Chapter 151
" အဖိုး ၊ ကျွန်မအပြင်ထွက်ပြီး ဖုန်းပြောလိုက်အုန်းမယ် ..."
အဖိုးအား စုမုန့်ပြောလိုက်သည် ။
" စုမုန့် ၊ မင်းတစ်ခုခုများ မေ့နေတာလား ... "
စုမုန့်ဖုန်းကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ရှန့်ကျန်း၏ အော်သံကိုကြားလိုက်ရသည် ။
သူ၏ အသံသည် အလွန်ကျယ်နေပြီး သူမချက်ချင်းပင် ဖုန်းကို အဝေးသို့ခွာလိုက်ရသည် ။
" ဘာကိစ္စလဲ ... "
" မစ္စတာဝမ် ...ကိုယ်တို့ သဘောတူညီချက်လုပ်ထားတဲ့ မစ္စတာဝမ်နဲ့ သူအဆင်သင့်ဖြစ်ပြီဆိုရင် ကိုယ်တို့ သင်္ချိုင်းကို သွားရမယ်လေ ...သူက ကြိုပြီးပြင်ဆင်ထားပြီးသွားပြီ ...ဒါပေမယ့် ကိုယ်တို့စတိုခန်းက ဖုန်းကို သူဆက်လို့မရဘူး ... စတိုခန်းကပြန်ပြင်ဆင်နေပြီး ဖုန်း သုံးလို့မရဘူးဆိုတာ သူ့ကို ပြောဖို့မေ့သွားတယ် ...ကိုယ်တို့ဆေးရုံမှာရှိနေတယ်ဆိုတာ သူဘယ်လိုရှာတွေ့သွားလဲ ကိုယ်မသိဘူး ...ဒါပေမယ့် သူဒီကို ရောက်နေပြီ ... "
ရှန့်ကျန်း၏ အသံအနေအထားသည် သိပ်မကောင်းဘဲ ထိုတွင် ကူကယ်ရာမဲ့နေခြင်းနှင့် သူ၏ စိုးရိမ်မှုများဖြင့် ကြောက်ရွံ့နေပုံရသည့် အရိပ်အယောင်ကို တွေ့ရသည် ။
စုမုန့် သူမ၏ နဖူးအား ကိုင်ထားလိုက်သည် ။သူမ နိုးလာကတည်းက ဝေ့ထင်ရယ် ဝေ့ရွှယ်ရယ်နှင့် ညှိနှိုင်းရန် အလွန်အလုပ်များနေခဲ့ပြီး ဤကိစ္စကို မေ့သွားခဲ့သည် ။ သူမ အလွန်ကို အရှက်ရသွားသည် ။ ကားမတော်တဆမှုတွင် သူမ မပါဝင်ချင်သော်လည်း စာချုပ်ဖောက်ဖျက်ခြင်းသည် စာချုပ်ဖောက်ဖျက်ခြင်းသာဖြစ်သည် ။ ဤတစ်ကြိမ်တွင် အမှားလုပ်ခဲ့သူမှာ သူမဖြစ်သည် ။
" မစ္စတာဝမ် ရှင့်ဘေးမှာ ရှိလား ..."
စုမုန့် မေးလိုက်သည် ။
" ရှိတယ် ရှိတယ် သူက ဒီမှာ ရိုနေရုံတင်မဟုတ်ဘူး သူရဲ့အခြေအနေက ကြည့်ရတာပိုဆိုးလာသလိုပဲ ကိုယ်ဖုန်းကတစ်ဆင့် သေချာရှင်းပြလို့မရဘူး ...ဘော့စ် မင်းကိုယ်တိုင်ပြန်လာပြီး လာကြည့်သင့်တယ် ...ကိုယ်က မင်းလောက် အရည်အချင်းမရှိဘူး ...ကိုယ်နားမလည်ဘူး... "
" ကောင်းပြီ ကျွန်မအခုပြန်လာပြီလို့ သူ့ကိုပြောလိုက်ပါ .
..တကယ်လို့ကိစ္စတစ်ခုခုရှိလာရင် ကျွန်မပြန်မလာမချင်းစောင့်နေပါ ...သူကျေနပ်လောက်မယ့် ဖြေရှင်းချက်တစ်ခုကို ကျွန်မပေးမယ် ..."
"ကောင်းပြီ ကိုယ်အဲ့ဒါကို ဆက်လုပ်ထားလိုက်မယ် ...မင်း ဂရုစိုက်ဖို့လိုတယ် ..."
ဤကဲ့သို့သော အချိန်မျိုးတွင်တောင်မှ စုမုန့်အား သတိပေးရန် ရှန့်ကျန်းမမေ့ပေ ။
" ကောင်းပြီ "
သူမပြောလိုက်သည် ။စုမုန့် ဖြေပြီးသွားသောနောက်တွင် ဖုန်းချလိုက်သည် ။ဝမ်လဲ့နှင့် စတွေ့သောနေ့ကို သူမ ပြန်စဥ်းစားလိုက်သည် ။ သူသည် အသိဉာဏ်ကင်းလွတ်နေသလိုပင် မိန်းမောတွေဝေနေကာ ထိုကိစ္စကြောင့် ညှင်းပန်းခံနေရသည် ။ သူမ သူ့ကိုစတွေ့ကတည်းကဆိုလျှင် အချိန်ကြာနေပြီဖြစ်ပြီး သူ၏ အခြေအနေသည် ပို၍ ဆိုရွားလာသည် ။
ထိုအရာသည် စုမုန့် သူ့အားပေးလိုက်သော အဆောင်မှာကြာရှည်မခံသောကြောင့်ဖြစ်သည် ။ နတ်ဆိုးစွမ်းအင်သည် ဝမ်လဲ့အပေါ်တွင် လက်မလျော့သရွေ့ အဆောင်သည် တဖြည်းဖြည်း သို့မဟုတ် မကြာခင်မှာပင် စွမ်းအင်ယုတ်လျော့သွားလိမ့်မည် ။
စုမုန့် သူမ၏ အခန်းသို့ ပြန်သောအခါတွင် ၊ ဝေ့ထင်နှင့် အဖိုးဝေ့ စကားပြောနေခဲ့သည် ။ အဖိုးဝေ့ကြည့်ရသည်မှာ သိပ်အခြေအနေကောင်းဟန်မပေါ်ဘဲ ဝေ့ထင်ကြောင့် ဒေါသထွက်နေရပုံပေါ်သည် ။
ဝေ့ထင်အားတစ်စုံတစ်ရာကို သူတီးတိုးပြောလိုက်ပြီး သူ၏အမူအရာသည် အဆုံးတွင် အနည်းငယ်စိတ်လှုပ်ရှားနေပုံပေါ်သည် ။ သို့သော် ဝေ့ထင်၏ အမူအရာသည် ငြိမ်သက်နေပြီး သူဘာမှမတုံ့ပြန်ခဲ့ပေ ။
"ကျွန်မ တောင်းပန်ပါတယ် အဖိုး ... ကျွန်မ သွားစရာတစ်ခုရှိသေးတယ် အခုသွားမှရတော့မှာ မလို့ အဖိုးနဲ့ ကျွန်မဆက်ပြီး ကြာကြာမနေပေးနိုင်လောက်တော့ဘူး ... "
အဖိုးဝေ့ထံသို့ စုမုန့် လျှောက်သွားကာ နှုက်ဆတ်လိုက်သည် ။
" အဲ့ဒါက အဆင်ပြေပါတယ် ...မင်းတို့သွားပြီး လုပ်စရာရှိတာ လုပ်ကြ ...မင်းတို့အချိန်ရရင်သာ ပြန်လာပြီးတော့ အဖိုးဆီကို လာလည်ကြ ... "
အဖိုးဝေ့ စကားပြောပြီးသွားသည့်နောက်တွင် စုမုန့်ထွက်သွားဟန်ပြင်နေသော်လည်း ထိုနေရာတွင် ဝေ့ထင်ရှိနေဆဲဖြစ်သည်ကို သူတွေ့လိုက်ရသည် ။ ဝေ့ထင်အား သူအလျင်အမြန်တွန်းကာ
" လူကလေး မြန်မြန်သွားပြီး မိန်းကလေးမုန့်ကိုလိုက်ပို့လိုက်တော့ ..."
စုမုန့် ပြုံးလိုက်သည် ။
" ရပါတယ် အဖိုး ကျွန်မဘာသာပဲပြန်လိုက်ပါ့မယ် အရမ်းမဝေးပါဘူး ကျွန်မခဏလေးနဲ့ အဲ့ဒီကို ရောက်သွားမှာ ..."
စုမုန့် မလိုဘူးဆိုသော်လည်း အဖိုးဝေ့က ငြင်းလိုက်သည် ။သူသည် ဝေ့ထင်အား ကြည့်နေခဲ့ပြီး ဝေ့ထင်စကားပြောမည့်အချိန်တွင် ဆက်ဟန်ပြင်လိုက်သည် ။
" အဖိုးကျွန်တော့်ကို ပြောစရာမလိုပါဘူး ... ကျွန်တော့်ဘာသာ ကျွန်တော့်မိန်းမကို ဂရုစိုက်မှာပါ ... "
ဝေ့ထင်သူ၏ ဖုန်အားဖွင့်ကာ နောက်ဆုံးစာသားကို ရိုက်ပို့လိုက်သည် ။ထို့နောက် သူမတ်တပ်ထကာ ထွက်သွားခဲ့သည် ။
အစပိုင်းတွင် သူ မလှုပ်ရှားရသောအကြောင်းအရင်းမှာ စာရိုက်ပြီးပို့နေရသောကြောင့် ဖြစ်သည် ။
" မင်းလက်ပေါက်ကပ်တဲ့ကောင်လေး "
အဖိုးဝေ့သည် တစ်ခုခုထပ်ပြောချင်သော်လည်း ဝေ့ထင်ထွက်သွားပြီဖြစ်ကြောင်း သိရသောအခါ သူလက်လျော့လိုက်ရသည် ။သူစုမုန့်ကို ကြည့်ကာ ပြောလိုက်သည် ။
" မိန်းကလေးမုန့် ဒီကလေးမင်းကို အနိုင်ကျင့်ရင် အဖိုးကိုပြော တစ်ခြားသူတွေအနိုင်ကျင့်ရင်လည်း အဖိုးကိုပြော အဖိုးက မင်းအတွက် ထောက်ပံ့ပေးမယ် ဒါဆို သူတို့ကို မင်းကြောက်စရာမလိုတော့ဘူး ... "
"ကောင်းပါပြီ ကျေးဇူးပါပဲ အဖိုး ဒါဆို ကျွန်မလုပ်စရာလေးတွေရှိသေးလို့ အရင်သွားနှင့်ပါအုန်းမယ် "
အဖိုးဝေ့နှင့်ပက်သက်လျှင် သူမ၏ နှလုံးသားအောက်ခြေမှပင် ပြုံးပြလိုက်မိသည် ။ နွေထွေးသောအရာကို သူမ၏ နှလုံးသားထဲတွင် ခံစားခဲ့ရသည် ။
ဝေ့မိသားစုထဲတွင် အဖိုးဝေ့သည် တစ်ခုတည်းသော အလင်းရောင်ဖြစ်သည် ။ ထိုအရာသည် သူမ၏ အတိတ်ဘဝနှင့် အတူတူပဲ ဖြစ်သည် ။ သူမအပေါ်တွင် ကောင်းဟန်ဆောင်ခဲ့သော ဝေ့ရွှယ်ထက် ဝေ့မိသားစုထဲတွင် ရှိသောသူမှန်သမျှ အပေါ်ယံတွင် သူမအား ခက်ခဲအောင်ပြုလုပ်ခဲ့သည် ။ အဖိုးဝေ့တစ်ယောက်ထဲကသာလျှင် သူမအပေါ်ကာကွယ်ပေးပြီး ကြမ်းတမ်းသောစကားတစ်ခွန်းမှကို မပြောခဲ့ခြင်းဖြစ်သည် ။
အဖိုးဝေ့အိမ်တွင် ရှိနေသမျှ အစေခံများနှင့် ဝေ့မိဘများသည် သူမအား အပြုံးဖြင့် ကြိုဆိုကြလိမ့်မည် ။သူမ၏ အတိတ်ဘဝတွင် အဖိုးဝေ့ နိုင်ငံမှ ထွက်သွားသောအခါမှ ဝေ့ရွှယ် သူမကို ပြန်ပေးဆွဲခဲ့သည် ။
" သွား သွား နင်တစ်ခုခုပြောစရာရှိနေတယ်ဆိုရင် အဖိုးကို သွားပြောလိုက် "
နှုတ်ဆက်စကားပြောပြီးနောက်တွင် စုမုန့်ထွက်သွားခဲ့သည် ။ သူမအား အပြင်၌ ဝေ့ထင်ကြိုစောင့်နေခဲ့သည် ။သူမကို တွေ့လိုက်ရသောအခါတွင် သူပြောလိုက်သည် ။
" ကားထဲဝင် ကိုယ်မင်းကို လိုက်ပို့ပေးမယ် "
ထို့နောက် သူမအတွက် သူကားတံခါးဖွင့်ပေးလိုက်ပြီး အထဲသို့ဝင်ရန် အချက်ပြလိုက်သည် ။
" ဒါဆိုရင်တော့ ရှင့်ကို အရမ်းကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌ ဝေ့ "
စုမုန့် သူ့အားငြင်းဆန်လိုက်ချင်သော်လည်း ဝေ့ရွှယ်ကို တွေ့လိုက်ရသောအခါ သူမချက်ချင်းစိတ်ပြောင်းလိုက်သည် ။
" အစ်ကိုဝေ့ထင် စုမုန့် ပြန်ကြတော့မလို့လား ... နင်တို့ဆေးရုံကို ပြန်ကြမှာလား ... "
ဝေ့ရွှယ် အမြန်လျှောက်လာခဲ့သည် ။
ဝေ့ထင် ဘာစကားမှမပြောခဲ့ပေ ။သူ၏လက် သည် စုမုန့်အတွက် ကားတံခါးကို ကိုင်ပေးထားပြီး ဝေ့ရွှယ်ကို သူကြည့်ပင်ကြည့်မနေခဲ့ချေ ။
"ဟုတ်တယ် နင့်အကိုက ငါ့ကိုပြန်ပို့ပေးမလို့လေ ဘာလို့လဲ နင်လည်းသွားချင်လို့လား ..."
ဝေ့ရွှယ်အား စုမုန့်အပြုံးဖြင့် ကြည့်လိုက်ပြီး သူမဘယ်လိုဆက်ပြီး သရုပ်ဆောင်မလဲဆိုသည်ကို ကြည့်ချင်နေခဲ့သည် ။
သူမနှင့် ဝေ့ထင် ကိစ္စများကို ရှင်းလင်းအောင်လုပ်ခဲ့ကြောင်းကို ဝေ့ရွှယ်မသိသေးပေ ။ ယခင်ကကဲ့သို့ သူမဆက်၍ သရုပ်ဆောင်ချင်နေမည်ဆိုလျှင် သူမအတွက် စုမုန့်ရှက်နေရလိမ့်မည် ။
စုမုန့် သူမအား စစ်မှန်စွာ ဖိတ်ခေါ်လာခဲ့သည်ဟု ဝေ့ရွှယ်တွေးခဲ့သည် ။ ထို့ကြောင့် သူမအပြုံးဖြင့် သဘောတူညီလိုက်သည် ။
" သေချာတာပေါ့ ...ငါလည်းနင်တို့နဲ့သွားမယ် ဘာပဲဖြစ်ဖြစ် ငါလည်းအားနေတာပဲ ဒါကြောင့် စုမုန့်ကို ငါဂရုစိုက်ပေးလို့ရတယ် ..."
သူမ စုမုန့်ကိုလျစ်လျူရှုလိုက်ပြီး ဝေ့ထင်ကိုင်ထားသော ကားတံခါးမှ အထဲသို့ဝင်ရန် ကြိုးပမ်းလိုက်သည် ။ စုမုန့် ဘာမှမပြောခဲ့ပေ ။သူမသည် လက်ထဲတွင် ရှောင်ပိုင်အားပွေ့ကာ ဝေ့ရွှယ်ကိုသာ ကြည့်နေခဲ့သည် ။
ဝေ့ရွှယ်၏ မယဥ်ကျေးသော အပြုအမူကို ဝေ့ထင်တွေ့ရသောအခါ စုမုန့်အား သူပြောခဲ့သောစကားတို့ကို ပြန်တွေးမိသည် ။ သူချက်ချင်းမျက်မှောင်ကြုတ်သွားကာ လက်ဆန့်လိုက်ပြီး ဝေ့ရွှယ်ကို တားလိုက်သည် ။
" ထွက် ... နင်အိမ်မှာနေခဲ့ "
ဝေ့ထင်၏ စကားလုံးများသည် အေးစက်မှုအရိပ်ယောင်ကို ပြနေခဲ့သည် ။
"အာ "
ဝေ့ထင်၏ အသံအနေအထားကြောင့် ဝေ့ရွှယ် တုန်လှုပ်သွားသည် ။ ဝေ့ထင် သူမကိုမထိသော်လည်း အတွန်းထုတ်ခံလိုက်ရသကဲ့သို့ ဝေ့ရွှယ် နောက်ခြေနှစ်လမ်းဆုတ်သွားကာ လဲကျမလိုပင် ဖြစ်သွားရသည် ။
သူမကိုယ်သူမ ဟန်မတည်နိုင်ခင် ဝေ့ထင်အား သူမကြည့်နေကာ လက်တို ဆန့်ထုတ်လိုက်ပြီး ဝေ့ထင်ကူညီပေးလာမည်ကို စောင့်နေခဲ့သည် ။ သို့သော် သူမလဲကျခါနီးဖြစ်နေတာတောင် ဝေ့ထင်လှုပ်ရှားလာခြင်းမရှိပေ ။
သူမ ဂါဝန်ကို ဝတ်ထားခဲ့ပြီး အနီးနားတွင် လူအများကရှိနေခဲ့သည် ။ သူမသာ တကယ်လဲကျသွားလျှင် အရမ်းကိုရှက်စရာကောင်းနေလိမ့်မည် ။
သူမ၏ခန္ဓာကိုယ်အား တည်ငြိမ်အောင်မလုပ်လိုက်ခင် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည့်ပုံဟန်ဆောင်လိုက်သည် ။ထို့နောက် ဝေ့ထင်အား ရန်လိုသောအမူအရာဖြင့် သူမကြည့်လိုက်သည် ။
" အကိုဝေ့ထင် ညီမကို ဘာလို့မကူပေးတာလဲ ညီမလဲကျတော့မလို့ ညီမကို လန့်အောင်လုပ်လိုက်တာ "
ဝေ့ရွှယ်ကြောက်လန့်နေသကဲ့သို့ သူမ၏ ရင်ဘတ်အား အသာအယာပုတ်လိုက်သည် ။
" နင့်ဘာသာရပ်နေရင်းနဲ့လည်း လဲကျနိုင်တာပဲလား အဲ့ဒီလိုဆိုရင် အပြင်မထွက်တာပိုကောင်းလိမ့်မယ် နင့်အခန်းကိုသာပြန်သွားပြီး စောင့်နေ "
ဝေ့ထင် အေးစက်စွာပြောလိုက်သည် ။
ဝေ့ရွှယ် "...."
ဘာလို့ရုတ်တရက်ကြီး ဝေ့ထင် သူမအပေါ် အေးစက်သွားရသနည်း ။ယခင်ကတည်းက သူမတို့ ထိုမျှလောက် မနီးကပ်ခဲ့သော်လည်း သူမထိခိုက်မည့်အချိန်တိုင်းတွင် သူမကို သူအမြဲကူညီခဲ့သည် ။ ဤတစ်ကြိမ်တွင် သူမကို မကူညီခဲ့ရုံသာမက ထိုကဲ့သို့ပင် သူမကို ပြောလိုက်သေးသည် ။
ဝေ့ရွှယ်တစ်ဖက်သို့လှည့်ကာ စုမုန့်ကိုကြည့်လိုက်သော်လည်း စုမုန့်သည် သူမအား အပြုံးဖြင့်သာ ကြည့်နေခဲ့သည် ။သူမကိုကြည့်ရသည်မှာ ရှိုးပွဲတစ်ခုကို ကြည့်နေသည့်အတိုင်းပင် ။ ဝေ့ထင်ဘက်သို့ပြန်မကြည့်လိုက်ခင် သူမအား ဝေ့ရွှယ် သတိပေးနေသလို ကြည့်လိုက်သည် ။ဝေ့ထင် သူမကိုလျစ်လျူရှူပြီး စုမုန့်ကို ပြောလိုက်သည်။
" ကားထဲဝင်တော့ ... သွားကြမယ် "
စုမုန့်၏ အပြုံးသည် ပို၍ ထင်ရှားလာခဲ့သည် ။သူမ ဝေ့ရွယ်အားကြည့်လိုက်ပြီးနောက် နာခံစွာခေါင်းညိတ်ပြလိုက်သည် ။
" ကောင်းပြီ အတော်မှောင်လာပြီပဲ ကျွန်မတို့သွားသင့်ပြီ "
သို့သော် စုမုန့်ကားထဲသို့ဝင်တော့မည့်အချိန်တွင် သူမ၏ လက်မောင်းများကြားထဲတွင် အိပ်နေသော ရှောင်ပိုင်သည် ရုတ်တရက်နိုးလာခဲ့သည် ။ ထိုအရာသည် စုမုန့်၏ အင်္ကျီအား တရှူပ်ရှုပ်လုပ်လိုက်ပြီး အနီးနားကိုလည်း ထိုကဲ့သို့လုပ်နေခဲ့သည် ။ ထိုအရာသည် ဘာမှားနေသလဲဆိုသည်ကို စုမုန့်သိချင်မိသွားသည် ။ရှောင်ပိုင် ရုတ်တရက် သူမ၏ လက်မောင်းများကြားထဲမှ ခုန်ဆင်းလိုက်သည် ။
"အား ဝေးဝေးခေါ်သွားစမ်းပါ ဝေးဝေးသွား ဝေးဝေးကို သွားစမ်းပါ "
ရှောင်ပိုင်မြေကြီးပေါ်သို့ ခုန်ချလိုက်ပြီး ပထမဆုံးလုပ်သောအရာမှာ ဝေ့ရွှယ်ဆီသို့ တစ်ဟုန်ထိုးပြေးသွားခြင်းဖြစ်သည် ။လွန်ခဲ့သောတခဏတုန်းက နာခံစွာအိပ်နေသော ရှောင်ပိုင်သည် မမျှော်လင့်ထားစွာပင် သူမထံသို့ တစ်ဟုန်ထိုးတိုးဝင်လာသည် ။ထို့အပြင် လွန်ခဲ့သောရက်အနည်းငယ်၌ သူမ၏ လက်မောင်းအား ရှောင်ပိုင်ကိုက်သွားခဲ့သည် ။ထို့ကြောင့် သဘာဝကျကျပင် သူမငိုယိုနေခဲ့သည် ။
အရာအားလုံးသည် ရုတ်ချည်းဖြစ်သွားပြီး သူတို့လူအနည်းငယ်သည် တုံ့ပြန်ရန် အချိန်မရလိုက်ပေ ။ သူတို့ တုံ့ပြန်လိုက်သည့်အချိန်တွင် ဝေ့ရွှယ်၏ စကပ်အား ရှောင်ပိုင်ကိုက်ထားနှင့်ပြီ ဖြစ်ပြီး တတ်နိုင်သမျှ သူမအားဆွဲခေါ်သွားခဲ့သည် ။ ထိုအရာသည် " ဝူး ဝူး " ဟူသော အသိပေးသည့် အသံပင် ပြုလုပ်လိုက်သေးသည် ။
ရှောင်ပိုင်၏ ခွန်အားသည် အလွန်အားနည်းနေသည်မှာ သနားစရာကောင်းပြီး စကပ်ကိုသာ ခပ်တင်းတင်းဆွဲထားနိုင်ခဲ့သည်။ထိုအချိန်က ရှောင်ပိုင်သည် အလွန် ကြမ်းကြုတ်ပုံပေါ်သော်လည်း ဝေ့ရွှယ်ကို မကိုက်ခဲ့ပေ ။ သူမစကပ်ကိုသာကိုက်ထားပြီး လွှတ်မပေးခဲ့ချေ ။
" အစ်ကိုဝေ့ထင် ကယ်ပါအုန်း ဒီမြေခွေးလေးက ကိုက်နေတယ် ညီမကိုကယ်ပါအုန်း ..."
ဝေ့ရွှယ် သနားစရာကောင်းစွာပင် ဝေ့ထင်အား အကူအညီတောင်းနေခဲ့သည် ။သို့သော် သူမကို ဝေ့ထင် လျစ်လျူရှူလိုက်ပြီး တစ်ဖက်သို့လှည့်ကာ စုမုန့်ကိုမေးလိုက်သည် ။
" အဲ့ဒါက ဘာဖြစ်တာလဲ "
စုမုန့် သူမ၏ ခေါင်းကိုခါလိုက်သည် ။
" ကျွန်မလည်း မသိဘူး ...ရှောင်ပိုင်က အမြဲနာခံနေခဲ့တာ အဲ့ဒီလိုမျိုး တစ်ခါမှ ကြမ်းကြမ်းတမ်းတမ်းမလုပ်ဖူးဘူး... "
ထိုေနာက်တွင် စုမုန့် တစ်စုံတစ်ရာအား ရုတ်တရက်တွေးမိလိုက်သည် ။ ဝေ့ရွှယ်၏ ခန္ဓာကိုယ်တွင် သေတ္တာ၏ အနံ့ကို ရှောင်ပိုင်ရနေခြင်းများလား ။သူမဤအခွင့်အရေးကို အသုံးချကာ ဝေ့ထင်၏အရှေ့တွင် သေတ္တာကို ပြန်ရယူနိုင်လောက်သည် ။
ထိုအရာအား သူမသိနေသည်ကို မထုတ်ဖော်နိုင်ပေ ။ခဏမျှ တွန့်ဆုတ်နေပြီးနောက်တွင် စုမုန့်မေးလိုက်သည်။
" ရှောင်ရွှယ် နင့်ဆီမှာ သူ့ကို ဆွဲဆောင်နေတာတစ်ခုခုများရှိလို့လား ... "
ရှောင်ပိုင်ကြောင့် ဝေ့ရွှယ် အနှောင့်အယှက်ဖြစ်နေသော်လည်း ဝေ့ထင်၏ ရှေ့တွင် ထိုအရာအား ကန်မထုတ်ရဲပေ ။ သူမ၏ လက်ကိုသာသုံးပြီး ရှောင်ပိုင်၏ ပါးစပ်ထဲမှ သူမ၏ စကပ်စကိုသာ ပြန်ဆွဲယူနိုင်သည် ။
စုမုန့်၏ မေးခွန်းအား ကြားလိုက်ရသောအခါ သူမနှလုံးသားထဲမှ မချင့်မရဲဖြစ်နေမှုတို့အား ဖိနှိပ်ထားလိုက်ပြီး ပြောခဲ့သည် ။
" မဟုတ်ပါဘူး ... ငါ့ပေါ်မှာ ဘာမှကိုမရှိတာ ...စုမုန့် အဲ့ဒါကို ဝေးဝေးခေါ်သွားလိုက်ပါ ငါ့ကိုလာကိုက်နေရင် ဘယ်လိုလုပ်မလဲ ... "
xxxxxxx