Chapter 107
ချင်းယောင်သည် ပို၍ ငယ်ရွယ်သောမျိုးဆက်ဖြစ်သော်ကြောင့် စီနီယာများကို လေးစားသင့်ပေသည် ။
သို့သော် အမှန်တကယ်တွင် သူသည် တစ်ယောက်တည်း ရပ်တည်နေပြီး ချင်းမိသားစုကိုလည်း မှီခိုနေခြင်းမရှိပေ ။ သူသည် ကိုယ်ပိုင်သက်မွေးဝမ်းကြောင်းလုပ်ငန်းကိုလည်း ကောင်းစွာချုပ်ကိုင်နိုင်ပြီး ပါပါးကျုံးသည်လည်း မျှော်မှန်းထားသည်နှင့်လွဲ၍ အဆိုးဆုံးအခြေအနေဖြစ်လာသည်မှအပ အချက်အလက်အများကို ဆွဲထုတ်လိမ့်မည် မဟုတ်ပေ ။
ချင်းယောင်သည် လူငယ်များကြားတွင် ထူးချွန်သောသူဖြစ်ပြီး သူ၏အနာဂတ်သည်လည်း အကန့်အသတ်မရှိပေ ။ ဖြစ်နိုင်သည်သူမှာ သူသည် ကျုံးမိသားစု၏ အမြင့်သို့တက်နေခြင်းကို တားပေလိမ့်မည် ။ ထိုအရာသည် ရှင်းရှင်းလင်းလင်းပင် ဖြစ်သည် ။အဘယ်ကြောင့်ဆိုလျှင် ကျုံးပါပါးသည် သူ့ကို ညှိနှိုင်းသောလေသံဖြင့် အကြိမ်ပေါင်းများစွာ ဆက်သွယ်လာခဲ့သည် ။
နောက်ထပ် ဖြည့်စွက်ရလျှင် ကျုံးမိသားစု နှင့် ချင်းမိသားစုကြားရှိ ဆက်ဆံရေးသည် အလွန်ဝေးကွာပေသည် ။ ထိုသို့မဟုတ်ပါက ဘယ်လိုကြောင့်များ ကျုံးမိသားစုသည် လက်ထပ်ရန် သတို့သားလောင်းကို ရှစ်မိသားစုမှ လူကို ပထမလူအဖြစ် ရွေးချယ်နိုင်ပါမည်နည်း ။
ပြီးနောက် ချင်းယောင်သည် ငယ်စဥ်ကတည်းပင် နိုင်ငံခြားတွင် နေထိုင်ခဲ့ပြီး သူသည် အကြိမ်အနည်းငယ်ထက်ပို၍ ပြန်လာခြင်းမျိုးမရှိခဲ့ပေ ။ဧည့်ခံပွဲအချို့တွင် ကျုံးပါပါးသည် သူနှင့်လည်း ပြောဆိုဆက်ဆံခြင်းမျိုး သိပ်မရှိပေ ။ ထို့ကြောင့် မိသားစုနှစ်စု သည် မိသားစုချင်းရင်းနှီးသောမိတ်ဆွေထက် စီးပွားရေးကို အလေးပေးသော သူများသာဖြစ်ကြသည် ။
ပါပါးကျုံးသည် ချင်းယောင်နှင့် တွေ့ရရန် အချိန်အတော်အကြာ အာရုံစိုက်နေခဲ့သော်လည်း သင့်လျော်သော အခွင့်အလမ်းကိုရှာမတွေ့သေးပေ ။ ယနေ့တွင် ကျုံးရှီယို့သည် ချင်းယောင်ကို ကျုံးယို့ယို့နှင့်ပက်သက်၍ လက်တလောအခြေအနေကို မေးမြန်းမည်ဟု ပြောသောအခါ ထိုအရာသည် သေချာပေါက်ပင် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်နိုင်သည်ဟု သူတိတ်တဆိတ်တွေးခဲ့မိသည် ။ ချင်းယောင်၏ စိတ်ကို အနိုင်ရပြီး ယခုလက်ရှိ ယို့ယို့၏ အခြေအနေကိုလည်း နားလည်နိုင်ပေလိမ့်မည်....
ချင်းယောင်သည် နောက်အဆုံးအခေါက် မွေးနေ့ပါတီတွင် သန်းကိုးဆယ်တန် ချက်လက်မှတ်ကို ပစ်ချသွားခဲ့ပြီး သူ့ကို မကြည်မလင်စွာပင် ထားခဲ့ပေသည် ။ဤကိစ္စကို ယခုအချိန်ထိ မမှတ်ထားသင့်တော့ပေ ။
" မင်း လက်ဗလာနဲ့ပဲ သွားလို့မရဘူးလေ "
ပါပါးကျုံးက စားပွဲနောက်မှနေ၍ သူ့သားအား ညွှန်ပြနေခဲ့သည် ။
" မင်းက အရွယ်မရောက်သေးဘူးဆိုတော့ ချင်းယောင်က မင်းကို အရမ်းမညှာမတာဆက်ဆံမှာတော့ မဟုတ်ပါဘူး ။ မင်းက သူနှစ်သက်လောက်မယ့်အရာတွေကို ရှာထားပြီးတော့ သူနဲ့ သိကျွမ်းလာဖို့ နည်းလမ်းကိုရှာထား "
ချင်းယောင်နှင့် သူရင်းနှီးနေသ၍ လာနေသွားနေသောကျုံးယို့ယို့သည် သူတို့၏ မြင်ကွင်းအောက်မှ ပြေးလို့လွတ်နိုင်မည်လား ။ သူတို့၏ မြင်ကွင်းမှ ရှောင်ရှားနိုင်ရန် ဖြစ်နိုင်မည်လား။
ပါပါးကျုံးက သူ၏ စိတ်ထဲမှ သက်ပြင်းအသာချလိုက်သည် ။ သူသည် သမီးဖြစ်သူအား တွေ့ဆုံပြီး စကားအနည်းငယ်ပြောချင်လျှင် အပြင်လူဖြစ်သည့်ချင်းယောင်ကို အားကိုးရလိမ့်မည်ဟု သူတစ်ခါမှ မမျှော်လင့်ထားခဲ့ပေ ။
ရင်းနှီးမှုမရှိသော ပါးပါးကျုံး နှင့်ယှဥ်လျှင် ကျုံးရှီယို့သည် ချင်းယောင်အား အကြိမ်များစွာတွေ့ဖူးသည် ။
အဆုံးတွင် ကျုံးရှီယို့သည် ချင်းယောင်ထက်အနည်းငယ်သာ ငယ်ပြီး မျိုးဆက်တစ်ခုထဲဟုပင် သက်မှတ်လို့သည် ။ထို့ပြင် သူတို့သည် ဧည့်ခံပွဲများ၌ များစွာတွေ့ဆုံဖူးသည် ။ သူ၏ ၁၂ နှစ်မြောက်မွေးနေ့တွင်လည်း ချင်းယောင်သည် အရုပ်ကားကို လက်ဆောင်ပေးဖူးသည် ။
ယောကျ်ားများအားလုံးသည် ဂိမ်းကစားပြီး ပုံစံငယ်များနှင့် ကစားရသည်ကို ကြိုက်နှစ်သက်လောက်သည် ။ကျုံးရှီယို့သည် နက်နက်နဲနဲတွေးလိုက်ပြီး လာမည့်ပိတ်ရက်တွင် စျေးဝယ်ထွက်ကာ ချင်းယောင် နှင့် သူပိုရင်းနှီးလာလောက်မည့် ထူးခြားသောလက်ဆောင်မျိုးရှိမလားဆိုသည်ကို သွားရှာချင်ခဲ့သည် ။
ပိတ်ရက်တွင် သူနှင့် သူ၏သူငယ်ချင်း ကျင်းမင်သည် အတူတကွ စျေးဝယ်ထွက်ကြသည် ။
နှစ်ယောက်သားသည် အကန့်အသတ်ထုတ်ပစ္စည်းများရောင်းသည့် စတိုးများသို့ များစွာသွားခဲ့သော်လည်း အထင်ကြီးရလောက်သည့် ပစ္စည်းမျိုးတစ်ခုမှ ရှာမတွေ့ခဲ့ပေ ။ကျင်းမင်၏ ခြေထောက်များသည် ပို၍ ယိုင်နဲ့လာပြီး သူအံ့အားသင့်စွာပင် မေးလိုက်သည် ။
" ကျုံးရှီယို့ မင်းတို့ကျုံးမိသားစုမှာ တစ်ခုခုမှားနေတာများရှိလား ။ မင်းတစ်ခါမှ တစ်ခြားသူတွေကို ကျေနပ်အောင်လုပ်ပေးဖို့အတွက် အထက်တန်းစားပစ္စည်းတွေကို အပြေးအလွှားရှာနေရတာမျိုး ငါတစ်ခါမှ မတွေ့ခဲ့မိဘူး "
" ခန့်မှန်းမနေနဲ့ " ကျုံးရှီယို့ စိတ်မချမ်းမသာဖြစ်နေခဲ့သည် ။
ကျင်းမင်သည် ရုတ်တရက်သူ၏ နောက်ကျောကို ပုတ်လိုက်ပြီး တစ်ဖက်လမ်းထောင့်ကို ညွှန်ပြကာ ပြောလိုက်သည် ။
" အဲ့တာ မင်းအစ်မ မဟုတ်ဘူးလား "
ကျုံးရှီယို့သည် မသိစိတ်မှ ကျုံးယို့ယို့သည်လည်း အနီးနားတစ်ဝိုက်တွင် စျေးဝယ်ထွက်လာခြင်းဖြစ်လောက်မည်ဟု တွေးမိကာ ပျော်ရွှင်သွားခဲ့သည် ။
သူအလျင်အမြန် ကြည့်လိုက်သောအခါ တစ်ဖက်လမ်းတွင်ရှိသော ကော်ဖီဆိုင်တွင် ထိုင်နေသောသူသည် မုန့်ရှစ်ရွှမ် နှင့် နောက်ထပ် လူလတ်ပိုင်းအမျိုးသမီးတစ်ယောက်သာ ဖြစ်နေသည်ကို တွေ့ခဲ့သည် ။
သူ၏ မျက်နှာသည် ရုတ်တရက် အလွန်မှောင်မဲသွားပြီး ကျင်းမင်၏ လက်အား စိတ်မရှည်စွာပင် ဖယ်ထုတ်လိုက်သည် ။
" မင်းဘာအကြောင်းတွေပြောနေတာလဲ ။ အဲ့တာက ငါ့အစ်မလား ။ မင်းမျက်လုံးတွေကို ဖွင့်ပြီး သေချာကြည့်ကြည့်စမ်းပါ "
" မဟုတ်လို့လား ။ ငါမကန်းသေးပါဘူး "
ကျုံးရှီယို့၏ မျက်နှာမကောင်းသည်ကို တွေ့လိုက်ရသောအခါ သူတုံ့ပြန်လိုက်သည် ။
" အိုး ငါမှားပြောလိုက်မိတာပဲ ။မင်းတို့ကျုံးမိသားစုမှာ ကိစ္စတစ်ခုဖြစ်သွားတယ်ဆိုတာကို ငါမေ့သွားတယ် ။ မုန့်ရှစ်ရွှမ်က မင်းရဲ့အစ်မမှမဟုတ်တော့တာ ။ကျောင်းရဲ့ ပန်းပွင့်အသစ်လေးကမှ မင်းရဲ့အစ်မပဲ ။ ဒါပေမဲ့ မဟုတ်သေးပါဘူး တစ်ကယ်ကြီးလား ။ မင်းဘာလို့ အရမ်းတွေစိတ်လှုပ်ရှားနေတာလဲ "
ကျုံးရှီယို့၏ မျက်နှာသည် ယခုအချိန်တွင် ပို၍ ကောင်းလာပြီဖြစ်သည် ။ " နောက်ကျရင် ငါ့ကို မုန့်ရှစ်ရွှမ်အကြောင်းထပ်မပြောနဲ့တော့ ။ အဲ့တာက စိတ်ရှုပ်ဖို့ကောင်းတယ် "
နှစ်ယောက်သားသည် စျေးဝယ်စင်တာ ပြတင်းပေါက်အမြင့်များ၏ ရှေ့တွင်ရပ်နေပြီး အထဲသို့ဆက်သွားတော့မည့်အချိန်တွင် မုန့်ရှစ်ရွှမ်နှင့် ထိုလူလတ်ပိုင်းအရွယ်အမျိုးသမီးကို တစ်ဖက်လမ်းရှိ ကော်ဖီဆိုင်တွင်တွေ့လိုက်ရပြီး သူတို့ဘာတွေပြောနေလဲဆိုသည်ကိုတော့ မသိရပေ ။ မုန့်ရှစ်ရွှမ်သည် သူ၏ မျက်နှာကို ကာလိုက်ပြီး စတင်ငိုကြွေးတော့သည် ။
ထိုအရာအား သူတို့၏ ရှူထောင့်မှ ကြည့်ရသည်မှာ လူလတ်ပိုင်းအရွယ်အမျိုးသမီး၏ မျက်နှာအား လုံးဝမတွေ့ရဘဲ သူမ၏ ကျောပြင်ကိုသာ တွေ့ရသည် ။ကျုံးရှီယို့သည် သူမ ဘယ်သူလဲဆိုသည်ကို အပင်ပန်းခံစဥ်းစားမနေပေ ။ သူမသည် မုန့်ရှစ်ရွှမ်၏ အသိအကျွမ်းပင် ဖြစ်ပေလိမ့်မည် ။ သူသည် မုန့်ရှစ်ရွှမ်၏ အတိတ်ကိုတသသလွမ်းဆွတ်နေခြင်းတို့ကို ဂရုစိုက်နေမည်မဟုတ်ချေ ။ မုန့်ရှစ်ရွှမ်ထွက်သွားသည့် အချိန်မှစ၍ သူနှင့် ဘာမှလုပ်စရာမရှိတော့ပေ ။
ကျင်းမင်သည် မုန့်ရှစ်ရွှမ်၏ ပုလဲလုံးကဲ့သို့မျက်ရည်ပွင့်များကို အဝေးမှ တွေ့လိုက်ရသောအခါ မပြောဘဲမနေနိုင်လိုက်ပေ ။
" မင်းအစ်မ မဟုတ်သေးဘူး ၊ မုန့်ရှစ်ရွှမ် သူအနိုင်ကျင့်ခံလိုက်ရတာတော့မဟုတ်လောက်ပါဘူးနော် ။ ဟုတ်တယ်မလား "
ထိုအရာသည် သူမှန်းဆဖို့ရန် မလွယ်ကူပေ ။ ကျုံးရှီယို့သည် အမြဲတမ်း အစ်မအား ချစ်သည့် သူတစ်ယောက်ဖြစ်ခဲ့သည် ။ သူသည် "ငါ့ရဲ့အကြီးဆုံးအစ်မ " ဟု နေ့တိုင်းပြောလေ့ရှိသည် ။ ယှဥ်ပြိုင်မှုပြင်းထန်သည့်တတိယတန်းတွင် လှပတင့်တယ်ပြီး ရက်ရောသော ကျောင်သူသည် သူ့အစ်မဖြစ်သည်ကို လူတိုင်းသိကြသည် ။
သို့သော် ယခုတွင် သူ၏ အစ်မသည် ရုတ်တရက်ကြီးပြောင်းလဲသွားခဲ့သည် ။ သူသည် ထိုအရာအား ချောချောမွေ့မွေ့ပင် လက်ခံလိုက်သည့်ပုံပေါ်သော်လည်း သူ့ဘေးမှအခြားသူများကတော့ ကျင့်သားမရခဲ့ပေ ။ကျုံးရှီယို့၏ မျက်နှာသည် ထပ်၍မဲမှောင်သွားပြန်သည် ။
" အဲ့တာက ငါနဲ့ဘာဆိုင်လို့လဲ "
ကျုံးရှီယို့သည် စကားပြောပြီးသောအခါတွင် လှည့်ထွက်သွားလိုက်သည် ။
ကျင်းမင်သည် နောက်မှလိုက်သွားကာ သူ၏ နှလုံးသားထဲတွင် အလွန်အံ့အားသင့်သွားခဲ့သည် ။ ဤအရာသည် လုံးဝခံစားချက်မရှိခြင်းပင်မဟုတ်လား ။ အမှန်ကိုပင် ခံစားချက် လုံးဝမရှိခြင်းများလား ။သူမသည် အစ်မအရင်းမဟုတ်လျှင်တောင်မှ ထိုမျှလောက် နှစ်များစွာ အတူရှိလာပြီးနောက်တွင် သူ၏ အစ်မအရင်းမဟုတ်သော သူအပေါ်တွင် ထိုမျှထက်တော့ ပိုသင့်သည် မဟုတ်လား ။ သူတို့အကုန်လုံးသည် ရုပ်ရှင်ဇာတ်လမ်းတွဲများကဲ့သို့ သရုပ်ဆောင်နေခြင်းများလား ။
မမျှော်လင့်ထားစွာပင် ကျုံးရှီယို့သည် သူ၏ အတွေးများအားသိနေပုံရပြီး ပြောလာခဲ့သည် ။
" ကျင်းမင် မင်းအကြောင်းပြချက်ကို လုံးဝနားမလည်ပါဘူး ။ မင်းမှာ ငါတို့မိသားစုပြဿနာတွေကို ဂရုစိုက်ပေးဖို့ နေရာမရှိဘူး ။ ငါမုန့်ရှစ်ရွှမ်ကို ဂရုစိုက်စိုက် မစိုက်စိုက် တစ်ယောက်ထဲလွှတ်ထားပေးစမ်းပါ "
ကျင်းမင်သည် သူ၏ မျက်စိအားလှည့်လိုက်ကာ ပြောလိုက်သည် ။
" ဟုတ်ပါတယ် ဟုတ်ပါတယ် ။ ဒါပေမဲ့ အဲ့တာက ငါကမင်းသူငယ်ချင်းဖြစ်နေလို့ပဲ မင်းမိသားစု ပြဿနာတွေကို ဂရုစိုက်နေတာမဟုတ်ဘူးလား ။ မင်းဒီကိစ္စကြောင့်နဲ့တော့ ငါ့အပေါ်မှာ မင်းအမြင်တွေပြောင်းလဲသွားမှာတော့ မဟုတ်ဘူးမလား "
သူတို့ စကားပြောလို့မပြီးသေးခင်တွင် သူတို့ ကော်ဖီဆိုင်သို့ ကြည့်လိုက်မိပြီး မုန့်ရှစ်ရွှမ်သည် မတ်တပ်ရပ်လိုက်သည် ။
ကျုံးရှီယို့ နှင့် ကျင်းမင်နှစ်ယောက်လုံးသည် မသိစိတ်ဖြင့်ပင် ထိုနေရာသို့ ကြည့်မိနေခဲ့ကြသည် ။
မုန့်ရှစ်ရွှမ်၏ မျက်နှာသည် ဒေါသကြောင့်နီရဲလာသည်ကို တွေ့လိုက်ရပြီး သူတို့ရှူထောင့်မှ မုန့်ရှစ်ရွှမ်သည် ကော်ဖီခွက်အား ကောက်ကိုင်လိုက်သည် ။ သူတို့၏ နေရာမှ ထိုလူလတ်ပိုင်းအမျိုးသမီး၏ မျက်နှာကို မမြင်ရပေ ။ သို့သော် သူတို့သည် မုန့်ရှစ်ရွှမ်၏ စိတ်လှုပ်ရှားကာ ဒေါသူပုန်ထနေသော အကြည့်တို့ကို တွေ့နေရသည် ။ နောက်ထပ်ချက်ချင်းပင် မုန့်ရှစ်ရွှမ်သည် ကော်ဖီများကို တစ်ဖက်ရှိ လူလတ်ပိုင်းအမျိုးသမီး၏
ခေါင်းပေါ်သို့ လောင်းချလိုက်သည် ။
လူလတ်ပိုင်းအမျိုးသည် တအံ့တသြဖြင့် ပုခုံးများကို ရမ်းလိုက်သော်လည်း မုန့်ရှစ်ရွှမ်သည် စကားတစ်ခွန်းမှ မပြောခဲ့ဘဲ မဆိုင်းမတွထွက်သွားခဲ့သည် ။
"..."
ကျင်းမင် လုံးဝ မှင်သက်သွားခဲ့ရသည် ။
" သေစမ်းပဲ ။ အရင် လူတိုင်းကဒီလိုမျိူးမဟုတ်ခင်တုန်းက မုန့်ရှစ်ရွှမ်ဘယ်လိုပုံစံမျိုးကို ပြခဲ့တာမို့လို့လဲ "
ကျုံးရှီယို့သည် မျက်မှောင်ကြုတ်လိုက်သော်လည်း စကားမပြောခဲ့ပေ ။ ဤကဲ့သို့ သူမျိုးက မုန့်ရှစ်ရွှမ်မဟုတ်လျှင် ဘယ်သူများဖြစ်နိုင်အုန်းမည်နည်း ။ ကျုံးရှီယို့သည် မုန့်ရှစ်ရွှမ်၏ ကယောက်ချောက်ချားဖြစ်ကာ ခြိမ်းခြောက်တတ်သည့် ဘက်အခြမ်းကို အချိန်အတော်ကြာပြီးမှ တွေ့ခဲ့ရသည် ။ မုန့်ရှစ်ရွှမ်သည် သူနှစ်ပေါင်းများစွာသိထားခဲ့သောသူမျိုးမဟုတ်သည်ကို သူသည် စတင်နားလည်လာခဲ့သည် ။ သူသည် အရိုးထဲအသားထဲကပင် ကြင်နာတတ်သည့်သူမျိုးမဟုတ်ကာ သွေးအေးသည့် သူမျိုးပင်ဖြစ်သည် ။
မဟုတ်လျှင် သူ၏ မိသားစုသည် သူမအပေါ်တွင် အတိတ်ဘဝတုန်းက ကောင်းပေးခဲ့ပြီး သူမက ဘယ်လိုများ တစ်ယောက်ထဲ ကိုယ်လွတ်ရုန်းသွားနိုင်မည်နည်း ။ သူမအမွေရဖို့အတွက် အကူအညီရအောင်ပင် ခေါ်ခဲ့ခြင်းမျိုးမရှိသည် မဟုတ်လား ။
သူမရဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ အမျိုးသမီးသည် မည်သူများဖြစ်မည်နည်း ။
မုန့်ရှစ်ရွှမ်ထွက်သွားပြီးသောအခါတွင် လူလတ်ပိုင်းအရွယ်အမျိုးသမီးသည် မှောင်မဲနေသောသွင်ပြင်ဖြင့် တစ်ရှူးများကို ယူလိုက်ကာ သူမ၏ ပုခုံးနှင့် မျက်နှာတွင် ပေနေသော အကြွင်းအကျန်များကို သုတ်လိုက်သည် ။ ထို့နောက် ဖြေးဖြေးချင်းပင် ထရပ်လိုက်သည် ။
တစ်စုံတစ်ယောက်သည် ကော်ဖီဖြင့် လောင်းချသွားခဲ့သည်ဆိုလျှင်တောင်မှ ထိုအရာတွင် အကြောင်းပြချက်ရှိနေဆဲပင်ဖြစ်သည် ။ ထိုသူ၏ အမူအရာတွင် ဒေါသထွက်နေသင့်သော်လည်း လူလတ်ပိုင်းအရွယ်အမျိုးသမီးသည် တစ်ဖက်သို့လှည့်လာသောအခါ သူမ၏ မျက်နှာသည် ဝမ်းနည်းပြီး အပြစ်ရှိသော ခံစားချက်တို့ကို ဖော်ပြနေသည် ။ ထွက်သွားသော မုန့်ရှစ်ရွှမ်၏ ကျောပြင်ကိုပင် အတော်အတန်ကြာအောင် ကြည့်နေခဲ့သေးသည် ။
သူ၏ မျက်နှာသည် အတွေးများကြောင့် မည့်သို့ပြောင်းလဲနေသည်ကို ကျုံးရှီယို့မသိပေ ။
သူမသည် မုန့်ချန်များ ဖြစ်နိုင်မလား ။ သူမသည် မုန့်ရှစ်ရွှမ်၏ အမေအရင်းဆိုသူများဖြစ်နိုင်မည်လား ။ Zမြို့ တွင် ဘယ်အချိန်ကများ သူမ ပေါ်လာခဲ့ပါသနည်း ။
ဒီလို အရူးမကတော့ ။
ကလေးချင်းလဲသည့် လုပ်ရပ်မျိုးကို လုပ်နိုင်သည့် သူမျိုးသည် စိတ္တဇမဟုတ်လျှင် ဘာများ ဖြစ်နိုင်အုန်းမည်နည်း ။ သူတို့မိသားစုထဲတွင် စိတ်ဒုက္ခရောက်စရာကိစ္စတွေဖြစ်စေသည့် တရားခံသည် သူမဖြစ်သည် ။ ပါပါးကျုံး ပြောတာကတော့ တရားရုံးသည် အမှုကို စစ်ဆေးနေဆဲဖြစ်ပြီး ထိုအချိန်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ဆောင်ရွက်ပေးမည်ဟုဆိုသော်လည်း ကျုံးရှီယို့သည် သွားများတင်းတင်းစေ့ထားကာ သူ၏ လက်သီးများဆုပ်ထားနေမိသည် ဆိုသည်ကိုသာ ခံစားနေမိသည် ။
ဒီမိန်းမမှာ ပြစရာမျက်နှာရှိနေသေးတာလား ။
ထိုအရာအားတွေမိသောအခါ သူသည် စျေးဝယ်စင်တာထဲမှ ဆန္ဒအလျောက်ထွက်သွားလိုက်သည် ။
မုန့်ရှစ်ရွှမ်သည် သူအရင်က သိခဲ့သည့် မိန်းမငယ်လေးနှင့် လုံးဝကွာခြားနေသည်ကိုသာ ကျင်းမင်အံ့အားသင့်နေခဲ့ချိန်တွင် ရုတ်တရက် သူ၏ သူငယ်ချင်းက တစ်ဖက်လမ်းရှိ သက်လတ်ပိုင်းအမျိုးသမီးဆီသို့ အပြေးအလွှားထွက်သွားသည်ကို တွေ့လိုက်ရသည် ။
.....
စာရေးသူမှာပြောစရာရှိပါတယ် ။
အဝတ်လဲခန်းအတွင်းတွင် ကျုံးယို့ယို့သည် သူ၏ ခေါင်းအားမော့လိုက်ချင်သော်လည်း သူ၏ ခေါင်းအနောက်ဘက်သည် ရုတ်တရက်ချည်း ကိုင်ထားခံလိုက်ရသည် ။
ချင်းယောင်၏ အသံသည် အနည်းငယ်မသဲမကွဲ ဖြစ်နေခဲ့သည် ။ " ကိုယ့်ရဲ့ ပထမဆုံးအနမ်းက အရမ်းအဖိုးတန်တာပဲ မင်းနောက်ထပ်နက်ကတိုင်ကို အကြိမ်ပေါင်းများစွာ ဝယ်လို့ရနေပြီ "
ကျုံးယို့ယို့ "..."