Chapter 98
ဤညနေခင်းတွင် ကျောင်းဖိုရမ်အား ကြည့်နေကျသောသူတို့သည် စိတ်လှုပ်ရှားစရာကောင်းသောအရာတို့အား စောင့်မျှော်နေကြပြီး ကျုံးယို့ယို့ ထိုစာသားအား တင်လိုက်သောအခါ လှုပ်ရှားရန်အသင့်ဖြစ်နေကြသောသူတို့သည် များစွာရှိကြသည် ။အဆုံးတွင် စီရင်စုရှိဆရာကြီးသာ နည်းလမ်းအား အမှန်တစ်ကယ်သင်ကြားပေးနိုင်သည်ဆိုလျှင် ထိုအရာသည် စျေးကွက်အတွင်းတွင် အဖိုးမဖြတ်နိုင်သော အရာပင်ဖြစ်သည် ။
ရလဒ်အနေဖြင့် စိတ်လှုပ်ရှားဖွယ်ရာအား စောင့်ကြည့်နေကြပြီး အလုပ်သင်အဖြစ်တောင်းဆိုနေကြသောသူတို့သည် အားရပါးရ ဆဲရေးနေကြပြီဖြစ်သည် ။
[ ကျိန်ဆဲတာလား ။ ငါကဒီလိုနေရာတွေမှာ တော်တယ်လေ။ တွေ့တယ်မလား ။ ဒီရူးနှမ်းနေတဲ့ကောလဟာလတွေကို သေအောင်တံတွေးထွေးဖြစ်ဖို့ ငါသာမကူညီခဲ့လို့ကတော့ "]
[ အေမြို့က ဝမ်နွမ်နွမ် ၊ ဘာလို့ဒါလေးကိုတောင် မစဥ်းစားတတ်ရတာလဲ ။ သူ့ထက်အဆတစ်ရာလောက်သာတဲ့သူကို ရန်စပြီး ပြည်နယ်နံပါတ်တစ်ကို ဆန့်ကျင်ရမှာတဲ့လား ။ "]
.....
ဤညသည် ဖိုရမ်၌ သွေးမုန်တိုင်းကဲ့သို့ ပြင်းထန်နေသည် ။
မဟာနတ်ဘုရားသည် ဒဏ္ဍာရီလာဖြစ်ပြီးနောက်တွင် ငန်းများသည်လည်း ခြေရာမကျန်အောင်ဖြတ်သွားကြပြီဖြစ်သည် ။ဒါပေမဲ့ ဝမ်နွမ်နွမ်ကတော့ စက်ဆုပ်စရာပဲ။ သူမက သွေးတွေနဲ့ ဖြန်းပက်ထားခံခဲ့ရတဲ့သူပဲ ။ သူမသည် ကိုယ်တိုင်ပင် ကျိန်စာပြန်မိနေခြင်းဟုပင်ပြောနိုင်ပါသည် ။ အိုး မဟုတ်သေးပါဘူး ။ သူမက ဆယ်ဆ မဟုတ်ပါဘူး အဆတစ်ရာလောက်ကို ကျိန်ဆဲခံနေရတာပဲ ။
ဝမ်နွမ်နွမ်သည် သူမအား ဆဲရေထားသော ပိုစ့်များအား အွန်လိုင်းတွင် တွေ့ရသောအခါ အလွန်ဒေါသထွက်လာခဲ့သည် ။ ပထမက သူမသည် စကားပြောခန်းတွင် အနည်းငယ် စာပြန်ရန်လုပ်ထားသော်လည်း သူမတွေ့လိုက်ရသည်မှာ သူမစာပြန်လေလေ ဤဖိုရမ်အဖွဲ့ရှိသူများသည် ပို၍စိတ်လှုပ်ရှားလာလေလေဖြစ်ကာ အချို့သူများသည် ပထမလူအား ကူ၍ပင်ပြောပေးမနေဘဲ သူတို့သည် ကီးဘုတ်ပေါ်တွင်သာ တိုက်ခိုက်ကြသောသူများဖြစ်ကြလေသည် ။သူတို့သည် သူမအား အကြောင်းပြချက်မရှိ လွန်ကဲစွာ တိုက်ခိုက်ဆဲရေးနေကြသည် ။
ဝမ်နွမ်နွမ်သည် သင်ယူရသည်ကို မကြိုက်နှစ်သက်ပေ ။ သူမသည်ပုံမှန်အားဖြင့် ကျော့ကျော့မော့မော့ဝတ်ဆင်၍ အဖွဲ့ဖွဲ့ကာ နာမည်ကြီးနောက်များသာလိုက်လေ့ရှိသည် ။ သူမသည် နာမည်ကြီးသူများအားလိုက်သောအသိုင်းအဝိုင်းတွင် အမာခံဖန်ပင် ဖြစ်နေသေးသည် ။ သူမသည် ပုံမှန်အားဖြင့် အွန်လိုင်းပေါ်တွင် အခြားသူများပြောသည်ကို လက်ခံလေ့မရှိဘဲ သူ၏ အဖွဲ့များအားခေါ်ကာ စကားဖြင့်တိုက်ခိုက်၍ အနိုင်ကျင့်လေ့ရှိသည် ။ သူမသည် ထွက်ပေါ်လာပြီး အခြားသူများအား သရော်ကာ တောင်းပန်ရန် ဖိအားပေးလေ့ရှိသည် ။
ဤအရာများအားလုပ်နေပြီး လူအများစုသည် သူမအနောက်တွင် ရပ်တည်ကြပြီး အမြင့်မှနေ၍ အခြားသူများအားဝေဖန်နေသည်ကိုကြည့်ရင်း သူမသည် ကိုယ့်ကိုယ်ကို ပင်မလူတစ်ယောက်ကဲ့သို့ပင် ခံစားခဲ့ရသည် ။ သူမသည် ကျောင်း၌လည်း သူမပြောသည်ကို လက်မခံကြသော ၊ တွန်းလှန်ကြသောသူများအား ဤနည်းဖြင့် တိုက်ခိုက်လေ့ရှိသည် ။ ထိုလူကိုလည်း ရည်ရွယ်ချက်ရှိရှိပင် အပယ်ခံဖြစ်အောင် လုပ်လေ့ရှိသည် ။ သူမသည် လှပပြီး နေရာတိုင်းလိုလိုကို ထိန်းချုပ်ထားလေ့ရှိသည် ။ ထို့ကြောင့် သူ၏ ညီအစ်မအုပ်စုသည် သူမနောက်သို့လိုက်ပြီး ထိုမိန်းကလေးအား ဖယ်ချန်ထားလိမ့်မည် ဖြစ်သည် ။
သို့သော် သူမသည် သူမပျိုးသောအပင်အား ထိုနေ့တွင် ကိုယ်တိုင်ပြန်ရိတ်သိမ်းရပြီး စကားဖြင့်အကြမ်းဖက်မှုတို့အား ခံစားရလိမ့်မည်ဟု မထင်ထားခဲ့ပေ ။
ဝမ်နွမ်နွမ်၏ စိတ်ကြီးဝင်ခြင်းသည် ရိုက်ချခံလိုက်ရပြီ ဖြစ်သည် ။ ထို့ကြောင့် သူမထံတွင် ဘာမှ မကျန်တော့ပေ ။
သူမသည် ဒေါသကြောင့် တုန်ရီလာခဲ့ပြီး ကွန်ပြူတာအားပိတ်လိုက်ကာ ဂွမ်းစောင်အား ဖွင့်လိုက်ပြီးထိုအရာကို ဝှက်ထားလိုက်သည် ။
သို့သော် နောက်ပိုင်း၌ နှစ်မိနစ်အတွင်းတွင် အောက်ထပ်ရှိ တံခါးဘဲလ်သည် မြည်လာခဲ့သည် ။
သူမ၏ အမေသည် အောက်ထပ်မှ အော်ခေါ်လာခဲ့သည် ။
" ဝမ်နွမ်နွမ် ၊ ကျန်းကျီရိက သမီးကိုရှာနေတယ် ။တံခါးဖွင့်အုန်း "
" ကျန်းကျီရိလား "
ဝမ်နွမ်နွမ်သည် အလျင်အမြန်ပင် သူမ၏ မျက်ရည်များအား သုတ်လိုက်ကာ အနည်းငယ်ပျော်ရွှင်နေပုံပေါက်အောင်လုပ်လိုက်သည် ။ သူမသည် ရှူးဖိနပ်များအား မလဲရသေးခင်တွင် လှေကားအောက်သို့အပြေးဆင်းသွားခဲ့သည် ။
ကျန်းကျီရိသည် သူမကို အားပေးနှစ်သိမ့်ရန်လာခဲ့သည်ဟု သူမထင်ခဲ့သည် ။သူမသည် ဖိုရမ်၌ ယခုပင်ဆဲဆိုကြိမ်းမောင်းခံထားရသည် ဖြစ်သည် ။ သို့သော် သူမရှေ့တွင် ရပ်နေသော ကျန်းကျီရိသည် အေးစက်နေပြီး သူ၏ မျက်နှာသည် မှောင်မိုက်နေကာ ကြောက်စရာကောင်းလောက်အောင် ဒေါသထွက်နေပုံရသည် ။
သူတို့နှစ်ယောက်သားသည် ငယ်ချစ်များဖြစ်ကြပြီး သူမသည် ကျန်းကျီရိထိုကဲ့သို့ သူမအားကြည့်နေသည့်ပုံကို တစ်ခါမှ မတွေ့ခဲ့ရဘူးပေ ။
" ဝမ်နွမ်နွမ် နင့်ရဲ့အပြုအမူတွေကို ခပ်ဝေးဝေးထားပေးနိုင်မလား ။ နင်ကအခုထိ မူလတန်းတက်နေတဲ့ ခုနှစ်နှစ်သမီးမို့လို့လား ။ ဟာသတွေကို ပုံကြီးချဲ့ပြီး ကောလဟာလတွေကို ဖြန့်နေတာလား ။ နင်ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ငါတို့သူငယ်ချင်းဆက်လုပ်လို့မရတော့ဘူး ။ "
သူမသည် ကျန်းကျီရိ၏ ပြင်းထန်သောစကားများကြောင့် တသိမ့်သိမ့်တုန်လာကာ ချက်ခြင်းပင် ဒေါသများထွက်လာရသည် ။
" ငါအခု အနိုင်ကျင့်ခံနေရတာကိုရော နင်သိရဲ့လား ။ "
ကျန်းကျီရိ: " အဲ့တာက နင့်ထက်အင်အားကြီးတဲ့သူနဲ့ ပက်ပင်းတိုးသွားတာလေ ။ နင်ပုံမှန်လည်း ဒီလိုအလုပ်မျိုးတွေ လုပ်နေကြပဲလား ။ လှတာကို အားကိုးပြီး တစ်ခြားသူတွေကို လက်လွတ်စပယ်အနိုင်ကျင့်တာ ။ အကယ်၍များ အတန်းထဲက သူတစ်ယောက်က နင့်ကို ခယ မနေခဲ့ဘူးဆိုရင် နင်ကဦးဆောင်ပြီး အဲ့လူကိုအပယ်ခံဖြစ်အောင် လုပ်ထားတော့တာပဲ ။ အဲ့လိုလုပ်နေရတာ နင်မပျင်းဘူးလား ။ "
ဝမ်နွမ်နွမ်သည် ကျန်းကျီရိ၏ ရှေ့တွင် ဘယ်တုန်းကမှ ထုတ်မပြခဲ့ပေ ။ သို့သော် ကျန်းကျီရိသည် သိနေခဲ့ပြီး သူမ၏ မျက်နှာသည် အလွန်ပူလာကာ မျက်ရည်များ ချက်ခြင်းပင် ကျလာခဲ့သည် ။
" နင်ငါ့ကို အော်လိုက်တာလား ။ ငါထင်တာက နင်က နံပါတ်တစ်နေရာကို အရူးအမူးကြိုက်တဲ့သူပဲလို့ ။ ပထမနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာကိုသိပြီး ခေါင်းဆောင်အောက်က မျက်နှာက ကြည့်ရဆိုးနေမလားလို့ "
" နင့်ရောဂါက တစ်ကယ်ကုသလို့မရတော့တာဘဲ "
ကျန်းကျီရိသည် ကျီးအာသံလိုပင် စန္ဒားယားအားတီးနေသကဲ့သို့ အလွန်အမင်း ဒေါသထွက်နေခဲ့ပြီ ဖြစ်သည် ။
"ဘယ်သူကမှ သူမရဲ့ မျက်နှာကို ကြည့်မနေဘူး ။ သူမက ပြည်နယ်မှာ ပထမနေရာကို ရသွားတာ ပြီးတော့ သူမရဲ့ ထက်မြက်မှု နင်ယှဥ်နိုင်စရာဘာမှမရှိဘူး ။ နင်ကရော ။ ငါတို့ကျောင်းရဲ့အောက်ခြေကနေစပြီး ဘယ်လောက်တောင် အမြင့်ရောက်အောင် တက်ခဲ့ရလည်း ။"
ပြည်နယ်မှာ ပထမ ။
ဟုတ်တယ် ။ ပြည်နယ်ထဲမှာ လူအများကြီးရှိနေပြီး သူမက ပထမနေရာကို ရနိုင်တယ် ။
ဝမ်နွမ်နွမ်သည် နိမ့်ကျသည်ဟု ဘယ်တုန်းကမှ မခံစားခဲ့ရပေ ။ သို့သော် ကျန်းကျီရိ ပြောလိုက်သော အချိန်တွင်တော့ သူမသည် လုံးလုံးလျားလျားရှုံးနိမ့်သွားသည်ကို ခံစားလိုက်ရသည် ။ သူမသည် အခြားသူများအား အပယ်ခံဖြစ်အောင်လုပ်ကာ အမြင့်သို့တက်သွားရသည့် ခံစားချက်ကို သဘောကျပြီး သူမမသိသည်မှာ ကျန်းကျီရိကဲ့သို့ အမြင်ရှိသည့် သူများအတွက် သူမသည် ရယ်စရာတစ်ခုမဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်သည့်သူသာဖြစ်သည် ။
သူမသည် သူမ၏ညံ့ဖျင်းသောစာပေရလဒ်များနှင့် ဝင့်ကြွားနေသော်လည်း ဘာများ ဂုဏ်ယူနေစရာရှိပါသနည်း ။ ထိုအရာသည် သူမနှလုံးသားထဲမှ အခွံသက်သက်ဖြစ်နေခြင်းအား ဖုံးကွယ်ထားရန်သာဖြစ်သည် ။
သူမသည် မနာလိုမှုများနှင့် အမြင်ကွယ်နေခဲ့ပြီး အင်တာနက်တွင် ထိုကဲ့သို့သော ပို့စ်များကို ရေးခဲ့ကာ ထိုကဲ့သို့သော ရလဒ်မျိုး ရခဲ့မည်ကိုတော့ သူမ မသိခဲ့ချေ ။ မဟုတ်ပေ ။ သူမသည် နောက်ဆက်တွဲအကျိုးဆက်ကိုသိပေသည် ။ သို့သော် ယခင်ကကဲ့သို့ အခြားသူများကို ဆဲဆိုလိုက်ရုံဖြင့်ပင် ပြီးသွားမည်ဟု ထင်ခဲ့သည် ။ ယခုတွင် ပြိုင်ဘက်သည် အလွန်သန်မာနေပြီး ထိုပြိုင်ဘက်သည် အနိုင်ရသူဖြစ်လာကာ လမ်းပေါ်တွင် ဖြတ်ပြေးသွားသော ကြွက်သည် သူမပင် ဖြစ်လာခဲ့သည် ။
ထို့ကြောင့် သူမလုပ်ခဲ့သောအရာများသည် စိတ်ကုန်စရာကောင်းပြီး မုန်းတီးဖို့သာကောင်းနေခဲ့သည် ။
ယခုအချိန်တွင် သူမသည် ကျန်းကျီရိ သူမအား အတိတ်တွင်ပြောခဲ့ထူးသောစကားများကို ရုတ်ချည်းနားလည်သွားခဲ့ပြီ ဖြစ်သည် ။
" နင်အခုတော့ သူများတွေကို အနိုင်ကျင့်လို့ရသေးတာပေါ့ ။ ဒါပေမဲ့ လူ့အသိုင်းအဝိုင်းထဲမှာ နင့်ထက် အဆတစ်ရာလောက် ပိုအင်အားကြီးတဲ့သူတွေရှိတယ်။ နင်ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် မကြာခင်အချိန်တွင်းမှာပဲ အဖမ်းခံရတဲ့သူက နင်ဖြစ်သွားလိမ့်မယ် ။ဘယ်လိုပြုမူသင့်ဆိုတာ ကိုယ့်ဘာသာပြန်သင်ယူ "
ပထမနေရာရှိသူသည် အဆင့်ကောင်းများ ၊ ထက်မြက်သောဦးနှောက် ၊ ခိုင်မာသောအမူအရာနှင့် လှုံ့ဆော်အားကောင်းသော စွမ်းဆောင်ရည်များရှိနေသည်။ ကြည့်စမ်းပါ ။ အရမ်းအထင်သေးတဲ့ပုံပေါ်တဲ့ စကားလုံးအနည်းငယ်က သူမကိုယ်သူမ အကြွင်းအကျန်မရှိလောက်အောင် ပြန်ချေမွလိုက်သကဲ့သို့ဖြစ်သွားပြီး ထိုသူသည် သူမ၏ ခြေထောက်အား အကြိမ်များစွာ တက်နင်းသွားခဲ့ပြီဖြစ်သည် ။
ဝမ်နွမ်နွမ် ရှက်ရွံ့မှုအား မခံစားခဲ့ရဘူးပေ ။ သူမ မျက်ရည်များအား သုတ်လိုက်ပြီး ဘာမှ မပြောတော့ဘဲ အပေါ်ထပ်သို့သာ ပြန်ပြေးတက်သွားခဲ့သည် ။
......
နောက်ရက်တွင် ကျုံးယို့ယို့သည် သူမ၏ ကျောပိုးအိတ်အား သယ်ဆောင်ကာ အတန်းထဲသို့ ဝင်လာပြီး အတန်းဖော်အများစုသည် မနေ့ညက ဖြစ်ပျက်ခဲ့သော အကြောင်းအရာတို့အား ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရသည် ။ အထက်တန်းကျောင်းသားဘဝသည် အမြဲပျင်းစရာကောင်းသည် ။ မကြာသေးမီက ယှဥ်ပြိုင်ပွဲအစီအစဥ်များသည် ရေပန်းစားသောအကြောင်းအရာများ ဖြစ်လာပြီး ညစာစားပြီးနောက်တွင် သူတို့သည် ထိုအကြောင်းအရာအား ဆွေးနွေးလေ့ရှိကြသည် ။
ရွှီရှောင်ယွဲ့အားကြည့်ရသည်မှာ ' QYXLW '၏ နံပါတ်၁ ဖန်တစ်ယောက်ဖြစ်လာပုံရပြီး အခြားကျောင်းသူနှစ်ယောက်အား ဆွဲခေါ်ကာ သူမစစ်ပွဲတွင် အနိုင်ရလာသကဲ့သို့ပင် စိတ်လှုပ်ရှားတက်ကြွစွာ ပြောပြနေခဲ့သည် ။
ကျုံးယို့ယို့သည် သူမ၏ နေရာသို့ လျှောက်သွားလိုက်ပြီး ရွှီရှောင်ယွဲ့သည် သူမအား ကြည့်လာခဲ့သည် ။
ရွှီရှောင်ယွဲ့သည် နို့လက်ဖက်ရည်ခွက်အားကိုင်ထားကာ သူမဆီသို့ ဒေါသထွက်စွာပင် လျှောက်သွားလိုက်ပြီး ခုံပေါ်တွင် တင်ပေးလိုက်သည် ။
" ဒီမှာ နင့်ဟာ "
ကျုံးယို့ယို့ ခေတ္တမျှ အေးခဲသွားခဲ့သည် ။သူမသည် မနေ့ညက စနောက်လိုက်ရုံမျှသာ ဖြစ်သည် ။ ရွှီရှောင်ယွဲ့သည် နို့လက်ဖက်ရည်အေးအား အမှန်တကယ် ဝယ်လာလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ ။ သူမသည် နှုတ်ခမ်းများအား မကွေးဘဲမနေနိုင်ကာ သူမ၏ ကျောင်းလွယ်အိတ်အားချထားလိုက်ပြီး ပျော်ရွှင်စွာပြောလာခဲ့သည် ။
" ငါ့ကို ဘာလို့ မနက်အစောကြီး နို့လက်ဖက်ရည်ဝယ်လာပေးတာလဲ ။ ငါလက်မခံနိုင်ဘူး "
ရွှီရှောင်ယွဲ့သည် ကျုံးယို့ယို့ အမှန်တကယ် နံပါတ်တစ်နတ်ဘုရားကို သိနေခြင်းအား မနာလိုဖြစ်ခဲ့သည် ။ သူမသည် ကိုယ့်ကိုယ်ကို နှလုံးသားထဲတွင် အတတ်နိုင်ဆုံး နှစ်သိမ့်နိုင်ရန် ကြိုးစားခဲ့ပြီး ကျုံးယို့ယို့က ဘော့စ်နဲ့ စကားပြောနိုင်ခဲ့သည်ဆိုရင်လည်း ကိစ္စမရှိပေ ။ အချိန်တိုတွင်း သူမသည် ကျုံးယို့ယို့ထက်ပို၍ ထိုသူနှင့် ရင်းနှီးအောင် လုပ်ရမည် ဖြစ်သည် ။ သို့သော် သူမသည် ကျုံးယို့ယို့အား အလွန်မနာလိုဖြစ်နေဆဲပင် ဖြစ်သည် ။သူမသည် ထိုနတ်ဘုရားအား ယခင်ပြိုင်ပွဲတွင် တွေ့ခဲ့ခြင်းသာ ဖြစ်ရမည် ။ထိုအရာအား တွေးလေလေ သူမဒေါသပိုထွက်လာလေလေပင်ဖြစ်သည် ။ သူက ဘာလို့များ သူမအမှတ်တွေက ကျုံးယို့ယို့ လောက်မကောင်းဘူးလို့ ပြောနိုင်ရတာလဲ ။
" နင်သောက်လိုက် ။ နင်ငါ့ကို ပြည်နယ်နံပါတ်တစ်ကို ဆက်သွယ်လို့ရမဲ့ အချက်အလက်မပေးနိုင်ဘူးလား "
ကျုံးယို့ယို့သည် အအေးခွက်အား ပိုက်တပ်ကာ တစ်ငုံသောက်လိုက်သည် ။ နူးညံ့သောအအေးပုလဲစေ့များသည် သူမ၏ ပါးစပ်ထဲတွင် အလွန်မွှေးကြိုင်နေပြီး သူမပြုံးလိုက်သည် ။
" ပြောစရာမရှိဘူး "
ရွှီရှောင်ယွဲ့သည် သွေးအန်မတက်ပင် ဒေါသထွက်လာကာ ကျုံးယို့ယို့အား မနာလိုစွာကြည့်လိုက်သည် ။
ရွှီရှောင်ယွဲ့သည် သူမ၏ နေရာသို့ပြန်သွားကာ လက်သီးများဆုပ်ထားခဲ့သည် ။
ယခုအချိန်တွင် သူမသည် ကျုံးယို့ယို့နှင့် သူမကြားရှိ ကွာခြားချက်ကို ခံစားခဲ့ရပြီဖြစ်သည် ။ကျုံးယို့ယို့သည် ပြိုင်ပွဲသို့သာ သွားခဲ့ရုံမကဘဲ မြို့နယ်၌ပင် ပထမရခဲ့ပြီး စီရင်စုတစ်စုလုံးတွင် နတ်ဘုရားအဆင့်ရှိ ပထမရသူနှင့်ပါ သိခွင့်ရခဲ့သည် ။ သို့သော် သူမကတော့ မြို့နယ်အတွင်းရှိ ပြိုင်ပွဲကို မဝင်ရောက်နိုင်ခဲ့ဘဲ အောက်ခြေအဆင့်တွင် တွားသွားနေရသော သဏ္ဍာန်သာသာ သာရှိနေသေးသည် ။
မမျှော်လင့်ထားစွာပင် သူမသည် အတော်အသင့်တော်နေသည်ဟု ဝင့်ကြွားခဲ့သော်လည်း ယခုတွင် သူမသည် ပြဿနာရှိဖူးသော သူထံတွင် ချေမွခံလိုက်ရပြီဖြစ်သည် ။
ထို့ကြောင့်သူမသည် အလွန်ကြိုးစားပြီး ယခင်ကထက်ပင် နှစ်ဆပိုကြိုးစားလာခဲ့ခြင်းဖြစ်သည် ။
ထိုအရာအားတွေးမိသောအခါ ရွှီရှောင်ယွဲ့သည် စာအုပ်ထဲရှိ စာမျက်နှာအား ဖွင့်လိုက်ကာ မျက်ခုံးများအား တင်းထားပြီး အမြန်ပင် ပုစ္ဆာများအဖြေရှာနေခဲ့သည် ။ ကျန်ခဲ့သောရက်များတွင် အချိန်ဖြုန်းခဲ့ခြင်းအား ပြန်လည်ပြင်ဆင်တော့မည်ဖြစ်သည် ။
ကျောင်းသည် လပတ်စာမေးပွဲအတွက် စီစဥ်နေပြီး ဤအပတ် ကြာသပတေးနှင့် သောကြာနေ့တို့တွင် ဖြေဆိုရလိမ့်မည် ဖြစ်သည် ။
ကျုံးယို့ယို့သည် သက်သောင့်သက်သာဖြင့်ပင် စာအုပ်များအား ကြည့်နေခဲ့သော်လည်း ယနေ့တွင်အတန်းသည် ယခင်ကထက် ပိုမိုတိတ်ဆိတ်နေသည်ကိုတော့ သတိမထားခဲ့မိပေ ။
မြို့နယ်တွင် သူမ ပထမနေရာရပြီးနောက်၌ အတန်း(၁၉)သည် အနည်းငယ်အပြောင်းအလဲများအား ကြုံခဲ့ရပြီး ဖြစ်သည် ။
ဥပမာအားဖြင့် ရန်ကျီအန်းနှင့် စွန်းမန့်သည် ယခင်ကတည်းက လုံလုံလောက်လောက်ကြိုးစားခဲ့ပြီး ယခုတွင် သူတို့သည် ကိုယ်ပိုင်အချိန်မရှိလောက်အောင်ပင် ရေကုန်ရေခမ်းကြိုးစားလာကြသည် ။သူတို့သည် မုန့်စားဆင်းချိန်၌ပင် နေ့လည်စာအချိန်ပြည့်မစားခဲ့ပေ ။စားပြီးသည်နှင့်တစ်ပြိုင်နက် အတန်းသို့ ပြန်ပြေးသွားကြသည် ။ သူတို့သည် တစ်နာရီ သို့မဟုတ် နှစ်နာရီခန့်ပင် ထိုင်နေခဲ့ကြသည် ။ နေ့လည်ခင်းတွင်လည်း စာသင်ချိန်မတိုင်မီ သူတို့၏ မျက်လုံးများအား ပွတ်သပ်ကာ ရေအေးဖြင့်ပင် မျက်နှာသစ်ခဲ့ပြီး အတန်းသို့စာသင်ရန်ပြန်လာကြသည် ။
အနောက်တန်းရှိစာညံ့သော ကျောင်းသားများသည်ပင် ရှစ်ယိမုန့်၏ ဦးဆောင်ခြင်းကို ခံရပြီး ကျောင်းဆင်းချိန်တွင် ဘတ်စ်ကတ်ဘောကစားခြင်းအား ရပ်လိုက်ပြီး အတန်းထဲတွင် မေးခွန်းများလုပ်ရန် နေခဲ့ကြသည် ။ ရှစ်ယိမုန့်၏ အခြေခံသည် အလွန်ဆိုးရွားပြီး ဖတ်စာအုပ်အား လုပ်သောအချိန်တွင် သူသည် စိတ်ရှုပ်စွာပင် သူ၏ခေါင်းအား ကုတ်နေရဆဲဖြစ်သည် ။ထို့ကြောင့် သူသည် စာတော်သည့် သူ၏ အတန်းဖော်အား အကူအညီတောင်းရတော့မည် ဖြစ်သည် ။
သူသည် မျက်နှာအောက်ချကာ သင်ယူချင်ခဲ့သည် ။ သို့သော်လည်း ယခုတွင် အနည်းငယ်ဆွေးနွေးပြီးသောအခါ သူ၏ ရှေ့မှ ကျောင်းသားများသည် မှင်သက်နေရာမှ အံ့သြစရာမရှိသည့် အခြေအနေသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည် ။