အပိုင်း ၉၉
Viewers 11k



Chapter 99




  ရှစ်ယိမုန့်သည် အတန်းထဲတွင် ကျုံးယို့ယို့အား သိသာအောင်မကြည့်ခဲ့ပေ ။ နောက်ဆုံးအကြိမ်တွင် ကျောင်းဂိတ်၌ ချင်းယောင်ကိုမြင်လိုက်ချိန်မှစကာ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်ပဲစေ သူမကို ရှောင်နေခဲ့သည် ။သူသည် အားကစားအသင်း၏ အဖွဲ့ဝင်ဖြစ်သည် ။အတန်းထဲတွင် အားကစားကိစ္စနှင့်ပက်သက်၍ ကျုံးယို့ယို့နှင့်အခြားသူများအား ပြောဆိုစရာရှိလာလျှင် ရွှီမင်ကိုသာ သွားပြောခိုင်းလေ့ရှိသည် ။သူသည် ထိုနေရာသို့ ထပ်သွားတော့မည် မဟုတ်ပေ ။


   အဘယ်ကြောင့်ဆိုလျှင် သူ့ထံတွင် ရှုံးနိမ့်ရသည့် ခံစားချက်အနည်းငယ်အား ရနေသောကြောင့်ပင် ။


  သူသည် ယခင်က ကျောင်းတွင် ဆိုးရွားသောအရာ ဘာမှမရှိဟုတွေးခဲ့သည် ။ပြီးနောက်သူသည် ဂူဏ်ယူစွာဖြင့်ပင် ပြောခဲ့သေးသည် " ငါ့အဆင့်တွေက လုံးဝမကောင်းဘူး " ။ သို့သော် ယခုတွင် သူသည် ရုတ်ချည်းနားလည်သွားခဲ့ရသည်  ။ အဲ့ဒီမကောင်းတဲ့အဆင့်တွေမှာ ဂုဏ်ယူစရာများရှိနေလို့လား ။ သူဟာ စာကောင်းကောင်းကြိုးစားလျှင် သူအနိုင်ရမည့်အရာမှာ အနာဂတ်အကျိုးအမြတ်တစ်ခုတည်းသာမဟုတ်ဘဲ  သူဇွဲ့လုံ့လရှိစွာ ကြိုးစားလေလေ သူ၏ ဗဟုသုတများသည် ပို၍ ကျယ်ပြောလာလေလေဖြစ်သည် ။ ထို့နောက်တွင် အဆင့်မြင့်မှ လူများအား ပို၍ သတိထားမိလာလေလေလည်း ဖြစ်သည် ။


   ထိုအရာသည် ကျုံးယို့ယို့ နိုင်ငံတော်အလံအောက်တွင် ရပ်နေသော နေ့ရက်ကဲ့သို့ပင်ဖြစ်သည် ။ ထောင်ပေါင်းများစွာသောအကြည့်တို့သည် သူမအပေါ်တွင် ကျရောက်နေပြီး သူမသည် အလွန်တောက်ပနေခဲ့သည် ။

     သူ၏ အကြီးမားဆုံးအမှားမှာ ထိုကဲ့သို့သော သူမျိုးကို အမြင်ကပ်ဖူးခြင်းသာဖြစ်သည် ။ပြောရမည်ဆိုလျှင် သူသည် စပျစ်သီးအား မစားနိုင်သောကြောင့် ထိုစပျစ်သီးကို ချဥ်သည်ဟု ပြောလိုက်သည့် အတိုင်းပင် ။


    ထို့ကြောင့်သူသည် ခေါင်းကုပ်နေရာမှ စတင်ခဲ့မည် ဆိုလျှင်တောင် သူသည် ကုန်လွန်ခဲ့ပြီးသော လနည်းငယ်အတွက် တိုက်ခိုက်ချင်ပါသေးသည် ။အဆုံးတွင် သူ့ဖခင်၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် သူသည် အထက်တန်းကျောင်းမပြီးမချင်း သူ၏ဦးနှောက်အား ဗလာမထားနိုင်တော့ပေ ။သူသည် ထိုတပ်သားဟောင်းများထံမှ လှောင်ရယ်ခံနေပြီ မဟုတ်လား ။


ရှစ်ယိမုန့်အနားရှိ ကောင်လေးများသည် အဖွဲ့၌ခေါင်းဆောင်မရှိတော့ကာ ဆုံးရှုံးလိုက်ရပြီဟု ခံစားလိုက်ရသည် ။အဘယ်ကြောင့်ဆိုလျှင် ရှစ်ယိမုန့်သည် သူတို့နှင့် ဘတ်စ်ကတ်ဘောကစားခြင်းလည်းမရှိတော့ဘဲ ၊ အတန်းအတူတူလစ်ခြင်းလည်း မရှိတော့သောကြောင့်ဖြစ်သည် ။


သူတို့သည် မေးခွန်းများအား မလုပ်သော်လည်း စာအုပ်အား ဒီတိုင်းလှန်နေကြဆဲပင်ဖြစ်သည် ။


   ကျုံးယို့ယို့ မသိလိုက်သည့်အရာမှာ သူမ မြို့နယ်တွင် ပထမနေရာကို ရပြီးသွားသောအခါ အတန်း (၁၉ )ရှိ သူများအားလုံးအား လှုံ့ဆော်မှုဖြစ်စေခဲ့သည် ။


   တစ်ချိန်က အားလုံးသည် အတူတကွ ညံ့ဖျင်းစွာရှိနေကြသည် ဖြစ်သည် ။ အခြားသူများသည် အထက်တန်းလွှာတော်ဝင်တွေအဖြစ်​မွေးဖွားလာခဲ့သည်ကို ကြည့်ပြီး သူတို့သည် မနာလိုခြင်းကိုလည်း မခံစားရသလို ကြိုးစားဖို့ကိုလည်း မခံစားခဲ့မိချေ ။သို့သော်  ဤနုံချာသောအဖွဲ့တွင် ထိုအထက်တန်းလွှာများအပါအဝင် အားလုံးကမော့ကြည့်ရသော တစ်ဆင့်ပြီး တစ်ဆင့်ကြိုးစားသွားသည့် လူတစ်ယောက်ရှိလာခဲ့မည်ဆိုလျှင် ထိုနုံချာသောအဖွဲ့သည် အကြီးအကျယ်လှုံ့ဆော်ခံလိုက်ရမည် ဖြစ်သည် ။


   ထိုနုံချာသောအုပ်စုသည် အတန်း ( ၁၉ ) ပင်ဖြစ်သည် ။


   ထိုအရာသည် ဖားတစ်ကောင်အား ရေနွေးနွေးဖြင့် ပြုတ်နေသကဲ့သို့ပင် ဖြစ်သည် ။ သင့်ဆီမှာသာ ပညာရေးလုပ်ဆောင်ချက်ကောင်းများမရှိခဲ့လျှင်  ဆိုးရွားသည့်သူသာဖြစ်သည် ။ သင်သည် သံများ၊ စတီးများအားမုန်းသော ဆရာထံမှ ကြိမ်းမောင်းခံရလျှင် လှောင်ရယ်စရာပင်ဖြစ်သည် ။


    သို့သော် ယခုတွင် သူတို့၏ အတန်း၌ မီးအား ထွန်းညှိခဲ့သော သူတစ်ယောက်ရှိနေခဲ့ပြီး သူတို့သည် ထိုင်မနေနိုင်တော့ပေ ။


   သင်ယူခြင်းသည် အရေးပါသည့်အရာဖြစ်သည်ဟု တွေးခဲ့ကြသော သူတို့သည် ယခုတွင် အအိပ်ပျက်ခံကာ ပို၍ ကြိုးစားလာကြသည် ။ ထို့နောက် အဆင့်ကောင်းများသည် တန်ဖိုးမရှိသောအရာများသာဖြစ်သည်ဟုတွေးခဲ့သော သူများသည် ယခုတွင် ဖြေးဖြေးချင်း ထင်ဟပ်လာကြပြီဖြစ်သည် ။ ငယ်ရွယ်မှုသည် အပြည့်အဝကို အချိန်ဖြုန်းနေသကဲ့သို့ဖြစ်ကာ အနာဂတ်တွင် ဖြစ်လာမည့်အရာအတွက် သူတို့သည် သင်ယူခြင်းတွင်  စိတ်နှစ်ထားကြပြီဖြစ်သည် ။


  အတန်း(၁၉)သည် ဓါတုဗေဒ အတန်းချိန်ရောက်သောအခါ လီသုန်းဖျင်သည် ပြတင်းပေါက်အပြင်ဘက်၌ ခြေဖျားထောက်ကာ ရပ်နေခဲ့ပြီး သူ၏ ဦးခေါင်းထိပ်ပိုင်းနှင့် မျက်လုံးတစ်စုံအား မသိမသာ ဖော်ပြနေခဲ့သည် ။


   သူသည် ဤနေရာသို့ နေ့တိုင်းလာပြီး အတန်းချိန်တွင် မည်သည့်ကျောင်းသားသည် ဂိမ်းဆော့နေလည်းဆိုသည်ကို ချောင်းရန် ပုန်းကွယ်နေခဲ့သည် ။


သို့သော် ယနေ့တွင်တော့ သူသည် ကိုယ့်ကိုယ်ကို အလွန်ကြောင်တောင်တောင်နိုင်သည်ဟု ခံစားလိုက်ရသည် ။ ထို့နောက်တွင် သူ၏ အတန်းသားအားလုံးသည် စာသင်ရာ၌ အာရုံစူးစိုက်စွာ နားထောင်နေကြသည်ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည် ။အနောက်ဆုံးတန်းတွင်ထိုင်နေသော သင်ကြားမှုအားသေချာနားထောင်လေ့မရှိသည့် ကောင်လေးအနည်းငယ်သည်ပင်လျှင် ယခင်ကကဲ့သို့ ဂရုမစိုက်ခြင်းမျိုး မလေးမစားလုပ်ခြင်းမျိုးမရှိတော့ပေ ။ သူသည် ဂိမ်းကစားရန် စားပွဲတွင် ငြိမ်ငြိမ်လေးသာနေခဲ့ပြီး ချက်ချင်းပင် လဲလျောင်းကာ


စားပွဲတင် အိပ်နေခဲ့သည် ။


   ဘယ်လိုအခြေအနေကြီးလဲ ။ ဒါက အရမ်းကို ကြီးကြီးမားမားပြောင်းလဲသွားတာပဲ။ 


    သူ၏ အတန်းမှ ကျောင်းသားများသည် အနည်းငယ် နောက်ကျမှ ပြောင်းလဲလာကြသည်ဟု လီသုန်းဖျင်တွေးခဲ့မိသည် ။ သို့သော် သူတို့သည် ဘယ်နေရာတွင် ပြောင်းလဲသွားသည်လည်း ၊ ဘာကြောင့် ပြောင်းလဲသွားသည်လည်း ဆိုသည်ကိုတော့ မပြောနိုင်ချေ ။  ယခုယှဥ်ကြည့်ပြီးသောအခါတွင်တော့ သူသိလာရသည်မှာ ဤလူလိမ်လူကောက်လေးများသည် ယခင်ကထက် ပို၍ တက်ကြွလာခြင်းပင် ဖြစ်သည် ။


  ထိုအရာသည် ကောလိပ်ဝင်ခွင့်စာမေးပွဲ နီးကပ်လာခြင်းကြောင့်များ ဖြစ်နိုင်မလား ။ သူတို့သည် မြည်းတစ်ကောင်ထံမှ ကန်ထုတ်ခံလိုက်ရသော ဗလာဦးနှောက်ဖြင့် သူတို့၏ ဘဝရှေ့ရေးအား နောက်ဆုံးတွင် စဥ်းစားမိလာခြင်းမျိုး ဖြစ်နိုင်မလား ။


  ဓါတုဗေဒဆရာသည် ကျောက်သင်ပုန်းပေါ်တွင် ဓါတုဗေဒ ဖော်မြူလာများအား အတန်းလိုက်ချရေးသွားပြီး အတန်းအား ကျယ်ကျယ်ဖတ်ပြရန် ပြောလိုက်သည် ။အတန်း( ၁၉ ) ၏ ကျယ်လောင်စွာရွတ်ဆိုမှုများသည် အတန်းအပြင်ဘက်သို့ပင် ထွက်လာခဲ့သည် ။လီသုန်းဖျင်သည် အဆုံးတွင် သူ၏ နှလုံးသားထဲမှ စိတ်သက်သာရာရသွားမှုကို ခံစားလိုက်ရသည် ။ ဤကလေးများသည် ကြည့်ရသည်မှာ အနည်းငယ်ရင့်ကျက်လာသည် ထင်သည် ။


  အတန်း ( ၁၉ ) သည် သင်ခန်းစာများအား ဂရုတစိုက်လေ့လာနေချိန်တွင် ယှဥ်ပြိုင်မှုပြင်းထန်သောအတန်းရှိ ကျောင်းသားများသည် ကိုယ်ပိုင်လေ့လာနေကြပြီး  လူအနည်းငယ်သည် စကားတိုးတိတ်စွာပြောနေကာ မုန့်ရှစ်ရွှမ်၏နေရာအား ကြည့်​နေကြသည် ။ယနေ့တွင် မုန့်ရှစ်ရွှမ် အတန်းမတက်ခဲ့ပေ ။ သို့မဟုတ် သူမသည် ထွက်သွားဖို့ပင် ပြင်ဆင်နေပြီလား ။ ဘာတွေဖြစ်နေသလဲ ဆိုသည်ကို မသိကြတော့ပေ ။


  သူတို့သည် အကြည့်များအား ရှစ်ကျစ်ထန်ဆီသို့ ရွှေ့သွားကာ ကြည့်ရသည်မှာ ရှစ်ကျစ်ထန် ဘာမှ တုံ့ပြန်ခြင်းမရှိဘဲ မုန့်ရှစ်ရွှမ် ကျောင်းမလာခြင်းကိုလည်း သတိထားမိသည့်ပုံမပေါ်ချေ ။


  အေမြို့ ။


   ကျန်းကျီရိ နှင့် ဝမ်နွမ်နွမ်တို့၏ ကျောင်းမှသူများသည်လည်း မနေ့ည၌ ဘာဖြစ်ခဲ့သည်ကို သိရှိသွားကြပြီး ထိုနေ့တွင် ဝမ်နွမ်နွမ်သည် အတန်းထဲတွင် ခေါင်းပင်မဖော်နိုင်ခဲ့ချေ ။ သူမဘယ်နေရာသို့သွားသွား ၊ မျက်နှာပူလာရသည် ။ အချို့သူများသည် သူမကိုအားယားနေ၍  သတင်းအတုများလွှင့်လာခြင်းအပေါ် လှောင်ပြောင်သရော်လာကြသည် ။ 


   သူမသည် မတတ်သာစွာပင် သူမ၏ အမြင်များအားဖမ်းစားနိုင်သော လည်သာအဝတ်အစားများမှ ကျောင်းယူနီဖောင်းသို့ ပြောင်းလဲဝတ်ဆင်ခဲ့ရသည် ။ သူမသည် အခြားသူများ သူမအား သတိမထားမိတော့အောင် ခပ်လျှိုလျှိုသာ နေနေခဲ့သည် ။


   သူမသည် စိတ်ကြီးဝင်ကာ အခြားသူများအား ခေါင်းဆောင်၍ အပယ်ခံရအောင်လုပ်လေ့ရှိသည် ။ သို့သော် တစ်နေ့တွင်တော့ သူမသည် ကိုယ်တိုင်ပင်ထိုကဲ့သို့ အပယ်ခံဖြစ်လာခဲ့သည် ။ သူမဆီမှ အနိုင်ကျင့်ခံခဲ့ရသော အတန်းထဲမှ မိန်းကလေးအတော်များများသည် နောက်ဆုံးတွင် အတော်လေး စိတ်သက်သာရာရသွားကြသည် ။


   ယခုတွင် ဝမ်နွမ်နွမ်သည် ထိုမိန်းကလေးများနေရာသို့ ရောက်သွားသောအခါ ရုတ်ချည်း သူမသည် ယခင်က အလွန်အကြွံလုပ်ခဲ့မိသည်ဟု ခံစားလာခဲ့မိသည် ။ သူမ၏ နှလုံးသားထဲတွင် အပြစ်ရှိစိတ်အနည်းငယ်ဝင်လာခဲ့ပြီး တောင်းပန်ချင်ခဲ့သော်လည်း သူမထံတွင် ထိုကဲ့သို့လုပ်နိုင်ရန် မျက်နှာပင်ရှိမနေတော့ချေ ။


  ရလဒ်အနေဖြင့် အတန်းထဲတွင် တစ်ရက်လုံး သာမသည် ဘာမှမပြောခဲ့ပေ ။ သူမစကားပြောခဲ့လျှင် အခြားသူများသည် သူမအား မနေ့ညက ဘာဖြစ်ခဲ့သလဲဆိုသည်ကို မေးလာကြမည်စိုးသောကြောင့်ပင် ။ ကျောင်းဆင်းချိန်တွင် သူမသည် ကျောင်းလွယ်အိတ်အားသယ်ကာ ခေါင်းငုံပြီး အိမ်သို့အလျင်အမြန်ပြေးသွားခဲ့သည် ။


   သူမအိမ်သို့ပြန်ရောက်ရောက်ချင်းတွင် သူမ၏ အဖေသည် လေသာခန်း၌ ဖုန်းပြောနေသည်ကို ကြားခဲ့ရသည် ။


" ဥက္ကဌထူ ၊ ဥက္ကဌ ထူ ၊ ဖုန်းမချပါနဲ့အုန်း ။ကျွန်တော်တစ်နေ့လုံး ခင်ဗျားကိုဆက်သွယ်နေခဲ့တာ ။ ခင်ဗျားရုတ်တရက်ကြီး ကျွန့်တော့်ကုမ္ပဏီကို ဘာလို့ ဆော့ဖ်ဝဲလ်မှတ်ပုံတင် မချပေးတော့တာလဲ ။ ခင်ဗျားရုတ်တရက်ကြီး အဲ့တာကို ကျွန်တော့်ဆီပြန်ပို့ပေးလာသေးတယ် ။ကျွန်တော်တို့ဘက်က အတော်ဆုံးရှုံးလိုက်ရတယ် ။ ခင်ဗျားက အဲ့ဒီပမာဏအနည်းငယ်လောက် ဆုံးရှုံးရတာကို ဂရုမစိုက်ပေမဲ့ ကျွန်တော်တို့လို့ အသေးစားကုမ္ပဏီတွေက ဒေဝါလီခံရနိုင်ချေတောင် အနည်းငယ်ရှိလာနိုင်တယ် "


 "ဆုံးရှုံးသည် " ဟူသော စကားအားကြားလိုက်ရသောအခါ ဝမ်နွမ်နွမ်အနည်းငယ် ထိတ်လန့်သွားကာ ထို့နေရာသို့လျှောက်သွားပြီး တိုးတိတ်စွာပင်မေးလိုက်သည်  ။ 


" အဖေ ၊ ဘာဖြစ်တာလဲ ။ ကုမ္ပဏီမှာ တစ်ခုခုမှားနေတာရှိလို့လား "


သူမ၏ အဖေသည် သူမအား ဥပေက္ခာပြုလိုက်ကာ တစ်ဖက်ဖုန်းမှလူအား ငဲ့ညာပေးရန် ကြောင့်ကြစွာဖြင့် တောင်းပန်လျက်ရှိသည် ။ တစ်ဖက်တွင် ကြီးမားသောဝယ်သူဖြစ်သည်ကိုသာ ဝမ်နွမ်နွမ်သိပြီး သူမ၏ အဖေသည် ထိုလူအား မစော်ကားရဲလောက်ပေ ။


   ထို့ကြောင့် သူမအများကြီးဆက်မပြောရဲတော့ကာ ထောင့်နားတွင် သူမအဖေဖုန်းပြောပြီးမည့်အချိန်ကို စောင့်နေလိုက်သည် ။ သို့သော် သူမပို၍ နားထောင်လေလေ တစ်ခုခုမှားနေသည်ကို ပို၍ခံစားရလေလေဖြစ်သည် ။


တစ်ဖက်မှသူသည် အနည်းငယ်ဆုံးရှုံးလိုက်ရမည်ကို ပိုလိုလားပြီး ထောက်ပံ့ငွေများကိုလည်း အကုန်ပြန်ရုတ်သိမ်းသွားမည်ဖြစ်သည် ။ထိုအရာသည် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းများလား ။


   သူမသည် ယဥ်ကျေးစွာပြောနေသော အသံအား ကြားခဲ့သော်လည်း တစ်ဖက်မှလူ၏အသံသည် မတူကွဲပြားစွာဖြင့် 

" မစ္စတာချင်း ပြောတာကတော့ ခင်ဗျားရဲ့ သမီးကို သွန်သင်ဆုံးမတာမျိုးမလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ဘက်က ကုမ္ပဏီကို ဂရုစိုက်နေတော့မှာမဟုတ်ပါဘူး ။ ဒီပူးပေါင်းဆောင်ရွက်မှုကို မေ့လိုက်ကြရအောင်ပါ "


  ဝမ်ပါပါးသည် ခဏတာမျှထိတ်လန့်သွားခဲ့သည် ။ မစ္စတာချင်း သည် သူ၏ မှတ်ပုံတင်ရပိုင်ခွင့် နှင့် အထောက်အပံ့တို့အား ပြန်ရုတ်သိမ်းသွားခဲ့သည် ။ထိုအရာသည် သူတို့မိသားစု၏ ဝမ်နွမ်နွမ်နှင့် တစ်စုံတစ်ခုရှိနေခြင်းများလား ။


 သူသည်ရုတ်ချည်းလှည့်ကာ ဝမ်နွမ်နွမ်အားကြည့်လိုက်သည် ။ ဖုန်းအား ဆုတ်ကိုင်ထားကာ တိတ်ဆိတ်စွာ ဆဲရေးလိုက်သည် ။ 


"ပြောစမ်း ၊ နင်ဘာမကောင်းတာတွေလုပ်ပြီး ရန်မစသင့်တဲ့သူကို သွားပြီးရန်စလိုက်တာလဲ "


  ဝမ်နွမ်နွမ်ထိတ်လန့်သွားခဲ့သည် ။


  သူမသည် အခြားသူများကို အနိုင်ကျင့်ခြင်းအား အမြဲလုပ်လေ့ရှိပြီး သူမသည် သူမကိုယ်သူမ မှားယွင်းနေသည်ကို သိခဲ့သည် ။ အင်အားကြီးတဲ့သူကိုရန်မစသင့်တာလား ။ အဲ့တာက မနေ့ညကတစ်ယောက်များဖြစ်နိုင်မည်လား ။ဒါပေမဲ့ ထိုပထမရတဲ့သူက ချင်းမိသားစုနဲ့ ဘာများရှိနေလို့လဲ ။


  ဝမ်နွမ်နွမ်၏ မျက်နှာသည် ဗြောင်စာရွက်ကဲ့သို့ဖြစ်နေကာ တစ်ခုခုပြောတော့မည့်အချိန်တွင် သူမ၏ ဖခင်သည် အောက်ထပ်သို့အလျင်အမြန်ဆင်းသွားကာ ပြောလိုက်သည် ။

" ကျွန်တောင် တောင်းပန်ပါတယ် မစ္စတာထူ ။ ခင်ဗျားပိုဂရုစိုက်လို့ရပါတယ် ။ ကျွန်တော့်မိသားစုထဲမှာ ဒီမိန်းကလေးက ဘယ်လောက်ဆိုးသွမ်းတယ်ဆိုတာ မသိခဲ့ဘူး ။ သူမက ဘာတွေများ ဆိုးရွားတာတွေ လုပ်ခဲ့လို့လဲ "


သို့သော် ဖုန်းသည် " ပီ " ဟူသော အသံမြည်လာကာ ဖုန်းချသွားခဲ့ပြီ ဖြစ်သည် ။


   သူ၏ မျက်နှာသည် အလွန်ကြည့်ရဆိုးလာပြီး ဖုန်းအားအိတ်ကပ်ထဲသို့ထည့်လိုက်ကာ ဝမ်နွမ်နွမ်ရှိသည့်အပေါ်ထပ်သို့ ဒေါသတကြီး တက်သွားခဲ့သည် ။


" နင်ဘာလုပ်ခဲ့တာလဲ "


ဝမ်နွမ်နွမ်သည် သူ၏ဖခင်အား မကြောက်သော်လည်း သူမ ပြဿနာတက်ပြီဆိုသည်ကိုတော့ သိလိုက်သည် ။ ထို့နောက် အပြစ်ရှိသောစိတ်တို့ဖြင့် ထိတ်လန့်လာမိသည် ။ သူမသည် အခန်းထဲသို့ ပြေးဝင်သွားကာ လော့ချထားလိုက်သည် ။


   သူမ၏ နှလုံးသည် လျင်မြန်စွာခုန်နေခဲ့သည် ။ မနေ့ညက ပထမနေရာရခဲ့သော သူသည် ဘယ်လိုထူးခြားသောဇစ်မြစ်မျိုးရှိနေပြီး ချင်းမိသားစုနှင့်ပါ တစ်ခုခုရှိနေတာမျိုးဖြစ်မည်လည်း ။ သူမ ချင်းမိသားစုကို မသိသော်လည်း သူမအဖေဆီမှ တစ်ကြိမ်ကြားလိုက်ရရုံဖြင့်ပင် ထိုမိသားစုအား ရန်မစသင့်ကြောင်း သိလိုက်သည် ။


....


လွန်ခဲ့သော နှစ်ရက်က မျက်နှာချင်းဆိုင်ရှိ 'မင်းသယ်'သက်မွေးမှုအထက်တန်းကျောင်းတွင် ယဥ်ကျေးမှုသင်တန်းလပတ်စာမေးပွဲကို ကျင်းပခဲ့သည် ။ယနေ့တွင် ရလဒ်များ ထွက်လာခဲ့ပြီဖြစ်သည် ။ ရှီးယွိချီ၏ အတန်းပိုင်ဆရာသည် သူမ၏ အဖြေလွှာအားကိုင်ထားကာ မှင်သက်နေခဲ့သည် ။


 သူ၏ အမည်သည် မာကျန့်ဖြစ်ပြီး အသက်သုံးဆယ်အရွယ် လူငယ်ဆရာပင်ဖြစ်သည် ။သူသည် လီသုန်းဖျင်နှင့် အတူသင်ယူခဲ့ပြီး နောက်ပိုင်းတွင် လီသုန်းဖျင်သည် အဆင့်ကောင်းများဖြင့် အဓိကတက္ကသိုလ်သို့ရောက်သွားပြီး သူသည် မိသားစုက ဆင်းရဲသောကြောင့် အဆင့်များသည် ပုံမှန်အနေအထားတွင်သာရှိခဲ့သည် ။ထို့ကြောင့် နောက်ပိုင်းတွင် သူသည် သင်ကြားမှုပညာတွင်သာ လုပ်ကိုင်ခဲ့သည် ။လီသုန်းဖျင်သည် မင်းသယ်ကောလိပ်တွင် ပုံမှန်လစာ ယွမ်သုံးသိန်းဖြင့် ဝင်ရောက်ခဲ့သည် ။ သို့သော် သူ၏ လစာသည်တော့ ယွမ်သောင်းဂဏန်းမျှသာဖြစ်သည် ။ ထို့ကြောင့်အခြားသူများသည် သူ့ထက်ပို၍ ပြောင်မြောက်နေကြပြီဖြစ်သည် ။


  သို့သော်ယနေ့တွင်တော့ သူသည် အလွန်အမင်းစိတ်လှုပ်ရှားလာခဲ့သည် ။ကျန်ခဲ့သောလက အတန်းထဲမှ စစ်ဆေးမှုရလဒ်များအား ကြည့်ပြီးသောအခါ သူသည် သူ၏ မျက်လုံးကိုပင် မယုံနိုင်ဖြစ်ခဲ့ရသည် ။


  သူ၏ အတန်းထဲတွင် ယဥ်ကျေးမှုအတန်းအား အနိုင်ယူနိုင်သောသူသည် တစ်ယောက်ထဲသာရှိနေခြင်းမဟုတ်ဘဲ တစ်ခြားစကားဖြင့်ပြောရမည်ဆိုလျှင် သက်မွေးမှုအထက်တန်းကျောင်းတစ်ကျောင်းလုံးတွင် ယဥ်ကျေးမှုအတန်း၌ တော်သောသူသည် ဒါဇင်ခန့်ပင် မရှိချေ ။


   သူတို့ကျောင်း၏ ယဥ်ကျေးမှုအတန်းသည် အဆင့်တစ်ဆယ်တွင်ရှိနေပြီး ထိုတော်သောကျောင်းသားအနည်းငယ်သည် အခြားကျောင်းသို့ပြောင်းသွားလျှင် အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများတွင် သူတို့၏ကျောင်းသည် အဆင့်လေးရာ ၊ ငါးရာသို့ ကျသွားမည်ကိုပင် စိုးရိမ်မိသည် ။


   သို့သော် တစ်ကျောင်းလုံးရလဒ်သည် မကောင်းသော်လည်း စာမေးပွဲအတွင်းတွင် သူတို့၏ အတန်းသည် အကောင်းဆုံးဖြစ်နေသည်မှာတော့ အတော်လေးကောင်းပေသည် ။ ဤလပတ်စာမေးပွဲတွင်သူ၏အတန်းမှ ရှီးယွိချီသည် အလယ်အလတ်နှင့်အောက်ဆုံးအဆင့်များမှ ယခုအယောက်ရာကျော်တွင် နံပါတ်သုံးနေရာသို့ ရောက်ရှိခဲ့သည် ။


  ဤလုပ်ဆောင်ချက်သည် အလွန်ကောင်းမွန်ပေသည် ။ အခက်အခဲတွေ ကျော်လွှားနိုင်လိုက်သကဲ့သို့ပင် ။


  စာမေးပွဲအချိန်အတွင်း သူနှင့်အခြားဆရာမတစ်ယောက်သာ ကြီးကြပ်ခဲ့တာမျိုး မဟုတ်လျှင် ရှီးယွိချီ ခိုးချခဲ့သည်ဟုပင် သူသံယဝင်မိလောက်သည် ။


နောက်ဆုံးအခေါက်က ရှီးယွိချီအား ကျောက်သင်ပုန်းပေါ်တွင် ပုစ္ဆာဖြေရှင်းရန် သူပြောခဲ့သည့်အခါက သူမသည် လျင်မြန်စွာလုပ်ဆောင်သွားသည်ကို သူတွေ့ခဲ့ရသည် ။ မြို့နယ်၏ နံပါတ်တစ် ကျုံးယို့ယို့၏ အကူအညီဖြင့် သူမသည် ပို၍ လုံ့လဝီရိယရှိလာပြီဖြစ်သည် ။ သူသည် ရှီးယွိချီအား ကျုံးယို့ယို့ ပေးလိုက်သော သင်ထောက်ကူပစ္စည်းများအား ကြည့်လိုက်သောအခါ မြို့နယ်နံပါတ်တစ်သည် သူမပင်ဖြစ်သည်ဟု တွေးလိုက်မိသည် ။

    ထိုတွင် သေချာပေါက် စုတ်တံနှစ်ခုရှိနေပြီး မင်းသယ်၏ သင်ကြားမှုသည် သူ့နည်းသူ့ဟန်ဖြင့် အဆပေါင်းများစွာ ပိုကောင်းနေဆဲဖြစ်သည် ။


  အတော်ကို တိုးတက်လာတာပဲ ။