Chapter 160
"ကျွန်တော်သိပါတယ် ... ဆရာမက ကျွန်တော့်ထက် ဒါမျိုးတွေကိုပိုမြင်ဖူးမှာပဲ ..."
စုမုန့်၏ စကားလုံးများကို ဝမ်လဲ့ဂရုမစိုက်ခဲ့ပေ ။
သူသာ နောက်ထပ်အခွင့်အရေးတစ်ခုပေးခံရလျှင်တောင် ဤလမ်းကြောင်းကိုပဲသူရွေးချယ်မည်ဖြစ်သည် ။ဤလမ်းကြောင်းမှ ငွေရှာရခြင်းသည် သူတို့တစ်ကြိမ်ပဲအောင်မြင်လျှင်တောင် အခြားသူများဘဝပေါင်းများစွာ ကြိုးစားရှာဖွေလျှင်တောင် မရနိုင်သော အဆင့်ဖြစ်သည်။
ဤတစ်ကြိမ်ကဲ့သို့ပင် သူသရဲပူးခံရတာတောင် သူ့တွင် ပိုက်ဆံများရှိခဲ့သည် ။ စုမုန့်ကို အကူအညီတောင်းဖို့ သူပိုက်ဆံများကို အသုံးပြုလို့ရသည် ။
လက်ကျန်ငွေများသည် သူ၏ဘဝတစ်သက်တာ အသုံးပြုလို့ရနိုင်သည် ။
နှစ်ယောက်သားစကားပြောပြီး လျှောက်သွားစဥ်တွင် သူတို့နောက်မှ လိုက်နေသော ဝေ့ထင်ကစကားတစ်လုံးမှ မပြောခဲ့ပေ ။ သူသည် လမ်းတစ်လျှောက် ဖလက်ရှ်မီးမထွန်းခဲ့ပေ ။ ထိုအစားသူ၏ အနီးနားတစ်ဝိုက် နှင့် ခေါင်းပေါ်သို့သာ ရံဖန်ရံခါ မီးထိုးကြည့်တတ်သည် ။
လမ်းက အလွန်ကျဥ်းနေပြီး သူတို့မှာ နှင့်တစ်ယာက် တစ်ယောက်ထပ်သလိုရှိနေခဲ့သည် ။ဝမ်လဲ့၏ လမ်းညွှန်မှုသာမရှိလျှင် လမ်းခွဲများဖြင့် သူတို့လမ်းမှန်ကိုရှာတွေ့ရန် အလွန်ခက်ခက်ခဲခဲ အားစိုက်ရမည်ကို သူမသံသယမရှိပေ ။
" ဒီလမ်းခွဲတွေက အဆုံးသတ်ရောရှိလား... "
စုမုန့် ဝမ်လဲ့ကိုပြောလိုက်သည် ။ ဤဂူသင်္ချိုင်းများသည် ထောင်ချောက်များတပ်ဆင်ထားတတ်ကြောင်း သူမ ကြားခဲ့ဖူးသည် ။သို့သော် ထိုအရာမှာ အမှန်လားဆိုတာကိုတော့ သူမ မသိပေ ။
"ဆရာမ ...ခင်ဗျားအဲ့လမ်းခွဲတွေကနေ သွားလို့မရဘူး တစ်ချို့လမ်းတွေမှာက အဆုံးသတ်ရှိပြီး ကျွန်တော်တို့ပြန်လာလို့ရတယ် ... ဒါပေမယ့် တစ်ချို့ဟာတွေမှာက ထောင်ချောက်တွေရှိတယ် ... အဲ့ဒီကနေသွားရင် ခင်ဗျားသေသွားလိမ့်မယ် ... "
"ရှင်ဘယ်နေရာကနေပြောနေလဲဆိုတာကို ကျန်ခဲ့တယ်မလား ..."
ဝမ်လဲ့ သူ၏ ခြေလှမ်းများကို ရပ်လိုက်ပြီး အနောက်သို့လှည့်ကာ သူ့ရှပ်အင်္ကျီ၏ အနားစကို မလိုက်သည် ။ထို့နောက် သူစုမုန့်ကို မီးရောင်ပြလိုက်သည် ။
" အဲ့ဒီအချိန်တုန်းက ကျွန်တော် ဒီအမာရွတ်ကို ရခဲ့တာ ...ကျွန်တော် အာရုံမစိုက်ဘဲ လမ်းမှားကိုသွားလိုက်တယ် ...ရလဒ်ကတော့ ကျွန်တော်ထောင်ချောက်ထဲ ကျသွားတော့တာပဲ ... ပြီးတော့ အရမ်းအန္တရာယ်များခဲ့တာ ... ကံကောင်းထောက်မလို့ ကျွန်တော်ကံကောင်းပြီး ရှင်သန်ဖို့လုပ်နိုင်ခဲ့တာ ..."
သူအသေးစိတ်မပြောပြခဲ့ပေ ။ထိုအရာက ကောင်းမွန်သောအမှတ်တရမဟုတ်ပေ ။သူသင်ခန်းစာယူဖို့သာ လိုသည် ။ထိုကဲ့သို့ ထိတ်လန့်ဖွယ်ကိစ္စမျိုးကို ဆက်ပြီးမှတ်ထားနေစရာမလိုပေ ။
စုမုန့် မီးရောင်အကူအညီဖြင့် ဝမ်လဲ့၏ ဝမ်းဗိုက်ကို ကြည့်လိုက်သည် ။ ထိုနေရာတွင် လက်တစ်ဖဝါးစာလောက်ရှည်ပြီး လက်မလောက်အကျယ်ရှိသော အမာရွတ်ရှိနေခဲ့သည် ။ ထိုအရာကို မြင်ရတာကြောက်စရာကောင်းသည်။
စုမုန့်ကြည့်ပြီးသွားသောအခါ ဝမ်လဲ့ သူ၏အင်္ကျီကိုပြန်ချကာ ဆက်လျှောက်သွားခဲ့သည် ။
ဂူလမ်းကြောင်းမှာ အစတွင် အလွန်ကျဥ်းမြောင်းသော်လည်း သူတို့ ဂူထဲသို့ နက်နက်ဆင်းလေ ပို၍ လမ်းကြောင်းကျယ်လာလေ ဖြစ်သည် ။အဆုံးတွင် သုံးယောက်သား ဘေးချင်းယှဥ်လျှောက်လို့ရသွားသည် ။
ဆယ်မိနစ်လောက် လမ်းလျှောက်ပြီးနောက် သုံးယောက်သား ဂူသင်္ချိုင်း၏အပေါက်ဝကို ရောက်ခဲ့သည် ။ ထိုအရာက ပွင့်လျက်ရှိနေသော နေရာဖြစ်ပြီး အရာအားလုံးကရှင်းလင်းနေသည်ဟု စုမုန့် ရုတ်တရက် ခံစားလိုက်ရသည် ။
ဂူသင်္ချိုင်းဝင်ပေါက်တစ်လျှောက် နံရံများတွင် ငုံးဥအရွယ်လောက်ရှိသော ညလင်းပုလဲများ မြှုပ်နှံထားသည် ။ မှေးမှိန်သော အလင်းရောင်များစုဝေးပြီး ဤနေရာကို အလင်းရောင်ပေးထားသည် ။
" ဒီနံရံရဲ့ ညလင်းပုလဲတွေက ငွေတော်တော်တန်လိမ့်မယ် အဲ့ဒီအချိန်တုန်းက ရှင်တို့ဘာလို့ မလှုပ်ရှားခဲ့တာလဲ ... "
ညလင်းပုလဲများသည် ကြီးလည်းမကြီးမားသလို မရှားပါးသော်လည်း ဤနေရာတွင် အများကြီးရှိနေသည် ။ သူတို့အမြောက်အများရောင်းချပြီး ပိုက်ဆံများများရှာလို့ရသည် ။
" အဲ့ဒါကဘယ်လောက်ပဲ အဖိုးတန်နေပါစေ ဒီလိုအလင်းရောင်ပေးနေတဲ့ အရာမျိုးကို ကျွန်တော်တို့ယူလို့မရဘူး ဒါက စည်းမျဥ်းပဲ ... ဒီဟာတွေကို အရင်ကယူသွားဖို့ ကျွန်တော်တွေးမိသေးတယ် ...ဒါပေမယ့် ဒါတွေကအဖိုးလည်းမတန်သလို ကံမကောင်းတတ်ဘူးလို့ ကျွန်တော့်သူငယ်ချင်းကပြောတယ် ဒါကြောင့် ကျွန်တော်တို့အဲ့ဒါတွေကို မထိခဲ့ဘူး ...အခုကျွန်တော်အဲ့ဒါကို တွေးကြည့်တော့ အဲ့ဒီဟာတွေကို ကျွန်တော်မထိမိခဲ့တာ တကယ်ကောင်းသွားတယ် ...မဟုတ်ရင် ကျွန်တော့်အခြေအနေက ဒီထက်တောင်ပိုဆိုးသွားလိမ့်မယ် .."
ဝမ်လဲ့ သူ၏အတိုင်းတာကို သူသိသည် ။စုမုန့်ခေါင်းညိတ်ကာ ပြောလိုက်သည် ။
" အသေအချာပဲ ... ရှင်ဒီဟာတွေကို မထိခဲ့တာတကယ်မှန်တယ် ..."
ဤကဲ့သို့သောပစ္စည်းမျိုးက စိတ်ဝိညာဥ်ကိုသေဆုံးအောင် လမ်းပြနေသောအရာများဖြစ်သည် ။၎င်းမှာ ကံဆိုးရုံသာမကာ သူသာထိုအရာများကို ယူဆောင်ခဲ့လျှင် သေလောက်အောင်ပျက်စီးဆုံးရှူံးရလိမ့်မည် ။
"ဆရာမ ကျွန်တော်တို့ ဒီတံခါးကိုဖွင့်လိုက်မယ်ဆိုရင် မိန်းမအလောင်းကောင်ရှိနေတဲ့ ဂူသင်္ချိုင်းကို ရောက်ပြီပဲ ... ဒါဆို ကျွန်တော်ဖွင့်လိုက်ရတော့မလား..."
ဝမ်လဲ့ အလျင်စလိုမပြုမူခဲ့ဘဲ စုမုန့်၏ အတွေးကို မေးလိုက်သည် ။
" ခဏလေး ...ကျွန်မကြည့်ပါရစေအုန်း "
စုမုန့် သံလိုက်အိမ်မြှောင်နှင့် အဝါရောင်အဆောင်စာရွက်တို့ကို ထုတ်လိုက်သည် ။ ထိုအပေါ်တွင် သစ်ကြံပိုးခေါက်ကလောင်ဖြင့် သူမ ဂါထာရေးဆွဲလိုက်ပြီးနောက် အဆောင်စာရွက်ကို မီးခြစ်ဖြင့် ရှို့လိုက်ပြီး ပြာမှုန်များကို သံလိုက်အိမ်မြှောင်ပေါ်တွင် ဖြူးလိုက်သည် ။
ခဏကြာပြီးနောက်တွင် သံလိုက်အိမ်မြှောင်မှာလှုပ်ရှားမှုမရှိပေ ။ ထို့နောက် စုမုန့် ပြောလိုက်သည် ။
" ရပြီ ...ဖွင့်ကြည့်လိုက် ... ကျွန်မပြောထားတာကို မှတ်ထားနော် ... ဘာတွေပဲ ဖြစ်လာပါစေ ရှင့်ရဲ့ရင်ဘက်က အဆောင်ကို မထုတ်လိုက်နဲ့ ... "
ဝမ်လဲ့ ကတိပေးလိုက်သည် ။
" စိတ်မပူပါနဲ့ ဆရာမ ...ကျွန်တော့်ရဲ့ အားသာချက်က ကျွန်တော့်အသက်ကိုတန်ဖိုးထားတတ်တာပဲ ကျွန်တော့်ရဲ့ အသက်အတွက် ကျွန်တော် ခင်ဗျားပြောတာကို သေချာပေါက် နားထောင်ပါ့မယ် ..."
ထိုအရာကိုပြောပြီးနောက် တံခါးရှိရာသို့ ဝမ်လဲ့ လျှောက်သွားလိုက်ပြီး သူ၏လက်ကို ဖယောင်းတိုင်စားပွဲများ၏ တစ်ခုပေါ်တွင် တင်ထားလိုက်သည် ။ ထို့နောက် သူထိုအရာကို အားဖြင့်လှည့်လိုက်သောအခါ ဂူသင်္ချိုင်း၏တံခါးက တဖြည်းဖြည်းပွင့်သွားခဲ့သည် ။
ဝမ်လဲ့ သူ့ကိုယ်သူစိတ်ပိုင်းဆိုင်ရာအရပြင်ဆင်ထားသော်လည်း ဂူသင်္ချိုင်း၏ အတွင်းပိုင်းအခြေအနေကို မြင်ရသောအခါ သူထိတ်လန့်သွားခဲ့သည် ။ သူနောက်သို့ ခြေလှမ်းအနည်းငယ်ပါဆုတ်လိုက်မိပြီး မြေပြင်ပေါ်သို့ မပြုတ်ကျခင် ဟန်ချက်ပျက်သွားခဲ့သည် ။
"သူမ...သူမက ဘာလို့ဒီမှာရောက်နေတာလဲ ... "
ဂူသင်္ချိုင်း၏ ဝင်ပေါက်ကို ဝမ်လဲ့ လက်ညှိုးထိုးပြလိုက်ပြီး သူစကားမပြောနိုင်တော့လောက်အောင် ပျာယာခတ်သွားသည် ။
" ဘာတွေဖြစ်နေတာလဲ ... "
စုမုန့် ဂူသင်္ချိုင်းထဲသို့ ကြည့်လိုက်သောအခါတွင် သူမမျက်မှောင်ကြုတ်လိုက်မိသည် ။ ထိုအရာသည် ဆန်းကြယ်သောခံစားချက်ဖြစ်ပြီး မမြင်ရသောအရာတစ်ခုသည် ဂူသင်္ချိုင်းထဲတွင် လျင်မြန်စွာရွေ့လျားနေသလို အေးစက်သောလေများက တိုက်ခတ်သွားသည် ။
ဤနေရာသည် အလွန်ထူးဆန်းသော်လည်း သူမ သံလိုက်အိမ်မြှောင်ဖြင့်စမ်းသပ်ခဲ့သည် ။ သံလိုက်အိမ်မြှောင်မှာ ရှင်းရှင်းလင်းလင်း ဘာတုံ့ပြန်မှုမှကို မရှိခဲ့ပေ ။
ဝမ်လဲ့ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည် ။
" အဲ့..အဲ့ဒါက မိန်းမအလောင်းပဲ ...ကျွန်တော်တို့ အခေါင်းဘေးနားမှာ သေချာပေါက် သူမကိုပစ်ခဲ့တာ ... ဒါပေမဲ့ သူ.. သူမက ကျွန်တော်တို့ထွက်သွားဖို့ကို တိုက်တွန်းနေတယ် ... သူမက ဘယ်လိုလုပ်ပြီး တံခါးကို ထွက်လာနိုင်ရတာလဲ ..."
သူနှင့် သူ၏သူငယ်ချင်းဖြစ်သူမှာ အလွန်ကြောက်လန့်ပြီးထိတ်လန့်သွားခဲ့သော်လည်း သူအလွန်ကိုသေချာနေသည် ။ သူတို့ထွက်လာသောအခါတွင် ဝင်ပေါက်ကို သူတို့သေချာဖုံးကွယ်ခဲ့သည် ။ထို့အပြင် ယခုတင် သူဝင်ပေါက်ကို ကြည့်လိုက်သောအခါ တစ်ယောက်ယောက်လာသွားခဲ့သည့် ပုံလည်းမပေါ်ပေ ။
မည်သူမှလာရောက်ခြင်းမရှိဘူးဆိုကတည်းက ဘာကြောင့် အရိုးစုက နေရာပြောင်းသွားရသနည်း။
"ရှင်သေချာမှတ်မိတာ ဟုတ်ရဲ့လား ... ဒီနေရာမှာ အရိုးတွေကို လူတွေပစ်ထားတာမျိုးမရှိဘူး ဒါပေမယ့် ဘယ်လိုလုပ်ပြီး သူတို့ကိုယ်တိုင်ရွေ့လာနိုင်မှာလဲ ..."
ဝမ်လဲ့၏ စကားများကို ကြားပြီးသောအခါ တစ်ခုခုလွဲမှားနေတာကို စုမုန့်ခံစားလိုက်ရသည် ။
ဝမ်လဲ့ ကြောက်လန့်၍သာနေသော်လည်း သူ၏ဦးနှောက်နှင့်ပက်သက်၍ မှားယွင်းတာမရှိချေ ။ယုတ္တိရှိရှိ ပြောရလျှင် သူမှားပြီးမှတ်ထားတာမျိုးလည်း မဖြစ်သင့်ပေ ။
သို့သော် မည်သို့ပင်ဖြစ်နေပါစေ အရိုးစုက နေရာကို သူကိုယ်တိုင်ရွေ့သွားခဲ့သည် ။ဤအရာမှာ ဘယ်လောက်ပဲတွေးပါစေ အဓိပ္ပာယ်မရှိပေ ။အရိုးစုက သူ့ဘာသာ မည်ကဲ့သို့ ရွေ့နိုင်မည်နည်း ။သူမသည် ဖုန်းရွှေဆရာမဖြစ်နေလျှင်တောင်မှ ဤကိစ္စမှာ အဓိပ္ပာယ်မရှိဘူးလို့သာ သူမခံစားရသည် ။
ဂူသင်္ချိုင်းထဲရှိ ပြင်ဆင်ထားပုံတို့အား ကြည့်ကာ စုမုန့်မျက်မှောင်ကြုတ်ထားမိသည် ။ဤဂူသင်္ချိုင်းခန်းက သူမကို အလွန်မကောင်းသော ခံစားမှုမျိုးကိုပေးနေသည် ။ ဘာမှားနေလဲဆိုတာကို သူမ မပြောနိုင်ပေ ။ ထို့ကြောင့် သူမအထဲဝင်ကာ ကြည့်ကြည့်ရန် ဆုံးဖြတ်လိုက်သည် ။
" အာ့ "
စုမုန့်၏ လှုပ်ရှားမှုတို့ကို တွေ့လိုက်ရသောအခါ ဝမ်လဲ့ သူမကို ဂရုစိုက်ဖို့ သတိပေးချင်ခဲ့သည် ။ သို့သော် သူစကားမပြောလိုက်နိုင်ခင် သူ၏လက်ဖဝါး၌ တစ်ခုခုဖြင့်ကိုက်ခံလိုက်ရသလို စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည် ။
သူနောက်ထပ်လက်တစ်ဖက်ဖြင့် ဖလက်ရှ်မီးထိုးကြည့်လိုက်သည် ။သေချာပေါက် သူ၏ ဘယ်ဘက်လက်တွင် သွားဖြင့်ကိုက်ထားသော အရာနှစ်ခုရှိနေခဲ့သည် ။၎င်းက အရမ်းမနက်သော်လည်း သွေးထွက်နေသည် ။
သူ့ကို ဘာကိုက်သွားသလဲမသိရသောကြောင့် ဝမ်လဲ့ ဖလက်ရှ်မီးကို ဖွင့်လိုက်ကာ အနီးနားတစ်ဝိုက်ကို ထိုးကြည့်လိုက်သည် ။ ထိုအရာဖြင့် သူ၏ဘဝတစ်လျှောက်လုံးတွင် ရွံဖို့အကောင်းဆုံးဖြစ်စေမည့် မြင်ကွင်းကို တွေ့သွားခဲ့သည် ။ ထိုနေရာတွင် လက်မအရွယ်လောက်ရှိသော များစွာသောကင်းခြေများတို့က သူ၏ပတ်ပတ်လည်တွင် ဝိုင်းနေကြသည် ။
ထိုအေကာင်များသည် အပြင်ဘက်ရှိ ကင်းခြေများနှင့်ကွာခြားသည်။ တကယ်တမ်းတွင် ထိုအရာများသည် အရောင်စုံရှိနေပြီး ဖလက်ရှိမီး၏ မီးရောင်အောင်တွင် အလွန်ကိုတောက်ပ၍ ထင်ရှားနေသည် ။
ဝမ်လဲ့ အကိုက်ခံလိုက်ရခြင်း၏ ဖြစ်နိုင်ချေရှိသော အကြောင်းပြချက်မှာ ဝမ်လဲ့၏လက်က သူတို့ကို သွားထိမိလိုက်ခြင်းကြောင့် ဖြစ်နိုင်သည် ။ ကင်းခြေများသည် အဆိပ်ရှိသည် ။ဝမ်လဲ့၏လက် အကိုက်ခံရပြီးနောက်တွင် ဒဏ်ရာ၏အနားတစ်ဝိုက်သည် ချက်ချင်းရောင်ကိုင်းလာပြီး ပြင်းပြင်းထန်ထန်ကို နာကျင်နေသည်။
ကနဦးတွင် ကင်းခြေများတို့မှာ ထိုနေရာ၌သာ နာခံစွာ လဲလျောင်းနေကြသည် ။ သူတို့၏အပေါ် ဝမ်လဲ့ မီးထိုးလိုက်သောအခါတွင် သူတို့ရုတ်တရက်မီးရောင်ကြောင့် ရှုပ်ထွေးသွားကြပြီး ကင်းခြေများအုပ်လိုက် အောက်ရှိ အရာကို ဖော်ပြလိုက်သလို ဖြစ်သွားသည် ။ထိုအရာမှာ လက်မောင်းလောက်အရှည်ရှိသော အနက်ရောင်မြွေဖြစ်သည် ။
မြွေ၏ ခန္ဓာကိုယ်တစ်ဝက်မှာ ကင်းခြေများတို့ထံတွင် အစားခံလိုက်ရသည် ။ထိုေမြွသည် အလွန်ရုန်းကန်နေရပုံပေါ်ပြီး အချိန်ဘယ်လောက်မှမကျန်တော့သည့်ပုံပင် ။
ဤကင်းခြေများတို့က မြွေကို စားပစ်လိုက်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ ။ ဤအကြိမ်မှာ သူပထမဆုံးမြင်ဖူးခြင်းဖြစ်သည် ။
ဝမ်လဲ့၏ နှောင့်ယှက်မှုနောက်တွင် ကင်ခြေများတို့စ၍ တွားသွားလာကြသည် ။ နှစ်ကောင်မှာ သူ၏ အဝတ်အစားများပေါ်သို့ပါတက်လာပြီး သူ၏အင်္ကျီများထဲသို့ပါ ဝင်ရန်လုပ်နေကြသည် ။
သူအထိတ်တလန့် ထခုန်လိုက်ကာ ခန္ဓာကိုယ်ပေါ်မှ ကင်းခြေများတို့ကို လွှင့်ပစ်လိုက်သည် ။ စုမုန့်ထံသို့ သူပြေးသွားပြီး အော်လိုက်သည် ။
" ဆရာမ အဲ့ဒီမှာ ကင်းခြေများတွေရှိနေတယ် ... ကျွန်တော့်ကို ကယ်ပါအုန်း ... "
စုမုန့်၏ ဘက်သို့ သူပြေးသွားလိုက်သည် ။ သူအလွန်ကို ကြောက်လန့်သွားပြီး မိန်းမ နှင့် ယောကျ်ားကြားရှိ ကွာခြားမှုကိုမေ့ကာ စုမုန့်ကိုပင် ဖက်မိတော့မလို ဖြစ်ခဲ့သည် ။
သို့သော် သူ စုမုန့်ကို မထိလိုက်နိုင်ခင် သူ၏လည်ပင်းနောက်ကို ဝေ့ထင်ဆွဲလိုက်ပြီး သူ၏ဘက်သို့ ထုတ်လိုက်သည် ။
သူဖယ်ထုတ်ခံရပြီးနောက်တွင် ဝမ်လဲ့ အလွန်စိတ်ဆိုးနေဆဲဖြစ်ပြီး ဝေ့ထင်မှာ အလွန်ကျိူးကြောင်းမဆီလျော်ဘူးဟု သူခံစားလိုက်ရသည် ။သို့သော် ဝေ့ထင်၏ စူးရှပြီးအေးစက်နေသော အကြည့်များဖြင့် သူဆုံသောအခါ ချက်ချင်း စိတ်လျှော့သွားရသည် ။သူ နာနာခံခံပင် ရပ်လိုက်ကာ သူမကိုထပ်မထိရဲတော့ဘဲ စုမုန့်ဘက်သို့ လျှောက်သွားလိုက်သည် ။
ဂူသင်္ချိုင်းကို စစ်ဆေးချင်နေသော စုမုန့်သည် ဝမ်လဲ့၏ အမူအရာကြောင့် လန့်သွားခဲ့သည် ။ သူမ တံခါးတွင် ရပ်နေပြီး အထဲသို့မဝင်သွားပေ ။ထိုအစား သူ့ကိုသာ သူမခေါင်းရှုပ်စွာကြည့်နေခဲ့သည် ။
"ဘာဖြစ်တာလဲ "
သူမမေးလိုက်သည် ။
ဝမ်လဲ့စကားမပြောခင် သူ၏စိတ်ခံစားမှုကို တည်ငြိမ်အောင် အရင်လုပ်လိုက်သည် ။
" ကင်းခြေများတွေ ဒီဂူသင်္ချိုင်းထဲမှာ ရောင်စုံကင်းခြေများတွေ အများကြီးရှိတယ် ...သူတို့ ကျွန်တော့်ကိုတောင် ကိုက်လိုက်သေးတယ် ..."
သူစကားပြောပြီးသောအခါ သူ၏အကိုက်ခံလိုက်ရသော လက်ကို စုမုန့်မြင်အောင် မြှောက်ပြလိုက်သည် ။ ဝမ်လဲ့၏ အသံက ကြောက်စိတ်ကြောင့် တုန်ရီနေခဲ့သည် ။
ဝမ်လဲ့အတွက် စုမုန့်မီးထိုးပေးလိုက်ပြီး အနီးကပ်ကြည့်ကြည့်လိုက်သည် ။ကိုက်ခံထားသာအရာမှာ အလွန်ကို ပြင်းထန်သည် ။ ဒဏ်ရာ၏ အနားတစ်ဝိုက်က နီရဲကာ ရောင်ရမ်းနေသည် ။ထို့နောက် ဒဏ်ရာမှာ အနည်းငယ်အမဲရောင်ပါသန်းနေသည် ။ ၎င်းမှာ ကင်းခြေများတို့က အဆိပ်ရှိနေပြီး အချိန်မီသူကုသရန် လိုအပ်သည် ။ ကံကောင်းစွာဖြင့် စုမုန့်ကောင်းစွာပြင်ဆင်လာခဲ့ပြီး အရေးပေါ်ဆေးများကို ယူလာခဲ့သည် ။
"ကြည့်ရတာ ကျွန်မတို့ အရင်ဆုံးထွက်သွားသင့်တဲ့ပုံပဲ ...ရှင့်ရဲ့ ဒဏ်ရာသက်သာသွားရင် ကျွန်မတို့ ပြန်လာကြတာပေါ့ ..."
စုမုန့် သူမ၏ အိတ်ထဲမှ ပတ်တီး နှင့် ပိုးသတ်ဆေးတို့ကို ထုတ်လိုက်ပြီး ဝမ်လဲ့၏ဒဏ်ရာကို ကုသရန် ပြင်ဆင်လိုက်သည် ။
ကင်းခြေများတို့မှာ ရုတ်တရက် မီးအလင်းရောင်ကြောင့် ထိတ်လန့်သွားပြီး စတင်၍ ဘေးပတ်ပတ်လည်သို့ တွားသွားလာကြသည် ။အချို့အကောင်များသည် စုမုန့်၏ ခြေထောက်နားကိုပင် ရောက်လာကြသည် ။
စုမုန့် သူတို့ကို သေအောင်တက်မနင်းလိုက်ဘဲ ဘေးသို့သာ အသာအယာဖယ်လိုက်သည် ။ဤမျိုးစိတ်များ၏ တိကျသောအချက်အလက်များကို မသိရခင် သူမအလျင်စလို မပြုမူလိုက်ပေ ။
အနားကိုတွားသွားလာသော ကင်းခြေများတို့မှာ တစ်ကောင်နှင့် တစ်ကောင် အနီးကပ်နေကြတာကို ကြည့်သည်မှာ စုဝေးနေထိုင်သောသတ္တဝါမျိုးဖြစ်ပုံပေါ်သည် ။ဂူ၏ အနက်ထဲတွင် ထိုအရာများပို၍ ရှိနေနိုင်သေးသည်။
" ရှင်အခုလေးတင် သူတို့ကို ထိခိုက်အောင်လုပ်လိုက်သေးလား ..."
သူ၏ ဒဏ်ရာကို ပတ်တီးစည်းပေးရင် စုမုန့်မေးလိုက်သည် ။
xxxxxxxxx