အပိုင်း ၁၀၁
Viewers 11k

Chapter 101



 " မင်းတို့အခုထိ လက်မခံနိုင်ကြသေးဘူးလား ။"


 မာကျန့်သည် ဒေါသကြောင့် လှောင်ရယ်လာခဲ့သည် ။ထို့နောက် စင်အောက်ရှိ ဖရိုဖရဲဖြစ်နေကြသောသူများအားကြည့်လိုက်ကာ အချို့သည် အချိန်ကုန်လျှင်ပြီးရော ဟူသည့်အတိုင်း နားကြပ်များပင်တပ်ထားကြသေးသည် ။ သူသည် ကျောင်းသားများအား တိုက်ရိုက်ပင် မကြည့်နိုင်ခဲ့ချေ ။


" ငါပြောမယ် ။ မင်းတို့က တစ်မြို့လုံးက အတော်ဆုံးသူတွေကိုဖိတ်ချင်နေတာ ။ သူတို့သာ လာနိုင်ရင်  မင်းတို့မေးနေစရာတောင်မလိုဘူး ။ မင်းတို့သာ သူတို့ကိုဖိတ်ကြားနိုင်မယ်ဆိုရင် အဲ့အတွက် နံ့သာပေါင်းကိုပါ မီးရှို့ပေးလိုက်တော့ ။"


 သူထိုသို့ပြောလိုက်သောအခါ အတန်းထဲတွင် တိတ်တဆိတ်သုန်မှုန်နေသော သူများပို၍များလာလာခဲ့သည် ။


အစပိုင်းတွင် အတန်းထဲ၌ စိတ်ကြီးဝင်နေကြသောသူများ များစွာရှိကြလေသည် ။ သူတို့သည် ပုံမှန်အားဖြင့် တစ်ဖက်ကျောင်းမှ သူများအား စာကြမ်းပိုးဟုခေါ်ဆိုကာ အထင်သေးကြလေ့ရှိပြီး စာမတော်သော သူများကိုတော့ ဒုတိယမျိုးဆက်ဘိုးဘေးကြီးများဟု ခေါ်ဆိုလေ့ရှိကြသည် ။သူတို့သည် မျက်နှာချင်းဆိုင် အထက်တန်းကျောင်းရှိသူများအား အလွန်အော့နှလုံးနာနေကြသည် ။ ကျောင်းသားများသည် အတန်းသို့ ဟန်ပြသာလာတက်ကြပြီး ယခုတွင် သူတို့၏ အတန်းပိုင်ဆရာသည် တစ်ဖက်ကျောင်းမှ ကျောင်းသူအား အလွန်မြှောက်ပင့်နေသည်ကို တွေ့လိုက်ရသည် ။ 


 အဲ့တာက စစ်ဆေးမှုမှာ အမှတ်အနည်းငယ်လေးပိုရသွားရုံပဲမဟုတ်ဘူးလား ။ဘာတွေများ ကြီးကျယ်နေလို့လဲ ။


  ထိုအချိန်တွင် ကျုံးယို့ယို့သည် သူတို့အတွက် တစ်စုံတစ်ယောက်၏ မိသားစုဝင်ကဲ့သို့ဖြစ်နေပြီး သူတို့ သူမကို မမုန်းဘူးဆိုမှသာလျှင် ထူးဆန်းပေလိမ့်မည် ။


 ကျေးဇူးပြုပြီး  ။ မည်သို့ပင်ဖြစ်စေ ထိုအရာသည် နောက်သို့ပြန်လှည့်ကာ သွားနေခြင်းပင် ဖြစ်သည် ။အများဆုံးမှာ ၎င်းသည် သူတို့၏ ဂိမ်းကစားရမည့်အချိန်များအား နှောင့်နှေးစေမည်သာ ဖြစ်သော်လည်း သူတို့သည် မြို့နယ်တွင်အကောင်းဆုံးနေရာရထားသော တစ်ဖက်ကျောင်းမှသူအား ဘယ်လိုမျိုးလဲဆိုသည်ကို ကြည့်ရမည်ဖြစ်သည် ။

 

     တစ်ဖက်ကျောင်းမှသူသည် မည်မျှပင် အင်အားကြီးနေပါစေသူတို့အား အတန်းချိန်တစ်ချိန်စာဖြင့် ပညာရေးရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်လိမ့်မည်တော့ မဟုတ်ပေ ။ မာကျန့်သည် အမှန်ပင် သုံးစားမရချေ ။


    အတန်းထဲရှိ သူများသည် ထိုကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် တွေးနေကြသည် ။


  သို့သော် ဟွမ်မောက်သည် ထိုကဲ့သို့မတွေးပေ ။သူသည် သူ၏ ဘောပင်အားလှည့်လိုက်ကာ မသိမသာပင် ခေါင်းမော့လိုက်ပြီး မာကျန့်အားကြည့်လိုက်သည် ။ တစ်ဖက်မှလူပြောလာမည်အား သူ၏ နှလုံးသားထဲမှ အနည်းငယ် စောင့်မျှော်နေခဲ့သည် ။


   နောက်ဆုံးတစ်ခေါက်၌ သူသည် မင်းသယ်အထက်တန်းကျောင်းဝင်ပေါက်တွင် ကျုံးယို့ယို့၏ ဓါတ်ပုံအား တွေ့ခဲ့ရသည် ။ထိုမျှလောက် လှသောမိန်းကလေးသည် သူတို့၏ ကျောင်းသို့လာမည်ဖြစ်သည် ။အကယ်၍ သူသည် သူမထံမှ အတွေ့အကြုံတစ်စုံတစ်ရာမရခဲ့လျှင်တောင်မှ ထိုအရာသည် မျက်စိပဒါသဖြစ်နေဆဲပင်ဖြစ်သည် ။ထို့နောက်တွင် ဘာထပ်ဖြစ်မည်နည်း ။ ရှီးယွိချီ၏ လျင်မြန်သော တိုးတက်မှုများအား မြင်တွေ့ရပြီးနောက် သူ၏ ပရမ်းပတာဖြစ်နေသောအခြေအနေနှင့် ကောက်ရိုးများသာပြည့်နေသောဦးနှောက်သည် စတင်ပြီး တွေးမိလာခဲ့ပြီဖြစ်သည် ။


  သူသာ များစွာတိုးတက်လာခဲ့မည်ဆိုလျှင် သူ၏ အဘွားသည် အလွန်ပျော်ရွှင်သွားလိမ့်မည်ဖြစ်ပြီး အဘွားအား တစ်ယောက်တည်းထားခဲ့ကာ အိမ်သို့တစ်နှစ်ပတ်လုံးပြန်မလာသော မိဘများသည်ပင် ပြန်လာပြီး သူ့အား ချီးမွမ်းကြလိမ့်မည်ဖြစ်သည် ။


    ထိုအရာအားတွေးမိသောအခါ ဟွမ်မောက်သည် အနည်းငယ်စိတ်လှုပ်ရှားသွားကာ မြူထဲသို့ တစ်စုံတစ်ခုဖြင့်ပစ်လိုက်သကဲ့သိုပင် သူ၏ ရှေ့ဆက်သွားရမည့် လမ်းကြောင်းအား ရှာတွေ့သွားခဲ့ပြီဖြစ်သည် ။

 

   နေ့လည်ခင်းတွင် ကျုံးယို့ယို့ဘက်၌ လီသုန်းဖျင်သည် သူမအား ရုံးခန်းသို့ခေါ်ကာ ထိုအကြောင်းကိုပြောပြခဲ့သည် ။


" အခု ဆရာနည်းနည်းစိတ်ရှုပ်နေပြီ ။ သမီးက စီနီယာအထက်တန်းကျောင်းတက်နေရတဲ့သူဖြစ်နေပြီ ။ အကယ်၍များ သင်ကြားပေးဖို့ တစ်ခြားအတန်းတွေမှာ တစ်နာရီ ၊နှစ်နာရီလောက် အချိန်ပေးလိုက်မယ်ဆိုရင် သမီးကြိုတင်ပြင်ဆင်သွားဖို့လိုတယ် ။ ဆရာ့အထင်တော့ သမီးသွားချင်လား မသွားချင်ဘူးလားဆိုတာကတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ "


" သမီးသွားချင်သည်ဖြစ်စေ မသွားချင်သည်ဖြစ်စေ "  နှင့်  " သမီးပေါ်မှာသာ မူတည်သည် " ဟု လီသုန်းဖျင်ပြောလာခဲ့သည် ။ သို့သော် သူ၏ အကြည့်များသည် ကျုံးယို့ယို့အား စိတ်အားထက်သန်စွာဖြင့် ကြည့်နေခဲ့သည် ။ သူသည် မာကျန့်၏ဖုန်းအား ချပြီးပြီးချင်းပင် သူသည် အခြားသူများအား သူ၏ရင်ဘတ်အား ရိုက်ခိုင်းကာ သေချာစေခဲ့သည် ။


  ကျုံးယို့ယို့သည် ဘေးတွင်ရပ်နေပြီး အရေးမပါသလိုပင် ပြောလာခဲ့သည် ။ 

" ဘယ်တော့လောက်လဲ " 


  လီသုန်းဖျင်သည် အလျင်အမြန်ပင်ပြောလာခဲ့သည် ။

" မနက်ဖြန် မနက်ပဲ ။ သမီးအခုပြန်ပြီးတော့ ဒီညပြန်ပြင်ဆင်ထားလိုက်တော့ "


ကျုံးယို့ယို့ ခေါင်းညိတ်လိုက်သည် ။


သူမထွက်သွားပြီးသောအခါတွင် ရုံးခန်းထဲမှသူများသည် သူမ၏ နောက်ကျောအား လှည့်ကြည့်လာခဲ့ပြီး အလွန်ပင်ခံစားနေခဲ့ရသည် ။ ဓါတုဗေဒဆရာသည် လီသုန်းဖျင်အား ပြောလိုက်သည် ။


" လွန်ခဲ့တဲ့ လေးလ ၊ ငါးလ တုန်းက ငါတို့အတန်းထဲမှာ တစ်မြို့နယ်လုံးရဲ့ အတော်ဆုံးကျောင်းသား ရှိလာလိမ့်မယ်လို့  ငါတို့ဘယ်လိုလုပ်တွေးမိမှာလဲ ။ ငါအခုတော့ အဆင်ပြေသွားပါပြီ ။သူမက နိုင်ငံတော် အလံအောက်မှာ မိန့်ခွန်းပြောခဲ့ရုံမကဘဲ အခုဆို နိုင်ငံခြားကျောင်းမှာ သူ့ရဲ့ အတွေ့အကြုံကို မျှဝေဖို့တောင် ဖိတ်ခေါ်ခံနေရပြီ ။ လောင်လီ ၊ အဲ့တာက အဆင်ပြေပါတယ် ။ မင်းမျက်နှာပျက်ရမယ့်ကိစ္စမျိုးရှိလာမှာမဟုတ်ပါဘူး  ။   "


  လီသုန်းဖျင်သည်လည်း အလွန်ပျော်နေခဲ့သည် ။တစ်ကယ်တမ်းတွင် သူသည် ကျုံးယို့ယို့မသွားမည်ကို စိုးရိမ်နေခဲ့ရသည် ။ထိုသို့ဆိုလျှင် သူသည် သူ၏အတန်းဖော်ဟောင်းမာကျန့်နှင့် မျက်နှာပျက်ရလိမ့်မည် ဖြစ်သည် ။ကံအားလျော်စွာဖြင့် ကျုံးယို့ယို့သည် ရက်ရောကာ သူ့အား ဘာမှမပြောနေတော့ဘဲနှင့် သဘောတူလာခဲ့သည် ။


   သက်လတ်ပိုင်းအရွယ်လူများသည် မိသားစုအတွက် တိုက်ခိုက်နေရသည်မှလွဲ၍ သူတို့၏ အလုပ်အကိုင်အတွင်ပင် တိုက်ခိုက်နေရသည် မဟုတ်လား ။ သူသည် မြို့နယ်တွင်ပထမရသော ကျောင်းသူ ကျုံးယို့ယို့အား သင်ကြားပေးနိုင်သောကြောင့်သူ၏ အတန်းဖော်ဟောင်းရှေ့တွင် အနည်းငယ်ထုတ်ကြွားခဲ့သည် ။


  လီသုန်းဖျင်၏ ခါးသည် ယခုတွင် ပိုတုတ်လာခဲ့သည် ။


ဆုရငွေများသည် လျော့နည်းသွားပြီး သူသည် သူ၏ မိန်းမနှင့်ကလေးများအား စီချွမ်ရှိ ' Haidilao ' အမည်ရသော နာမည်ကြီး ဟော့ပေါ့ဆိုင်သို့ အကြိမ်ပေါင်းများစွာ လိုက်ပို့ပေးခဲ့သည် ။ သူတို့သည် အလွန်ကျေနပ်ကာ ပျော်ရွှင်နေကြပြီး သူ၏ မိသားစုသည်  ပို၍ သဟဇာတဖြစ်လာကြသည် ။


     ဤသို့တွက်ချက်ကြည့်မည်ဆိုလျှင် နောက်ဆုံးရလဒ်သည် ကျုံးယို့ယို့သည်သာလျှင် အကြီးမားဆုံးလုပ်ဆောင်ပေးခဲ့သည့်သူဟု မှတ်ယူရမည် ။ ထို့ကြောင့် လီသုန်းဖျင်သည် ကျုံးယို့ယို့အား ပို၍ ဂရုစိုက်ပေးနိုင်လာမည်လား ။


    မကြာသေးမီက အေးစက်သောရာသီ၌ပင် ကျုံးယို့ယို့သည် ပြတင်းပေါက်နားတွင် ထိုင်နေသည်အား သူသိခဲ့သည် ။သူအတန်းသို့ရောက်သောအခါ ပြတင်းပေါက်နားရှိ ကျောင်းသားများကိုပင် သတိပေးခဲ့သေးသည် ။ " ပြတင်းပေါက်ကို အရမ်းအကျယ်ကြီး မဖွင့်နဲ့ ။ပြတင်းပေါက်နားက မိန်းကလေးတွေအတွက် ဂရုစိုက်ပေးကြအုန်း "


   ထိုအရာသည် မျက်နှာချိုသွေးနေခြင်းမဟုတ်ပေ ။လီသုန်းဖျင်သည် သူ့ကိုယ်သူ အမြင့်တွင်ရှိနေသော သူများအား မြှောက်ပင့်တက်သော ဌာနမှူးနှင့် ကွဲပြားသည်ဟု သူ့ကိုယ်သူ တွေးခဲ့သည် ။ ကျုံးယို့ယို့နှင့် ကျုံးမိသားစုကြားရှိ ဆက်နွယ်မှုအား ကြေညာပြီးသည့်နောက်တွင် သူသည် ထိုအရာအား ကျုံးယို့ယို့ရှေ့တွင် တစ်ခါမှ ထုတ်မပြောခဲ့ပေ ။ သူသည် ကျုံးယို့ယို့အား ကောင်းမွန်စွာဆက်ဆံခဲ့ပြီး တပည့်ဖြစ်သူအား ကာကွယ်ပေးခြင်းမှာ ကောင်းသောအရာပင်ဖြစ်သည် ။


 ဓါတုဗေဒဆရာပြောသော စကားတို့အား ကြားပြီးသည့်အခါတွင် လီသုန်းဖျင်သည် သူ့ကိုယ်သူအလွန်ဂုဏ်ယူနေခဲ့သော်လည်း သူသည် ပုံမှန်လေသံနှင့်သာ ပြန်ပြောလိုက်သည် ။

" ဘယ်မှာလဲ ။ ငါတို့ဆရာတွေဆိုတာ ဒီတိုင်း လမ်းညွှန်ပေးရတဲ့သူတွေပါပဲ ။ လမ်းကြောင်းတစ်ခုတည်းကိုပဲ ညွှန်ပြပေးရတာပေါ့ ။တစ်ကယ်တမ်းက ကလေးရဲ့ ကြိုးစားမှု နဲ့ ထက်မြက်မှုအပေါ်မှာပဲ မူတည်တာပါ "


  ရုံးခန်းထဲတွင်ရှိနေသော အတန်း(၁၉)အား သင်ကြားပေးရသည့် ဆရာများအားလုံး ပြုံးလာကြသည် ။


 ရုံးခန်းထဲရှိ အခြားဆရာများသည် အသံတိတ်သေနတ်များပဲ့သို့ပင် မည်သည့်အသံမှ ထွက်မလာခဲ့ချေ ။ သူတို့ တိတ်ဆိတ်ပြီး မနေလို့ရမည်လား ။


 ဤအချိန်တွင် အတန်း(၁၉)သည် နွေဦးတွင်တိုက်ခတ်လာသောလေပြေအတွက် နှစ်ခြိုက်နေခဲ့ကြပြီးသူတို့၏ အတန်းသည် မည်သူမှ သတိမထားမိသောအတန်းမှ ယခုတွင် တစ်နှစ်ပတ်လုံး၌ နာမည်အကြီးဆုံးအတန်း အဖြစ်ပြောင်းလဲသွားခဲ့ပြီဖြစ်သည် ။ ဌာနမှူးသည်ပင်လျှင် သူတို့စာသင်ဆောင်ရှိသည့်အထပ်အား နှစ်ရက်တစ်ကြိမ် လာလေ့ရှိသည် ။ထိုအရာသည် ကျုံးယို့ယို့နှင့်သက်ဆိုင်နေသော လီသုန်းဖျင်ကြောင့် မဟုတ်ပေ ။


   ထိုအရာကိုပြောရမည်ဆိုလျှင် ကျုံးမိသားစုတွင်ရှိသော ဘဏ္ဍာရေးအရင်းအမြစ်များသည် ကောင်းမွန်သည် ။


 သို့သော် ကျုံးယို့ယို့သည် ကျုံးမိသားစု၏ သမီးအဖြစ်သူမ၏ ဘဝအမှန်အား ပြန်လည်ရရှိသွားသည်မှာ အနည်းငယ် စိမ်းသက်နေသည် ။ သူမ ကျောင်းတွင် ကျုံးမိသားစုနှင့် ပက်သက်၍ ပြောလာသည်အား သူတစ်ခါမှ မကြားခဲ့ဘူးပေ ။ သူမသည် ထိုအရာအား အလွန်တားမြစ်ထားပုံရကာ ရှောင်ရှားထားသည့်အတိုင်းပင် ဖြစ်သည် ။ထိုအရာသည် ယခင်က မုန့်ရှစ်ရွှမ် နှင့် အလွန်ကွာခြားသည် ။


  ရုံးခန်းထဲရှိဆရာများသည် ခင်မင်ရင်းနှီးသောအမူအရာဖြင့် စနောက်လာကြသည် ။ စွန်းမန့်သည် တရုတ်စာအိမ်စာများအား ရုံးခန်းထဲသို့ လာထပ်ပြီးသွားသောအခါ  အလျင်အမြန်ပင် ရုံးခန်းမှ ထွက်သွားခဲ့သည် ။


  သူမသည် လီသုန်းဖျင်နှင့် ကျုံးယို့ယို့ပြောခဲ့သော ကိစ္စများအား အကုန်လုံးကြားခဲ့သည် ။


ယခုတွင် ကျုံးယို့ယို့သည် အလွန်အင်အားကြီးနေပြီလား ။ မျက်နှာချင်းဆိုင်တွင်ရှိသော သက်မွေးမှုအထက်တန်းကျောင်းသည်ပင် သူမအား အတွေ့အကြုံကို ပြန်လည်သင်ကြားပေးရန် မေးလာခဲ့သည်တဲ့လား ။


စွန်းမန့်သည် အတန်းသို့ပြန်ကာ ပြတင်းပေါက်နားတွင် ထိုင်နေသော မိန်းကလေးအား မကြည့်ဘဲ မနေနိုင်ခဲ့ချေ ။ မိန်းကလေးသည် သူမ၏ လက်ထဲရှိစာအုပ်အား လှန်ကြည့်နေခဲ့ပြီး အနည်းငယ်ပျင်းရိနေသည့် ပုံပေါက်နေသည် ။

 

စွန်းမန့်သည် သူမ၏ နေရာတွင်ထိုင်လိုက်ပြီး နှုတ်ခမ်းအား ဖိထားကာ စားပွဲတွင် သူမ၏ လက်ဖဝါးအား ထပ်ခါတလဲလဲပွတ်သပ်နေခဲ့သည် ။သူမ၏ နှလုံးသားထဲတွင် မည်သို့ခံစားနေရသည်ကို သူမ မပြောနိုင်ခဲ့ပေ ။ မနာလိုတာလား ။ ဝန်တိုတာလား ။ သူမ ဘယ်လိုများ မနာလိုမဖြစ်ဘဲ နေနိုင်မည်နည်း ။သူမသည် အလွန်ပင် ကြိုးစားခဲ့သည် ။နေ့တိုင်းညတိုင်း ကြိုးစားမှုသည် မည်သည့်အခါကမှလျော့သွားခြင်းမရှိသော်လည်း သူသည် ကျုံးယို့ယို့၏ အဆင့်သို့ မရောက်နိုင်ခဲ့ပေ ။ အချို့လူများသည် ဖြစ်နိုင်သည်မှာ နတ်ဘုရား၏ မျက်နှာသာပေးခြင်းကိုခံရပြီး သူမသည်တော့ အခြားသူများ အလွယ်တကူတက်နိုင်သောတောင်ကို တက်နိုင်ခြင်းမရှိခဲ့ပေ ။


စွန်းမန့် သက်ပျင်းချကာ စားပွဲပေါ်တွင် လဲလျောင်းနေခဲ့သည် ။


ထိုညတွင် ကျုံးယို့ယို့သည် ရှီးယွိချီ၏ အတန်းသို့သွားရန် ညနက်သည်အထိ အသေအချာပြင်ဆင်နေခဲ့သည် ။ အမှန်အတိုင်းဆိုရလျှင် ကျုံးယို့ယို့သည် ရှီးယွီချီ၏ မေးခွန်းအမှားများအား အလွယ်တကူ ထောက်ပြနိုင်သော်လည်း ယခုတွင်တော့ သူမသည် လက်ဗလာဖြင့် အတွေ့အကြုံအား ဝေမျှရမည်မှာ အမှန်တစ်ကယ်ပင် ဘာကိုသင်ကြားပေးရမည်ကို ခဏတာလောက် မသိနိုင်ခဲ့ပေ ။


အတွေ့အကြုံလား ။ ညလယ်တွင် ကျုံးယို့ယို့သည် သန်းဝေကာ အလွယ်တကူ အမှားလုပ်ရန်လွယ်သော အချက်များအား အရင်ဆုံး ထုတ်ယူရန် ဆုံးဖြတ်လိုက်သည် ။ထိုအချက်များအား စီထားပြီး မနက်ဖြန်တွင် သူတို့၏ အတန်းကိုသွားကာ တစ်ချက်စီအစဥ်လိုက်ပြောပြသွားမည် ဖြစ်သည် ။


 သို့သော် ဓါတုဗေဒ နှင့် ရူပဗေဒအား ဤနည်းဖြင့်ပြောပြနိုင်သော်လည်း တရုတ်စာ နှင့် အင်္ဂလိပ်စာအား မည်သို့လုပ်ရမည်နည်း ။


 အင်္ဂလိပ်စာသည် ထိုမျှလောက်ပြဿနာမရှိပေ ။ထိုအရာသည် သဒ္ဒါအား အချိန်တိုအတွင်း အစဥ်လိုက်ရှင်းပြပြီး ဖြေရှင်းလိုက်နိုင်သည် ။ နောက်တွင် ထိုအတန်းထဲမှ သူများသည် သူမရှင်းပြသောအရာတို့အား သေချာပေါက်နားလည်လိမ့်မည်မဟုတ်ပေ ။


  ကျုံးယို့ယို့သည် ခဏလောက်တွေးလိုက်ပြီးနောက်တွင် အင်္ဂလိပ်စာအား ကျော်ထားရန် စီစဥ်လိုက်သည် ။ တရုတ်စာအတွက်ဆိုလျှင် သူမစီကုံးထားသော အချက်အလက်များအား ပြောလိုက်ရန်ပင် စီစဥ်လိုက်သည် ။

  သူမလီသုန်းဖျင်ကို သဘောတူညီလိုက်ပြီးကတည်းက သူမသည် အသေအချာဂရုစိုက်ကာ တာဝန်ယူရမည် ။ သူမသည် သူမ၏ အတွေ့အကြုံအား ပြန်လည်မျှဝေရန် တွန့်တိုနေမည့်သူမဟုတ်ပေ ။


 နောက်တစ်ရက်တွင် သူမသည် ကျောပိုးအိတ်အားလွယ်ကာ သက်မွေးမှုအထက်တန်းကျောင်းသို့ သွားခဲ့သည် ။ သက်မွေးမှုအထက်တန်းကျောင်း၏ တံခါးဝတွင် တံခါးစောင့်ဦးလေး နှင့် အချို့ကျောင်းသားများသည် သူမအား တိရစ္ဆာန်ဥယျာဥ်ထဲမှ ပန်ဒါဝက်ဝံကဲ့သို့ ပြူးကျယ်သောမျက်လုံးများဖြင့် ကြည့်လာကြသည် ။ မင်းသယ်အထက်တန်းကျောင်း၏ ကျောင်းဝတ်စုံသည် သူမကိုယ်ပေါ်တွင် အလွန်ထင်ရှားနေခဲ့သည် ။


" မင်းသယ်ကလူတွေက ငါတို့ကျောင်းမှာ ဘာလာလုပ်နေတာလဲ " သက်မွေးမှုအထက်တန်းကျောင်းမှသူများသည် တိုးညင်းသောအသံဖြင့် မေးနေကြသည် ။


  သူတို့နေရာတွင် အထက်တန်းကျောင်းသုံးကျောင်းရှိပြီး မင်းသယ် နှင့် သက်မွေးမှုအထက်တန်းကျောင်းသည် မျက်နှာချင်းဆိုင်ပင်ဖြစ်ကြသည် ။ သက်မွေးမှုအထက်တန်းကျောင်းသည် နှစ်တိုင်း မင်းသယ်ကျောင်းမှ လှောင်ပြောင်ခံခဲ့ရသည်ဟု ပြောနိုင်ပေသည် ။


သူတို့သည် မင်းသယ်ရှိသူများနှင့် ရံဖန်ရံခါ ကစားရလေ့ရှိပြီး ထိုသူများသည် သူတို့နှင့်အတူကစားရန် အထင်သေးလေ့ရှိသည် ။မင်းသယ်ရှိ ဌာနမှူးသည်လည်း သူတို့၏အတန်းဖော်အား ဝေဖန်သောကြောင့် ဖမ်းဆီးခိုင်းခဲ့သေးသည် ။  လူသိရှင်ကြားပြောရမည်ဆိုလျှင် သူတို့သည် ဤနေရာတွင် လူမိုက်များနှင့် ကစားရန်မှာ ဖြစ်နိုင်ချေမရှိပေ ။


ဟာသကဲ့သို့ပင် သူတို့သည်လည်း မင်းသယ်ရှိလူများနှင့် ကစားသည်မှာ ကြုံတောင့်ကြုံခဲပင်ဖြစ်သည် ။


  ထို့အပြင် သူတို့၏ သက်မွေးမှုကျောင်းမှသူများသည် ဘာကြောင့် လူမိုက်များသာဖြစ်နေသည်လည်း ။မည်သို့ပင်ဖြစ်စေ သူတို့၏ ကျောင်းသည် ခိုင်မာသော ကျွမ်းကျင်သည့်သက်မွေးမှုအထက်တန်းကျောင်းပင် မဟုတ်လား ။


ရလဒ်အနေဖြင့် သူတို့၏ သက်မွေးမှုအထက်တန်းကျောင်းသည် မင်းသယ်အတွက် တစ်ဖက်သတ်သည်းမခံနိုင်စရာကောင်းနေပေသည်။