတက်နေနေတာ နည်းနည်းအဆင်ပြေမဖြစ်လိမ့်မယ်... သူက ကျွန်မအခန်းထဲမှာပဲနေမှာလေ... အိမ်အရင်သွားလို့ရမလား အိမ်မှာ အသံသွင်းကိရိယာက အတော်လေးပြည့်စုံပြီး နမူနာတစ်ခုကို မှတ်တမ်းတင်ဖို့ လုံလောက်ပါတယ်"


"ရပါတယ်"

လင်းလော့ချင်းက ပြုံးလိုက်သည်။ "ကျဲရဲ့ညီမလေးကိုလည်း ဖော်ပြုပေးလို့ရတာပေါ့"


ချင်ရူယွင်က 'ကျဲရဲ့ညီမလေးကိုအဖော်ပြုပေးလို့ရတာပေါ့' ဟူသော စကားလုံး၏ နက်နဲသော အဓိပ္ပါယ်ကို မဖမ်းမိလိုက်ပေ။


သူမအတွက် နားလည်ရန်မဖြစ်နိုင်သဖြင့် ရယ်လိုက်ရုံသာတတ်နိုင်သည်။ "ကျေးဇူးတင်ပါတယ် ရှောင်လင်းလောင်ရှီး"


"ရပါတယ်"

လင်းလော့ချင်းက ပြောသည်။


ချင်ဝူ၏ တောက်ပပြီး ချစ်စရာကောင်းသော အပြုံးကို သူမြင်လိုက်ရသည်။ ပြတင်းပေါက်မှတဆင့်နေရောင်သည် လင်းလက်တောက်ပနေပြီး သူမမျက်နှာပေါ်သို့ ဖြာကျနေသည်။၎င်းက သူမ၏အလှကိုတစ်ဆင့်တိုးစေကာ နုပျိုမှုနှင့် တက်ကြွမှုအပြည့်ရှိသယောင်ဖြစ်စေသည်။ဤအချိန်တွင် ချင်ဝူက ပြန်လည်မွေးဖွားလာသော ချင်ဝူနှင့်တူကြောင်း သူမြင်နေရသည်။


သူမ၏ ဘဝက အရှည်ကြီးကျန်နေသေးသည်။


တစ်ချိန်တည်းမှာပင် ဥက္ကဋ္ဌကျန်းက ယန်ဖုန်း၏ အနုပညာရှင်အများစုနှင့် စကားပြောပြီးသွားသည်။ သူ ဒေါသထွက်လွန်း၍ ခွက်ကို တိုက်ရိုက်ပစ်ချပြီး HR မန်နေဂျာကို ဖုန်းခေါ်လိုက်သည်။


"ယန်ဖုန်းကို ဝေးနိုင်သမျှဝေးဝေးထွက်သွားဖို့ပြောလိုက်စမ်း"


ထို့နောက် ကုမ္ပဏီရှေ့နေကို ခေါ်သည်။ "ငါ့ရုံးခန်းကို လာခဲ့...ဒီခွေးသူတောင်းစားက အရင်းအမြစ်တွေနဲ့ ငါ့အနုပညာရှင်တွေအများကြီးကို ပျက်စီးအောင်လုပ်ထားတယ်...ငါသူ့ကိုအရာရာတိုင်းအတွက် ပြန်ပေးဆပ်ခိုင်းရမယ်"


ဘယ်လိုအမှိုက်လဲ...မိလ္လာမြောင်းထဲကျပြီးသေသွားရမှာ...


******


ချင်ဝူက ကုမ္ပဏီနှင့် စာချုပ်ကို ရပ်စဲခဲ့ပြီး ယန်ဖုန်းက အလုပ်ထုတ်ခံခဲ့ရသည်။ မကြာခင်မှာပဲ ဥက္ကဋ္ဌကျန်းက သရုပ်ဆောင်အသစ်ကို စေလွှတ်လိုက်သည်။ရိုက်ကွင်းကလူတွေ ဒေါသဖြစ်မှာကို စိုးရွံ့နေသောကြောင့်ဖြစ်မည်၊သူက ထုတ်လုပ်သူကို ကိုယ်တိုင်ကိုယ်ကျဖုန်းဆက်ပြီး လေပြေထိုးခဲ့သည်။ထို့နောက် ဒါရိုက်တာဝမ်ကို မင်းသမီးအသစ် ရွေးခိုင်းခဲ့သည်။


ဒါရိုက်တာဝမ်က လူတွေကို တစ်ဝက်တစ်ပျက်မှာ ပြောင်းရသည်အား အတော်လေး စိတ်ဓာတ်ကျခဲ့ပေမဲ့ audition အပြီးမှာ သူပျော်သွားခဲ့သည်။ ဒီမင်းသမီးအသစ်က ချင်ရူယွင်ထက် သရုပ်ဆောင်စွမ်းရည် ပိုကောင်းတယ်...အပြောင်းအလဲ ကောင်းပဲ...


ဒါရိုက်တာဝမ် ကျေနပ်သွားပြီး ဥက္ကဋ္ဌကျန်းလည်းကျေနပ်သွားသည်။ထိုနေရာမှာမနေရတော့သော ချင်ရူယွင်လည်း အတော်လေး ကျေနပ်သွားသည်။


အားလုံးက ကျေနပ်ကြပြီး အစီအစဉ်အတိုင်း ရိုက်ကူးရေးကို ဆက်လက်လုပ်ဆောင်ခဲ့သည်။


ထိုနေ့မှာ လင်းလော့ချင်းက အဓိကဇာတ်ကွက်တစ်ခုကို ရိုက်ကူးခဲ့သည်။ ဖူဟန်က အချက်လက်များ ခိုးယူရန် လျှို့ဝှက်အေးဂျင့်သွားလုပ်ရင်း ရှာဖွေတွေ့ရှိခံရလုနီးပါးအချိန်ဖြစ်သည်။သူက ၎င်းကို လိမ္မာပါးနပ်စွာ ဖုံးကွယ်ပြီး အချက်အလက်ကို ပေးပို့ရန် ကြိုးစားခဲ့သည်။


ဤဇာတ်ကွက်သည် သရုပ်ဆောင်များအတွက် လိုအပ်ချက်များစွာရှိပြီး ဖူဟန်၏ ခံစားချက် အမျိုးမျိုးကို ဆက်တိုက်ပြသခဲ့ရသည်။ အထူးသဖြင့်၊ သူ့စိတ်ထဲတွင် အလွန်ထိတ်လန့်နေသော်လည်း သူ၏တည်ငြိမ်မှုနှင့် လူဆိုးလူမိုက်တစ်ဦး၏အသွင်အပြင်ကိုပင် ထိန်းသိမ်းထားရမည်ဖြစ်သည်။ ဒါရိုက်တာဝမ်က လင်းလော့ချင်းနှင့် ဤအခန်းအကြောင်းကို အထူးတလည် စကားပြောခဲ့သည်။


သူ၏ သရုပ်ဆောင်စွမ်းရည်က သူ၏ ပင်ကိုယ်စရိုက်နှင့် အလွန်တူသည်။ သူက သိပ်ပြီး ရန်လိုသူမဟုတ်သလို လူတွေကိုလည်း ကြောက်လန့်စေမှာမဟုတ်ပေ။ထိုအစား သူက သူ့ဘာသူ ငြိမ်ငြိမ်အေးအေးလေးဆက်သွားနေမှာဖြစ်သည်။ပရိတ်သတ်တွေက သူဘာမှမလုပ်သလို ခံစားရင်းပင် သူတို့ဘာသူတို့ ရှာဖွေတွေ့ရှိကြသွားကြမှာဖြစ်သည်။ယင်းက သူသရုပ်ဆောင်နေသည့်ဇာတ်ကောင်က လင်းလော့ချင်းဖြစ်သွားသကဲ့သို့ပင်။


ဖူဟန်က အချက်အလက်ကို မခိုးမီ ပေါ့ပေါ့ပါးပါး ဟန်ဆောင်ခဲ့ကာ အချက်အလက်ကို ခိုးသည့်အခါ သတိကြီးစွာထားခဲ့သည်။ သတင်းအချက်အလက်ရ၍ အခန်းကထွက်လာသောအခါတွင် တစ်စုံတစ်ယောက် ပေါ်လာသည်ကို တွေ့ရှိခဲ့သည်။ဖူဟန်အလွန်းယစိတ်လှုပ်ရှားနေပေမဲ့ သူနှင့်ဘာမှမဆိုင်သလို အေးအေးဆေးဆေး ဖြစ်ဟန်ဆောင်နေရသည်။


အမူအရာတိုင်းက သရုပ်ဆောင်နေသည့်တလျှောက်လုံး တောက်လျှောက် အလွန်ကောင်းမွန်စွာ သရုပ်ဆောင်ထားသည်။


မူလကလေးနက်တည်ကြည်ပြီး အလွန်ယုံကြည်စိတ်ချရသည့်ရဲတစ်ဦးက နောက်တစ်စက္ကန့်တွင် ပီကေတစ်နေကုန် ဝါးနေသည့်ကလေကချေတစ်ယောက်ဖြစ်လာသည်။


ဒါရိုက်တာဝမ်က ဤဇာတ်ဝင်ခန်းကို သူ့ကို ရှုထောင့်အမျိုးမျိုးကနေ သရုပ်ဆောင်ခိုင်းပြီးမှကျေနပ်သွားခဲ့သည်။သူက နောက်အခန်းကို ရိုက်ကူးရန် ပြင်ဆင်ခဲ့၏။


နောက်အခန်းကလည်း လင်းလော့ချင်း၏ အခန်းဖြစ်၏။သို့သော် ယခုတစ်ကြိမ်တွင် သူနှင့်အပြိုင်သရုပ်ဆောင်ရသော မင်းသားက သူ့အဖေအဖြစ် သရုပ်ဆောင်သော ကျိုးချန်ရွှမ်အဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည်။


ဖူဟန်က လမ်းဘေးစတိုးဆိုင်မှာ ဈေးဝယ်ရင်း ဖခင်ဖြစ်သူနှင့် မတော်တဆ တွေ့ဆုံခဲ့သည်။ဤတစ်ကြိမ်က သူ့အဖေကို နောက်ဆုံးအကြိမ်တွေ့ရခြင်းဖြစ်သည်။ထိုအချိန်မှာ သူက မစ်ရှစ်ပြီးမှာကိုစောင့်နေဆဲဖြစ်သည်။မစ်ရှင်ပြီးချိန်မှာ အလုပ်ပြီးသွားပေမဲ့ သူ့ကိုယ်သူ စတေးရလိမ့်မည်ဆိုသည်ကို သူမသိပေ။


ထို့ကြောင့် သူက တောက်ပစွာ ပြုံးလိုက်သည်။


စတိုးဆိုင်မှ ထွက်လာပြီး တံခါးဝရှိ ကြောင်နှင့် ကစားရင်း သူ့အဖေကို မျက်လုံးထောင့်မှ ကြည့်နေခဲ့သည်။


ခဏအကြာတွင် သူ့အဖေက ရေသန့်ဘူးနှင့်ထွက်လာသည်။


ဖူဟန်က ကြောင်ကို စနောက်နေဆဲဖြစ်၏။


ထိုစဥ်သူ့အဖော်ရောက်လာပြီး ဘာလို့ ဒီလောက်နှေးနေတာလဲဟု မေးသည်။


ဖူဟန်က ဖြေလိုက်သည်။

"ဒီကြောင်လေးက တော်တော်ချစ်စရာကောင်းတယ်"


သူ့အဖော်က ပြုံးပြီး ဖူဟန်လက်ထဲက စီးကရက်ကို ဆွဲထုတ်ကာ သူ့ကိုဆွဲခေါ်သွား၏။


သူတို့ ဖူပင်းနားကဖြတ်သွားစဉ်တွင် ဖူဟန်က သူ့ကို အမှတ်မထင် ဝင်တိုက်မိသည်။သူ လှည့်ပြီး တောင်းပန်လိုက်ပြီး ဖူပင်းက အဆင်ပြေကြောင်းပြော၏။


ဖူဟန် သွားဖြီးကာရယ်ပြလိုက်သည်။အရင်ကလို သူ့အဖေကို ကျီစားပြီး အလေးပြုချင်နေသေးပုံရပေမဲ့ ထိုလုပ်ရပ်ကို သူမလုပ်ရဲပေ။အဆုံးမှာ သူနည်းနည်းရှက်သွားသလိုမျိုး ခေါင်းကိုကုတ်လိုက်သည်။


ပြီးသည်နှင့် သူက လေပြင်းတိုက်သကဲ့သို့ လှည့်ထွက်သွားသည်။


ဖူပင်း သူ့ကို ကြည့်ပြီး ဆက်မနေရဲတော့ပေ။


ဤသည်က သူ့သားကို အသက်ရှင်လျက် နောက်ဆုံးမြင်ခဲ့ရခြင်းဖြစ်လေသည်။နောက်ပိုင်းမှာ ဖူပင်းသည် ထိုနေ့မွန်းလွဲပိုင်းကအခိုက်အတန့်ကို အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ အိပ်မက်မက်ခဲ့သည်။သို့ပေမဲ့ သူ့အိပ်မက်တွေထဲမှာ သူ့သားက လက်ကိုမြှောက်ပြီး သူ့ကိုအလေးပြုခဲ့သည်။သူ့ပုံစံက အသိသာကြီးကို ပြုံးရယ်နေပေမဲ့ ငိုနေသည့်ဟန်ဖြစ်နေလေသည်။


ဖူဟန်က ပြော၍နေသည်။

"တောင်းပန်ပါတယ် ကပ္ပတိန်ဖူ"


အိပ်မက်ထဲမှာ သူက ပြန်ဖြေသည်။ 

"အဆင်ပြေပါတယ်"


နေ့လည်ခင်း နေက ဤအခန်းအတွက် ကွက်တိဖြစ်၏။ဒါရိုက်တာဝမ်က လက်တွေ့ ဇာတ်ဝင်ခန်းနှင့် အိပ်မက် မြင်ကွင်းတို့ကို အသီးသီး ရိုက်ကူးခဲ့သည်။


ကျိုးချန်ရွှမ်က သရုပ်ဆောင်ရာတွင် အလွန်ကျွမ်းကျင်သည်။လက်တွေ့ အခန်းတွင် သူက မလိုအပ်ဘဲ အခြားသူများ၏သံသယကို နှိုးဆွမိမည်ကို စိုးရိမ်သောကြောင့် သားဖြစ်သူအား တစ်ကြိမ်ပဲကြည့်ပြီး ဆက်မကြည့်ဘဲနေခဲ့သည်။


အိပ်မက်ထဲမှာမူ သားဖြစ်သူကို စူးစူးစိုက်စိုက်စိုက်ကြည့်နေခဲ့သည်။သူ့မျက်လုံးထဲမှာ သားကို ဆွဲမြှုပ်မထားနိုင်သည်အားမုန်းတီးနေခဲ့သည်။သူ၏မျက်လုံးများသည် အလွန်အမင်း ဝမ်းနည်းနေခဲ့ပြီး အဆုံးမဲ့ဝမ်းနည်းမှုမှာ

မျက်စိတစ်ဆုံးရှိနေသည့် တောင်စဥ်တောင်တန်းတစ်ခုနှယ်ပင်။


လင်းလော့ချင်းက ပြုံးလိုက်သည်။ သူ၏ အပြုံးသည် အလွန်ပေါ့ပါးပြီး ဖူဟန်၏ ခါတိုင်းလို အပြုံးမျိုးမဟုတ်ပေ။ဤတစ်ခါတွင် သူ့အပြုံးက ပိုဝန်လေးနေပြီး စိတ်သက်သာရာ ရသွားသည့်ဟန်လည်းရှိနေသည်။


လောကကြီးကို မစွန့်လွှတ်နိုင်ပေမဲ့ သူက သူ၏ကံကြမ္မာကို လက်ခံပြီးပြီဖြစ်သည်။


သူက သူ့အဖေကို ခွင့်လွှတ်ဟန် ဝမ်းနည်းသည့်ပုံစံတို့နှင့် ဆိုလိုက်၏။

"တောင်းပန်ပါတယ် ကပ္ပတိန်ဖူ"


သူ့အသံမှာ ထုံးစံအတိုင်း ဆိုးသွမ်းမှု အနည်းငယ် ပါရှိပြီး အပူအပင်ကင်းမဲ့နေဆဲဖြစ်လေသည်။


တစ်ခုသာ၊သူ သူ့မိဘတွေနှင့် ဆက်မနေရတော့ပေ။


သူ့အဖေက "အဆင်ပြေပါတယ်"ဟု ယခင်ကလို နူးညံ့ညင်သာပြီး အလိုလိုက်မှုများပြည့်နေသောလေသံနှင့်ပြောသည်ကို သူကြားလိုက်ရသည်။သို့ရာတွင် ဤတစ်ကြိမ်၌ သူ့မျက်လုံးများမှာ ဘယ်သောအခါမှ ကုသနိုင်မည်မဟုတ်သော အမာရွတ်များနှင့် ပြည့်နှက်နေခဲ့ပြီဖြစ်လေသည်။


သူက သူအဖေ၏ နှလုံးသားထဲတွင် အကြီးမားဆုံး ဂုဏ်ယူစရာဖြစ်သလို အနက်ရှိုင်းဆုံးအမာရွတ်လည်းဖြစ်၏။


ဤဇာတ်ဝင်ခန်းကိုရိုက်ကူးပြီးသည်နှင့် လင်းလော့ချင်းကိုကြည့်သည့် ကျိုးချန်ရွှမ်၏မျက်လုံးများက ပို၍နူးညံ့လာ၏။


သူက လင်းလော့ချင်း၏ ပခုံးကို ပုတ်ကာ သက်ပြင်းချလိုက်သည်။

"မဆိုးဘူး ရှောင်လင်း"


လင်းလော့ချင်းက သူ့ကို ပြုံးပြုံးလေး ကြည့်နေသည်။ 

"ကျေးဇူးတင်ပါတယ် ကျိုးလောင်ရှီး... ကျွန်တော် ဆက်ပြီး ကြိုးစားပါ့မယ်"


သူပြောပြီးသည်နှင့် လှည့်ကြည့်လိုက်ရာတွင် တခဏတွင်းချင်း အေးခဲသွား၏။ မနီးမဝေးတွင်၊ကျိယွီရှောင်က ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်ကာ သူ့ကိုကြည့်နေလေသည်။


သူဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ...


လင်းလော့ချင်း ရုတ်တရက် အံ့ဩသွားသည်။ကျိုးချန်ရွှမ်အား စကားအနည်းငယ်ပြောပြီး အမြန်နှုတ်ဆက်ကာ ကျိယွီရှောင်ဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူ၏လမ်းလျှောက်မှုက ပြေးခြင်းအဖြစ်သို့ပြောင်းလဲသွား၏။


သူ ထိန်းမနိုင်သိမ်းမရဖြစ်လုနီးပါးဖြစ်နေပြီး ထိန်းလည်း မထိန်းချုပ်ချင်။ သူက ကျိယွီရှောင်၏ရှေ့ကို ပြေးသွားပြီး ပြုံးရယ်ကာ မေးလိုက်သည်။

"ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"


"ဒီအပတ်မှာ မင်းကိုတွေ့ဖို့လာမယ်လို့ ငါပြောထားတယ်မဟုတ်ဘူးလား" 

ကျိယွီရှောင် လင်းလောချင်း သူ့ဆီ ပြေးလာနေသည်ကို ကြည့်ပြီး လင်းလော့ချင်းက လုံးဝ ပြောင်းလဲမသွားဘူးဟု သူ့စိတ်ထဲမှာ တွေးလိုက်သည်။ သူက ကျိယွီရှောင် သူ့ဆီကို ပထမဆုံးအကြိမ်လာလည်တုန်းကနှင့် အတူတူဖြစ်နေဆဲပင်။



ထိုအချိန်တုန်းကလည်း လင်းလော့ချင်းက ရွှင်မြူးနေသည့်ပုံစံဖြင့် သူ့ဆီသို့ ပြေးလာကာ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်စွာ ပြုံးနေခဲ့သည်။နည်းနည်းလေးမှ ဖုံးကွယ်သိုဝှက်ထားခြင်းမရှိခဲ့။


လင်းလော့ချင်းက ခေါင်းညိတ်လိုက်ပြီး သူ့နှလုံးသားထဲမှာ ပျော်ရွှင်မှုတွေက တစ်လွှာချင်း ပျံ့နှံ့သွားသည်။


"ဘယ်တုန်းက ရောက်တာလဲ"

သူက မေးသည်။


"အခုပဲ"

ကျိယွီရှောင်က ဖြေသည်။


ကံကောင်း၍ သူနောက်ကျမှရောက်သည်၊မဟုတ်လျှင်သူထပ်အိပ်ပျော်သွားလိမ့်ဦးမည်။


လင်းလော့ချင်း ခေါင်းညိတ်လိုက်သည်။ကျိယွီရှောင် အရင်တစ်ခေါက် ရိုက်ကူးရေးနေရာသို့ လိုက်လာခဲ့စဥ်က အိပ်ပျော်သွားသည်ကို သတိရပြီး ကျိယွီရှောင်ကို သံသယစိတ်ဖြင့် ကြည့်လိုက်မိသည်။ ထူးဆန်းတယ်... ဒီတစ်ခေါက် သူ အိပ်မပျော်ဘူးလား...


အခုတလော သူသိပ်မပင်ပန်းလို့များလား...


"ဘာလို့ ငါ့ကိုဒီလိုကြည့်နေတာလဲ" 

ကျိယွီရှောင် တစ်ဖက်လူ၏မျက်လုံးထဲတွင် တစ်စုံတစ်ခု ရှိနေသည်ဟု နားမလည်နိုင်စွာ ခံစားလိုက်ရသည်။


လင်းလော့ချင်းက ပြုံးလိုက်သည်။ 

"ဘာမှမဟုတ်ပါဘူး...ထမင်းသွားစားရအောင်"


သူကပြောပြီးသည်နှင့် ကျိယွီရှောင်၏ ဘီးတပ်ကုလားထိုင်ကို စတင်တွန်းလိုက်သည်။


"ဒီတစ်ခေါက် ငါနဲ့ အတူနေမှာလား ဒါမှမဟုတ် အပြင်က ဟိုတယ်မှာ နေမှာလား"


"အပြင်မှာ... ဘွတ်ကင်ယူပြီးသွားပြီ"


"အိုး" 

လင်းလော့ချင်းက လက်ခံလိုက်သည်။ "ဒါပေမဲ့ ငါ မင်းကို ဒီတစ်ခေါက် အရမ်းအကြာကြီးအဖော်ပြုမပေးနိုင်ဘူး... မနက်ဖြန်နဲ့ သဘက်ခါ ရူတင်ရှိတယ်"


"အဆင်ပြေပါတယ်"

ကျိယွီရှောင်က သူ့ကို လွမ်း၍ ကလေးတွေကို ခေါ်ပြီး သူ့ကိုလာတွေ့ခြင်းဖြစ်သည်။လင်းလော့ချင်းအနေဖြင့် သူတို့အတွက်ကြောင့် သူ၏အလုပ်ကို ထိခိုက်ခံရန် မလိုအပ်ပေ။


"ဒါဆို ဘယ်မှာစားချင်လဲ" 

လင်းလော့ချင်းက သူ့ကို မေးသည်။ "အပြင်မှာစားချင်လား... ဟိုတယ်ကိုပြန်သွားမလား"


ကျိယွီရှောင်က တမင်သက်ပြင်းချလိုက်သည်။ 

"ငါမင်းနဲ့အတူတူအပြင်ထွက်စားချင်ပေမဲ့ ငါတို့မပြန်မသွားရင်... ရှောင်ယွီနဲ့ဖေးဖေးက ငါတို့ ပြန်လာပြီးအတူတူစားမှာကို စောင့်နေမယ်ထင်တယ်"


လင်းလောချင်း ဝမ်းသာ အံ့သြသွားသည်။ 

"ရှောင်ယွီနဲ့ဖေးဖေးကိုပါ ခေါ်လာခဲ့တာလား"


*******


စာရေးဆရာမှာ ပြောစရာရှိတယ်


[ပြဇာတ်ရုံ]


ချင်ဝူ:ငါ့ညီမ၊ ရုပ်ရှင်ဧကရီ...


ချင်ရန်: ငါ့အစ်မ၊ သီချ

င်းဘုရင်မ...


ချင်ဝူ: ငါ့ညီမက တကယ်သရုပ်ဆောင်တတ်တာ... အရမ်းတော်တာပဲ အိုး...


ချင်ရန် : ငါ့အစ်မက သီချင်းဆို အရမ်းကောင်းတယ်...အရမ်းမိုက်တယ် အိုး..


ဖြတ်သွားဖြတ်လာ :လင်းလော့ချင်း ဒီညီအစ်မနှစ်ယောက်ကို ဘယ်ကရှာလာတာလဲ...ရလိုက်တဲ့ ပိုက်ဆံတွေ သောက်သောက်လဲ...