Chapter 161
ဝမ်လဲ့ ခါးသီးသောမျက်နှာဖြင့် ဖြေလိုက်သည် ။
" ကျွန်တော်က သူတို့ကို ထိခိုက်ေအာင်လုပ်တာလား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...သူတို့ ကျွန်တော့်ကို မကိုက်ရင်တောင် ကျေးဇူးတင်လိုက်ဦးမှာ ဒါပေမယ့် သူတို့ကတကယ်ကိုက်သွားတာ ... ဆရာမ ကျွန်တော် အခုလေးတင် ဘာမြင်လိုက်လဲ ခင်ဗျားသိလား ... "
" ဘာလဲ "
" မြွေတစ်ကောင် ... အဲ့ဒီကင်းခြေများတွေက မကြီးပေမဲ့ သူတို့က အဲ့ဒီမြွေကို တကယ်စားနိုင်ကြတယ် ...ကျွန်တော်တကယ် အော်ဂလီဆန်နေပြီ... "
ဝမ်လဲ့ပြောသည့်အချိန်တွင် အရောင်အသွေးစုံသော ကင်ခြေများတို့မှာ အနောက်သို့ပြန်တွားသွားနေကြပြီး မြွေ၏ခန္ဓာကိုယ်ထဲမှအသားတို့ကိုစားရန် သူတို့၏သိပ်သည်းသော ခြေစွယ်များဖြင့် ထိုးဖောက်နေကြသည် ။ သူ၏ ဝမ်းဗိုက်ထဲမှ စတင် အော့အန်မလိုဖြစ်တော့သည် ။
စုမုန့် မြင်ကွင်းကို မမြင်လိုက်သောကြောင့် သူမ မတုံ့ပြန်ခဲ့ပေ ။ကင်ခြေများတို့ကို ဝမ်လဲ့ ထိခိုက်အောင်မလုပ်ခဲ့ဘူးဆိုမှသာ သူမစိတ်သက်ရာရစွာ သက်ပြင်းချနိုင်တော့သည် ။
အစုအဝေးနှင့်နေထိုင်သော တိရစ္ဆာန်တို့မှာ အနှောင့်အယှက်အပေးဆုံးဖြစ်သည် ။သူတို့သည် သေးငယ်သော်လည်း အစုလိုက်အပြုံလိုက်တိုက်ခိုက်လာသောအခါတွင် ဘာမှလုပ်နိုင်မည် မဟုတ်ပေ ။
ထိုအေကာင်များမှာ အစာအတွက် အစုလိုက်ရှာဖွေကြသော ပုရွက်ဆိတ်အုပ်စုများကဲ့သို့ပင် ။
" ဒါက ဘာကင်းခြေများအမျိုးအစားလဲဆိုတာ ရှင်သိလား ..."
စုမုန့်မေးလိုက်သည် ။
ဝေ့ထင် တစ်ချက်ကြည့်ရန် ကွေးညွှတ်လိုက်ပြီးနောက် ခေါင်းခါပြလိုက်သည် ။
" ကိုယ်အဲ့ဒါကို အရင်ကတစ်ခါမှ မမြင်ဖူးဘူး ...ကြည့်ရတာ အဲ့ဒါတွေက မြေအောက်မှာဘဲ နေတဲ့ပုံပဲ ...မီးရောင်ရုတ်တရက်ထိုးခံလိုက်ရပြီး သူတို့ထိတ်လန့်သွားတာ ..."
ကံအားလျော်စွာဖြင့် ဤကင်းခြေများတို့သည် အနည်းငယ်သာ ကြောက်လန့်စရာကောင်းပုံပေါ်သည် ။ ထိုတွင် အများကြီးရှိမနေချေ။ထို့ကြောင့် ထိုတခဏတွင် ၎င်းတို့ကို ခြောက်လှန့်တာမျိုး သူတို့မလုပ်ခဲ့ပေ ။
ဝမ်လဲ့၏ ဒဏ်ရာကို စုမုန့်ပတ်တီးစည်းပြီးသွားသောအခါ သူမ၏ပစ္စည်းများကို သိမ်းဆည်းလိုက်သည် ။သူမထွက်သွားချင်သော်လည်း ဝမ်လဲ့တွင် ထွက်သွားရန် ရည်ရွယ်ချက်လုံးဝရှိမနေပေ ။
" ဆရာမ ...ကျွန်တော်အဆင်ပြေပါတယ် ကျွန်တော် ဒီအတိုင်း နည်းနည်းအဆိပ်ရှိတဲ့အကောင်ဆီကနေ အကိုက်ခံလိုက်ရရုံပါ ... ဘာမှမပြင်းထန်ပါဘူး ကျွန်တော် အရင်က ကင်းမြီးကောက်ပါ စူးခဲ့ဖူးတယ် သူတို့က ပိုပြီးတော့ အဆိပ်မရှိဘူးလား ကျွန်တော် အဆင်ပြေပါတယ် ...ဒီထဲကို ဝင်လာဖို့က ကျွန်တော်တို့အတွက် မလွယ်ကူဘူး ပြဿနာကိုအရင်ဆုံးဖြေရှင်းကြရအောင် မဟုတ်ရင် နောက်ပိုင်းကျွန်တော်တို့ပြန်လာနေရလိမ့်မယ် ...အဲ့ဒီဟာနဲ့ ထပ်ညိနေမှာထပ်စာရင် ဒီအကောင်တွေဆီကနေပဲ ကျွန်တော်အကိုက်ခံလိုက်တော့မယ်... ကျွန်တော့်အတွက်က လုံလောက်သွားပြီ ..."
"ရှင်သေချာရဲ့လား ...အဲ့ဒီအဆိပ်က ရှင့်ရဲ့ အသက်ကို ခြိမ်းခြောက်လာရင် ဘယ်လိုလုပ်မလဲ ... "
" ခင်ဗျားအဲ့ဒါကို ကြားဖူးလား ...မြေပြင်ပေါ်မှာ အရောင်ပိုတောက်ရင် အဲ့ဒါက ပိုပြီးတော့အဆိပ်ပြင်းတယ် ... ဘာလို့လဲဆိုတော့ သူတို့ကိုယ်သူတို့ကာကွယ်ဖို့ အရောင်ပြောင်းစရာမလိုလို့ဘဲ ...ဒါပေမယ့် မြေအောက်မှာဆိုရင်တော့ မတူတော့ဘူး ...မြေအောက်ကအရာတွေတော်တော်များများက အဆိပ်မရှိဘူး ...တကယ်လို့ရှိနေရင်တောင် အဲ့ဒါက အဆိပ်နည်းနည်းလောက်ပဲ ...ဘာလို့လဲဆိုတော့ သူတို့က သဘာဝရန်သူမရှိလို့ပဲ ...ဒါကြောင့် သူတို့ကိုယ်သူတို့ကာကွယ်ဖို့ အဆိပ်ပေါ်မှာ မှီခိုနေစရာမလိုဘူး ..."
သူမ၏ အလုပ်မဟုတ်သောကြောင့် ဝမ်လဲ့ကို စုမုန့် မဖျောင်းဖျခဲ့ပေ ။
ဤကဲ့သို့ အဆိပ်ရှိသော သတ္တဝါများကို သူမ မရင်းနှီးသလို ထိုအရာများမှာ အန္တရာယ်ရှိလားဆိုတာကိုလည်း သူမ မသိပေ ။ ဝမ်လဲ့ စိုးရိမ်မနေဘူးဆိုကတည်းက အခြားသူ၏ကိစ္စကို သူမ ဝင်ရှုပ်နေရန် မလိုပေ ။
စုမုန့် တစ်ဖက်သို့လှည့်လိုက်ပြီး ဂူသင်္ချိုင်းထဲသို့သာ လျှောက်သွားလိုက်သည် ။ တံခါးရှိ အရိုးစုကို သူမ မကြောက်သော်လည်း ထိုအရာအတွက် စိတ်မကောင်းဖြစ်မိသည် ။
သူမမှာ အခေါင်းထဲတွင် လှဲနေခဲ့သော်လည်း အပြင်မှလာသော လူနှစ်ယောက်ကြောင့် မြေပြင်ပေါ်သို့ ပစ်ထုတ်ခံလိုက်ရသည် ။ထိုမျှသာမက သူတို့က သူမ၏အခေါင်းထဲက ရတနာများကိုပင် ယူသွားကြသေးသည် ။ ဤအရာကို ကြုံတွေ့ရသောမည်သူမဆို ဒေါသထွက်လိမ့်မည် ။
စုမုန့် အိတ်ထဲမှ သေးငယ်သော အမွှေးနံ့သာပူဇော်သည့်မီးခွက်ကို ထုတ်လိုက်ပြီး အခေါင်း၏ ဘေးနားတွင် ချလိုက်သည် ။သူမ အမွှေးတိုင်ငါးချောင်းကို ထုတ်ကာ ထွန်းညှိလိုက်သည် ။ ထို့နောက် ၎င်းတို့ကို အမွှေးနံ့သာခွက်ထဲတွင် စိုက်လိုက်ပြီး အခေါင်းကို စိတ်ပါလက်ပါ ဦးညွှတ်လိုက်သည် ။ ပြီးနောက် ထိုနေရာတွင်သာ သူမတိတ်တဆိတ်ရပ်နေပြီး ထွန်းညှိထားသော အမွှေးတိုင်ကို ကြည့်နေခဲ့သည် ။
ဤအမွှေးတိုင် ငါးချောင်းသည် သေသေချာချာထွန်းညှိထားပြီး အရာအားလုံးမှာ အဆင်ပြေချောမွေ့နေကြောင်း ရည်ညွှန်း၍ မီးခိုးများက အပေါ်သို့ ရစ်ပတ်၍ တက်သွားသည် ။
" ဒီကိုလာ "
စုမုန့် တစ်ဖက်သို့လှည့်ကာ ဝမ်လဲ့ကို ဝင်လာဖို့ပြောလိုက်သည် ။
စုမုန့်ခေါ်နေတာကို ကြားလိုက်ပြီးနောက် ဂူသင်္ချိုင်းထဲသို့ ဝမ်လဲ့အလျင်အမြန်လျှောက်သွားလိုက်သည် ။သို့သော် တံခါး၏အလယ်တွင် အစုလိုက်အပုံလိုက်ဖြစ်နေသော အရိုးစုများကို သူတွေ့လိုက်ရသောအခါ သူဆက်မလျှောက်သွားရဲတော့ပေ ။
" ဆရာမ ...ကျွန်တော်တို့ ဒါကို ဘာလုပ်သင့်လဲ ... "
အရိုးစုများကို ဝမ်လဲ့ ညွှန်ပြလိုက်ပြီး စုမုန့်ကို မေးလိုက်သည် ။ဤအရိုးစုများသည် သူ၏အိပ်မက်ထဲတွင် နေ့တိုင်းပေါ်လာပြီး သူ့ကို နေ့စဥ်ရက်ဆက်ခြောက်လှန့်နေခဲ့သည် ။ ဝမ်လဲ့မှာ အလွန်ကြောက်လန့်နေရပြီး အာရုံကြောသေတော့မလို့ပင် ဖြစ်ခဲ့ရသည် ။ယခုတွင် အရိုးစုအစစ်အမှန်ကို သူတွေ့လိုက်ရပြီး ထိုအရာကို ကြည့်ပင်မကြည့်ရဲတော့ချေ ။
" ရှင့်ကိုကျွန်မပြောရင် လာသာလာခဲ့ ... သူမအပေါ်ကို မနင်းမိအောင်တော့ ဂရုစိုက် "
စုမုန့် သူ့ကိုဆက်၍ တိုက်တွန်းလိုက်သည် ။စုမုန့်ပြောတာကို နားထောင်သင့်မှန်း ဝမ်လဲ့သိသော်လည်း ယခုတွင် ဤအရိုးစုကို သူအမှန်တကယ်ကြောက်နေခဲ့သည် ။ သူထိုအရာကို ကြည့်သာကြည့်နိုင်ပြီး ရှေ့သို့ ဆက်မလှမ်းရဲတော့ပေ ။
စုမုန့် စ၍စိတ်မရှည်ဖြစ်လာမှသာ နောက်ဆုံး ဝေ့ထင်စကားပြောလိုက်သည် ။
" မင်းဘာသာပဲ အထဲကိုဝင်မလား ... ဒါမှမဟုတ် ငါ့ဆီကနေ ကန်ထုတ်ခံမလား ..."
ဝေ့ထင် အေးစက်စွာပြောလိုက်သည် ။
ဝေ့ထင်၏ စကားလုံးများကို ဝမ်လဲ့သံသယမရှိပေ ။သူသေချာပေါက် ပြောသည့်အတိုင်းလုပ်လိမ့်မည် ။သူသာ ဝေ့ထင်ဆီမှ အကန်ခံရလျှင် အရိုးစုများကို သူမထိမိလောက်ဘူးဟူသည့် အာမခံချက်မရှိပေ ။သူ့ဘာသာ ကိုယ်တိုင် လမ်းလျှောက်သွားတာက ပိုကောင်းပေလိမ့်မည် ။သူ့တွင် ဒုတိယရွေးချယ်စရာမရှိပေ ။ သူအံကြိတ်ထားမိပြီး မျက်လုံးများကိုမှိတ်ကာ စုမုန့်ဆီသို့ အရိုးများကို ကျော်၍ သွားလိုက်သည်။
ဝေ့ထင်ပါ ဝင်သွားချင်သော်လည်း စုမုန့်ထံမှ အတားခံလိုက်ရသည် ။စုမုန့်သည် ဝမ်လဲ့ကို ပြဿနာဖြေရှင်းပေးရန် ကူညီနေခြင်းဖြစ်ပြီး သူနှင့် ဘာမှမသက်ဆိုင်ပေ ။ အကယ်၍ ဝေ့ထင်သာ အထဲကို ဝင်လာခဲ့လျှင် ပြဿနာအသစ်ဖြစ်လာနိုင်သည် ။
အမွှေးနံ့သာခွက်ကို စုမုန့် စိုက်ကြည့်နေခဲ့သည် ။အစပိုင်းတွင် အာလုံးမှာ ပုံမှန်ဖြစ်နေသော်လည်း ဝမ်လဲ့ဝင်လာသော အခါတွင် အမွှေးတိုင်က ပုံမှန်မဟုတ်စွာ စ၍ လောင်ကျွမ်းတော့သည် ။ အစပိုင်းတွင် အမွှေးတိုင်သုံးချောင်းမှာ ရှည်ပြီး နှစ်ချောင်းမှာ တိုနေသည် ။ ထို့နောက် မီးခိုးငွေ့များသည် အစပိုင်းတုန်းကလို ရစ်ပတ်မတက်တော့ဘဲ ဖရိုဖရဲဖြစ်လာခဲ့သည် ။
" မစ္စတာဝမ် ... ရှင်တကယ်ပဲ သူမကို တောင်းပန်ချင်ရဲ့လား ... "
ဝမ်လဲ့ သူမဘက်သို့ လျှောက်လာသောအခါတွင် စုမုန့်ခေါင်းမလှည့်ဘဲ မေးလိုက်သည် ။
ဝမ်လဲ့အလျင်အမြန်ပဲ ခေါင်းညိတ်လိုက်သည် ။
" ဟုတ်ကဲ့ ...ဟုတ်ကဲ့ ...အစောတုန်းက ကျွန်တော့်ရဲ့ အမှားပါ ...ကျွန်တော်တောင်းပန်ပါတယ်...ကျွန်တော်တကယ်ပြောတာပါ ဒီလိုဘယ်တော့မှ ထပ်မလုပ်တော့ဘူးလို့ ကျွန်တော်ကျိန်ဆိုပါတယ် ... ကြီးမြတ်တဲ့အန်တီက ကျွန်တော့ကိုသာလွှတ်ပေးမယ်ဆိုရင် ကျွန်တော်က စားပွဲပြင်ဆင်ပေးပြီးတော့ ပွဲတော်တိုင်း ဂုဏ်ပြုပွဲပေးမှာပါ ..."
ဝမ်လဲ့၏ အသံမှာ ဟန်မဆောင်ထားသော်လည်း သူပြောပြီးသွားသောအခါတွင် အမွှေးတိုင်မှာ ပုံမှန်ပြန်မဖြစ်သေးပေ ။ထိုအရာသည် အတို ၊ အရှည် ဖြစ်နေဆဲဖြစ်ပြီး တစ်ချို့မှာ အလျင်အမြန်လောင်ကျွမ်းနေပြီး အချို့မှာ ဖြည်းဖြည်းချင်းလောင်ကျွမ်းနေသည် ။
စုမုန့်ကို ဝမ်လဲ့ကိုးရိုးကားရားနိုင်စွာကြည့်လိုက်သည် ။ဖုန်းရွှေအကြောင်း သူသိပ်မသိသော်လည်း သူ၏ရှေ့မှ မြင်ကွင်းကတော့ ပေါ်လွင်နေသည် ။ထိုအရာမှာ မကောင်းကြောင်း လူတိုင်းပြောနိုင်သည် ။
" ဆရာမ.."
စုမုန့်ကို အကူအညီတောင်းရန် ဝမ်လဲ့ခေါ်လိုက်သော်လည်း ဘာလုပ်ရမလဲမသိပေ ။
စုမုန့် ထိုအရာကြောင့် စိတ်အနှောင့်အယှက်မဖြစ်သွားပေ ။သူမ အခေါင်းကိုသာ ကြည့်နေပြီး ဝမ်လဲ့ကိုပင် ကြည့်မနေခဲ့ချေ ။
စုမုန့် ဘာမှမပြောခဲ့ဘဲ ဝမ်လဲ့လည်း ဘာမှမပြောရဲပေ ။သူ စိတ်လှုပ်ရှားစွာ စုမုန့်ကိုသာ စိုက်ကြည့်နေခဲ့သည် ။
ထိုအရာမှာ သူကြောက်ရွံ့၍လား သို့မဟုတ် ကင်ခြေများအကိုက်ခံရခြင်းကြောင့်လားဆိုတာကို မသိရသော်လည်း ဝမ်လဲ့၏ မျက်နှာမှာ ဖြူဖျော့လာပြီး နဖူးတွင် ချွေးအထပ်လိုက် ထွက်လာခဲ့သည် ။သူနေလို့မကောင်းတာ အလွန်ကို သိသာသည် ။သူ၏မျက်လုံးများမှာ အနည်းငယ်အာရုံမစိုက်နိုင်ဖြစ်နေပြီး သူ၏လက်များပင် တုန်ရီနေခဲ့သည် ။
သို့သော် စုမုန့်က အခေါင်းကိုသာ အာရုံစိုက်မိနေပြီး သူ၏လက်ရှိအခြေအနေကို သတိမထားမိခဲ့ပေ ။
ဝေ့ထင်မှာ ဂူသင်္ချိုင်းအတွင်းရှိအခြေအနေများကို သေချာအာရုံစိုက်နေသော်လည်း အထဲတွင် အလွန်မှောင်နေပြီး ဝေးသောနေရာတွင်သာ သူရှိနေခဲ့သည် ။ဝမ်လဲ့၏ အမူအရာကို သူလုံးဝမမြင်ရပေ ။
" သွားပြီးတော့ အဲ့ဒီမိန်းကလေးရဲ့ ခန္ဓာကိုယ်ကို ဒီအခေါင်းထဲထည့်ဖို့ ယူလာခဲ့ "
ခဏအကြာတွင် ဝမ်လဲ့ကို စုမုန့်ပြောလိုက်သည် ။
သူထိုအရိုးစုကို သယ်ရမည်ကြားရသောအခါတွင် ဝမ်လဲ့၏အမူအရာမှာ ပို၍ပင် ဆိုးသွားခဲ့သည် ။ အရိုးစုသည် သူ့ကြောင့် ချေမွခံခဲ့ရပြီး ယခုတွင် ထိုအရာကို သူပြန်သယ်သွားရမည်သာမကဘဲ သူမအတွက် အတူတကွပင်ပြန်ထားပေးရဦးမည် ။ထိုအရာမှာ သူ့အတွက် အလွန်ခက်ခဲလွန်းသည် ။
"ဆရာမရဲ့အကြံပေး.. "
စုမုန့်တွင် အခြားနည်းလမ်းတစ်ခုများရှိအုန်းမလားဟု သူ မေးချင်ခဲ့သည် ။သို့သော် သူ၏စကားမဆုံးခင်တွင် စုမုန့်ကြားဖြတ်ပြောလိုက်သည် ။
" ကျွန်မရှင့်ကိုပြောတာကိုသာလုပ်ပါ ...မလိုအပ်တာတွေဘာမှ မပြောနဲ့ ... အရိုးစုက တစ်စစီဖြစ်နေရင်တောင် သူမအတွက် ရှင်ပြန်တည့်မတ်ပေးလိုက်ဖို့က မခက်ခဲပါဘူး ...ဟုတ်တယ်မလား ..."
" အဲ့တာမခက်ပါဘူး ...ဒါပေမယ့် ဒီအတိုင်း အဲ့ဒါက..."
သူစကားပြောလိုက်ချိန်တွင် ဝမ်လဲ့ရုတ်တရက် သူ၏နားထဲတွင် တဝီဝီမြည်သံကို ကြားလိုက်ရသည် ။ ထို့နောက် သူ၏နားသည် စတင်၍ မြည်ဟည်းလာခဲ့သည် ။
သူသည် အစကတည်းကပင် မူးဝေဝေဖြစ်နေခဲ့ပြီး ယခုတွင် ပို၍ ပြင်းထန်လာခဲ့သည် ။ထိုအရာမှာ အဆိပ်မိနေခြင်းများလား ။ သို့သော် ကင်းမြီးကောက်ထက် ကင်းခြေများကပို၍ အဆိပ်ပြင်းတာကိုတော့ သူတစ်ခါမှ မကြားခဲ့ဘူးပေ ။ထိုအရာက ကင်းခြေများတို့မှာ တစ်နှစ်ပတ်လုံးမြေအောက်တွင်နေထိုင်လာရ၍ သန္ဓေပြောင်းသွားခြင်းများ ဖြစ်မည်လား ။
စုမုန့်ကို သူဤအခြေအနေကိုပြောပြချင်သော်လည်း သူ့ကိုထွက်သွားရန် စုမုန့်ပြောလာမည်ကို သူကြောက်မိသည် ။ဤတစ်ကြိမ်တွင် သူပြဿနာကို မဖြေရှင်းနိုင်လျှင် ဒီကိစ္စက သူ့ကိုတစ်ချိန်လုံးလိုက်နေလိမ့်မည် ။
' မရဘူး ...ဘာတွေပဲဖြစ်လာပါစေ ...ငါဒါကို ပြီးအောင်လုပ်မှဖြစ်မယ် '
ဝမ်လဲ့ မသက်မသာဖြစ်နေခြင်းကို သည်းခံလိုက်ပြီး အရိုးစု၏ရှေ့ကို လျှောက်သွားသောအခါတွင် သူ၏တုန်လှုပ်နေသော ခန္ဓာကိုယ်ကို တည်ငြိမ်အောင်လုပ်လိုက်သည် ။သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားပြီး မျက်လုံးမှိတ်ထားခဲ့သည် ။သူ၏ လက်မောင်းကို ရှေ့ဆန့်လိုက်ကာ အခေါင်းဆီသို့မသွားခင် အရိုးပုံများကို တိုက်ရိုက်ကောက်ယူလိုက်သည် ။
စုမုန့်၏ ညွှန်ကြားချက်ကို လိုက်နာပြီး အရိုးများကို အခေါင်းထဲသို့ထည့်လိုက်ပြီး သူအလျင်အမြန်နေရာတကျ ထားပေးလိုက်သည် ။ပြီးနောက် အဆုံးမှသာ သူစိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည် ။
အရိုးစုများ အခေါင်းထဲသို့ ပြန်ရောက်မှသာ စုမုန့်၏အကြည့်များ နေရာလွှဲသွားတော့သည် ။ အခေါင်းကိုပိတ်ဖို့ ဝမ်လဲ့ကို သူမ ပြောလိုက်သည် ။
ဝမ်လဲ့ အခေါင်းကို ဖုံးပြီးနောက် အဝါရောင်အဆောင်စာရွက်အနည်းငယ်ကို သူမ ထုတ်လိုက်ပြီး ဂါထာရေးဆွဲလိုက်သည် ။ထိုအရာများကို အခေါင်း၏ထိပ်နှင့် ထောင့်များတွင် ကပ်လိုက်ပြီး အောက်ခြေနေရာကိုသာ ချန်ထားလိုက်သည် ။
ထို့နောက် သူမ အနီရောင်ကြိုးလုံးကို ထုတ်လိုက်ပြီး အခေါင်း၏ ဘေးဘက်လေးနေရာကို ပတ်လိုက်သည် ။ဤတစ်ကြိမ်တွင် ကြိုးကို အပေါ်နှင့် အောက်ပိုင်းနေရာများတွင် ချန်ခဲ့သည် ။
နောက်ဆုံးတွင် စုမုန့် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည် ။
" ဆရာမ ...အဲ့တာတွေက ဘာအဓိပ္ပါယ်လဲ "
ဝမ်လဲ့ အဆောင်နဲ့ ကြိုးတွေကို လက်ညှိုးထိုးပြပြီး စုမုန့်ကို မေးလိုက်သည် ။
အစပိုင်းတွင် စုမုန့်က အခေါင်းကို ချိတ်ပိတ်ဖို့လုပ်နေခြင်းဟု သူထင်ခဲ့သည် ။သို့သော် သူမသာ အခေါင်းကို ချိတ်ပိတ်ဖို့လုပ်နေလျှင် ဘာကြောင့် တစ်ဖက်ကို သူမ မထိဘဲ ချန်ထားခဲ့မည်နည်း ။ ထိုသို့ဆိုလျှင် ၎င်းမှာ အသုံးဝင်လိမ့်မည် မဟုတ်ပေ။
ဤကဲ့သို့အရာမျိုး သူ့ထံတွင် ထပ်မဖြစ်လာအောင် တားဆီးဖို့အတွက် ဆိုလျှင် အထဲက နတ်ဆိုးစွမ်းအင်လွတ်မထွက်အောင် စုမုန့် ထိုအရာကို လုံးဝချိတ်ပိတ်ပစ်လိုက်သင့်သည် ။
သူမ မန္တန်ကပ်ထားသော အခေါင်းကိုကြည့်ကာ စုမုန့်ပြောလိုက်သည် ။
" ဒီအမျိုးသမီးအလောင်းကောင်က သူမအသက်ရှိတုန်းက ပုံမှန်မဟုတ်တဲ့ သေဆုံးခြင်းမျိုးနဲ့ သေသွားခဲ့ရတာ ...သူမက အခေါင်းထဲမှာ ပိတ်ခံရပြီး သေသွားတဲ့အထိ ခံစားခဲ့ရတာ ... ရလဒ်အနေနဲ့ သူမရဲ့ အမုန်းတရားတွေက အရမ်းကြီးမားသွားတယ် ဒါပေမယ့် သူမက အသက်ရှင်ခဲ့တုန်းက အရမ်းကြင်နာပြီး ဘာမကောင်းတာတစ်ခုမှ မလုပ်ခဲ့ဘူး ...ဒါကြောင့် သူမက အခု အမုန်းတရားတွေ ရန်ငြှိုးတွေပြည့်နေရင်တောင် သူမကို ပြောင်းလဲဖို့အတွက် အခွင့်အရေးရှိသေးတယ် ..."
xxxxxxx