အပိုင်း ၁၀၅
Viewers 11k

Chapter 105



  နောက်ဆုံးအကြိုပြိုင်ပွဲ၏ အဆင့်သည် ပဏာမအချီတုန်းကထက် ပို၍ ပြင်းထန်သည် ။အဆုံးတွင် ၎င်းသည်နိုင်ငံလုံးဆိုင်ရာ နာမည်ကြီးအစီစဥ်ပင် ဖြစ်သည် 


။နောက်ဆုံးအကြိုပြိုင်ပွဲအဆုံးတွင် အထက်တန်းကျောင်းသားများထက် ပို၍များပြားသော ပရိတ်သတ်များသည် စောင့်ကြည့်နေခဲ့ကြသည် ။  အသိပညာပြိုင်ပွဲဖြစ်သော်လည်း ပါဝင်ယှဥ်ပြိုင်သူအားလုံးသည် ငယ်ရွယ်ပြီး လှပသော မိန်းကလေး ၊ ယောကျ်ားလေးများဖြစ်ကြပြီး အရွယ်ရောက်သောအခါတွင် နာမည်ကြီးလာနိုင်ကြသည့် သူမျိုးပင် ဖြစ်ကြသည် ။


  မဟုတ်လျှင် သူ၏အတိတ်ဘဝတွင် ရှစ်ကျစ်ထန်သည် နိုင်ငံဆိုင်ရာပထမချန်ပီယံအဖြစ် အနိုင်ရပြီးနောက်တွင်၎င်းမှ အကျိုးများစွာ ရလိမ့်မည်မဟုတ်ပေ ။


ယှဥ်ပြိုင်ပွဲ၏ စည်းမျဥ်းများအား ဖတ်ပြီးသောအခါ ကျုံးယို့ယို့ သူမ၏ဖုန်းအားချထားလိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ရန်သာ စီစဥ်လိုက်တော့သည် ။


နောက်တစ်ရက်တွင် သူမအတန်းထဲသို့ ဝင်ဝင်ချင်းပင် နောက်ထပ်အုပ်စုတစ်စုသည် ရွှီရှောင်ယွဲ့အနားတွင် စုဝေးနေသည်ကို တွေ့လိုက်ရသည် ။မိန်းကလေးအုပ်စုသည် တစ်စုံတစ်ရာအား စိတ်အားထက်သန်စွာပင် ဆွေးနွေးနေကြသည် ။ရွီရှောင်ယွဲ့ရထားသော နေရာသည် အတန်း(၁၉) အတင်းအဖျင်းမိန်းကလေးအုပ်စု၏ ဗဟိုလူဟုပင် ပြောနိုင်ပြီး ကျုံးယို့ယို့သည် ထိုအရာအား နေသားကျနေသကဲ့သို့ပင် လျှောက်သွားလိုက်သည် ။


သို့သော် ယနေ့တွင် အနည်းငယ်ကွာခြားပုံရသည် ။ယနေ့တွင် ရွှီရှောင်ယွဲ့၏ မျက်နှာသည် နီရဲပြီး သူမသည် အထူးစိတ်လှုပ်ရှားနေခဲ့သည် ။


" ဒီလုပ်ဆောင်ချက်က မနေ့ညကမှ အသစ်မြှင့်တင်လိုက်တဲ့ စနစ်လေ ၊ ဟုတ်တယ်မလား ။ အဲ့တာက တစ်ခါမြှင့်တင်ပြီးတာနဲ့ အဲ့လူက ငွေအများကြီးပေးခဲ့ပြီးသားဖြစ်သွားပြီ ။တစ်ကယ်ကို အဲ့လူက  ပြည်တွင်းအာဏာရှင် ဆိုတာထင်ရှားနေတာပဲ "



" ငါကပိုက်ဆံနဲ့ ပန်းပွင့်တွေဝယ်ပြီး မဲထည့်လိုက်မယ်ဆိုရင် အဲ့တာက ရေတွက်ပြီးသား ဖြစ်သွားမှာ ။ဒါတွေအကုန်လုံးက ပိုက်ဆံအစစ်တွေပဲ ။ဒီလူက တစ်ကယ်ကို RMB ကစားသမားပဲ ။


" သူ့ကို ကြည့်ထားလိုက် " ရွီရှောင်ယွဲ့သည် စိတ်အားထက်သန်စွာပင် ပြောလာခဲ့သည် ။


 "ငါတို့စီရင်စုရဲ့ မဟာနတ်ဘုရားက နိုင်ငံဆိုင်ရာနောက်ဆုံးအဆင့်ထိတက်သွားတော့မှာ ။ အဲ့လိုဆိုရင်တော့ သူမ အရှက်မရသွားလောက်ပါဘူး ။ နင်က အတန်းပြီးရင် အားနေပြီပဲ ။ ပြီးတော့ လက်မှတ်တွေက စောစောစီးစီးအကုန်ရောင်းထွက်သွားလောက်တယ် ။ သူက ကျွယ်ချန်ကို ဖြတ်နိုင်နေသ၍ ငါတို့က သူမရဲ့အချက်အလက်တွေကိုလည်း ကျွယ်ချန်ကို ဖြတ်နိုင်အောင် လုပ်ပေးသင့်တာပေါ့ "


ကျုံးယို့ယို့သည် လွယ်အိတ်အားချထားလိုက်ပြီး သူတို့ဘာပြောနေသည်ကို နားမလည်ခဲ့ကြပေ ။သူမထိုင်လိုက်ပြီး တူညီသောစားပွဲကိုပင် ဘောပင်အဖုံးဖြင့် ထောက်နေခဲ့သည် ။

" ဘာတွေထပ်ဖြစ်ပြန်ပြီလည်း "


  ထိုင်ခုံဖော်မှ စကားပြောချိန်မရလိုက်သေးခင်တွင် ရွှီရှောင်ယွဲ့သည် သူမအား အပြေးလာပြောခဲ့သည် ။ " ကျုံးယို့ယို့ နင်လည်း နံပါတ်ရအောင် မြန်မြန် ဖောင်တင်ပြီးတော့ နတ်ဘုရားအတွက် အစီစဥ်လုပ်ထားသင့်တယ် ။ သူမကနင့်ရဲ့ သူငယ်ချင်းမဟုတ်ဘူးလား ။ နင်ပိုပြီး တက်ကြွသင့်တာပေါ့ ။"


အစီစဥ်လုပ်ထားရမှာလား ။ 


 ကျုံးယို့ယို့သည် အံ့အားသင့်သွားကာ ဘာတွေဖြစ်နေသလဲ ဆိုသည်ကို ကြည့်ရန် ဖိုရမ်ကို ဖွင့်ကြည့်လိုက်သည် ။


နောက်ဆုံးအဆင့်အကြိုပြိုင်ပွဲသည် မနေ့ညက တရားဝင်စတင်ခဲ့ပြီး စနစ်သည်လည်း မြှင့်တင်ခဲ့သည် ။ ပြိုင်ပွဲဝင်အယောက်ငါးရာအတွက် ကြေညာထားသော အချက်အလက်များသည် ဆော့ဖ်ဝဲလ်၏ မူရင်းစာမျက်နှာတွင် တင်ထားခဲ့သည် ။

( နာမည်အစစ်နှင့် လူများသည် သူတို့၏ နာမည်အရင်းသာဖြစ်ကြသော်လည်း လက်ရှိတွင် လျှို့၀ှက်သော အထောက်ထားနာမည်များကိုသာ အသုံးပြုကြသည့်သူများလည်းရှိသည် ။ဥပမာအားဖြင့် ကျုံးယို့ယို့သည် zစီရင်စုအဖွဲ့၏ ပထမနေရာတွင်ရှိပြီး သူမ၏ ပရိုဖိုင်ဓါတ်ပုံသည် ရောင်စုံဖန်အကွက်ပုံစံဖြစ်သည် ။)


ကျုံးယို့ယို့ "...."


ယခုတွင် သူမ၏ ထိပ်ပိုင်းပရိုဖိုင်အား ချစ်စရာကောင်းပြီး ဖော်ရွေသည့်ပုံစံပြောင်းရန် နောက်ကျသွားပြီလား ။


ယခုမှစတင်၍ နောက်ဆုံးအကြိုအဆင့်ပြိုင်ပွဲမပြီးမချင်း ပရိုဂရမ်အုပ်စုသည် ကစားသမားများအား မဲပေးရမည့် မဲပေးချန်နယ်အား ဖွင့်လှစ်ခွင့်ပြုသွားပြီဖြစ်ပြီး ရှီရှောင်ယွဲ့ယခုနက ပြောသွားသကဲ့သို့ပင် အဆင့်များအား တင်ပေးရန်ဖြစ်ပေသည် ။  နောက်ဆုံးအောင်မြင်မှုနှင့် တိုးတက်မှုများသည် ဂိမ်းအတွင်းရှိ ဦးနှောက်စွမ်းရည်တွင်သာ အခြေခံသော်လည်း ကစားသမားသည် ပို၍ နာမည်ကြီးလေ စီးပွားရေးတန်ဖိုးပိုမြင့်တက်လေဖြစ်သည် ။ တစ်ဝက်တွင် ဖယ်ရှားခံရသော ကစားသမားအများစုသည် သူတို့၏ နာမည်ကြီးမှုကြောင့် ကြော်ငြာများတွင် ပါဝင်လာနိုင်ခြင်းမှာ ဖြစ်နိုင်ပါမည်လား ။


ထို့ကြောင့် နာမည်ကြီးခြင်းသည်လည်း ကစားသမားများအတွက် အလွန်အရေးပါပေသည် ။


ရွှီရှောင်ယွဲ့သည်လည်း ထိုကဲ့သို့တွေးခဲ့သည် ။ QYXLW နတ်ဘုရားသည် ရလဒ်ကောင်းများ ရထားသော်လည်း သူမ၏ နာမည်ကြီးမှုသည် ထိပ်ဆုံးသို့မရောက်လျှင် ရှက်စရာကောင်းပေလိမ့်မည် ။ ထို့ကြောင့် သူမသည် ကျောင်းသို့စောစီးစွာလာခဲ့ပြီး အစီစဥ်ချမှတ်ရန် အားလုံးကိုခေါ်လိုက်သည် ။


သူတို့မကြာသေးမီက ပြောခဲ့သော မဲအဖြစ်ပိုက်ဆံနှင့်ဝယ်ပေးရမည့် ပန်းများအတွက်ပင်...


ဤအစီစဥ်သည် တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့်ဖြစ်ပြီး ကုန်ကျစားရိတ်သည်လည်း မသေးလှပေ ။ အပိုအားဖြင့် ကြောငြာဖြင့် ပိုက်ဆံရှာခြင်းရှိသည် ။ထိုအရာသည် ပရိတ်သတ်များ၏ သုံးစွဲမည့်ပမာဏကို ဆွဲဆောင်သည့် လုပ်ရိုးလုပ်စဥ်ဖြစ်သည် ။ထို့ကြောင့် အခြားစွမ်းရည်ပြိုင်ပွဲများကဲ့သို့ပင် ပန်းပွင့်များသည် လူဦးရေ၂၀၀ အတွက်သာဖြစ်ပြီး အဆင့်ဇယားတွင် အဆ၂၀၀လောက် တိုးမြှင့်ပေးမည့်အရာပင်ဖြစ်သည် ။ ထို့နောက် ပန်းပွင့်တစ်ပွင့်အတွက် အွန်လိုင်းဒင်္ဂါးနှစ်ပြားခန့် လိုအပ်ပေသည် ။


  ကျုံးယို့ယို့သည် အဆင့်ဇယားအား ဖွင့်ကြည့်လိုက်သည် ။သေချာပေါက်ပင် ထိုအချိန်၌ နိုင်ငံဆိုင်ရာအကြိုပြိုင်ပွဲ၏ လူငါးရာစာရင်းတွင် သူမသည် ကျော်ကြားမှု စာရင်းတွင် နံပါတ်တစ်ပင် ဖြစ်သည် ။နံပါတ်တစ်နေရာအား ရပြီးသည့်နောက်တွင် သူမ၏ ရောင်စုံဖန်အကွက်ပရိုဖိုင်၏ ထိပ်ပိုင်းတွင် ထင်ထင်ရှားရှားပင် ရွှေရောင်မင်းသမီးသရဖူပုံစံလေး ပေါ်လာခဲ့သည် ။


ကြည့်ရတာ ငါတို့က သူမကို ပန်းပေါင်းရာထောင်ချီပေးမယ့် ပြည်တွင်းအာဏာရှင်ကို မနေ့ညက ပိုက်ဆံတွေ အများကြီးပေးခဲ့တဲ့ပုံပဲ ။


"z32ejfajhw2 " နာမည်ပြောင်ရှိသော သူသည် ပိုက်ဆံတစ်စုံတစ်ရာပေါများသော အရူးများလားပင် မပြောတတ်ချေ ။ သူသည် တစ်ညထဲနှင့်ပင် ဖိုရမ်အား ဖွင့်လိုက်ကာ သူမအား ယွမ်သုံးသိန်းဖြင့် တောက်ပနေသော ပထမနေရာသို့ ရောက်အောင်ပို့ပေးခဲ့သည် ။


ဤအချိန်တွင် ဖိုရမ်၌ စတင်ပြီး ဆွေးနွေးနေကြပြီဖြစ်သည် ။


အစီစဥ်သည် စတင်ပြီး မှတ်တမ်းတင်ရခြင်းမျိုးမရှိသေးဘူးဟုပြောနိုင်သော်လည်း ပြိုင်ပွဲဝင်များသည် နာမည်ကြီးနှင့်ပြီးသားဖြစ်ချေပြီ ။


ယခင်စီရင်စုဆိုင်ရာဖိုရမ်သည် နိုင်ငံလုံးဆိုင်ရာဖိုရမ်၏ အခွဲတစ်ခုသာ ဖြစ်သည် ။ယခုအချိန်တွင် ထိုအရာသည် နိုင်ငံဆိုင်ရာအကြိုနောက်ဆုံးအဆင့်ပြိုင်ပွဲအဖြစ်သို့ တိုးမြှင့်လိုက်ပြီဖြစ်သည် ။သူမသည်  ဤမူရင်းစာမျက်နှာတွင် ပေါ်လာသော မနေ့ညကအဖြစ်အပျက်နှင့်ဆိုင်သည့် အကြောင်းအရာများ ပေါ်လာသည်ကို ကြည့်နေခဲ့သည် ။


" တွန်းလှန်ဖို့တောင် မတတ်နိုင်တော့ဘူး ။ ' Z 'စီရင်စုက  RMB ကစားသမားရေ ငါ့တော့ မနာလိုဖြစ်နေပြီ "


သူမကို ပိုက်ဆံတွေအများကြီးနဲ့ ရုတ်တရက်ကြီးဆုချပေးလိုက်တာက ဘယ်သူများလဲ ။


ယွမ်သုံးသိန်း ၊ အရမ်းကိုဖြုန်းတီးရာကျတာပဲ ။


တစ်ယောက်သောသူသာလျှင် ကျုံးယို့ယို့၏ အတွေးထဲတွင် ပေါ်လာခဲ့သည် ။


သူမသည် နောက်ကွယ်တွင်ရရှိလိုက်သော ဆုရလဒ်များနှင့် ရုပ်သိမ်းလိုက်သောအသိပေးစာများအားကြည့်ကာ  သူမ၏ နှလုံးသားသည် သွေးများတစ်စက်ပြီးတစ်စက်ကျနေခဲ့သည် ။ပိုက်ဆံတစ်ဝက်ခန့်သည် စီမံခန့်ခွဲမှုအခကြေးငွေအဖြစ် အစီစဥ်၏ထုတ်လုပ်သူအဖွဲ့မှ ဖြတ်သွားခဲ့သည် ။ထိုအရာသည် ယွမ်တစ်သိန်းကျော်လောက်ကို ဖြုန်းတီးပစ်လိုက်သည်နှင့် မတူညီပေဘူးလား ။


ထိုအချိန်တွင် သူမ၏ ဖုန်းမျက်နှာပြင်တွင် စာသည် အလိုအလျောက်ပေါ်လာခဲ့သည် ။


ကြည့်ရသည်မှာ သူမ၏ဆုရလဒ်များသည် တစ်နေ့တာကန့်သတ်ချက်ကို ရောက်ရှိသွားပြီဖြစ်ပြီး ဆုများပေးအပ်သော ပြည်တွင်းအာဏာရှင်သည် ကစားသမားများနှင့် မဲပေးသည့်သူများအား စကားပြောဆိုနိုင်ရန်လုပ်ပေးထားသည် ။


z32ejfajhw2 " ဟယ်လို "


တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ကုတ်နံပါတ်အစဥ်လိုက်သည် ကြုံရာကျပန်းပေးထားခြင်းပင်ဖြစ်သည် ။  ကျုံးယို့ယို့သည် ဒေါသလည်းထွက်ကာ ရယ်လည်းရယ်မောမိသည် ။ သူမသည် စာမျက်နှာနှစ်ခုစာလောက် ကြည့်ခဲ့ပြီး မိနစ်အနည်းငယ်ခန့်အချိန်ဖြုန်းကာ ထိုကုတ်နံပါတ်၏ အသုံးပြုသည့်လိပ်စာအား ရှာဖွေခဲ့သည် ။ရလဒ်အနေဖြင့် ထိုလူသည် အလွန်ပင် ယုံကြည်မှုရှိနေသည်ကို သိလိုက်ရပြီး လိပ်စာသည်လည်း တစ်ခါတည်းထည့်ထားခဲ့သည် ။ ကိုယ်ရေးကိုယ်တာလျှို့၀ှက်ချက်များအား ကြားဖြတ်ကြည့်ရှူ၍မရနိုင်ပေ ။ သို့သော်သူမသည် ဤလူသည်ပြေးမလွတ်သော ချင်းယောင်ပင် ဖြစ်လိမ့်မည်ဟု ခံစားနေမိသည် ။


မဟုတ်လျှင် ထိုကဲ့သို့ ဘယ်သူ့မှာများ ရုးရူးနှမ်းနှမ်းပိုက်ဆံများပေါနေမည်နည်း ။


ကျုံးယို့ယို့သည် ရုတ်တရက် ချင်းယောင်သူမအိမ်တွင် မီးလုံးပြင်ပေးခဲ့သည့်နေ့ကို အမှတ်ရသွားပြီးထိုအချိန်က သူသည် ရုတ်တရက် ထူးခြားစွာပြုမူလာခဲ့သည် ။ ထိုနေ့က ချင်းယောင်သည် သူမ QYXLW ဖြစ်သည်ကို သိသွားခဲ့သည့် နေ့များဖြစ်မည်လား ။ 


ယူဆချက်သည် အလွန်ပင် ကျိုးကြောင်းဆီလျော်ပေသည် ။


သို့သော်လည်း ကျုံးယို့ယို့သည် သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးများ အနည်းငယ်မြင့်တက်သွားသည်ကို မထိန်းချုပ်နိုင်ခဲ့ပေ ။ ထိုသူ ဘာတွေများလုပ်နေပါသနည်း ။


အလုပ်ကိုကောင်းကောင်းမသွားဘဲ သူမကို စစ်ဆေးနေတာလား ။


  ကျုံးယို့ယို့သည် သူမ၏နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုများအား ချုပ်တည်းထားလိုက်ပြီး သူမ၏ လက်ချောင်းများအား စာပြန်သည့်နေရာတွင် အမြန်ရိုက်နှိပ်လိုက်သည် ။

" ဟယ်လို ၊ ပန်းပွင့်လေးတွေအတွက် ကျေးဇူးပါ ။ အဲ့တာတွေကို ငါအရမ်းသဘောကျပါတယ် ။ သူတို့က တစ်ကယ်ကောင်းတာပဲ~~~"


လှိုင်းတွန့်သုံးခုသည် အပြင်းအထန်ဂယက်ထစေခဲ့သည် ။


# z32ejfajhw2 "..."


အတော်အတန်ကြာပြီးသည့်နောက်တွင်  z32ejfajhw2 သည် အနည်းငယ်ထုံထိုင်းသော ပုံစံဖြင့် ထပ်၍ စာပြန်လာခဲ့သည် ။

"သိပ်မကောင်းပါဘူး ။ မင်းရဲ့ ကောင်လေးကရော "


ကျုံးယို့ယို့သည် သူမ၏ ခေါင်းအား ခုံအောက်တွင် ဝှက်ကာ  အလွန်အမင်းရယ်မောလာခဲ့သည် ။သူမ၏ နှုတ်ခမ်းထောင့်စွန်းများသည် မြင့်သည်ထက် မြင့်လာပြီး ချက်ခြင်းပင် စာပြန်လိုက်သည် ။

" ငါကအသက်ဘယ်လောက်ရှိသေးလို့လဲ ။ဘာကို ချစ်သူကောင်လေးလဲ ။ နင့်ရဲ့ ပရိုဖိုင်ပုံကို ကြည့်ရတာ အရမ်းချောတာပဲ ။ သူငယ်ချင်းလုပ်ကြမလား လူချောလေး ။ ငါ့ ဝီချက်မှာလေ သူငယ်ချင်းလုပ်မလား "


ထိုနေရာတွင် ကုတ်အစဥ်လိုက်သည် ထပ်မံ၍ စာမပြန်လာတော့ပေ ။


....


ထူကျစ်ဖန်သည် ချင်းယောင်၏ ရုံးခန်းတွင်ရှိနေစဥ်အတွင်း သူ၏ လက်အား ပူနွေးသော ကော်ဖီခွက်နှင့် ပွတ်နေခဲ့သည် ။ သို့သော် စားပွဲပေါ်တွင် ကျိုးသွားသော ဘောပင်ထိပ်ပိုင်း၏ အသံကိုသာ ကြားလိုက်ရသည် ။


သူသည် ခွက်အား အသာချလိုက်ကာ ခေါင်းကိုမော့လာခဲ့သည် ။ " မင်းငါ့ကို လန့်ပြီးသေအောင်လုပ်နေတာလား ။ ဘာလုပ်တာလဲ " 


သို့သော် ချင်းယောင်သည် ဖုန်းအားကြည့်ကာ သူ၏မျက်နှာသည် ကြည့်ရသည်မှာ ဦးထုပ်စိမ်းဆောင်းပေးခံလိုက်ရသည့်ပုံပေါ်သည် ။


ထူကျစ်ဖန်သည် ပဟေဠိဖြစ်သွားရသည် ။ထိုလူသည် မနက်ပိုင်းရောက်လာတုန်းက သေချာပေါက် စိတ်ကောင်းဝင်နေခဲ့သည် ဖြစ်သည် ။သူသည် ဓါတ်လှေကားဖြင့် တက်သွားပြီး အလုပ်သမားများအား နှုတ်ဆက်ကာ သူ့အားစီစဥ်သည့်နေရာတွင် ကူညီပေးရန် အမိန့်ပေးခဲ့သည် ။ ချင်းယောင်သည် နာမည်ကြီးများနောက်လိုက်သည့်သူမဟုတ်ဘူးဟု ကုမ္ပဏီမှလူများက အမြဲတွေးခဲ့သည် ။ ကောင်းကင်ကြီး ရုတ်တရက်ပြောင်းလဲသွားသည်မှာ အလွန်သံသယဖြစ်စရာကောင်းပေသည် ။


 ချင်းယောင်သည် သူ၏ခါးတွင်လက်ထောက်ထားပြီး ခေါင်းမပါသော ကြက်လိုပင် ပတ်ချာလည် လျှောက်နေခဲ့သည် ။ရုတ်ချည်းပင် သူသည် ဆက်၍ သည်းမခံနိုင်တော့ကာ ကုတ်အင်္ကျီဝတ်၍ ချင်းယောင်သည် အလျင်အမြန်ထွက်သွားခဲ့ပြီဖြစ်သည် ။


ထိုအရာအား မြင်သောအခါ ရှောင်ကျောက်သည် တံခါးဖွင့်ပေးလိုက်ကာ လေသံတိုးတိုးဖြင့်ပင် မေးလိုက်သည် ။ " ဥက္ကဌချင်းယောင် ဘာတွေလုပ်နေတာလဲ "


ထူကျစ်ဖန်သည် ခေါင်းခါပြလိုက်ကာ ဆန်းကြယ်စွာဖြင့် ကော်ဖီအား တစ်ငုံသောက်လိုက်သည် ။ထို့နောက် လေးနက်သောအဓိပ္ပါယ်ဖြင့်ပင်ပြောလိုက်သည် ။

" ဖြစ်နိုင်တာက သူ့ရဲ့ ကိုယ်ပိုင်သစ္စာဖောက်ကို သွားဖမ်းမလို့ပဲ နေမှာပေါ့ "


ရှောင်ကျောက် "..."