Chapter 216
သူ့၏ မျှော်လင့်မှုကို မထိန်းသိမ်းနိုင်ပဲ ပိုကြီးသည့် ဒုလုံရှည် လက်ဆောင်ကို အရင်ဆုံး ဖွင့်လိုက်လေသည်။ သေတ္တာမှာ လက်ဖြင့် ပြုလုပ်ထားသည်မှာ ရှင်းလင်းပေသည်။ လင်းလော့ချင်းက စိတ်ရှုပ်ထွေးသွား၏။
ကုန်သည်က ကလေးကို သေတ္တာတစ်ခုပေးပြီး သူဝယ်တဲ့လက်ဆောင်အတွက် ထည့်ပေးလိုက်တာများလား...
သူ့ကလေးက အပြင်က ဝယ်သမျှက အိတ်နဲ့လာတယ်ဆိုတာကို သိဖို့ ရိုးရှင်းပြီး နုံအလွန်းလွန်းတာလား...
သို့သော် သူက သေတ္တာကိုဖွင့်ကာ ပန်းချီကို ထုတ်လိုက်ရာ ချက်ချင်းပင် နားလည်သွားတော့၏။
အနီရောင် ဖဲကြိုးမှာ လှပသော ဖဲပြားလေးအဖြစ် ချည်ထားလေသည်။ လင်းလော့ချင်းက ပန်းချီကို ဖြည်းညှင်းစွာ ထုတ်ကြည့်လိုက်သည်။ သူတွေ့လိုက်ရသည်မှာ အလွန် မရင့်ကျက်သေးသည့် ကလေးတစ်ယောက်၏ ပန်းချီပင်။
ဤပန်းချီကို ပြုလုပ်ထားသူက အလွန်ငယ်ရွယ်သည်မှာ ရှင်းလင်းနေသည်။ စုတ်ချက်များက အလွန်နက်ရှိုင်းလွန်း၍ စုတ်ချက်ဟုပင် ယူဆရခက်ပေသည်။
ပုံထဲမှ လူများက သပ်ရပ်စွာ အတန်းလိုက်ရပ်နေကြသည်။ အရပ်ဖြင့် စဉ်ထားသော လူကြီး နှစ်ယောက်နှင့် လူငယ် နှစ်ယောက် ရှိပေသည်။ သူတို့ အားလုံးမှာ ပျော်ရွှင်စွာ ပြုံးရယ်နေပြီး ဘယ်ဘက်အစွန်ဆုံးရှိ လူတစ်ဦးတည်းကသာ ဘီးတပ်ကုလားထိုင်ဟု ထင်ရသည့်အရာတွင် ထိုင်နေ၏။ သူက လက်ထဲတွင် ကိတ်မုန့်တစ်ခု ကိုင်ထားဟန်ရလေသည်။
ညာဘက်အောက်ထောင့်တွင် [ပါးပါး မွေးနေ့မှာ ပျော်ရွှင်ပါစေ... - ရှောင်ယွီ]ဟူသော စကားလုံးများကို ရှင်းရှင်းလင်းလင်း လေးလေးနက်နက် ရေးထားသည်။
လင်းလော့ချင်းက သူ့မျက်နှာထက်မှ အပြုံးကို မထိန်းချုပ်နိုင်ပဲ ပန်းချီထဲမှ လူများကို ထပ်ကာကြည့်လိုက်သည်။
ကျိလဲ့ယွီ ဆွဲထားသော ကိတ်မုန့်က သူ့အား အလွန်ပျော်ရွှင်စေ၏။ အဘယ့်ကြောင့်ဆိုသော် ၄င်းက ကျိလဲ့ယွီမှာ များစွာကြိုးစားထားသည်ကို ပြောနိုင်၍ ဖြစ်ပေမည်။ ၄င်းမှာ အညိုအဓိကဖြစ်ကာ ကျိလဲ့ယွီက အနီနှင့်အဝါကို ထပ်ထည့်ထား၏။ အရောင်စုံ ဖယောင်းတိုင်များပါ ထည့်ထားသော်လည်း အရောင်များက အလွန်ရောယှက်နေသည်။ ၄င်းက ကိတ်မုန့်တစ်လုံဟုဆိုခြင်းထက် အရောင်စုံသော အမည်မသိပစ္စည်း တစ်ခုနှင့် ပိုတူပေသည်။
ကျိယွီရှောင်က ပန်းချီကိုကြည့်ကာ တစ်ကိုယ်တည်းတွေးတောလိုက်သည်။
...ဒီလိုမျိုး အနုပညာလက်ရာမြောက် အရည်အချင်းနဲ့ဆိုရင် သူတော့ အနုပညာအသိုင်းအဝိုင်းကို နှုတ်ဆက်ရတော့မှာပဲ....
"ဒါက တကယ်ကို ငါ့အစ်ကိုနဲ့ နည်းနည်းလေးတောင် မတူဘူးပဲ..."
ကျိယွီရှောင်အစ်ကို၏ အနုပညာ အရည်အချင်းမှာ အလွန် ကောင်းမွန်ပေသည်။ သူက ယခင်က မရီး၏ လှပသော ပုံတူကိုပင် ဆွဲပေးဖူး၏။
လင်းလော့ချင်းက သူ့၏ အထင်သေးသောအသံကိုကြားရာ မကျေမနပ်ဆိုလိုက်သည်။
"ပုံက ဒီလောက်ချစ်ဖို့ကောင်းတာ အရှင်းကြီးကို... ပြီးတော့ ဒါကိုကြည့်လေ... မင်းရဲ့ ဘီးတပ်ကုလားထိုင်... ဖေးဖေးရဲ့ ရှားစောင်းပင်... ငါ့ရဲ့ ကိတ်မုန့်... ရှောင်ယွီက အကုန်လုံးကို တွေးထားတာ... ငါ့ရဲ့ ရှောင်ယွီက အရမ်း အသေးစိတ်ပြီး စဉ်းစားပေးတတ်တဲ့ ကလေးဆိုတာ ဒါက သက်သေပဲ..."
လင်းလော့ချင်းက ရွှင်မြူးနေသော အပြုံးနှင့် ကြွားဝါလိုက်သည်။
ကျိယွီရှောင် - ...ဒီလိုအချိန်ဆို လင်းလော့ချင်းက သူ့ထက်တောင် ကျိလဲ့ယွီအဖေနဲ့ ပိုတူတယ်...
ဒါကိုတောင် ချစ်စရာကောင်းတယ်လို့ ထင်တယ်ပေါ့...
ဒီအဖေရဲ့ အနီးမှုန်က အနုတ် ၈၀၀လောက်အထိကို ရှိရမယ်...
"အဲဒါက ကိတ်မုန့်ဆိုတာ မင်းတကယ်ပြောနိုင်တယ်ပေါ့..."
သူက ဆိုလိုက်သည်။
လင်းလော့ချင်းက ကျိလဲ့ယွီ၏ ပန်းချီကို မြှောက်ကာ သူ့ကို ညွှန်ပြလိုက်သည်။
"ဒါက ချောကလက် အသီးကိတ်လေ... ဒီမှာ အသီးတွေ ဒီမှာက ဖယောင်းတိုင်တွေ... ဒါက လုံးဝကို အပြည့် အစုံနဲ့ ကိတ်ပဲ... သူက ဘာတစ်ခုမှတောင် မကျန်ခဲ့ဘူး..."
ကျိယွီရှောင် - ...မင်းဘာဖြစ်နေတာလဲ... မင်းမှာ ရှိနေတဲ့ ဂုဏ်ယူနေတဲ့ အဲ့အမူအရာကြီးကို ကြည့်ဦး...
ဒါပဲလား...
အဲ့ဒါက ဂုဏ်ယူလောက်စရာကြီးလား......
လင်းလော့ချင်းက အမှန်ပင် အလွန် ဝင့်ကြွားကာ ပျော်မြူးနေပေသည်။ သူက ပန်းချီကို သဘောတကျကြည့်ကာ တွေးလိုက်သေး၏။
"ငါနောက်တစ်ခါကျမှ သူ့ပန်းချီကို ချိတ်ထားချင်လားလို့ ရှောင်ယွီကို မေးဦးမယ်... ချိတ်ထားချင်တယ်ဆို ဓာတ်ပုံဘောင် သွားဝယ်ရမယ်..."
ကျိယွီရှောင် - ...အဲ့ဓာတ်ပုံဘောင်ကတော့ တကယ်ကို ခက်ခဲနေတော့မှာပဲ...
အဲ့ဒါနဲ့ မတန်တာက သူ့သားရဲ့ ပန်းချီလေ...
လင်းလော့ချင်းက ကျိလဲ့ယွီ၏ ပန်းချီကိုကြည့်ပြီးနောက် စာအိပ်ထဲတွင် ကျန်နေသည်က လင်းဖေး၏ လက်ဆောင်ဆိုသည်ကိုလည်း သိပေသည်။
ကလေးက သူ့ကို စာတစ်စောင် ရေးပေးတာလား...
လင်းလော့ချင်းက စိတ်လှုပ်ရှားသွား၏။ သူက လင်းဖေးထံမှ စာတစ်ခါမှ မရဖူးချေ။
သူက စာအိပ်ကို ဂရုတစိုက် ဖွင့်လိုက်ပြီး ကော်ရှိသောနေရာတွင် အားအများကြီးမသုံးဝံ့ပါချေ။ သူက လင်းဖေးကိုယ်တိုင်လုပ်ထားသော စာအိပ်ပြဲသွားမည်ကို စိုးရိမ်နေပေသည်။
သူတွေ့လိုက်သည်မှာ အစိမ်းရောင် ခေါက်ထားသည့် ကဒ်တစ်ခုပင်။ ၄င်းမှာ မကြီးပဲ အဖုံးပေါ်တွင် ရွှေရောင် ဖဲကြိုးများ လိပ်ပြာများ ရှိပြီး အလွန်လှပေသည်။
ဒါက ကြည့်ရတာ စာတစ်စောင်နဲ့တော့ မတူဘူး... မဟုတ်မှ ဒါက.... ကဒ်တစ်ခုလား...
လင်းလော့ချင်းက ကဒ်ကို သိလိုစိတ်အပြည့်ဖြင့် ဖွင့်ကြည့်လိုက်သည်။
သူဖွင့်လိုက်သည့်အချိန်တွင် အပင်ငါးပင်က သူ့ရှေ့တွင် ထောင်လာလေသည်။
ကျိယွီရှောင်က ကြောင်အသွား၏။
"ဝါး.... ဖေးဖေးက အထင်ကြီးစရာပဲ... သူ တကယ်ပဲ ဒါကို ဘယ်လိုလုပ်ရမလဲ သိတယ်ပေါ့..."
လင်းလော့ချင်းသည်လည်း ကြောင်အသွာ၏။ ဤကဲ့သို့ ကဒ်မျိုးမှာ ဖေးဖေးအရွယ် ကလေးတစ်ယောက် မည်သို့ လုပ်ရမည်ကို သိသင့်သည့် အရာတစ်ခု မဟုတ်ပါပေ။ သူက မည်မျှပင် ထက်မြက်ပြီး မည်သို့ အစီအစဉ်ချရမည်ကို သိသော်လည်း လုပ်ငန်းစဉ်က လွယ်ကူမည် မဟုတ်ချေ။ ၄င်းက အချိန်ကုန်သည်သာမက အားစိုက်ထုတ်မှုလည်း အတန်ပင် လိုအပ်၏။ လင်းဖေးက အရမ်းအသေးစိတ်ကာ လုပ်ငန်းစဉ်တစ်ခုကို ဂရုစိုက်ရပေမည်။ သူက တစ်ချက်ကလေး မှားယွင်းကာ ညှပ်လိုက်မိပါက အပင်များက လုံးဝ ထောင်လာမည် မဟုတ်တော့ပါပေ။
သူက ကျောင်းသို့ သွားကာ စာဖတ်ပြီး အိမ်စာလည်း လုပ်ရသည်။ ယခုတွင် ဤကဒ်လည်း လုပ်ရသေး၏။ သူက အချိန် အလွန် ကြပ်နေလောက်ပေမည်။
လင်းလော့ချင်းမှာ လင်းဖေး မနေ့ညက နိုးနေဆဲဖြစ်သည်ကို ရုတ်တရက် သတိရသွာသည်။
မဟုတ်ဘူး... ပိုပြီး အတိအကျပြောရရင် လင်းဖေးက မနေ့ညကလည်း ညနက်တဲ့အထိ မအိပ်ဘူး... လင်းလော့ချင်းက သူဘာလုပ်နေတာလဲလို့ မေးတော့ လင်းဖေးက ပြန်မဖြေဘူး...
လင်းလော့ချင်းမှာ တစ်စုံတစ်ခုကို နားလည်သွာသည်ဟု ခံစားလိုက်ရသည်။
လင်းဖေးမှာ ချီးကျူးမှုနှင့် အသိအမှတ်ပြုမှုကို ရှာဖွေနေသော ကလေးတစ်ယောက် မည့်သည့်အခါမှ မဟုတ်ခဲ့ပေ။ သူက သူ့၏ အားစိုက်ထုတ်မှုအား လူသိရှင်ကြား ပြုလုပ်ရသည်ကိုလည်း မကြိုက်ပါချေ။ သူက အလုပ်ကြိုးစားမှုကို ဝန်ခံရန် လက်ဦးမှု ယူမည်လည်း မဟုတ်။ သူက သင်အလိုရှိလျှင် သင်နှစ်သက်သမျှကို သင့်ရှေ့တွင် ပုံအပ်မည်ဖြစ်သော်လည်း သူ့၏ ဂရုစိုက်မှုနှင့် ချစ်ခြင်းကို စကားလုံးများ အသုံးပြုကာ ဝန်ခံသည်ကိုတော့ ပြုလုပ်မည် မဟုတ်ပေ။ လင်းဖေးက ထိုသို့ပြုလုပ်ရန် အသားကျနေသော ကလေးတစ်ဦး မဟုတ်ပါပေ။
လင်းလော့ချင်းမှာ သူ့နှလုံးထိပ်ဖျားလေးမှာ မိုးစက်များ ကျဆင်းလာသကဲ့သို့ တုန်ယင်လာပြီး ပန်းခင်းတစ်ခု ပွင့်လာရန် ဖိတ်ခေါ်နေသည်ဟု ခံစားလိုက်ရသည်။
သူက လက်ထဲမှ ကဒ်ကို ကြည့်လိုက်၏။
ဤကဒ်၏ ဒီဇိုင်းနှင့် အနုပညာမှာ ကျိလဲ့ယွီ၏ ပန်းချီထက် အာရုံစူးစိုက်ကာ တင့်တယ်သည်မှာ ငြင်းမရပါပေ။ သစ်ပင် ငါးပင်က တောအုပ်တစ်ခု ပြုလုပ်ရန် ဖြစ်ပုံရ၏။ နောက်ခံမှာ အပြာရောင်ဖြစ်ပြီး မြေပြင်တွင် မြက်စိမ်းများနှင့် ပန်းများ ရှိလေသည်။ မြက်ထဲတွင် လှဲနေသော ကျားလေးတစ်ကောင်ပင် ရှိနေ၏။
လင်းလော့ချင်းက ညာဘက်ထောင့်မှ ကျားလေးကို ကြည့်ကာ မရယ်ပဲ မနေနိုင်တော့ပေ။ ၄င်းမှာ ကြီးမားလုံးဝန်းသော ခေါင်းနှင့် chibiကျားလေးတစ်ကောင်ပင်။ ၄င်း၏ ခေါင်းပေါ်တွင် "ဝမ်"ဟူသော အက္ခရာပင် ရှိနေပြီး ၄င်းက အလွန်ချစ်စရာကောင်းသော်လည်း အထီးကျန်နေပုံလည်းရ၏။ မြင်သူတိုင်းက ခေါင်းမပွတ်ပဲ မနေနိုင်ပါချေ။
"ဖေးဖေးက သေချာကို ဆွဲထားတာပဲ..."
ကျိယွီရှောင်က သက်ပြင်းချလိုက်သည်။
"သူက စာကောင်းကောင်း လေ့လာရုံတင်မကဘူး ကောင်းကောင်းလည်း ပုံဆွဲတတ်သေးတယ်... သူက လက်တွေ့မှာလည်း တော်တာပဲ... အဲ့လို ဘက်စုံတော်တဲ့ ကလေးတစ်ယောက် တကယ်ပဲ ရှိတယ်ပေါ့... ဘယ်သူက သိမှာလဲ..."
လင်းလော့ချင်းသည်နှင့် ကျိယွီရှောင်နှင့် အတွေးအတူတူပင်ဖြစ်သည်။ အထူးသဖြင့် လင်းဖေးဆွဲထားသည့် chibiကျားလေးကို တွေ့ပြီးနောက်ပင်။
သူ့အကြည့်က ဘယ်ဘက်အောက်ထောင့်သို့ ပြောင်းသွားပြီးနောက် လင်းဖေးရေးထားသော စကားလုံးများကို တွေ့လိုက်၏။
လင်းဖေး၏ စာလုံးများက အလွန် သပ်သပ်ရပ်ရပ် လှလှပပရေးထား၏။ တစ်ချိန်တည်းမှာပင် ၄င်းမှာ ကလေးတစ်ယောက်က ရေးထာသည်ကို ပြောနိုင်ပြီး သူတို့မည်မျှ ချစ်ဖို့ကောင်းသည်ကိုလည်း ပြောနိုင်ပေသည်။
သူက စာကြောင်းသုံးကြောင်း ရေးထား၏။
တောင်စမ်းချောင်းလေးတွေက မြစ်ကို ချစ်တယ်...
ပျားလေးတွေက သူတို့ရဲ့ ပန်းတွေကို ချစ်တယ်...
ကျားလေးနဲ့ တောအုပ်ကြီး : "ငါလည်း မင်းကို ချစ်တယ်..."
လင်းလော့ချင်းက စာကြောင်းသုံးကြောင်းကို ဖတ်ကာ သူ့မျက်လုံးထောင့်များက နီရဲလာပြီး နွေးထွေးလာသည်ဟု ခံစားလာရ၏။
သူက မပြုံးပဲ မနေနိုင်ကာ သူ့နှလုံးသားမှာ နူးညံ့ကာ ယားယံလာသည်ကို ခံစားလိုက်ရသည်။
သူက စာကြောင်းများကို ထပ်တလဲလဲ ဖတ်လိုက်ပြီး နောက်ဆုံးတွင် မျက်ရည်များ စိုသွားမည်ကို စိုးရိမ်၍ ကဒ်ကို ပိတ်လိုက်သည်။
သူက လင်းဖေး၏ ဖြစ်တည်မှုကို အလွန်မြတ်နိုးပေ၏။
ရံဖန်ရံခါတွင် လင်းဖေးက လင်းလော့ချင်းကို ချစ်ကြောင်း ဝန်ခံတတ်သော်လည်း လင်းလော့ချင်းက တမင်သက်သက်စနောက်ပြီးမှသာ ဝန်ခံလေ့ရှိသည်။
သူ့ရှေ့တွင် လင်းဖေးမှာ ခေါင်းမာကာ ခံစားချက်ကို အမှန်အတိုင်း ထုတ်မပြတတ်သူတစ်ဦးသာပင်။ သို့သော် သူက အလွန် ကြိုက်ချင်စရာကောင်းပြီး ချိုမြိန်သော ကလေးတစ်ယောက် ဖြစ်သည်။
သူက သူ့အား "ရှုရှုကို ပါးပါးကို ခေါ်လို့ရမလား..."ဟု မေးလာပေမည်။
သူက သူ့အတွက် ကဒ်ပြုလုပ်ရန် ညနက်အထိ နေပေလိမ့်မည်။
သူက [ကျားကလေးနဲ့ တောအုပ်ကြီး : "ငါလည်း မင်းကို ချစ်တယ်"]ဟု ရေးလာပေမည်။
လင်းလော့ချင်းက နောက်လှည့်ကာ ကျိယွီရှောင်ကို ဖက်ထားလိုက်သည်။ သူ့နှလုံးသားက ချဉ်တူးကာ နူးညံ့နေသော်လည်း ပျော်ရွှင်မှုနှင့်လည်း ဖူးပွင့်နေပြန်၏။
သူက ကိုယ်တိုင် ပြုလုပ်ထားသည့် လက်ဆောင်များကို မဆိုထားနှင့် လင်းဖေးနှင့် ကျိလဲ့ယွီက သူ့ကို လက်ဆောင်ပေးလာမည်ဟု မည်သည့်အခါမှပင် အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
သူတို့က ငယ်ရွယ်ဆဲဖြစ်သည်။ သူတို့က အချစ်ခံရခြင်းကိုသိပြီး သူတို့နှင့် ထိုက်တန်သော အချစ်ကို ပြန်လည်ပေးအပ်ခြင်းအား စိတ်ပူစရာ မလိုပါပေ။
ယခင် အားလပ်ရက်များကဲ့သို့ပင် သူက ကျိလဲ့ယွီနှင့် လင်းဖေးအတွက် လက်ဆောင်များ ပြင်ဆင်ထားသော်လည်း သူတို့ထံမှ ပြန်ရရန် မည်သည့်အခါမှ မမျှော်လင့်ထားပါပေ။ ပထမမှာ မလိုအပ်၍ ဖြစ်ပြီး ဒုတိယမှာ သူတို့က ကလေးများသာ ဖြစ်၍ပင်။
သို့ဖြစ်၍ လင်းလော့ချင်းမှာ ထံုးစံအတိုင်းပင် ကလေးနှစ်ယောက်က သူ့မွေးနေ့အတွက် ဘာမှပြင်မထားလောက်ဟု ယူဆထားသည်။ သူတို့ သူ့အတွက် ဘာမှပေးရန်လည်း သူ့အတွက် မလိုပါချေ။
အလွန်တွေးခေါ်တတ်သော အရာတစ်ခုကို မဆိုထားနှင့်။
သူက ကျိယွီရှောင်ကို ဖက်ကာ ခံစားချက်ဖြင့် ဆိုလိုက်သည်။
"သူတို့ တစ်ခုခု ပြင်ဆင်ထားမယ်လို့ ငါမထင်ထားဘူး..."
"မင်းက သူတို့ကို ကောင်းကောင်း ဂရုစိုက်ပြီး ဆက်ဆံပေးတာကို... သူတို့လည်း အဲ့ဒါကိုသိတော့ မင်းအပေါ် ပြန်ကောင်းပေးချင်တာ သဘာဝပဲလေ..."
"ဒါပေမဲ့ ရှေ့ပိတ်ရက်တွေတုန်းက သူတို့ကို လက်ဆောင်ပေးရတာပဲ ငါ့အတွက် လုံလောက်နေခဲ့တာ... သူတို့က ငယ်ငယ်လေးပဲ ရှိသေးတာ မလိုပါဘူး..."
"ဒါပေမဲ့ ပိတ်ရက်တွေဆိုတာ လူတိုင်းအတွက်လေ... မင်းမွေးနေ့ကပဲ မင်းတစ်ယောက်တည်းအတွက်လေ..."
ကျိယွီရှောင်က သူ့ခေါင်းကိုလှည့်ကာ လင်းလော့ချင်းကို မျက်နှာကို နမ်းလိုက်သည်။
"ပျော်ရွှင်စရာ မွေးနေ့လေးပါ... မင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးတွေနဲ့ ထိုက်တန်ပါတယ်..."
လင်းလော့ချင်းက ထပ်မံ မရယ်ပဲ မနေနိုင်ပါချေ။ သူက သူ့စကားများကြောင့် ပြောမပြတတ်အောင် ရှက်လာသည်ဟု ခံစားရသော်လည်း သူ့မျက်နှာပေါ်မှ အပြုံးက ပို၍ပင် ကျယ်ပြန့်လာသည်။
သူက ကျိယွီရှောင်ကို ကြည့်ရန် ခေါင်းမော့လိုက်သည်။ သူ့မျက်လုံးများက ကြယ်များ နစ်မြုပ်နေသကဲ့သို့ တောက်ပနေ၏။ သူ့အပြုံးက လင်းလက်နေပြီး သူ့ဖြစ်တည်မှုတစ်ခုလုံးက အလင်းများ ဖြာထွက်နေဟန်ရသည်။
"ငါသူတို့ကို သွားတွေ့ချင်တယ်..."
သူကဆိုလိုက်သည်။
"သူတို့ မအိပ်သေးရင် ငါ ဒီည သူတို့နဲ့ အိပ်လို့ရမလားဟင်..."
"ဒါပေါ့..."
ကျိယွီရှောင်က သူ့မျက်လုံးများကို နမ်းလိုက်သည်။
"အဲ့လိုမှ မဟုတ်ရင် သူတို့နှစ်ယောက်က သူတို့ လက်ဆောင်ကိုရပြီး မင်းရဲ့ တုံ့ပြန်မှုကို စောင့်နေကြတုန်းပဲနေမှာ..."
သူ့စကားလုံးများကြောင့် လင်းလော့ချင်းက အလျင်အမြန် ထရပ်လိုက်သည်။ သူက ကလေးနှစ်ယောက်ကို စောင့်ခိုင်းကာ စိတ်လှုပ်ရှားနေမည်ကို စိုးရိမ်လာသည်။
"ငါအခုပဲ သူတို့ကို သွားရှာလိုက်မယ်..."
သူက ထိုသို့ဆိုပြီးနောက် ပထမဆုံး ကလေးနှစ်ယောက်၏ လက်ဆောင်များကို ဂရုတစိုက်သိမ်းလိုက်ပြီး အလျင်အမြန် ပြေးထွက်သွားသည်။
ကျိလဲ့ယွီနှင့် လင်းဖေးတို့က လက်ရှိတွင် လင်းဖေး အိပ်ရာပေါ်တွင် ထိုင်နေကြသည်။
လင်းဖေးက မည်သည့်ကဒ်မှ ပြုလုပ်ရန် မလိုတော့ရာ ကျိလဲ့ယွီနှင့် ပြန်၍ အတူအိပ်ရန် ဆန္ဒရှိပေသည်။ သူက အချိန်ကိုကြည့်ကာ အိပ်ရန် ပြင်လိုက်သည်။
သို့သော် ကျိလဲ့ယွီက သူနှင့် အကြံမတူချေ။
"ပါးပါးက သားတို့ လက်ဆောင်တွေကို အခုထိ ကြည့်နေတုန်းဖြစ်လောက်လား...."
"ဟုတ်မှာပေါ့..."
လင်းဖေးက မှန်းဆလိုက်သည်။
"သူကြိုက်လောက်လား..."
ကျိလဲ့ယွီက သူ့မျက်မှာကို ကိုင်ကာ အလွန်ပင် စိတ်မအေး ခံစားလိုက်ရသည်။
လင်းဖေးက သူကြိုက်လောက်မည်ဟု ခံစားရ၏။ လင်းလော့ချင်းမှာ ယခုအထိပင် သူပို့လိုက်သည့် ရိုးရှင်းလှသော အနမ်း အီမိုဂျီများကိုပင် အလွန်ချစ်သည်ဖြစ်ရာ သူတို့ပေးသည့် လက်ဆောင်များကိုမူ ပြောစရာပင် မလိုပါချေ။
သို့ဖြစ်၍ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"သူကြိုက်မှာပါ...."
"သူဘယ်လို တုံ့ပြန်လောက်မလဲ... အရမ်းပျော်ပြီး သားတို့ကို လာရှာလောက်မလား..."
၄င်းကိုမူ လင်းဖေးမသိချေ။
ကျိလဲ့ယွီက စိတ်ကူးယဉ်ကာ ပျော်ရွှင်စွာ ဆိုလိုက်သည်။
"ပါးပါးက သားတို့လက်ဆောင်တွေက အရမ်းမိုက်ပြီး သားတို့နှစ်ယောက်လုံးကို အရမ်းချစ်စရာကောင်းတယ်လို့ထင်ပြီး ဒီည သားတို့နဲ့ပါ လာအိပ်ချင် အိပ်လောက်မှာ..."
လင်းဖေး - ...သူက ဘယ်လိုစိတ်ကူးယဉ်ရမလဲ တကယ်သိတာပဲ...
လင်းဖေးက သူ့ကို ဖျောင်းဖျလိုက်သည်။
"အိပ်တော့..."
ကျိလဲ့ယွီက ခေါင်းခါပြီး အိပ်ရာပေါ်တွင် ထထိုင်ကာ မလှဲလိုပါပေ။
"သား နည်းနည်း ထပ်စောင့်ချင်သေးတယ်..."
သို့ဖြစ်၍ လင်းဖေးသည်လည်း အိပ်ရာဘေးမှ စာအုပ်တစ်အုပ်ကိုယူကာ စတင်ဖတ်လိုက်သည်။
သူက စာဖတ်နေစဉ်တွင် တံခါးခေါက်သံတစ်ခုကြားလိုက်သည်။ ထို့နောက်တွင် လင်းလော့ချင်းက တံခါးဖွင့်ကာ နှုတ်ခမ်းတင်းတင်းစေ့ပြီး ဝင်လာလေသည်။
သူက အလွန်ပျော်နေသည်မှာ သိသာလှပြီး သူ့မျက်နှာပေါ်မှ အပြုံးကို အနည်းငယ်မျှပင် မဖုံးကွယ်နိုင်ချေ။ ထို့နောက် သူက ပိုပို၍ သိသိသာသာပြုံးလေလေ သူ့မျက်လုံးများက လခြမ်းကွေးများအဖြစ် ကွေးသွားတော့သည်။
ကျိလဲ့ယွီ၏ စိတ်ကူးများက အမှန်ဖြစ်လာပြီး သူက အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်ကာ လင်းလော့ချင်းကို ပြေးဖက်လိုက်သည်။
"ပါးပါး..."
လင်းလော့ချင်းကို သူ့ကို ချီပြီး ကျိလဲ့ယွီက ရှက်ရွံ့လာသည်ဟု ခံစားလာရသည်အထိ သူ့နဖူးကို အဆက်မပြတ်နမ်းလိုက်သည်။
"ရှောင်ယွီ ဆွဲထားတာ အရမ်းကောင်းတယ်... အကောင်းဆုံးပဲ... ပါးပါး အရမ်းကြိုက်တယ်..."
၄င်းကို ဆိုပြီးနောက် လင်းလော့ချင်းမှာ ကျိလဲ့ယွီကို အကြိမ်အနည်းငယ် ထပ်မနမ်းပဲ မနေနိုင်ပါချေ။
"ဘေဘီလေးက အကောင်းဆုံးပဲ..."
ကျိလဲ့ယွီက သူ့ကို ချိုမြန်စွာ ပြုံးပြလိုက်သည်။
"ပါးပါး... ပျော်စရာ မွေးနေ့လေးဖြစ်ပါစေ..."
"ဒါက ပါးပါးအတွက် အပျော်ဆုံး မွေးနေ့ပဲ..."
လင်းလော့ချင်းက တုံ့ဆိုင်းခြင်းမရှိ ဆိုလိုက်၏။
"သားရဲ့ အနုပညာလက်ရာကို ချိတ်ထားဖို့ မနက်ဖြန် ပါးပါး ဓာတ်ပုံဘောင်တစ်ခုထွက်ဝယ်တဲ့အထိ စောင့်နော်... ပြီးလို့ ပါးပါးတို့ နံရံကို သံရိုက်ပြီးရင် အဲ့ဒါကို နေ့တိုင်းတွေ့နိုင်တေ
ာ့မှာ..."
ကျိလဲ့ယွီမှာ သူ့အနုပညာလက်ရာအား တစ်ခြားသူများ မြင်မည်ကို အနည်းငယ်ပင် ရှက်သည်ဟု မတွေးပါချေ။ သူကပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်သည်။
"အင်းအင်း..."
လင်းလော့ချင်းက သူ့နဖူးကို ပွတ်ကာ သူ့နှလုံးသားက နူးညံ့သည်ဟု ခံစားလာရသည်။