Chapter 100
ရှီးယွိချီ သူမ၏ ရလဒ်များအား သိရသည်နှင့် တစ်ပြိုင်နက် သူမသည် အလွန်စိတ်လှုပ်ရှားကား စကားပင်မပြောနိုင်ခဲ့ချေ ။ထို့နောက် သူမမှားခဲ့သော မေးခွန်းများအား ကြည့်ပြီးသောအခါတွင်လည်း စိတ်ငြိမ်အောင်မထားနိုင်ခဲ့ပေ ။သူမသည် ရက်အနည်းငယ်လောက် အိပ်မပျော်ခဲ့သောကြောင့် ညတိုင်းမေးခွန်းများအားရေးနေခဲ့ပြီး အဓိကအချက်များကို မှတ်ယူနေခဲ့သည် ။တစ်ခါတစ်ရံ ကျောင်းအပြင်သို့ထွက်ကာ ဆန့်ကျင်ဘက်ကျောင်းမှ ဖြတ်သွားပြီး သူမသည် ထိပ်ဆုံးမှ ကျုံးယို့ယို့၏ ကြော်ငြာစာတန်းအား ကြည့်နေခဲ့သည် ။
သူမသည် မနာလိုဖြစ်ကာ ထိုထိပ်ဆုံးနေရာကို ရနိုင်ရန် စိတ်ပြင်းပြနေသည်ကိုတော့ ဝန်ခံရမည် ။
သူမ၏ အတန်းထဲမှ အတန်းဖော်များသည် ရှီးယွိချီ၏ အဆင့်များအားကြည့်ရန် စုဝေးနေကြပြီး သူတို့သည် အလွန်ပင် အံ့အားသင့်သွားကြသည် ။
" ညီအစ်မ ရှီ ၊ နင်ဒီတစ်ခေါက် အစွမ်းထက်တဲ့ ဆေးတွေဘာတွေများသောက်ခဲ့သေးလား ။ နင့်အဆင့်တွေက မဟုတ်သေးဘူး ။ အဲ့တာက မှားတွက်ထားတာလည်း မဖြစ်သင့်ဘူး ။ ကောင်းပြီ နင်ဘယ်လိုများ လုပ်ခဲ့တာလဲ "
အားလုံးသည် ထိတ်လန့်နေကြသည် ။
ရှီးယွိချီသူမဘေးတွင်ဝိုင်းနေသော အံ့သြနေသည့်အမူအရာများအား ကြည့်ကာ အနည်းငယ်ဂုဏ်ယူနေသည်ကို မဖုံးကွယ်နိုင်ဘဲ စာရွက်အားလိပ်ကာ ထိုလူ၏ ခေါင်းကို ရိုက်လိုက်ပြီး ပြုံးလိုက်သည် ။
" ဘာမှားနေလို့လဲ ။နင့်အစ်မကြီးက စာမေးပွဲမှာ အမှတ်တွေအများကြီးရလာခဲ့တာနော် "
ရှီးယွိချီသည် နောက်ဆုံးတွင် သူမ၏ ကိုယ်ပိုင်အားစိုက်မှုအပေါ်မှီခိုရခြင်းကို ခံစားလိုက်ရပြီး တစ်ဆင့်ပြီး တစ်ဆင့် ရှေ့သို့တက်လှမ်းကာ တိုးတက်မှုများ လုပ်ဆောင်ပြီးသွားသောအခါ သူမ၏ ဘေးမှလူများ အံ့အားသင့်နေခြင်းကို ကြည့်ခဲ့ရပြီး ထိုအရာက ဘယ်လိုခံစားရသလဲဆိုသည်ကိုပင် ပြောမပြတတ်တော့ချေ ။
ဒီအရသာက လုံးဝကို နှစ်သက်ပျော်ရွှင်ဖွယ်ပဲ ။
ထိုအရာသည် လူများအား ပြင်းထန်ခိုင်မာသည့် အရာကို ခံစားရစေပြီး လမ်းသည် ပို၍ပို၍ပင် ကျယ်ပြန့်လာကာ ထိုလမ်း၌ လျှောက်လှမ်းနေရသည်မှာ သူမ၏ ခေါင်းအားငုံ့ထားသမျှ သူမသည် တိုးတက်မှုများကို ဆက်၍ လုပ်ဆောင်နိုင်နေမည်ဖြစ်သည် ။
ကျောင်းဆင်းချိန်တွင် အတန်းပေါင်းစုံမှ မိန်းကလေးများသည် စုဝေးကြပြီး ဘာမျှရှိမနေခြင်း နှင့် လမ်းတစ်ဝိုက်တွင် ဘာမှလုပ်စရာမရှိ လှည့်လည်သွားလာနေကာ တိတ်တဆိတ်စိုးရိမ်နေရခြင်းထက် ဤအခြေအနေသည် ပို၍ပင်သာသေးသည် ။ သူမသည် မှားယွင်းနေသောလမ်းမှ ပြန်လည်ခေါ်ဆောင်ခံခဲ့ရသည် ။သို့သော် ထိုအရာများအားလုံးသည် သူမကြောင့်သာ ဖြစ်သည် ။
ရှီးယွိချီ၏ သူငယ်ချင်းမိန်းကလေးများသည် သူမအနားတွင် ဝိုင်းနေပြီး သူတို့၏ စိတ်များသည်အလွန်ရှုပ်ထွေးနေကြသည် ။
ထိုစဥ်တွင် ရှီးယွိချီသည် လေ့လာသင်ကြားမှုတွင် နစ်မြုပ်နေခဲ့ပြီး ထိုအရာကို သူတို့အားလုံးလည်း မြင်ခဲ့သည် ။ထို့နောက်တွင် သူတို့သည် သူမတွင်ရှိနေသော သင်ကြားရေးပစ္စည်းများသည် တစ်ဖက်ကျောင်းရှိ မြို့နယ်ပထမရရှိခဲ့သောသူမှ ဖြစ်ကာ ကျုံးယို့ယို့သည် သူမအတွက် အထူးရှာပေးခဲ့ခြင်းဖြစ်သည် ။
သူတို့နှင့်ပေါင်းနေသော အကြီးဆုံးအစ်မကြီးသည် ရုတ်ချည်း တစ်ခြားသူ၏ ညီမလေးဖြစ်လာခဲ့သည် ။သူတို့သည် စိတ်ရှုပ်ထွေးနေစဥ် အနည်းငယ် မသက်မသာခံစားလိုက်ရသည် ။ရှီးယွိချီက သူတို့ကို ဒီလိုနည်းလမ်းနဲ့ စွန့်ပစ်လိုက်တာလား ။ ထိုသို့ဆိုလျှင် ပွဲသိမ်းရန်အချိန်ကောင်းတွင် သူမတို့ ဘာလုပ်သင့်သနည်း ။
ရှီးယွိချီ၏ နှလုံးသားအောက်ခြေတွင် သူမသည် ကျုံးယို့ယို့အား အလွန်ကျေးဇူးတင်နေပြီး သူမအားလပ်သောအခါတွင် ကျုံးယို့ယို့အား တစ်ခုခုစျေးကြီးတာဝယ်ကျွေးမည်ဟု တွေးလိုက်သည်။
ရှီးယွိချီနှင့် ကစားနေကြဖြစ်သော ညီမတစ်ယောက်သည် ကျုံးယို့ယို့အား မုန်းတီးသောခံစားချက်ကို သူမ၏ နှလုံးသားထဲတွင် ခံစားလိုက်ရသည် ။သူမသည် ရှီးယွိချီ၏ ဖတ်စာအုပ်ကြားထဲတွင် ညှပ်ထားသော သင်ထောက်ရေးပစ္စည်းအား ဆွဲထုတ်လိုက်ကာ ရည်ရွယ်ချက်ရှိရှိ ပြုံးလိုက်ပြီး ပြောခဲ့သည် ။
" အစ်မရှီ ၊ ဒါက တစ်ဖက်ကျောင်းက အစ်မရှီကိုပေးထားတဲ့ ပထမဆုံးမေးခွန်းနော် ။မဆိုးပါဘူး ။ငါ့အထင်တော့ အစ်မရှီက ထက်မြက်ပြီး စာမေးပွဲမှာ ကောင်းကောင်းလုပ်နိုင်သားပဲ "
" မြို့နယ်က နံပါတ်(၁)ကို ဒါလေးလုပ်ဖို့မေးတယ်ဆိုတာက ခက်ခဲတဲ့ကိစ္စမှ မဟုတ်ဘဲ ။မကြာသေးခင်က ပြိုင်ပွဲမှာပါလာတဲ့ မြို့နယ်နံပါတ်(၁)မိန်းကလေးက တစ်ကယ် အံ့သြလောက်စရာပဲ ။ တစ်ဖက်ကျောင်းက မိန်းကလေးဆီမှာ လှည့်စားခံမနေပါနဲ့ အစ်မရှီ ၊ သူမက ဟန်ဆောင်ကောင်းပြနေတာလည်း ဖြစ်လောက်တယ် "
သူမမျှော်လင့်ထားခဲ့သလိုပင် စကားမဆုံးသေးခင်တွင် ရှီးယွိချီ၏ မျက်နှာသည် မဲမှောင်လာခဲ့သည် ။
ထိုစဥ်တွင် ရှီးယွိချိသည် သူမ၏ ဒေါသအား ဖိနှိပ်လိုက်ကာ သူမသည်ဒေါသထွက်ခဲပြီး လူမိုက်ပုံစံမှ ပုံမှန်မိန်းကလေးအဖြစ်သို့ပြောင်းလဲနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားလိုက်သည် ။ အုပ်စုထဲမှ မိန်းကလေးများသည် သူမအား ဒေါသထွက်ကာ ဖျားနာနေသောကြောင်တစ်ကောင်ကဲ့သို့ ဆက်ဆံနေခြင်းမဟုတ်ပေ ။
သူမသည် ထိုမိန်းကလေးအား အေးစက်သောအမူအရာဖြင့် စိုက်ကြည့်လိုက်သည် ။
" ကျေးဇူးပြုပြီး နင့်ရဲ့ပါးစပ်ကို ငါ့အတွက် သန့်ရှင်းပေးထားစမ်းပါ ။ငါ့ကိုနောက်ထပ်စကားတစ်လုံးပဲ ထပ်ပြောမယ်ဆိုရင်တောင် ငါနင့်ပါးစပ်ကို ဖျက်စီးပစ်မယ် "
ရှီးယွိချီသည် ကျုံးယို့ယို့အား ဤနည်းလမ်းမျိုးဖြင့် ကူညီပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ။သူမသည် ချက်ခြင်းပင် စကားမပြောရဲတော့ပေ ။
သူမသည် သူမ၏နေရာသို့ မနာလိုနေသော အမူအရာဖြင့် ပြန်သွားခဲ့သည် ။ အနီးနားရှိမိန်းကလေးများသည် ထိတ်လန့်တကြားဖြင့် စဥ်းစားနေကြသော်လည်း ရှီးယွိချီ၏ အေးစက်နေသော မျက်နှာထားအား မြင်နိုင်ပြီး သူတို့အကုန်လုံးသည် တစ်ယောက်မှထပ်၍ မလှောင်ပြောင်ရဲတော့ပေ ။
အစ်မကြီး က အစ်မကြီး ဖြစ်ဖို့ထိုက်တန်နေတုန်းပဲ ။ အကယ်၍ ကမ္ဘာပေါ်မှာ နောက်ကြောင်းပြန်ဖို့သာ အကြံညဏ်ရှိနေခဲ့မည်ဆိုလျှင် ထိုအရာသည် ကြောက်စရာကောင်းနေဆဲပင်ဖြစ်လိမ့်မည် ။
လူအုပ်စုကြီးထွက်ခွာသွားသောအခါတွင် ရှီးယွိချီအနားသို့ကပ်လာသည့်သူမှာ ဟွမ်မောက်ဖြစ်ပြီး သူမ၏ စားပွဲပေါ်တွင်ရှိသော သင်ကြားရေးပစ္စည်းများအားကြည့်ကာ မနာလိုစွာပင်ပြောလာခဲ့သည် ။
" အစ်မရှီ ၊ တစ်ကယ်ကို အစ်မရဲ့အဆင့်တွေက တိုးတက်လာခဲ့တာပဲ ။အကယ်၍ ငါ့မှာသာ လှပပြီး မြို့နယ်ရဲ့ အဆင့်တစ်ကောင်မလေးရှိမယ်ဆိုရင် အဲ့လိုသူငယ်ချင်းမျိုးက အရမ်းကောင်းမှာပဲ "
ဟုတ်တယ် ။ ထိုသို့ဆိုလျှင် သူ၏အဆင့်များသည်လည်း တိုးတက်လာနိုင်သည် ။ သို့သော် ထိုသို့ အံ့သြဖို့ကောင်းသည့်သူနှင့် သူမည်သို့သိနိုင်မည်နည်း ။
သူ့ဘေးတွင်ရှိကြသောသူများသည် သင်ယူလေ့လာချင်းမရှိဘဲ သူကဲ့သိုပင် စွမ်းဆောင်ရည်မရှိကြသော သူများဖြစ်သည် ။တစ်နေကုန်ဂိမ်းသာဆော့လေ့ရှိပြီး အခွံသက်သက် ဦးနှောက်ဖြင့် အရူးများသာဖြစ်ကြသည် ။ဟွမ်မောက်သည် အနည်းငယ်ဝမ်းနည်းပက်လက်ဖြစ်နေကာ သူသည် ဗလာသက်သက်စဥ်းစားပြီး ထိုအရာသည် အလွန်နောက်ကျသွားပြီ ဟုပင် တွေးခဲ့သည် ။
ယခုအချိန်မှ သေချာနားထောင်မည်ဆိုလျှင် အရမ်းများနောက်ကြနေမည်လား ။
အတန်းထဲရှိလေထုသည် အေးခဲနေပြီး အတန်းပိုင်ဆရာ မာကျန့် ဝင်လာခဲ့သည် ။
သူသည် မျက်နှာတွင် စိတ်လှုပ်ရှားနေသော အမူအရာအား ဖုံးကွယ်ထားသော်လည်း သူ၏ မျက်ခုံး ၊ မျက်လုံးအမူအရာများသည် ပျော်ရွှင်နေသည်ကို မထိန်းထားနိုင်ခဲ့ပေ ။
သူသည် ရှီးယွိချီအား တစ်ချက်ကြည့်ကာ အလွန်ကျေနပ်နေသော အမူအရာဖြင့်
" တိတ်တိတ်နေကြပါ ၊ ဆရာ့မှာ မင်းတို့ကို ပြောစရာရှိတယ် "
အတန်းထဲမှ သူများသည် မာကျန့်၏ ရှီးယွိချီကို အသိအမှတ်ပြုနေသော အမူအရာအားတွေ့လိုက်သောအခါ သူတို့၏ နှလုံးသားထဲတွင် အလွန်ရှုပ်ထွေးနေကြသည် ။
သူတို့၏ အတန်းမျိုးတွင် အားလုံး၏ အဆင့်သည်သာ မကောင်းခဲ့လျှင် ထိုအရာသည် ကိစ္စမရှိပေ ။သူတို့သည် ကိုယ့်ကိုယ်ကိုပင် ပြန်လှောင်ပြောင်ကာ ပြောလေ့ရှိသည် ။ " ငါတို့က အဆင့်ကောင်းကောင်းတော့လိုချင်တယ် ။ ဒါပေမဲ့ အဆင့်ကောင်းကောင်းရော မိသားစုနောက်ခံရော ဘာမှရှိမနေဘူး ။ အထက်တန်းပြီးရင် ငါတို့ဘယ်သွားမှာလဲ ။မျက်နှာချင်းဆိုင်မှာရှိနေတဲ့သူတွေရဲ့ ကားကိုရေဆေးပေးတာမျိုး ၊ အုတ်သယ်ပေးရတာမျိုး များဖြစ်နေလောက်မလား "
သူတို့သည် ထိုအရာများအား လှောင်ပြောင်ခဲ့ကြပြီး သူတို့၏ နှလံးသားထဲတွင် အနည်းငယ်မသက်မသာခံစားခဲ့ရသည် ။သို့သော် ထိုအရာများသည် ဖြစ်ပြီးသွားသည့်ကိစ္စများသာ ဖြစ်၍ အဆင့်များသည် အလွန်ဆိုးရွားကာ အထက်တန်းကျောင်းသည်လည်း ပြီးရန် နှစ်ဝက်လောက်သာကျန်တော့သည် ။ သူတို့၏ ဦးနှောက်သည် အလွန်ညံ့ဖျင်းကာ ပြန်ထနိုင်ရန် အခွင့်အရေးမရှိတော့သောကြောင့် အိုးအားခွဲလိုက်ကာ နေမြဲတိုင်းသာနေကြရန်ရှိတော့သည် ။
သို့သော် အတန်းထဲတွင် အဆင့်များအဆိုးရွားဆုံးဖြစ်သည့် ရှီးယွိချီသည် အချိန်တိုအတွင်းတွင် များစွာ တိုးတက်လာပြီး သူတို့အားအလွန်ပလုံးပထွေးဖြစ်ကာ ခေါင်းရှုပ်စေခဲ့သည် ။ စာအုပ်နှစ်အုပ်သုံးအုပ်ခန့်လုပ်ကာ ထိုသို့လျင်မြန်စွာလုပ်ဆောင်နိုင်သည်မှာ ဖြစ်နိုင်ပါရဲ့လား ။
ရှီးယွိချီ၏ ထိုကဲ့သို့ တိုးတက်လာမှုကို ပြောရမည်ဆိုလျှင် အတန်းထဲမှ သူများ၏ နှလုံးသားထဲတွင် မီးတောက်လေးအား လောင်ကျွမ်းစေခဲ့သော်လည်း ဘယ်သူကမှ ထုတ်ဖော်မပြသချင်ခဲ့ပေ ။
အဆုံးတွင် အတန်းထဲ၌ အားလုံးသည် ဆော့ကစားနေခြင်းကသာ အမှန်ကန်ဆုံးဖြစ်သည်ဟု ပြောလာကြပြီး သင်ယူလေ့လာခြင်းသည် တစ်ဖက်ကျောင်းရှိ ယိုယွင်းနေသော စာကြမ်းပိုးများသာလုပ်နိုင်သောအရာဟုဆိုလာကြသည် ။
အတန်းပိုင်ဆရာမာကျန့်သည် ချောင်းဟန့်လိုက်ကာ အားလုံး၏ အတွေးများအား ပြန်ဆွဲခေါ်လိုက်ပြီး ပြောလာခဲ့သည် ။
" ဒီတစ်ကြိမ်မှာ အားလုံးသိကြတဲ့အတိုင်းပဲ ဆရာတို့အတန်းထဲက ရှီးယွိချီက တစ်ကယ်တိုးတက်လာခဲ့တယ် ။ဆရာကြားခဲ့တာတော့ သူမက မျက်နှာချင်းဆိုင်ကျောင်းက မြို့နယ်နံပါတ်တစ်ရတဲ့သူဆီမှာ သင်ယူခဲ့တယ်တဲ့ ။ နာမည်ကြီးတဲ့အတန်းဖော်ရဲ့ အကူအညီနဲ့ ဆရာကတော့ မင်းတို့ကို ဘယ်လိုလေ့လာရမလဲဆိုတာ သင်ကြားပေးဖို့ တစ်ဖက်ကျောင်းက မြို့နယ်ပထမရတဲ့သူကို ဖိတ်ခေါ်ဖို့စဥ်းစားထားတယ် "
ကျုံးယို့ယို့သည် လီသုန်းဖျင်၏ အတန်းမှ ဖြစ်သည် ။သူနှင့် လီသုန်းဖျင်ကတော့ အတန်းဖော်များဖြစ်ခဲ့ကြသည် ။သူသာ ပါးစပ်ဟလိုက်မည်ဆိုလျှင် လီသုန်းဖျင်ကူညီလိမ့်မည်ဆိုတာကို သူအနည်းငယ်သေချာနေခဲ့သည် ။
ထိုကဲ့သို့ကိစ္စမျိုး အရင်က ရှိခဲ့ဖူးသည် ။ကောလိပ်စာမေးပွဲတွင် ကောင်းမွန်စွာဖြေဆိုနိုင်ခဲ့သောစီနီယာများသည် ညီငယ် ညီမငယ်များအား သူတို့၏ အတွေ့အကြုံများကို ပြန်လည်မျှဝေရန် လာခဲ့ဖူးသည် ။
သို့သော် ကျုံးယို့ယို့သည် သူတို့နှင့် အတန်းတူတူသာဖြစ်ပြီး ဘယ်လိုအရည်အချင်းမျိုးများ သူမဆီမှာ ရှိနေလို့နည်း ။
အတန်းထဲမှ လူအတော်များများသည် လက်မခံနိုင်ကာ အထူးသဖြင့် ရှီးယွိချီဆီမှ ယခုလေးတင်ကြိမ်းမောင်းခံခဲ့ရသော ညီမလေးသည်လည်း လက်မခံနိုင်ခဲ့ပေ ။သူမသည် ချက်ခြင်းပင် မျက်နှာအား ဖတ်စာအုပ်ဖြင့်ဖုံးလိုက်ပြီး မကြားတကြား ပြောလိုက်သည် ။
" ဘယ်ကြက်သွန်စိမ်းက မြို့နယ်ရဲ့ နံပါတ်တစ်လည်း ။သူမ ဒီတိုင်း စစ်ဆေးမှုလည်း ဝင်ဖြေခဲ့ရုံပါပဲ ။ တစ်ခေါက်လောက်လေး နံပါတ်တစ်နေရာရသွားတာပဲလေ ။ အသိပညာပြိုင်ပွဲရဲ့ စီရင်စုတစ်ခုလုံးမှာ ပထမရနိုင်တဲ့ အရည်အချင်းမျိုးရှိနေရင်တော့ အဲ့တာက အံ့သြလောက်စရာပဲပေါ့ ။ "
တစ်စုံတစ်ယောက်သည် ချက်ခြင်းပင် သူမပြောသည်အား ထောက်ခံလာခဲ့သည် ။
" ဟုတ်တယ် ၊ သူမကို ဖိတ်ခေါ်ဖို့ လုံးဝသဘောမတူဘူး "