အပိုင်း ၇၈
Viewers 21k

🍵Chapter 78

- ထုံကျားရှင်းက ပြန်ထရပ်ကာ အံတင်းတင်းကြိတ်ပြီး စာသင်ခန်းဆီသို့ ပြန်သွားလိုက်သည်။ 



ဝမ်ရူကွေ့က ရထားလက်မှတ်ထပ်ဖြတ်လိုက်သည်။ ဒီတစ်ကြိမ်တွင် သူက ညအိပ်ရထားလက်မှတ်ကိုဝယ်လိုက်၏။


သူ့အနေဖြင့် အစကတည်းက ထိုသို့ဝယ်လိုက်သင့်တာဖြစ်သည်။ ဘယ်လိုဘဲဖြစ်ဖြစ် ရထားပေါ်တွင် နှစ်ရက်နှင့်နှစ်ညကြာအောင် ကုန်ဆုံးရမည်ဖြစ်သည်။ သို့သော် သူက ရဲဘော်ထုံအတွက် ပုံနှိပ်စာအုပ်များယူလာပေးရာတွင် အချိန်တော်တော်ဖြုန်းခဲ့မိသဖြင့် အရင်တစ်ခေါက်တွင် မျက်လုံးနီရထားလက်မှတ်ကိုသာ ဝယ်နိုင်ခဲ့ခြင်းဖြစ်သည်။


သူမက Dacron ပိတ်စအား မြင်သွားပြီလားဆိုသည်ကို သူသိချင်မိသည်။


အဖြစ်နိုင်ဆုံးက မြင်ပြီးလောက်ပြီဖြစ်သည်။

သူမက ဘယ်လိုမျိုးတုံ့ပြန်လာမလဲဆိုသည်ကို သူသိချင်မိပေသည်။


သူက ဌာနမှ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်များပြောသည်ကို ကြားခဲ့သည်မှာ ယခုခေတ်တွင် အမျိုးသမီးအားလုံးက Dacronပိတ်ဖြင့်လုပ်ထားသည့် အဝတ်များကို သဘောကျကြသည်ဟူ၍ဖြစ်သည်။


အရင်တုန်းကဆိုလျှင် သူအာရုံမစိုက်ခဲ့သော်လည်း ထိုစကားကိုကြားပြီးနောက်တွင် အာရုံစိုက်ကာစောင့်ကြည့်ခဲ့သည်။ သေချာပေါက်ပင် သူ၏လုပ်ဖော်ကိုင်ဖက်အမျိုးသမီးများသည် Dacronပိတ်ဖြင့် ပြုလုပ်သည့် ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။


အဖြူရောင်ဝတ်စုံ၏အနားသတ်များက လေတစ်ခါတိုက်သွားတိုင်း လွင့်နေသည်မှာ မြင်ကွင်းကောင်းတစ်ခုပင်ဖြစ်သည်။


ထုံရွှယ်လူက Dacronပိတ်စဖြင့်ပြုလုပ်ထားသော ဝတ်စုံကိုဝတ်ထားမည်ကို တွေးလိုက်မိသောအခါ သူ့နားရွက်များနီရဲလာသည်။


နေ့အချိန်သာရှိသေးသဖြင့် ဝမ်ရူကွေ့က အိပ်မပျော်ချေ။ ရထားပေါ်တွင်လုပ်စရာဟူ၍လည်း သိပ်မရှိပေ။


ထို့ကြောင့် သူက မှတ်စုစာအုပ်ကိုထုတ်ကာ ဘောပင်‌တစ်ချောင်းဖြင် စတင်ပုံကြမ်းဆွဲလိုက်သည်။


ထုံရွှယ်လူသာရှိနေပါက သူ၏ဘောပင်သည် သူမကိုပေးထားခဲ့သော ဘောပင်နှင့်တစ်ပုံစံတည်းဖြစ်သည်ကို သိပေလိမ့်မည်။


ဝမ်ရူကွေ့က အမြဲလိုလိုပင် သူလုပ်နေသောအရာကိုသာ အာရုံစိုက်တတ်၏။ ပတ်ပတ်လည်မှ ဆူညံသံများသည် သူ့နားထဲသို့မဝင်လာတော့ချေ။


စာရွက်ပေါ်၌ သွယ်လျသောလူတစ်ယောက်၏ပုံရိပ်‌ပေါ်လာ၏။


ဆံပင်ရှည်များက ပုခုံးကျော်သည်အထိရှည်နေပြီး ဂါဝန်တစ်ထည်ကိုဝတ်ထားကာ သူမ၏မျက်လုံးအောက်တွင် သေးငယ်သောအနက်ရောင်အစက်လေးတစ်ခုရှိ၏။


ရုတ်တရက်ဆိုသလို သူ၏အပေါ်ဘက်အိပ်ရာမှ ခေါင်းတစ်ခေါင်းကပြူထွက်လာကာ ပုံကိုကြည့်ပြီးမေးလာ၏။

“အဲ့ဒါက မင်းရဲ့ကောင်မလေးလား ရဲဘော်”


ဝမ်ရူကွေ့က မျက်မှောင်ကြုတ်ကာ စာအုပ်ပိတ်လိုက်သည်။

“မဟုတ်ဘူး”


“မင်းကောင်မလေးမဟုတ်ဘူးလား၊ ဒါဆိုရင်မင်းရဲ့မိန်းမဘဲဖြစ်ရမယ် ဟုတ်တယ်မလား”


ဝမ်ရူကွေ့၏ မျက်တောင်များက လှုပ်ရှားသွားကာ ပြန်မဖြေလိုက်ချေ။


သူမဖြေချင်၍မဟုတ်ပေ။ အကယ်၍သူသာဆက်ငြင်းဆန်နေပါက လူရမ်းကားဟုအထင်ခံရမှာဖြစ်သည်။ သူက အမျိုးသမီး၏ပုံကိုဆွဲနေသော်လည်း ထိုအမျိုးသမီးသည် သူ၏မိန်းမမဟုတ်သလို ကောင်မလေးလည်းမဟုတ်ချေ။

 

ဝမ်ရူကွေ့က ပြန်မဖြေသည်ကိုမြင်သောအခါ အပေါ်အိပ်ရာမှလူက သူမှန်းတာမှန်သည်ဟုယူဆလိုက်သည်။ သူကပြုံးလိုက်၏။

“မင်းမိန်းမက အရမ်းလှတာဘဲ ရဲဘော်”


ဝမ်ရူကွေ့၏မျက်တောင်များ ထပ်မံလှုပ်ခပ်သွားပြန်သည်။


မိန်းမလား။

ထိုအသုံးအနှုန်းက အလွန်နားဝင်ချိုဖွယ်ဖြစ်သည်ကို သူဘယ်တုန်းကမှမသိခဲ့ပေ။


၎င်းက လူတစ်ယောက်၏ရင်ခုန်သံကိုဒုန်းစိုင်းစေပြီး သွေးများပါဆန်တက်လာသည်အထိ ပြုလုပ်နိုင်သော အသုံးအနှုန်းပင်ဖြစ်သည်။


ဤအချိန်တွင် ကျောင်း၌ ထုံကျားရှင်း၏သွေးများကလည်းပွက်ပွက်ဆူနေကာ နှလုံးခုန်မြန်နေပြီး သူ့မျက်နှာက အလွန်အမင်းနီရဲနေ၏။


ဝမ်ရူကွေ့နှင့်မတူစွာပင် သူကပျော်မနေချေ။ ဒေါသထွက်နေခြင်းဖြစ်သည်။


သူ့ရှေ့မှလူများကိုကြည့်ကာ ဒေါသတကြီးအော်လိုက်သည်။

“ငါ့စာအုပ်တွေပြန်ပေး”


ကောင်လေးတစ်ယောက်က ထုံကျားရှင်း၏စာအုပ်များကိုကိုင်ထားကာ ထောင့်လေးများကွေးနေသဟန်ရှိသည့်နှုတ်ခမ်းများဖြင့်  စိတ်အနှောင့်အယှက်ဖြစ်စရာအပြုံးမျိုးပြုံးပြလာ၏။

“မင်းတတ်နိုင်ရင် လာယူလေ”


ထုံကျားရှင်းက သူ့‌ဆီပြေးလာသောအခါ သူကစာအုပ်များကို အခြားတစ်ယောက်ဆီပစ်ပေးလိုက်၏။ ထိုကောင်လေးကလည်း ထုံကျားရှင်း သူ့နားသို့ရောက်သောအခါ နောက်တစ်ယောက်ဆီသို့ ပစ်လိုက်လေသည်။ 


သူတို့က ထုံကျားရှင်းအား မျောက်တစ်ကောင်ကိုစနေသလို လုပ်နေကြသည်။


ထုံကျားရှင်း၏ မျက်လုံးများကနီရဲလာပြီး လက်သီးဆုပ်ကာ ပြောလိုက်သည်။

“ငါ့ကိုပြန်ပေး မဟုတ်ရင် ဆရာမနဲ့သွားတိုင်မှာ”


ထိုစကားကို‌ကြားသောအခါ ကွေးတတ်နေသည့်နှုတ်ခမ်းပုံစံရှိသည့် ကောင်လေးက အော်ရယ်လာ၏။


“ဟားဟား ကောင်းပြီ သွားတိုင်လိုက်လေ ဆရာမက ဘယ်သူ့ဘက်ကပါမလဲဆိုတာ ကြည့်ကြတာပေါ့ ဆရာမကမင်းကိုဘယ်လောက်တောင်သဘောမကျတာလဲဆိုတာကို မသိဘူးလား အဲ့ဒါကဘာကြောင့်လဲဆိုတာသိလား အဲ့ဒါကမင်းအမကြောင့်လေ”


“မင်းအမက နှလုံးသားမဲ့တဲ့ ‌မကောင်းဆိုးဝါးမဘဲ၊ သူမက အခြားသူတွေရဲ့ အိမ်ထောင်ရေးတွေကိုဖျက်စီးတဲ့သူ မလို့ ငရဲကျမယ့်သူလို့ ငါ့အဒေါ်ကပြောပြတယ်”


ထုံကျားရှင်းက ထိုကောင်လေးကို စိုက်ကြည့်လိုက်သည်။

“အဲ့ဒါကအမှန်မဟုတ်ဘူး ငါမင်းကိုရိုက်မယ်”


ထုံကျားရှင်းက သူ့ဆီပြေးဝင်လာသည်ကို မြင်သောအခါ ထိုကောင်လေးက တစ်ဖက်သို့ရွှေ့လိုက်သည်။ ထုံကျားရှင်းက သူ့နောက်မှနံရံနှင့်တိုက်မိပြီး မျက်လုံးထဲတွင် ကြယ်များကိုမြင်သွား၏။


ကောင်လေးများက ချက်ချင်းပင် အော်ရယ်လာကြသည်။

“ဟားဟားဟား ဘယ်လိုတောင်အသုံးမကျတဲ့ အမှိုက်လဲ”


“ဟားဟား အမှိုက် အမှိုက်”


ထုံကျားရှင်းက အံကြိတ်ပြီး သူတို့ကိုစိုက်ကြည့်လိုက်သည်။ သူ့ရင်ဘတ်က ပေါက်ကွဲတော့မလို ခံစားနေရ၏။


အတန်းတက်သည့် ခေါင်းလောင်းသံမြည်လာ၏။ ကောင်လေးများက ထုံကျားရှင်း၏စာအုပ်များကို မြေကြီးပေါ်ပစ်ချကာ လျှာထုတ်ပြပြီး လှောင်ရယ်ကာ ထွက်သွားကြသည်။


ထုံကျားရှင်းက ထရပ်ကာ စာအုပ်များကိုကောက်ပြီး ဖုန်ခါလိုက်သည်။ ထို့နောက် အံတင်းတင်းကြိတ်ကာ စာသင်ခန်းဆီသို့ ပြန်သွားလိုက်သည်။


ဖန်ဝမ်ယွမ်တို့အုပ်စုပြန်သွားသောအခါ ထုံရွှယ်လူက ပန်းကန်များကို သိမ်းလိုက်ပြီး ဆေးကြောရန် မီးဖိုချောင်ထဲသို့ယူသွားလိုက်သည်။


ကောင်းဝေ့ဖျင်က သူမအားရှက်ကိုးရှက်ကန်းပြုံးပြကာ မေးလာ၏။

“အမကြီးရွှယ်လူ ခုနတုန်းက စာဖတ်နေတာလား”


ထုံရွှယ်လူက ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ် အမစာဖတ်နေတာလေ၊ အလယ်တန်းအဆင့်က စာပါ”


ကောင်းဝေ့ဖျင်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

“အမက ကျောင်းမတက်တော့ဘူးမဟုတ်ဘူးလား ဘာလို့စာလုပ်ဖို့လိုနေသေးတာလဲ”


“လူဆိုတာ ဗဟုသုတများလွန်းတယ်ဆိုတာမျိုးမရှိဘူးဟဲ့ ငါတို့တွေက စာသင်ခန်းထဲမှာဘဲ သင်စရာလိုတာမဟုတ်ဘူးလေ ငါတို့သာစာလေ့လာချင်နေသရွေ့ ဘယ်နေရာမှာမဆိုလုပ်လို့ရတယ်”


ကောင်းဝေ့ဖျင်က တွေးကြည့်လိုက်ပြီးနောက် သူမပြောသည်အား အတော်လေးလိုက်မလုပ်နိုင်ပုံပေါ်လာ၏။

“ကျွန်တော်တော့ အဲ့လိုလုပ်နိုင်မှာမဟုတ်ဘူး စာအုပ်တစ်အုပ်ကိုကြည့်ရုံနဲ့တင် ခေါင်းကိုက်ဖို့လုံလောက်နေပြီ ကျွန်တော်က ချက်ပြုတ်ရတာကိုဘဲ ပိုသဘောကျတယ်”


သူမအိမ်မှ မောင်နှမသုံးယောက်၏ အိပ်မက်များကို ပြန်တွေးမိသောအခါ ထုံရွှယ်လူက မထိန်းနိုင်ဘဲ အော်ရယ်လိုက်မိသည်။


60ခုနစ်၊70ခုနစ်များတွင် အစိုးရစားသောက်ဆိုင်၌လုပ်ရသော စားဖိုမှူးအလုပ်သည် အဆင့်တန်းမြင့်သောသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုဖြစ်သည်။ ကံမကောင်းစွာဖြင့် ထိုဂုဏ်ပုဒ်က အချိန်နှစ်နှစ်လောက်သာကြာပေလိမ့်မည်။


သို့သော်ငြား သူမကဘာမှမပြောပေ။ လူတိုင်းတွင် မတူညီသောအိပ်မက်များရှိတတ်ပေသည်။


ကောင်းဝေ့ဖျင်က ရုတ်တရက် ဗိုက်ကိုဖိကာ အော်လာ၏။

“အာ့ အမကြီးရွှယ်လူ ကျေးဇူးပြုပြီး ဆိုင်ကိုခနလောက်ကြည့်ထားပေးပါဦး ကျွန်တော်....ကျွန်တော်သွားဖို့လိုနေ......”


ထုံရွှယ်လူက အနည်းငယ်ပြုံးလိုက်သည်။

“အင်းပါ သွားလေ”


ထုံရွှယ်လူဆီမှ အရယ်ခံရသည်ကိုမြင်သောအခါ ကောင်းဝေ့ဖျင်ကပို၍ရှက်သွား၏။ သူကဗိုက်ကိုဖိကာ မီးဖိုချောင်၏အနောက်တံခါးမှပြေးထွက်သွားလိုက်သည်။


အစိုးရစားသောက်ဆိုင်၌ သန့်စင်ခန်းမရှိပေ။ သူ့အနေဖြင့် အပြင်ဘက်မှ အများသုံးသန့်စင်ခန်းဆီသို့သွားရသည်။


ထုံရွှယ်လူက ပန်းကန်ဆေးပြီးနောက် စာပြန်ကြည့်ရန်လုပ်လိုက်သည်။


သူမမီးဖိုချောင်ထဲမှ ထွက်လာလာချင်းပင် အရပ်ရှည်ပြီး ပိန်သွယ်သောအမျိုးသမီးတစ်ယောက်က အပြင်ဘက်မှဝင်လာ၏။


ထိုအမျိုးသမီးက တစ်ကိုယ်လုံးတွင်Dacronပိတ်ဖြင့်လုပ်ထားသည့် အဝတ်များဝတ်ထားသည်။ သူမကနှာခေါင်းကြီးကာ မျက်လုံးသေး၏။ သူမဆံပင်က တိုကာ သပ်ရပ်သောပုံစံရှိသည်။


ရုတ်တရက်ဆိုသလိုပင် ရှောင်ချန်ဖျင်၏မျက်နှာက ထုံရွှယ်လူစိတ်ထဲပေါ်လာ၏။ သူက သူ့အမေ၏ပုံတူနီးပါးပင်ဖြစ်သည်။


ဤအမျိုးသမီးက ရှောင်ချန်ဖျင်၏မိခင်ဖြစ်သည်။ သူမက လောင်စာဆီဌာနမှသူများနေထိုင်သော ဝန်ထမ်းအိမ်ရာတွင် ခက်ထန်သောသူဟူ၍လူသိများ၏။ ထိုနေရာမှကလေးအများစုက သူမကိုကြောက်ကြပေသည်။


အလုပ်ချိန်တွင် ရှောင်ချန်ဖျင်၏မိခင်ပေါ်လာသောအခါ ထုံရွှယ်လူကတစ်ခုတည်းသာတွေးမိတော့သည်။သတင်းဆိုးဘဲဟူ၍သာဖြစ်၏။


သို့သော်ငြား ထုံရွှယ်လူကသူမကို‌မကြောက်သွားသလို မျက်နှာလိုမျက်နှာရလည်း သွားမနှုတ်ဆက်လိုက်ပေ။


သူမကိုမြင်သော်လည်း ထုံရွှယ်လူကလာမနှုတ်ဆက်သည်ကို မြင်သောအခါ အမေရှောင်က မျက်မှောင်ကြုတ်လိုက်သည်။


“နင်က အလိုလိုက်ခံထားရလို့ ရမ်းကားနေတာလို့ ငါအမြဲထင်ခဲ့မိတယ်၊ ဒါပေမယ့်အရင်တုန်းကဆို နင်ကအနည်းဆုံးတော့ယဉ်ကျေးပါသေးတယ်၊ အခုတော့လူကြီးကို နှုတ်ဆက်ရမယ်ဆိုတာတောင် မသိတော့ဘူးလား သေချာပေါက်ကိုပိုပိုပြီးဆိုးလာတာဘဲ”


ထုံရွှယ်လူက စိတ်ထဲတွင်မျက်ဆံလှန်လိုက်မိသော်လည်း အပြင်ဘက်တွင်မူ ထိတ်လန့်နေသော ပုံစံဆောင်ထား၏။


“အိုးးဘုရားရေ ဒေါ်လေးနင်ပါလား ဒေါ်လေးကို မမှတ်မိလုနီးပါးဘဲ၊ ကျွန်မကြား‌တာတော့ ‌ခနခနဒေါသထွက်တတ်တဲ့ အမျိုးသမီးတွေက ရုပ်ရင့်မြန်တယ်ဆိုဘဲ၊ ဒေါ်လေးကဒေါသထွက်လွန်းလို့ထင်တယ် ကျွန်မတောင်ဒေါ်လေးကို ချက်ချင်းမမှတ်မိလိုက်ဘူး”


“……”

သူမစကားကိုကြားသောအခါ အမေရှောင်ကသွေးအန်မတတ်ဖြစ်သွားသည်။

“န နင်ကအရမ်းရိုင်းတာဘဲ နင်.....”


ထုံရွှယ်လူက သူမကိုဖြတ်ပြောလိုက်သည်။

“‌တွေ့လား ဒေါ်လေးနင် ‌အခုလည်းထပ်ပြီးဒေါသထွက်လာပြန်ပြီ၊ မြန်မြန်ဒေါ်လေးရဲ့ ကျီးကန်းခြေထောက်လို အရေးအကြောင်းတွေကို ထိကြည့်လိုက်ပါဦး ထပ်ပြီးတိုးလာမှာ သေချာတယ်”


“……”


အမေရှောင်က ထုံရွှယ်လူတမင်ရန်စနေသည်ကို သိသွားသည်။


သို့သော်ငြား အမျိုးသမီးတိုင်းက သူတို့၏ပုံပန်းသွင်ပြင်ကို ဂရုစိုက်တတ်ကြပေသည်။ သူမဒေါသထွက်သော်လည်း အရေးအကြောင်းများထပ်မတိုးလာစေရန်အတွက် ဒေါသကိုထိန်းထားလိုက်သည်။


အမေရှောင်က ထောင့်တွင်ထိုင်ပြီး ထုံရွှယ်လူအား စူးရှစွာကြည့်လိုက်သည်။

“နင် လာပြီး ဒီမှာထိုင်ဦး”


ကျစ် ကျစ်။။။အဲ့ဒီမောက်မာနေတဲ့ပုံစံနဲ့ ဘယ်သူမဆို သူမက ဧကရီမယ်တော်ကြီးစီရှီးလို့ထင်ကြတော့မှာဘဲ။


ထုံရွှယ်လူက ဖြေးဖြေးချင်းလျှောက်လာပြီး သူမရှေ့တွင်ထိုင်လိုက်သည်။


“နင့်ကိုနင်လည်းကြည့်ပါဦး ထိုင်တာဖြစ်ဖြစ် ထတာဖြစ်ဖြစ် ဘာမှကောင်းကောင်းမလုပ်နိုင်ဘူး နင့်လိုရိုင်းစိုင်းတဲ့မိန်းကလေးကို ဘယ်အိမ်ကများ ချွေးမအဖြစ်လိုချင်မှာလဲ”


အမေရှောင်၏ ပျက်ရယ်ပြုသော‌စကားများက ထုံရွှယ်လူကို ရယ်သွားစေမိသည်။

“ဒေါ်လေးက အဲ့ဒါနဲ့ပတ်သက်ပြီး စိုးရိမ်နေစရာမလိုပါဘူး ကျွန်မကအရမ်းလှတော့ လက်ထပ်ချင်လာရင် ဘယ်အချိန်မဆို ထပြီးလက်ထပ်လိုက်လို့ရတယ်”


အမေရှောင်၏ရင်ဘတ်က ဒေါသကြောင့်နိမ့်ချည်မြင့်ချည်ဖြစ်လာသည်။

“အခုချိန်မှာတော့ နင်ကငယ်ရွယ်ပြီးလှပနေတာပေါ့ ဒါပေမယ့် အသက်ကြီးလာရင်ဘယ်လိုလုပ်မလဲ အဲ့ဒီအချိန်ကျရင် ချန်ဖျင်ကနင့်အပေါ်စိတ်ဝင်စားနေအောင် ဆက်ပြီးထိန်းသိမ်းထားနိုင်ဦးမယ်လို့ထင်လား”


?

ဘာလဲဟ။


ထိုစကားကို နားလည်နိုင်ရန် ထုံရွှယ်လူတစ်ယောက် အချိန်တော်တော်ယူလိုက်ရ၏။ ဒီအဖွားကြီးက သူမကိုရှောင်ချန်ဖျင်နဲ့တွဲနေတယ်လို့ ထင်နေတာတော့ မဟုတ်လောက်ပါဘူးနော်။