အပိုင်း ၂၁၂
Viewers 40k

Chapter 212



ကျိယွီရှောင်က ခေါင်းခါလိုက်သည်။


"ငါတော့ တခြားတစ်ခုကို ယုံတယ်... ငါ့အဖေက သည်းခံနိုင်မှာ မဟုတ်ဘူး... သူက တခြားသူတွေကို အလွယ်တကူ မယုံဘူး... ရှောင်ယွီသာမရှိရင် ကျိမူက အခုဆို ရာထူးလက်ခံရပြီးတာ နှစ်ဝက်လောက်တောင်ရှိလောက်ပြီနေမှာ... ရှယ်ယာရှင်တွေအများကြီးက သူတို့ရဲ့ စိတ်ရင်းကောင်းကို ဖော်ပြဖို့ ဆက်သွယ်လာကြပြီးပြီ... သူက ကျိမူကို အများကြီး ထိန်းချုပ်နိုင်ဖို့ ခွင့်ပြုမှာ မဟုတ်လို့ မကြာခင်မှာကို စပြီး လုပ်ဆောင်ဖို့ လိုတယ်..."


ကျိယွီရှောင်က ရယ်လိုက်သည်။

"မကြာခင်မှာ သူစပြီး လှုပ်ရှားတော့မှာ... မင်းလည်း စောင့်ကြည့်နေတယ်မလား... ငါရောပဲ..."


ရှောင်လီက ကျိယွီရှောင်၏ မျက်နှာပေါ်မှ အပြုံးကိုကြည့်ကာ ပြန်လည်မတုံ့ပြန်နိုင်သည်ကို တွေ့လိုက်ရ၏။

ဘယ်သူက သူတို့မိဘကို ဒီလိုမျိုးတွေ့ချင်မှာလဲ... အထူးသဖြင့် သူတို့မိဘက သူတို့အစ်ကိုရဲ့ သေဆုံးမှုမှာ ပါဝင်နေရင်ပေါ့...


"သခင်လေး လင်းက မကြာခင် အိမ်ပြန်လာတော့မှာလား..."

ရှောင်လီက ကျိယွီရှောင်၏ မေးခွန်းကို မဖြေ၍ ထိုအစား သူက ခေါင်းစဉ်ပြောင်းလိုက်သည်။ 


လင်းလော့ချင်းအမည်ကိုကြားသည်နှင့် ကျိယွီရှောင်၏ အမူအရာသည်လည်း နူးညံ့သွားပေသည်။

"အင်း... သူပြောတာတော့ မနက်ဖြန် ပြန်လာမယ်တဲ့..."


"သူက မင်း အခုမတ်တပ်ရပ်နိုင်နေပြီ ဆိုတာကို သိရင် ပျော်နေမှာ အသေအချာပဲ..."

ရှောင်လီက အပြုံးတစ်ခုနှင့်ဆိုလိုက်သည်။


"ငါသူ့ကို မနက်ဖြန် အသိပေးလို့ ဘယ်ဖြစ်မလဲ..."

ကျိယွီရှောင်က နောက်ဆုံးတွင် စိတ်ရင်းဖြင့် အပြုံးတစ်ခုကို ပြသလာကာ ရယ်လိုက်သည်။ 


"ဒီစပရိုက်က သူ့မွေးနေ့အတွက် ချန်ထားရမှာလေ... သူပြန်လာရင် ငါအိမ်မှာ ပြန်လည်ထူထောင်ရေး လုပ်မလို့မရတော့တာပဲ.... သူသာဒါကိုမြင်ရင် စိတ်မကောင်း ဖြစ်နေတော့မှာ..."


"ဆေးရုံသွားရအောင်..."


"သူက လိုက်လာချင်နေမှာလို့ ငါထင်နေတယ်... ဒါပေမဲ့ ရပါတယ်... သူ့မှာ အလုပ်ရှိသေးတယ်... သူ ထွက်သွားမှပဲ ငါတို့ ပြန်လည်ထူထောင်ရေး လုပ်လို့ရတယ်..."


ကျိယွီရှောင်က ဂုဏ်ယူစရာ အမျိုးသားတစ်ဦး ဖြစ်နေဆဲပင်။ သူက လင်းလော့ချင်းကို ရလာဒ်ကိုသာမြင်လိုပြီး ထိုရလာဒ်ကို ရရှိရန်အတွက် သူအကြိမ်ကြိမ်လဲကျသည်ကို မမြင်လိုပါပေ။ ထို့အပြင် သူက လင်းလော့ချင်း စိတ်မကောင်းဖြစ်သည်ကိုလည်း မမြင်လိုပါ။ 


သူ့ချစ်သူလေးမှာ အလွန် အသည်းနုပြီး ဂရုစိုက်တတ်သော ကောင်လေးပင်။


"ထပ်လုပ်ကြတာပေါ့..."


ကျိယွီရှောင်က ဆိုလိုက်သည်။

"သူအိမ်ကို ပြန်မလာသေးခင် ငါကြာကြာ ရပ်နိုင်တာကို မြင်ရဖို့ အချိန်ကို အကျိုးရှိရှိ အသုံးရမယ်..."


ကျိယွီရှောင်က ၄င်းကို ဆိုပြီးနောက် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ပြန်လည်ထူထောင်ရေး ကိရိယာကို လက်လှမ်းလိုက်သည်။


သူက လင်းလော့ချင်း၏ မွေးနေ့တွင် မတ်တပ်ကာ လင်းလော့ချင်းကို တတ်နိုင်သမျှ ကြာကြာလေး ဖက်ထားလိုသည်။ စက္ကန့်တိုင်းက အကြုံးဝင်၏။


*****

တစ်ချိန်တည်းမှာပင် လင်းဖေးနှင့် ကျိလဲ့ယွီတို့သည်လည်း လင်းလော့ချင်းအတွက် လက်ဆောင်များပြင်ဆင်နေကြသည်။ 


ကျိလဲ့ယွီကို လင်းဖေးကို ချောင်းကြည့်လိုက်ပြီးနောက် သူက ပန်းချီကို ငုံ့ကြည့်ကာ လင်းေဖးကို ထပ်မံ ကြည့်လိုက်ပြန်သည်။ ထိုသို့ အတန်ကြာအောင် ပြုလုပ်ပြီးနောက် လင်းဖေးက နောက်ဆုံးတွင်ခေါင်းကိုမော့ကာ သူ့ကိုကြည့်လိုက်၏။


"ဘာလဲ..."


"ဘာမှမဟုတ်ပါဘူး..."

ကျိလဲ့ယွီက ခေါင်းခါလိုက်သည်။ 


"မင်းက ငါ့ကို ဆက်တိုက်ကြည့်နေတာလေ..."


"သားက ပန်းချီဆွဲနေတာ..."

ကျိယွီရှောင်က ဆိုလိုက်ပြီး သူ့၏ အထူးလက်ရာကို ကောက်ကိုက်ကာ လင်းဖေးရှေ့တွင် ထားလိုက်သည်။ ပန်းချီထဲတွင် အိမ်အကြီးကြီးတစ်ခုရှိပြီး ပြင်ပတွင် စိုလွင်သော ဥယျာဉ်တစ်ခု ရှိပေသည်။ လူနှစ်ဦးက အိမ်ထဲတွင်ရှိနေ၏။ အတိအကျဆိုရသော် ၄င်းမှာ လူတစ်ယောက်နှင့် တစ်ပိုင်းပင်။ 


"ဒါက သားလေ..."

ကျိလဲ့ယွီက ဆွဲပြီးသားဖြစ်သည့် လူသေးသေးလေးကို ညွှန်ပြလိုက်သည်။


"ပြီးတော့ ဒါက ကိုကိုလေ...."

သူက တစ်ဝက်ဆွဲထားသော လူပုံကို ညွှန်ပြကာ ဆိုလိုက်၏။ 


လင်းဖေး - ...မင်းမပြောနဲ့... မင်းသာ မပြောရင် ငါလည်း ပြောနိုင်မှာ မဟုတ်ဘူး...


အဲ့ဒါနဲ့ပဲ မင်းက ငါ့ကို ကြည့်စရာဘာလို့လို့လဲ...


မင်းငါ့ကို မကြည့်ရင်တောင် အတူတူလောက်ပဲကို...


"ပြီးတော့ ဒါက..."


လင်းဖေးက စိတ်ရှုပ်ထွေးစွာ မေးမြန်းလိုက်သည်။ သူက ၄င်းမှာ ကျိလဲ့ယွီ၏ အိမ်စာဖြစ်ရမည်ဟု ထင်လိုက်သည်။ 


"ပါးပါးအတွက် မွေးနေ့လက်ဆောင်..."

ကျိယွီရှောင်က ပျော်ရွှင်စွာ ကြေညာလိုက်သည်။

"သာတို့ မိသားစု ပုံတူလေ..."


လင်းဖေး - ...


ဟုတ်ပြီ... သူက အနည်းဆုံးတော့ သူ့ကိုယ်သူ ဆွဲထားတာပဲ...


"ကိုကိုကရော... ပါးပါးကို ဘာပေးမှာလဲ..."

ကျိလဲ့ယွီက စိတ်ဝင်တစားမေးလိုက်သည်။ 


"မပြောပြဘူး..."

လင်းဖေးက စာအုပ်ဖတ်ရန် ပြန်လှည့်သွားသည်။ 


ကျိလဲ့ယွီက မကျေနပ်ပါပေ။

"ဘာလို့ အဲ့လို လုပ်နိုင်ရတာလဲ... သားဟာကို ပြောပြပြီးပြီလေ..."


လင်းဖေးက တစ်ခွန်းမှ မဆိုချေ။ 


ကျိလဲ့ယွီက သူ့ကို ဆိုလိုက်သည်။

"ပြောပြ... ပြောပြ... သား ပါးပါးကို ပြန်မပြောပါဘူး..."


သူက လင်းေဖး၏ အင်္ကျီလက်များကို ဆွဲကာ ဆိုလိုက်၏။


လင်းဖေးက ကျိလဲ့ယွီ ဆွဲနေသည်ကို ခံစားမိသည်။ သူလှည့်ကြည့်လိုက်ရာ ကျိလဲ့ယွီ၏ ပယင်းရောင် မျက်လုံးကြီးများက သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်နှင့် ဆုံသွားလေသည်။


လင်းဖေး - ...


လင်းဖေးက ကူကယ်ရာမဲ့ခြင်း သုံးဆ၊ တည်ငြိမ်ခြင်း သုံးဆနှင့် အလိုလိုက်ခြင်း လေးဆတို့ဖြင့် ပြန်ဖြေလိုက်၏။

"ကဒ်တစ်ခု..."


"ဘာကဒ်လဲ... ကိုကိုက ဝယ်မှာလား..."


"လုပ်ပေးမှာ..."


"သားသိပြီ... အဲ့ဒါက အခုထိ အသင့်မဖြစ်သေးဘူးပေါ့..."


"အသင့်ဖြစ်ရင် သားကို ပြမှာပေါ့..."


လင်းဖေး - ...


"မရဘူးလား..."

ကျိလဲ့ယွီကို သူ့လက်မောင်းကို ယမ်းခါလိုက်သည်။


လင်းဖေးက တည်ညိမ်စွာဖြင့် "အင်း..."ဟုသာ ဆိုနိုင်ပေသည်။


ထိုအချိန်မှသာ ကျိလဲ့ယွီက စိတ်ကျေနပ်သွားသည်။

"သားပြီးရင်လည်း ကိုကိုကို ပြမယ်နော်..."


လင်းဖေး - ...မင်းက တကယ်တော့ ပြစရာမလိုပါဘူး...


သူက စာအုပ်ဖတ်ရန် ခေါင်းထပ်မံ ခေါင်းငုံ့လိုက်ပြန်သည်။ ၄င်းမှာ သူတို့ ရေချိုးပြီးနောက် လင်းဖေးက သူနှင့် အိပ်ချင်နေသော ကျိလဲ့ယွီကို မောင်းထုတ်လိုက်သည့် အချိန်အထိပင်။


ကျိလဲ့ယွီက နှုတ်ခမ်း တင်းတင်းစေ့ထားလိုက်သည်။

"အခုဆို ကိုကိုက သားကို မောင်းထုတ်တာ သုံးညတောင် ရှိပြီ..."


လင်းဖေးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"အင်း..."


"ကိုကိုက 'အင်း'ရဲသေးတယ်ပေါ့... ဘယ်လိုလုပ်ပြီးတောင်လဲ... ကိုကိုက အခုဆို သားနဲ့မအိပ်တာ သုံးညရှိပြီလေ... သားက ကိုကိုရဲ့ ချစ်ညီလေး ဟုတ်သေးရဲ့လား... မဟုတ်တော့ဘူးလား..."


"ရက်နည်းနည်း ထပ်စောင့်ဦး..."

လင်းဖေးက တည်ငြိမ်စွာ ဆိုလိုက်သည်။


"ဘာလို့လဲ..."

ကျိလဲ့ယွီက နားမလည်ချေ။


"ကဒ် လုပ်နေလို့..."


ကျိလဲ့ယွီ - ဟင်...


"အဲ့ဒါဆိုလည်း သွားလုပ်လေ..."

သူက နားမလည်ပါပေ။


"ကိုကိုက ကဒ်ကို လုပ်လေ... ပြီးသွားရင် သားတို့ တူတူအိပ်လို့ရတာပဲ..."


"မရဘူး..."


"ဘာလို့လဲ..."

ကျိလဲ့ယွီက ပို၍ပင် စိတ်ရှုပ်သွားသည်။ 


လင်းဖေးက အဘယ့်ကြောင့်ဆိုသည်ကို မရှင်းပြနိုင်သော်လည်း ၄င်းက ငြင်းဆိုချက်တစ်ခုဖြစ်နေဆဲပင်။


သူ့ဘက်မှ ကြည့်ပါက ဤသည်က အလွန် သီးသန့်ဆန်သည့် အရာတစ်ခုပင်။ သူက လင်းလော့ချင်းအတွက် ကဒ်တစ်ခု ကြိုးစားလုပ်နေသည်ကို တခြားသူများ မမြင်စေလိုပါ။ သူက ၄င်းကို လင်းလော့ချင်းအား မပေးခင်အထိ တစ်ဦးတည်း တိတ်တဆိတ် ပြုလုပ်လို၏။ 


လင်းဖေးက သူ့၏ ဤရှက်ရွံ့စရာကောင်းသော်လည်း မျှော်လင့်တကြီးဖြစ်သည့် အခြမ်းကို တခြားသူများကို မသိစေလိုချေ။ 


"ငါ ရက်နည်းနည်းကြာရင် မင်းနဲ့ အိပ်မှာပါ..."


ကျိလဲ့ယွီက ပါးများကို ဆူဖောင်းလိုက်သည်။

"ကောင်းပြီ..."


လင်းဖေးက သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။

"လိမ္မာတယ်..."


"သားက လိမ္မာတယ်ဆိုတော့ သားမွေးနေ့ကျရင်လည်း ကဒ်ကောင်းကောင်းတစ်ခု လုပ်ပေးမှာလား... ကိုကို ကိုယ်တိုင်လုပ်ထားတာ..."


လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပြီ..."


သူက လင်းလော့ချင်းကို တစ်ခုလုပ်ပေးထား၍ ကျိယွီရှောင်နှင့် ကျိလဲ့ယွီတို့အားလည်း သူတို့၏ မွေးနေ့များတွင် တစ်ခုစီလုပ်ပေးခြင်းက သဘာဝကျပေသည်။


သို့မဟုတ်ပါက ကျိလဲ့ယွီက သေချာပေါက်ပင် ထပ်မံ ပြဿနာရှာပေလိမ့်မည်။ 


ဟင်း... သူ့မှာ နေတိုင်းချော့ရတဲ့အထိ ကလေးဆန်တဲ့ ညီလေးတစ်ယောက်ရှိနေတာပဲ... ဒါပေမဲ့ သူက တစ်ဦးတည်းသော ညီလေးလေ...


လင်းဖေးက သဘောတူလိုက်ရာ ကျိလဲ့ယွီက ထပ်မံ ပျော်ရွှင်သွားလေသည်။ သူက ပျော်ရွှင်စွာ နှုတ်ဆက်ပြီး သူ့အခန်းထဲသို့ ပြန်သွားလိုက်သည်။ 


လင်းဖေးက တံခါးပိတ်ကာ သူ့စားပွဲသို့ ပြန်လာပြီး စားပွဲတင်မီးကို ဖွင့်ကာ သူ့ကျောပိုးအိတ်ထဲမှ မပြီးသေးသည့် ကဒ်ကို ထုတ်လိုက်သည်။


သူက ကဒ်ပေါ်မှ ပုံကိုကြည့်ပြီးနောက် သူ့အံဆွဲထဲမှ ရောင်စုံဘောပင်များကို ထုတ်ပြီး ပုံကို အရောင်ခြယ်ခြင်း စတင်လိုက်သည်။ 


သူက လင်းလော့ချင်း ဤကဒ်ကို ကြိုက်မကြိုက် မသိပါပေ။ သူက လင်းလော့ချင်း ကြိုက်ရန် မျှော်လင့်ပေသည်။ မည်သို့ပင် ဆိုစေ ဤသည်က လင်းဖေးလုပ်တတ်သည့် တစ်ခုတည်းသော ကဒ်အမျိုးအစားပင်။


ဟင်း...

လင်းဖေးက အနည်းငယ် စိတ်ဓာတ်ကျနေလေသည်။

 သူက သူ့ကိုအရင်ကတည်း မေးထားသင့်တာ... အခုကတော့ အရမ်းနောက်ကျသွားပြီ... အဲ့လိုမှ မဟုတ်ရင် လင်းဖေးက လင်းလော့ချင်း ရွေးလို့ရအောင် ကဒ်တွေ ပိုလုပ်လို့ရမှာကို...


ဒါပေမဲ့ အခုတော့ တစ်ကဒ်ပဲ ရှိတယ်...


သားအဖများအားလုံးက လင်းလော့ချင်းအတွက် သူတို့၏ လက်ဆောင်များကို ပြင်ဆင်ပြီး ဖြစ်၏။ ၄င်းတို့က ဈေးနှုန်းမျိုးစုံနှင့် ကွဲပြားသော်လည်း သူတို့၏ အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်များက တန်ဖိုးဖြတ်မရနိုင်ပါပေ။


နောက်တစ်နေ့ မနက် သူတို့ မနက်စာစားသောအခါ ကျိလဲ့ယွီက ကျိယွီရှောင်ကို စိတ်ဝင်တစား မေးမြန်းလာသည်။ 

"ပါးပါးက ဒီနေ့ ပြန်လာမှာလား..."


"အင်း..."

ကျိယွီရှောင်က ပြန်ဖြေလိုက်သည်။


"အဲ့ဒါဆိုရင် သဘက်ခါကျရင် ပါးပါးမွေးနေ့ပေါ့နော်..."


"အင်း..."


"ဒယ်ဒီ မွေးနေ့ကိတ် မှာပြီးပြီလားဟင်..."

လင်းလော့ချင်းက အိမ်မရောက်သေးရာ ကျိလဲ့ယွီက ကျိယွီရှောင်ကို သူခေါ်နေကျအတိုင်းသာ ခေါ်ပေသည်။ 


ကျိယွီရှောင်က ခေါင်းညိတ်ပြလိုက်သည်။

"မှာပြီးပြီ.... သားက အများကြီးကို တွေးနေတာပဲ..."


"ဘာလို့လဲဆိုတော့ သားက ကိတ်စားချင်လို့လေ..."

ကျိလဲ့ယွီက ရိုးသားစွာ ပြန်ဖြေလိုက်သည်။ သူ့အသံက နူးညံကာ အနည်းငယ်ပင် ပေါတောတောနိုင်သော်လည်း အလွန်ပင် အပြုအမူကောင်းလှ၏။


ကျိယွီရှောင်က သူ့ကို အဓိပ္ပာယ်အပြည့်နှင့် ကြည့်လိုက်သည်။

"အဲ့ဒါဆို အဲ့အချိန်ကျရင် ပိုစားဖို့ မမေ့နဲ့နော်..."


"သားကတော့ ပိုစားသင့်တာ ပါးပါးလို့ ထင်တယ်... အဲ့ဒါက သူ့မွေးနေ့လေ..."


ထို့နောက် သူက ကျိယွီရှောင်ကို သတိပေးရန်လည်း မမေ့ပါချေ။

"ပါးပါးအတွက် မွေးနေ့လက်ဆောင် ပြင်ထားဖို့လဲ မမေ့နဲ့နော်..."


ကျိယွီရှောင်က မျက်ခုံးတစ်ဖက်ပင့်ပြလိုက်သည်။

"မင်းတို့ရော ပါးပါးအတွက် လက်ဆောင်တွေ ပြင်ထားပြီးပြီလား..."


ကျိယွီရှောင်က သူ့၏ ရင်ဘတ်လေးကို ရွှင်မြူးစွာ ကော့လိုက်သည်။ 

"ပြင်ပြီးပြီ... သားတင်မကဘူး... ကိုကိုလည်း ပြင်ထားပြီးပြီ..."


ကျိယွီရှောင်က ၄င်းကိုကြားရာ မနက်စာကို တိတ်တဆိတ်စားနေသော လင်းဖေးကို ကြည့်လိုက်သည်။


လင်းဖေးက ခေါင်းညိတ်ပြကာ အရေးမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။ 

"အင်း..."


"ကောင်းတယ်.... လောလောဆယ်တော့ မြန်မြန်လုပ်ပြီး စားကြ... ပြီးရင် မင်းတို့နှစ်ယောက်စလုံး ကျောင်းသွားသင့်ပြီ..."


"အိုး..."

ကျိလဲ့ယွီက တိတ်တဆိတ် နှုတ်ခမ်းစေ့ကာ သူ့၏ မနက်စာကို ဆက်စားလိုက်သည်။ 


ကျိယွီရှောင်က ကလေးနှစ်ယောက် ကျောင်းသွားသည်ကိုကြည့်ပြီး သူကိုယ်တိုင်လည်း မနားပါပေ။ ထိုအစား သူက ပြန်လည်ထူထောင်ရေး အထပ်သို့ တန်းသွားကာ လင်းလော့ချင်း ပြန်မလာမီတွင် အချိန်ကို အကျိုးရှိရှိ အသုံးချကာ သူလုပ်နိုင်သည်ကို လုပ်ရန် စီစဉ်လိုက်သည်။ 


သူက တစ်မနက်လုံး ပြန်လည်ထူထောင်ရေးတွင် အချိန်ဖြုန်းကာ နေ့လည်ခင်းတွင် ရေအမြန် ချိုးလိုက်သည်။ ထို့နောက် သူက သူ့ခန္ဓာကိုယ်မှ အညိုအမဲများကို ကြည့်ကာ တခြားသော ပြဿနာကို သတိရသွားလေသည်။


ဤအညိုအမဲများကို လင်းလော့ချင်းမြင်သွားပါက လင်းလော့ချင်းက ထိုကိစ္စကို သေချာပေါက်ပင် အကျယ်ချဲ့ပေလိမ့်မည်။ သူသိပါက သူက သေချာပေါက်ပင် စိတ်မကောင်းဖြစ်မည်ပင်။ 


အဲ့ဒါက သူတို့နှစ်ယောက် ချစ်တင်းနှောလို့ မရဘူးလို့ဆိုလိုတာ မဟုတ်ဘူးလား...


ကျွတ်... အဲ့ဒါက ပြဿနာပဲ... 

သူတို့လင်မယားမှာ အချင်းချင်းတွေ့ရန်မှာ ခက်ခဲပြီး ရှားပါးကာ သူတို့က ချစ်ကြည်နူးတတ်သော အတွဲဖြစ်ရာ ထိုင်မနေနိုင်ပါပေ။ ကျိယွီရှောင်က ၄င်းမှာ အမှန်ပင် နှိပ်စက်မှုတစ်ခုဟု ခံစားရပေသည်။ 


ကျိယွီရှောင်က သက်ပြင်းချလိုက်သည်။ ဤသည်က သူ့အား အတန်ပင် ဝမ်းနည်းစေသည်။


ကျိယွီရှောင်က ညအိပ်ဝတ်စုံလဲလိုက်ပြီး စာကြည့်ခန်းထဲသို့ သွားကာ သူ့မိန်းမပြန်လာသည်ကို စောင့်နေလိုက်သည်။ 


ကျိယွီရှောင် အိမ်ပြန်ရောက်သောအခါ နေ့လည်ခင်း ကျော်နေလေပြီ။


အန်တီကျန်းက သူပြန်လာသည်ကိုမြင်ရာ သူ့ ခရီးဆောင်အိတ်ကို ဆွဲပြီး သူ့ကို ကူသယ်ပေးကာ သူနှင့် စကားဆိုပြောနေလိုက်သည်။ 


အမှန်တကယ်တွင် ပြောစရာ သိပ်မရှိပါချေ။ ရှိခဲ့လျှင်လည်း ကလေးနှစ်ယောက်နှင့် ပတ်သတ်သည့် ကိစ္စများနှင့် သူတို့နှင့် ဖြစ်ခဲ့သည့် စိတ်ဝင်စားစရာ အရာများအကြောင်းသာဖြစ်ပေသည်။ သို့သော် လင်းလော့ချင်းက စိတ်ဝင်တစားနားထောင်နေဆဲပင်။ ဤသို့ဖြင့် သူက ကလေးနှစ်ယောက်၏ ကြီးပျင်းမှုနှင့် ငယ်ဘဝကို လုံးဝ လစ်လပ်သွားခြင်း မရှိဟု ခံစားရပေသည်။ 


"သခင်လေးက စာကြည့်ခန်းထဲမှာပါ..."

သူတို့က စာကြည့်ခန်းကို ဖြတ်လာသောအခါ အန်တီကျန်းက ဆိုလိုက်သည်။


လင်းလော့ချင်းက သူမကိုကြားသောအခါ လက်ယမ်းပြပြီး စာကြည့်ခန်းထဲသို့ တိတ်တဆိတ် ဝင်သွားပြီး ခေါင်းဝင်ကာ ချောင်းကြည့်လိုက်သည်။ 


ကျိယွီရှောင်က မော့ကြည့်လိုက်ရာ လင်းလော့ချင်း၏ မျက်လုံးကြီးများဖြင့် ချက်ချင်းဆုံးသွားလေသည်။ ကျိယွီရှောင်က ဖောင်တိန်ကို ချကာ ထိုင်ခုံကို မှီလိုက်ပြီး တစ်ကိုယ်တည်းတွေလိုက်သည်။ 

လင်းလော့ချင်းက သူထင်ထားတာထက် နောက်ကျမှ ပြန်လာတာပဲ...


လင်းလော့ချင်းက သူ့ထံတွင် မိသွားရာ လျှောက်လာလိုက်သည်။ 


"

ငါပြန်လာပြီ..."


"အဲ့ဒါက စောစောကတည်းက ဖြစ်သင့်တာ မဟုတ်ဘူးလား..."

ကျိယွီရှောင်က ဆိုလိုက်သည်။


လင်းလော့ချင်းက ခပ်ဖွဖွ ပြုံးပြကာ သူ့ဆီသို့ ပြေးလာလိုက်သည်။ သူက ကျိယွီရှောင်၏ ခုံရှေ့တွင် ရပ်နေပြီးနောက် ပတ်ကာ လျှောက်သွားလိုက်သည်။ ထို့နောက် သူက ကျိယွီရှောင်ရှေ့တွင် ရပ်လိုက်၏။