Chapter 153
တိန့်ယွီ ၏လက်ထဲတွင် မဖောက်ရသေးသော ဆေးသေတ္တာဘူးကို ကိုင်ထားသည် ။ကြည့်ရသည်မှာ အခုလေးတင်မှ အရင်လူနာ၏ အခန်းထဲမှ ထွက်လာပုံရသည် ။
"ဒေါက်တာတိန့် ကျွန်မအခု အလုပ်များနေတယ် ကျွန်မဒီညသွေးသွင်းတာကို လုပ်လိုက်ပါမယ် ... "
တိန့်ယွီကို စုမုန့် နှုတ်ဆက်လိုက်ပြီး ဓါတ်လှေကားဆီသို့ ပြေးသွားလိုက်သည်။
"မစ္စစု "
တိန့်ယွီ သူမကို လှမ်းခေါ်လိုက်သောအချိန်တွင် သူမခြေနှစ်လှမ်းသာလှမ်းရသေးသည် ။ သူမ ပြန်လှည့်ကြည့်လိုက်သည် ။
ကော်ရစ်တာ၏ ပြတင်းပေါက်ဘေးတွင် တိန့်ယွီရပ်နေသည်ကို သူမတွေ့လိုက်ရသည် ။ထို့နောက်သူ ပြတင်းပေါက်အပြင်ဘက်သို့ လက်ညှိုးထိုးပြကာ သူမကို မေးလာခဲ့သည် ။
" အဲ့ဒီယောကျ်ားေတွက မင်းသူငယ်ချင်းတွေလား ...သူတို့အဲ့ဒီနေရာမှာ အကြာကြီးရပ်နေပြီးတော့ ခင်ဗျားရဲ့ လူနာဆောင်ကိုကြည့်နေတာ ကျွန်တော်တွေ့မိတယ် ...ခင်ဗျားပြန်မလာခင်တုန်းကလည်း ခင်ဗျားရဲ့လူနာဆောင်ရှေ့တည့်တည့်မှာ တဝဲလည်လည်လုပ်နေသေးတယ် ...ဒါပေမယ့် သူအထဲတော့ မဝင်သွားဘူး ... ခင်ဗျားကိုရှာနေတာလားလို့ ကျွန်တော်မေးလိုက်သေးတယ် ...ဒါပေမယ့် သူဘာမှမပြောဘဲ ထွက်သွားတာ ။ "
တိန့်ယွီ၏နေရာမှ ညွှန်ပြနေသောအရပ်ကို စုမုန့်ကြည့်လိုက်သည် ။ အသေအချာပင် အောက်ထပ်၌ အမျိုးသားသုံးယောက်ရပ်နေသည် ။ သူမ၏လူနာဆောင်နေရာကို သူတို့တစ်ချိန်လုံးစိုက်ကြည့်နေပြီး ရံဖန်ရံခါ တစ်ခုခုပြောနေတတ်သည် ။စုမုန့်၏တုံ့ပြန်ပုံကို တွေ့ရသောအခါ တိန့်ယွီပြုံးကာ ပြောလိုက်သည် ။
" ကြည့်ရတာ မစ္စစုက သူတို့ကိုမသိတဲ့ပုံပဲ ... ဒီလိုနဲ့ နောက်ကျရင် မစ္စစုပိုပြီးဂရုစိုက်သင့်တာပေါ့ ... ဒီလူတွေက ခင်ဗျားကို လာကြည့်ရုံကြည့်တဲ့ပုံတော့ မပေါ်ဘူး ... သူတို့ဆေးရုံထဲမှတော့ ဘာမှလုပ်ရဲမှာမဟုတ်ဘူး...ဒါပေမယ့် ခင်ဗျားအပြင်ထွက်သွားပြီဆိုရင်တော့ အဲ့ဒါက အခြေအနေမတူလောက်တော့ဘူး ..."
ဤလူများကို အရင်က စုမုန့်တစ်ခါမှ မတွေ့ခဲ့ဘူးပေ ။ ကြည့်ရသည်မှာ သူမကို စောင့်ကြည့်ဖို့ ဒီလူများကို လွှတ်ထားခဲ့သည့်ပုံပင် ။ ထိုအရာအားတွေးမိသောအခါ စုမုန့်ပထမဆုံး သံသယဝင်မိသူမှာ ဝေ့ရွှယ်ဖြစ်သည် ။ ဝေ့ရွှယ်မှလွဲရင် ထိုကဲ့သို့ပျင်းစရာကောင်းသောကိစ္စမျိုးကို မည်သူကလုပ်ပါမည်နည်း ။
" သတိပေးတဲ့အတွက် ကျေးဇူးပါပဲ ဒေါက်တာတိန့် စိတ်မပူပါနဲ့ ဘာလုပ်ရမလဲဆိုတာ ကျွန်မသိပါတယ် ... "
စုမုန့် သူမ၏ဖုန်းကို ထုတ်လိုက်ကာ သူတို့၏ပုံကို တိတ်တဆိတ်ရိုက်ထားလိုက်သည် ။တစ်စုံတစ်ခုဖြစ်လာသောအခါတွင် သက်သေများသိမ်းဆည်းဖို့ရန် ဓါတ်ပုံရိုက်ထားခြင်းသည် ကောင်းမွန်သော အလေ့အကျင့်ဖြစ်သည် ။ ထိုအရာသည် တစ်နေ့တွင် အသုံးဝင်လာနိုင်သည် ။တိန့်ယွီအချိန်ကိုကြည့်ကာ စုမုန့်ကိုပြောလိုက်သည် ။
"မစ္စစု အနာဂတ်မှာ တစ်ကယ်လို့ခင်ဗျားအကူအညီတစ်ခုခုလိုလာရင် ကျွန်တော်တတ်နိုင်တာမှန်သမျှ ခင်ဗျား ကျွန်တော့်ဆီလာလို့ရပါတယ် ကျွန်တော့်မှာ နောက်ထပ်ခွဲစိတ်ဖို့ရှိနေသေးလို့ ပြီးတော့ အချိန်ကလည်းနီးနေပြီ ခင်ဗျားနဲ့ နောက်မှပဲပြောတော့မယ် ...အခုတော့ ကျွန်တော်သွားလိုက်အုန်းမယ် ... "
စုမုန့်ပြုံးကာ ခေါင်းညိတ်ပြလိုက်သည် ။
" ဟုတ်ကဲ့ ...ကျေးဇူးပါ ဒေါက်တာတိန့် ..."
တိန့်ယွီထွက်သွားပြီးနောက်တွင် ထိုလူအုပ်စုအား သူမဓါတ်လှေကားဆီသို့မသွားခင် နောက်ထပ်အကြိမ်အနည်းငယ်လောက် စုမုန့်ကြည့်လိုက်သည် ။သူမတွင် ထိုထပ်ပို၍ အရေးကြီးသော လုပ်စရာများရှိသေးသည် ။
သူမရှန့်ကျန်း၏ လူနာဆောင်သို့ ပြန်ရောက်သောအခါ ဝမ်လဲ့ဆက်၍ မှိုင်တွေနေဆဲဖြစ်ပြီး ကုလားထိုင်တွင် မလှုပ်မယှက်ထိုင်နေခဲ့သည် ။
ဝမ်လဲ့၏ စိတ်ဝိညာဥ်အား စုမုန့်ခေါ်ဖို့လုပ်နေသည်ကို ရှန့်ကျန်းတွေ့လိုက်ရပြီး သူမအား ရှုပ်ထွေးစွာ မေးလိုက်သည် ။
" စုမုန့် သူလာတုန်းက မစ္စတာဝမ်က အဆင်ပြေတယ် နည်းနည်းလောက်ကြာတော့ ဘယ်လိုလုပ်ပြီး သူကဒီလိုမျိုးဖြစ်သွားတာလဲ ...သူက အဲ့ဒီအချိန်မှာတုန်းကတော့ အဆင်ပြေပြီး နောက်အချိန်တွေမှာ ဆိုးရွားနေတာလို့ ထင်တာပဲ...ဒါပေမယ့် သူက တဖြည်းဖြည်းပိုဆိုးလာတယ် ..."
သစ်ကြံပိုးခေါက်ကလောင်ကို အသုံးပြုကာ အဆောင်စာရွက်ပေါ်တွင် စုမုန့်အဆောင်ကိုရေးဆွဲလိုက်သည် ။ ဝမ်လဲ့၏ မှောင်မဲနေသော မျက်လုံးထဲတွင် တုံ့ပြန်မှုအနည်းငယ်ကို တွေ့လိုက်ရသည် ။ သို့သော် ခဏအကြာတွင် ပုံမှန်ပြန်ဖြစ်သွားသည် ။
ဝမ်လဲ့၏ လက်ထိပ်မှ သွေးတစ်စက်ကို အဆောင်ပေါ်သို့ချကာ ရှန့်ကျန်းကို စုမုန့်ရှင်းပြလိုက်သည် ။
" အဲ့ဒီဖြစ်ရပ်ကြောင့် သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးစွမ်းအင်ရှိနေတာ နောက်ဆုံးတစ်ခေါက်က ငါ့သူ့ကိုပေးလိုက်တဲ့အဆောင်က သူ့ရဲ့အခန်းထဲကို ကျူးကျော်မှုတွေမရှိလာအောင် ကာကွယ်ပေးဖို့ပဲ သူအခန်းထဲက ထွက်လိုက်တဲ့အချိန်ကျရင် မန္တန်ကအသုံးမဝင်တော့ဘူး ..."
"ပြီးတော့ ဆေးရုံထဲမှာ လူတွေက နေ့စဥ်နဲ့အမျှ သေနေတာ ...ယင်စွမ်းအင်က အားပြင်းပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာကလည်း နတ်ဆိုးစွမ်းအင်က ရှိနေပြီးသား ဒီနေရာကိုလာလိုက်တာက ရောဂါဖြစ်နေတဲ့အခန်းထဲကို ဘတ်တီးရီးယားပိုးမွှားတွေ ထပ်ထည့်ပေးလိုက်တာနဲ့ အတူတူပဲ အခုဆိုရင် ယင်စွမ်းအင် နဲ့ နတ်ဆိုးစွမ်းအင်နှစ်ခုစလုံးက သူ့ရဲ့စိတ်ဝိညာဥ်ကို ဆွဲနေကြပြီ ...အဲ့ဒါကြောင့် သူ့ရဲ့ စိတ်ဝိညာဥ်က ခန္ဓာကိုယ်ကနေ ထွက်သွားတာပဲ ..."
သူမ အဆောင်ကိုဆက်ရေးဆွဲနေရင်း ရှင်းပြလိုက်သည် ။သူမ ရေးဆွဲလို့ပြီးသွားသောအခါတွင် ထိုအရာကိုသေချာခေါက်ကာ ဝမ်လဲ့၏ အိတ်ကပ်ထဲသို့ ထည့်ပေးလိုက်သည် ။
အရာအားလုံးပြီးသွားသည့်နောက်တွင် စုမုန့် သူမ၏လက်များကိုဆန့်တန်းလိုက်ကာ ဝမ်လဲ့၏ရှေ့တွင် လက်ဖျောက်တီးလိုက်သည် ။
"ပြန်လာတော့ "
သူမ စကားပြောလို့ပြီးသွားသည်နှင့် တစ်ပြိုင်နက် ဝမ်လဲ့၏မှောင်မဲနေသော မျက်လုံးများသည် တဖြည်းဖြည်းပြန်ကြည်လင်လာသည် ။ စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် သူလုံးဝပြန်သက်သာလာပြီး ဆေးရုံသို့စစရောက်ချင်းအခြေအနေသို့ပြန်ရောက်သွားသည် ။
သူသတိပြန်ရလာသောအခါတွင် သူ၏အရှေ့တွင် စုမုန့် ရပ်နေသည်ကိုတွေ့လိုက်ရသည် ။ သူ၏အသက်အား ကယ်တင်လိုက်သော ကောက်ရိုးတစ်မျှင်ကို တွေ့လိုက်ရသကဲ့သို့ သူချက်ချင်း ဒူးထောက်ကာ စုမုန့်၏ ခြေထောက်များကို ဖက်ထားလိုက်သည် ။
"ဆရာမ...ကျွန်တော်နောက်ဆုံးတော့ ခင်ဗျားကို ရှာတွေ့ပြီ ...ကယ်ပါအုန်း ...ဒီပြဿနာကို မြန်မြန်လေးဖြေရှင်းရအောင် ...ကျွန်တော်ဆက်မတောင့်ထားနိုင်တော့ဘူး ..."
သို့သော် စုမုန့်၏အဝတ်စများကို သူ မထိလိုက်နိုင်ခင် သူ၏အင်္ကျီအနောက်မှဆွဲမခံရကာ ကုလားထိုင်ပေါ်သို့ ပြန်တင်ပေးခံလိုက်ရသည် ။
" ငြိမ်ငြိမ်ထိုင်နေပြီး မလှုပ်နဲ့ ... "
ဝေ့ထင်သူ့ကို အေးစက်စွာသတိပေးလိုက်သည် ။
သူရုတ်တရက်ကလေးတစ်ယောက်လို ဆူပူခံလိုက်ရသောအခါတွင် ဝေ့ထင်အား ဝမ်လဲ့မကျေမနပ်ဖြစ်ကာကြည့်လိုက်သည် ။သို့သော် ဝေ့ထင်၏ အေးစက်ပြီး စူးရှသောအကြည့်ကို တွေ့လိုက်ရသောအခါတွင် သူ၏ဒေါသများ ချက်ချင်းငြိမ်းသတ်သွားရသည် ။ သူဘာမှမပြောရဲတော့ပဲ ထိုနေရာ၌သာ နာခံစွာ ထိုင်နေခဲ့သည် ။
"မစ္စတာဝမ် အခုလေးတင်ဖြစ်သွားတာတွေနဲ့ပက်သက်ပြီး ခင်ဗျားမှတ်မိတာရှိလား ... "
ရှန့်ကျန်းသူ့ကိုမေးလိုက်သည် ။
ဝမ်လဲ့ခဏလောက်စဥ်းစားပြီးနောက် ခေါင်းခါလိုက်သည် ။
" ကျွန်တော်ခင်ဗျားကို စကားပြောပြီးသွားတဲ့နောက် ပိုပြီးတော့ မသက်မသာခံစားလာရတယ် ... ပြီးတော့ ကျွန်တော့်ရဲ့ စိတ်ထဲမှာ တဖြည်းဖြည်းပိုရှုပ်ထွေးလာတယ် ...အဲ့ဒါက ကျွန်တော့်ရဲ့ ဦးနှောက်ထဲမှာ တစ်ယောက်ယောက်က လာငိုနေသလိုပဲ ...ပြီးတော့ ဆရာမ ကျွန်တော့်ကိုကယ်ပါအုန်း ကျွန်တော် အဲ့ဒီမိန်းမကို ထပ်တွေ့လိုက်တယ် သူမ ... သူမကကျွန်တော့်ကို အဝေးကို ခေါ်ထုတ်သွားချင်နေတာ ... "
ဝမ်လဲ့သည် လူကြီးတစ်ယောက်ဖြစ်သော်လည်း သူ၏မျက်လုံးများသည် နီရဲလာကာ စတင်ငိုကြွေးတော့သည် ။ ထိုကဲ့သို့ဖြစ်နေခြင်းမှာ ရှက်စရာကောင်းသည်ကို သူသိလောက်သည် ။ ထို့ကြောင့် သူ၏ မျက်နှာကို လက်ဖြင့် ကာထားလိုက်သည် ။
ဝမ်လဲ့သည် သနားစရာကောင်းသော်လည်း သူ၏ လက်ရှိ လုပ်ဆောင်မှုများသည် အမှန်ကိုရယ်စရာကောင်းနေသည် ။ရှန့်ကျန်း မရယ်ဘဲမနေနိုင်ချေ ။
စုမုန့် သူ့ကိုသတိပေးသလို စိုက်ကြည့်လာမှ ရယ်နေသည်ကိုသူထိန်းလိုက်သည် ။
"မစ္စတာဝမ် ...ဒီတစ်ခေါက်မှာ ဖြစ်သွားတဲ့ ကိစ္စတွေကို ကျွန်မအရမ်းအားနာပေမဲ့လည်း ဒီပြဿနာအပြီးတိုင် မဖြေရှင်းနိုင်ခင်အထိ ကျွန်မရှင့်ကို သတိပေးရလိမ့်မယ် ... နတ်ဆိုးစွမ်းအင်တွေ စုဝေးနေတဲ့ ဆေးရုံလိုနေရာမျိုးကို မလာပါနဲ့ ... အဲ့ဒါက ရှင့်ရဲ့အခြေအနေကို ပိုဆိုးသွားစေလိမ့်မယ် ... "
ဝမ်လဲ့ ထပ်ခါထပ်ခါခေါင်းညိတ်ပြလိုက်သည် ။
" ဟုတ်ပြီ ...ဟုတ်ပြီ ...နောက်ကျရင် ကျွန်တော် ခြေဦးတည့်ရာ လျှောက်သွားမနေတော့ဘူး ...ကျွန်တော်ခင်ဗျားတို့နှစ်ယောက်နဲ့ အဆက်အသွယ်မရတာကြောင့် ခင်ဗျားကိုရှာဖို့ ကျွန်တော် တစ်စုံတစ်ယောက်ကို လွှတ်လိုက်တယ် ... "
သူပြောပြီးသွားသောအခါ စုမုန့်အား ခေါင်းမှ ခြေအဆုံး ကြည့်ကာ ဝမ်လဲ့ ကြောင်တောင်တောင်နိုင်စွာပြောလိုက်သည် ။
" ဆရာမ ခင်ဗျားရဲ့ ပြင်ပရုပ်ပိုင်းဆိုင်ရာအခြေအနေက အရမ်းမကောင်းဘူးဆိုတာ သိပေမယ့်လည်း ကျွန်တော်တကယ် ဆက်မတောင့်ထားနိုင်တော့ဘူး ...ခင်ဗျားမှာ ကျွန်တော့်ကိုကူညီဖို့ နည်းလမ်းတစ်ခုခုရှိလား ဒီလိုဆို အရင်ဆုံး ကျွန်တော်အရမ်းမနာကျင်ရလောက်တော့ဘူး ...ကျွန်တော်ခင်ဗျားကို အသည်းအသန်မလုပ်ခိုင်းပါဘူး ...အဲ့ဒီနေရာကိုမသွားခင် ခင်ဗျားအပြည့်အဝပြန်မသက်သာခင်အထိ ကျွန်တော်စောင့်နိုင်ပါတယ် ..."
သင်္ချိုင်းကို သူချက်ချင်းသွားလိုက်ချင်သော်လည်း ဘေးမှ သူ့ကို ဝေ့ထင်ကစိုက်ကြည့်နေသည် ။ သူ၏ အကြည့်များသည် ခြောက်ခြားဖွယ်အေးစက်နေပြီး ချက်ချင်းသွားရန် စကားလုံးတို့ကို သူထုတ်မပြောနိုင်တော့ပေ ။
စုမုန် အရင်ပြောလိုက်သည် ။
" အဲ့ဒါကအဆင်ပြေပါတယ် မစ္စတာဝမ် ကျွန်မသက်သာလုနီးနီးဖြစ်နေပါပြီ ရှင်အဆင်သင့်ဖြစ်ပြီဆိုရှင် ကျွန်မတို့ နက်ဖြန်သွားကြတာပေါ့ ... "
"ကျွန်တော်ကအဆင်သင့်ပဲ အဆင်သင့်ပဲ ...ကျွန်တော်အဆင်သင့်ဖြစ်နေတာ တော်တော်ကြာပြီ ... "
စုမုန့်သွားနိုင်သည်ဟုကြားသောအခါ ဝမ်လဲ့အလွန်ပျော်ရွှင်သွားရသည် ။
သို့သော်လည်း ရှန့်ကျန်းကတော့ ခက်ခဲနေသည့်အခြေအနေဖြစ်သည် ။သူ၏ ပတ်တီးစည်းထားရသောခြေထောက်ကိုကြည့်ကာ ဝမ်းနည်းသောမျက်နှာဖြင့် စုမုန့်ကိုကြည့်လိုက်သည် ။
" စုမုန့် ...ကိုယ်မနက်ဖြန်မလုပ်နိုင်မှာ စိုးရတယ် ကိုယ့်ခြေထောက်ကို ကြည့်ဦး ... တကယ်လို့ ကိုယ့်ခန္ဓာကိုယ် တစ်ခုခုမဖြစ်ရင်တောင်မှ အခုချိန်မှာ ကိုယ်လမ်းလျှောက်ဖို့ အဆင်မပြေလောက်ဘူး ...အထူးသဖြင့် သင်္ချိုင်းကိုသွားဖို့ဆိုရင်ပေါ့ ...ကိုယ်မင်းအတွက် ဝန်ပိုနေမှာစိုးရိမ်ရတယ် ..."
"မင်းတို့ သင်္ချိုင်းကိုသွားမလို့လား ... "
'သင်္ချိုင်း' ဟူသော စကားလုံးကိုကြားသောအခါ ဝေ့ထင်၏ မျက်ခုံးများတင်းသွားသည် ။ရှန့်ကျန်းပြန်ဖြေလိုက်သည် ။
" ဟုတ်တယ်...မစ္စတာဝမ်ရဲ့ နတ်ဆိုးအငွေ့အသက်တွေက သင်္ချိုင်းကလာတာ ...ဒါကြောင့် ဘော့စ်ကလည်း သင်္ချိုင်းကို သွားချင်နေတာ ...ဒါတင်မကသေးဘူး ... သူမက အဲ့ဒီနေရာရဲ့ အောက်ကိုပါ ဆင်းကြည့်ချင်နေတာ အဲ့ဒါမျိုးက သင်္ကန်းကို အရင်းကဖြတ်ထုတ်ပစ်တယ်လို့ ခေါ်တယ် ..."
"ရှန့်ကျန်း ... ရှင်ဘာလို့ အရမ်းစကားများနေတာလဲ ... "
စုမုန့် စကားဖြတ်ပြောလိုက်ကာ ရှန့်ကျန်းကို ပါးစပ်ပိတ်ထားရန် လက်ဟန်ပြလိုက်သည် ။ဒီတစ်ကြိမ်တွင် ရှန့်ကျန်းသူမ စကားကိုနားမထောင်တော့ဘဲ မတူညီစွာပြောလိုက်သည် ။
" မစ္စတာယောကျ်ားဟောင်းဖြစ်သူက အပြင်လူမှမဟုတ်တာ သူတော်တော်များများကို သိတယ် ...ကိုယ်သူ့ကို မပြောပြရင်တောင်မှ သူအဲ့ဒါကို သိသွားမှာပဲ ...ဘော့စ် ...မင်းတစ်ယောက်ထဲသွားမှာကို စိတ်ပူနေတဲ့သူက ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး...အကယ်၍ အဘိုးသိသွားရင် သူသေချာပေါက် သဘောတူမှာမဟုတ်ဘူး ...ဒါကြောင့် မင်းနည်းနည်းလောက်ပိုစောင့်သင့်တယ် ... ကိုယ့်ခြေထောက်တွေ ပိုကောင်းလာရင် ကိုယ်မင်းနဲ့အတူတူသွားလို့ရတယ်..."
ရှန့်ကျန်း၏ခြေထောက်များသာ မသက်မသာဖြစ်နေသည်မဟုတ်ဘဲ သူ၏ခန္ဓာကိုယ်သည်လည်း ပတ်တီးများစည်းထားရသည် ။ သူ၏ ဒဏ်ရာများသည် စုမုန့်ထက်ပိုများပြီး သူအများကြီးမသက်သာသေးပေ ။ထို့ကြောင့် ပြင်းထန်သောလှုပ်ရှားမှုမျိုးကို သူမလုပ်နိုင်သေးပေ ။
ဂူသင်္ချိုင်းတစ်ခုလုံးကို ထည့်မတွက်လျှင်တောင် တစ်ပြေးတည်းဖြစ်နေသော မြေပြင်ပေါ်၌ သူခြေလှမ်းအနည်းငယ်လောက် လှမ်းလိုက်လျှင်ပင် သူတောင့်ခံထားနိုင်လိမ့်မည်မဟုတ်ပေ ။
စုမုန်သူ့ကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည် ။
" ရပါတယ်...ရှင်ကျွန်မနောက်ကို လိုက်ပေးဖို့မလိုပါဘူး ... ကျွန်မ မစ္စတာဝမ်နဲ့ သွားလိုက်မယ် ... "
"မရဘူး "
"ငါတို့အဲ့ဒါကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ... "
ဝေ့ထင်နှင့် ရှန့်ကျန်း နှစ်ယောက်စလုံးတစ်ချိန်ထဲတွင် ငြင်းပယ်လာခဲ့သည် ။
စုမုန့်၏ ကမ်းလှမ်းမှုအား သူတို့ငြင်းဆိုလာခြင်းကို ကြည့်ကာ ဝမ်လဲ့ပို၍ စိုးရိမ်လာရသည်။ စုမုန့် တကယ်ပဲသူ့ကိုမကူညီမှာကို သူကြောက်မိသည် ။ သူအလျင်အမြန်ပဲ ကတိပေးလိုက်သည် ။
" ကျွန်တော်ဆရာမကို သေချာဂရုစိုက်လိုက်ပါ့မယ် ... "
"ခင်ဗျားတို့စိတ်ပူနေတယ်ဆိုရင် ဆရာမကို စောင့်ရှောက်ဖို့ ကျွန်တော်လူတွေထပ်ပြီးတော့ ခန့်လိုက်လို့ရပါတယ် ... သူမရဲ့ လုံခြုံရေးကို စိတ်ချစေရပါမယ် အဲ့ဒါတင် မကသေးဘူး ကျွန်တော် ဆရာမအတွက် အကောင်းဆုံးဟိုတယ်မှာ ကြိုတင်နေရာယူထားလိုက်ပါ့မယ် ...ဒါတွေအကုန်လုံးပြီးသွားရင် အချိန်မီနောက်ဆုံးလက်ကျန်ငွေကို ပေးရုံတင်မကဘူး ...ဆရာမကို ကျွန်တော်အပိုငွေလည်း ထပ်ပေးဦးမှာပါ ...ကျွန်တော်ဆရာမရဲ့ အကူအညီတွေ ကိုမမေ့ပါဘူး ကျွန်တော်ကတိပေးပါတယ် ... "
ဤခဏတွင် ဝမ်လဲ့အမှန်တကယ် စိုးရိမ်ကြောင့်ကြနေခဲ့သည် ။ စုမုန့်ကို ရှာမတွေ့ခင် သူဖုန်းရွှေဆရာအများကြီးကို ရှာခဲ့သည် ။သို့သော် ဤလူများသည် နာမည်ကြီးရုံသာဖြစ်ပြီး ဘာမှမထူးခြားပေ ။
ထိုလူများသည် သူ့ကို အဆောင်ပေးပြီး ယတြာများချပေးလိုက်သည် ။သို့သော် တစ်ခုမှ အလုပ်မဖြစ်ပေ ။
သူသည် မမှန်ကန်သောသူများကိုရွေးချယ်မိခြင်းသို့မဟုတ် သူသည် ပရိယာယ်များသောအခြေအနေတွင် ကျရောက်သွားခြင်း ဖြစ်လောက်မည် ။သို့သော်မည်သူမှ စုမုန့်လောက် အားမကိုးရပေ ။
သို့သော် သူဘယ်လောက်ပဲ ကတိပေးနေပါစေ ဂူသင်္ချိုင်းထဲသို့ စုမုန့်တစ်ယောက်ထဲသွားမည်ကို ဝေ့ထင်ရော ရှန့်ကျန်းပါ သဘောမတူပေ ။
xxxxxxx