အပိုင်း ၁၅၉
Viewers 15k

Chapter 159



ဝမ်လဲ့လည်း ထိုကဲ့သို့ တွေးနေခဲ့သည် ။ ဝေ့ထင် အရှက်ရသွားသလို ခံစားလိုက်ရမည်ကို သူစိုးရိမ်သွားခဲ့သည် ။ထို့ကြောင့် ဤအခြေအနေမှ ရုန်းထွက်ဖို့ သူအလျင်အမြန်ပဲ ဝေ့ထင်ကို ကူညီပေးလိုက်သည် ။


" ဆရာမ တကယ်က ဒီဟာကို သိနေတာနဲ့တောင် ဥက္ကဋ္ဌဝေ့က အရမ်းအထင်ကြီးဖို့ကောင်းနေပါပြီ နောက်ဆုံးကျ သူက ဥက္ကဋ္ဌပဲလေ  ပြီးတော့ စီးပွားရေးကိစ္စတွေလောက်ပဲလုပ်နေရတာ ဒီဂူသင်္ချိုင်းက အရမ်းလျှို့ဝှက်တဲ့နေရာပဲ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေတောင် ဒါကိုရှာဖို့ တော်တော်အားစိုက်ထုတ်လိုက်ရတယ် ... "


"တကယ်လို့ ဒီဂူသင်္ချိုင်းကသာ ရှာလို့လွယ်နေမယ်ဆိုရင် အရင်ကတည်းက တစ်ခြားတစ်ယောက်ယောက်က လက်ဦးသွားလောက်ပြီမလား ...တကယ်လို့ ခင်ဗျား ဝင်ပေါက်ကို သိချင်တယ်ဆိုရင် ခဏလောက် စောင့်ပေးပါ ...ကျွန်တော်သွားပြီး ဂူသင်္ချိုင်းရဲ့ ဝင်ပေါက်ကို တူးလိုက်မယ် ...ကျွန်တော့်သူငယ်ချင်းက ဒီနေရာကို တစ်ယောက်ယောက်ကရှာတွေ့သွားမှာ ကြောက်နေတာ ... ဒါကြောင့် သူအပေါက်ကို ပိတ်ထားခဲ့တာ ကျွန်တော်တို့ကလွဲရင် အဲ့ဒါကဘယ်မှာလဲဆိုတာ ဘယ်သူမှမသိကြဘူး ..."


ဝမ်လဲ့ သူ၏စကားအားလုံးမဆုံးသေးခင် စစ်တပ်သုံးတူရွင်းကို ဝေ့ထင်အိတ်ထဲမှဆွဲထုတ်လိုက်ပြီး အနည်းငယ်မြေအပုံလိုက်ဖြစ်နေသောနေရာကို လျှောက်သွားလိုက်သည် ။


ထိုမြေအပုံလိုက်နား၏ ဘေးနားတွင် သူရပ်နေပြီး ပတ်ပတ်လည်သို့ကြည့်လိုက်သည် ။ထို့နောက် သူနောက်သို့ နှစ်လှမ်းဆုတ်ကာ နောက်ဆုံးဘိန်းပင်ချုံပုပ်များ၏ အရှေ့တွင် ရပ်လိုက်သည် ။ စစ်တပ်သုံးတူရွင်းကိုယူကာ ဘိန်းပင်များကို အဝေးသို့ တူးထုတ်ပစ်လိုက်သည် ။


ဝေ့ထင်၏ လုပ်ဆောင်ချက်များကို စုမုန့်ကြည့်နေခဲ့သည် ။ ဘိန်းများကို အဝေးသို့ဖယ်ရှားပြီးနောက်တွင် မြေပြင်ပေါ်၌ လက်မောင်းဆိုဒ်လောက်ရှိသော အပေါက်ပေါ်လာခဲ့သည် ။


အပေါက်ကိုတွေ့သောအခါ ဝေ့ထင် သူလုပ်နေတာကို ရပ်လိုက်ပြီး တူရွင်းကို အဝေးတွင်ထားကာ စုမုန့်ဘက်သို့ပြန်လာခဲ့သည် ။


"ဘုရားရေ ...ဥက္ကဋ္ဌဝေ့ ဒီဝင်ပေါက်အကြောင်းကို ခင်ဗျားဘယ်လိုလုပ်သိတာလဲ ...ဒါက သေသေချာချာကို ဖုံးထားတာပါ ...ခင်ဗျားက ကျွမ်းကျင် ဂူဖောက်တဲ့သူလည်း မဟုတ်ဘဲနဲ့ ဒါကိုတောင်ခင်ဗျားသိနေတယ် ..."


ဝေ့ထင်အတွက် ဝမ်လဲ့၏ လေးစားမှုများ ပိုလို့ပင်တိုးလာရသည် ။


"ရှင်ဘယ်လိုသိတာလဲ ... " 


ဝမ်လဲ့သာမက စုမုန့်ပါ သိချင်သွားသည် ။


" ကိုယ့်သူငယ်ချင်းတစ်ယောက်နဲ့တောင်တက်ဖို့သွားပြီး မတော်တဆ သင်္ချိုင်းကို ရှာတွေ့သွားတာ ...သူကလည်း နည်းနည်းပါးပါးသိနေလို့ ကိုယ့်ကိုပြောပြတာ "


ဝေ့ထင် ဂရုမမူသလိုပင် ပြောလိုက်သည် ။


" တောင်ကို ရှင်နင်းတယ်တဲ့လား ...ရှင်က ဥက္ကဋ္ဌပဲကို...ရှင်ကိုယ်တိုင် တောင်ကို ဝင်ရောက်တယ်တဲ့လား ... " 


စုမုန့် သူမ၏ မျက်ခုံးများကို ပင့်မိသွားသည် ။ 


ဝေ့ထင်သူမကို ကြည့်ကာ သက်ပြင်းအနည်းငယ်ချလိုက်သည် ။


" ကိုယ် မင်းနဲ့လည်း တောင်ကိုဝင်ရောက်ဖူးပါတယ် "


ထိုစကားကိုသာ သူမပြောခဲ့လျှင် သူမနှင့် ဝေ့ထင် အတူတူ တောင်ကိုသွားရောက်ခဲ့ဖူးတာကို မေ့သွားလောက်သည် ။ထိုအချိန်က ကလေးကိုမြှုပ်နှံထားသည့် ဂူကိုပင် သူတို့ရှာတွေ့ခဲ့သေးသည် ။ထို့ကြောင့် ဝေ့ထင်ပြောသော တောင်ကိုဝင်ရောက်ခြင်းမှာ မှန်လောက်သည်။


သို့သော် တောင်ကိုဝင်ရောက်ခြင်းအကြောင်း သူအမှန်တိုင်းပြောခဲ့လျှင်တောင်မှ ထိုအရာမှာ သူရှာတွေ့ခဲ့သောလမ်းနှင့်ပက်သက်၍ အမှန်ဖြစ်သည်ဟုတော့ မဆိုလိုပေ ။ စုမုန့် နှင့် ဝမ်လဲ့မှာ မယုံကြည်နိုင်ဖြစ်နေသည် ။ထိုကဲ့သို့သောအရာမျိုးကို သူအထူးသင်ကြားခဲ့ခြင်းဟု ဆိုလျှင်တောင် ပို၍ယုံနိုင်ဖွယ်ရာ ရှိသေးသည် ။ တစ်စုံတစ်ယောက်၏ နှုတ်မှကြားခဲ့ခြင်းဟု သူပြောခဲ့ပြီးထိုကဲ့သို့သော ဂူသင်္ချိုင်း၏ လမ်းကြောင်းမျိုးကိုပင် သူ့ဘာသာရှာတွေ့သွားခဲ့သည် ။ ထိုကဲ့သို့သော ကိစ္စမျိုးကို အရူးကသာ ယုံလိမ့်မည် ။


စုမုန့် ဝေ့ထင်ကို ကြည့်လိုက်သည် ။သူ၏ မပြောင်းလဲသော အမူအရာကို မြင်ရသောအခါ ဝေ့ထင်တွင် သူမ မသိသောဇာတ်လမ်းမျိုးရှိနေလိမ့်မည်ဟု သူမတွေးခဲ့သည် ။


သို့သော် ဝေ့ထင်ဘာမှထုတ်မပြောလာကတည်းက စုမုန့်ဆက်၍ မေးမနေတော့ပေ ။ ဝမ်လဲ့ကတော့ ဒီထက်ပို၍ ဘာမှမမေးရဲတော့ပေ ။


ဝေ့ထင်သည် အပေါက်ကိုရှာတွေ့သွားပြီဖြစ်ပြီး သူလုပ်စရာကျန်တာက စုမုန့်ကို ဝေ့ထင်စကားပြောနေစဥ် ထိုနေရာကို ပိုကျယ်အောင်ချဲ့ထွင်ဖို့ရန်သာ ဖြစ်သည် ။


"ဆရာမ ... ကျွန်တော်လမ်းကို ဦးဆောင်ပါ့မယ် ...ခင်ဗျားတို့နှစ်ယောက် ဒီအတိုင်း ကျွန်တော့်နောက်က လိုက်လာလို့ရပါတယ် ...ဒါပေမယ့်..."


ဝမ်လဲ့ရှက်ရွံ့စွာ ပြောလိုက်သည် ။


" ဒါပေမယ့် ခင်ဗျားတို့နှစ်ယောက် ကျွန်တော်နဲ့ အရမ်းခပ်ကွာကွာကနေ မလိုက်သင့်ဘူး ခင်ဗျားတို့ ကျွန်တော်နဲ့ အနီးကပ်လိုက်မှ ဖြစ်မယ် ... အဲ့ဒီလိုမှမဟုတ်ရင် ကျွန်တော်ကြောက်နေ..."


ဂူထဲသို့ သူတစ်ချက်ကြည့်လိုက်သည် ။ ဂူက ကတ္တာနက်အရောင်ဖြစ်ပြီး သူဘာမှမမြင်ရပေ ။သို့သော် အထဲမှပေါ်ပေါက်သော အေးစက်မှုကို သူခံစားနေမိသည် ။


အကယ်၍ အတိတ်တုန်းကသာဆိုလျှင် ထိုကဲ့သို့သောအရာမျိုးကို သူဂရုစိုက်နေမည်မဟုတ်ပေ ။ထိုအချိန်က သူမည်သည့်အရာကိုမှ မယုံခဲ့သလို မည်သည့်မ‌ေကာင်းသောအရာမျိုးနှင့်မှလည်း ထိပ်တိုက်မတွေ့ခဲ့ရပေ ။ဂူသင်္ချိုင်းထဲသို့ပင် သူတစ်ယောက်ထဲဝင်ရဲခဲ့သည် ။ သို့သော် မကြာသေးမီက ထိုကဲ့သို့သော အရာများနှင့် သူခြောက်လှန့်ခံရပြီးနောက်တွင် ထိုအရာကို ထပ်၍ သံသယမဝင်ရဲတော့ပေ ။သူသည် အရမ်းကြောက်ရွံ့နေခဲ့ပြီး လမ်းကိုဦးဆောင်နေရင်းတောင် မလွယ်ကူသလို သူခံစားနေရသည် ။


"စိတ်မပူပါနဲ့ ...ကျွန်မရှင်နဲ့ အဝေးကြီးမှာ နေမှာမဟုတ်ပါဘူး ..." 


သူ့ကို စုမုန့် စိတ်သက်သာရာရအောင်ပြောပေးလိုက်သည် ။အကယ်၍ သူမသာ သူ့နောက်ကို ကပ်လျက်မလိုက်ခဲ့လျှင် ဝမ်လဲ့၏ လက်ရှိခန္ဓာကိုယ်နှင့် သူသာကျသွားပါက အဆုံးသတ်ပြီဖြစ်သည် ။


စုမုန့် စကားကိုအဆုံးထိမပြောခဲ့ပေ ။အဘယ်ကြောင့်ဆိုလျှင် ဝမ်လဲ့၏ မျက်နှာသည် ဂူသင်္ချိုင်းထဲသို့မဝင်ခင်ကတည်းက ဖြူဖျော့နေပြီဖြစ်သည် ။သူမသာပို၍ပြောခဲ့လျှင် သူထိတ်လန့်ကာ သတိပင်လစ်သွားလောက်သည် ။


ဝမ်လဲ့ အသက်ဝဝရှူကာ တစ်ဖက်သို့လှည့်လိုက်ပြီး ဂူထဲသို့ဝင်ရန် ပြင်ဆင်လိုက်သည် ။


"ခဏနေအုန်း " 


သူ၏ ခြေထောက်ကို သူတွင်းထဲသို့ချလိုက်သည့်အချိန်တွင် စုမုန့်ကို သူ့ကိုခေါ်လာခဲ့သည် ။


စုမုန့် သူမ၏အိတ်ထဲမှ လေးထောင့်သဏ္ဍာန် အဆောင်စာရွက်ကို ထုတ်လိုက်ပြီး သူ့ကိုကမ်းပေးလိုက်သည် ။သူမပြောလိုက်သည် ။


" ဒါကို ရှင့်ရင်ဘက်မှာ ထားထားလိုက် ...မှတ်ထားနော်  ဘာတွေဖြစ်လာပါစေ ဒါမှမဟုတ် ဒီအဆောင်စာရွက်မှာ ဘာပဲဖြစ်ဖြစ် ရှင်အဲ့ဒါကို အဝေးကို ယူသွားလို့လည်းမရဘူး ဖွင့်ကြည့်လို့လည်း မရဘူး ... "


"ကောင်းပြီ  ...စိတ်မပူပါနဲ့ ဆရာမ ကျွန်တော်ခင်ဗျားပြောတာနားထောင်ပါ့မယ် ... "


ဝမ်လဲ့အဆောင်ကိုယူကာ စုမုန့်ပြောထားသည့်အတိုင်း သူ့ရင်ဘက်ရှိအိတ်ကပ်ထဲတွင် ထိုအ‌ေဆာင်ကို သေချာဂရုတစိုက်ထည့်လိုက်သည် ။စုမုန့် ဝမ်လဲ့ကို လိုအပ်သော ညွှန်ကြားချက်များပေးပြီးနောက်မှသာ ဆက်သွားခွင့်ပြုလိုက်သည် ။


" ရှင်ကရော ...ရှင်ဒီမှာပဲ ဆက်နေပြီး ကျွန်မတို့ကို စောင့်နေချင်လား ..."


စုမုန့် တစ်ဖက်သို့လှည့်ကာ ဝေ့ထင်ကို ကြည့်လိုက်သည်။


ဝေ့ထင်၏ ဂုဏ်ပုဒ်နှင့်သာဆိုလျှင် သူက သူတို့နှင့်အတူ ဘယ်လိုလုပ် တွင်းထဲကို ဆင်းပြီးနောက် ထိုကဲ့သို့ မည်းမှောင်သော မြေအောက်ကိုနေရာကို သွားနိုင်ပါမည်နည်း။


သူဤနေရာတွင် နေခဲ့၍ သူတို့အတွက်ဆက်၍ စောင့်ကြည့်ပေးထားခြင်းက အကောင်းဆုံးဖြစ်သည် ။တစ်စုံတစ်ယောက် ရောက်လာခဲ့လျှင် သို့မဟုတ် သူတို့ တစ်စုံတစ်ခုနှင့်အောက်တွင်ရင်ဆိုင်ရလျှင်  ဝေ့ထင်သူတို့ကို ကူညီနိုင်သည် ။ဝေ့ထင် သူမ၏တောင်းဆိုမှုကို ငြင်းဆိုလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။


"ကိုယ်မင်းနဲ့အောက်ကို အတူဆင်းမယ် ... မင်းကအလယ်မှာနေ  ကိုယ်က နောက်ဆုံးကဆင်းမယ် ... "


Bluetooth နှင့်ချိတ်ဆက်အသုံးပြုလို့ရသော မိုက်ခွက်ပါနားကြပ်ကို ဝေ့ထင်ထုတ်လိုက်ပြီး စုမုန့်၏ နားတွင်တပ်ပေးလိုက်သည် ။ 


"ဒါကဆက်သွယ်ရေးကိရိယာပဲ မီတာနှစ်ရာအတွင်း ဘာလိုင်းမှမမိရင်တောင်မှ အဲ့ဒါက တည်နေရာကို ခေါ်ဆိုလို့ရနိုင်တုန်းပဲ ..." 


ဝေ့ထင်ရှင်းပြလိုက်သည် ။အောက်တွင်လိုင်းမိမလားဆိုတာကို သူစဥ်းစားကြည့်စရာပင် မလိုပေ ။ ထိုအရာမှာ ကတ္တနက်ရောင်ပင်ဖြစ်သည် ။


အမှောင်အတိပြီးသောနေရာတွင် ဖလက်ရှ်မီး၏ မီးရောင်က အနည်းငယ်သာအသုံးဝင်သည် ။ အဘယ်ကြောင့်ဆိုလျှင် ထိုမီးရောင်နှင့် ဧရိယာတစ်ဝိုက်ကိုသာ အလင်းရောင်ပေးနိုင်သည် ။အကယ်၍အောက်မှာ တစ်ခုခုဖြစ်လာပြီး သူတို့လူကွဲသွားလျှင် ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် သူတို့ရှာဖွေနိုင်တုန်းပဲ ဖြစ်သည် ။


သို့သော် ထိုပစ္စည်းက နှစ်ခုသာ ကျန်ရှိတော့ခြင်းမှာ စိတ်မကောင်းစရာပင် ။ဤသို့ဖြစ်ရခြင်းမှာ ကင်းလှည့်သည့် အဖွဲ့သားများအတွက် ပြင်ဆင်ထားသောကြောင့်ဖြစ်သည် ။ ကင်းလှည့်အဖွဲ့သည်ပုံမှန်အားဖြင့် နှစ်ယောက်ပါသော အဖွဲ့ဖြစ်သောကြောင့် သူဝမ်လဲ့ကို ဒုက္ခခံခိုင်းရန်သာ တတ်နိုင်သည် ။


"ကောင်းပြီ " 


သူမပြောလိုက်သည် ။ စုမုန့် တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံလိုက်သည် ။သူမ တစ်ခုတပ်လိုက်ပြီး ဝေ့ထင်နောက်တစ်ခုကို သူ့ဘာသာပဲတပ်လိုက်သည် ။ ဝေ့ထင်တပ်ဆင်ပြီးနောက်တွင် ' တင် ' ဟူသောအသံကို ဆက်သွယ်ရေးကိရိယာ ပွင့်သွားသည့်ပုံစံဖြင့် ကြားရသည် ။


"မင်းဒါကို မပိတ်မချင်း အဲ့ဒါက တစ်ခုခုနဲ့ တိုက်မိတာပဲဖြစ်ဖြစ် ရေထဲမှာပဲဖြစ်ဖြစ် ပျက်စီးသွားမှာ မဟုတ်ဘူး ...အဲ့ဒီမှာ တည်နေရာပြလုပ်ဆောင်ချက်လည်းပါတယ်   အဲ့ဒါကြောင့် မင်းအဲ့ဒါကိုတပ်ထားသရွေ့ ပျောက်သွားမှာကို မင်းစိတ်ပူစရာမလိုဘူး ... "


ထိုခဏတွင် ဝေ့ထင်၏ အမူအရာက ပူပန်နေသကဲ့သို့ အလွန်အလေးအနက်ဖြစ်နေသည် ။


ပုံမှန်အားဖြင့်အတော်လေး တည်ငြိမ်သော ဝေ့ထင်ကို သင်္ချိုင်းတွင် အလေးအနက်ဖြစ်နေလိမ့်မည်ဟု စုမုန့်မမျှော်လင့်ခဲ့ပေ ။ ထို့ကြောင့် သူမ ခေါင်းညိတ်ပြကာ ပြောလိုက်သည် ။


" ဟုတ်ပြီ ...ကျွန်မသဘောပေါက်ပြီ... "


"ဆရာမ ခင်ဗျားဆင်းလာပြီလား ..." 


ဦးဆောင်၍ သွားသော ဝမ်လဲ့မှာ စုမုန့်လိုက်မလာတာကို တွေ့ရသောအခါ ဂရုတစိုက်အော်ခေါ်လိုက်သည် ။


" ကျွန်မဒီမှာ "


 စုမုန့်ပြန်ဖြေလိုက်ပြီး သူ၏ အဝတ်အစားတို့ကို တင်းကြပ်အောင်လုပ်လိုက်သည် ။ သူမ တွင်းပေါက်နားတွင်ထိုင်ပြီး ဖြည်းဖြည်းချင်း လျှောဆင်းသွားသည် ။


စုမုန့်ဆင်းသွားတာကို တွေ့သောအခါ ဂူထဲသို့မဝင်ခင် ဝင်ပေါက်တွင် ဝေ့ထင်တစ်စုံတစ်ခုကို ထားရစ်ခဲ့ပြီးမှ သူမနောက်ကို လိုက်သွားခဲ့သည် ။


ဂူသင်္ချိုင်းမှာ အလွန်နက်သည် ။အောက်ခြေသို့မရောက်ခင်အထိ သုံးယောက်သား တော်တော်ကြာအောင် လျှောဆင်းလိုက်ရသည် ။


တစ်နှစ်ပတ်လုံး နေရောင်ခြည်မရရှိထားသောကြောင့် သူမ ဆင်းသွားသည့်အချိန်တွင် စုမုန့် မှောင်မည်းပြီး စိုထိုင်းသည့်လေထုကို ခံစားလိုက်ရသည် ။


သူမ ဂရုတစိုက် လမ်းကြောင်းတစ်လျှောက် မီးရောင်ပြလိုက်သော်လည်း ဂူထဲတွင် အလွန်မှောင်လွန်းသည် ။ ဖလက်ရှ်မီးရောက်သည့် နေရာလောက်သာ သူမ မြင်နိုင်သည် ။ အပြင်မှ အလင်းရောင်နှင့် အစိမ်းရောင်အလင်းမှိန်ပြပြကိုသာ သူမတွေ့နိုင်သော်လည်း ထိုအရာကဘာလဲဆိုတာကိုတော့ သူမ မပြောနိုင်ပေ ။


" ဆရာမ ...ကျေးဇူးပြုပြီး ခြေလှမ်းတွေကို အာရုံစိုက်ထားပါ ကျွန်တော်တို့က အပြင်ဘက်နားမှာပဲရှိသေးတယ် ... လမ်းလျှောက်ဖို့အဆင်မပြေသေးဘူး ...နောက်ကျောက်ခင်းလမ်းရောက်ရင် ကျွန်တော်တို့လမ်းလျှောက်ဖို့လိုတယ် ...အဲ့ဒါက တော်တော်အခက်တွေ့မှာ ...ဂူသင်္ချိုင်းက အောက်ခြေမှာပဲ ... ဒါကြောင့် ခဏကြာကြာတော့ ကျွန်တော်တို့ လမ်းလျှောက်ရလိမ့်မယ် ... "


ဝမ်လဲ့၏ သတိပေးချက်ဖြင့် စုမုန့် သူမ၏ရှေ့ကို မီးထိုးလိုက်ပြီး မြေပြင်ပေါ်တွင် ပက်လက်ရှိနေသော ကျောက်တုံးအသေးလေးကို တွေ့လိုက်ရသည် ။ကျောက်တုံး၏ ဖော်ပြထားသော အပိုင်းသည် ချွန်ထက်သည် ။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ခြေဗလာဖြင့် လျှောက်သွားမည်ဆိုလျှင် သူတို့၏ခြေဖဝါးသည် သေချာပေါက် ထိုးဖောက်ခံရလိမ့်မည် ။ 


စုမုန့် ရှေ့သို့ ဂရုတစိုက်သွားလိုက်သည် ။အောက်ခံထူထဲသော တောင်တက်ဖိနပ်ကို သူမဝတ်ထားသော်လည်း သူမ၏ ခြေထောက်အောက်မှကျောက်တုံးများကို ခံစားမိနေတုန်းဖြစ်သည် ။


သူမလျှောက်သွားပြီး အနီးနားကို ဖလက်ရှ်မီးထိုးကြည့်လိုက်သည် ။ သူမအား အထူးတဆန်းခံစားမိစေသော အရာမှာ အနီးနားတွင် ရေရှိသောနေရာမရှိခြင်းပင် ။ ထို့နောက် အနက်ဆုံးအပိုင်းကို သူတို့မရောက်သေးပေ ။ သို့သော် နံရံမှာ သူတို့မြစ်ထဲရောက်နေသကဲ့သို့ ရေငွေ့ရိုက်နေသည် ။


အရေးကြီးဆုံးအချက်မှာ အတွင်းနက်နက်ထဲမှ ရေစီးဆင်းနေသောအသံကို သူမကြားနေရသည် ။


အောက်တွင် မြေအောက်မြစ်ချောင်းများ ရှိနေခြင်းလား ။ထိုအရာမှာ တကယ်မြေအောက်မြစ်သာဖြစ်ပါက သူတို့ဂရုစိုက်ဖို့လိုသည် ။


"ရှင်တို့က အတော်သတ္တိရှိတာပဲ ...ရှင်တို့မှာ လူနှစ်ယောက်ပဲရှိတာတောင် ဒီလိုနေရာမျိုးကို လာရဲသေးတယ် " 


လမ်းကြောင်းသည် လျှောက်ရတာခက်ခဲသော်လည်း နံရံတွင် ထောက်ထားရန် စုမုန့် သူမလက်များကိုမသုံးခဲ့ပေ ။ထိုအစား သူမကိုယ်သူမဟန်ချက်ထိန်းနိုင်အောင်သာ အကောင်းဆုံးကြိုးစားလိုက်သည် ။


တစ်ခုခုကို သူမရုတ်တရက် သွားထိမိလိမ့်မည်ဟု မည်သူထင်မည်နည်း ။ အဆုံးတွင် အင်းစက်ပိုးကောင်အချို့မှာ ထိုကဲ့သို့ မည်းမှောင်ပြီး စိုထိုင်းသောနေရာမျိုးကို သဘောကျသည် ။


ဝမ်လဲ့ သက်ပြင်းချကာ ပြန်ဖြေလိုက်သည် ။


" ဟူး...အဲ့ဒါတွေအကုန်လုံးက အသက်ရှင်ဖို့အတွက်ပဲလေ ...ပြီးတော့ အရင်ကလည်းဘာမှမဖြစ်ခဲ့ဖူးဘူးဆိုတော့ ကျွန်တော်လည်း အဲ့တာတွေအကုန်လုံးကို အယောင်ဆောင်လို့ထင်ပြီး ဂရုမစိုက်ခဲ့တာ ။ " 


ဤအကြိမ်တွင် အလွန်ကံမကောင်းဘဲ သူထိုကဲ့သို့အဆုံးသတ်သွားကာ ထိုအရာကိုဘယ်တော့မှ မလုပ်ချင်တော့ကြောင်း မည်သူကသိမည်နည်း ။


စုမုန့် မျက်လုံးလှည့်လိုက်သည် ။

" ရှင်အသက်ရှင်ဖို့လုပ်ချင်တယ်ဆိုရင် ၊ တစ်ခြားရွေးချယ်စရာလမ်းကြောင်းတွေအများကြီးရှိပါတယ် ။ ဂူဖောက်တာတစ်ခုပဲ ရှင်လုပ်နိုင်တာမို့လို့လား ။ဒီတစ်ကြိမ်မှာ တကယ်လို့ဘာမှမဖြစ်ခဲ့ရင်တောင် အနာဂတ်မှာ မကောင်းတာတစ်ခုခုမဖြစ်လာနိုင်ဘူးဆိုတာ အာမခံချက်မရှိဘူး ။အဲ့တာက ရှင့်ရဲ့ သားစဥ်မြေးဆက်ကိုတောင် လက်တုံ့ပြန်လို့ရတယ် ။သေချာပေါက် ဒါကိုပြောတာက ကျွန်မရှင့်ကို ကျိန်စာတိုက်နေတာမဟုတ်ဘူးပေါ့ ။အဲ့တာက အမှန်တရားပဲ ။ "