အပိုင်း ၆၉
Viewers 21k

🍵Chapter 69

မင်းကချစ်သူကောင်မလေးမရှိတော့ သိမှာမဟုတ်ပါဘူး



သူတို့စားပြီးသောအခါ ၁၂နာရီ‌ရောက်သွားပြီဖြစ်သည်။


လူအုပ်ကြီးက ရုတ်တရက်တိုးဝင်လာကာ ဗလာဖြစ်ပြီးတိတ်ဆိတ်နေသော ထမင်းစားခန်းကရုတ်တရက်လူများပြည့်လာ၏။


လူအုပ်က အချင်းချင်းတိုးဝှေ့နေကြသည်မှာ လှောင်အိမ်ထဲမှလွတ်လာသော သိုးများထက်ပင် ပို၍စိတ်လှုပ်ရှားနေကြ၏။


သူတို့က အချိန်ဘယ်လောက်မှမရှိသေးခင်တွင် ထိုင်ခုံများအားလုံးကိုယူလိုက်ကြသည်။ နောက်ကျမှရောက်လာသောသူများသည် ဘေးတွင်ရပ်ပြီးစောင့်နေရုံသာ တတ်နိုင်၏။ တချို့သူများဆိုလျှင် နေရာလွတ်များအတွက် ရန်တောင်ဖြစ်နေကြသည်။


ထန်ရှောင်ယန်က တစ်မနက်လုံးခံစားထားရသဖြင့် ထိုရန်ပွဲခင်းနေကြသော မြင်ကွင်းကို‌မြင်သောအခါ မှုန်ကုပ်ကုပ်မျက်နှာဖြင့် အော်ဟစ်လာ၏။

“တိတ်တိတ်နေကြစမ်း ရန်ဖြစ်မယ့်သူတွေအကုန်ထွက်သွားကြ အဲ့လူတွေကိုဘယ်သူ့ကိုမှစားခွင့်မပေးဘူး”


သူမပြောပြီးပြီးချင်းပင် အရပ်ရှည်ကာလူကောင်ကြီးသောလူနှစ်ယောက်က ချက်ချင်းပင် တိတ်ဆိတ်သွားကာ ဘာစကားမှမပြောတော့ပေ။


ဤအရာသည် ဒီခေတ်ကာလများတွင်ရှိသည့် အစိုးရပိုင်စားသောက်ဆိုင်များ၏အဆင့်အတန်းပင်ဖြစ်သည်။


သူမ ကြားဖူးသည်မှာ ဤကာလများတွင် ရဲစခန်းကတောင် စားသောက်ဆိုင်များရှိအလုပ်သမားများအား စားသုံးသူများကို မရိုက်ရန် သတိပေးချက်များတောင်ထုတ်ခဲ့ရသည်ဟုဆို၏။ သူမက မယုံနိုင်သလို တစ်ချိန်တည်းတွင် ရယ်စရာပြက်လုံးဟုသာ ထင်ခဲ့သည်။


အခုချိန်တွင်သူမမြင်‌နေသည်များမှ အကဲဖြတ်ကြည့်ရလျှင် ထိုကဲ့သို့ကိစ္စများက တကယ်ဖြစ်လာနိုင်ပေသည်။


ဒီနေ့တွင် ထန်ရှောင်ယန်က ပိုက်ဆံသိမ်းရန်တာဝန်ရှိသဖြင့် ထုံရွှယ်လူက အမှာစာများကိုလက်ခံပြီး စားပွဲထိုးရန်တာဝန်ယူလိုက်သည်။


လူတိုင်းက အစိုးရစားသောက်ဆိုင်သို့ စားပွဲထိုးအလှလေးတစ်ယောက်ရောက်နေသည်ကို သတိပြုမိကြသည်။ အထူးသဖြင့် ထန်ရှောင်ယန်နှင့် ယှဉ်ရပ်နေသောအခါ နတ်မိမယ်လေးလိုပင် လှပ၏။


သူတို့ကမထိန်းချုပ်နိုင်ဘဲ အချိန်နှင့်အမျှ သူမကို ကြည့်မိနေကြ၏။


ထန်ရှောင်ယန်က ထိုအရာကို သတိပြုမိသောအခါ မျက်ခုံးပင့်လိုက်ပြီးပြောလာ၏။

“ရှင်တို့တွေကျွန်မကိုဆက်ကြည့်နေရင် လူရမ်းကားလုပ်နေတယ်ဆိုပြီး အမှုသွားဖွင့်လိုက်မယ်”


အခြားသူများ :“…….” သူတို့တွေမျက်စိမကန်း‌ပါဘူးနော်။ 


အစိုးရပိုင်စားသောက်ဆိုင်က ရောင်းချမည့် စားစရာအကန့်အသတ်ရှိကာ တချို့တဝက်ကို ညစာအတွက်ချန်ထားရမှာဖြစ်သည်။ နေ့လယ်စာအတွက် စားစရာများရောင်းပြီးသောအခါ စားဖိုမှူးမုန့်က ဟင်းလျာများအတွက် ဆိုင်းဘုတ်များကို‌ယူလိုက်သည်။


နောက်မှလာသောသူများက ဘယ်လိုဘဲခခယယလုပ်နေပါစေ ကိစ္စမရှိပေ။


သူကသူတို့အတွက် လုပ်ပေးမည်မဟုတ်‌ပေ။ ပိုက်ဆံကို သူဂရုမစိုက်ချေ။


***

တစ်ဖက်ရှိဌာနချုပ်တွင် ဝမ်ရူ‌ကွေ့နှင့်ကျိုးရန်တို့ကလည်း အစိုးရစားသောက်ဆိုင်တွင် နေ့လယ်စာစားနေကြ၏။


ကျိုးရန်က ယမန်နေ့ညက ကိတ်များအကြောင်းကို မမေ့သေးပေ။

“ရူကွေ့ မင်းဘာလို့ တစ်နေ့တုန်းက ကိတ်တွေကို ငါ့ကိုမမျှပေးတာလဲ၊ ငါတစ်နေ့လုံး တစ်ညလုံးတွေးကြည့်ခဲ့ပေမယ့် အခုထိမသိသေးဘူးဖြစ်နေတယ်”


ဝမ်ရူကွေ့ : “……”

သူက ကျိုးရန်တစ်ယောက် ထိုကိစ္စအပေါ်အခုထိအာရုံစိုက်နေဆဲဖြစ်မည်ဟု မထင်ထားခဲ့ပေ။


ကံကောင်းစွာ သူတို့၏စားစရာများက လျင်မြန်စွာရောက်လာသဖြင့် ဝက်သားနှပ်ကိုမြင်သောအခါ ကျိုးရန်က အရာအားလုံးကိုမေ့သွား၏။


ဝမ်ရူကွေ့က ဝက်သားနှပ်တစ်တုံးကိုယူကာ ပါးစပ်ထဲထည့်လိုက်သည်။ ထိုဝက်သားနှပ်က ထုံရွှယ်လူလုပ်ပေးသော သစ်ကြားသီးနှင့် ကြက်သားနှပ်ကို သတိရသွားစေသည်။


အတိတ်တုန်းကဆိုလျှင် အစိုးရပိုင်စားသောက်ဆိုင်မှစားစရာများသည် အရသာရှိသည်ဟု သူထင်ခဲ့၏။ အခုတွင် သူ့ဆီ၌နှိုင်းယှဉ်ကြည့်စရာရှိလာသောအခါ အစိုးရစားသောက်ဆိုင်မှ စားစရာများသည် လုံးလုံးအရသာမရှိတော့ပေ။


ကျိုးရန်က စားစရာထဲတွင် ခေါင်းနှစ်ထားလိုက်သည်။ နောက်ဆုံးတွင် ထမင်းတစ်ပန်းကန်လုံးကိုစားပြီးသောအခါမှ စကားပြောနိုင်လာ၏။


“တစ်လောတုန်းက ငါတို့လုပ်ခဲ့တဲ့ စမ်းသပ်ချက်တွေက ရလဒ်ထွက်လာပြီ၊ ဌာနချုပ်က ငါတို့ကိုဆုအားလုံးပေးလိမ့်မယ်၊ ဆုတွေထဲကတစ်ခုက Dacronပိတ်စဆိုဘဲ ‌ငါလိုချင်တာကအဲ့ဒါဆိုတာကို ခေါင်းဆောင်ကိုပြောပြီးသွားပြီ”

(Tn:Dacronပိတ်သားဆိုတာက polyester fiberတစ်မျိုးပါ)


ဝမ်ရူကွေ့က ဘာမှမပြောသလို ဘာအမူအရာမှလည်း မပြလာပေ။


ကျိုးရန်က ဝမ်ရူကွေ့၏ပုံစံမှတစ်ဆင့် ဝမ်ရူကွေ့တစ်ယောက်နားမလည်သည်ကို ပြောနိုင်ပေသည်။

“မင်းကရည်းစားမရှိတော့ နားလည်မှာမဟုတ်ပါဘူး တကယ်လို့မင်းသာ မင်းရည်းစားကို Dacron ပိတ်စပေးနိုင်ရင် မုယောနို့မှုန့်ပေးထားထက် ပိုပြီးပျော်ကြလိမ့်မယ်၊ ငါကအဲ့ဒါကိုရရင် ငါ့ရည်းစားကိုပေးဖို့လုပ်ထားတာ”


ဝမ်ရူကွေ့၏မျက်တောင်နက်များက တဖျတ်ဖျတ်လှုပ်ရှားသွားသော်လည်း ဘာအသံမှမပြုလာပေ။


နေ့လယ်စာစားပြီးသောအခါ နှစ်ယောက်သား ဌာနချုပ်ဆီပြန်သွားကြသည်။


နောက်တစ်နေ့တွင် ဆုများရလာ၏။


ကျိုးရန်က အလွန်စိတ်လှုပ်ရှားနေခဲ့သော်ငြား သူ့၏ဆုလာဒ်က ကြွေထည်ဖြင့်ပြုလုပ်ထားသော အိုးနှစ်ခုအဖြစ်ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။


သူကအံ့ဩသွားသည်။


သူ့အနေဖြင့် Dacronပိတ်စကိုသာလိုချင်ပါသည်ဟု ခေါင်းဆောင်အား အထူးတလည်ပြောခဲ့ကာ သဘောတူညီမှုလည်း ရခဲ့၏။ ဘယ်လိုဖြစ်ပြီး ကြွေအိုးတွေဖြစ်နေတာလဲ။


ဘာဖြစ်သွားလဲမသိသဖြင့် ခေါင်းဆောင်ကိုမေးရန် ရုံးခန်းသို့သွားလိုက်သည်။


“ခေါင်းဆောင် ကျွန်တော့်ဆုတွေက ဘယ်လိုဖြစ်သွားတာလဲ၊ Dacronပိတ်စကို ကျွန်တော့်ကိုပေးဖို့သဘောတူပြီးသားလေ ဘယ်လိုဖြစ်ပြီး ကြွေအိုးတွေဖြစ်နေတာလဲ”


ကျွမ်းကျန့်ဟွေ့က မော့ကြည့်ကာ နားထင်ကိုပွတ်လာသည်။

“ငါမင်းကိုကတိပေးထားပေမယ့် ရူကွေ့က သူလည်းအဲ့ပိတ်စကိုလိုချင်တယ်ဆိုပြီး တောင်းဆိုလာလို့လေ မင်းလည်းသိတာဘဲ ရူကွေ့က ဘာကိုမှတောင်းဆိုဖူးတာမဟုတ်ဘူး အဲ့ဒါကြောင့် သူ့ကိုငြင်းရမှာမကောင်းဘူးလေ နောက်တစ်ခါ Dacronပိတ်စရရင် မင်းအတွက်ချန်ထားပေးမယ်”


ကျိုးရန် :“???”


ဝမ်ရူကွေ့ကယူသွားတာလား။


သို့သော် ဝမ်ရူကွေ့က ထိုပိတ်စများကိုလိုချင်သည်ဟူ၍ တစ်ခါမှမပြောခဲ့ဖူးပေ။


ပြီးတော့ သူ့မှာရည်းစားမှမရှိတာ၊ ပိတ်စကိုဘာလို့လိုချင်တာလဲ။


ကျိုးရန်က သူ့ရည်းစားကို ပိတ်စအကြောင်းပြောပြလုနီးပါးဖြစ်သည်။ အကယ်၍သာ သူကတိကိုမတည်လိုက်နိုင်ပါက သူ့ကောင်မလေးကဘယ်လိုထင်သွားမလဲ။


ဝမ်ရူကွေ့ အရမ်းလွန်သွားပြီ။


မှုန်ကုပ်နေသောမျက်နှာဖြင့် ကျိုးရန်က ဝမ်ရူကွေ့အား တိုက်ရိုက်သွားမေးရန် ဆုံးဖြတ်လိုက်သည်။


ရုံးခန်းထဲမှထွက်လာပြီးနောက် သူ့အပေါ်တိုက်လာသောလေကို ခံစားလိုက်ရသောအခါ ကျိုးရန်ကလျင်မြန်စွာပင် စိတ်တည်ငြိမ်သွားသည်။


ခေါင်းဆောင်က မျက်နှာလိုက်နေခြင်းမဟုတ်ပေ။ အတိတ်တုန်းကဆိုလျှင် ဆုရသောအခါတိုင်း၌ ဝမ်ရူကွေ့က သူတို့နှင့်မလုဖူးပေ။


သူ၏အလုပ်ကြိုးစားမှုများနှင့် အထောက်အပံ့များအရ သူ့အနေဖြင့်ဆုများကို အရင်ဆုံးရွေးချယ်နိုင်သော်လည်း အခြားသူများကို အရင်ရွေးစေ၏။


တစ်ခါတုန်းကဆို ကျိုးရန်အမေဖျားသဖြင့် ဝမ်ရူကွေ့က မုယောနို့မှုန့်နှစ်ဘူးတောင်ပေးခဲ့သေးသည်။


ထိုအရာများကို ပြန်တွေးကြည့်လိုက်မိသောအခါ ကျိုးရန်က ဝမ်းမနည်းတော့ပေ။


သို့သော်သူက ဝမ်ရူကွေ့ရုံးခန်း၏အပြင်ဘက်တွင် ရောက်နေပြီဖြစ်သဖြင့် သူ့ဆီမှာအဖြေကိုသိအောင်လုပ်ရလိမ့်မည်။ သူကအဖြေကိုမသိရပါက ဒီညအိပ်ပျော်နိုင်မည်မဟုတ်ပေ။


ကျိုးရန်အထဲဝင်လာသည်ကိုတွေ့သော် ဝမ်ရူကွေ့က တည်ငြိမ်‌စွာပြောလာ၏။

“မင်းရောက်လာတာဘဲ”


ကျိုးရန်က ချောင်းဟန့်လိုက်သည်။

“ငါဒီကိုဘာလို့ရောက်လာလဲဆိုတာ မင်းကောင်းကောင်းသိမှာပါ”


ဝမ်ရူကွေ့က သူ့ကိုဝန်ခံလိုက်သည်။ သူကထရပ်လာပြီး ဗီဒိုထဲမှမုယောနို့မှုန့်တစ်ဘူးကိုထုတ်ကာ ကျိုးရန်ကိုပေးလာ၏။

“ဒါကမင်းအတွက်”


မုယောနို့မှုန့်ကိုကြည့်ကာ ကျိုးရန်က ပိုခေါင်းစားသွား၏။

“Dacronပိတ်စကို မင်းလိုချင်ရင်လဲ ငါ့ကိုဘာလို့မပြောပြခဲ့တာလဲ”


ဝမ်ရူကွေ့က မျက်ခုံးပင့်လိုက်သည်။

“ငါပြောရင် မင်းကငါ့ကိုပေးမှာလား’


သေချာပေါက် မပေးပါဘူး။


လူတစ်ယောက်သည် သူ၏ညီအစ်ကိုအတွက် ဓားဒဏ်နှစ်ချက်ကိုယူပေးနိုင်သော်လည်း သူ၏ကောင်မလေးအတွက်မူ သူ့ညီအစ်ကိုအား ဓားဖြင့်နှစ်ချက်ထိုးနိုင်ပေသည်။


သူ့မိန်းမ‌ရရန်အတွက်မူ ညီအစ်ကိုဆိုသောအရာများမရှိပေ။


ဝမ်ရူကွေ့က သူ့ကို ငါသိသားဘဲဟူသော ပုံစံဖြင့်ကြည့်လိုက်သည်။

“မုယောနို့မှုန့်ကိုယူလိုက် Dacronပိတ်စကိုငါလိုတယ်”


ကျိုးရန်က သူ့ကိုသံသယဝင်စွာကြည့်လိုက်သည်။

“ရူကွေ့ မင်းလည်းငါတို့ရဲ့အလုပ်အကြောင်းသိမှာပါ ငါတို့အတွက်ရည်းစားရှာဖို့ဆိုတာက လွယ်တာမဟုတ်ဘူး၊ အဲ့ဒီပိတ်စကိုမင်းအတွက်ဘဲလိုချင်တာဆိုရင် ဒီတစ်ကြိမ်လောက်ဘဲ ငါ့ကိုပေးလိုက်လို့ရမလား”


သူတို့က အခြားသူများထက်ယှဉ်လျှင် လစာပိုရသော်လည်း အလုပ်ချိန်ကလည်းပိုများ‌သည်။သူတို့ကအချိန်အများစုတွင် ဌာနချုပ်၌သာနေရ၏။ လက်တွေ့စမ်းသပ်မှုတစ်ခုလုပ်ပါက အပြင်ဘက်သို့ ၁၀ရက်ကျော်မထွက်ရသည်မှာ ပုံမှန်ပင်ဖြစ်သည်။


ဆိုလိုသည်မှာ သူတို့က သူတို့၏ရည်းစား၊ဇနီးများနှင့် အချိန်ပြည့်မရှိပေးနိုင်ပေ။ သူကအကြိမ်အနည်းငယ်ချိန်းတွေ့ဖူးသော်လည်း ဘာမှမဖြစ်လာခဲ့သည်မှာ ဤအချက်က အဓိကအကြောင်းရင်းများထဲမှတစ်ခုဖြစ်သည်။


သူ၏ပုံပန်းသွင်ပြင်ကြောင့်မဟုတ်ပေ။

 

အခုချိန်တွင် သူကရည်းစားရှိနေပြီဖြစ်သောကြောင့် သူမနှင့်အတူမရှိပေးနိုင်သည့်အတွက် ကောင်းတာတစ်ခုခုပြန်ပေးချင်မိသည်။ သို့သော် ဝမ်ရူကွေ့က ဘယ်ကမှန်းမသိထွက်လာပြီး Dacronပိတ်စကိုယူသွား၏။


ဝမ်ရူကွေ့က ခေါင်းခါပြလိုက်သည်။

“ငါမပေးနိုင်ဘူး”


ကျိုးရန်က အံကြိတ်လိုက်သည်။

“မင်းမှာ ရည်းစားမှမရှိတာ၊ ပိတ်စကိုဘာလို့လိုချင်တာလဲ”


ဝမ်ရူကွေ့၏မျက်တောင်များက တဖျတ်ဖျတ်လှုပ်သွားသည်။

“ငါ့ကောင်မလေးမဟုတ်ရင် အခြားသူတွေကိုရော ပေးလို့မရဘူးလား”


ကျိုးရန်က အနည်းငယ်လန့်သွားသည်။

“ကောင်းပြီလေ ငါမပြောတော့ဘူး၊ မင်းကအဖိုးဝမ်ကိုပေးဖို့စဉ်းစားနေတာလား”


ဝမ်ရူကွေ့က ဘာမှမပြော‌လာပေ။


ကျိုးရန်က ဝမ်ရူ‌ကွေ့၏ပုံစံကိုကြည့်ကာ သူအမှန်ကိုမှန်းလိုက်မိတာဘဲဟု ထင်သွားသည်။


အဖိုးဝမ်က သနားစရာကောင်းသော အဖိုးအိုတစ်ယောက်ဖြစ်သည်။ သူကသက်လတ်ပိုင်းအရွယ်တွင် ဇနီးဖြစ်သူကိုဆုံးရှူံးခဲ့ရကာ သက်ကြီးပိုင်းရောက်သောအခါ သားဖြစ်သူကို ဆုံးရှူံးခဲ့ရသည်။ အခုတွင် သူ့ထံ၌ ဝမ်ရူကွေ့တစ်ယောက်သာကျန်တော့သော်လည်း ဝမ်ရူကွေ့ကမူ သူနှင့်အချိန်ပြည့်မရှိပေးနိုင်ပေ။


အဖိုးဝမ်ကိုပေးမည်ဆိုလျှင် အဓိပ္ပါယ်ရှိ၏။ ၎င်းက ဝမ်ရူကွေ့တစ်ယောက် သူ့အဖိုးအားဘယ်လောက်ဂရုစိုက်သည်ကို သိစေလိမ့်မည်။


ထိုသို့တွေးမိသောအခါ ကျိုးရန်က ဝမ်ရူကွေ့အား နူးညံ့ကြင်နာသောအကြည့်ဖြင့်ကြည့်လိုက်သည်။

“ကောင်းပြီလေ ဒီတစ်ကြိမ်တော့မင်းဘဲယူလိုက်တော့၊ မုယောနို့မှုန့်ကိုလဲ ငါမလိုပါဘူး၊ အဖိုးဝမ်အတွက်ဘဲသိမ်းထားလိုက်”


ဝမ်ရူကွေ့က ကျိုးရန်၏အလွန်ကြင်နာသောအကြည့်ကိုမြင်သောအခါ တုန်ယင်သွားသည်။

“မင်းဘာတွေ.......”


ကျိုးရန်က လက်ကာပြကာ သူ့ကိုတားလိုက်သည်။

“ထပ်ပြောစရာမလိုတော့ပါဘူး ငါဆုံးဖြတ်လိုက်ပြီ”


ထိုသို့ပြောပြီးနောက် ကျိုးရန်က ခေါင်းကိုမော့၊မေးကိုချီကာ ထွက်သွားလေသည်။ သူ့ကိုယ်သူ ကြင်နာသောအလင်းရောင်များဖြာထွက်နေသည်ဟု ခံစားမိနေ၏။


ဝမ်ရူကွေ့ : “??”