အပိုင်း ၁၀၆
Viewers 18k

Chapter 106



 မတ်လသို့ပင်  ရောက်နေခဲ့ပြီဖြစ်ပြီး ရာသီဥတုသည် အရမ်းမအေးနေတော့ချေ ။သို့သော် ချင်းယောင်သည် မာဖလာအား သူ၏ လည်ပင်းနားတွင် ဝတ်ထားဆဲဖြစ်သည် ။ ပုံမှန်အားဖြင့် သူသည် ကားကို မျက်နှာချင်းဆိုင်ထောင့်ချိုးနားသို့မောင်းသွားလေ့ရှိပြီး ယနေ့တွင်တော့ သူ၏ကားသည် ကျောင်းဂိတ်ရှေ့တည့်တည့်တွင် ရှိနေခဲ့ပြီး သူ၏အာဏာအား ရည်ရွယ်ချက်ရှိရှိပင် ကြေညာလိုက်သကဲ့သို့ အခြားသူများ၏ အကြည့်များကိုလည်း ရှက်ရွံ့ကာ ရှောင်ဖယ်မနေခဲ့ပေ ။


    ကျုံးယို့ယို့ တံခါးဖွင့်ပြီး ထွက်လာသောအခါတွင် ချင်းယောင်၏ မျက်နှာသည် အလွန်ဒေါသထွက်နေခဲ့သည် ။


ကျုံးယို့ယို့သည် သူမ၏ဖုန်းအား လက်ထဲတွင်ကိုင်ထားဆဲဖြစ်ကာ မပြုံးဘဲမနေနိုင်ကာ မေးလိုက်သည် ။

" ဘာဖြစ်လို့လဲ ။ ဒီနေ့ မပျော်မရွှင်ဖြစ်စေတဲ့ ကိစ္စတစ်ခုခုများရှိလို့လား "


   ချင်းယောင်သည် သူမအား ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်နေခဲ့ပြီး အတွေးများနေသော်လည်း ဘာပြောရမည်ကို မစဥ်းစားနိုင်ခဲ့ပေ ။ 


  ကျုံးယို့ယို့သည် အလွန်ခံစားလိုက်ရကာ သူမ၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးလာသည်ကို တစ်ချိန်လုံး မထိန်းထားနိုင်ခဲ့ပေ ။သူမ၏ နှုတ်ခမ်းအား ကသုတ်ကရက်မြှင့်လိုက်ကာ တမင်တကာပင် စနောက်လိုက်သည် ။ "ဘာဖြစ်တာလဲ ။ ငါ့ကိုပြောစမ်းပါ ။ ကုမ္ပဏီမှာ ကောင်းကောင်းအလုပ်မလုပ်ဘဲ ညံ့ဖျင်းတဲ့အလုပ်သမားများရှိနေလို့လား "


" မဟုတ်ဘူး " ချင်းယောင်သည် အရှိန်မြှင့်အောင် ဆွဲလိုက်ကာ ကားကို မောင်းထွက်သွားခဲ့သည် ။ စတီယာရင်ဘီးကို ကိုင်ထားပြီး ဘေးတွင်ထိုင်နေသော ကျုံးယို့ယို့ကို ကြည့်နေကာ စိတ်ဓါတ်ကျစွာပင် ပြောလာခဲ့သည် ။ 


" မင်းဒီနေ့ အရမ်းပျော်ပြီး ပြုံးနေတာပဲ ။ မကြာသေးခင်က သူငယ်ချင်းအသစ်တွေဘာတွေများရလိုက်လို့လား "


နောက်ဆုံးစာသားသည် အလွန်လေးလံနေပြီး သူ၏ လည်ချောင်းနားတွင်ပင် ရောက်နေခဲ့သည် ။


ကျုံးယို့ယို့သည် ပျော်ရွှင်စွာပြုံးလိုက်သည် ။ ချင်းယောင်၏ ထုံထိုင်းနေသောအမူအရာသည် သူမအား သတ်ဖြတ်ပစ်ခံရတော့မည့် အတိုင်းပင်ဖြစ်နေခဲ့သည် ။ ထိုကဲ့သို့ လူမျိုး ကမ္ဘာပေါ်တွင် ဘယ်လိုများရှိနေနိုင်သနည်း ။ထိုအရာသည် သူတို့အေးစက်နေလျှင်တောင်မှ သူတို့ထံမှ အကြည့်မလွှဲစေနိုင်လောက်ပေ ။


သူမသည် ကားမှန်တံခါးအားတစ်ဝက်လောက်ချလိုက်ကာ ဘောင်နားတွင် မေးတင်ထားလိုက်ပြီးပြုံး၍ ​ပြောလိုက်သည် ။ 


" ငါကဘယ်လိုလုပ် သူငယ်ချင်းအသစ်တွေ ရမှာလဲ။ နင်ရုတ်တရက်ကြီး ဘာလို့မေးတာလဲ " 


"..."

  ချင်းယောင်သည် တည်ငြိမ်စွာပင် မေးလာခဲ့သည် ။ 

"ဥပမာ မင်းအင်တာနက်ပေါ်ကနေ ဘာတွေသိထားသေးလဲ "


ကျုံးယို့ယို့သည် အခိုင်အမာပင်ပြောလာခဲ့သည် ။

" မရှိပါဘူး ။ ငါအင်တာနက်သုံးတာ နည်းတယ်လေ ။ နင်လည်းသိတာပဲ "


ကျုံးယို့ယို့သည် ပို၍ပျော်လာကာ အရူးလိုပင် ပြုံးနေမိခဲ့သည် ။


 စကားပြောမနေသော ချင်းယောင်သည် စတင် ထင်ဟပ်လာပြီး ဤအချိန်တွင် သူသည် သူ၏ အလုပ်များဖြင့် အလုပ်ရှုပ်နေကြဖြစ်သည် ။ ရလဒ်အနေဖြင့် ကျုံးယို့ယို့၏ ခံစားချက်များအား လျစ်လျူရှူခဲ့မိပြီလား ။ ယို့ယို့သည် ရုပ်ချောသောကောင်လေးများအား တွေ့သောအခါ ဝီချက်တွင် လိုက်အပ်တတ်သည့် သူမျိုးလား ။ သူမက ထိုသို့မဟုတ်ပေ ။သူမသည် တစ်စုံတစ်ယောက်ဆီမှ ထွက်ပြေးလာခဲ့ပြီး အလွန်ကွဲပြားကာ ဇွဲကောင်းသောသူတစ်ယောက်ဖြစ်သည် ။ သူမက အခုကတည်းက ရိုးအီသွားပြီလား ။  သူမနှင့်အတူရှိနေရမည့်သူမှာ သူဖြစ်လာသည့်အခါကျမှ ဘာလို့များ သူမက ထိုကဲ့သို့ ဖြစ်သွားရသနည်း ။ သူသည် အလွန်မှားယွင်းနေသကဲ့သို့ ခံစားနေရသည် ။


 သူသည် အမှန်ပင် ပျင်းစရာကောင်းသည့်သူများ ဖြစ်နေသလားဟုပင် ချင်းယောင်သည်ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်နေမိသည် ။ မူးယစ်ဆေးဝါးကိုသုံးခြင်းမရှိ ၊ အထူးပွဲလမ်းသဘင်များသို့လည်း သွားလေ့မရှိ ၊ထူကျစ်ဖန်သည်ပင် သူသည် ဦးထုပ်စိမ်းဆောင်းရလွယ်သည့်သူဟု စနောက်ခဲ့သည် ။ ချင်းယောင်၏ ခံစားချက်များသည် လုံးဝထိုးကျသွားခဲ့ပြီဖြစ်သည် ။


ဦးထုပ်စိမ်း...


ဘာလုပ်ရမလဲ ။ သူတို့ဘယ်လောက်ကြာကြာဆက်ပြီး အဆင်ပြေနိုင်အုန်းမှာလဲ ။ သူမသည် သူ့အပေါ်တွင် စိတ်ဝင်စားမှုတို့အား အစောကတည်းပင် မရှိတော့ချေ ။


သူသည် အိမ်ယာဝန်း၏ ဂိတ်ဝသို့မောင်းသွားချိန်တွင် ချင်းယောင်သည် သူဘာကိုတွေးနေသည်လဲဆိုသည်ကိုပင် မသိတော့ချေ ။သို့သော် သူသည် အလျင်အမြန်ပင် ဂိတ်ကို ကျော်သွားခဲ့ပြီဖြစ်သည် ။ကျုံးယို့ယို့သည် သူ့ကို သတိပေးလာခဲ့သည့်နောက်မှသာ အသိပြန်ဝင်တော့သည် ။ ဘရိတ်အားနင်းလိုက်ပြီး ကားသည် စျေးဝယ်စင်တာတွင် ရပ်သွားခဲ့သည် ။

ချင်းယောင်လေးလံစွာပင် ပြောလိုက်သည် ။

" ကိုယ်ပြန်လှည့်ပြီး သွားလိုက်မယ် "


" မလုပ်နဲ့ " ကျုံးယို့ယို့သည် စျေးဝယ်စင်တာအား ညွှန်ပြလိုက်ပြီး " စျေးဝယ်ထွက်ရအောင် တစ်ခုခုဝယ်လို့ရတာပေါ့ "


သူမသည် နာမည်ကြီးအမျိုးသားဝတ်စုံဆိုင်ထဲသို့ တည့်တည့်မတ်မတ်ဝင်သွားသည်ကို ချင်းယောင်မြင်လိုက်ရပြီး သူ၏ ခံစားချက်များသည် ပို၍လေးလံလာခဲ့သည် ။


သူမ၏ အဖေ ၊ မောင် နှင့် သူမကြားရှိဆက်ဆံရေးသည် မကောင်းပေ ။ သူတို့နှစ်ယောက်အားပေးရန်မဟုတ်သည်မှာ ရှင်းရှင်းလင်းလင်းပင် ဖြစ်ပြီး အင်တာနက်မှ သူမ သိသောသူဖြစ်သည့် သူကိုယ်တိုင်ကိုပေးရန်မှာလည်း မလွယ်လှပေ ။ ထိုကဲ့သို့များ ဖြစ်နေနိုင်မည်လား ။


သူ၏ မျက်နှာသည် သဝန်တိုကာ အစိမ်းရောင်သို့ပင် ပြောင်းနေပြီး သူသည် သူ့ကိုယ်သူ ထိုကဲ့သို့ဖြစ်အောင် လုပ်လိုက်သကဲ့သို့ ခံစားနေရသည် ။


ကျုံးယို့ယို့သည် စတိုးဆိုင်ထဲတွင် လျှောက်သွားကာ နောက်ဆုံးတွင် အမိုက်စား လုပ်ငန်းနှင့်သင့်လျော်သည့် နက်ကတိုင်ကို ရွေးလိုက်ပြီး အနောက်သို့လှည့်ကာ ချင်းယောင်ကို မေးလိုက်သည် ။

 " ချင်းယောင် ၊ နင်ဒါကို ဘယ်လိုထင်လဲ "


ကျုံးယို့ယို့သည် အွန်လိုင်းမှ သူကိုယ်တိုင်ဖြစ်နေသောသူကို ပေးမည်ဟု တွေးလိုက်ပြီး သူမအားခွင့်မပြုနိုင်ကာ သူသည်သွားများအားတင်းတင်းစေ့ထားပြီး သူ၏ ပါးစပ်သည် တရွရွဖြစ်လာခဲ့သည် ။

" အဲ့တာက အဆင်ပြေပါတယ် ။ အဲ့ဘက်ကနက်ကတိုင်လောက်တော့ မကောင်းဘူး ။ "


ကျုံးယို့ယို့သည် သူညွှန်ပြသော အစိမ်းရောင် နက်ကတိုင်အား ကြည့်လိုက်ကာ ကြက်သေသေ သေသွားမိသည် ။

" နင်သေချာရဲ့လား "


သူတို့၏ နောက်မှ စျေးဝယ်အကူသည် ပြုံးမိသွားခဲ့သည် ။


" အင်း အဲ့တစ်ခုပဲ " 

 ကျုံးယို့ယို့သည် သူမလျှာကိုပင် ကိုက်လိုက်မိသည် ။ ချင်းယောင်၏ အလှအပခံစားနိုင်မှုအမြင်သည် ထိတ်လန့်စရာပင်ဖြစ်သည် ။


" ဒီကိုလာကူပြီး စမ်းဝတ်ကြည့်အုန်း " 


ထိုအရာသည် သေချာပေါက် အွန်လိုင်းမှ သူ့ကိုပေးမည်မဟုတ်ပေ ။ မဟုတ်လျှင် သူမက ဘာလို့ အကူအညီလိုနေအုန်းမည်နည်း ။ သို့သော် သူ၏မျက်နှာတွင် ချင်းယောင်သည် ထင်ရှားစွာ မဖော်ပြခဲ့ပေ ။သူ၏ အတွေးများသည် နက်နဲပြီး ခြေလှမ်းများသည် တိတ်ဆိတ်စွာပင် လျှောက်သွားကာ ကျုံးယို့ယို့၏ အရှေ့တွင် ရပ်နေခဲ့သည် ။


ဘေးမှစျေးဝယ်အကူများသည် တိတ်တဆိတ်ပင် သူတို့အား ကြည့်နေခဲ့ကြသည် ။ ထိုသူနှစ်ယောက်သည် Z မြို့တွင် နာမည်ကြီးသောကြောင့် မဟုတ်ပေ ။ သို့သော် နှစ်ယောက်သား၏ ပုံစံသည် အလွန်မြင့်မားသည့်ပုံပေါက်ကာ သာမာန်လူအုပ်စုများနှင့်ယှဥ်လျှင် အာရုံမစိုက်မိဘဲနေရန် ခက်ခဲလှသည် ။


စျေးဝယ်အကူအများစုသည် အမျိုးသမီးများဖြစ်ကြပြီး ကျုံးယို့ယို့သည် အခြားသူများ စိုက်ကြည့်နေသည်အား သည်းမခံနိုင်တော့ပေ ။ထို့ကြောင့် သူမသည် ချင်းယောင်အား တစ်ဖက်ခန်းရှိ အဝတ်လဲခန်းသို့ ခေါ်သွားကာ  " အထဲဝင်ရအောင် "


အဝတ်လဲခန်းကျဥ်းကျဥ်းလေးထဲမှာ လူနှစ်ယောက်ထဲရှိနေမှာ ။


ကျုံးယို့ယို့သည် ခြေဖျားထောက်လိုက်ကာ ချင်းယောင်၏ နက်ကတိုင်ကို ချွတ်လိုက်သည် ။ နက်ကတိုင်နောက်တစ်ခုအား လဲရန်  သူ့အားမေးလိုက်သည် ။

" နင်ဒီဟာကို ဘယ်လိုချည်ရတာလဲ " 


သူတို့နှစ်ယောက်သည် အလွန်နီးကပ်နေသည်ကို ချင်းယောင်တွေးခဲ့သည် ။သူတို့ကြားရှိ လစ်လပ်နေသောနေရာသည် အလွန်ကျဥ်းမြောင်းပြီး ကျုံးယို့ယို့၏ အသက်ရှူနေသော လေဝင်လေထွက်သည် သူ၏ ရင်ဘက် နှင့် လည်ပင်နားတွင် ကျရောက်နေခဲ့သည် ။ သူသည် အနည်းငယ်မသက်မသာခံစားချက်ဖြင့် ခေါင်းအားတစ်ဖက်သို့လှည့်လိုက်သည် ။ ထို့နောက်တွင် သူသည် နက်ကတိုင်အား ယူလိုက်ကာ အလျင်အမြန်ပင် ချည်လိုက်သည် ။


  သူသည် သူမအား ဘယ်လိုချည်ရမည်ကို တစ်ခါလေးပင် မသင်ပေးချင်မိပါ ။အထူးသဖြင့် သူ့အတွက် မဟုတ်လျှင် ဖြစ်သည် ။သူမက အခြားသူများအတွက် လုပ်ပေးနိုင်ရန် သူသည် သူမအား ဘာလို့သင်ပေးချင်နေရမည်နည်း ။ သို့သော် ထိုအရာအားတွေးမိသောအခါ သူသည် သူမအား မှောင်မဲနေသောခံစားချက်တို့ဖြင့် သင်ပေးရမည်ပင် ဖြစ်သည် ။ သူသည် အွန်လိုင်းမှ သူ့ကိုယ်သူအား အမှန်တစ်ကယ်ပင် မမုန်းတီးနိုင်ပါ ။အကယ်၍ ကျုံးယို့ယို့သည် သူမအား နောက်မှ ရှာလာခဲ့လျှင် မည်သို့လုပ်မည်နည်း ။ သူဘာလုပ်သင့်သနည်း ။


ကျုံးယို့ယို့သည် ချင်းယောင်၏ မျက်နှာကိုသာ မြင်နေရပြီး သူ၏ မျက်ခုံးများသည် တင်းနေခဲ့သည် ။သူဘာတွေ တွေးနေလဲ ဆိုသည်ကို သူမ မသိတော့ပေ ။


ချင်းယောင်သည် ခေါင်းမော့လာခဲ့သည် ။

 " ဒါကဘယ်လိုနေလဲ "


ကျုံးယို့ယို့ "...."


ချင်းယောင် "...."


" ချင်းယောင် နင်ရောဘယ်လိုထင်လဲ " ကျုံးယို့ယို့သည် မထိန်းချုပ်နိုင်တော့ဘဲ ပြုံးလာခဲ့သည် ။


ချင်းယောင်၏ နားရွက်များနှင့် မျက်နှာသည် နီရဲနေခဲ့သည် ။


ချင်းယောင်၏ မျက်နှာအား ခဏလောက် ငေးကြည့်နေခဲ့သည် ။ထို့နောက်တွင် သူမသည် ချင်းယောင်၏ နက်တိုင်အား ဖြေးဖြေးချင်း ဆွဲထုတ်လိုက်ကာ လည်ပင်းတွင် ချိတ်လိုက်ပြီး တိုးသက်စွာပင် မေးလိုက်သည် ။

" အဝတ်လဲခန်းထဲမှာ တစ်ယောက်ယောက်က ရှာလကာရည်တွေ မှောက်ကျသွားတယ် ။ အဲ့တာက ချဥ်စူးနေတာပဲ "


ချင်းယောင်၏ နှုတ်ခမ်းသည် ရုတ်တရက် တစ်တန်းထဲဖြစ်သွားခဲ့ပြီး ယခုစကားပြောနေသောအချိန်တွင် အေးဆေးနေသော ပုံစံဖြစ်အောင် ကြိုးစားနေခဲ့သည် ။ သူ့ရန်သူရဲ့ နာမည်သည် သူကိုယ်တိုင်မဟုတ်ပေ ။


ကျုံးယို့ယို့သည် ပြုံးကာ ရုတ်တရက်ကြီးမေးလိုက်သည် ။


" ချင်းယောင်၊  နင်အရင်က တစ်ယောက်ယောက်နဲ့ နမ်းဖူးလား "


ချင်းယောင် " ဟင့်အင်း "


ကျုံးယို့ယို့သည် ပြုံးကာ ထပ်၍ မေးလာခဲ့သည် ။


" ဒါဆို နင်ငါ့ကို နမ်းသင့်တာပေါ့ "


 ချင်းယောင်သည် သတိလက်လွတ်ဖြေလိုက်သည် ။ 

" ဟင့်အင်း " 


သို့သော်လည်း နူးညံ့သောခန္ဓာကိုယ်သည် ချဥ်းကပ်လာခဲ့ပြီး ယုန်ဖြူလေးသည် ခြင်္သေ့ကို ထောင့်နားတွင် ပိတ်ဆို့ထားလိုက်ပြီဖြစ်သည် ။ ခြင်္သေ့သည် ယုန်ဖြူလေး စနောက်နေသည်ဟုသာ ထင်ခဲ့သော်လည်း သူသည် ယုန်ဖြူလေးကစားလာလိမ့်မည်ဟုတော့ မမျှော်လင့်ခဲ့ပေ ။ ချင်းယောင်သည် တောင့်တင်းနေခဲ့ပြီး တုံ့ပြန်ဖို့ပင် မေ့နေခဲ့ကာ နှလုံးခုန်သံတို့ကိုသာ ကြားယောင်နေခဲ့သည် ။ရုတ်တရက်


ကျုံးယို့ယို့၏ ပါးပြင်နှင့် နှုတ်ခမ်းများသည်လည်း နီးကပ်လာခဲ့ပြီး နူးညံ့သောအထိအတွေ့သည် သူ၏ နှုတ်ခမ်းပေါ်တွင် ကျရောက်လာခဲ့သည် ။


ထိုအချိန်၌ သူ၏ ဝိညာဉ်သည်ပင် အဝေးသို့ လွင့်သွားခဲ့သည် ။


ကျုံးယို့ယို့ ကျီစယ်သလို ပြောလာသည်ကို သူကြားလိုက်ရသည် ။ 

" အခုငါက နင့်ရဲ့ ပထမဆုံးအနမ်းကို ယူပြီးသွားပြီ ။ပြီးတော့ နက်ကတိုင်နဲ့ အလျော်ပြန်ပေးမလို့ "


.....


တစ်ချိန်ထဲ၌ပင် ကျုံးရှီယို့သည် အိမ်သို့ရက်အတော်ကြာအောင် မပြန်ခဲ့ပေ ။ ယနေ့တွင်တော့ သူအိမ်ပြန်သွားခဲ့ပြီးနောက် မုန့်ရှစ်ရွှမ်သည် အမှန်တစ်ကယ်ပင် သူ၏အမေထံမှ စွန့်ပစ်ခံလိုက်ရပြီ ဖြစ်သည်ကို သိရှိသွားခဲ့သည် ။


သူသည် အစပိုင်းတွင် အကြီးအကျယ်အံ့အားသင့်သွားမိသည် ။ အဆုံးတွင် သူ၏ အမေသည် မုန့်ရှစ်ရွှမ်အား ဂရုအစိုက်ဆုံးပင် ဖြစ်သည် ။ သူပို၍ တွေးလေလေ ဖြစ်နိုင်သည်မှာ သူအိမ်သို့မပြန်ခဲ့သည့်ရက်တွင် အကြီးအကျယ်ကိစ္စတစ်ခုခုဖြစ်သွားခဲ့ခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည် ။


သို့သော် ကျုံးရှီယို့သည် မေးဖို့ရန် အလွန်ပျင်းနေခဲ့ပြီး အနည်းငယ်ရှုပ်ထွေးနေသော ခံစားချက်ကို ခံစားလိုက်ရသည် ။  ဤဖြစ်စဥ်သည် ပရမ်းပတာဖြစ်ခြင်းများ၏ အဆုံးသတ်ပင် ဖြစ်ပေသည် ။


ဤရက်များတွင် မာမားကျုံးသည် အလွန်ခံစားရလွယ်နေပြီး သူမသည် စျေးဝယ်ထွက်ခြင်းလည်းမလုပ်ဘဲ အခန်းထဲတွင်ပင် တစ်နေ့လုံးနေနေခဲ့သည် ။ သူမအား အစေခံများပို့ပေးသော အစားအစာများကိုလည်း အနည်းငယ်မျှသာစားပြီး စားချင်စိတ်ရှိမနေခဲ့ပေ ။


သူ၏ အမေသည် ဘာကြောင့် ဤကဲ့သို့ ဖြစ်နေသည်ကို ကျုံးရှီယို့ မသိပေ ။ထိုအရာသည် ယို့ယို့ သူမအားမတွေ့ချင်သောကြောင့် ဖြစ်မည်လား သို့မဟုတ် မုန့်ရှစ်ရွှမ်ကို မောင်းထုတ်လိုက်ရခြင်းကြောင့် ဖြစ်မည်လား ။သူမသည် ထိုအရာအား လက်မခံနိုင်ပေ ။ ထို့ကြောင့် သူမကိုယ်သူမ ဆုံးရှုံးနေရခြင်း ဖြစ်သည် ။

သူသည် ယခင်ကသူသာ ဖြစ်မည်ဆိုလျှင် သူမအား ပုံမှန်ပင် သွားနှစ်သိမ့်ပေးမည်ဖြစ်သော်လည်း သူသည် ယခုသူဖြစ်နေသည့်အခါတွင်တော့ သူမအား နှစ်သိမ့်ပေးလိုသည့် စိတ်မရှိတော့ချေ ။


အရာအားလုံးသည် လမ်းကြောင်းပေါ်သို့ပြန်သွားရမည်ဖြစ်သည် ။


....


မကြာသေးမီက ကျုံးယို့ယို့၏ သတင်းသည် အနည်းငယ် ကျုံးရှီယို့ထံသို့ရောက်လာခဲ့သည် ။


နောက်ဆုံးအကြိမ်က သူ၏ ဖခင်သည် ကျောင်းသို့ အဆောက်အဦသုံးခုအား လှူဒါန်းခဲ့ပြီး ထိုအရာသည် အချက်ပြသည့်သဘောနှင့် လှူဒါန်းခြင်းမျိုးဖြစ်သည်ဟု ပြောရမည် ။ သို့သော် ကျုံးယို့ယို့သည် တိုက်ရိုက်ငြင်းဆိုခဲ့ခြင်းမရှိဟု သူကြားခဲ့သည် ။


အဆောက်အဦသည် စတင်ဆောက်လုပ်တော့မည်ဖြစ်သော်လည်း မည်သည့် ပုံမှ မရရှိသေးပေ ။ပါပါးကျုံးသည် ရက်အနည်းငယ်လောက် သက်ပျင်းချနေခဲ့သည် ။ 


ကျုံးရှီယို့သည် တစ်ခါတစ်ရံ ကျုံးယို့ယို့နှင့် ခပ်ဝေးဝေးမှ ဖြတ်သွားတတ်သည် ။ ကျောင်းစားသောက်ဆိုင်တွင် စားသောက်ခြင်းနှင့် အခြားအချိန်များမှလွဲ၍ ကျုံးယို့ယို့အား ကြည့်ရန် နည်းလမ်းမရှိချေ ။


အဆုံးတွင် ဂျူနီယာအထက်တန်းကျောင်း နှင့် စီနီယာအထက်တန်းကျောင်းသည် မနက်ပိုင်းအချိန် ၊ အားကစားလုပ်နေသည့် အချိန်တစ်ဝက် နှင့် အခြားပြင်ပလှုပ်ရှားမှုများ သည် လုံးဝကွာခြားပေသည် ။


သူသည် ဤအတွက် စိတ်ဓါတ်ကျနေခဲ့သည် ။မိသားစုကြားရှိ မေတ္တာတရားသည် အမြဲတည်မြဲကာ ထိုသို့ပင် ဆက်သွားသင့်သည်ဟု သူတွေးခဲ့သည် ။   အကယ်၍ သူတို့သည် မေ့လျော့ခြင်းခံခဲ့ရမည်ဆိုလျှင်တောင် ဖြစ်နိုင်သည်မှာ သူတို့မိသားစု နှင့် ကျုံးယို့ယို့ကြားရှိ ဆက်နွယ်မှုသည် တစ်ဖြေးဖြေး ဖော်ပြခြင်းမရှိဘဲ ရှင်းလင်းသွားပေလိမ့်မည် ။


 ထို့ကြောင့် ကျုံးရှီယို့သည် သူ၏ မျက်မှောက်တွင်ရှိနေသော ကျုံးယို့ယို့ ၏ အမြင်ကိုရရန်၊ သို့ပေမဲ့ သူ့ကိုလည်း မမုန်းတီးစေဘဲ ဘယ်လိုလုပ်ရမည်ဆိုသည်ကို သူ၏ နှလုံးသားထဲတွင် တိတ်တဆိတ် သိချင်နေခဲ့သည် ။ 


သူသည် အချိန်အတော်အတန်ကြာအောင် ချိန်ဆနေခဲ့သော်လည်း နည်းလမ်းကောင်းတစ်ခုမှ မရခဲ့ပေ ။


မကြာသေးမီက ချင်းယောင် နှင့် ကျုံးယို့ယို့ ပူးကပ်စွာလျှောက်သွားခဲ့ပြီး ကျုံးပါပါးသည်လည်း တွေ့ခဲ့သည် ။ထို့ကြောင့် အဖေ နှင့် သားသည် ချင်းယောင်ဘက်မှ စတင်ရန် တွေးနေခဲ့လေသည် ။