အပိုင်း ၁၀၂
Viewers 11k

Chapter 102



   ကျုံးယို့ယို့သည် ရှီးယွိချီ၏ အတန်းသို့ လျှောက်လာခဲ့ပြီး တစ်လမ်းလုံးတွင် စူးစမ်းလိုသောအကြည့်များရှိနေကြသည် ။


မနေ့က ကျောင်းဆင်းသောအခါတွင် ရှီးယွိချီသည် ပြင်းထန်သောရမှတ်များအား အားလုံးရှေ့တွင် ထုတ်ပြခဲ့သည် ။ယနေ့တွင် ကျုံးယို့ယို့အား အလန့်တကြားဖြစ်အောင်လုပ်ပြီး သူမကို ထပ်မံ မလေးမစားလုပ်ရဲမည့် မည်သူမဆို သူမ ကောင်းကောင်းစောင့်ကြည့်ပေးလိုက်မည် ဖြစ်သည် ။   


   ရှီးယွိချီ၏ စကားသည် ဟန့်တားနိုင်သော သက်ရောက်မှုမျိုးရှိသည်ဟုတော့ ပြောနိုင်ပေသည် ။ယခုတွင် သူမသည် လူသတ်သမားဝတ်စုံကို ဖယ်ရှားခဲ့သည်သာမက သူမ၏ ကြမ်းတမ်းသောစရိုက်သည်လည်း အတော်အသင့်ပြုပြင်ခဲ့ပြီးဖြစ်သည် ။သို့သော် ထိုအရာသည် သူမအား အတန်းထဲမှ လူအတော်များများက ယခင်ကအစ်မကြီးကဲ့သို့ ဆက်ဆံကြခြင်းမရှိတော့တာမျိုးမဖြစ်စေခဲ့ပေ ။


ထို့ကြောင့် ကျုံးယို့ယို့ ဝင်လာသောအခါတွင် လူနှစ်ယောက်သာလျှင် စားပွဲပေါ်တွင် တစ်ဖက်သို့စောင်း၍ လဲလျောင်းနေကြခြင်း သို့မဟုတ် တီးတိုးပြောကာရယ်မောနေကြခြင်းရှိသော်လည်း သူမထံတွင် အကြည့်များအား လုံးဝမထားခဲ့ပေ ။ကြည့်ရသည်မှာ သူသည် ရည်ရွယ်ချက်ရှိရှိပင် သူမ၏ ပါးကို ရိုက်ခဲ့ပုံပေါ်သည် ။


ကောင်လေးအနည်းငယ်သည် သူတို့၏ လက်များကို မမြှောက်ဘဲ မနေနိုင်ခဲ့ကြပေ ။အထင်ရှားဆုံးတစ်ယောက်မှာ ဆံပင်အဝါရောင်နှင့် ကောင်လေးပင်ဖြစ်သည် ။သူ၏ မျက်လုံးများသည် တောက်ပနေပြီး လေချွန်နေသည်ကိုပင် သူမရပ်တန့်ခဲ့ပေ ။


" အားလုံးပဲ တိတ်တိတ်နေကြပါ ။ တစ်ခြားကျောင်းက အလှလေးက ဒီမှာရောက်နေပြီ " သူသည် သူ၏ လက်နှစ်ဖက်အား ပွတ်သပ်ကာပြောလာခဲ့သည် ။


ဟွမ်မောက်သည် ကြင်နာနေခဲ့သည် ။သို့သော် ထိုအရာသည် မပျော်မရွှင်ဖြစ်နေသော မိန်းကလေးများ၏ နားထဲသို့ ကျရောက်သွားခဲ့သည် ။အလှတဲ့လား ။ သူတို့သည် ပမာမခန့်ပုံစံဖြင့်ပင် ခေါင်းမော့လာကာ ကျုံးယို့ယို့အား ကြည့်လာကြသည် ။


" နင်က မင်းသယ်ကျောင်းကနေ ဒီကိုရောက်လာတဲ့သူလား "


မာကျန့်သည် ရုံးခန်းမှ အလျင်အမြန်ပြေးလာကာ ပြုံးရွှင်စွာဖြင့် ကျုံးယို့ယို့အား ပေါ့ပေါ့ပါးပါးပင်ပြောခဲ့သည် ။

 "အတန်းဖော် ကျုံးယို့ယို့ အချိန်အတိအကျကို ရောက်လာတာပဲ ။ ကြည့်ရတာ ဆရာ့ရဲ့ အစည်းအဝေးက အချိန်အနည်းငယ် ကြန့်ကြာသွားတဲ့ပုံပဲ ။ ခဏနေရင် ဆရာက အတန်းရဲ့ အနောက်ဘက်မှာ ရပ်နေလိုက်မယ် ။ ဆရာတို့ရဲ့ အတန်းဖော်တွေကို အတွေ့အကြုံနဲ့ပက်သက်ပြီး သင်ကြားပေးဖို့က အနည်းငယ်တော့ ခက်မယ့်ပုံပဲ "


ကျုံးယို့ယို့သည် ယခုလေးတင် သူမအား ရန်စလိုက်သော ကျောင်းသူကို ကြည့်လိုက်သည် ။ ထို့နောက်တွင် ဘာမှမပြောတော့ဘဲ မာကျန့်အား တစ်ချက်ခေါင်းညိတ်ပြလိုက်ကာ စင်မြင့်ပေါ်သို့တက်သွားလိုက်သည် ။


   သူမလျှောက်သွားသည်နှင့် တစ်ပြိုင်နက် မိန်းကလေးများသည် သူမသည်းခံလိုက်သည်ကိုတွေ့ခဲ့ပြီး သူမသည် လှောင်ရယ်သည့်ဟန်ဖြင့် နှာမှုတ်လိုက်သည် ။


" ဘယ်လိုအတွေ့အကြုံကို သင်ကြားပေးမှာလဲ ။ ငါတို့အတန်းက သူတွေအကုန်လုံးက အခွံသက်သက်ဦးနှောက်တွေချည်းပဲလေ ။အဲ့တာတွေက လှုပ်လိုက်ရင်တောင် ရေတွေထွက်ကျလာနိုင်လောက်တယ် ။နင်ရဲ့ စကားလုံးအနည်းငယ်က အဓိပ္ပါယ်မရှိတာ ဖြစ်နိုင်သလောက်ပဲ ။ ငါတို့လုပ်နိုင်တာ ဘာရှိမှာလဲ "


 ရှီးယွိချီသည်  အသံအားနှိမ့်ကာ သူမကိုစိုက်ကြည့်လိုက်သည် ။

" ရှောင်းမိန် ၊ နင်ဘာလုပ်နေတာလဲ ။ ဒီအတိုင်း ဂရုစိုက်ပြီး နားမထောင်နိုင်ဘူးလား ။ "


မာကျန့်သည် ချက်ခြင်းပင် အမိန့်ပေးလာခဲ့သည် ။

" တိတ်တိတ်နေကြ "

 ရှောင်းမိန်ဟု ခေါ်သောမိန်းကလေးသည် အရှေ့တန်းတွင် ထိုင်ပြီး သူမ၏ ကျောင်းဝတ်စုံရှိ ဇစ်များအားလုံးသည် စုတ်ပြဲနေသည် ။ သူမ၏ ဆံပင်သည်လည်း အနီရောင်များဆိုးထားပြီး ကျုံးယို့ယို့အား ကြည့်သောအခါတွင် သူမ၏ အကြည့်များသည် အလွန်မကျေနပ်နေပုံပေါ်သည် ။


 ရှီးယွိချီနှင့် သူ၏ ညီမလေးများအဖွဲ့သည် ယခင်ကက အဆင်ပြေခဲ့သည်မှာ ထင်ရှားပါသည် ။သို့သော် ယခုတွင် ကျုံးယို့ယို့ကြောင့် ရှီးယွိချီသည် ရုတ်တရက်ကြီး သူမတို့အား ထားသွားခဲ့ပြီဖြစ်သည် ။ဤအရာသည် သူမအား မသက်မသာမခံစားရစေဘဲ နေမည်လား ။


သူမသည် သစ္စာဖောက်ခံလိုက်ရသလို ခံစားရကာ ကျုံးယို့ယို့အား သေချာပေါက်ကောင်းမွန်စွာဆက်ဆံပေးနိုင်မည်မဟုတ်ဘဲ ရေးရေးမျှ ခက်ထန်ပေးလိုက်မည် ဖြစ်သည် ။


ကျုံးယို့ယို့သည် ပုံမှန်ကဲ့သို့ပင် စိတ်လှုပ်ရှားခြင်းမရှိ ၊ အလွန်တည်ငြိမ်နေသည် ။ ဤအခန်းထဲတွင်ရှိသော မည်သူမှ သူမအား မသိပေ ။ သို့သော် သူတို့သည် သူတို့နှင့် အတန်းတူတူမှ ဖြစ်သည့် သင်ကြားပေးလာမည့် သူမ၏ အတွေ့အကြုံဟု ခေါ်သောအရာအား နားထောင်ကြည့်ချင်ခဲ့သည် ။ သူမအား မကျေနပ်သောသူတစ်ယောက် သေချာပေါက်ရှိလာလိမ့်မည် ဖြစ်သည် ။


 "  နင်က ကိုယ့်ကိုယ်ကို သိမ်ငယ်နေတာဆိုရင်တော့ ငါလည်း မကူညီနိုင်ဘူး " ကျုံးယို့ယို့သည် ကွဲပြားစွာပင် ပြောလိုက်သည် ။ " ငါ အသုံးဝင်နိုင်မယ့် အချက်နည်းနည်းကိုပြောပြမယ် ။ ကျေးဇူးပြုပြီး နားမထောင်ခင်မှာ နင်တို့ရဲ့ ခေါင်းထဲမှာ ရှိနေတဲ့ ရေတွေကို သွန်ချပေးပါ ။ နင်တို့က သွန်မပစ်နိုင်ဘူးဆိုရင်လည်း အဲ့တာက နင်တို့ကိစ္စပဲ "


ဟွမ်မောက်သည် ရယ်မောခြင်းကိုပင် မရပ်တန့်နိုင်တော့ပေ ။


" နင်.."  ရှောင်းမိန်၏ မျက်နှာသည် ပူတက်လာပြီး ခဏအကြာတွင် မနေနိုင်စွာပင် သူမပြောလာခဲ့သည် ။

" ငါတို့ကို သင်ပေးလေ ။ဒါပေမဲ့ ငါတို့ကိုမသင်ပေးခင်မှာ နင်က ဝမ်းစာဝနေတဲ့သူဆိုတာကို အရင်ငါတို့ကို သက်သေပြ " 


" မြို့နယ်သိပ္ပံပြိုင်ပွဲက တရုတ်စာ နဲ့ အင်္ဂလိပ်စာကို မစစ်ဘူးမလား ။ဒါဆိုနင် မြို့နယ်မှာအရင်ဆုံး ဝင်ဖြေဆိုသင့်တာပေါ့  ။ အဲ့တာက နင်ကသိပ္ပံတစ်ခုတည်း တော်တယ်ဆိုတာကို ပြနေတာလေ ။ ဒီဘာသာရပ်နှစ်ခုမှာ ငါတို့ကို သင်ပေးနိုင်လောက်အောင် နင့်မှာ ဘာအရည်အချင်းတွေများ ရှိနေလို့လဲ ။ "


ရှောင်းမိန် ဤသို့ပြောလိုက်ပြီးသောအခါ သူမ၏ နိယာမသည် အလွန်ကောင်းမွန်နေသည်ဟု ကိုယ့်ကိုယ်ကို ထင်ကာ အလွန်ဂုဏ်ယူနေခဲ့သည် ။


သို့သော် ကျုံးယို့ယို့ သည် စတိတ်စင်ပေါ်မှာ ဆင်းကာတည့်တည့်ပင် လျှောက်လာသည်ကို သူမတွေ့လိုက်ရသည် ။


ထိုကဲ့သို့ အမူအရာကင်းမဲ့သော ရောင်ဝါများကြောင့် ရှောင်းမိန်သည် မသိစိတ်မှပင် အနောက်သို့ဆုတ်သွားကာ သူမ၏ ကျောပြင်သည် အနောက်မှစားပွဲနှင့် ထိမိသွားသည် ။ သူမ၏ မျက်နှာသည်နီရဲနေကာ ကျုံးယို့ယို့သည် သူမအား ရိုက်တော့မည်ဟုပင် တွေးလိုက်သည် ။သို့သော် မည်သူကသိမည်နည်း ။ ကျုံးယို့ယို့သည် သူမ၏ စားပွဲပေါ်ရှိ အင်္ဂလိပ်ဖတ်စာအုပ်ကိုသာ ယူကိုင်လာခဲ့သည် ။


တစ်တန်းလုံးသည် ကျုံးယို့ယို့၏ လှုပ်ရှားမှုများကြောင့် မှင်သက်သွားခဲ့ပြီး သူမဘာဆက်လုပ်မည်ကို နားမလည်ကြပေ ။


သို့သော် နောက်ပိုင်းတွင် သူတို့သည် ဖတ်စာအုပ်အားကိုင်ကာ စင်ပေါ်သို့ပြန်တက်သွားသော မိန်းကလေးကိုသာတွေ့လိုက်ရသည် ။


သူမသည် ဖတ်စာအုပ်အား ပုံမှန်ပင် လှန်လိုက်ကာ စတင်၍ ရွတ်ဆိုလေသည် ။


ထိုမြင်ကွင်းသည် အံ့အားသင့်စရာပင်ဖြစ်သည် ။


 ထိုမိန်းကလေးရွတ်ဆိုသွားသော အင်္ဂလိပ်စာအတန်းလိုက်သည် ပြေပြစ်ပြီး စံပြပင်ဖြစ်သည် ။  တဖျပ်ဖျပ်ပျံနေသော လိပ်ပြာလေးများသည် သူမ၏ ပါးစပ်မှ ထွက်လာသကဲ့သို့ပင် နားထောင်ရသည်မှာ အလွန်ကောင်းပေသည် ။ထိုအရာသည် ဆရာမှ သူတို့အားခေါ်ပြီး ဆိုခိုင်းသောအချိန်နှင့် အလွန်ကွဲပြားသည် ။ ထစ်ထစ်ငေါ့ငေါ့ဖြင့် ဖျစ်ညှစ်ပြီး ဆိုနေရသကဲ့သို့ စကားလုံးအနည်းငယ်သာ ထွက်လာကာ  လေယူလေသိမ်းသည်လည်း အလွန်ဆိုးဆိုရွားရွားပင်ဖြစ်သည် ။ သူမဆိုသွားပုံနှင့် လုံးဝကို ကွာခြားပေသည် ။


  ထိုအရာအားပြောပြရမည်ဆိုလျှင် ရွဲ့နေသောဖရဲသီးအပိုင်းများနှင့် ကြေမွနေသော စွံပလွံသီးများကဲ့သို့ပင် ရုတ်တရက်ကြီး နူးညံ့သော တိမ်စိုင်များဖြစ်ပေါ်လာပြီး ကောင်းကင်မှ ရုတ်ချည်း ကြွေကျလာတော့မည့် အတိုင်းပင် ။


အတန်းထဲတွင် သူတို့ကိုယ်သူတို့ အင်္ဂလိပ်လိုကောင်းကောင်းပြောနိုင်သည်ဟု ထင်နေကြသော မိန်းကလေးအချို့သည်ပင် အရှက်ရသွားကြသည် ။


   ဤအတန်းထဲရှိ ကျောင်းသားများအားလုံးသည် တစ်စုံတစ်ယောက်က အင်္ဂလိပ်စာကဲ့သို့ မိခင်ဘာသာစကားမဟုတ်သည်အား မွေးကတည်းကပြောလာသည့်အတိုင်း အသံထွက်နိုင်မည့်သူမျိုးကို တစ်ခါမှ မစဥ်းစားခဲ့မိဘူးပေ ။ အသံထွက်သည် အလွန်စံကျပြီး တိတ်ခွေမှလာသော အင်္ဂလိပ်လူမျိုးများနှင့်ပင် မခွဲခြားနိုင်လောက်အောင်ဖြစ်သည် ။


 တစ်တန်းလုံးသည် ခဏတာမျှ တိတ်ဆိတ်သွားခဲ့သည် ။


  ဆောင်းရာသီ၏ နေရောင်ခြည်ဝင်ရောက်လာခဲ့ပြီး စင်မြင့်ပေါ်တွင် ရပ်နေသော မိန်းကလေးသည် အနည်းငယ်ခေါင်းငုံ့ကာ အသံထွက်ကောင်းကောင်းဖြင့် အင်္ဂလိပ်စာအား ဖတ်နေပြီး  အရာအားလုံးသည် ထိုသူတို့အား ရင်သပ်ရှူမောဖြစ်စေခဲ့သည် ။


 ရှောင်းမိန်သည်လည်း သူမ၏ ပါးစပ်အား ကျယ်ကျယ်ဖွင့်ထားမိသည် ။သူမသည် ကျုံးယို့ယို့၏ စွမ်းရည်အား မေးခွန်းထုတ်ခဲ့ပြီး ယခုတွင်တော့ အရိုက်ခံလိုက်ရသကဲ့သို့ သူမ၏ ခေါင်းကိုပင် လုံးဝမဖော်နိုင်တော့ချေ ။


ဘာများလဲ ။တစ်ခန်းလုံးမှာ မဟုတ်သေးဘူး ၊သက်မွေးမှုအထက်တန်းကျောင်းတစ်ကျောင်းလုံးမှာတောင် ကျုံးယို့ယို့ရဲ့ အင်္ဂလိပ်အသံထွက်ထက် ပိုကောင်းတဲ့သူမရှိဘူး ။ သူတို့ရဲ့ အင်္ဂလိပ်စာဆရာတောင် သဒ္ဒါတွေနဲ့တစ်ခြားပုံစံတွေကို သူမလိုမျိုး မပြောနိုင်ဘူး ။သူတို့အသံထွက်ကလည်း ကျုံးယို့ယို့လောက်တောင် ကောင်းမနေဘူး ။ 


  ကျုံးယို့ယို့သည် ရုတ်ချည်းသူမ၏ စွမ်းရည်အား ထုတ်ပြလိုက်ပြီး အတန်းထဲမှ သူများအားလုံးအား ပါးစပ်ပိတ်စေခဲ့သည် ။


သို့သော် ရှီးယွိချီသည် သူမ၏ ခေါင်းအားမော့ကာ ပြင်းပြစိတ်များ ၊ မနာလိုမှုများနှင့် စင်ပေါ်ရှိ ကျုံးယို့ယို့ကို ကြည့်နေခဲ့သည် ။သူမသည် စာပိုကြိုးစားပြီး အပင်ပန်းခံကာ ပိုကောင်းသောအဆင့်များလိုချင်ခဲ့သည် ။ သူမ ဤမျှလောက် မည်သည့်အခါကမှ စိတ်အားထက်သန်ခြင်းမျိုးမရှိခဲ့ဘူးပေ ။


   အင်္ဂလိပ်စာတွင် တော်ကာ ထိုကဲ့သို့ ပြေပြစ်စွာ အသံထွက်နိုင်သည်မှာ မနာလိုစရာပင်ဖြစ်သည် ။


မာကျန့်ထံတွင် ရှုပ်ထွေးသော ခံစားချက်များရှိနေခဲ့သည် ။ မင်းသယ်ရှိကျောင်းမှ သူများအားလုံးသည် ထိုကဲ့သို့ တော်သောကျောင်းသားများဆိုသည်မှာ ဖြစ်နိုင်ပါမည်လား ။သူ၏ အတန်းထဲမှ ယုန်ပေါက်ကလေးများကို ကြည့်လိုက်ပါ ။သူတို့သည် ကြောက်စရာကောင်းပြီး ဘယ်လိုကြိုးစားရမည်ကို မသိကြပေ ။ထိုသို့ဖြစ်ရသည်မှာ သူတို့သည် အမှန်တစ်ကယ်ကောင်းမွန်သော သူမျိုးကို တွေ့ဖူးခြင်းမရှိသောကြောင့် သက်သက်သာသာ ရှိသောရွှံ့ဗွက်အိုင်ထဲသို့ လိုလိုလားလားပင် ခုန်ဆင်းနေကြပြီး အနာဂတ်ကိုပင် ဂရုစိုက်ရန် ငြင်းဆိုနေကြခြင်းဖြစ်သည် ။


ယနေ့တွင် ကျုံးယို့ယို့အား ဤနေရာသို့ ခေါ်ဆောင်လာခြင်းသည်   အတွေ့အကြုံအားဝေမျှပေးရန်ဆိုသည်မှာ ဒုတိယဖြစ်ပြီး ပို၍အရေးကြီးသည်မှာ တစ်နေ့တာလုံးတွင် လုံးလုံးလျားလျားသတိလက်လွတ်နေကြသော ကျောင်းသားများ၏ ခံစားချက်ကို ထိုးဖောက်ရန်အတွက်ပင်ဖြစ်သည် ။


 မာကျန့်မမျှော်လင့်ထားသည်မှာ သူသည် လူမှန်ကို ဖိတ်ခေါ်မိခဲ့ပြီး သူတို့၏ အတန်းရှိကျောင်းသားများသည် ကျုံးယို့ယို့ကြောင့် လှုံ့ဆော်ခံလိုက်ရပြီဖြစ်သည် ။


ဘာဖြစ်တာလဲ ။တစ်ယောက်နဲ့တစ်ယောက် လက်မခံနိုင်တာနဲ့ပဲ အင်္ဂလိပ်စာတတ်တာကို ထုတ်ကြွားတာပဲမဟုတ်ဘူးလား ။ 


ထိုအရာသည် သူတို့အားဆက်လက်ပြီး ကိုယ့်ကိုယ်ကို မြေကြီးပေါ်ပစ်ချနေဆဲပင် ဖြစ်စေခဲ့သည် ။ ထိုအချိန်တွင် သူတို့နှင့် မင်းသယ်ကျောင်းမှသူများသည် ကမ္ဘာနှစ်ခုတွင် နေနေကြသည်ဟု ခံစားခဲ့ရပြီး ထိုမျှလောက် ကွာခြားမှုမျိုးအား ယခင်က တစ်ခါမှ မခံစားခဲ့ရဘူးပေ ။


သူတို့သည်လည်း ထိုကဲ့သို အင်္ဂလိပ်စာကို ပြေပြစ်ပြီး လှလှပပလေးပြောနိုင်လိမ့်မည်ဟုတော့ ပြောမနေပါတော့နှင့် ။ သူတို့သည် အင်္ဂလိပ်စာကို စံကျအောင်ပင် ဖတ်နိုင်သည်မဟုတ်ပေ ။


  ခဏတာမျှပင် အတန်းထဲရှိ မည်သူမျှ စကားမပြောလာခဲ့ပေ ။


ထိုတိတ်ဆိတ်နေမှုသည် ကျုံးယို့ယို့ ဖတ်စာအား ဖတ်လို့မပြီးမချင်း ဖြစ်နေခဲ့သည် ။ ထို့နောက်တွင် မနေ့ညက အစီအစဥ်အရ သင်္ချာ၏ အဓိက မှားနိုင်သောအချက်များ ၊ ရူပဗေဒ နှင့် ဓါတုဗေဒများသည် အကျဥ်းချုပ်ကာ ကျောက်သင်ပုန်းပေါ်တွင် ချရေးခဲ့သည် ။


သေချာပေါက်ပင် တစ်နာရီ နှင့် နှစ်နာရီအတွင်းတွင် သူမများစွာ မပြောနိုင်ခဲ့ပေ ။ ထိုအရာသည် အဓိကမှားယွင်းနိုင်သောအချက်များအား ကောက်နှုတ်ခြင်းနှင့် သူမစာမေးပွဲတွင် ချမှတ်ထားသောအစီအစဥ်များ ၊ မေးခွန်းစီစစ်ခြင်းများ ပြောနိုင်သည်ထက် မပိုခဲ့ပေ ။ အဓိပ္ပာယ် ၊ အနောက်သို့တစ်ဆင့်ချင်းစီ ပြန်၍စဥ်းစားခြင်း နှင့် သူတို့ ဘယ်လိုလုပ်ရမည်ကိုမသိသောအခါ မေးခွန်းမေးရမည့်နည်းလမ်းတို့ကိုပင် သင်ကြားပေးခဲ့သည် ။


  ကျုံးယို့ယို့၏ အသံသည် အလွန်ကောင်းပြီး နိယာမများသည် အလွန် ရှင်းလင်းသည်ဟု ပြောရမည် ။


အစပိုင်းတွင် ဤအခန်းထဲရှိသူများသည် အလွန်ရူးမိုက်နေကြသော်လည်း နောက်ပိုင်းတွင် သူမ အင်္ဂလိပ်ဖတ်စာအား ဖတ်ပြီးသောအခါ လူအများစုသည် သူမအား စတင်ပြီး အာရုံစိုက်လာကြသည် ။


ထို့နောက်တွင် သူမ၏ တွေးပုံတွေးနည်းတို့အား လိုက်နာခဲ့ပြီး နာရီအနည်းငယ်ကြာသောအခါ အတန်းထဲရှိကျောင်းသားအများစုသည် ပရမ်းပတာဖြစ်နေသော အပြင်ဘက်ရှိ တစ်စုံတစ်ခုအား ထိတွေ့မိလိုက်သလိုပင် ခံစားခဲ့ရသည် ။


သူတို့၏ နှလုံးသားထဲတွင် မည်မျှပင် ဝန်မခံချင်ပါစေ ကိစ္စမရှိပေ ။မာကျန့် ဖိတ်ခေါ်ခဲ့သော မြို့နယ်နံပါတ်တစ် မိန်းကလေးသည် အလွန်အံ့အားသင့်ဖွယ်ပင် ဖြစ်သည်ကိုတော့ လက်ခံရမည် ။


  ကျုံးယို့ယို့သည် အမှန်ပင်တော်သည့်သူဖြစ်သည်ကို နားလည်ပြီးသွားသောအခါတွင် သူတို့နှင့် မျက်နှာချင်းဆိုင်ကျောင်းကြားရှိ ကြီးမားသောကွာဟချက်ကိုလည်း သိရှိသွားခဲ့သည် ။


အတိတ်တွင် သက်မွေးမှုကျောင်းရှိသူများသည် ဤအကြောင်းအရာအားတွေးတောရန် အမြဲရှောင်တိမ်းနေခဲ့ပြီး "စာသင်တာက ဘာများကြီးကျယ်တဲ့ကိစ္စဖြစ်လို့လည်း " နှင့် " ငါတို့ကမတိုက်ခိုက်နိုင်လို့လား " ဟူသော စကားလုံးများကိုသုံးကာ ကိုယ့်ကိုယ်ကိုအယုံသွင်းခဲ့သည် ။ သို့သော် ယခုတွင်တော့ သာလွန်သောသူသည် သူတို့၏ ရှေ့တွင်ရပ်နေခဲ့ပြီး သူတို့အား ထိုအရာကို ပြန်လည်တွေးတောစေခဲ့သည် ။