Chapter 108
မုန့်ချန်သည် မုန့်ရှစ်ရွှမ်အား မဆက်သွယ်ခင် အချိန်အတော်အကြာ စောင့်နေခဲ့သည် ။သူမပြောချင်သော စကားလုံးများသည် ဖုန်းမှတစ်ဆင့် ပြောမထွက်ခဲ့ပေ ။ အကယ်၍ သူမဘာဖြစ်ခဲ့သည်ကိုပြောခဲ့လျှင် ရှစ်ရွှမ်သည် ကျုံးယို့ယို့ကို သွားရှာလိမ့်မည်ကို စိုးရိမ်ခဲ့သည် ။ သူမ ကျုံးယို့ယို့ကိုသွားရှာခဲ့တုန်းကလိုပင် အနိုင်ကျင့်ခံရမည့်သူသည် ကျုံးယို့ယို့အစား သူမ၏သမီးဖြစ်နေမည်ကို မုန့်ချန်စိုးရိမ်ခဲ့သည် ။
ထို့ကြောင့် သူမသည် သူမ၏ ဒေါသတို့ကိုဖိနှိပ်ကာ မုန့်ရှစ်ရွှမ်အား သူမ၏ အတွေ့အကြုံတို့ကို မပြောပြရဲပေ ။
သူမ အမှားလုပ်ကောင်းလုပ်နိုင်သည် ။ သို့သော် သူမကိုယ်သူမတော့ အမှားအယွင်းမခံနိုင်ပေ ။
မကြာခင်က မုန့်ရှစ်ရွှမ်သည် အလွန်ရေပန်းစားနေသော ပြိုင်ပွဲတွင် ဝင်ပြိုင်ခဲ့ပြီး စီရင်စုတစ်ခုလုံးတွင် ကိုးယောက်မြောက်နေရာ ရခဲ့သည်ကိုသူမသိသည် ။ သူမသည် ရုပ်သံလိုင်းမှတစ်ဆင့် နေ့တိုင်းကြည့်ခဲ့ပြီး အမှန်ပင် ပျော်ရွှင်နေခဲ့သည် ။
တစ်ချိန်ထဲ၌ပင် ဟယ်ချုန်ရှန်း နှင့် သူ၏သားသည် နေ့တိုင်းပျော်ရွှင်နေသည်ကို ကြည့်နေခဲ့ရပြီး သူမသည် ထိုထဲသို့ ပေါင်းစည်းနိုင်လိမ့်မည်ဟု မထင်ခဲ့ပေ ။ သူမသည် မုန့်ရှစ်ရွှမ်နှင့် သူမရနိုင်သော ခိုင်မြဲစွာဆက်စပ်နေသည့် အရာအားလုံးကို သတိရနေမိသည် ။
သူမ အမှန်တကယ် သူမ၏ သမီးအားတွေ့ချင်ခဲ့သော်လည်း Z မြို့သို့ မသွားရဲခဲ့ပေ ။ထို့နောက် သူမသည် နောက်ဆုံးအခေါက်က အလွန်အန္တရာယ်များသည့် လုပ်ရပ်များကို လုပ်ခဲ့ပြီး ဖြစ်သည် ။ အဆုံးတွင် ဤတစ်ဝိုက်သည် ကျုံးမိသားစုအခြေချထားသော နယ်မြေပင်ဖြစ်သည် ။ ထိုအရာသည် သူမအတွက် ကျုံးမိသားစုဝင်အား ဖြတ်ကျော်ခဲ့ပြီး သေစေလောက်သော လမ်းကိုဖြတ်ခဲ့စေခြင်းပင်ဖြစ်သည် ။ ကျုံးမိသားစုနှင့် ဝေးရာတွင်နေခြင်းသည် ပုန်းကွယ်ဖို့ရန်အတွက်ပင် မဟုတ်ပါလား ။
ဤရက်အနည်းငယ်အတွင်းတွင် ဟယ်ချုန်ရှန်းတွင် အလုပ်ကိစ္စနှင့် ခရီးထွက်စရာရှိနေပြီး Zမြို့သို့ သွားရန် လိုပေသည် ။ သူမသည် သတ္တိရှိလာပြီး သူမ နှင့်အတူ ခိုင်မာသော အမျိုးသားလည်းရှိနေပေသည် ။ထို့ကြောင့် ထိခိုက်ခြင်းမျိုးရှိလာလိမ့်မည် မဟုတ်ပေ ။ထို့ကြောင့် သူမသည် ကြင်နာပြီး နူးညံ့သည့်ဘက်ကို ထုတ်ပြကာ ဟယ်ချုန်ရှန်းအား ရှင်းလင်းရန် ကူညီပေးခဲ့ပြီး သူ့အတွက် အစားအသောက်ကအစ စိတ်ပူနေရသကဲ့သို့ သူ၏ ခရီးတွင် အတူလိုက်ပါနိုင်ရန် မေးခဲ့သည် ။
လက်ထပ်ပြီးသည့်အချိန်မှစကာ မုန့်ချန်၏ ထိုကဲ့သို့ နူးညံ့သည့်ပုံစံမျိုးကို မတွေ့ခဲ့ရဘူးဟု ဟယ်ချုန်ရှန်း ခံစားမိသည် ။ယခုတွင် မုန့်ချန်သည် ရုတ်တရက်ကြီး သူ့အား ဂရုစိုက်လာပြီး ကြည့်ရသည်မှာ ပျားရည်စမ်းကာလသို့ ပြန်ရောက်သွားသကဲ့သို့ပင် သူသည် အံ့အားသင့်ပျော်ရွှင်သွားခဲ့ရသည် ။ ဘယ်လိုလုပ်ပြီးများ သူအတွေးများနိုင်ပါမည်နည်း ။ ထို့ကြောင့် သူမအား အလျင်အမြန်ပင် ကူညီပေးပြီးနောက်တွင် လက်မှတ်ကို ဝယ်ခဲ့လိုက်သည် ။ ထို့နောက်တွင် အမျိုးသားဖြစ်သူ နှင့် ဇနီးသည် အတူတူ ထွက်ခွာခဲ့ကြသည် ။
ဟယ်ချုန်ရှန်းသည် စီးပွားရေးကိစ္စများကြောင့် တစ်နိုင်ငံလုံးအနှံ့ခရီးထွက်ရလေ့ရှိသည် ။ ထိုအချိန်များတွင် သူသည် ပုံမှန်အနေအထားရှိသောဟိုတယ်တစ်ခုတွင်သာ ကြိုတင်နေရာယူထားခဲ့လေ့သည် ။သို့သော် ယခုတစ်ခေါက်တွင်တော့ မုန့်ချန်သည် သူနှင့်အတူလိုက်ပါခဲ့သည် ။သူသည် မုန့်ချန်ပင်ပန်းနေမည်စိုးသောကြောင့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တွင် ကြိုတင်နေရာယူထားကာ မုန့်ချန်ကို ထိုနေရာသို့ ခေါ်သွားခဲ့သည် ။
ထိုအရာအား မုန့်ချန် မမြင်ခဲ့ခြင်း မဟုတ်ပေ ။သူမ၏ နှလုံးသားထဲတွင် ရောထွေးနေသော ခံစားချက်များရှိနေခဲ့ခြင်းသာဖြစ်သည် ။ဟယ်ချုန်ရှန်းသည် ရိုးသားသည့်သူဖြစ်ပြီး သူမကို အလွန်ကောင်းမွန်စွာဆက်ဆံသည်ကို သူမသိသည် ။ သို့သော် သူမဘာလုပ်သင့်ပါသနည်း ။ အချိန်ကုန်သွားပြီဖြစ်သည်ဟု သူမ မှန်းဆခဲ့သည် ။ ဟယ်ချုန်ရှန်း နှင့် သူမ၏ သမီးကြားတွင် သူမဘယ်လိုကြောင့်များ သူမ၏သမီးအရင်းကို မရွေးချယ်ဘဲ နေနိုင်မည်နည်း ။
သူမ၏ နှလုံးသားထဲတွင် အလွန်သောကရောက်ခဲ့ရသည် ။ သို့သော် အမှန်တကယ်တွင် သူမသည် အရင်ကတည်းကပင် ဆုံးဖြတ်ချက်ချထားခဲ့ပြီးသားဖြစ်သည် ။ဟယ်ချုန်ရှန်း စီးပွားရေးကိစ္စဆွေးနွေးရန် အပြင်ထွက်သွားပြီးနောက်တွင် သူမသည် မုန့်ရှစ်ရွှမ်အား ဆက်သွယ်ခဲ့ပြီး တွေ့ဖို့ရန်အတွက် ချိန်းဆိုခဲ့သည် ။
မုန့်ချန်သည် ပုံမှန်အားဖြင့် ဝေးလံသောနေရာတွင်သာ ချိန်းဆိုချင်ခဲ့သည် ။ စားသောက်ဆိုင်အသေးတစ်နေရာ သို့မဟုတ် ကျုံးမိသားစုမည်သည့်အခါမှ မသွားနိုင်လောက်မည့်နေရာမျိုး ဖြစ်သည် ။ သို့သော် မုန့်ရှစ်ရွှမ်သည် အလွန် မနှစ်မြို့နေခဲ့ပြီး တိုက်ရိုက်ပင် ကော်ဖီဆိုင်တစ်ဆိုင်ကိုသာ သွားရန် ပြောလာခဲ့သည် ။
" Z မြို့က ဒီလောက်ကျယ်တာ ။ဘယ်လိုလုပ်ပြီးတော့များ ကျွန်မ မိသားစုကို တိုက်တိုက်ဆိုင်ဆိုင်တွေ့နိုင်မှာလဲ ။ အဲ့တာ အားလုံးရှင့်ကြောင့်ပဲ ။နောက်တစ်ခါ ကျွန်မကျောင်းကို ထပ်မလာပါနဲ့ ။ "
မုန့်ရှစ်ရွှမ်သည် ထိုင်ပြီးနောက်တွင် အေးစက်စွာ ပြောလာခဲ့သည် ။
မုန့်ချန်စကားမပြောခဲ့ပေ ။ သူမသည် မုန့်ရှစ်ရွှမ်ကိုသာ ဂရုတစိုက်ကြည့်နေပြီး စိတ်သောကရောက်နေသလို ခံစားခဲ့ရသည် ။
" သမီး ဘာလို့ပိန်သွားတာလဲ ။ ဒီရက်ပိုင်းအတွင်း ဘာတွေဖြစ်ခဲ့လို့လည်း ။အဲ့ပြိုင်ပွဲမှာ ဝင်ပြိုင်ရတာက အရမ်းပင်ပန်းလို့လား ။ရွှမ်ရွှမ် ၊ သမီးက ပိန်ပြီး အချိုးအစားမကျတော့ဘူး "
မုန့်ရှစ်ရွှမ်သည် ကျုံးမိသားစုမှ ထွက်သွားပြီးနောက်တွင် ကျုံးမိသားစုတွင်ရှိခဲ့သော သူမ၏ အရင်ဘဝ သည် ဘယ်လောက် သာလွန်သည်ကို သူမသိခဲ့ရသည် ။
ကျောင်းမှအကြိုအပို့လုပ်ပေးသည့် သူများကို မပြောလျှင်ပင် ယွီမား ဂရုတစိုက်လုပ်ပေးသော သုံးနပ်စာကို ပြောနိုင်ပေသည် ။
သူမ ကန်ထုတ်ခံလိုက်ရပြီးနောက်ပိုင်းတွင် သူမသည် မည့်သည့် အစားအစားကိုမျှ မချက်ပြုတ်နိုင်ပေ ။ အပြင်ဘက်ရှိ စားသောက်ဆိုင်များတွင် အခိုးအငွေ့များ အလွန်များပြီး သူမသည် ထိုအစားအစာများကို မစားနိုင်ပေ ။ သူမ ရက်အနည်းငယ်လောက် စားသောက်နိုင်ခြင်းမရှိဘဲ စိုးရိမ်ကြောင့်ကြနေခဲ့ရသည် ။ ဘယ်လိုလုပ်ပြီးများ သူမအရမ်းမြန်မြန် ကိုယ်အလေးချိန်မကျသွားဘဲ နေမည်နည်း။သူမ၏ မျက်နှာသည်လည်း အလွန်ကို ဖြူဖျော့နေခဲ့သည် ။
ထိုထပ်ပို၍ သူမသည် အလိမ်ခံခဲ့ရသည်ကို ရှာတွေ့သွားခဲ့သည် ။ ထိုနေရာသည် မြို့လယ်တွင်ရှိသော ပိုင်ဆိုင်မှုတစ်ခုဟု မာမားကျုံး ပြောခဲ့သော်လည်း သူမအိမ်မှထွက်သွားပြီးနောက်တွင် ထိုနေရာသည် မြို့လယ်နှင့် အလွန်ဝေးကွာကြောင်း သိခဲ့ရသည် ။ အကျယ်အဝန်းသည်လည်း ၇၀ သို့မဟုတ် ၈၀ စတုရန်းမီတာသာရှိပြီး လူမနေသည်မှာလည်း အလွန်ကြာပြီဖြစ်သည် ။ ထိုနေရာသည် သက်တမ်းရင့်နေပြီး လေကောင်းလေသန့်လည်း မရပေ ။
ထိုနေရာသည် ပါပါးကျုံးဝယ်ခဲ့သည့်နေရာဖြစ်ပြီး အခြားစီရင်စုမှ သူ၏ လက်အောက်ငယ်သားများ အလုပ်ခရီးထွက်လာသောအခါတွင် နေထိုင်သည့် နေရာဖြစ်ခဲ့သည် ။ အခြားရရှိမှုများသည်လည်း သာမန်မျှသာဖြစ်ကာ ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်နှင့်ပင် မယှဥ်နိုင်ချေ ။
သူမသည် ထိုအိမ်ရာမြေကွက်၏ စျေးနှုန်းကို ခန့်မှန်းခဲ့ပြီး သူမတွက်ချက်လို့ရသည်မှာ လေးသန်းကျော်မျှထက် မပိုပေ ။ အပိုအနေဖြင့် သူမ၏ ကတ်ထဲတွင် နှစ်သန်းကျန်ရှိနေပြီး ကျုံးမိသားစုသည် သူမအား သနားငဲ့ညှာချင်းပင် မရှိကာ မောင်းထုတ်ခဲ့သည် ။ သူမတွင်ရှိနေသည်မှာ ခြောက်သန်းကျော်မျှသာဖြစ်သည် ။
လွန်ခဲ့သော သုံးနှစ်က ကျုံးယို့ယို့အိမ်ရောက်လာသောအချိန်နှင့် ယှဥ်လျှင် ပါပါးကျုံးသည် ချက်ချင်းပင် သန်းကိုးဆယ်ကျော်ကို ထုတ်ပေးခဲ့သည် ။ ယခုတွင် သူမအတွက်တော့ သူတောင်းစားကို လှူဒါန်းလိုက်သလိုပင် ဖြစ်နေသည် ။
မုန့်ရှစ်ရွှမ်သည် ယိုစိမ့်နေသော ရေချိုးခန်းထဲသို့ ဝင်သွားသည့်နေ့တွင် သူမချော်လဲပြီး ခါးရိုးကျိုးလုမတက်ပင်ဖြစ်ခဲ့သည် ။ ထိုနေရာတွင် ရှင်းလင်းပေးရန် ဘယ်သူမှ ရှိမနေခဲ့ပေ ။ ဆောင်းဝင်လာသည်နှင့် တစ်ဖြေးဖြေးစိုထိုင်းကာ အေးစိမ့်နေခဲ့ပြီး ထိုနေရာတွင် ပိုးဟပ်များသည် ဖြတ်ပြေးနေဆဲဖြစ်သည် ။
ရလဒ်အနေဖြင့် ညတွင်းချင်းပင် သူမသည် ဟိုတယ်သို့ သွားခဲ့ရသည် ။ ဤမလိုလားချက်များနှင့် မကျေနပ်ချက်များအား ထပ်ပေါင်းပြောရလျှင် ပို၍ ကြောက်စရာကောင်းသည့်အရာမှာ လူတစ်ယောက်ထဲနေသည့်အခါတွင် သူတို့သည် ကမ္ဘာကြီးတစ်ခုလုံးမှ စွန့်လွှတ်ခံရသည့် ပုံပေါ်နေခြင်းပင် ။
မီးတွေကို ပိတ်ပြီး မျက်လုံးတွေကိုသာမှိတ်ထားခဲ့လိုက်သည် ။ သူမ ရက်စက်စွာပင် နှင်ထုတ်ခံခဲ့ရသည့်နေ့တွင် မာမာကျုံးပြောခဲ့သော အေးစက်သည့်စကားများ ၊ သူမနှင့် မျက်နှာချင်းဆိုင်ရသည့်အခါတွင် ကျုံးရှီယို့၏ အေးစက်စက်မျက်နှာထား တို့နှင့် ပါပါကျုံးသည် သူမအား ကြည့်ဖို့ရန်ပင် ပျင်းနေခဲ့သည့် အရာအားလုံးသည် သူမ၏စိတ်ထဲတွင် ပြန်ပေါ်လာခဲ့သည် ။ညတိုင်းတွင် လူးလိုက်လှိမ့်လိုက်ဖြင့် သူမအိပ်မရခဲ့ပေ ။
ဘာအတွက်ကြောင့်များလဲ ။
မုန့်ရှစ်ရွှမ်သည် ကျုံးအိမ်တော်မှ နှင်ထုတ်ခံရပြီးနောက်တွင် ထိုအရာအားရှာဖွေရန်ပင် အလွန်စိတ်ပျက်အားလျော့နေခဲ့သည် ။
သူမသည် ပထမဆုံးနှစ်ရက်တွင် ရည်မှန်းချက်ကြီးနေဆဲဖြစ်ပြီး ကျုံးမိသားစုနောင်တရစေရန် သန္နိဌာန်ချထားခဲ့သည် ။သို့သော် ဤနှစ်ရက်တွင် သူမသည် အကန့်အသတ်မရှိသော မကောင်းသည့်ခံစားချက်များနှင့်သာ စိတ်ထိခိုက်နေခဲ့ရသည် ။
သူမ၏ ခံစားချက်များသည် ကောင်းမနေခဲ့ပေ ။သူမအား ကသိကအောက်ဖြစ်စေပြီး အပိုအနေဖြင့် ရက်အတော်ကြာအောင် ပြင်းပြင်းထန်ထန် စိတ်ဓါတ်ကျခဲ့ရသည် ။ သူမသည် တစ်ရက်လုံး ရရှိခြင်း နှင့် ဆုံးရှုံးခြင်း တို့ကို ပူပန်နေခဲ့ရပြီး ကျောင်း၌ပင် နှစ်ရက် ၊သုံးရန်ခန့် ခွင့်ယူထားကာ လုံးဝမသွားခဲ့ပေ ။
.....
" အမေ သမီးကို ဂရုစိုက်နေတုန်းဆိုတာကိုရော သမီးသိရဲ့လား "
မုန့်ရှစ်ရွှမ်သည် လှောင်ပြောင်ထေ့ငေါ့လာခဲ့သည် ။
" ရှင်ကျွန်မကို နောက်ဆုံးတစ်ခေါက်တုန်းက ဘယ်လိုကတိပေးခဲ့လဲ ။ ရှင် သေချာပေါက် ကျွန်မကို... ကျွန်မကိုကူညီပေးမယ်လို့ပြောခဲ့တယ်။ ဒါပေမဲ့ နောက်တော့ရော ။ရှင်ထွက်သွားပြီး ဘာသတင်းမှတောင် မကျန်ခဲ့ဘူး ။ ဒီမှာဘယ်လောက်တောင် ခက်ခဲနေခဲ့တယ်ဆိုတာကို ရှင်သိလား ။ "
သူမ၏ အမေအရင်း နာကျင်နေသည့် အမူအရာကို မြင်လိုက်ရသောအခါ မုန့်ရှစ်ရွှမ် မွန်းကြပ်သွားခဲ့သည် ။ အချိန်ကြာမြင့်စွာ ခံစားခဲ့ရသော မကျေနပ်ချက်များနှင့် ပူပန်သောကတို့သည် မထိန်းချုပ်နိုင်တော့ဘဲ ပေါက်ကွဲထွက်လာခဲ့သည် ။မုန့်ရှစ်ရွှမ်သည် သူမ၏ ခေါင်းအား ငုံ့လိုက်ပြီး အော်ပြောလိုက်သည် ။
" ကျွန်မ ကျုံးမိသားစုကနေ မောင်းထုတ်ခံလိုက်ရပြီ "
မုန့်ချန်သည် အံ့အားသင့်မှုကြောင့် သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ထက်သန်စွာပင် ပြောလိုက်သည် ။
" ဘယ်လိုလုပ်ဒီလိုတွေ ဖြစ်နိုင်ရတာလဲ ။ သူတို့က ကျုံးယို့ယို့ရဲ့ ပုံစံအမှန်ကို ထုတ်ပြလိုက်ရင်တောင်မှ သမီးကို ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်အချိန်ထိ ထောက်ပံ့ပေးဖို့ ကတိပေးထားတယ်လို့ သမီးပြောခဲ့တယ်မဟုတ်ဘူးလား "
" အခုသမီးဘယ်မှာနေနေတာလဲ ။ သမီးစာသင်ကြားတာတွေ နှောင့်နှေးကုန်ပြီလား ။ အဲ့တာက အရေးကြီးလား ။ကျုံးမိသားစုက ဘယ်လိုကြောင့် ဒီလိုလုပ်နိုင်ရတာလဲ ။ အခုက ကောလိပ်စာမေးပွဲဖြေဖို့ သုံးလ ၊ လေးလ လောက်ပဲ လိုတော့တာ ။ ဒါဆို သမီးပိုက်ဆံမရှိဘဲ မောင်းထုတ်ခံလိုက်ရရင် ဘယ်လိုလုပ်တော့မလဲ ။ သမီးကောလိပ်ဝင်ခွင့်စာမေးပွဲ နှောင့်နှေးသွားမှာ စိုးရိမ်နေလား ။"
မုန့်ချန်သည် သေနတ်ပစ်နေသကဲ့သို့ မေးခွန်းများအား မရပ်မနားမေးလာခဲ့သည် ။ သူမသည် ဤကိစ္စကြောင့် သွေးအေးပြီးရက်စက်သော ကျုံးမိသားစုနှင့် ကျုံးယို့ယို့ကို ပို၍ မုန်းတီးလာနိုင်မှန်း မုန့်ရှစ်ရွှမ်သိသည် ။ မဟုတ်လျှင် အေးဆေးပြီး သာလွန်သည့်ဘဝမျိုးတွင် နေရမည်ကို သူမသည် ဘာကြောင့် လာဖျက်စီးခဲ့ပါသနည်း ။
" ကျွန်မ မသိဘူး "
မုန့်ရှစ်ရွှမ် ရည်ရွယ်ချက်ရှိရှိ တင်းမာစွာပြောခဲ့သည် ။
" ပိုအရေးကြီးတဲ့ကိစ္စက ကျွန်မ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဝင်မဖြေတော့ဘူး ။ ရှင့်လိုပဲ ကျွန်မ ပန်းကန်တွေဆေးပြီး အခု တစ်ယောက်ယောက်ကိုပဲ စောင့်နေတော့မလို့ "
မုန့်ချန်ရုတ်တရက်ပူပန်လာရပြီး သူမ၏ မျက်လုံးများသည် နီရဲလာခဲ့သည် ။ ထို့နောက် သူမသည် အလျင်အမြန်ပင် မုန့်ရှစ်ရွှမ်၏ လက်အား ခါရမ်းလိုက်ပြီး " ရွှမ်ရွှမ် ဒေါသနဲ့စကားမပြောနဲ့ ။ အမေက ဖြေရှင်းလို့ရအောင် ကူညီပေးမယ် ။ဒါမှမဟုတ် အေမြို့ကို ပြောင်းလို့ရအောင် လုပ်ပေးမယ် ။ အခု အန်ကယ်ဟယ် မှာက..."
သူမ၏ ကြမ်းတမ်းသောလက်များသည် မုန့်ရှစ်ရွှမ်ထံမှ ရွံရှာသလို ဖယ်ရှားခံလိုက်ရသည် ။ " ကျွန်မ မပြောခဲ့ဘူးလား ။ ကျွန်မရွှေ့ပြောင်းပြီး ရှင်နဲ့နေမှာမဟုတ်ဘူး ။ တစ်ယောက်ထဲပဲ ထားပေးစမ်းပါ ။ ရှင့်ရဲ့ နောက်အိမ်ထောင်မှာက သားတောင်ရှိပြီးနေပြီ ။ အတိတ်မှာတုန်းက ကျွန်မဘာလုပ်ခဲ့လဲ ။ လူတွေကို ဆက်ပြီးတော့ ရှင့်ရဲ့ ချုပ်ကိုင်ထားမှုအောက်ကို ပို့မလို့လား ။ "
" ချုပ်ကိုင်ထားမှုအောက်ကို ပို့ပေးသည် " ဟူသည့် စကားသည် မုန့်ချန်၏ နှလုံးသားကို နက်ရှိုင်းစွာ ထိုးဖောက်သွားခဲ့သည် ။ သူမ နောင်တကြီးစွာ ရနေခဲ့သည် ။ လွန်ခဲ့သော သုံးနှစ်အောက်က သူမလုပ်ခဲ့သော အရာများသည် သူမ၏ သမီးအရင်းအား ချုပ်ကိုင်မှုအောက်သို့ ပို့ခဲ့ခြင်းပင် ဖြစ်သည် ။ ထိုအရာသည် အချိန်ကြာသွားခဲ့ပြီဆိုသည်ကို သိပြီး လွန်ခဲ့သောသုံးနှစ်က သူသည် ကျုံးယို့ယို့ကို Zမြို့သို့ ပြန်မပို့ခဲ့သင့်ပေ ။ထို့နောက်တွင် ကျုံးမိသားစုက ရှာတွေ့သွားခဲ့သည် ။ နောက်ဆုံးခြုံငုံသုံးသပ်မှုတွင် သူမ၏ စိတ်ပိုင်းမဖြတ်နိုင်မှု ၊ အမြော်အမြင်မရှိခြင်း နှင့် မရက်စက်နိုင်ခြင်းတို့ကိုသာ အပြစ်တင်မိသည် ။
" နောက်ဆုံးအကြိမ်တုန်းက ကျုံးယို့ယို့ ဆီသွားခဲ့ပြီးတော့ ရှင်နည်းလမ်းစဥ်းစားပေးမယ်လို့ ပြောခဲ့တယ် ။ နောက်တော့ရော ။ ရှင်ဘာနည်းလမ်းများ စဥ်းစားမိလို့လဲ " မုန့်ရှစ်ရွှမ် တွန်းအားပေးလာခဲ့သည် ။
နောက်ဆုံးအခေါက်တွင် ဘာဖြစ်ခဲ့လဲဆိုသည်ကို ဖုံးကွယ်ရန် နည်းလမ်းမရှိတော့မှန်း မုန့်ချန်သိလိုက်သည် ။ ထို့ကြောင့် သူမ၏ ခေါင်းအားငုံ့ထားကာ အရှက်ရစွာဖြင့်ပင် ပြောလိုက်သည် ။
" အမေ အသုံးမကျတာ ။ အမေ ကိစ္စတွေပြီးမြောက်အောင် မလုပ်နိုင်ခဲ့ဘူး ။ နောက်ဆုံးတစ်ခေါက်က အမေ စိတ်ချရတဲ့ မိန်းကလေးတစ်ယောက်ကို ရှာတွေ့ခဲ့တယ် ။ ဒါပေမဲ့ ဘယ်သူက သိမှာလဲ ။ အဲ့မိန်းကလေးက တစ်အားတုံးအပြီးတော့ သူမက ကျုံးယို့ယို့ဆီကနေ ရဲစခန်းတောင် ပို့ခံလိုက်ရသေးတယ် "
" ဒီလို ဖြစ်လာမယ့်အကျိုးဆက်တွေကို ဂရုမစိုက်ဘဲ ရှင်ဘယ်လိုများ လုပ်နိုင်ရတာလဲ ။ ရှင်က ရှင်သိတဲ့ လူတစ်ယောက်ကိုရှာတယ် ။ ကျုံးယို့ယို့က နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့သူက ရှင်ဆိုတာကို ရှာတွေ့သွားလိမ့်မယ် ။ ဒါဆို ရှင်က ဒီကိစ္စတွေအားလုံးကို ကျွန်မခေါင်းပေါ် တင်ပေးလိုက်တာပဲ မဟုတ်ဘူးလား ။ ရှင်နောက်တစ်ခါ စဥ်းစားပြီးမှ လုပ်လို့ရမလား ။ ရှင်အလုပ်လုပ်တဲ့အခါ နောက်ကြောင်းရှင်းအောင်ရော လုပ်ခဲ့ရဲ့လား "
မုန့်ချန်သည် ထိုအရာအား ကြားသောအခါ စိတ်အနှောင့်အယှက်ဖြစ်သလို ခံစားရပြီး ထပ်ခါတလဲလဲ ခေါင်းညိမ့်ခဲ့သည် ။
သူမ တိုးတိတ်စွာပင် ပြောခဲ့သည် ။ " ရွှမ်ရွှမ် ၊ အမေ့ကို ခွင့်လွှတ်ပါ ။ အမေက ဘာစာအုပ်မှမဖတ်ခဲ့ရဘူး ။ ဒါကြောင့် အမေ့ရဲ့အတွေးက သမီးလောက်မပီပြင်ဘူး "
မုန့်ရှစ်ရွှမ်သည် ထိုအမျိုးသမီးကို စာရင်းထဲမထည့်မှန်း သူမကိုယ်သူမသိသည် ။ သို့သော် သူမကလွဲရင် တစ်ခြားမည်သူများ ရှိနေပါသေးသနည်း ။ သူမသည် အမုန်းတရားဖြင့် အားအနည်းဆုံးခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည် ။
မိသားစုကို ဆန့်ကျင်ပြီး ပြန်တုံ့ပြန်ရန်မှာ သူမအတွက် ဖြစ်နိုင်ပါမည်လား ။ထိုသို့ဆိုလျှင် သူမ၏ ရိုးသားမှုအားလုံးကို စွန့်လွှတ်ရမည်မဟုတ်လား ။ထိုအရာအား တွေးမိသောအခါ သူမသည် ရုတ်တရက် လူတစ်ယောက်ကို တွေးမိလိုက်သည် ။ သို့သော် သူမသည် ဘာကြောင့်များ မြောက်များစွာ စွန့်လွှတ်နေရမည်နည်း ။
မုန့်ရှစ်ရွှမ် ဘာတွေးနေလဲ ဆိုသည်ကို မုန့်ချန်မသိပေ ။ သို့သော် ထိုအရာအား တွေ့လိုက်ရသောအခါ မုန့်ရှစ်ရွှမ်သည် အလွန်စိတ်သောက ရောက်နေပြီး မကျေနပ်ချက်များကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ခုခုယိုယွင်းလာမည်ကိုပင် စိုးရိမ်ကြောက်ရွံ့နေခဲ့သည် ။ ထို့ကြောင့် သူမသည် စကားလမ်းကြောင်းလွှဲကာ မုန့်ရှစ်ရွှမ်အား စိတ်သက်သာရာရစေရန် ကြိုးပမ်းပြီး ပြောလိုက်သည် ။
" ဒီတစ်ခေါက် သမီးရဲ့ အန်ကယ်ဟယ် လည်း ဒီမှာရောက်တယ် ။ ဒါမှမဟုတ် အတူတူတစ်နပ်လောက် စားရအောင် ။ အဲ့လိုဆို သမီးနောက်တစ်ခေါက်ထပ်တွေ့ရင်... "
သူမသည် သဘာဝကျကျပင် ဤအခွင့်အရေးကို သုံးပြီး မုန့်ရှစ်ရွှမ်အပေါ် ဟယ်ချုန်ရှန်း အမြင်ကောင်းများရှိအောင် လုပ်ချင်ခဲ့သည် ။ ကံကောင်းလျှင် သူမထောင်ထဲဝင်ရပြီးနောက်တွင် သူမ၏ သမီးအား လောင်ဟယ်ထံတွင် စိတ်ချစွာ အပ်နှံထားလို့ရလောက်ရသည် ။ သို့သော် မည်သူကသိမည်နည်း ။ မုန့်ရှစ်ရွှမ်သည် ထိုစကားတို့အား ကြားပြီးသောအခါ မတ်တပ်ထရပ်လိုက်ပြီး အလွန်စိတ်လှုပ်ရှားလာခဲ့သည် ။ ထို့နောက် တိုက်ရိုက်ပင် ကော်ဖီအေးများအား သူမ၏ မျက်နှာပေါ်သို့ လောင်းချလာခဲ့သည် ။
"...."
သူမသည် ဘာကြောင့် စိတ်ထိန်းချုပ်မှုကင်းလွတ်သွားလဲဆိုသည်ကို မုန့်ရှစ်ရွှမ်မသိပေ ။သို့သော် ဤတစ်ကြိမ်တွင်တော့ သူမ၏ ဒေါသသည် လုံးဝမထိန်းချုပ်နိုင်လောက်အောင်ပင် ဖြစ်နေခဲ့သည် ။
" ကျွန်မအထင်တော့ ရှင်က ကျွန်မကို လုံးဝ မကူညီပေးချင်တာပဲ ။ ဒီတိုင်းကျွန်မကို ရှင့်ချုပ်ချယ်မှုအောက်ကို ပြန်ပို့နေတာ ။ ပထွေးလား... ။ ရှင်က ကျွန်မကို အားနာရမယ့် တစ်စုံတစ်ရာကို လုပ်ခဲ့တာလေ ။ ရှင်က ကျွန်မကို တစ်ခြားမိသားစုဆီမှာ ပစ်ခဲ့ပြီး ကျွန်မမှာ ပထွေးကို ရှာဖို့ မျက်နှာရှိနေရအုန်းမှာလား ။ "
မုန့်ချန်သည် မုန့်ရှစ်ရွှမ်အား ထိတ်လန့်ပြီး စိတ်ရှုပ်စွာကြည့်နေခဲ့သည် ။ သို့သော် မုန့်ရှစ်ရွှမ်သည် ဒေါသထွက်စွာဖြင့် သူမ၏ လက်ကိုင်အိတ်အား ဆွဲ၍ ထွက်သွားသည်ကိုသာ တွေ့လိုက်ရသည် ။
သူမထပ်ပြီး မှားယွင်းတဲ့စကားကို ပြောလိုက်မိပြန်ပြီ....
မုန့်ချန်တွင် ယဥ်ကျေးမှုမရှိလျှင်တောင်မှ မုန့်ရှစ်ရွှမ်၏ ခံစားချက်များသည် ယခုတစ်ခေါက်တွေ့ဆုံခြင်းတွင် ယခင်တစ်ခေါက်ကထက် ပို၍ပြင်းထန်နေခဲ့သည် ကိုတော့ သူမခံစားမိသည် ။ထိုအရာသည် မည်သည့်အချိန်မဆို ပြိုကွဲသွားနိုင်သည့် အတိုင်းပင် ။
သူမသည် အလွန်စိုးရိမ်ပြီး ကျုံးမိသားစုအား အပြစ်တင်မိသည် ။ ကျုံးမိသားစုသည် အလွန်ရက်စက်ပေသည် ။ အခုမှ အရွယ်ရောက်လာသည့် မိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ်များ ထိုကဲ့သို့ဆက်ဆံနိုင်ပြီးဆောင်းတွင်းမှာ လူတွေကိုဘယ်လိုလုပ်နှင်ထုတ်တာမျိုး လုပ်နိုင်ရသည်လဲ ။
နောက်ပြီး သူမသည် တကယ်ကိုအသုံးမကျပေ ။ ရွှမ်ရွှမ်ကို သူမ လုံးဝ မကူညီနိုင်ခဲ့ပေ ။
မုန့်ချန်သည် ကော်ဖီဆိုင်ထဲတွင် ရုတ်ချည်းထရပ်လိုက်ကာ အတော်အတန်ကြာပြီးနောက်တွင် မိန်းမောတွေဝေနေခြင်းမှ သူမ ပြန်သက်သာလာပြီး ပိုက်ဆံအိတ်အား ကောက်ယူကာ ဆိုင်ထဲမှ ထွက်ဟန်ပြင်လိုက်သည် ။
ထို့နောက်တွင် မျက်နှာချင်းဆိုင်လမ်းမှ အပြေးအလွှားလာနေသော အန္တရာယ်ရှိသည့် လူငယ်နှစ်ယောက်အား မြင်လိုက်ရသည် ။