အပိုင်း ၇၂
Viewers 21k

🍵Chapter 72

-သူမက သူ့ကိုနောက်လမှသာ ရောက်လာမည်ဟုထင်ခဲ့၏။ ဘယ်လိုဖြစ်ပြီး သူကဒီကိုရောက်လာတာလဲ။



အမေထုံက ကားဂိတ်သို့ရောက်သောအခါ ကားတစ်စီးရောက်မလာခင် တစ်နာရီလောက်စောင့်လိုက်ရသည်။ ထို့နောက် ထိုကားပေါ်တက်ကာ ရန်ချင်းနယ်သို့လိုက်သွားလေသည်။


ထို့နောက်တွင် အထည်ချုပ်စက်ရုံ၏ဝန်ထမ်းရပ်ကွက်ထဲသို့သွားရန် နာရီဝက်ထပ်ကြာလေသည်။


သူမက ဝင်ပေါက်နားမှ ခေါင်းပြူကြည့်နေချိန်တွင် ဒေါ်လေးချိုင်က ဈေးဝယ်သွားမှ ပြန်လာသည်နှင့် ဆုံ၏။ သူမက အမေထုံကိုမြင်သောအခါ အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။


“အမကြီး ဘယ်သူ့ကိုရှာနေတာလဲ”


ဒေါ်လေးချိုင်၏အသံက အသံချဲ့အားအပြည့်ဖြစ်သည်။ အမေထုံကလန့်သွားပြီး နောက်သို့ဆုတ်လိုက်ရာ ခလုတ်တိုက်သွားလေသည်။


ဗန်းးး။

သူမက မြေကြီးပေါ်သို့လဲကျသွားသည်။


ဒေါ်လေးချိုင်ကလည်း သူမကြောင့်လန့်သွား၏။

ထို့နောက်အလျင်အမြန်ပင် အမေထုံကိုထူပေးလိုက်သည်။

“အိုင်းယိုးးး အမကြီး ရှင်အဆင်ပြေရဲ့လား”


အမေထုံက ပြန်ရပ်လိုက်သောအခါ ခြေကျင်းဝတ်နာသွားသည်ကို သိလိုက်ရသည်။


သူမကချက်ချင်းပင် ဖြူလျော်သွားလေသည်။

“ကျွန်မတော့ ခြေကျင်းဝတ်လိမ်သွားပြီထင်တယ်”


ဒေါ်လေးချိုင်က အမေထုံလဲကျသွားသည်မှာ သူမကြောင့်ဖြစ်သဖြင့် စိတ်မကောင်းဖြစ်သွားသည်။

“အမကြီး ကျွန်မအိမ်ကိုလိုက်လာလိုက်ပါလား၊ ခြေထောက်ကို ဆေးတစ်ချို့လိမ်းပေးလိုက်ရင် သိပ်မကြာဘူးပျောက်သွားမှာပါ”


အမေထုံက ခေါင်းခါပြလိုက်သည်။

“မလိုပါဘူး အဆင်ပြေပါတယ်၊ ကျွန်မသမီးက ဒီမှာနေတာလေ သူ့နေရာဆီသွားဖို့ဘဲ ကျွန်မကိုကူညီပေးပါ”


ဒေါ်လေးချိုင်က မြေကြီးပေါ်မှ သူမ၏ပစ္စည်းများကို ကူကောက်ပေးနေပြီးနောက် အမေထုံ၏စကားကိုကြားသောအခါ မေးလိုက်၏။

“အမကြီးရဲ့ သမီးက ဘယ်သူလဲ၊ ကျွန်မကအမကြီးကို တစ်ခါမှမတွေ့ဖူးပါဘူး”


“ထုံရွှယ်လူက ကျွန်မသမီးပါ၊ နည်းလမ်းကျ‌ကျပြောရမယ်ဆိုရင်တော့ ကျွန်မကသူ့ရဲ့ မွေးစားအမေပေါ့ရှင်”


ထုံရွှယ်လူရဲ့ မွေးစားအမေတဲ့လား။


“အိုးးးဒါဆိုအမကြီးက ရွှယ်လူရဲ့မွေးစားအမေပေါ့”

ထို့နောက် သူမကအော်လိုက်မိသည်။


“မဟုတ်သေးပါဘူး အမကြီးခနနေပါဦး တကယ်လို့အမကြီးက ထုံရွှယ်လူရဲ့ မွေးစားအမေသာဆိုရင် သူမအိမ်ပြောင်းသွားပြီဆိုတာကို ဘာလို့မသိတာလဲ”


အမေထုံက အံ့ဩသွားလေသည်။

“အိမ်ပြောင်းသွားတယ်၊ ဟုတ်လား ဘယ်အချိန်ကပြောင်းသွားတာလဲ”


“အမကြီးက တကယ်ဘဲ ရွှယ်လူရဲ့ မွေးစားအမေလား”


ထိုသို့သောပုံစံဖြင့် အကြည့်ခံလိုက်ရသောအခါ အမေထုံကမပျော်တော့ပေ။

“အမှန်ပေါ့ ကျွန်မက သူ့ကိုဆယ့်ငါးနှစ်ကျော်ပြုစုပျိုးထောင်ခဲ့တာပါနော် ဘာလို့လိမ်ရမှာလဲ”


ဒေါ်လေးချိုင်က အမေထုံနှင့်ပါလာသောပစ္စည်းများကိုကြည့်လိုက်သည်။ သူမက သာမာန်လူပုံစံမပေါက်သလို သူမပြောသည်များကလည်း ကိုက်ညီ၏။ ဒေါ်လေးချိုင်က အမေထုံကိုယုံလိုက်သည်။


“ကောင်းပြီလေ ထူးတော့ထူးဆန်းသား ပြီးခဲ့တဲ့ရက်နည်းနည်းလောက်ကဘဲ ရွှယ်လူအိမ်ပြောင်းသွားတာ၊ သူမက အစိုးရပိုင်စားသောက်ဆိုင်ကအလုပ်ကိုပြောင်းသွားပြီ အမကြီးကိုမပြောပြဘူးလား ရွှယ်လူကမပြောပြရင်တောင်မှ အမကြီးရဲ့သားကတော့ ပြောပြမှာပေါ့ ရွှယ်လူတို့အိမ်ပြောင်းဖို့အတွက် ကားနဲ့လိုက်ပို့ပေးတာက သူဘဲလေ”


အမေထုံက မျက်လုံးပြူးသွားကာ ထိတ်လန့်သွားပုံပေါ်၏။

“ဘာပြောလိုက်တာ...အလုပ်ပြောင်းသွားပြီလား”


ဒေါ်လေးချိုင်က ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ် ဒီမှာရှိတဲ့သူတိုင်းက အမကြီးတို့အကူအညီနဲ့ပြောင်းသွားတယ်လို့ ထင်နေကြတာလေ၊ ကြည့်ရတာ သူမဘာသာအလုပ်ပြောင်းနိုင်ခဲ့တာပေါ့ ရွှယ်လူက တကယ်ကို တော်တဲ့မိန်းကလေးဘဲ”


အမေထုံက ဒီထက်ပိုပြီးမလန့်နိုင်တော့ပေ။ သူမက ထုံရွှယ်လူကို အစိုးရစားသောက်ဆိုင်တွင်လုပ်ရသည့် ကောင်းမွန်သောအလုပ်ကို ပြောင်းနိုင်သွားမည်ဟု မထင်ထားခဲ့ပေ။


ထို့အပြင် သူမသမီးက သူမကိုမပြောပြခဲ့သည်ကို သတိရသွားသောအခါ အမေထုံကစိတ်အနှောင့်အယှက်ဖြစ်သွားလေသည်။


“ကောင်းပြီလေ သူမကအစိုးရစားသောက်ဆိုင်ဆီအလုပ်ပြောင်းသွားတယ်ဆိုရင်လည်း အခုဘယ်မှာနေနေတာလဲဆိုတာ ညီမသိလား”


“ကျွန်မထင်‌တာတော့ အဲ့ဒါက နန်မြို့ထဲမှာရှိတဲ့ အစိုးရစားသောက်ဆိုင်လို့ထင်တာဘဲ၊ အတိအကျဘယ်မှာဆိုတာတော့ မသိဘူး”


အမေထုံက ပိုပြီးမပျော်မရွှင်ဖြစ်သွားလေသည်။


သူမက အခုပုံစံနှင့် ထုံရွှယ်လူဆီဆက်မသွားနိုင်တော့ပေ။ သူမက ဒေါ်လေးချိုင်၏အိမ်တွင် ခြေထောက်မှအနာပျောက်သွားသည်အထိ ခနနားနေလိုက်ပြီးနောက် သူမ၏ပစ္စည်းများကိုသယ်ကာ မြို့ပေါ်သို့ပြန်သွားလိုက်သည်။


အိမ်သို့ပြန်ရောက်ရောက်ချင်းပင် သူမ၏သားနှစ်ယောက်ကို အော်ခေါ်လိုက်သည်။

“နင်တို့နှစ်ယောက်ထဲက ဘယ်သူက ရွှယ်လူအိမ်ပြောင်းတာကို ကူညီပေးတာလဲ၊ တကယ်လို့ သူမအိမ်ပြောင်းတာကို သိထားရင်လည်း အမေ့ကိုဘာလို့မပြောပြကြတာလဲ”


သူမအတွက် ရန်ချင်းနယ်သို့အသွားအပြန်ခရီးမှာတင် 6နာရီ7နာရီလောက်ကြာသွားကာ ဒဏ်ရာလည်းရခဲ့၏။ အရေးကြီးဆုံးသောအရာမှာ သူမကကိုယ့်ကိုကိုယ်အရူးလုပ်သလို ဖြစ်သွားခြင်းဖြစ်သည်။


ထိုအမျိုးသမီးက သူမသည် ထုံရွှယ်လူ၏အလုပ်အသစ်ကိုမသိသည့်အကြောင်းကို ထပ်ခါတလဲလဲပြောနေ၏။ သူမအသံက အမေထုံကဘဲ လူလိမ်တစ်‌ယောက်ဖြစ်နေသလိုပင်။


သူတို့မလုပ်ခဲ့သောအရာအတွက် အပြောခံလိုက်ရသောအခါ ထုံညီအစ်ကိုနှစ်‌ယောက်က ကြောင်သွား၏။


“အမေဘာတွေပြောနေတာလဲ၊ ကျွန်တော်တို့တွေက ရွှယ်လူအိမ်ပြောင်းတာကို မကူပေးဖူးပါဘူး”


“ဟုတ်တယ် အမေ ကျွန်တော်တို့က သူအိမ်ပြောင်းတာကိုတောင် အခုမှသိတာ”


အမေထုံက မျက်မှောင်ကြုတ်ကာ သူတို့ကိုကြည့်လိုက်သည်။

“နင်တို့တကယ်ဘဲ မသိတာလား၊ အဲ့ဒီကလူတွေပြောတာတော့ ရွှယ်လူကို သူအကိုကြီးလို့ခေါ်တဲ့သူက အိမ်ပြောင်းဖို့ကူညီပေးခဲ့တာတဲ့၊ အဲ့ဒီသူက ရွှယ်လူရဲ့မွေးစားမိသားစုကဆိုဘဲ နင်တို့မဟုတ်ရင် ဘယ်သူရှိဦးမှာလဲ”


အကိုကြီးထုံ:“……”


ဒုတိယအကိုထုံ:“……”


သူတို့က ဘာဖြစ်နေသည်ကို နည်းနည်းလေးတောင်မသိနေသည်မှာ အမှန်တရားပါပင်။


သူမ၏သားနှစ်ယောက်က တကယ်ပင်မသိပုံပေါ်နေသည်ကို မြင်လိုက်ရသဖြင့် နောက်ဆုံးတွင် အမေထုံက ထုံရွှယ်လူတစ်‌ယောက် အစိုးရစားသောက်ဆိုင်မှအလုပ်သို့ ဘယ်လိုပြောင်းသွားကြောင်း ပြောပြလိုက်သည်။


ထိုကိစ္စကိုသိသောအခါ အကုန်လုံးက အံ့ဩသွားကြသည်။


ချိုင်ချွန်းလန်က ထပ်မေးလာ၏။

“အမေ ထုံရွှယ်လူက တကယ်ဘဲ အလုပ်ပြောင်းနိုင်သွားတာလား”


အမေထုံ၏မျက်နှာက မှုန်ကုပ်သွားကာ ပြန်မဖြေလာပေ။


ထိုအမူအရာကိုမြင်သောအခါ ချိုင်ချွန်းလန်း က စုတ်သပ်လိုက်၏။

“သူမက တကယ့်ကိုသမီးအရင်းမဟုတ်တာဘဲ အခုဘဲကြည့်လေ ညီမလေးကျန်းကျန်းနဲ့ပြသနာဖြစ်တဲ့ တစ်ခေါက်ကလွဲလို့ ကျွန်မတို့အိမ်ကို ဘယ်တုန်းကများလာပြန်လည်ဖူးလဲ၊ အခုလည်း အလုပ်ပြောင်းသွားတာတောင် ကျွန်မတို့ကိုပြောပြတာမဟုတ်ဘူး”


အမေထုံက ပိုပြီးမပျော်မရွှင်ဖြစ်သွားလေသည်။


***

ထုံရွှယ်လူက အမေထုံတစ်ယောက်သူမကိုလာရှာသည့်အကြောင်းမသိပေ။


သူမက အလုပ်သစ်ကိုရက်အနည်းငယ်လောက်လုပ်ပြီးသောအခါ နေသားကျလာ၏။


စိတ်ရှုပ်စရာ ထန်ရှောင်ယန်က လွဲလျှင် ကျန်လူများကပေါင်းသင်းဆက်ဆံရန် လွယ်ကူသည်။


လျှိုတုံချန်ကလည်း ထန်ရှောင်ယန်၏ခဲအိုဖြစ်နေလျှင်တောင်မှ ထုံရွှယ်လူကိုအနှောင့်အယှက်မပေးလာပေ။ အကြောင်းမှာ သူက မျက်နှာကောင်းရချင်လို့ပင်။ ထို့အပြင် သူက အချိန်အတော်များများတွင် စားသောက်ဆိုင်၌မရှိတတ်ပေ။


ထို့နေက အလုပ်ပြီးသောအခါ ထုံရွှယ်လူက ဆလပ်ရွက်တစ်ပိုက်ကြီးကိုသယ်ကာ အိမ်ပြန်ရန်လုပ်လိုက်သည်။


သူမက အစိုးရစားသောက်ဆိုင်၏အပြင်ဘက်သို့ ထွက်ရုံသာရှိသေးချိန်တွင် လူတစ်‌ယောက်က သူမကိုတားလာ၏။

“ဟေ့ အငိုသန်လေး”


ထုံရွှယ်လူလှမ်းကြည့်လိုက်ရာ ရှောင်ချန်ဖျင်က တိုင်တစ်ခုကိုမှီပြီးရပ်နေသည်ကို တွေ့လိုက်ရသည်။ သူက အားကစားဖိနပ်အဖြူရောင်ကိုစီးထားပြီး အဖြူရှောင် Dacronရှပ်အင်္ကျီနှင့် အပြာရောင်ဘောင်းဘီကိုဝတ်ထား၏။ သူက သူမကိုမျက်မှောင်ကြုတ်ကာ ကြည့်နေသည်။


ထုံရွှယ်လူဘာမှမပြောရသေးခင်မှာပင် ထန်ရှောင်ယန်က စိတ်လှုပ်ရှားနေပြီဖြစ်သည်။


သူမက ထုံရွှယ်လူနှင့်ပြသနာဖြစ်ထားသည်ကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ ထုံရွှယ်လူ၏လက်ကိုဆွဲကာ မေးလာ၏။

“အဲ့ဒါကဘယ်သူလဲ၊ နင်သူ့ကိုသိလား သူကအရမ်းဖက်ရှင်ကျတာဘဲ”


ထုံရွှယ်လူ: “……”

အဲ့လိုဘဲမြင်တာလား။


ဟုတ်ပေသည်။ ဤကာလများတွင် Dacronပိတ်စနှင့် အားကစားဖိနပ်ဆိုသည်မှာ ရှားပါးပစ္စည်းများသာဖြစ်သည်။ ထိုအရာကိုဝတ်နိုင်သူသည် ဖက်ရှင်ကျသည်ဟုဆိုနိုင်၏။


ကံမကောင်းစွာဖြင့် သူမကမူ ထိုပစ္စည်းများကိုအထင်မကြီးပေ။


သူမက လက်ကိုပြန်ဆွဲယူလိုက်၏။

“ငါသူ့ကို သိတာမသိတာက နင်နဲ့ဘာဆိုင်လဲ တကယ်လို့အဲ့လောက်တောင် အချိန်အားနေရင် ကိုယ့်ကိုကိုယ်မှန်ထဲသွားပြန်ကြည့်နေလိုက်”


ထန်ရှောင်ယန်က ဒေါသဖြင့် သွေးအန်မတတ်နီးပါးပင်။


“……”


ထုံရွှယ်လူက ထန်ရှောင်ယန်ကို ဂရုမစိုက်ချေ။ ရှောင်ချန်ဖျင်ဆီသို့သွားကာ မေးလိုက်သည်။

“ငါ့ကိုလာရှာတာလား”


အရပ်ပုပုဝတုတ်တုတ်မိန်းမက သူ့ကိုကြည့်နေသည်ကိုမြင်သောအခါ ရှောင်ချန်ဖျင်က ခေါင်းမော့ပြီးပြောလာသည်။

“သွားရင်းနဲ့ ပြောရအောင်”


ထုံရွှယ်လူသည်လည်း ထန်ရှောင်ယန်နားထောင်နေမည်ကို အလိုမရှိချေ။ထို့ကြောင့် ရှောင်ချန်ဖျင်နှင့်အတူ လိုက်သွားလိုက်သည်။


သူတို့စကားကိုကြားသောအခါ ထန်ရှောင်ယန်က အံကြိတ်လိုက်မိသည်။


ရှေ့သို့အနည်းငယ်လျှောက်သွားပြီးနောက် ထုံရွှယ်လူကပြောလိုက်သည်။

“ဘာကိစ္စလဲဆိုတာကို အခုပြောပြလို့ရပြီလား”


ရှောင်ချန်ဖျင်က ခေါင်းငုံ့ကာ သူမကိုကြည့်လာ၏။

“အငိုသန်မလေး နင်ကထုံမိသားစုရဲ့သမီးမဟုတ်ဘူးဆိုတာကို အရင်တစ်ခေါက်က ဘာလို့ မပြောပြခဲ့တာလဲ”


သူပြန်ရောက်လာကတည်းက ပြောမပြနိုင်လောက်အောင်အလုပ်များနေခဲ့ပြီး ထုံရွှယ်လူက ထုံမိသားစု၏သမီးအရင်းမဟုတ်သည်ကို မနေ့ကမှသာ သိသွားခြင်းဖြစ်သည်။ အနားတဝိုက်ကိုလိုက်မေးကြည့်ပြီးနောက်မှ ဒီမှာအလုပ်လုပ်နေသည်ကိုသိလိုက်ရသဖြင့် ချက်ချင်းရောက်လာခြင်းဖြစ်သည်။


ထုံရွှယ်လူက သူ့ကိုလူထူးဆန်းလိုကြည့်လိုက်သည်။

“ကျွန်မကဘာလို့ရှင့်ကိုပြောပြရမှာလဲ ကျွန်မတို့အချင်းချင်းကအဲ့ဒါတွေပြောပြရလောက်တဲ့အထိ ရင်းမှမရင်းနှီးတာ”


‌ရှောင်ချန်ဖျင်က သူမစကားကြောင့် စိတ်ညစ်သွား၏။

“ငါတို့က တစ်ရပ်ကွက်တည်းမှာကြီးပြင်းလာတာလေ အချင်းချင်းကောင်းကောင်းမရင်းနှီးဘူးလို့ ဘယ်လိုလုပ်ပြီးပြောရက်ရတာလဲ”


“ကောင်းပြီလေ အဲ့လိုပြောတော့လည်း အဲ့လိုဘဲပေါ့၊အခု ရှင်ကကျွန်မကိုဘာပြောချင်လို့ရောက်လာတာလဲ”


ထုံရွှယ်လူက သူဘာပြောချင်သည်ကို မသိသေးပေ။ မှောင်လာပြီဖြစ်သဖြင့် သူမကအိမ်ပြန်ချင်နေပြီဖြစ်သည်။


ရှောင်ချန်ဖျင်က သူမ၏‘နင်ကအရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်၊ နင့်ကိုကြည့်လည်းမကြည့်ချင်ဘူး၊ ‌စကားလည်းမပြောချင်ဘူး’ဟုသော အကြည့်ကိုမြင်လိုက်ရသောအခါ ပို၍တောင် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ ထို့နောက် သူ့အိတ်ကပ်ထဲမှ စာအိတ်တစ်ခုကိုထုတ်ပြီး သူမကိုပေးလိုက်သည်။


“ဒါကမင်းအတွက်”


ထုံရွှယ်လူက သူ့ဆီမှစာအိတ်ကိုမယူလာပေ။

“အထဲကဘာလဲ”


ရှောင်ချန်ဖျင်၏ လည်ပင်းကတောင့်သွား၏။

“ဒီအတိုင်း ယူလိုက်စမ်းပါဟ”


သို့သော်ထုံရွှယ်လူက သူ့ဆီမှမယူသေးပေ။


သူကခေါင်းကုတ်ကာ အော်ပြောလိုက်သည်။

“အဲ့ဒါကပိုက်ဆံတွေပါ ဒါပေမယ့်မင်းအထင်မလွဲနဲ့နော် မင်းကထုံမိသားစုကနေကန်ထုတ်ခံလိုက်ရတဲ့အပြင် ပြုစုစောင့်ရှောက်စရာမောင်နှမတွေလည်း ရှိနေသေးလို့လေ၊ ငါကမင်းကိုသနားလို့ အဲ့ဒါလောက်ဘဲ၊ အဲ့ဒီအကြောင်းရင်းတစ်ခုတည်းကြောင့်ဘဲ ငါမင်းကို ပိုက်ဆံချေးတာ”


“……”

သူ၏ ‘ငါကပိုက်ဆံချေးရုံဘဲ၊ ငါ့ကိုတော့ စိတ်ကူးမယဉ်နဲ့’ဟူသောအကြည့်ကိုမြင်လိုက်ရသောအခါ ထုံရွှယ်လူကဆွံ့အမတတ်ဖြစ်သွားသည်။


“ကျေးဇူးဘဲ ဒါပေမယ့်ငါဘာတစ်ခုမှမလိုဘူး”


သူမက သူ့ပိုက်ဆံကိုမယုံချင်ရုံသာမက အခြားသူများဆီကလည်း ပိုက်ဆံမချေးချင်ပေ။


ထိုသို့ပြောပြီးနောက် သူမကသူ့ကိုကျော်ကာ ရှေ့ကိုဆက်သွားလိုက်သည်။


ရှောင်ချန်ဖျင်ကအလောတကြီးဖြစ်လာ၏။ သူက သူမနောက်မှလိုက်က စာအိတ်ကိုလက်ထဲသို့အတင်းထိုးထည့်ပေးလာ၏။


ထုံရွှယ်လူက ရုန်းကန်ကာ ပိုက်ဆံကိုယူရန် ငြင်းဆန်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် နွေးထွေးသောအသံတစ်ခုက လမ်းတစ်ဖက်မှထွက်လာလေသည်။


“မင်းတို့တွေ ဘာလုပ်နေကြတာလဲ”


ထိုအသံကိုကြားသောအခါ ထုံရွှယ်လူ၏ရင်ထဲလှုပ်ခပ်သွားပြီး လှည့်ကြည့်လိုက်သည်။


လမ်း၏အဆုံး၌ ဝမ်ရူကွေ့ရပ်နေသည်ကို သူမမြင်လိုက်ရသည်။ လိမ္မော်ဝါရောင်လင်းနေသော လမ်းမီးများက သူ့အပေါ်ဖြာကျနေပြီး သူ၏အရိပ်ကို အလွန်ရှည်သွားစေ၏။


သူက သူမနှင့်ရှောင်ချန်ဖျင်၏လက်များကို စိုက်ကြည့်နေသည်။ သူ၏မျက်တောင်ရှည်များက မျက်လုံးကိုဖုံးအုပ်ထားသဖြင့် သူဘာတွေးနေသည်ကို ပြောပြရန်ခက်ခဲပေသည်။


ထုံရွှယ်လူကမျက်ခုံးပင့်လိုက်မိသည်။


သူဘဲနောက်လမှလာဖို့ အချိန်ရမယ်ဆိုပြီး ပြောခဲ့ဝာာမဟုတ်ဘူးလား၊ ဘာလို့ဒီကိုရောက်နေတာလဲ။