အပိုင်း ၁၅၇
Viewers 19k

Chapter 157


သူမတွင် သူ့ကိုငြင်းဆိုရန် အခွင့်အရေးမရှိတော့သည်ကို တွေ့ရသောအခါ ဝေ့ထင်လက်ထဲမှ အခန်းသော့ကို ဆတ်ခနဲဆွဲယူလိုက်ပြီး ဘာမှပြောမနေတော့ဘဲ ဓါတ်လှေကားဆီသို့လျှောက်သွားလိုက်သည် ။ထိုအရာကိုတွေ့ရသောအခါ ဝေ့ထင်လည်း နောက်က လိုက်လာခဲ့သည် ။


စုမုန့် သူမ၏အခန်းကို ငါးထပ်မြောက်တွင် ရှာတွေ့ခဲ့ပြီး ဝေ့ထင်လည်း သူမ၏ဘေးအခန်းတွင်နေလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ ။


သူတို့၏အခန်းနံပါတ်များမှာ ထင်ထင်ရှားရှားပင် အတွဲလိုက်မဟုတ်သော်လည်း သူတို့၏အခန်းများကတော့ ဘေးချင်းကပ်ရှိနေသည် ။ ထိုအရာက ဝမ်လဲ့ကအရင်ကတည်းက သိရှိထားခြင်းဖြစ်ပြီး ဤနည်းလမ်းကို တမင်တကာရွေးချယ်ထားခြင်းလားဆိုတာကိုမသိပေ ။


စုမုန့်စဥ်းစားနေတာကိုတွေ့သောအခါ ဝေ့ထင်ဘာမှမပြောခဲ့ပေ ။ သူ အခန်းတံခါးကိုသာဖွင့်ပြီး ဝင်သွားခဲ့သည် ။ဝေ့ထင်အခန်းထဲ ဝင်သွားတာကို တွေ့သောအခါ စုမုန့်လည်း သူမ၏အခန်းတံခါးကို ဖွင့်လိုက်သည် ။


သိုသော် သူမတံခါးဖွင့်ပြီးနောက်တွင် အောက်သိုးသိုးအနံ့တစ်မျိုးက သူမမျက်နှာဆီသို့ လာရောက်ရိုက်ခတ်ပြီး သူမ၏ နှာခေါင်း နှင့် လည်ချောင်းထဲသို့ တိုက်ရိုက်ဝင်သွားခဲ့သည် ။ အလွန်မသက်မသာခံစားရစေပြီး သူမနှာမချေဘဲ မနေနိုင်လိုက်ချေ ။


အခန်းသည် အချိန်မည်မျှကြာအောင် ဟာလာဟင်းလင်းဖြစ်နေခဲ့လည်း သူမ မသိပေ ။ လေများထွက်သွားအောင် စုမုန့်အခန်းတံခါးရှေ့တွင် ခဏကြာကြာရပ်နေခဲ့သည် ။မှိုစော်နံသော လေများအခန်းထဲမှ တဖြည်းဖြည်းလွင့်ပါးသွားမှသာ သူမအခန်းထဲသို့ ဝင်လိုက်သည် ။


ဟိုတယ်သည် တကယ်ပဲ သက်တမ်းကြာရင့်နေပြီဖြစ်သည် ။ ဟိုတယ်တစ်ခုလုံးတွင် အကောင်းဆုံးအခန်းကို ဝမ်လဲ့ရွေးချယ်ခဲ့သော်လည်း ထိုအရာသည် အလွန်ကောင်းနေပုံမပေါ်ပေ ။အကောင်းဆုံးအခန်းသည် အပြင်ဘက်ရှိ အလယ်လတ်တန်းစားဟိုတယ်၏ အခန်းများလောက်ပင် မကောင်းချေ ။


သူမအခန်းထဲသို့ လှည့်ပတ်ကြည့်လိုက်သည် ။ အနံ့ပြင်းများရှိနေသော်လည်း အခန်းက သန့်ရှင်းနေသည် ။ သို့သော် သူမကို မသက်မသာခံစားရစေသော အရာတစ်ခုရှိနေသည် ။အခန်းထဲရှိအရာအားလုံးသည် ပိတ်ဖြူစများဖြင့် ဖုံးအုပ်ထားပြီး ဝမ်းနည်းပူဆွေးခြင်းခန်းမနှင့် တူညီနေသည် ။


စုမုန့် အခန်းထဲက ပစ္စည်းများကို ကိုင်တွယ်ရန် လောမနေချေ ။ထိုအစား အခန်းကိုစစ်ဆေးရန် သူမ သံလိုက်အိမ်မြှောင်ကို ထုတ်လိုက်သည် ။ သံလိုက်အိမ်မြှောင်တုံ့ပြန်မှုမရှိသည်ကို တွေ့ရသောအခါ အထုတ်အပိုးများကို ချထားလိုက်ပြီး ပိတ်စဖြူများကို ဆွဲဖယ်လိုက်သည်။


သူမပြီးစီးသွားသောအခါတွင် ပြတင်းပေါက်ဆီသို့သွားကာ လိုက်ကာများကိုဖွင့်လိုက်ပြီး အပြင်ကိုကြည့်လိုက်သည် ။ ကောင်းကင်သည် ယခုထိ မှောင်ရီပျိုးခြင်းမရှိသေးပေ ။ထို့ကြောင့် အပြင်ဘက်တွင် ဘာတွေဖြစ်နေလဲ ဆိုတာကို သူမရှင်းရှင်းလင်းလင်းမြင်နိုင်သည် ။


ဟိုတယ်၏ အပြင်ဘက်ရှိ မြင်ကွင်းကို မြင်ရသောအခါ သူမ ရုတ်တရက် မကောင်းသော ခံစားချက်ကို ရလိုက်သည် ။


သူမ ဟိုတယ်ဝင်ပေါက်သို့ရောက်သည့်အချိန်က ဟိုတယ်၏ပတ်ဝန်းကျင်အနီးနားကို ရှာဖွေခဲ့သော်လည်း ဘာမှမှားနေတာကိုမတွေ့ခဲ့ရပေ ။သို့သော် သူမ၏အခန်းမှ အပြင်သို့ ကြည့်လိုက်သောအခါတွင် ဟိုတယ်၏အနောက်ဘက်၌ သင်္ချိုင်းရှိနေသည်ကို တွေ့လိုက်ရသည် ။


သင်္ချိုင်း၏တည်နေရာသည် ဟိုတယ်နှင့် အတူတူပဲဖြစ်ပြီး တောင်နှစ်ခုကြားတွင် တည်ရှိနေသည် ။သို့သော် သင်္ချိုင်း၏တည်နေရာက ကုန်းမြင့်ပေါ်တွင်ရှိပြီး ပို၍မြင့်ကာ ကုပ်ပိုးဖြန့်ကျက်ထားသည့်ပုံသဏ္ဍာန်ရှိသည် ။ ထိုနေရာချထားမှု၏ ပုံစံကို ကြည့်ရသည်မှာ...နေရာပုံစံ ရင်းနှီးနေသလိုရှိသည်ကို စုမုန့်သိသွားသည် ။သူမထိုအရာကို ခဏလောက်စဥ်းစားလိုက်သောအခါ ဟိုတယ်နှင့် သင်္ချိုင်းက ရုပ်ရှင်ပြဇာတ်ရုံနှင့် တူညီနေခြင်းဖြစ်သည် ။တစ်ခုတည်းသော ကွာခြားသည့်အရာမှာ ဂူသင်္ချိုင်းများက ပရိတ်သတ်များဖြစ်ပြီး ဟိုတယ်က ပိတ်ကားစဖြစ်နေခြင်းပင် ။


ထိုအရာအားတွေးမိသောအခါ စုမုန့်ပို၍ပင် မသက်မသာခံစားလာရသည်။ သို့သော် သူမသံလိုက်အိမ်မြှောင်နှင့် စစ်ဆေးပြီးပြီဖြစ်ပြီး ပုံမှန်မဟုတ်တာ ဘာမှမရှိချေ ။


ပုံမှန်ပင် သူမ မမြင်ချင်ဟန်ဆောင်လိုက်ကာ တစ်ရက် ၊ နှစ်ရက်ခန့် နေပြီးနောက် ဒီတိုင်းကျော်သွားလိုက်ချင်သည် ။


စုမုန့်လိုက်ကာများကို ပြန်ပိတ်လိုက်ပြီး သူမ မကြည့်နေသမျှ အဆင်ပြေနေလိမ့်မည်ဟုတွေးလိုက်သည် ။အပြင်ဘက်ရှိ မြင်ကွင်းကို မမြင်လိုက်သလို သူမကိုယ်သူမ နှစ်သိမ့်လိုက်သော်လည်း အခန်းထဲရှိ ပိတ်ဖြူများက ဟိုတယ်တွင် တစ်ခုခုမှားနေသည်ကို သတိပေးနေပြီး သူမ စိတ်ငြိမ်ငြိမ်မထားနိုင်ခဲ့ပေ ။


သူမ ရေတွက်မရနိုင်သော ဖုန်းရွှေစာအုပ်များကို ဖတ်ခဲ့ပြီး များပြားသော ပြဿနာများကိုဖြေရှင်းခဲ့သော်လည်း ဤမြင်ကွင်းကို သူမနားမလည်နိုင်သေးပေ ။သူမ၏ဆရာကိုတော့ သူမ မေးလို့ရလောက်သည် ။


သူမအိတ်ထဲမှဖုန်းကိုထုတ်လိုက်ကာ ကောရှန်းကို သူဘာလုပ်နေသလဲ မေးရန် ခေါ်ဆိုလိုက်သည် ။သို့သော် သူမခေါ်ဆိုလိုက်သော်လည်း လိုင်းမှာအလွန်ဆိုးရွားနေပြီး သူမခေါ်ဆို၍မရနိုင်ပေ ။


သူမတွင် ရွေးချယ်စရာမရှိတော့ပေ ။သူမ၏ ဆရာကို ဆက်သွယ်၍ မရကတည်းက တစ်ချိန်ထဲမှာပဲ သူမရှေ့တစ်လှမ်းသာတိုးလိုက်တော့သည် ။လိုက်ကာ၏ အောက်ဘက်နားရှိ ဟနေသော နေရာမှ တစ်ဆင့် ဘာမှမှားနေခြင်းမရှိဘူးဆိုတာကို သေချာစေရန် သူမ သင်္ချိုင်းကို ချောင်းကြည့်လိုက်သည် ။ ထို့နောက်မှသာ သူမ စိတ်အေးသွားပြီး လိုက်ကာကို ဆွဲလိုက်သည် ။


လိုရမယ်ရ စုမုန့် အဆောင်စာရွက်နှင့် သစ်ကြံပိုးခေါက်ကလောင်ကို ထုတ်လိုက်ပြီး အလျင်အမြန် နယ်နမိတ်အင်းအဆောင်ကို ရေးဆွဲလိုက်သည် ။

ထိုဆွဲထားသော နှစ်ခုကို တံခါးနှင့် ပြတင်းပေါက်များတွင် ကပ်လိုက်ပြီး ကျန်သောအင်းစာရွက်များကို သိမ်းထားလိုက်သည် ။


ကျန်သောအင်းစာရွက်အနည်းငယ်ကို ဝမ်လဲ့ကို ပေးမည်ဖြစ်သည် ။ သူတို့နှင့်ပက်သက်ပြီး တစ်စုံတစ်ခုမှားနေလည်း ကိစ္စမရှိပေ ။ ကြိုတင်ကာကွယ်ထားခြင်းက ဘာမှထိခိုက်မှုမရှိလာနိုင်ပေ ။


အထူးသဖြင့် ဝမ်လဲ့၏အခြေအနေကပို၍ သာလွန်နေသည် ။ထိုကဲ့သို့ ကျယ်ပြန့်သော သုသာန်ဘေးတွင် နေရခြင်းမှာ သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးစွမ်းအင်ကို ပို၍ အလွယ်တကူ ထိန်းချုပ်ခြင်းကင်းမဲ့စေနိုင်သည် ။ ထို့နောက် ထိုအချိန်ကိုရောက်လာလျှင် ဝမ်လဲ့၏ ဘဝမှာ အန္တရာယ်ထဲသို့ ရောက်သွားနိုင်သည် ။စုမုန့်လျှောက်သွားကာ တံခါးတစ်ဖက်ဘေးမှ တင်းကျပ်စွာပိတ်ထားသောတံခါးကို တစ်ချက်ကြည့်လိုက်သည် ။ဝေ့ထင်၏ အေးစက်သော သွင်ပြင်သည် နတ်ဆိုးများကို ဖယ်ရှားရာတွင် ကောင်းမွန်သော်လည်း သူ့ကို အဆောင်နှစ်ရွက်လောက် ပေးလိုက်လျှင် ပိုကောင်းမည် ။


အဆုံးတွင် ဝေ့ထင်၏ တိုက်ခိုက်နိုင်သော စွမ်းရည်ကို သူမ မျက်မြင်တွေ့ခဲ့ပြီးဖြစ်သည် ။အကယ်၍ တစ်စုံတစ်ရာကြောင့် ဝေ့ထင်သာ သတိလွတ်သွားအောင် ကြောက်သွားခဲ့လျှင် ဤနေရာရှိ လူအားလုံး ဒုက္ခရောက်သွားလိမ့်မည် ။ဝေ့ထင်၏ အခန်းဆီသို့ စုမုန့် လျှောက်သွားလိုက်သည် ။


သူမ နှစ်ခါတိတိ တံခါးခေါက်လိုက်သော်လည်း မည်သူမှ တံခါးလာမဖွင့်ပေ ။ သူမထပ်၍ ခေါက်လိုက်သည် ။သို့သော်လည်း တုံ့ပြန်မှုမရှိသေးပေ ။သူမ၏ နားကို တံခါး၌ ကပ်ထားလိုက်သော်လည်း သူမအထဲတွင် ဘာအသံမှမကြားရပေ ။


' ဘာတွေဖြစ်နေတာလဲ ...ဝေ့ထင်တစ်ခုခုဖြစ်နေတာများလား ... '


စုမုန့် တံခါးကို နောက်ထပ်အကြိမ်အနည်းငယ်လောက်ထပ်ခေါက်လိုက်ပြီး တံခါး၌သာရပ်နေခဲ့သည် ။ သူမအနည်းငယ်ထပ်စောင့်ချင်ခဲ့သည် ။ ဝေ့ထင် အလုပ်များနေခြင်း သို့မဟုတ် ဆေးကြောသန့်စင်နေခြင်းလည်း ဖြစ်နိုင်သည် ။ခဏကြာပြီးနောက်မှ အထဲတွင် ဘာတုံ့ပြန်မှုမှမရှိလျှင် သူမတစ်ယောက်ယောက်ကို သွားရှာလိုက်မည်။


စုမုန့် သက်ပြင်းချလိုက်သည် ။ ဘာလိုင်းမှမရခြင်းက အလွန်ကို ခက်ခဲစေသည် ။ဤ့သို့ နီးကပ်စွာတည်ရှိနေတာတောင်မှ သူတို့အချင်းချင်း ဖုန်းဖြင့်မဆက်သွယ်နိုင်ကြပေ ။


ခဏစောင့်ပြီးနောက်တွင် ဘယ်သူမှ ပြန်ဖြေမလာခဲ့ပေ ။ စုမုန့် နောက်ထပ်အကြိမ်အနည်းငယ်လောက်ထပ်ခေါက်လိုက်သော်လည်း ဘယ်သူမှမတုံ့ပြန်လာပေ ။ စုမုန့် တုံ့ဆိုင်းမနေတော့ဘဲ တစ်ဖက်သို့လှည့်ကာ ဟိုတယ်ဝန်ထမ်းကို သော့အပိုသွားတောင်းရန် စီစဥ်လိုက်သည် ။ သူမလှည့်လိုက်သည့်အချိန်တွင် ဝေ့ထင်၏ အခန်းတံခါးပွင့်လာခဲ့သည် ။


" ရှင်အဆင်ပြေရဲ့လား ... ဒီလောက်အကြာကြီး ရှင်ဘာတုံ့ပြန်မှုမရှိဘူး ...ရှင်တစ်ခုခုဖြစ်နေပြီလို့ ကျွန်မထင်လိုက်တာ ... " 


စုမုန့် သူမ၏မျက်ခုံးကိုပင့်ကာ ဝေ့ထင်ကို ကြည့်လိုက်သည် ။


"မင်းကိုယ်အတွက် စိတ်ပူနေတာလား ... "


သို့သော်လည်း မှားယွင်းသောနေရာတွင် ဝေ့ထင်အာရုံစိုက်နေမိသည် ။စုမုန့် လှောင်ရယ်လိုက်သည် ။သူမ အတည်ပြုခြင်းလည်းမရှိသလို ၊ ငြင်းဆိုလိုက်ခြင်းလည်းမရှိပေ ။ သူမအိတ်ထဲမှ အဆောင်စာရွက်နှစ်ခုကို ထုတ်ကာ သူ့ကိုပေးလိုက်သည် ။


" ရော့ ဒီမှာ ...ဒီကို ကျွန်မတို့အတူတူရောက်လာပြီ ဆိုကတည်းက ကျွန်မရှင့်ကို ဂရုစိုက်ပေးရမှာပဲ ... "


"ကိုယ်နားကြပ်တပ်ထားပြီး စာချုပ်စာတမ်းနဲ့ပက်သက်တာဆွေးနွေးနေလို့ " 


ဝေ့ထင် ဆက်၍ ရှင်းပြနေပြီး အဆောင်စာရွက်ကိုယူလိုက်သည် ။


"ရှင့်ဆီမှာ လိုင်းမိတာလား ... " 


ဝေ့ထင်၏စကားလုံးကိုကြားရသောအခါ စုမုန့်အံ့သြသွားရသည် ။ သူမဖုန်းသည် လိုင်းမမိသော်လည်း ဝေ့ထင်ကတော့ အချက်အလက်များကို ပို့လို့ရနေသည် ။


ဝေ့ထင်က လူချမ်းသာများကိုင်ဆောင်သည့် အဆင့်မြင့်နည်းပညာသုံး ထုတ်ကုန်များကို အသုံးပြုခြင်းကြောင့်များလား ။ထိုကဲ့သို့သော ပစ္စည်းမျိုးက လိုင်းမိဖို့မလိုဘူးလား ။ စုမုန့် စိတ်ဝင်စားသွားသည် ။


"အတွင်းပိုင်းမှာတပ်ထားတဲ့လိုင်း"


  ဝေ့ထင်ရှင်းပြလိုက်သည် ။ဤအရာများအကြောင်း စုမုန့် သိပ်မသိဘဲ အသေးစိတ်ကျကျမေးနေရန် သူမ စိတ်ကူးမရှိချေ ။ သူတို့ကိစ္စပြီးသွားမှသာ ထိုအကြောင်းပြောဖို့သူမဆုံးဖြတ်ထားသည် ။အကယ်၍ ပြန်ရောက်ပါက ဖြစ်နိုင်လျှင် ဝေ့ထင် ထိုကဲ့သို့သော ပစ္စည်းမျိုးရောင်းလားဆိုတာ သူမမေးကြည့်မည် ။အကယ်၍ သူသာရောင်းခဲ့လျှင် အနာဂတ်တွင် အပြင်သို့ရောက်နေလျှင် သူနှင့်ဆက်သွယ်လို့မရတော့မည်ကို သူမစိတ်ပူနေစရာမလိုတော့ပေ ။


စုမုန့်ဘာတွေးနေလဲ ဝေ့ထင်မသိခဲ့ပေ ။သူအဆောင်ကို ယူပြီး ကြည့်လိုက်သည် ။ ကံမကောင်းစွာဖြင့် သူသည် ဤနယ်ပယ်ထဲကမဟုတ်သောကြောင့် ဘာကိုမှ သူမမြင်တွေ့နိုင်ပေ ။


"ဒါကဘာလဲ "


ဝေ့ထင် ခေါင်းရှုပ်စွာ မေးလိုက်သည် ။


"မှတ်ထားနော် ...ပြတင်းပေါက်မှာ တစ်ခုကပ် ... ပြီးတော့ တံခါးဘောင်မှာ တစ်ခုကပ်ရမယ် ... " 


ဝေ့ထင်ကို ဘယ်လိုသုံးရမလဲပြောပြပြီးနောက်  သူနားလည်လား ၊ မလည်ဘူးလားဆိုတာကို စုမုန့်ဂရုစိုက်မနေတော့ပေ ။ သူမလှည့်ထွက်သွားလိုက်သည် ။


ဝေ့ထင်ကိုအဆောင်စာရွက်နှစ်ရွက် အလကားပေးခြင်းကပင် သူမ အရမ်းကြင်နာနေပြီဖြစ်သည် ။ ဤနေရာတွင် သူမ ဆက်ပြီးအချိန်ဖြုန်းမနေချင်တော့ပေ ။ သူမ အလျင်အမြန် ဝမ်လဲ့ကို သွားရှာရန်လိုသည် ။


ဤနေရာရှိ ဖုန်းရွှေသည် အမှန်တစ်ကယ်ထူးဆန်းသည် ။ ထိုအရာက ထူးဆန်းသလိုထင်ရသော်လည်း ဘာမှပြဿနာကြီးကြီးမားမားရှိမနေချေ ။ ဝမ်လဲ့ကို အဆောင်စာရွက်ပေးပြီးမှသာ သူမစိတ်ပေါ့ပါးနိုင်မည်ဖြစ်သည် ။အဆုံးတွင် သူတို့အားလုံးထဲ၌ ဝမ်လဲ့ကသာ သရဲဝင်ပူးခံရရန် သက်ရောက်မှုအလွယ်ဆုံးဖြစ်သည် ။


သူမအောက်ထပ်သို့ ဆင်းသွားကာ ဝမ်လဲ့လက်ထဲသို့ အောင်အောင်မြင်မြင် အဆောင်စာရွက်ထည့်ပေးလိုက်သည် ။အဆောင်စာရွက်ဘယ်လိုအသုံးပြုရမလဲဆိုတာကို နှစ်ခါတိတိ သူ့အား ညွှန်ကြားပြီးနောက် သူမအခန်းသို့ စိတ်အေးအေးဖြင့် ပြန်လာခဲ့သည် ။


ဟိုတယ်သည် ယိုယွင်းပျက်စီးနေသော်လည်း ဧည့်သည်များကို ကောင်းမွန်စွာဆက်ဆံသည် ။ညနေခင်းတွင် စားပွဲခုံအရှေ့ရှိ အိုမင်းနေသောအမျိုးသမီးက အစားအသောက်လှည်းကို တွန်းပြီး ဧည့်သည်တစ်ယောက်ချင်းစီကို အစားအသောက်များပို့ပေးခဲ့သည် ။ နေ့လည်စာဗူးသာဖြစ်သော်လည်း အထဲတွင် အသားနှင့် အသီးအရွက်များပါဝင်ပြီး သန့်ရှင်းကာ အရသာရှိပေသည် ။စုမုန့်ပင် နေ့လည်စာအကုန်လုံး ကုန်အောင် စားပစ်လိုက်သည် ။စု​မုန့် သူမလုပ်နိုင်တာ အကုန်လုပ်ပြီးသွားပြီဖြစ်ပြီး နောက်ထပ်ပြင်ဆင်စရာဘာမှ မရှိတော့ပေ ။ သူမ မြန်မြန်ဆန်ဆန် ရေချိုးကာ အိပ်ယာဝင်ရန် ဆုံးဖြတ်လိုက်သည် ။


ထိုညက သူမ ကောင်းကောင်းအိပ်မပျော်ခဲ့ပေ ။သူမ၏ အတိတ်ဘဝမှ ဖြစ်ရပ်များ လျှပ်တစ်ပြတ်ပြန်ပေါ်လာခဲ့သည် ။သူမ လွတ်မြောက်ချင်သော်လည်း မတတ်နိုင်ခဲ့ပေ ။


ဝေ့ထင်၏ လျစ်လျူရှူမှု ၊ ကလေး၏သေဆုံးမှု နှင့် ဝေ့ရွှယ်၏ သေလောက်အောင် ညှင်းပန်းနှိပ်စက်မှုများ ...သူမ၏ အတိတ်ဘဝမှ ထိုအရာများအားလုံးက သူမကို ဖိနှိပ်နေသော အိပ်မက်ဆိုးများကဲ့သို့ပင် ။ သူမကို အသက်ရှူရခက်အောင်ပါ လုပ်နေခဲ့သည် ။


သူမ၏ဖုန်းမှ နှိုးစက်အသံကိုကြားသောအခါမှသာ သူမအိပ်မက်မှ နိုးထလာခဲ့သည် ။ သူမ အိပ်ယာနိုးနိုးချင်း လုပ်သည့်အရာမှာ တံခါးဘောင် နှင့် ပြတင်းပေါက်များတွင် ကပ်ထားသော အဆောင်စာရွက်များကို စစ်ဆေးခြင်းပင်ဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် မနေ့ညက  အိပ်ယာထဲတွင် သူမ တစ္ဆေ၏ တက်ဖိထားခြင်းကို ခံခဲ့ရသောကြောင့် ဖြစ်သည် ။


သူမမျှော်လင့်ထားသည့်အတိုင်းပင် ၊ မနေ့ညက သူမပြတင်းပေါက်တွင် ကပ်ထားခဲ့သော အဆောင်စာရွက်မှာ ပြုတ်ကျနေခဲ့သည် ။ တံခါးဘောင်ရှိတစ်ခုမှာတော့ အဆင်ပြေနေသည် ။ဤနေရာသည် အမှန်တကယ်ကိုပင် သာမန်မဟုတ်ပေ ။ကြည့်ရသည်မှာ မနေ့ညက ဘာတွေဖြစ်သွားလဲဆိုတာကို သူမ ရှာဖွေသင့်ပုံပင် ။


ကောင်းကင်က လင်းထိန်နေပြီး နေရောင်ခြည်က အဖြူရောင်လိုက်ကာများမှ တစ်ဆင့် ပြတင်းပေါက်က်ို ဖြတ်ကာ တောက်ပနေခဲ့သည် ။ လိုက်ကာသည် အဝါရောင်ဖျော့ဖျော့ကလေးဖြင့် တစ်ထပ်ဖုံးအုပ်ခံလိုက်ရပြီး တစ်ခန်းလုံး နွေးထွေးနေခဲ့သည် ။ ၎င်းမှာ မနေ့ညကထက် စိတ်ကိုပိုနွေးထွေးစေပုံပေါ်သည် ။


စုမုန့်မတ်တပ်ရပ်ကာ လိုက်ကာကိုဖွင့်လိုက်ပြီး နေရောင်ကို အထဲသို့ဝင်ခွင့်ပြုလိုက်သည် ။ နွေးထွေးပြီးတောက်ပသည့်နေရောင်မှာ ဖန်သားပြတင်းမှတစ်ဆင့် သူမပေါ်သို့ ကျရောက်နေခဲ့သည် ။ စုမုန့် သူမ၏ ခန္ဓာကိုယ်ထဲမှ အေးခဲမှုများ လွင့်ပါးသွားပြီး တဖြည်းဖြည်းနေလို့ကောင်းလာသည်ကို ခံစားလိုက်မိသည် ။


သူမ ဒီနေ့အပြင်ထွက်သောအခါတွင် လိုက်ကာများကို ပြန်ဆွဲလိုက်ရန် မစီစဥ်ထားပေ ။ အခန်းထဲမှ အရာများကို နေရောင်မှ ဖယ်ရှားသွားစေလိုသောကြောင့် ဖြစ်သည်။



xxxxxxxx