အပိုင်း ၉၇
Viewers 11k

Chapter 97




' ကျုံးယို့ယို့က ပြည်နယ်ရဲ့ အဆင့်တစ် နတ်ဘုရားကို သိတာတောင်  အတန်းထဲက ဘယ်သူ့ကိုမှ မပြောပြဘူး မနက်ကျ တွေ့ကြသေးတာပေါ့ '

*

ကျုံးယို့ယို့က Chat roomကို ပိတ်လိုက်ပြီး QYXLPအကောင့်ထဲသို့ အလွန်အေးဆေးစွာဖြင့် ၀င်ရောက်လိုက်သည်။ သူမက ပို့စ်ကိုဖွင့်လိုက်ပြီး ထိုကိစ္စက အရမ်းလူပြောများနေခဲ့သည်။


ပို့စ်တင်သူက ပြဿနာ‌ဖြစ်မှာကို မကြောက်ဘဲ တခြားသူတွေကို စာပြန်နေခဲ့ပြီး ကောမန့်များက လျင်မြန်စွာ တိုးပွားနေလျက်ရှိသည်။ စကားလုံးများက ဒေါသများနှင့် ပြည့်နေပြီး သူမသူငယ်ချင်း၏ ကောင်လေးက တကယ် မြူဆွယ်ခံခဲ့ရသလိုပင်။ 


ကျုံးယို့ယို့က တခြားကြိမ်းမောင်းပုတ်ခတ်နေသူများကို လျစ်လျူရှုလိုက်ပြီး သူမ၏ အဓိက အကောင့်ဖြစ်သည့်  အဆင့်တစ်အကောင့်ကို တိုက်ရိုက်အသုံးပြုရင်း စာတစ်ကြောင်းဖြင့် အကြောင်းပြန်ခဲ့သည်။


" ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၄၆အရ သတင်းအမှားတွေ ဖြန့်ဖြူးခြင်းက   ပမာဏ ၅၀၀ ကို ကျော်လွန်ရင် ပြစ်မှုကျူးလွန်တယ်ဖြစ်သွားတယ် ။  ဆက်လက် ရန်စပြီး ပြဿနာတွေ ဖြစ်ပွားစေမယ်ဆိုရင် ပြင်းထန်တဲ့ ပြစ်မှုအဖြစ် သတ်မှတ်နိုင်တယ် ။ နင် ဆက်ပြီးလုပ်ရဲလား "


ဤစာတို ထွက်ပေါ်လာသည်နှင့် ချက်ချင်းပင်  အလွန်တက်ကြွနေခဲ့သည့် ဖိုရမ်က ရပ်တန်သွားခဲ့သည်။ 

 

' ပို့စ်ပိုင်ရှင်ရဲ့ အကောင့်နာမည်က သူတို့ ဖတ်လိုက်တာ မှန်တယ်မလား။  အဲ့ဒါက နတ်ဘုရား နံပါတ်တစ်ပဲ ။ ဟုတ်တယ်။‌ ဝေါင်း ပို့စ်ပိုင်ရှင်က နတ်ဘုရားကို ထွက်လာအောင် တကယ်လုပ်နိုင်ခဲ့တာပဲ '


ဖိုရမ်က တဖြည်းဖြည်း ဆူပွက်လာသည်။

 ' ဖာ့ခ် ၊ ကိစ္စကြီးပဲ လာပြီးကြည့်ကြအုံး'

ချက်ချင်းပင် လူအများကြီး တဟုန်ထိုး အပြေးအလွှား ဖိုရမ်ထဲသို့ ရောက်လာခဲ့ကြပြီး မူလပို့စ်တင်သူနှင့် နတ်ဘုရား QYXLP ကြားက ထိပ်တိုက်ရင်ဆိုင်ပွဲကို တွေ့မြင်လိုနေကြ၏ ။  ဤသည်က ပြင်းထန်သည့် တိုက်ပွဲတစ်ခုပင်။


အဓိကကျသည့်‌ မေးခွန်းက မည်သူကနိုင်ပြီး မည်သူက ရှုံးမည်နည်း ။ သူတို့သည် အဆင့်တစ် နတ်ဘုရား၏ မေးခွန်းဖြေဆိုသည့်  အမြန်နှုန်းကို မျက်မြင်ကြုံခဲ့ကြပြီး အံ့ဩလေးစားခဲ့ကြသည်။ သို့သော် ဖန်အသိုင်းအဝိုင်းက ဤကိစ္စတွေမှာ ဇွဲကောင်းပြီး အကွက်ဆင်ခြင်း၌ ကျွမ်းကျင်သည့် မိန်းကလေးမျိုးနှင့် ရင်ဆိုင်ရသည့်အခါ သူမ နိုင်မည်လား ။


စာလေ့လာခြင်းကိုသာ လုပ်ကြသည့် သူတွေသည် ဤကဲ့သို့ အခြေအမြစ်မရှိသည့် ကောလဟာလတွေကို မကိုင်တွယ်နိုင်ကြပေ။ ဖိုရမ်ထဲမှသူတွေသည် နတ်ဘုရားအတွက် စိတ်ပူနေကြသည်။


ပို့စ်တင်သူက သုံးမိနစ်ကြာသည်အထိ စကားမပြောလာခဲ့ချေ ။ ကောလဟာလများ ဖြန့်ဖြူးလျှင် အရေးယူခံရမည် ။ သူမသည် အင်တာနက်ပေါ်ကနေ တခြားဖန်များကို ကြိမ်းမောင်းသည့်နေအခါ  ထိုစကားကို အကြိမ်ပေါင်းရာပေါင်းများစွာ ကြားခဲ့ဖူး၏ ။ သို့သော် ယခုအချိန်၌ တခြားတဖက် ထိပ်ဆုံးအဆင့်တစ်ဖြစ်သူမှ ပြောလာသည့်အခါ ခြိမ်းခြောက်သည့် အရှိန်အဝါရှိနေသကဲ့သို့ ဖြစ်ပြီး ရုတ်တရက် သူမ၏စိတ်ကို  မသက်မသာ ဖြစ်စေသည်။


သုံးမိနစ်ကြာပြီးသည့်နောက် ပို့စ်ပိုင်ရှင်က စာပြန်လာခဲ့သည်။

"ကြောက်စရာမရှိဘူး ၊ ဒါက အမှန်တရားလေ ။ နင်က သူများကောင်လေးကို မြူဆွယ်ခဲ့တာ   "


ကျုံးယို့ယို့ : " အဲ့ဒါက အမှန်တရားဆိုတာ သေချာလား"


ပို့စ်ပိုင်ရှင် : " သေချာတယ် "


"ကောင်းပြီ " ကျုံးယို့ယို့က သူမနှုတ်ခမ်း‌တွေကို တွန့်ချိုးလိုက်ပြီးနောက် ထိုနေ့ညက ကျန့်ကျီရိနှင့် သူမကြားက စာပို့မှုမှတ်တမ်းတွေကို ရိုးရိုးရှင်းရှင်း ဆွဲထုတ်ပြလာခဲ့သည်။


"....."


ပို့စ်ပိုင်ရှင်သည် အစီအစဉ်တွင် ဂျာကင်အင်္ကျီပြောင်ကို ၀တ်ဆင်ခဲ့ပြီး စာကြမ်းပိုးပုံပေါက်နေခဲ့သည့် အဆင့်တစ် မိန်းကလေးက ယခုကဲ့သို့ သူမကိုယ်သူမ ယုံကြည်မှုရှိသူ ဖြစ်မည်မှန်း မထင်ထားခဲ့။ စာကိုသာ လေ့လာတတ်မည့် သူမျိုးဟူ၍သာ ထင်ထားခဲ့သည်။ သူမက စာပို့မှုမှတ်တမ်းတွေကိုတောင် တိုက်ရိုက် တင်လာခဲ့သည်။ လူအများစုက ဤကဲ့သို့ ကိစ္စများကို အပြစ်မယူဘဲ လျစ်လျူရှုကြသော်လည်း ကျုံးယို့ယို့ကမူ ယခုကဲ့သို့ လူမျိုးဖြစ်မည်ဟု သူမ ‌မထင်ထားခဲ့မိ။ 


 သူမသည် ရင်ဆိုင်ရခက်သည့်ပြိုင်ဘက်နှင့် တွေ့ခဲ့ခြင်းဖြစ်သည်။ ဖိုရမ်က ကျုံးယို့ယို့ဘက်သို့ တိမ်းစောင်းနေခဲ့ပြီးဖြစ်ကာ ယခုမူ ပို၍ ရွေ့လျားသွားခဲ့သည်။


" ဘာလဲဟ  မေးခွန်းတချို့တွက်ကြရုံပဲလေ ပို့စ်တင်တဲ့လူ ရူးနေတာလား ၊ ဒါက ညလယ်ခေါင် နှစ်ကိုယ်ကြား သီးသန့် စာပို့တာလို့ ပြောလို့မှမရတာ တမင်တကာ လူတွေကို အထင်မှားအောင် လုပ်ခဲ့တာပဲ " 


" ကံကောင်းလို့ နံပါတ်တစ်က မှတ်တမ်း‌တွေ ရှိထားလို့ မဟုတ်ရင် သူများတွေကို ချောက်ချခွင့်ပြုသလိုမဖြစ်ဘူးလား" 


" ငါထင်ခဲ့တာ စာတွေက ဒွိဟဖြစ်စေမှာတွေပေါ့... မှတ်တမ်းကို ဖတ်ပြီးမှပဲ အဆင့်တစ်က ကျန့်ကျီရိဖို့ အေးစက်တဲ့ မေးခွန်းတွေဖြေရှင်းပြတဲ့စက်ကြီးပဲ ဟားဟားဟား "


" ပို့တင်တဲ့သူက အဆိပ်ပြင်းချက်ပဲ ။ စိတ်ကူးယဉ်ပြီး လွန်လွန်ကဲကဲ သရုပ်ဆောင်နေတာ ။ ကုသမှု ခံယူဖို့ ဆေးရုံကို သွားသင့်တယ် "


...

ကွန်ပျူတာ‌ရှေ့ရှိ ၀မ်နွမ်နွမ် မျက်နှာသည် ကြောက်မက်ဖွယ်ဖြစ်နေခဲ့သည်။  သူမက ဤကဲ့သို့ သူတပါးကို ပုတ်ခတ်၊ရေဆိုး‌လောင်းပြီး ပို့စ်ကို နာမည်ကြီးအောင်လုပ်သည့် ကိစ္စများ၌ ကျွမ်းကျင်သူဖြစ်သည်။ သက်ဆိုင်သူက ရှင်းပြလာတောင် မည်သူကမှ အာရုံစိုက်ကြမည်မဟုတ် ပေ။ ကောလဟာလသည် ပျံ့ဖို့က လွယ်သော်လည်း ပျောက်ကွယ်ဖို့က မယုံကြည်နိုင်အောင် ခက်ခဲသည်ဟူ၍ ပြောကြသည်။


သို့သော် အဆင့်တစ်က ဘာကြောင့် နာမည်ကြီးမှန်း မသိ‌‌ချေ။ သို့သော် သူမ ပို့စ်တင်လိုက်သည်နှင့် သူမကို နောက်ဆုတ်‌စေသည့် ခြိမ်းခြောက်ဖွယ် အရှိန်အဝါရှိ‌နေရုံသာမက တခြားသူများ၏ ထောက်ခံခြင်းကိုပင် စုဆောင်းခဲ့သည်။ 


သူမသည် ယခုအခါ နောက်ဆုတ်ဖို့ရန် အတော်လေး ခက်ခဲသွားခဲ့ပြီ။


သို့သော် ကံကောင်းစွာဖြင့် သူမက အစကတည်းက သူငယ်ချင်းအဖြစ် ပို့စ်တင်ခဲ့ပြီး သူမကိုယ်သူမ ဤကိစ္စနှင့်  ခပ်ခွာခွာဖြစ်ရန် ပြင်ဆင်ထားခဲ့သည်။


ထို့ကြောင့် ၀မ်နွမ်နွမ်သည် အခြားအကောင့်တစ်ခုသို့ ပြောင်းကာ ဖိုရမ်သို့ ၀င်ရောက်ပြီး သူမ၏ နာမည် ' ၀မ်နွမ်နွမ် 'ကို အသုံးပြုပြီး စာပြန်ခဲ့သည်။


" တောင်းပန်ပါတယ် အားလုံးကို ရယ်စရာဖြစ်စေမိပြီ။ ကျွန်မသူငယ်ချင်းအပြစ်ပါ။  သူမက ဆတ်ဆတ်ထိမခံဖြစ်လွန်းလို့ပါ ။ သူမကို စကားပြောခဲ့ပြီးပါပြီ ။ ကျွန်မ ကောင်လေးနဲ့ QYXLP ကြားမှာ ဘာမှမရှိမှန်း ယုံပါတယ်။  ဒါပေမဲ့ ကျွန်မ မျှော်လင့်ပါတယ် အနာဂတ်မှာတော့ ဒီလိုမျိုး သံသယဖြစ်နိုင်တာ‌တွေကို ရှောင်ရှားနိုင်မယ်လို့.... "


ဤသည်က ယ‌ဉ်ကျေးသိမ်မွေ့သော ပြောဆိုပုံဟူ၍ ထင်ရနိုင်သော်လည်း  အဆင့်တစ်က သံသယဖြစ်ဖွယ်ရာ ကိစ္စကို ရှောင်ရှားခဲ့သင့်သည်ဟူ၍ ရှင်းလင်းသည့်ဝေဖန်မှုနှင့် သွယ်ဝိုက်သည့်ဝေဖန်မှုတို့က  ပါ၀င်နေခဲ့သည်။


ဤစာကို ပို့ပြီးသည့်နောက် အဆင့်တစ်က အတော်ကြာသည်အထိ စာပြန်လာခြင်းမရှိသောအခါ ၀မ်နွမ်နွမ်သည် နောက်ဆုံး၌ စိတ်အေးသွားခဲ့သည်။ နံပါတ်တစ် မိန်းကလေးက တကယ်ပင် ရင်ဆိုင်ရန် ခက်ခဲသည်။ သူမက ပေါက်စီအိအိ‌လေးမဟုတ်ဘဲ သံပြားတစ်ချပ် ဖြစ်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဤကဲ့သို့ ဖြစ်ပြီးသည့်နောက် အနာဂတ်မှာ နံပါတ်တစ်က ကျန့်ကျီရိကို ရှောင်ကြဥ်မည့်အလားအလာကများပြီး ထို့အပြင် ဖိုရမ်တစ်ခုလုံးကလည်း ဒီကိစ္စကိုသိကြသွားကြရာ...  


၀မ်နွမ်နွမ်၏ နှလုံးသားထဲ၌ လက်တုံ့ပြန်ချင်စိတ်သည် ရှိနေဆဲ ဖြစ်၏။ 


အဆင့်တစ်က အချိန်အကြာကြီးစကားပြောမလာသည့်အခါ ဖိုရမ်ပေါ်မှ တခြားလူတွေသည် သူမအတွက် ခံပြင်းနေကြသည် ။ သူမက ဘာမှ မပြုလုပ်ခဲ့သော်လည်း ရေဆိုး‌ရေညစ်များ ပက်ဖျန်းခံခဲ့ရသည်။


သို့သော် မည်သူသိမည်နည်း။ တစ်မိနစ်ခန့် ကြာပြီးသည့်နောက် QYXLP ကပြောလာ၏။


သူမက ထေ့ငေါ့စွာ ပြောလာသည်။

" ကလေးမလေး မျက်နှာနှစ်ခု ရှိတာလား ။ ပို့်စ်ပိုင်ရှင် IP က 235.178.27.155 ၊ ၀မ်နွမ်နွမ်ဆိုတဲ့ အပေါ်က သူကလည်း 235.178.27.155  ဘာလို့ လိပ်စာနှစ်ခုက ထပ်တူညီနေတာလဲ ရှင်းပြပေးပါလား "


' ဖာ့ခ် '


ဖိုရမ်က စိတ်လှုပ်ရှားသွားခဲ့ကြသည်။ ဤအရာသည် မျက်နှာကို ပြင်းထန်စွာ  ဖျက်ရိုက်ခြင်းဖြစ်သည်။ နတ်ဘုရားက မည်သည်ကိုမှ မပြောပဲ ရှိနေခဲ့သည်က သူမသည် ပို့စ်တင်သူ၏ IP လိပ်စာကို စစ်ဆေးနေခဲ့‌သောကြောင့် ဖြစ်သည်။ 


 '  ဒီကျောင်းအလှလေး ၀မ်နွမ်နွမ်က  ကိုယ်တူစိတ်ကွဲဂိမ်း ဆော့နေသည်ထင်နေတာလား။ ဒါက နည်းနည်း  အဓိပ္ပာယ်မရှိဖြစ်မနေဘူးလား '


သူမက သူငယ်ချင်းဆိုသည်ကို အသုံးပြုကာ ပို့စ်တင်ခဲ့ပြီး ကြင်နာသည့်ဟန်ဖြင့် ဖျောင်းဖျရန်အတွက် ထွက်လာခဲ့သည်။


' ဒီမိန်းကလေးက တော်တော်လေးကို ပျင်းနေတာလား ၊ ‌ခေါင်းများ‌ မကောင်းတာလား '


၀မ်နွမ်နွမ်၏ မျက်နှာသည်  တောက်လောက်နေပြီး ကွန်ပျူတာရှေ့၌ ထိုင်နေရင်း ခိုက်ခိုက်တုန်နေ၏။ အချိန်ခဏကြာသည်အထိ သူမသည် မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို မတွေးနိုင်ခဲ့ချေ။


လူတိုင်းက နတ်ဘုရားသည် ဒုတိယ၀ါကျ ချန်ရစ်ခဲ့သည်ကို လူတိုင်း‌  တွေ့လိုက်ကြရသည်။


[ ပထမအချက် -  နင့်ရည်းစားကသာမန်လေ။  ငါမကြိုက်ဘူး ]


[ဒုတိယအချက် - ငါက ကျိန်ဆဲတဲ့ နေရာတွေမှာ မတော်ဘူး ။ ဒါ့ကြောင့်မို့ ကျိန်ဆဲတဲ့နေမှာတော်ပြီး နှုတ်ရေးကောင်းကောင်းနဲ့ ကြိမ်းမောင်းနိုင်တဲ့သူ ဘယ်သူ့ကိုမဆို ငါ့တပည့်အဖြစ် လက်ခံပြီး လုံး၀ဥဿုံ စာသင်ပေးမယ်။ နှစ်လယ်စာမေးပွဲမှာ အနည်းဆုံး အဆင့်နေရာ ၃၀၀  တိုးတက်မလာဘူးဆိုရင် ငါပြိုင်ပွဲကနေ ထွက်ပေးမယ် ၊ ငါ့စကားငါတည်တယ် "


ထိုစာသားကို ချန်ခဲ့ပြီးသည့်နောက် လိုင်းပေါ်မှ ဆင်းသွားခဲ့သည်။ 


ဖိုရမ်တစ်ခုလုံး : "..."


' နတ်ဘုရားကတော့ နတ်ဘုရားပါပဲ စကားများများ မပြောဘူး  ဒါပေမဲ့ အရမ်းထိမိတယ် ။ မင်းတို့ ဘာလို့ သူမကို ကူပြီးကျိန်ဆဲမပေးကြတာလဲ ။ အဆင့်၃၀၀ တောင် ။ ဒါက ကိုယ်ခံပညာသိုင်း‌ပညာရှင် ဆရာသခင်က အတွင်းစည်းတပည့်လက်ခံတာနဲ့ မတူဘူးလား '