Chapter 103
ရလဒ်အနေဖြင့် လူအများသည် သူတို့၏ နှလုံးသားထဲတွင် စိုးရိမ်မှုကို စတင်ခံစားမိနေကြပြီဖြစ်သည် ။
သူတို့သည် သူတို့၏ ဘဝကိုထိုကဲ့သို့ ဖြုန်းတီးပစ်နေပြီး အနာဂတ်တွင် သူတို့ နောင်တမရဘဲ နေမည်လား ။
အင်္ဂလိပ်စာကိုပဲ ဥပမာယူကြည့်သင့်သည် ။အကယ်၍ သူတို့သာ မိသားစုနောက်ခံအကြောင်းမပြောလျှင် သူတို့၏ အရှေ့တွင်ရပ်နေသာ အင်္ဂလိပ်လိုပြေပြစ်စွာပြောသွားသည့် မိန်းကလေး၏ အနာဂတ်သည် သူတို့ထက်ပင်ပို၍ အဆင်ပြေချောမွေ့နေသည် မဟုတ်လား ။
အဘယ်ကြောင့်ဆိုလျှင် သူမထံတွင် စွမ်းဆောင်ရည် နှင့် ထူးချွန်မှုများရှိခြင်းကြောင့် သူမ၏လမ်းကြောင်းအား ကောင်းကောင်းရွက်လွှင့်နိုင်လိမ့်မည်ဖြစ်သည် ။ ပြီးတော့ သူတို့သည် မိမိကိုယ်ကို နှိမ့်ချကာ မျက်နှာချင်းဆိုင်ကျောင်းရှိသူများအတွက် ပန်းကန်ဆေးပေးရမည်မှာ အမှန်ပင်ဖြစ်နေမည်လား ။
အကယ်၍ သူတို့သာ အနည်းငယ်ရုန်းကန်ပြီး အပေါ်သို့လှမ်းတက်ခဲ့မည်ဆိုလျှင် ထိုအရာသည် အဆင်ပြေပြီး သူတို့သည် အနာဂတ်တွင် နောင်တရမည်မဟုတ်ပေ ။
မာကျန့်သည် မတတ်သာစွာဖြင့် အနောက်ဘက်မှ အတန်းအရှေ့သို့ လျှောက်လာခဲ့ပြီး သူ၏ အတန်းထဲမှ ကျောင်းသားများအား တိတ်တဆိတ်ကြည့်နေလိုက်သည် ။ ကျောင်းသားအများစု၏ မျက်နှာတွင် ရှုပ်ထွေးကာ စဥ်းစားနေကြသော အမူအရာကို ကြည့်ရသည်မှာ ဤခရီးအတွက် ထိုကျောင်းသူကို ဖိတ်ခေါ်ခဲ့သည်မှာ ကောင်းမွန်သောအရာဖြစ်ကို သူသိခဲ့သည် ။
ကောင်းမွန်သော ပညာရေးလဒ်များသည် ဒုတိယဖြစ်ပြီး အရေးကြီးဆုံးအချက်မှာ ရေဆန်ဖြစ်စေ ရေစုန်ဖြစ်စေ ကိစ္စမရှိဘဲ အပေါ်သို့တက်လိုသော နှလုံးသားရှိခြင်းမျိုးပင် ဖြစ်သည် ။
သို့သော် မကြာမီတွင် အတန်းထဲ၌ အနည်းငယ် ဆူညံပွက်လောရိုက်လာမှုများရှိလာသည် ။
" နင်အခုလေးတင် ရေးသွားတဲ့ စာစီစာကုံးစာကြောင်းက စီရင်စုတစ်ခုလုံးရဲ့ ပြိုင်ပွဲပရိုဂရမ်မှာနံပါတ်တစ်ရတဲ့ မဟာနတ်ဘုရားရဲ့ အကြံဉာဏ်ကို ခိုးချထားမဟုတ်ဘူးလား "
ရှောင်းမိန်သည် တမင်သက်သက် ကျုံးယို့ယို့ကို စိုက်ကြည့်နေခဲ့သည် ။
သူမသည် အလွန်ဒေါသထွက်နေပြီး ပါးရိုက်ခံလိုက်ရသလိုပင်ဖြစ်ကာ ယခုမတိုင်ခင်အထိ တွင်းတစ်တွင်းရှာတွေ့ဖို့သာ ဆုတောင်းနေမိသည် ။သူမ ကျုံးယို့ယို့ကို ထောက်ပြနိုင်ဖို့သာ တတ်နိုင်တော့သည် ။ မဟုတ်လျှင် သူမဤအတန်းထဲတွင်ပင် နေနိုင်တော့မည် မဟုတ်ချေ ။
မည်သို့ပင်ဖြစ်စေ ကျုံးယို့ယို့သည် စာစီစာကုံးနမူနာကို ဖော်ပြခဲ့ပြီး သူမပြင်ဆင်ရန်ထုတ်ယူခဲ့သော စာသားသည် စီရင်စုမှ ဖန်တီးသူနံပါတ်တစ်အဆင့်ရှိနတ်ဘုရား၏ မူရင်းစာသားဖြစ်နေခဲ့သည် ။
သူမသည် ရုတ်ချည်းပင် ဆယ့်နှစ်မှတ်ရနိုင်သော အသက်အား ရယူနိုင်ခဲ့သည် ။
မာကျန့်သည် ထိုပြဿနာဖြစ်စေသော ကျောင်းသူအား ဒေါသဖြင့် ဆူပူလာခဲ့သည် ။
" ရှောင်းမိန် နင်ဆူညံပူညံလုပ်ချင်နေတယ်ဆိုရင် ဘေးကအခန်းကိုသွား "
" မဟုတ်ဘူး ။ ဆရာဖိုရမ်ကို ဖွင့်ပြီး ကြည့်ကြည့်ပါ ။ဖိုရမ်မှာ နတ်ဘုရားက ရေးခဲ့တဲ့ဟာဆိုတာ စီစစ်ပြီးသွားပြီ ။ ဒီစာသားက ကျယ်ပြန့်တဲ့တရုတ်စာကို လုပ်ခဲ့တုန်းက နတ်ဘုရားရဲ့ ဥပစာပဲလေ ။ "
ရှောင်းမိန်သည် ကျုံးယို့ယို့၏ ကျစ်ဆံမြီးအသေးလေးအား ဆွဲချင်နေသကဲ့သို့ အလွန်မခံမရပ်နိုင် ဖြစ်လာခဲ့သည် ။
သူမသည် မတ်တပ်ကာ တစ်တန်းလုံးအား ကျုံးယို့ယို့သည် အခြားတစ်စုံတစ်ယောက်စီမှ ကူးယူခဲ့သည်ဟု ပြောချင်ခဲ့ပြီး ထိုအရာသည် ပုံမှန်ဟုပင် တွေးခဲ့သည် ။
သက်မွေးမှုအထက်တန်းကျောင်းမှ သူများသည် ထိုပဏာမပြိုင်ပွဲအား သိပ်အာရုံမစိုက်ခဲ့ပေ ။
မည်သို့ပင် ဖြစ်စေ ခုနှစ်ရက်တာ ပြိုင်ပွဲတွင် ရှောင်းမိန်သည် အခြားကျောင်းမှ သူမ၏ရည်းစားပါဝင်ယှဥ်ပြိုင်သောကြောင့် ဖြစ်စဥ်တစ်ခုလုံးကို ကြည့်ရှူခဲ့သည် ။ သေချာပေါက် သူမသည် ရည်းစားဖြစ်သူ၏ အဆင့်ကိုသာ ဦးဆုံးအာရုံစိုက်ခဲ့သည် ။သို့သော် သူမ၏ ရည်းစားသည် ပြိုင်ပွဲရှိလူသိန်းပေါင်းများစွာထဲမှနေရာတွင် ပျောက်သွားခဲ့သည် ။ထိုလူများထဲတွင် သူမ၏ အာရုံသည် ဖိုရမ်ပေါ်မှ အတင်းအဖျင်းများဆီသို့ ဆွဲဆောင်ခံလိုက်ရသည် ။
ထိုညတွင် ဝမ်နွမ်နွမ်လုပ်ခဲ့သော ကိစ္စများသည် သူမအား စိတ်လှုပ်ရှားစေခဲ့သည် ။
သက်မွေးမှုအထက်တန်းကျောင်းမှ သူများသည် ဘာကို အလေးစားဆုံးဖြစ်မည်နည်း ။သူတို့သည် ဤကဲ့သို့ စကားများများမပြောသည့် သူမျိုးကိုသာ အလေးစားဆုံးဖြစ်ကြသည် ။သူတို့သည် ရှီးယွိချီထက်ပို၍ လွှမ်းမိုးမှုအားကောင်းသည်မဟုတ်ပေ ။ အဆတစ်ရာလောက်ကိုပင် ပို၍ လွှမ်းမိုးမှုအားကောင်းပေသည် ။
ရလဒ်အနေဖြင့် သူမသည် ပထမရသော နတ်ဘုရားအား လေးစားပြီး နတ်ဘုရားနှင့်ပက်သက်သော ပို့စ်များနှင့်ပက်သက်၍ ကောင်းစွာသိပေသည် ။ ဤခဏတွင် ကျုံးယို့ယို့ရေးလိုက်သော စာတန်းအားမြင်လိုက်သောအခါ ရုတ်ချည်းပင် သူမရင်းနှီးနေသည်ဟု ခံစားလိုက်ရသည် ။
ထို့နောက်တွင် ဖိုရမ်အား ချက်ခြင်းဖွင့်ကာ စစ်ဆေးကြည့်ခဲ့သည် ။ထိုအရာသည် တူညီသော စာသားပင် မဟုတ်လား ။သူမက စာသားကို အနည်းငယ်လေးပင် ပြောင်းလဲထားခြင်းမရှိပေ ။ကျုံးယို့ယို့သည် ဘယ်လိုတောင်ပင် သူမ၏စိတ်ကူးဟုပြောနိုင်ပါသနည်း ။သူမအား အတိအကျထောက်ပြလာသည်ကို လိုချင်နေပါသည်လား ။
အချို့လူများသည် အောက်တွင် ပဏာမပြိုင်ပွဲအား ကြည့်ရှူခဲ့သည် ။လူအများကြီးမဟုတ်သော်လည်း အချို့လူများသည် ရှောင်းမိန်ပြောနေသောအကြောင်းအရာအား ချက်ချင်းနားလည်သွားခဲ့ပြီး ပို့စ်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
လုံလောက်ပြီ ။ကျုံးယို့ယို့က ဘာလဲ ။ တစ်ခြားသူတွေရဲ့စာသားကို ယူသုံးပြီး သူမကိုယ်ပိုင်လိုပဲ ပြောနေတာမဟုတ်ဘူးလား ။မင်းသယ်ရဲ့ကျောင်းကသူတွေက ဒီလိုပဲလား ။အဲ့တာကို မေးမနေပါနဲ့တော့ ။
ရုတ်ချည်းပင် တစ်တန်းလုံးသည် တီးတိုးပြောလာကြသည် ။
ရှီးယွိချီ စကားလုံးအနည်းငယ်အား အော်ပြောလိုက်သော်လည်း ဘယ်သူမှ သူမစကားကိုနားမထောင်တော့ပေ ။သူတို့ဘယ်လိုလုပ်များ ဂရုစိုက်နိုင်တော့မည်နည်း ။
ကျုံးယို့ယို့သည် ရိုးရိုးရှင်းရှင်းပင် အချက်အလက်တို့အား ချထားလိုက်ပြီး သူမ၏ လက်ကိုမြှောက်လိုက်ကာ အတန်းထဲရှိအုပ်စုများအား ပြောစရာမရှိသကဲ့သို့ပင် ကြည့်နေလိုက်သည် ။
သူမသည် ယခုပင် ရှောင်းမိန်ပြောခဲ့သော အတန်းထဲရှိသူများ၏ ခေါင်းထဲတွင်ရေများသာ ပြည့်လျှံနေသည်ဟူသည့် စကားအား သင်္ကာမကင်းဖြစ်ခဲ့သည် ။သူမ ယခင်က များများမတွေးခဲ့ပေ ။ပြိုင်ပွဲတွင် အသုံးပြုခဲ့သော စာသားသည် သူမ၏စိတ်ထဲတွင် ရုတ်တရက်ပေါ်လာသောကြောင့် ပုံမှန်ပင် သုံးခဲ့လိုက်သည် ။ ဤရှောင်းမိန်သည် မှတ်မိနေလိမ့်မည်ဟု မည်သူကထင်မည်နည်း ။ QYXLW ၏ တရားမဝင်ကလေးကဲ့သို့ပင်....
" ဆရာမာ ၊ သမီးဆက်ပြောသင့်လား ဒါမှမဟုတ် ဒီနေရာမှာပဲ ရပ်လိုက်သင့်တယ်မဟုတ်လား " သူမသည် ခေါင်းအားယဲ့ယဲ့မျှစောင်းလိုက်ကာ ပုံမှန်ပင် မေးလိုက်သည် ။
မာကျန့်သည် အလျင်အမြန်ပင် ဖျောင်းဖျလာခဲ့သည် ။ " အဲ့တာက အဆင်ပြေပါတယ် အတန်းဖော်ကျုံးယို့ယို့ ၊ အရင်ဆုံးခဏအနားယူလိုက်ပါအုန်း ။ဆရာ့အတန်းထဲက ကျောင်းသားတွေကတော့ တစ်ကယ်ပဲ..."
သူပြောလို့မပြီးသေးခင်တွင် ရှောင်းမိန်သည် ရုတ်တရက် သူမ၏ ဖုန်းအား မြှောက်လာပြီး ကျုံးယို့ယို့ကိုကြည့်ကာ သွားများတင်းတင်းစေ့၍ ပြောလာခဲ့သည် ။
" ငါအခုလေးတင် နတ်ဘုရားကို သီးသန့်စာပို့လိုက်ပြီ ။တစ်ချို့လူတွေက သူ့ရဲ့စာသားကို မမေးမြန်းဘဲ ယူသုံးနေတယ်လို့ပြောလိုက်တယ် ။သူမ ဘာပြန်ပြောမလဲဆိုတာကို ကြည့်ကြတာပေါ့ "
အတန်းထဲရှိသူများအားလုံးသည် ရှောင်းမိန်အလွန်အကြွံလုပ်ခဲ့သည်ဟု တွေးမိကြသော်လည်း အဆုံးတွင် ကျုံးယို့ယို့ဖတ်ပြခဲ့သော အင်္ဂလိပ်စာတန်းနှင့် သူမရှင်းပြခဲ့သော သိပ္ပံအချက်အလက်တို့သည် သူမအား အလွန်မြင့်မားသောနေရာသို့ ရိုက်ခတ်နေဆဲပင် ဖြစ်သည် ။သူမသည် အခြားသူ၏ စာတန်းအားပုံမှန်သာယူသုံးခဲ့ခြင်းဖြစ်ပြီး သူ၏ကိုယ်ပိုင်အရေးအသားဟု ပြောခဲ့ခြင်းသာဖြစ်သည် ။ ဖြစ်နိုင်သည်မှာ ထိုအရာသည် တစ်ခဏစာ မှတ်ဉာဏ်အမှားအယွင်းသာဖြစ်မည်ဖြစ်ပြီး မဟုတ်လျှင် သူမသည် ထိုအရာအား သိပ်ဂရုမစိုက်ခြင်းသာဖြစ်သည် ။
ဘာကြောင့်များ ရှောင်းမိန်သည် အခြားသူများအားဆွဲထားရမည့်အစား မလိုအပ်ဘဲ ရေကြီးခွင်ကျယ်နေပါသနည်း ။
အချို့လူအနည်းငယ်သည် မတတ်သာစွာဖြင့် ထုတ်ပြောလာကြသည် ။
" မျိုးရိုးနာမည် ရှောင်း နဲ့ ရှောင်းမိန် နင်နည်းနည်းလောက်ရပ်လိုက်လို့ရမလား ။နင်ကသူများကို မနာလိုဖြစ်နေတာမဟုတ်ဘူးလား "
"ငါကမနာလိုဖြစ်နေလို့လား " ရှောင်းမိန်သည် ဝုန်းဒိုင်းကြဲ ဒေါသထွက်လာကာ အနောက်သို့လှည့်လာခဲ့သည် ။
" မေ့လိုက်တော့ " တစ်စုံတစ်ယောက်သည် လှည့်ပတ်ပြောလိုက်သည် ။
ရှောင်းမိန်သည် မကြာမီကပင် နံပါတ်တစ်နတ်ဘုရားအား သီးသန့်စာပို့ခဲ့ပြီး သူတို့ဘာမျှမပြောနိုင်ပေ ။မေ့လိုက်ရန်သာရှိပြီး စီရင်စုတစ်ခုလုံးရဲ့ နံပါတ်တစ်က ဘာပြောမလဲဆိုသည်ကိုသာ ကြည့်ရတော့မည် ။
ကျုံးယို့ယို့ သက်ပျင်းယဲ့ယဲ့ချလိုက်ပြီး ရှောင်းမိန်၏ မြင်ကွင်းအားကြည့်ရသည်မှာ ကလေးကစားကွက်များကို ကြည့်နေရသကဲ့သို့ပင် ခံစားခဲ့ရသည် ။
ရုတ်တရက် သူမကွေးညွှတ်လိုက်ကာ ပိတ်ကားပေါ်တွင် အရိပ်ပြသည့်စက်၏ ကြိုးကို ဆွဲထုတ်လိုက်သည် ။ထို့နောက်တွင် သူမ၏ အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်ကာ တံခါးတွင်ရပ်နေသော မာကျန့်အား ပြောလိုက်သည် ။
" ဆရာမာ ၊ အတန်းထဲက ရုပ်ပုံပြပရိုဂျက်တာကို ဖွင့်ပေးလို့ရမလား "
မာကျန့်သည် စင်ပေါ်သို့ သူမပြောသည်ကို လုပ်ပေးရန်တက်လာခဲ့သည် ။ထို့နောက် အတန်းအောက်ရှိကျောင်းသူများသည် ကျုံးယို့ယို့၏ စိတ်အခြေအနေသည် အလွန်ကောင်းမွန်သည် ဟု တွေးခဲ့သည် ။ထိုသို့ဆိုလျှင် ဆရာသည် ပရိုဂျက်တာအားဖွင့်ကာ အကြောင်းအရာကို ဆက်ခိုင်းမည်လား ။
သို့သော် နောက်တစ်စက္ကန့်တွင်...
သူတို့သည် ပြိုင်ပွဲပရိုဂရမ်ဆော့ဖ်ဝဲလ်အား ပရိုဂျက်တာမျက်နှာပြင်ပေါ်တွင် တွေ့လိုက်ရသည် ။
ကျုံးယို့ယို့သည် ဖုန်းအားကိုင်ထားပြီး ခေါင်းကိုငုံ့ထားကာ သူမ၏လက်ဖြင့် နှစ်ချက်မျှနှိပ်လိုက်သည် ။ သူမသည် ဆော့ဖ်ဝဲလ်ကို ဖွင့်လိုက်သည် ။
ဆော့ဖ်ဝဲလ်အားဖွင့်လိုက်သော အပေါ်ထောင့်မှ နာမည်သည် QYXLW ဖြစ်သည် ။
"...."
နေပါအုန်း ၊ QYXLW တဲ့လား ။
ဘာကိုဆိုလိုချင်တာလဲ ။
သူတို့သည် ပဏာမအဆင့်တွင် ပါဝင်ခြင်းမရှိ ၊ အာရုံစိုက်ခဲ့ခြင်းမျိုးမရှိခဲ့လျှင်တောင်မှ စီရင်စုတစ်စုလုံးရှိ သူများအား ရိုက်ခတ်စေခဲ့သော ဤ နာမည်သည် ရင်းနှီးနေပြီဖြစ်သည် ။ သူတို့သည် မသိချင်လျှင်တောင်မှ ထိုနတ်ဘုရား၏ တစ်လျှောက်လုံးမုန်တိုင်းကဲ့သို့ ပြင်းပြင်းထန်ထန်ရိုက်ခတ်ခဲ့ခြင်းတို့အား နားထဲတွင် ကြားနေရသည်သာဖြစ်သည် ။
သို့သော် ယခုသူတို့ဘာကိုမြင်လိုက်ရခြင်းဖြစ်မည်နည်း ။
တစ်တန်းလုံးမှင်သက်သွားခဲ့ရသည် ။
ရုတ်ချည်းပင် နောက်ထပ် သူတို့မြင်လိုက်ရသည်မှာ ကျုံးယို့ယို့၏ နောက်တွင်ရှိနေသော QYXLW ၏ ပရိုဖိုင်နှင့် နှိပ်လိုက်သော ရှောင်းမိန်ထံမှ သီးသန့်စာများကို တွေ့လိုက်ရသည် ။ စာပြန်သည့်နေရာတွင် စကားလုံးနည်းငယ်အား အမူအရာမရှိ ရိုက်ထည့်လိုက်ပြီး သူမသည် လွယ်အိတ်အား ကောက်ယူကာ သုံးစက္ကန့်အတွင်း ထိုသူတို့ကို ထားရစ်ခဲ့သည် ။အတန်းသည် ထိုကဲ့သို့ပင်ဖြစ်သွားကာ သူမ ဘယ်တော့မှ ပြန်မလာသင့်တော့ပေ ။
( နတ်ဘုရားရေ တစ်ယောက်ယောက်က နင့်ရဲ့စာတွေကို ခိုးယူနေတယ် ။ ငါနင့်ဘက်ကနေ အမှန်တရားအတွက် ရပ်တည်ပေးမယ် ။အဲ့တာ ဖြစ်သွားတာက...")
( နင့်အလုပ်မဟုတ်ဘူး ")