Chapter 210
ထိုသို့ဖြင့် မကြာမီတွင် သူ့၏ မှတ်ချက်များမှ မေးခွန်းများသည် မန့်ဟွားအပေါ်စိတ်ဝင်စားမှုနှင့် 'ထောင်လီပုရန်'၏ တခြားသော အဖွဲ့ဝင်များအပေါ် ရောက်ရှိသွား၏။
လင်းလော့ချင်းက မှတ်ချက်များကို ဖတ်ပြီး သူဖြေနိုင်သော မေးခွန်းများကို ရွေးချယ်လိုက်သည်။
"အဖွဲ့ထဲက ဘယ်သူနဲ့ ဆက်ဆံရေး အကောင်းဆုံးလဲ... ငါက လူတိုင်းနဲ့ အဆင်ပြေတယ်..."
"သူတို့က ကွယ်ရာမှာ ငါ့ကို 'လောင်ရှီး'လို့ခေါ်တာ သိလား... သိတာပေါ့... သူတို့က ငါ့ရှေ့မှာလဲ အဲ့လိုခေါ်ကြတယ်လေ..."
"ငါ့အပေါ် ထင်မြင်ချက်ကောင်းအောင် လုပ်ပေးတာ တစ်ခုခုရှိလား... ဟားဟားဟား... တကယ်တော့ ရှိတယ်... မော့မော့ကျဲနဲ့ ဟိုင်ကောတို့က တစ်ခါက သရုပ်ဆောင် လေ့ကျင့်နေတာ... မော့မော့ကျဲက အဲ့သရုပ်ဆောင်ကွက်မှာ ငိုချင်ပေမဲ့ သူငိုတာ မလုံလောက်ဘူးလို့ ဆက်တိုက် ခံစားနေရတာလေ.... အဲ့ဒါပြီးတော့ ငါတို့က အပြင်ကို အတူထွက်စားကြတာ... စားနေတုန်းကြီးကို သူက အသေထငိုတာလေ... ဟိုင်ကောနဲ့ ငါက ရုတ်တရက်ကြီး လန့်သွားတာပေါ့... ငါတို့က အစားအသောက်ကတစ်ခုခု မှားနေးလားလို့မေးတာပေါ့... ဒါပေမဲ့ သူက ရုတ်တရက် ဇာတ်ကွက်ကို ပြန်တွေးမိလို့လို့ပြောပြီး သူငိုတာ လုံလောက်လားတယ်လို့ထင်လားလို့ ငါတို့ကို မေးလာတယ်... ငါနဲ့ ဟိုင်ကောတို့ နှစ်ယောက်လုံးက ရယ်ရမလား ငိုရမလားတောင် မသိတော့ဘူး... ငါတို့နှစ်ယောက်လုံးက ပြောစရာကို မရှိတော့ဘူး..."
"ငါက ဘာလို့ ပရိုမိုးရှင်း လုပ်ငန်းတွေတစ်ခုမှာမှ ဝင်မပါတာလဲ... ပြောထားသလိုပဲ ငါက လက်ရှိ တခြားထုတ်လုပ်ရေးတစ်ခုမှာ သရုပ်ဆောင်နေတာလေ... ပြီးရင်တော့ ငါက တခြားလူတွေနဲ့ အတူတူ ဝင်လုပ်မှာပါ..."
"အစ်ကိုနဲ့ သဘောထားချင်းမတိုက်ဆိုင်တဲ့ လူရော ရှိလား... မရှိပါဘူး... အဖွဲ့ထဲကလူတိုင်းက အရမ်းကောင်းကြပြီး ငါ့ကို အရမ်းကို ကောင်းကောင်းဆက်ဆံပေးကြတယ်..."
လင်းလော့ချင်း၏ Liveမှာ တစ်နာရီ ကြာပေသည်။ ထို့နောက် သူက ကြည့်ရှုသူများကို ကောင်းသောညပါဟု နှုတ်ဆက်ကာ liveကို အဆုံးသတ်လိုက်သည်။
သူက ထိုင်ခုံကို မှီကာ တစ်ခါသာ ဖြစ်သော်လည်း အမှန်ပင် ပင်ပန်းလှသည်ဟု ခံစားလိုက်ရ၏။ ၄င်းမှာ သူက တစ်ချိန်လုံး စကားပြောနေရ၍ အတန်ပင် ပင်ပန်းသွားသည် ဖြစ်ရပေမည်။
"မဆိုးဘူး..."
ဝူရှင်းယွမ်က လျှောက်လာကာ ဆိုလိုက်သည်။
"အဆင်ပြေသားပဲ..."
လင်းလော့ချင်းက ခေါင်းမော့ကာ သူ့ကိုကြည့်လိုက်သည်။ သူ့မျက်လုံးများက ယုံကြည်ချက်အပြည့်နှင့် တောက်ပနေပေသည်။
"ငါ သင်ယူလို့ရအောင်လို့ မနေ့က ဟိုင်ကောရဲ့ liveကို တမင် ဝင်ကြည့်ထားတာ... ဟားဟား..."
ဝူရှင်းယွမ်က ရယ်လိုက်သည်။
"ငါ့မှာ မင်းအတွက် သတင်းကောင်းတစ်ခုရှိတယ်..."
"ဘာလဲ..."
"မှန်းကြည့်..."
"နောက်ထပ် ကြောညာတစ်ခု မင်းကို လာကမ်းလှမ်းတာတော့ မဟုတ်လောက်ပါဘူး..."
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် ကုမ္ပဏီများစွာနှင့် အမှတ်တံဆိပ်များစွာက ကြော်ညာအခွင့်အလမ်းများ ချဲ့ထွင်ရန်အတွက် ဝူရှင်းယွမ်ဆီသို့ အောင်မြင်စွာ ဆက်သွယ်လာကြသည်။ လောလောဆယ်တွင် နာမည်ကြီး အမှတ်တံဆိပ်များ မပါသော်လည်း ဤနယ်ပယ်ထဲတွင် လင်းလော့ချင်း၏ ကြော်ညာ တန်ဖိုးမှာ မြင့်တက်လာနေသည်ကို သက်သေပြနိုင်ပေ၏။ အနည်းဆုံးတွင် သူ့အတွက် ကြော်ညာနယ်ပယ်က လမ်းပေါက်လာလေပြီ။
"ထောင်လီပုရန်"ထုတ်လွှင့်နေစဉ်က ဝူရှင်းယွမ်မှာ ဤမျှအထိ တိတ်ဆိတ်နေကြသော နာမည်ကြီး တံဆိပ်များကလည်း သူ့တို့ဆီသို့ ဆက်သွယ်လာမည်ကို ခန်းမှန်းမိသည်။
ဤသို့ဖြင့် လင်းလော့ချင်းမှာ အလျင်မလိုကာ ယခုအထိ မည်သူနှင့်မှ စာချုပ်မချုပ်ရသေးပါချေ။
"မဟုတ်ဘူး... ပိုကောင်းတာ တစ်ခု..."
"ဘာလဲ..."
လင်းလော့ချင်း၏ စိတ်ဝင်စားမှုက ချက်ချင်းပင် မြင့်တက်သွားလေသည်။
ဝူရှင်းယွမ်က ပြုံးကာ ဆိုလိုက်သည်။
"ငါက ဒါရိုက်တာလီဆီကို ထပ်ပြီး ဆက်သွယ်လိုက်တာ... သူက မင်းအချိန်ရရင် ထပ်ပြီး လူရွေးပွဲလာဖြေလို့ရတယ်တဲ့... တကယ်လို့ ဘာပြဿနာမှ မရှိရင် အဲ့ဇာတ်ကောင်က မင်းအတွက်ပဲတဲ့..."
"တကယ်လား..."
လင်းလော့ချင်း၏ အံ့အားသင့်သွား၏။ သူက ထိုကိစ္စအား လက်လျော့ထားပြီးဖြစ်ကာ ဝူရှင်းယွမ်က ၄င်းကိုတွေးနေဆဲဖြစ်ပြီး ကြိုးစားနေဆဲဖြစ်မည်ဟု မမျှော်လင့်ထားပေ။
တကယ်ပဲ အပြောင်းအလဲတစ်ခုဖြစ်လာပြီး သူက အောင်မြင်နိုင်မှာလား...
"'ထောင်လီပုရန်'က အချိန်ဇယားတွေရဲ့ အရင် ထုတ်လွှင့်ပြီး အရမ်းနာမည်ကြီးလာတာက ဘုရားမတာပဲ... အဲ့ဒါက မင်းနာမည်ကြီးတာကို အမြန် တိုးလာစေတာ... အဲ့လိုမှ မဟုတ်ရင် ငါတို့က အဲ့အခွင့်အရေးကြီးကို လွဲသွားတော့မလို့..."
ဝူရှင်းယွမ်မှာ လင်းလော့ချင်း ထိုဇာတ်ကောင်ကို မရရှိခြင်းအား မည်သည့်အခါမှ စိတ်မလျှော့ခဲ့ချေ။ ၄င်းမှာ လင်းလော့ချင်း၏ သရုပ်ဆောင် စွမ်းရည်များက မလုံလောက်ကာ ဒါရိုက်တာလီ ကျေနပ်သည်အထိ မကောင်းပါက ဝူရှင်းယွမ်သည်လည်း ဘာမှ မတက်နိုင်ပေ။ သူက ရလာဒ်များကို လက်ခံရပေမည်။
သို့သော် လင်းလော့ချင်း၏ သရုပ်ဆောင်စွမ်းရည်များက အကောင်းဆုံးထဲတွင် ဖြစ်၏။ ဒါရိုက်တာလီမှာ လင်းလော့ချင်း၏ သရုပ်ဆောင်စွမ်းရည်ကို ကျေနပ်သည်မှာ ရှင်းလင်းလှသည်။ ထိုအချိန်က လင်းလော့ချင်း၏ နာမည်ကျော်မှုမှာ ထုတ်လုပ်ရေးအတွက် မည်သည့်ပရိသတ်ကိုမှ မဆွဲဆောင်နိုင်ခြင်းသာဖြစ်သည်။ ထို့ကြောင့် ဝူရှင်းယွမ်မှာ ထိုဇာတ်ကောင်ကို မရနိုင်ခြင်းအတွက် အမြဲလိုလို အသက်ရှုကြပ်ကာ မွန်းကြပ်သည်ဟု ခံစားနေရခြင်းပင်။
"ထောင်လီပုရန်"၏ ထုတ်လွှင့်လုပ်ရေး ရက်စွဲက ရှေ့မတိုးသွားလျှင်ပင် လင်းလော့ချင်း၏ နာမည်ကြီးမှုက ထောင်တက်သွားဆဲ ဖြစ်ပေမည်။ ဝူရှင်းယွမ်က လင်းလော့ချင်း ထိုဇာတ်ကောင်ကို ရရှိဖို့အတွက် ကူညီရန် နည်းလမ်းလည်းရှာနိုင်ဆဲ ဖြစ်ပေမည်။ သို့သော် ဘုရားသခင်ကျေးဇူးကြောင့် ဝူရှင်းယွမ်မှာ နောက်ဆုံးတွင် ဤကိစ္စအပေါ်တွင် စိတ်အေးအေးထားပြီး ကောင်းကောင်းအနားယူနိုင်သောညသို့ ရောက်လာပေတော့သည်။
"မင်းဘယ်တော့ အချိန်ရှိလဲ... ငါ ဒါရိုက်တာလီကို စာပြန်ပို့လိုက်မယ်..."
"အဲ့ဒါဆို ဒီလကုန်... ၃၀ရက်လောက်... ငါ အဲ့ကျရင် လူရွေးပွဲ ထပ်ဖြေလိုက်မယ်..."
"ဟုတ်ပြီ..."
ဝူရှင်းယွမ်က ဆိုလိုက်ပြီး ခေါင်းငုံ့ကာ ဒါရိုက်တာလီကို ပြန်စာပို့လိုက်သည်။
"ထောင်လီပုရန်"မှာ ထုတ်လွှင့်နေဆဲဖြစ်ပြီး "ကွမ်းမန့်"သည်လည်း တဖြည်းဖြည်း အပြီးသတ်သို့ ရောက်လာလေပြီ။
ကျိုးချန်ရွှမ်က လင်းလော့ချင်းအပေါ်တွင် ထင်မြင်ချက်ကောင်းတစ်ခု တိုးတက်လာလေသည်။ သူက လင်းလော့ချင်း၏ နာမည်ကျော်မှုက တဟုန်ထိုး တိုးတက်လာသည်ကို မြင်ရာ ထိုကဲ့သို့ တိုးတက်လာမှုက ယာယီသာဖြစ်သည်ကို လင်းလော့ချင်းအား အထူးအကြံပေးလာသည်။ ထုတ်လုပ်ခြင်းနှင့် အလုပ်ကြိုးစားခြင်းသည်သာလျှင် ကြာရှည်ခံပေမည်။ လင်းလော့ချင်းက လက်ရှိတွင် နာမည်ကြီးလျှင်ပင် သူက စံနှုန်းများကို လျော့ချကာ စုတ်ချာသော ရုပ်ရှင်များတွင် သရုပ်မဆောင်သင့်ပေ။
လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်နားလည်ပါတယ်..."
သူသည် ယခင်က ရွေးချယ်စရာ များစွာ မရှိပါပေ။ သူ့တွင် ဇာတ်ကောင်တစ်ခုနှင့် အခွင့်အရေးတစ်ခု ရှိနေပါက သူက လက်ခံလိုပေသည်။ ပထမက အသက်မွေးဝမ်းကြောင်းတစ်ခု ပြုလုပ်ရန်လိုအပ်၍ ဖြစ်ပြီး ဒုတိယမှာ သူ့ကိုယ်ပိုင် ဂုဏ်သတင်းကို မြတ်နိုးခြင်း ဟူသော ဆင်ခြေများ ပြောဆိုခြင်းမှာ အစကတည်းက ဂုဏ်များစွာ မရှိသေးသည့် ထိုအချိန်က အလွန်ရယ်ရပေသည်။
သို့သော် ယခုတွင် လင်းလော့ချင်းက နာမည်ကျော်သည်သာမက ရှင်းရီလည်း ရှိနေသည်။ သူက ယခုတွင် ရွေးချယ်စရာများများ ပြုလုပ်ကာ ဆုံးဖြတ်နိုင်လာရာ လင်းလော့ချင်းက ၄င်းတို့ကြားတွင် လေ့လာကာ ရွေးချယ်မှုများ စတင်ပြုလုပ်သည်က သဘာဝကျပေသည်။
ကံကောင်းစွာဖြင့် လင်းလော့ချင်းမှာ အလွန် ရည်မှန်းချက်ကြီးသော လူတစ်ဦးမဟုတ်ပါပေ။ သူ့အတွက်မူ စိတ်ပါလက်ပါ သရုပ်ဆောင်ခြင်းက စိတ်အားထက်သန်မှုသာဖြစ်၏။ သူ ဝိညာဉ် ကူးပြောင်းခြင်းမခံရစဉ်က သူက အသက်မွေးဝမ်းကြောင်းတစ်ခု ပြုလုပ်ရန်လိုသော်လည်း ယခုတွင် ၄င်းက သူစိုးရိမ်ရသည့် အရာတစ်ခု မဟုတ်တော့ပါပေ။ လင်းလော့ချင်းက သရုပ်ဆောင်ခြင်းကို စိတ်အားထက်သန်မှုတစ်ခုအဖြစ်သာ မြင်နိုင်လေပြီ။
ကျိုးချန်ရွှမ်က အားပေးသည့်အနေဖြင့် သူ့ပခုံးကို ပုတ်လိုက်သည်။
ဒါရိုက်တာဝမ်က လင်းလော့ချင်း သူ့၏ အခန်းများကို သရုပ်ဆောင်ပြီးကာ ထွက်သွားမည်ကို မြင်တွေ့ရန် တွန့်ဆုတ်နေသည်ကို တွေ့ရပေသည်။ ထို့နောက် လင်းလော့ချင်းက ဝင်ရောက်သရုပ်ဆောင်ရန် အခန်း သုံးခန်းသာ ကျန်ပေသည်။ လင်းလော့ချင်းက ၄င်းကို ပြီးစီးသည်နှင့် ဤအဖွဲ့နှင့် အဆုံးသတ်သွားလေပြီ။
လင်းလော့ချင်း၏ liveကြောင့် ထိုနေ့တွင် "ကွမ်းမန့်"မှာ သူတို့၏ တရားဝင် blog တွင် ပရိသတ်အများအပြား ရရှိခဲ့သည်။ ပရိသတ်များက လင်းလော့ချင်းက မည်သည့်နေရာတွင် သရုပ်ဆောင်သည်လဲနှင့် ဓာတ်ပုံများ ရှိသလားဆိုသည်ကို မှတ်ချက်များတွင်ရော blog ၏ တည်းဖြတ်သူများကို သီးသန့် စာပို့ကာရော မေးမြန်းလာကြသည်။
သို့သော် လင်းလော့ချင်းမှာ မည်သည့် ပရိုမိုးရှင်း ဓာတ်ပုံမှ မရိုက်ထားခဲ့ပေ။
သူက အဖွဲ့ကို အကြပ်အတည်းတစ်ခုမှ ကူညီရန်သာ ရောက်လာပြီး ၄င်းတို့ကိုပြုလုပ်ရန် အချိန်တစ်ခုမှ မရှိခဲ့ပါချေ။ သူ့၏ အဝတ်အစားများမှာပင် ယခင်မင်းသားမှ ချန်ရစ်ခဲ့သည်များဖြစ်သည်။ လင်းလော့ချင်းမှာ ခန္ဓာကိုယ်အချိုးအစား ကောင်းမွန်သည်ကြောင့်သာ ဝတ်စုံများက လင်းလော့ချင်း၏ အတိုင်းအတာနှင့် မဟုတ်သော်လည်း သူက ၄င်းတို့ကို ဝတ်ဆင်နိုင်နေဆဲဖြစ်သည်။ အဖွဲ့က ပြောင်းလဲမှုအနည်းအကျဉ်းသာ ပြုလုပ်ရန်လိုအပ်ပြီး ဝတ်စုံကုန်ကျစရိတ်ကိုလည်း ချွေတာနိုင်ခဲ့၏။
အစပိုင်းတွင် ဒါရိုက်တာ ဝမ်မှာ လင်းလော့ချင်းက ဖူဟန်နေရာတွင် သရုပ်မဆောင်နိုင်မည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် ယခုတွင် သူက လင်းလော့ချင်း၏ ဖူဟန်ကြောင့် စိတ်လှုပ်ရှားသွားပြီ ဖြစ်၏။ လင်းလော့ချင်းက ဖူဟန်အတွက် မမေ့နိုင်စရာ အချက်များနှင့် သရုပ်ဆောင်မှုများကို ပြုလုပ်ထားကာ ဇာတ်ကောင်ကို အသက်ဝင်အောင် ပြုလုပ်ခဲ့ပြီးဖြစ်လေသည်။
၄င်းကို ပြုလုပ်နိုင်သော လူငယ်သရုပ်ဆောင် အများအပြားမရှိပါပေ။
အခွင့်အရေးသာ ရှိပါက သူတို့ အတူတူထပ်မံ လုပ်ဆောင်ရန် ဒါရိုက်တာဝမ်မှာ တွေးတောနေမိ၏။
လင်းလော့ချင်းက ဒါရိုက်တာဝမ် သူ့ကိုကြည့်နေသည်ကို မြင်ကာ လျှောက်လာလေသည်။
"ဘာလဲ ဒါရိုက်တာဝမ်..."
"ဘာမှ မဟုတ်ပါဘူး..."
ဒါရိုက်တာဝမ်က သူ့ကို ပြုံးပြလိုက်သည်။
"မင်းက ဒီရက်တွေမှာ အတော်လေး နာမည်ကြီးလာတယ်... ဂုဏ်ယူပါတယ်..."
လင်းလော့ချင်းက ရှက်ရွံ့စွာ ရယ်လိုက်သည်။
"အိုး... ဟုတ်သား... ဒါရိုက်တာဝမ် အခုထိ ဒရမ်မာအတွက် ဇာတ်ဝင်သီချင်းတစ်ခုပဲ ရှိသေးတာမလား... ဇာတ်သိမ်း သီချင်းကရော..."
"ငါတို့ စီစဉ်ထားတာတော့ ရှိပါတယ်... ဒါပေမဲ့ အခုထိတော့ ဘာမှ မသေချာသေးဘူး... မင်းက ဘာလို့ မေးတာလဲ..."
"ကျွန်တော့မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်လေ... ကျွန်တော်က သူ(မ)ကို ဒီ ထုတ်လုပ်ရေးအကြောင်းပြောပြလိုက်တာ... သူ(မ)ကအရမ်း စိတ်ပါပြီးတော့ သီချင်းတစ်ပုဒ်ရေးပေးချင်နေတာ... ဒီမိုလေးနည်းနည်းတောင် အသံသွင်းထားပြီးပြီ... တကယ်လို့ အဖွဲ့ကသာ သုံးချင်တယ်ဆိုရင် သူ(မ)က အလကားသုံးခွင့်ပေးမယ်လို့ပြောတယ်... တစ်ချက်ကြည့်ကြည့်ချင်လား..."
ဒါရိုက်တာဝမ်က အလကားဟု ကြားသောအခါ တုံ့ဆိုင်းနေစရာမရှိပေ။
"ငါတစ်ချက် ကြည့်ကြည့်မယ်..."
လင်းလော့ချင်းက သူ့ဖုန်းကို ထုတ်ကာ နားကြပ်တပ်ပြီး ဒါရိုက်တာဝမ်ကို ကမ်းပေးလိုက်သည်။
ဒါရိုက်တာဝမ်က ၄င်းကို နားထောင်သောအခါ ပို၍ စိတ်ဝင်စားပြီး ပို၍ အံ့အားသင့်လာပေသည်။
ဤသည်က အလွန်ထူးခြားပြီး ကွဲပြားသော သီချင်းစတိုင်တစ်ခုပင်။
ပထမ သီချင်းက တည်ငြိမ်သော မြစ်တစ်စင်းသဖွယ် ချမ်းမြေ့စေကာ စိတ်ကို လှုံ့ဆော်ပေးနိုင်၏။ သို့သော် ထို့နောက် ၄င်းက ကောဒ့်အပိုဒ်သို့ ရောက်သောအခါ ရိုက်ခတ်မှု လှိုင်းတစ်ခုပြီးတစ်ခု မွှေနှောက်ကာ သီချင်းအား လွမ်းဆွေးကာ ရင်ထဲထိစရာတစ်ခု ဖြစ်အောင် ပြုလုပ်နေပေ၏။
ဒုတိယ သီချင်းမှာ အထူးသဖြင့် အမျိုသမီးအဆိုတော်က အနိမ့်သံဖြင့် စတင် သီဆိုလိုက်သောအခါ သံစဉ်ကို ပို၍ပင် ဝမ်းနည်း၊ ဒေါသထွက်စေပြီး မကျေမချမ်းဖြစ်စေကာ သီးခြားဆန်ပြီး ဝမ်းနည်းဖွယ်ကောင်းပေသည်။
ဒါရိုက်တာ ဝမ်က ချက်ချင်းပင် ဖူဟန် သေဆုံးသွားသည့် အခန်းကို ပြန်တွေးမိသွားသည်။ သူက ရင်တဒိတ်ဒိတ်ခုန်ကာ ချက်ချင်းပင် လင်းလော့ချင်းအား ဒုတိယသီချင်းကို ပြန်ဖွင့်ခိုင်းလိုက်သည်။
သူက ချက်ချင်းပင် ဆုံးဖြတ်လိုက်သည်။
"ဒါပဲ..."
ဒါရိုက်တာဝမ်မှာ ဖူဟန်၏ သေဆုံးမှုအတွက် နောက်ခံတေးနှင့် ဇာတ်ဝင်တေးကောင်းကောင်းတစ်ခု ရွေးချယ်ကာ ပရိသတ်၏ ခံစားချက်ကို ကိုင်လှုပ် သိမ်းပိုက်ရန် ဆုံးဖြတ်ထားသည်မှာ ကြာပေပြီ။ ၄င်းက သူတို့အား ဖူဟန်နှင့် ဖူပင်းတို့၏ အခက်အခဲကို ပိုမို နားလည်စေရန် ကူညီပေလိမ့်မည်။
"မင်းရဲ့ သူငယ်ချင်းက တကယ်ကို သီချင်းဆိုနိုင်တာပဲ..."
ဒါရိုက်တာဝမ်က အံ့ဩတကြီး ဆိုလိုက်သည်။
"သူ(မ)သာ ဒီသီချင်းကို ရောင်းရင် ဈေးပေါပေါရမှာ မဟုတ်ဘူး..."
သူမက မည်သို့ သီဆိုရမည်ကိုသိပေသည်။ သံစဉ်မှာ အလွန်သိမ်မွေ့ကာ ချက်ချင်းပင် ပရိသတ်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လေသည်။
လင်းလော့ချင်းက ရယ်လိုက်သော်လည်း တစ်ခွန်းမှ မဆိုလိုက်ချေ။
ဒါရိုက်တာ ဝမ်က ဆက်ပြောလိုက်သည်။
"မင်းရဲ့ သူငယ်ချင်းက တကယ်ကို ပါရမီ ရှိတာပဲ... အထူးသဖြင့် ဒုတိယ တစ်ခု အဲ့ဒါက တကယ့်ကို အထူးလက်ရာပဲ... ငါအဲ့ဒါကို ဒရမ်မာထဲမှာ ဘယ်အချိန်မှာ ဘယ်လိုသုံးရမလဲဆိုတာ ငါတွေးကြည့်လို့ရနေပြီ... ငါ နှစ်ခုစလုံး လိုချင်တယ်... ငါသူ(မ)ကို အမြတ်မထုတ်ပါဘူး... သူ(မ)ကို ဈေးပြောခိုင်းလိုက်ပါ... ငါအဲ့အတိုင်းပေးမယ်..."
"မလိုပါဘူး..."
လင်းလော့ချင်းက ပြုံးကာ ဆိုလိုက်သည်။
"သူ(မ)က တကယ်ကို အတော်ရှက်ပြီး အဖွဲ့ကို ပြဿနာဖြစ်စေတယ်လို့ ခံစားနေရတာ... အဲ့ဒါက သူ(မ)ရဲ့ လျော်ကြေးပဲ..."
ဒါရိုက်တာဝမ်က စိတ်ရှုပ်ထွေးသွားသည်ဟု ခံစားလိုက်ရသည်။
"အဖွဲ့ကို ပြဿနာဖြစ်စေတယ်... ဘယ်သူမို့လဲ..."
"ဒါရိုက်တာကြီး သူ(မ)ကို သိပါတယ်..."
လင်းလော့ချင်းက အဓိပ္ပာယ်အပြည့်ဖြင့် ဆိုလိုက်၏။
ဒါရိုက်တာဝမ်က ပို၍ပင် စိတ်ရှုပ်ထွေးသွားသည်။
"ရှောင်လင်း... အဲ့လိုတွေပြောနေတော့ ငါပိုပြီး လမ်းပျောက်လာပြီ..."
လင်းလော့ချင်းက ဒါရိုက်တာဝမ်၏ စိတ်ရှုပ်ထွေးခြင်းကို ကြားရာ နောက်ဆုံးတွင် ထုတ်ဖော်လိုက်၏။
"အဲ့ဒါက ချင်ရူယွင်ပဲ..."
"သူ(မ) သရုပ်ဆောင်နေတုန်းက သရုပ်ဆောင်ကွက်တစ်ခုကို မအောင်မြင်နိုင်လို့ ဒါရိုက်တာကြီးနဲ့ အဖွဲ့ရဲ့ မင်းသား၊ မင်းသမီးတွေရဲ့ အချိန်တွေ အများကြီးကို ဖြုန်းမိတယ်လို့ ခံစားနေရတာ... ဒါရိုက်တာကြီးက တစ်ဝက်ကြီးမှာ မင်းသမီးပြောင်းပြီး သူ(မ)ရိုက်ပြီးသား ဇာတ်ကွက်တွေအကုန်လုံးကို ပြန်ရိုက်ရတာပါပေါင်းရင် အဲ့နှစ်ခုက သူ(မ)ရဲ့ တောင်းပန်စကားလို့ ယူဆလို့ရတယ်... သူ(မ)က သူ(မ)ရှာခဲ့တဲ့ ပြဿနာအတွက် ဒါရိုက်တာကြီး အထင်မလွဲဖို့ပဲ မျှော်လင့်တာပါ..."
ဒါရိုက်တာ ဝမ် : ...
ဒါက မဟုတ်သေးပါဘူး... ချင်ရူယွင်က အရင်တုန်းက သူ့ကို သီချင်းဆိုပြဖူးပါတယ်... အဲ့ဒါက မဆိုးပေမဲ့ ဒီလောက်တော့ မကောင်းပါဘူး... ဘယ်လိုလုပ်ပြီး...
ဒါရိုက်တာဝမ်က ချက်ချင်း တုံ့ပြန်လိုက်သည်။ သူယခင် သီချင်းဆိုချိန်က ကျွမ်းကျင် တူရိယာတစ်ခုမှ မရှိပါပေ။ ထို့အပြင် တေးသွားသည်လည်း တစ်ချိန်လုံး အလွန်ဖရိုဖရဲနိုင်ကာ သူမ၏ လုပ်နိုင်စွမ်းကို အပြည့်အဝ မဖော်ပြနိုင်ပါချေ။
သို့သော် သူက မည်သည့်အခါမှ မမျှော်လင့်ထားပါပေ။
"သူ(မ)က ဒီလောက်တောင် ကောင်းအောင်ဆိုနိုင်တယ်လား..."
"သူ(မ)က တစ်ချိန်လုံး သရုပ်ဆောင်ပြီး ဘာလုပ်နေတာလဲ... အဆိုတော်တစ်ယောက်ဖြစ်လာတာက သူ(မ)ကို ကောင်းကောင်း ကျွေးနိုင်တာကို..."
လင်းလော့ချင်းသည်လည်း သူနှင့် အတွေးတူ ပေသည်။
ဘယ်သူက တစ်ခြားတစ်မျိုး ပြောမှာလဲ....
အိုး... ဟုတ်သား... ယန်ဖုန်းကပြောတယ်... သူ့မှာ တခြား အမြင်တစ်ခု ရှိတာပဲ...
ဝါရင့်ဒါရိုက်တာ တစ်ဦးအနေဖြင့် ဒါရိုက်တာဝမ်က မင်းသားမျိုးစုံနှင့် အလုပ်လုပ်ခဲ့ဖူးပေသည်။ လင်းလော့ချင်းက ချင်ရူယွင်အမည်ကို ထုတ်မပြောခဲ့ပါက သူမကို အနှေးနှင့် အမြန်မေ့သွားမည်ဖြစ်သည်။ သူက သူမ ယခင်က ဖြစ်စေခဲ့သော အနှောင့်အယှက်နှင့် ပြဿနာများကို စိတ်ထဲ မရှိထားပါပေ။ ထို့အပြင် ဒါရိုက်တာဝမ် တစ်ကိုယ်တည်း တွေးလိုက်သည်မှာ ချင်ရူယွင်၏ သရုပ်ဆောင် စွမ်းရည်များက ညံ့ဖျင်းသော်လည်း သူမတွင် စိတ်ထားကောင်းလေးရှိသည်။ ၄င်းက သူမအား သရုပ်ဆောင်စွမ်းရည်လည်းမကောင်း စိတ်ထားလည်းမကောင်းသည့် တချို့သော အနုပညာရှင်များထက် ပိုကောင်းအောင် ပြုလုပ်ပေးသည် မဟုတ်ပေဘူးလား။
သူက ရယ်လိုက်သည်။
"မင်ပြန်ရင် သူ(မ)ကို အဲ့ဒါက ပြဿနာမဟုတ်ပါဘူးလို့သာ ပြောလိုက်ပါ... အဲ့ဒါက ဘာပဲဖြစ်ဖြစ် ကိစ္စကြီးတစ်ခုမှမဟုတ်တာ.... သူ(မ) သီချင်းတွေက တကယ့်ကို လက်ရာမြောက်တယ်... အချိန်ကျလာရင် ဂီတ ဒါရိုက်တာကို သူ(မ)ကို ဆက်သွယ်ပြီး နောက်ဆုံးအစီအစဉ်တွေလုပ်ဖို့ ပြောလိုက်မယ်.... ကြေးကတော့ ထုံစံအတိုင်း ပေးပါမယ်... သူ(မ)ရဲ့ စိတ်ရင်းကို ငါအမြတ်မထုတ်ပါဘူး..."
"ဟုတ်ပြီ... သူ(မ)က ဒါရိုက်တာကြီးရဲ့ စကားတွေကြားရင် သေချာပေါက်ကို ပျော်သွားမှာ..."
"ဒါပေမဲ့ မင်းတို့ နှစ်ယောက်က ဘယ်လိုလုပ်ပြီး အရမ်း ရင်းနှီးသွားတာလဲ..."
ဒါရိုက်တာ ဝမ်က ကြောင်သွားလေသည်။
"ကျွန်တော်ရဲ့ မန်နေဂျာက သူ(မ)ကို အလားအလာရှိပြီး အရည်အချင်း ရှိတယ်လို့ထင်တယ်လေ... သူ(မ)က အရင် ကုမ္ပဏီနဲ့ စာချုပ် အဆုံးသတ်ပြီးတော့ သူ(မ)နဲ့ လက်မှတ်ထိုးပြီး ကျွန်တော်တို့က သူငယ်ချင်းတွေ ဖြစ်လာကြတာ..."
ဒါရိုက်တာ ဝမ်က သံသယဝင်နေဆဲပင်။
"တကယ်လား..."