အပိုင်း ၁၀၄
Viewers 11k

Chapter 104



အတန်းသည် အလွန်ပင်တိတ်ဆိတ်နေခဲ့သည် ။

အတော်အတန်ကြာပြီးနောက်တွင် ဟွမ်မောက်သည် ပြတင်းပေါက်၏ အပြင်ဘက် ကော်ရစ်တာတစ်လျှောက်တွင် ပျောက်ကွယ်သွားသော ကျုံးယို့ယို့၏ နောက်ကျောပုံရိပ်ကို ကြည့်နေခဲ့သည် ။ထို့နောက်တွင် ဘေးမှလူအား မရှင်းမလင်းစွာဖြင့်မေးလိုက်သည် ။


"ငါမှန်တယ်မလား ။ သူမက စီရင်စုတစ်ခုလုံးမှာ နံပါတ်တစ်ရတဲ့သူပဲ ။ လူတွေရဲ့ ပိတ်ကားနောက်ကွယ်မှာ ရှိနေခဲ့တာလေ ။ဒါဆို​ရင် အဓိပ္ပါယ်က သူမက  လွန်ခဲ့တဲ့ရက်တွေတုန်းက စီရင်စုမှာ နံပါတ်တစ်ဖြစ်တဲ့ တက်ကြွနေတဲ့တစ်ယောက်ပေါ့ ။


" အဲ့တာအမှန်ပဲ " သူ၏ ဘေးတွင်ရှိသော အတန်းဖော်သည် ညည်းညူလာခဲ့သည် ။


ဤမြင်ကွင်းက အလွန်ဒရမ်မာဆန်ပြီး အတန်းထဲရှိသူများ လျင်မြန်စွာတုံ့ပြန်လာကြသည် ။အတန်းပိုင်ဆရာ မာကျန့်သည်သာလျှင် ပုံရိပ်ပြနောက်ခံအား ကျောပေးကာ ဘာတွေဖြစ်မှန်းမသိခဲ့ပေ ။ တစ်တန်းလုံးသည် တစပြင်တွင်ရှိနေသကဲ့သို့ ရုတ်ချည်းတိတ်ဆိတ်သွားခဲ့သည် ။


သူ ပါးစပ်အဟောင်းသားဖြင့် ကျုံးယို့ယို့လွယ်အိတ်ကိုယူကာ ထွက်သွားခဲ့သည့်ဘက်ကိုသာ ကြည့်နေခဲ့သည် ။


မာကျန့်သည် သူ၏ကိုယ်ပိုင်အတန်းတွင်တိတ်ဆိတ်စွာပြောခဲ့သည်မှာ အတန်းထဲရှိယုန်ပေါက်လေးများသည် ကတိမပေးခဲ့သော်လည်း အခြားကျောင်းမှ ကျောင်းသားကို ဖိတ်ကြားခဲ့ကာ သူတို့ကို လှုံ့ဆော်ပေးလိမ့်မည် ။ဘယ်သူကများသိနိုင်မည်နည်း ။မာကျန့်သည် ပြဿနာအနည်းငယ်ရှာမိချေပြီ ။


သူသည် ယိုင်နဲ့နဲ့ဖြင့် အလျင်အမြန်ပင် ကျုံးယို့ယို့နောက်သို့လိုက်သွားခဲ့သည် ။


အတန်းထဲ၌ မာကျန့်ထွက်သွားခဲ့သော်လည်း သေလောက်အောင်ပင် တိတ်ဆိတ်နေကြဆဲဖြစ်သည် ။


ဤသို့မတိုင်မီက ကျုံးယို့ယို့နှင့် စီရင်စုရှိ ပထမရသူကို မဆက်စပ်မိခဲ့ကြပေ ။ရှီးယွိချီသည်ပင်လျှင် ကျုံးယို့ယို့အား စီရင်စုတွင် ပထမရရှိတဲ့သူဖြစ်လိမ့်မည်ဟု မထင်ခဲ့ပေ ။ အဆုံးတွင် ကျုံးယို့ယို့သည် မြင်းနက်ကဲ့သို့ ထွက်ပေါ်လာပြီး မြို့နယ်တွင် ပထမရရှိခဲ့သည် ။ သူမအတွက်ဆိုလျှင် ထိုအရာနှင့်ပင် အလွန်ကို အံ့အားသင့်စရာဖြစ်နေချေပြီ ။


သို့သော် ယခုတွင်တော့ ကျုံးယို့ယို့သည် မြို့နယ်၏ ပထမနေရာကို ရခဲ့ရုံမျှသာမကဘဲ မကြာမီကမှ အောင်မြင်လာသော အစီစဥ်တစ်ခုဖြစ်သည့် ပရိုဂရမ်၌ လူအယောက်ပေါင်း သိန်းရာချီလောက်ရှိသည့် စီရင်စုတွင်ပင် ပထမနေရာကို ရရှိခဲ့သည် ။


ထိုအရာသည် သူမ၏ ခေါင်းအား မိုးကြိုးတစ်ခုထိမှန်သွားသကဲ့သို့ပင် ။ သူမ လက်ခံပြီး စိတ်ငြိမ်သွားသောအခါတွင် နောက်ထပ် မိုးချုန်းသံနှင့် ကမ္ဘာကြီးကိုပင် တုန်လှုပ်သွားစေနိုင်လောက်သော မိုးကြိုးသည် သူမဆီသို့ ပစ်ချခဲ့သည် ။


အံ့အားသင့်ထိတ်လန့်မှုများအား ပြန်လည်ပြင်ဆင်ပြီးသွားသောအခါတွင် အတန်းရှိသူများသည် အသက်ပြန်ရှူလာကြပြီး တစ်ယောက်ပြီးတစ်ယောက် တီးတိုးပြောဆိုနေခဲ့ကြသည် ။


အားလုံးသည် သူတို့၏စာနာနေသော အာရုံစိုက်မှုတို့အား ရှောင်းမိန်ထံသို့ လွှဲပြောင်းပေးခဲ့သည် ။


ထိုအရာသည် အလွန်ပင် သနားစရာဖြစ်နေသည် ။အဆုံးတွင် ကျုံးယို့ယို့အား ဖမ်းနိုင်သွားပြီး စီရင်စုနံပါတ်တစ်နတ်ဘုရား၏ စာတန်းအား ခိုးကူးထားသည်ဟုပြောခဲ့သော်လည်း မည်သူကသိမည်နည်း ။ ကျုံးယို့ယို့သည် ထိုနံပါတ်တစ်နတ်ဘုရားဖြစ်နေခဲ့သည် ။


အဲ့တာက သူ့မျက်နှာကို တစ်ခြားသူတွေကို ရိုက်ဖို့ထိုးပေးထားလိုက်သလိုပဲ မဟုတ်ဘူးလား ။


တစ်စုံတစ်ယောက်က ပြောလာခဲ့သည် ။ " ရှောင်းမိန် နင်ဒီဟာကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ ။ပုံမှန်က သူမက ငါတို့ကို အတွေ့အကြုံပြန်ဝေမျှပြီး ကောင်းကောင်းသင်ပေးနေခဲ့တာပဲ ။နင်ကတော့ ဘာမှမဟုတ်တဲ့ကိစ္စလေးကို ကျိုးကြောင်းမဆီလျော်ဘဲ ရေးကြီးခွင်ကျယ်လုပ်ခဲ့တာ ။အခုတော့ သူမက မရှိတော့ဘူး ။ နင်ပျော်ပြီလား "


 ရှောင်းမိန်၏ မျက်နှာသည် အပေါက်ဖြစ်သွားအောင် ထိုးခံလိုက်ရသလိုပင် သူ၏ နှုတ်ခမ်းများသည် တွန့်ကွေးနေကာ အချိန်အတော်အကြာသည်အထိ လုံးဝမချေပနိုင်ခဲ့ပေ ။သို့သော် သူမမျက်နှာသည် ဖြူဖျော့လာကာ " နင်တို့က ငါ့ကို ဝေဖန်နိုင်လို့လား ။သူမက စီရင်စုရဲ့ နံပါတ်တစ်ဖြစ်နေလိမ့်မယ်လို့ ငါကဘယ်လိုလုပ်သိမှာလဲ "


" နင့်ကို ငါတို့က ဘာလို့ဝေဖန်လို့ မရရမှာလဲ ။ နင်က ဒီတိုင်းဆန်အိုးထဲမှာ ရောနေတဲ့ ကြွက်ချေးပဲလေ ။ "


ဟွမ်မောက်နှင့် အခြားသူများသည် ရှောင်းမိန်ကို အလွန်မကျေမနပ်ဖြစ်နေခဲ့ကြသည် ။အဘယ်ကြောင့်ဆိုလျှင် ကျုံးယို့ယို့ ဝေမျှသွားသော လက်တွေ့စမ်းသပ်ချက် များအကြောင်းသည် အလွန်ပင်အသုံးဝင်ပြီး စာရွက်ကြည့်ကာပြောသွားသည့် စီနီယာများနှင့် လုံးဝမတူညီချေ ။ သူတို့သည် နားထောင်ခဲ့ကြပြီး တစ်ကြိမ်ထဲနှင့် တိုးတက်အောင်မလုပ်နိုင်ခဲ့လျှင်မှ စာမေးပွဲတွင်အသုံးဝင်မည့် အချက်အနည်းငယ်ကို သိခဲ့ရသည် ။


  သူတို့ထိုအရာအား ဝန်မခံချင်လျှင်တောင်မှ သူတို့သည် နားစွင့်ကာ အသေအချာနားထောင်ခဲ့ကြသည် ။


သို့သော် သူတို့သည် ရှောင်းမိန်ကြောင့် အကုန် အနှောင့်အယှက်ဖြစ်ခဲ့ရသည် ။

ထိုအရာသည် ယခုတွင်ပြီးဆုံးသွားခဲ့ပြီဖြစ်သည် ။သူမသည် သူတို့အမှိုက်အတန်းအား နောက်ထပ်မည်သည့်အခါမှ ပြန်လာတော့မည်မဟုတ်ပေ ။


ရှောင်းမိန်သည် သူမအနီးနားတွင်ရှိနေသော ဆွေးနွေးမှုတို့အား နားထောင်နေခဲ့ပြီး သူမ၏ မျက်နှာသည် ဖြူတစ်လှည့် ပြာတစ်လှည့်ဖြစ်နေသည်ကိုသာ ခံစားခဲ့ရသည် ။သူမသည် အတန်းထဲရှိ လူထု ဝေဖန်ခံနေရသည့် ပစ်မှတ်ဖြစ်လာပြီး ပုန်းကွယ်နေနိုင်ရန် တွင်းတစ်တွင်းသာရှာချင်ခဲ့သည် ။


ကောင်လေးတစ်ယောက်သည် ရုတ်တရက်ပြောလာခဲ့သည် ။" ငါထင်ခဲ့တာက မျက်နှာချင်းဆိုင်ကျောင်းမှာ ရှိနေတဲ့သူတွေက အရူးအုပ်စုတွေပဲလို့ ။ဒါပေမဲ့ သူတို့ကြားထဲမှာ တစ်ကယ်အံ့သြဖို့ကောင်းတဲ့သူမျိုး ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး ။ထပ်ပြောရရင် သူမအခုလေးတင်ငါတို့ကို သင်ပေးသွားတဲ့ဟာတွေက မခြွင်းမချန်အိတ်သွန်ဖာမှောက်ကူညီပေးခဲ့တာမျိုးပဲ။ သူမရဲ့ စွမ်းဆောင်ရည်အကုန်လုံးကို ငါတို့ကိုပြောပြသွားခဲ့တာ  ။"


စားပွဲပေါ်တွင် လဲလျောင်းနေသော နောက်ထပ်မိန်းကလေးတစ်ယောက်သည် စားပွဲအား ဘောပင်ဖြင့် ထောက်နေကာ တီးတိုးစွာမပြောဘဲမနေနိုင်ခဲ့ချေ ။    "ဟုတ်တယ် သူမက အရမ်းအသေးစိတ်ကျတယ် ။ငါတို့အတန်းရဲ့ ဆရာထက်တောင် အသေးစိတ်ကျသေးတယ် ။ ဘာလို့လဲဆိုတော့ သူမက စာမေးပွဲဖြေရတဲ့သူရဲ့ အမြင်ဘက်ကနေ ပြောသွားလို့ပဲ ။ သူမဘာပြောသွားလဲဆိုတာ ငါနားလည်နိုင်တယ် ။ ဒါပေမဲ့ မာကျန့်ပြောသွားတာတွေကတော့ သမ္မာကျမ်းစာကြီးတွေ ရွတ်ပြသွားသလိုပဲ ။သူမ များများထပ်ပြောနိုင်ဖို့အတွက် ငါလည်း အားပေးတယ်...."


"ငါလည်း သူမပြင်ဆင်လာတဲ့ သင်ကြားရေးပစ္စည်းတွေက လက်ရေးအများကြီးကို တွေ့လိုက်တယ် ။ကြည့်ရတာက တစ်ညလုံးမအိပ်ဘဲ ပြင်ဆင်လာတဲ့ပုံပဲ"


ထိုစကားလုံးများသည် အတန်းရှိသူအားလုံးအား မသက်မသာခံစားရစေသည် ။


နောက်ဆုံးခွဲခြမ်းမှုရလဒ်တွင် သူတို့သည် သူတို့၏ နိမ့်ကျရှုပ်ထွေးမှုများကြောင့် မျက်နှာချင်းဆိုင်ရှိကျောင်းအား ငြင်းဆိုခဲ့သည် ။သူတို့သည် အခြားသူများပြောသည်ကို နားထောင်ခဲ့သည် ။ 


"နင်က တုံးအပြီးတော့ အဓိကတက္ကသိုလ်ကိုလည်း သွားနိုင်မှာမဟုတ်ဘူး ။ နင်က သက်မွေးမှုအထက်တန်းကျောင်းမှာပဲ ရောထွေးနေနိုင်မှာ ။ မျက်နှာချင်းဆိုင်ကျောင်းကိုတက်ဖို့မပြောနဲ့ အိမ်မှာတောင် ပိုက်ဆံမရှာနိုင်ဘူး ။ " အကယ်၍ နားများအပိုရှိခဲ့လျှင် နားထောင်ပြီး နားများပင် ပိုးကောင်အိမ်ကဲ့သို့ ပြည့်နှက်သွားပေလိမ့်မည် ။ သူတို့၏ တိမ်ဖုံးနေသော အမြင်များဖြင့် မင်းသယ်အထက်တန်းကျောင်းအား အမြင်ကောင်းများရှိနိုင်ပါအုန်းမည်လား ။


သို့သော် ယခုတွင် သူတို့အတန်းပိုင်ဆရာပြောခဲ့သည့်စကားအား လုပ်ပေးရန်ကတိပေးခဲ့သော မင်းသယ်အထက်တန်းကျောင်းမှ ကျောင်းသူရှိလာပြီး သူတို့အား ဂရုတစိုက်ပင် စာမေးပွဲစွမ်းရည်များနှင့်ပက်သက်၍အားလုံးသင်ကြာပေးခဲ့သည် ။ပြီးနောက် သူမ၏ အမူအကျင့်များသည် အလွန်ရှင်းလင်းပြတ်သားကာ တည်ငြိမ်ပေသည် ။


  သို့သော် သူတို့သည် ရူးနှမ်းသောလုပ်ရပ်များတွင်သာ တဝဲဝဲလည်ဖြစ်နေခဲ့သောကြောင့် သူမထွက်သွားခဲ့သည် ။


သူတို့၏ အတန်းသည် တစ်ကယ်မကောင်းပေ ။ ထိုအရာသည် ပရမ်းပတာများဦးဆောင်သောအတန်းတွင် နေဖို့သင့်တော်သော အုပ်စုပင် မဟုတ်လား ။


ရှီးယွိချီသည်လည်း အနည်းငယ်စိတ်ရှုပ်သွားခဲ့သည် ။ထို့ကြောင့် သူမ ရှောင်းမိန်အား အေးစက်စွာကြည့်ပြီး ပြောလိုက်သည် ။

" ကောင်းပြီ တော်ကြရအောင် ။သူမကထွက်သွားနှင့်ပြီပဲ ။ ဒါဆို နင်ရောဘာဆက်ပြောမှာလဲ "


ဟုတ်ပေသည် ။ ထိပ်ဆုံးကျောင်းသူသည် ထွက်သွားခဲ့ပြီဖြစ်သည် ။


လူအနည်းငယ်သည် စိတ်ပျက်သလိုပြောလာကာ ကိုယ့်အလုပ်ကိုယ်လုပ်ရန်ပြန်လှည့်သွားခဲ့သည် ။သို့သော် ထိုကဲ့သို့ စိတ်လှုပ်ရှားမှုဖြင့် အတန်းသည် ငြိမ်သက်သွားပြီဟုထင်ရသော်လည်း အားလုံး၏ စိတ်ထဲတွင်တော့ အနည်းငယ်အုံကြွနေခဲ့ပြီး အတွေးများသည်လည်း ပရမ်းပတာဖြစ်နေခဲ့သည် ။ တစ်ခါတစ်ရံတွင် သူတို့သည် သက်သောင့်သက်သာရှိနေသည့်အတွင်း၌သာ နေထိုင်ခဲ့ပြီး သူတို့ကဲ့သို့ပင် လေ့လာမှုမရှိ ၊ စွမ်းရည်မရှိသောအနီးနားရှိသူများကို ကြည့်နေခဲ့သည် ။ ထိုကဲ့သို့အချိန်ဖြုန်းခြင်းသည် ဘာမှထွေထွေထူးထူးမဟုတ်ဟုသာ သူတို့တွေးခဲ့သည် ။


မည်သို့ပင်ဖြစ်စေ တစ်ရက်တွင် ဆန်ကောက်ရန်စုဝေးနေကြသော ငှက်အုပ်စုသည် ကောင်းကင်တွင်ပျံသန်းနေကြသော ငှက်တို့အား တွေ့လိုက်ရပြီး များစွာသောအရာတို့နှင့် အနာဂတ်အလားလာတို့အား မတူကွဲပြားစွာတွေ့မြင်လိုက်ရသည် ။


 သက်မွေးမှုအထက်တန်းကျောင်းရှိ အတန်းဖော်များသည် ထိတ်လန့်သွားပြီး ထိုတစ်ခဏတွင် မည်သူမျှ အင်တာနက်ပေါ်မှ အကြောင်းအရာများအား မတွေးမိဘဲ ကျုံးယို့ယို့သည် စီရင်စုတွင်ပထမရသော သူဖြစ်နေလိမ့်မည်ဟု မစဥ်းစားခဲ့မိကြချေ ။


ဘာဆက်ဖြစ်ပါမည်နည်း ။ ကျုံးယို့ယို့သည် ဆော့ဖ်ဝဲလ်ထဲသို့ ဝင်ရောက်လိုက်ကာ သူတို့၏ မျက်လုံးများကိုပင် မယုံနိုင်ဖြစ်ခဲ့ရသည် ။ထို့ကြောင့် အခြားသူများသည် ဓါတ်ပုံရိုက်ထားခြင်း သို့မဟုတ် တစ်ခြားအရာများမလုပ်ဘဲနေပါမည်နည်း ။


ညနေခင်းတွင် အတန်းထဲမှ သူတစ်ယောက်သည် ထိုအရာအား ရုတ်တရက်ကြီး မှတ်မိလာခဲ့သည် ။သူတို့ဖိုရမ်ရှိ အကြောင်းအရာများအား ကြည့်လိုက်သောအခါ ပြောစရာမရှိကာ ဖိုရမ်ရှိကျောင်းသားအုပ်စုအား ဟာသအနေဖြင့်ပင် မှတ်ယူခဲ့သည် ။


  ဤလူသည် စီရင်စုရှိပထမရသောသူမှာ သေချာပေါက်ပင် ကျုံးယို့ယို့ဟု ပြောလာခဲ့သည် ။သို့သော် ထိုအရာသည် အဓိပ္ပာယ်မရှိသော တွေ့ကရာစကားကဲ့သို့ပင် မှတ်ယူခဲ့သည် ။


ထို့ကြောင့် ဤအကြောင်းအရာသည် အတန်းထဲတွင် အနည်ထိုင်သွားခြင်းမရှိသေးဘဲ သက်မွေးမှုအထက်တန်းကျောင်းရှိ သူများအတွက်သာ သီးသန့်အကန့်အသတ်ဖြစ်နေခဲ့သည် ။


  ဤညတွင် ကျုံးယို့ယို့ အိမ်သို့ ပြန်ရောက်သောအခါ သူမ ရှီးယွိချီမှပို့လာသော တောင်းပန်စာအား ရရှိခဲ့သည် ။


 ဤကိစ္စသည် ရှီးယွိချီနှင့် ဘာမှသက်ဆိုင်ခြင်းမရှိသော်လည်း သူမသည် အပြစ်ရှိစိတ်ဝင်နေဆဲဖြစ်သည် ။ ကျုံးယို့ယို့သည် သူမ၏အတန်းသို့လာပြီး ရှောင်းမိန်နှင့် ပြဿနာဖြစ်လာနိုင်သည်ကို သိခဲ့သည် ။သူမသည် ဒီနေ့မနက်ပိုင်းတွင် မာကျန့်အား ကြိုတင်မပြောခဲ့ရပေ ။ သူမ၏ တိုးတက်လာမှု အကြောင်းပြချက်သည် ကျုံးယို့ယို့ပင်ဖြစ်သည် ။


အဆုံးတွင် သူမသည် သတိလက်လွတ်ဖြစ်သွားခဲ့သော သူမ၏ အတွေးတို့ကိုသာ အပြစ်တင်ခဲ့သည် ။အဆုံးတွင် ထိုကဲ့သို့ မြို့နယ်နံပါတ်တစ် နှင့် သူငယ်ချင်းဖြစ်ရသည်မှာ သူမသည် အနည်းငယ်မှေးမှိန်သွားခဲ့သည် ။


ကျုံးယို့ယို့ စာပြန်လိုက်သည် ။ 

" ရပါတယ် "


သူမသည် ရှောင်းမိန်၏ ခံစားချက်တို့အား နားလည်နေဆဲဖြစ်သည် ။သူမသည် ယခင် ရှီးယွိချီ အကောင်းဆုံးညီမေး အဖြစ် အတူဆော့ခဲ့ပြီး ယခုတွင် ရှီးယွိချီသည် တစ်ဖြေးဖြေးသူမအနားမှ ဖယ်ခွာသွားခဲ့ပြီဖြစ်သည် ။ဖြစ်နိုင်သည်မှာ သူငယ်ချင်းခင်မင်မှုကြားတွင် ပေါက်ကွဲမှုရှိလာပြီး ရှောင်းမိန်သည် မသိစိတ်မှ ထိုသို့လုပ်ခဲ့ခြင်းဖြစ်ပေလိမ့်မည် ။


 မည်သို့ပင် ဖြစ်စေ ၊ ထိုအရာသည် ဥပမာမဟုတ်ပေ ။ အနာဂတ်တွင် မာကျန့်သည် လီသုန်းဖျင်ကို မည်မျှပင် ရှာခဲ့ပါစေ  ၊ လီသုန်းဖျင်သည် သူ့ကို မည်မျှပြောလာခဲ့ပါစေ သူမ၏ ဤအတွေ့အကြုံကို ကျော်ဖြတ်ပြီး ထိုအရာအား အတိတ်တွင် ထားခဲ့ကာ ထိုရွှံ့နွံတောထဲသို့ သူမထပ်သွားတော့မည် မဟုတ်ပေ ။


 ကျုံးယို့ယို့ စာပို့ပြီးသွားသောအခါတွင် ရေချိုးကာ အိပ်ယာပေါ်တွင် လဲလျောင်းလိုက်ပြီး ကူရှင်ခေါင်းအုံးအား သူမခါးပေါ်တွင် တင်လိုက်ကာ သက်သောင့်သက်သာ အနားယူခဲ့သည် ။


ရက်အနည်းငယ်ကြာသောအခါ နိုင်ငံလုံးဆိုင်ရာနောက်ဆုံးအဆင့်တွင် ' Haisoft ' ဟု ဟုခေါင်းစဥ်တပ်ထားသော ပြိုင်ပွဲအစီစဥ်၏ အပေါ်ဘက်ထောင့်နားတွင် သေးငယ်သော အနီရောင်အစက်အား မြင်လိုက်ရသည် ။ နှိပ်လိုက်လျှင် ထိုဆော့ဖ်ဝဲလ်သည် အလိုအလျောက် အဆင့်မြှင့်တင်ပြီးသွားလိမ့်မည် ဖြစ်သည် ။


ဆော့ဖ်ဝဲလ်အားလုံးသည် နှစ်ရက်အတွင်း အဆင့်မြှင့်တင်ပြီးသား ဖြစ်သွားခဲ့ပြီး ကျုံးယို့ယို့သည် သေချာပင် ဂရုတစိုက်မကြည့်ခဲ့လိုက်ပေ ။


ဗားရှင်းအသစ်ကို အပြန်အလှန်အကျိုးသက်ရောက်မှုအတွက် အဆင့်မြှင့်တင်ခဲ့သည် ။ ကျောင်းသားပေါင်းအယောက်ငါးရာနှင့် စတင်ခဲ့ပြီး နိုင်ငံဆိုင်ရာ အကြိုပြိုင်ပွဲတွင် နောက်ခံအောက်မြင်ကျော်ကြားသောကစားသမားအဖွဲ့ဖြင့် ဖွင့်လှစ်ခဲ့သည် ။ 


ကျုံးယို့ယို့သည် အလျင်အမြန်ပင် အဆင့်မြှင့်ထားသော မိတ်ဆက်အား ကျော်လိုက်ပြီး  ယှဥ်ပြိုင်ပွဲ၏ စည်းမျဥ်းများအား တိုက်ရိုက်ပင် ကျော်ကြည့်လိုက်သည် ။


ပဏာမပြိုင်ပွဲရှိ မေးခွန်းများ၏ နည်းဗျူဟာမျိုးနှင့် မတူညီဘဲ ခုနှစ်ရက်စာအတွက် မေးခွန်းများသည် တိုက်ရိုက်ပင် စုပုံလာသည် ။ အကြိုနောက်ဆုံးအဆင့်ပြိုင်ပွဲသည် အလွန်စိန်ခေါ်မှုများလေသည် ။


ရုတ်ချည်းပင် အချို့လူများသည် ကာကွယ်နေကြပြီး အချို့လူများသည် တိုက်ခိုက်လာကြသည် ။ စစ်တလင်းတွင် သုံးချီမြောက်တိုက်ခိုက်ပြီးသွားသောအခါ တစ်ချီစာမျှအနားယူခွင့်ရှိပြီး တိုးမြှင့်လာမည်ကို စောင့်ဆိုင်းနေရမည်ဖြစ်သည် ။အကယ်၍ သူတို့သည် သုံးချီတွင် တစ်ချီတောင် မကာကွယ်နိုင်ခဲ့လျှင် အလိုအလျောက်ပင် ဖယ်ရှားခံရမည်ဖြစ်သည် ။ တိုက်ခိုက်ခြင်းသည် အဓိကကျသည်မှာ မှန်ကန်သည်နှင့် တူညီသောအချက်ပင် ဖြစ်သည် ။


အကြိုနောက်ဆုံးအဆင့်ပြိုင်ပွဲနှင့် ပက်သက်၍ ပြောရလျှင် ကစားသမားတိုင်းသည် ပွဲအားတိုက်ရိုက်ပင်သွားကာ သေသည်အထိ တိုက်ခိုက်ကြမည်ဟုပင် ပြောနိုင်ပေသည် ။