Chapter 158
စုမုန့် သင်္ချိုင်းသို့ သယ်ဆောင်သွားရန်လိုအပ်သော သူမ၏ပစ္စည်းများကို ထုပ်ပိုးလိုက်ပြီး အောက်ထပ်သို့ ဆင်းသွားခဲ့သည် ။သူမဆင်းသွားသောအခါတွင် ဝမ်လဲ့ နှင့် ဝေ့ထင် ပထမထပ်၏ခန်းမတွင် သူမကိုစောင့်နှင့်နေကြောင်း တွေ့လိုက်ရသည် ။
"ဆရာမ ...မနေ့က ခင်ဗျားကျွန်တော့်ကိုပေးတဲ့အဆောင်က တကယ်ကောင်းတာပဲ ...နောက်ဆုံးတော့ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ခဲ့ပြီ ...ဒါပေမယ့် ကျွန်တော် ဒီမနက်နိုးလာတော့ အကြောင်းတစ်ချို့ကြောင့် အဆောင်က ပျက်ဆီးသွားတယ် ...ဆရာမ အဆင်ပြေမယ်ဆိုရင် ကျွန်တော့်ကို ညကျရင် နှစ်ခုလောက် ထပ်ပေးလို့ရမလား ... "
" သေချာပေါက် ကျွန်တော်အလကားမယူပါဘူး ...ဘယ်လောက်ကျလဲဆိုတာကို မှတ်ထားေပးပါ ပြီးရင် ကျွန်တော်နောက်ဆုံးကျန်တဲ့ပိုက်ဆံကို ပေးတဲ့အချိန်ကျရင် ကျွန်တော်ပေါင်းပေးပါ့မယ် ...အဆင်ပြေတယ်မလား ဆရာမ... "
စုမုန့် အောက်ထပ်သို့ ဆင်းလာသည်နှင့် ဝမ်လဲ့ စ၍ စကားပြောတော့သည် ။စုမုန့် မနေ့ညက ကောင်းကောင်းအနားမယူခဲ့ရဘဲ သူမနိုးလာသောအခါတွင် စိတ်ကောင်းဝင်မနေတော့ချေ ။ယခုတွင် သူမကို ဝမ်လဲ့ တကျည်ကျည်နှင့် နားပူနားဆာလုပ်နေပြီး သူမ၏ ဒေါသအစပျိုးလာခဲ့သည် ။
"မစ္စတာဝမ် ...ကျွန်မတို့ ဒီနေ့ဘာသွားလုပ်မယ်ဆိုတာ မမေ့ပါနဲ့ ...ကိစ္စတွေ ငြိမ်သွားရင် ရှင့်အဲ့ဒီပစ္စည်းတွေကို ဘာအတွက်လိုချင်နေသေးတာလဲ ...ဒါမှမဟုတ် ရှင်ပြဿနာတွေ မဖြေရှင်းဘဲ အနာဂတ်မှာ အဲ့ဒီအရာတွေပေါ်မှာပဲ မှီခိုတော့မယ်လို့ ဆိုလိုချင်တာလား ..."
"သေချာပေါက် မဟုတ်ဘူးပေါ့ ...ဆရာမ ကျွန်တော် အဲ့ဒီသဘောမျိုးမရည်ရွယ်ပါဘူး ... "
ဝမ်လဲ့ အလျင်အမြန်တောင်းပန်လိုက်သည် ။ထိုအချိန်တွင် စုမုန့်က မပြောပလောက်သောကိစ္စကြောင့်ဖြစ်နေသည့် သူတစ်ယောက်နှင့် မတူပေ ။ဝေ့ထင် သူမဘေးတွင်သာရပ်နေပြီး ဘာမှမပြောဘဲ သူမကို ကြည့်နေခဲ့သည် ။ စုမုန့်တွင် မနက်ခင်းဒေါသထွက်တတ်သော အကျင့်ရှိတာကို သူသိပြီး သူမအိပ်ယာနိုးနိုးချင်းတွင် သွားပြီးစိတ်အနှောင့်အယှက်မပေးခြင်းက အကောင်းဆုံးဖြစ်သည် ။
"သွားရအောင် ... ငါတို့အခုထွက်ကြမယ် ... "
စုမုန့် မထွက်ခင် တစ်ခုခုစားချင်နေသော်လည်း မနက်စာစားသည့်နေရာကို မြင်သောအခါ သူမအစာစားချင်စိတ်ပင်ပျောက်သွားပြီး ထွက်သွားခဲ့သည် ။
ဝမ်လဲ့ချက်ချင်းထကာ သူမနောက်မှ လိုက်သွားခဲ့သည် ။ သူမေးလိုက်သည် ။
"ဆရာမ ...ခင်ဗျားမသွားခင် မနက်စာမစားသွားတော့ဘူးလား ...အခုက စောပါသေးတယ် ...ပြီးတော့ အဲ့ဒီကိုရောက်ဖို့ကလည်း မကြာဘူး ...ကျွန်တော်တို့မှာ အချိန်အများကြီးရှိပါသေးတယ် ..."
စုမုန့် သူမ၏ ခေါင်းကိုခါကာ မစားတော့ကြောင်း ပြလိုက်သည် ။ဒီတစ်ခေါက်တွင် သူတို့ သင်္ချိုင်းကို သွားမည်ဖြစ်သောကြောင့် ယာဥ်မောင်းမလိုက်လာတော့ဘဲ ဝမ်လဲ့က ကားမောင်းရန် တာဝန်ယူလိုက်ရသည် ။စုမုန့် အရှေ့ရှိ ခရီးသည်ထိုင်ခုံတွင် ထိုင်ချင်သော်လည်း သူမ တံခါးကို မထိလိုက်ခင် ဝေ့ထင် သူမကို ဆွဲခေါ်ပြီး သူ၏အရှေ့တွင် ထိုင်ခိုင်းလိုက်သည် ။
"အနောက်မှာဘဲ ထိုင် "
သူ စုမုန့်အတွက်တံခါးဖွင့်ပေးပြီး သူမကို အထဲဝင်ဖို့ လက်ဟန်ပြလိုက်သည် ။
စုမုန့် သူ့ကို စိမ်းကားစွာကြည့်လိုက်သည် ။ ဝေ့ထင် အတွက် သူမ၏ ဒေါသများက အထွတ်ထိပ်ကို ရောက်လုနီးဖြစ်သည် ။ စုမုန့် သူမကိုယ်သူမ ဒေါသမထွက်ရန် ပြောနေခဲ့သည် ။ ဘာအကြောင်းမှမရှိဘဲ သူမ၏ဒေါသများကို ဖွင့်ထုတ်လိုက်ခြင်းမှာ မကောင်းပေ ။ဤနည်းလမ်းမှာ အလုပ်ဖြစ်သည် ။စုမုန် သူမကိုယ်သူမ တရားချပြီးနောက်တွင် သူမ၏ဒေါသများ နောက်ဆုံးတွင် အနည်ထိုင်သွားခဲ့သည် ။
တကယ်တမ်းတွင် စုမုန့်၏ဒေါသများ ပြင်းထန်နေရသည့်အကြောင်းအရင်းမှာ မနေ့ညက အိပ်မက်နှင့် ဆက်စပ်မှုရှိသည် ။သူမ၏ ကလေးကို ထပ်ပြီး အိပ်မက်မက်ခဲ့သည် ။ ကလေးလေးသည် အလွန်ချစ်ဖို့ကောင်းသော်လည်း အဆုံးတွင် ဝေ့ရွယ်ကြောင့် အသတ်ခံလိုက်ရသည် ။သူမ၏ အိပ်မက်ထဲတွင် ဝေ့ထင်က ဝေ့ရွှယ်နှင့် တစ်ဖက်တည်းဖြစ်ပြီး သူမကိုခက်ခဲအောင်လုပ်ရန် ဝေ့ရွှယ်အတွက် ကိစ္စများကို ကူညီပေးခဲ့သည် ။ရလဒ်အနေဖြင့် သူမ၏မျက်လုံးထဲတွင် ဝေ့ထင်ကို အလွန်မသာယာဖွယ်ရာအဖြစ် မြင်ခဲ့သည် ။
ထိုကဲ့သို့သော အရာများပေါ်တွင် စုမုန့်အချိန်မဖြုန်းချင်ခဲ့ပေ ။ ထို့ကြောင့် သူမ မပျော်မရွှင်ဖြစ်နေသော်လည်း အနောက်တွင်သာ သူမထိုင်လိုက်သည် ။စုမုန့် အထဲဝင်ပြီးနောက်တွင် သူမအတွက် ဝေ့ထင်တံခါးပိတ်ပေးလိုက်ပြီး တစ်ဖက်သို့သွားကာ တံခါးဖွင့်လိုက်သည် ။ စုမုန့်၏ ဘေးတွင် သူဝင်ထိုင်လိုက်သည် ။
" အသားညှပ်ပေါင်မုန့် ...မင်းအားပြန်ဖြည့်လို့ရအောင် နည်းနည်းတော့ စားလိုက် ...ခဏနေကျရင် မင်းတောင်တက်ရမှာ ...အရမ်းပင်ပန်းလိမ့်မယ် ..."
သူ၏ ထိုင်ခုံခါးပတ်ကို ပတ်ပြီးသည့်နောက်တွင် ထမင်းဘူးထဲ၌ တင်းကျပ်စွာထည့်လာခဲ့သော အသားညှပ်ပေါင်မုန့်ကို ထုတ်ကာ စုမုန့်ကို ပေးလိုက်သည် ။
ထိုအရာက သူမအတွက် သူတစ်လှည့်ပြန်လုပ်ပေးခြင်းဖြစ်သည် ။
"ကျေးဇူးပဲ "
စုမုန့် မငြင်းဆိုတော့ဘဲ တုံ့ဆိုင်းခြင်းမရှိစားလိုက်သည် ။ သူမ၏ ပါးစပ်ထဲတွင် အစာရောက်သွားပြီဆိုကတည်းက သူမ ငြင်းဆိုနေရန် မလိုတော့ချေ ။ အသားညှပ်ပေါင်မုန့်က နွေးနေဆဲဖြစ်မည်ကိုသာ သူမ မမျှော်လင့်ထားခဲ့ခြင်း ဖြစ်သည် ။
နာရီဝက်ခန့်ကြာပြီးနောက်တွင် တောင်အနောက်မှနေရာများကို သူတို့မောင်းလာခဲ့ပြီဖြစ်ပြီး ညစ်ပတ်နေသောလမ်းများသို့ မကျရောက်ခင် တောင်တက်လမ်းတစ်လျှောက်ကို မောင်းနှင်လာခဲ့သည် ။ထိုနေရာတွင် လမ်းများမရှိတော့မှသာ ဝမ်လဲ့ ကားကို ရပ်လိုက်သည် သူသည် မဝေးသောနေရာတွင် ရှိနေသော တောင်ကုန်းကို ညွှန်ပြကာ ပြောလိုက်သည် ။
" ခရီးနည်းနည်းတော့ ကျန်သေးတယ် ... ဒီေတာင်ကုန်းကို ကျော်ပြီးရင် ကျွန်တော်တို့ ရောက်ပြီ ... "
ထို့နောက် သူကြောင်တောင်တောင်နိုင်စွာ စုမုန့်ကို ကြည့်လိုက်သည် ။
" ဆရာမ ကျွန်တော်တို့ ဒါကိုတက်ဖို့လိုတယ် ...ခင်ဗျားရဲ့ အခြေအနေနဲ့ အဆင်ပြေပါ့မလား ... "
ကုန်းတက်က အရမ်းမမြင့်ပေ ။ အနည်းငယ် မတ်စောက်နေခြင်းသာ ဖြစ်သည် ။အကယ်၍ စုမုန့်သာ ဒဏ်ရာမရထားလျှင် တောင်ကုးန်ကိုတက်ရန် သူမအတွက် ဘာပြဿနာမှ မရှိပေ ။ သို့သော် သူမ၏အနာမှာ မကျက်သေးပေ ။ ထို့နောက် တောင်တက်ခြင်းသည် သူမ၏အနာကို အလွယ်တကူ ပွင့်သွားစေနိုင်သည် ။
ဤနေရာသို့မလာခင် ဝမ်လဲ့အစကတည်းက စဥ်းစားမိသော်လည်း စုမုန့်သာသိလျှင် သူမ ထပ်မလာတော့မှာကို သူစိုးရိမ်သောကြောင့် အသေးစိတ်မပြောပြခဲ့ပေ ။ ဤအရာမှာအနည်းငယ် အကျင့်မကောင်းခြင်းဖြစ်တာကို သူသိသော်လည်း သူ၏ဘဝအတွက် ထိုကဲ့သို့လုပ်ရန်သာ သူတတ်နိုင်သည် ။
ထို့အပြင် ဒါက သူမကို ထိခိုက်စေသော တစ်စုံတစ်ရာမဟုတ်ပေ ။ထိုကဲ့သို့သော အတွေးမျိုးဖြင့် စုမုန့်ကို စိတ်မသန့်တာမျိုးမဖြစ်သောအကြည့်ဖြင့် ဝမ်လဲ့ကြည့်လိုက်သည် ။
စုမုန့် ကုန်းတက်ကိုကြည့်ကာ အနည်းငယ် ကိုးရိုးကားရားနိုင်သလို ခံစားလိုက်ရသည် ။ထိုနေရာသို့ရောက်ရန် တောင်ကုန်းတက်ရန် လိုလိမ့်မည်ဟု သူမကို ဝမ်လဲ့မပြောပြခဲ့ပေ ။ ထိုအရာအတွက် သူမ လုံးဝမပြင်ဆင်ထားခဲ့ပေ ။သို့သော် သူမဤနေရာသို့ ရောက်နေပြီဆိုမှတော့ ချက်ချင်းပြန်သွားရန်လည်း သူမအတွက်မဖြစ်နိုင်ပေ ။ဘယ်လိုပဲဖြစ်နေပါစေ သူမ တောင်တက်ဖို့အတွက် စဥ်းစားရမည် ဖြစ်သည် ။
ဝေ့ထင် ပြဿနာကို မဖြေရှင်းပေးခင်အထိ စုမုန့်ကြာကြာ ဒုက္ခမခံလိုက်ရပေ ။
ဝေ့ထင် သူ၏ကျောမှ လွယ်အိတ်ကြီးကို ချွတ်လိုက်ပြီး တောင်တက်ကြိုးကို ထုတ်လိုက်သည် ။စုမုန့် ဘာမှမပြောနိုင်ခင် သူမ၏ ခါးတွင် သူကြိုးချည်ပေးလိုက်သည် ။ဝမ်လဲ့ သူ၏နဖူးကို ဆတ်ခနဲရိုက်လိုက်ပြီး သက်ပြင်းချလိုက်သည် ။
" ဥက္ကဋ္ဌ ဝေ့က စီးပွားရေးမှာတင် သန်မာရုံမဟုတ်ဘဲ ဂူသင်္ချိုင်းထဲဝင်တာအထိ ကိစ္စသေးသေးလေးတွေကိုပါ ကြိုတွက်နိုင်လိမ့်မည်လို့ မထင်ထားခဲ့ဘူး... ခင်ဗျားက တောင်တက်ကြိုးတောင် ယူလာသေးတယ် ...ဥက္ကဋ္ဌဝေ့ တောင်တက်ရတာကြိုက်မယ်ဆိုတာ ကျွန်တော်သေချာပြောနိုင်တယ် ...ဟုတ်တယ်မလား ...ဒါမှမဟုတ် ခင်ဗျားတောင်တက်ရတာ ကြိုက်လား ..."
ဝမ်လဲ့ သူ၏ နှလုံးသားအောက်ခြေမှပင် ဝေ့ထင်ကိုမြှောက်ပင့်နေသော်လည်း ကံမကောင်းစွာဖြင့် ဝေ့ထင်၏ အာရုံက စုမုန့်ထံတွင်သာ ရှိနေပြီး ဝမ်လဲ့ကို သူဂရုမစိုက်ခဲ့ပေ ။လျစ်လျူရှူခံလိုက်ရသော ဝမ်လဲ့မှာ ဒေါသထွက်မနေခဲ့ပေ ။ သူတခစ်ခစ်ရယ်ကာ ကုန်းတက်ကို မတက်ခင် သူ၏လက်များကို ပွတ်သပ်လိုက်သည် ။
" ဒီမှာပဲ ကောင်းကောင်းစောင့်နေခဲ့ ... ကိုယ်အပေါ်ရောက်ရင် မင်းကို ဆွဲတင်ပေးမယ် ...မင်းက ဒီအတိုင်း မင်းရဲ့ဟန်ချက်ကို ထိန်းထားဖို့ပဲလိုတာ...လုပ်နိုင်မလား ..."
စုမုန့်ကြိုးချည်ရန်အတွက် ဝေ့ထင်ကူညီပေးပြီးသွားသောအခါတွင် ကြိုးခိုင်မာမှုရှိတာသေချာအောင် နှစ်ခါမျှ သူအားဖြင့် ဆောင့်ဆွဲလိုက်သည် ။စုမုန့် ဝေ့ထင်ကိုကြည့်ကာ ခေါင်းငြိတ်ပြလိုက်သည် ။
" အိုခေ ....ကျွန်မသဘောပေါက်တယ် ... "
" ဒါဆို ဒီမှာ ကိုယ့်ကိုစောင့်နေ ... "
တောင်ကုန်းပေါ်သို့မတက်ခင် ဝေ့ထင် နောက်တစ်ခါ ညွှန်ကြားလိုက်သည် ။
နောက်ဆုံးတစ်ခေါက်က သူတောင်တက်ခဲ့သလိုပင် ဝေ့ထင်၏ ရွေ့လျားမှုများမှာ ပေါ့ပါးပြီး ခြေလှမ်းအနည်းငယ်ဖြင့်ပင် သူတက်သွားခဲ့သည် ။ ဝေ့ထင် တောက်တက်နေခြင်းကို စုမုန့်ကြည့်နေခဲ့ပြီး ရင်းနှီးနေသလို ခံစားလိုက်ရသည်။ဒီမတိုင်ခင်က သူမတစ်နေရာရာတွင် မြင်ဖူးပုံရသည် ။
ဝေ့ထင်၏ စကားကို နားထောင်ပြီး စုမုန့် ကုန်းတက်၏ အောက်ခြေတွင် စောင့်နေခဲ့သည် ။ဝေ့ထင် တောင်တက်နေသော အနေအထားကို စုမုန့်တစ်ချိန်လုံးကြည့်နေခဲ့သည် ။ ဝေ့ထင် တောင်ထိပ်သို့ရောက်သွားမှသာ သူ၏အနေအထားသည် သူမ တီဗွီထဲတွင် တွေ့လိုက်ရသော တပ်သားများနှင့် တစ်ထေရာထဲတူညီနေကြောင်း သူမမှတ်မိသွားခဲ့သည် ။
ဝေ့ထင်သည် သူ့ကိုယ်ပိုင်သက်မှတ်ချက်များဖြင့် နေတတ်သောယောကျာ်းဖြစ်ကြောင်းကို သူမသိပြီး သူမ၏ အမြင်တွင် ဝေ့ထင်အရာအားလုံးကို သိမြင်ပုံရပြီး အားလုံး၏ အသေးအဖွဲလေးကိုပင် သိမြင်ပုံရသည် ။ ထိုအရာသည် သူ၏ရုပ်ပိုင်းဆိုင်ရာသန်မာမှုကို လေ့ကျင့်ရန် တပ်သားများထံတွင် သင်ယူခဲ့ခြင်းများဖြစ်မည်လား ...
'သူက တိုက်ခိုက်တဲ့နေရာမှာ တော်နေတာ အံ့သြစရာမရှိတော့ပါဘူး ...'
စုမုန့် သူ့ကို သူမ၏နှလုံးသားထဲမှ ချီးမွမ်းလိုက်သည် ။
ဝေ့ထင်သည် သူမအတွက်မှလွဲလျှင် မည်သည့်ရှူထောင့်ကမဆို ကြည့်ကောင်းကြောင်း သူမဝန်ခံရမည် ။
ဝေ့ထင်တက်သွားပြီးနောက်တွင် သူတစ်ဖက်သို့လှည့်ကာ စုမုန့်ကို ဆွဲတင်ပေးလိုက်သည် ။ ဝမ်လဲ့ ကူညီပေးချင်ခဲ့သည် ။အဆုံးတွင် အမြင့်သို့ လူတစ်ယောက်ကို တစ်ယောက်တည်းဆွဲတင်ရန်မှာ ခက်ခဲသည် ။ သို့သော် သူ၏အကူအညီကို ဝေ့ထင်လုံးဝမလိုအပ်ဘဲ စုမုန့်ကို အသာလေးဆွဲတင်လိုက်နိုင်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ ။ စုမုန့်သည် သူမ၏ လက်များဖြင့် ကြိုးကို ကိုင်ထားရန်သာလိုအပ်ပြီး သူမ၏ ဟန်ချက်ကိုထိန်းရန် ကျောက်နံရံကို နင်းထားရန်သာလိုအပ်သည် ။သူမ ဘာအားမှသုံးနေစရာမလိုပေ ။
ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် ဝေ့ထင်လိုက်လာခဲ့သည် ။ထိုသို့မဟုတ်လျှင် ဤတစ်ကြိမ်တွင် သူတို့သင်္ချိုင်းကို မရောက်ခင်ကတည်းက စုမုန့်အခက်တွေ့နေရလိမ့်မည် ။
" ကျေးဇူးပဲ ...ဥက္ကဋ္ဌဝေ့... "
စုမုန့်၏အခိုင်မာဆုံးသောအရာမှာ ကျေးဇူးတရား နှင့် အာဃာတ ကြားတွင် ရှင်းလင်းစွာ ခွဲခြားထားခြင်းဖြစ်သည် ။သူမနှင့် ဝေ့ထင်ကြားတွင် သဘောထားကွဲလွဲမှုအချို့ရှိသော်လည်း သူမကို ဝေ့ထင်ကူညီခဲ့သောကြောင့် သူမ၏ နှလုံးသားအောက်ခြေမှပင် သူ့ကို သူမကျေးဇူးတင်မိသည် ။
"သွားရအောင် "
သူမ၏ ကျေးဇူးတင်စကားကို ဝေ့ထင်မတုံ့ပြန်ခဲ့ပေ ။ထိုအစား သူကြိုးကိုသိမ်းဆည်းလိုက်ပြီး ဝမ်လဲ့ညွှန်ပြသော ဦးတည်ဘက်သို့ လှည့်ကာ လျှောက်သွားခဲ့သည် ။
ဘာလို့လဲဆိုသည်ကို သူ မသိသော်လည်း စုမုန့် သူ့ကို ကျေးဇူးတင်ကြောင်းပြောသော အချိန်တိုင်းတွင် သူ မသက်မသာခံစားရသည် ။ ထိုအရာသည် သူ့အတွက် စုမုန့်က စိမ်းကားနေသလိုပင် ။ စုမုန့်က ရှန့်ကျန်းနှင့် အတူရှိနေလျှင် ထိုသူကိုဘယ်တုန်းကမှ ကျေးဇူးတင်စကားမပြောခဲ့ဘူးပေ ။
ဝေ့ထင် သူမကို စကားမပြောချင်တာဖြစ်မည်ဟု စုမုန့်တွေးလိုက်သောကြောင့် သူမ ဘာမှထပ်ပြောမနေတော့ဘဲ ဝမ်လဲ့နောက်သာ လိုက်သွားခဲ့သည် ။
သုံးယောက်သား ခဏတာလမ်းလျှောက်သွားပြီးနောက် သစ်တောများနှင့် ဘိန်းစိုက်ခင်းများကို ဖြတ်သွားရသည် ။စုမုန့် အလွန်မောနေပြီး သူမ၏ ခြေထောက်များကလည်း အားနည်းနေခဲ့သည် ။အိုးတစ်လုံးစာအရွယ်အစားရှိသော မြေအစုအပုံအားညွှန်ပြကာ ဝမ်လဲ့ပြောခဲ့သည် ။
" ကျွန်တော်တို့ရောက်ပြီ ... ကျွန်တော်တို့ရောက်လာခဲ့ပြီ ။ ဒါက ဒီနေရာပဲ ... "
သူညွှန်ပြလိုက်သော နေရာသို့ သူမကြည့်လိုက်သည် ၊ ညစ်ပတ်တာတွေ အများကြီး တစ်ပုံတစ်ခေါင်းဖြစ်နေခြင်းထက်စာလျှင် နောက်ဆုံးကျန်ရှိနေရာမှာ ဘိန်းစိုက်ခင်းများနှင့် ပြည့်နေသည် ။ထိုနေရာတွင် ဘာဂူသင်္ချိုင်းမှ မရှိပေ ။
" ရှင် သင်္ချိုင်းကိုသွားတာလို့ ပြောခဲ့တာ မဟုတ်ဘူးလား ...ရှင်ဘာလို့ ဘာမှမရှိတဲ့ နေရာကို ရောက်နေတာလဲ ...ဂူသင်္ချိုင်းကရော ဘယ်မှာလဲ ..."
စုမုန့် လှည့်ပတ်ကြည့်ကာ မေးလိုက်သည် ။
"ဒီလိုမျိုး ကြီးမားတဲ့မိသားစုရဲ့ သင်္ချိုင်းက မြေပြင်ပေါ်မှာ အမှတ်အသားမလုပ်ထားဘူး ...ဒီလို ကိစ္စမျိုးကို နားမလည်တဲ့သူဆိုရင် အဲ့ဒါကို ရှာတွေ့မှာမဟုတ်ဘူး ... အပေါ်ယံမှာရှိနေတဲ့ အရာတွေက ဒီတိုင်း လှုပ်ရှားမှုကို ဖုံးကွယ်ထားတဲ ပရိယာယ်ပဲ ...အထဲမှာ တန်ဖိုးရှိတာ ဘာမှမရှိဘူး ... "
စုမုန့်ကို ဝေ့ထင်ရှင်းပြလိုက်သည် ။သူပြောတာကို နားထောင်ပြီးနောက်တွင် ဝေ့ထင်ကို ဝမ်လဲ့ လက်မထောင်ပြလိုက်သည် ။ ဤကဲ့သို့ကိစ္စမျိုးကိုပါ ဝေ့ထင် သိနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ ။သူအမှန်တကယ် လေးစားသွားရသည် ။ထိုတခဏတွင် ဝေ့ထင်အတွက် ဝမ်လဲ့၏ လေးစားအားကျမှုများက သူ၏ကြောက်ရွံ့မှုကို ဖုံးလွှမ်းသွားခဲ့သည် ။ထို့နောက် ဝမ်လဲ့သူ့ကိုပင် မနှောင့်ယှက်ရဲတော့ပေ ။ဝေ့ထင်ကိုကြည့်ပြီး စုမုန့်ပြုံးလိုက်သည် ။
" ဂူသင်္ချိုင်းရဲ့ ဝင်ပေါက်ကရော ဘယ်မှာလဲဆိုတာ ရှင်သိလား ... "
စကားဘယ်လိုပြောရမလဲဆိုတာကို မသိတာက ဘယ်သူလဲ ။တစ်ကယ်အရေးကြီးဆုံးအချက်က သူတို့မှာ စစ်မှန်သောခွန်အားရှိလားဆိုတာကို ကြည့်ဖို့ပဲ ...ဘာပဲဖြစ်ဖြစ် အလိုလိုက်ခံထားရတဲ့ ဝေ့သခင်ငယ်လေးလိုလူမျိုးက ဒီလိုကိစ္စမျိုးကို တကယ်သိနေလိမ့်မယ်လို့တော့ သူမ မယုံပေ။
xxxxxxx