အပိုင်း ၇၉
Viewers 21k

🍵Chapter 79

-သူမအိမ်သို့ပြန်ရောက်သောအခါ ထုံကျားရှင်းက ဒဏ်ရာရလာသည်ကို သိလိုက်ရ၏။ 




အမေရှောင်က သူမထိချက်မှန်အောင်ပြောနိုင်လိုက်သည်ဟု ထင်သွား၏။ သူမကချောင်းဟန့်ကာ ဆက်‌ေပြာသည်။


“ချန်ဖျင်က နင့်ကိုပိုက်ဆံလာပေးတဲ့ကိစ္စကို ငါသိပြီးသား နင်က ငါတို့ရဲ့ချမ်းသာမှုကိုမက်လို့သာ ချန်ဖျင်နဲ့အတူရှိချင်နေတာဘဲ နင့်လိုမိန်းမမျိုးတွေကို ငါအများကြီးတွေ့ဖူးပြီးသားပါ”


“မိသားစုအခြေအနေနောက်ခံကိုက်ညီမှုက အိမ်ထောင်ရေးတစ်ခုမှာ အရေးကြီးဆုံးဘဲ နင်နဲ့ချန်ဖျင်က အဆင့်အတန်းမတူဘူး အဲ့ဒါကြောင့်မလို့ ငါရောသူ့အဖေရောက နင်တို့နှစ်ယောက်တွဲတာကို လက်မခံပေးနိုင်ဘူး”


အမေရှောင်၏မောက်မာမှုက ထုံရွှယ်လူကို ရွံသွားစေ၏။


သို့သော် သူမက အဲ့ဒါကြောင့် ဝမ်းနည်းမှာလား။


မဟုတ်ပေ။ သူမကဝမ်းနည်းနေမည်မဟုတ်။


ဤကဲ့သို့ ‘ဒီပိုက်ဆံကိုယူပြီး ငါ့သားနားကထွက်သွား’ဟူသော ဇာတ်မျိုးသည် နေ့တိုင်းဖြစ်နိုင်တာမျိုးမဟုတ်ပေ။ သူမအနေဖြင့် ဤအခွင့်အရေးကိုကောင်းကောင်းအသုံးချရပေမည်။


သူမက အရင်ဘဝတွင် နှစ်နှင့်ချီအောင် လက်ဖက်စိမ်းမ လုပ်ခဲ့ဖူးသော်လည်း ဘယ်သူကမှ သူမကိုငွေထုပ်နှင့်မပစ်ပေါက်ဘူးပေ။ သူမက ဤကဲ့သို့ရွှေရောင်အခွင့်အရေးကြီးကို ရလာနိုင်မည်ဟု မထင်ထားခဲ့ပေ။


၎င်းက သူမကိုစိတ်လှုပ်ရှားသွားစေသည်။


လာလိုက်စမ်းပါ၊ ငါအဆင့်သင့်ဖြစ်နေပြီ။


ကျေးဇူးပြုပြီး ငါ့မျက်နှာကို ပိုက်ဆံနဲ့ရက်ရက်စက်စက် ရိုက်ပစ်လိုက်။


ထုံရွှယ်လူ၏မျက်နှာတစ်ခုလုံး နီရဲလာသည်ကိုမြင်သောအခါ အမေရှောင်က ပို၍အားရလာ၏။


“နင်သာ ချန်ဖျင်ဘေးက ထွက်သွားပေးနိုင်ရင် အနာဂတ်မှာ ငါနင့်ကိုဂရုစိုက်ပေးမယ်၊ အဲ့ဒါတွေက ချန်ဖျင်ပေးတာတွေနဲ့ ယှဉ်လို့တော့မရပေမယ့် နင့်ဘာသာနင်ယောက်ျားတစ်ယောက်ရှာတာထက် ပိုပြီးကောင်းစေရမယ်”


အဲ့ဒါဘဲလား၊ အဲ့လိုဘဲပြီးသွားမှာလား။


သူမကို သူ့သားဘေးနားကနေထွက်သွားဖို့ ပိုက်ဆံနဲ့တောင်မကမ်းလှမ်းဘူးလား၊ မဖြစ်နိုင်ဘူး။


ထုံရွှယ်လူက အသက်ပြင်းပြင်းရှူပြီး စတင်ကာသရုပ်ဆောင်လိုက်သည်။


“ဒေါ်လေးနင် ဒီကဗျာကိုများကြားဖူးသလား တောင်တန်းတွေပြားသွားပြီး မိုးကောင်းကင်နဲ့မြေကြီးထိသွားခါမှ ငါမင်းကိုခွဲခွာမယ်တဲ့၊ အဲ့စာသားက အခုကျွန်မခံစားနေရသလိုပါဘဲရှင်”


ချောင်းယောင်၏ နာမည်ကြီးစာသားအား အကျယ်ကြီးထုတ်ပြောလိုက်မိသောအခါ ထုံရွှယ်လူက ကိုယ့်ကိုကိုယ်တောင် ရွံချင်သွားသည်။ 


သူမတော်သားဘဲ။


အရှက်မရှိဘူး။

ထိုအတွေးက အမေရှောင်၏စိတ်ထဲပေါ်လာ၏။

“ချန်ဖျင်ရဲ့အဖေနဲ့ ငါ့ခွင့်ပြုချက်မရှိဘဲ နင်က ငါတို့မိသားစုထဲကို ဝင်လို့ရမှာမဟုတ်ဘူး”


ထုံရွှယ်လူက ရင်ဘတ်ကိုဆုပ်ကာ အရည်လက်နေသောမျက်လုံးများဖြင့်ပြောလိုက်၏။


“ချစ်ခြင်းတရားနဲ့ယှဉ်ရင် အရာအားလုံးကဒုတိယပါဘဲ ဒါ့အပြင် ချန်ဖျင်ကလည်း ဒေါ်လေးတို့သာသဘောမတူရင် ထွက်ပြေးပြီး မိသားစုသံယောစဉ်ဖြတ်လိုက်မယ်လို့ ကျွန်မကိုပြောတယ်”

 

အမေရှောင်က အံကြိတ်ပြီး ထုံရွှယ်လူအား ရက်စက်စွာကြည့်လိုက်သည်။

“မဖြစ်နိုင်ဘူး ချန်ဖျင်က အဲ့လိုကိစ္စမျိုးကိုပြောမှာမဟုတ်ဘူး”


“ချန်ဖျင်က ဒီလိုကိစ္စမျိုးပြော၊မပြောကို ဒေါ်လေးကိုပြောပြနေစရာလိုသေးလို့လား”


အမေရှောင်က ၎င်း၏အဖြေကိုသိ၏။ ထိုအဖြေကြောင့်သာ သူမက ဒီနေရာကိုရောက်လာပြီး ထုံရွှယ်လူကိုစကားပြောနေရခြင်းဖြစ်သည်။


ရှောင်ချန်ဖျင်သည် ကလေးဘဝကတည်းက ခေါင်းမာသောသူဖြစ်သည်။ သူကစိတ်ပိုင်းဖြတ်ပြီးသည်နှင့် နွားဆယ်ကောင်ကတောင် သူ့ကိုနောက်ပြန်မဆွဲနိုင်ပေ။


အမေရှောင်က အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်ငြိမ်အောင်လုပ်လိုက်သည်။

“ကောင်းပြီလေ ဆက်လုပ် နင့်ဈေးနှုန်းကိုသာပြောလိုက် ချန်ဖျင်နားကနင်ထွက်သွားဖို့ ဘာလိုလဲ”


လာပြီ၊ လာပြီဟ။

သမိုင်းဝင်စကားရောက်လာပြီ။


ထုံရွှယ်လူက ပြုံးလိုစိတ်ကိုဖိနှိပ်လိုက်သည်။  သူမကမျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်သည်။

“ဒေါ်လေးနင် ကျွန်မမလုပ်နိုင်ဘူး”


အမေရှောင်က သူမကိုစိုက်ကြည့်နေသည်မှာ မျက်လုံးထဲမှ မီးများထတောက်လာမတတ်ပင်။


အချိန်တစ်ချို့ကြာပြီးနောက် သူမကခေါင်းငုံ့ကာ ပိုက်ဆံအိတ်ထဲမှ စာအိတ်ကိုထုတ်လိုက်သည်။ သူမက စာအိတ်ကို ထုံရွှယ်လူရှေ့သို့ပစ်ချလိုက်သည်။


“အထဲမှာ ယွမ်1000ရှိတယ် နင်သာချန်ဖျင်ဘေးနားက ထွက်သွားပေးနိုင်မယ်‌ဆိုရင် အဲ့ဒါကနင့်အပိုင်ဘဲ”


ယွမ်1000ကြီးတောင်လား။


ထုံရွှယ်လူက ရင်ထဲထိသွားသည်။


သူမဒီကိုမကူးပြောင်းလာခင်တွင် တစ်ယောက်ယောက်က သူမကိုဒီလိုပိုက်ဆံပေးလာပါက ချက်ချင်းပင်‌လက်ခံပြီး ထွက်သွားလိုက်မှာဖြစ်သည်။


သို့သော် အခုချိန်တွင် သူမကထိုကဲ့သို့လုပ်လိုက်၍မရပေ။ အကယ်၍သူမသာ ပိုက်‌ဆံကိုလက်ခံရဲပါက အမေရှောင်က သူမကိုရဲတိုင်လိုက်နိုင်သည်။


သူမက ထိုသို့ဖြစ်ခွင့်မပေးနိုင်ပေ။


ထုံရွှယ်လူက စာအိတ်ကိုပြန်တွန်းပေးလိုက်သည်။

“ဒေါ်လေးနင် ဒါကကျွန်မကို နာမည်ဖျက်နေတာဘဲ ကျွန်မကပိုက်ဆံမက်တဲ့သူနဲ့တူလို့လား”


ဟုတ်တယ် ကျွန်မကတကယ်ကို ပိုက်ဆံမက်တဲ့သူပါ။

 

အမေရှောင်က နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်သည်။

“ဒါဆိုရင် နင်လိုချင်တာဘာလဲ၊ ငါပြောမယ်နော် နင်ကဘယ်တော့မှ ရှောင်မိသားစုဝင်တစ်ယောက် ဖြစ်လာနိုင်မှာမဟုတ်ဘူး”:


ထုံရွှယ်လူက အလွန်နာကျင်သွားသည့်ပုံလုပ်ပြလိုက်သည်။

“ဒေါ်လေးနင်က ကျွန်မဘာဘဲလုပ်လုပ် လက်မခံပေးတော့ဘူးလား”


အမေရှောင်က ခေါင်းညိတ်ပြလိုက်သည်။

“အဲ့ဒါကအမှန်ဘဲ လက်လျှော့လိုက်တော့”


ထုံရွှယ်လူက မျက်နှာကိုအုပ်ကာ ရှိုက်ငိုလိုက်သည်။ အချိန်အတော်ကြာပြီးမှ သူမကနီရဲနေသောမျက်လုံးများဖြင့် ပြောလာသည်။


“ကောင်းပြီ ကျွန်မနားလည်သွားပါပြီ အဲ့ဒီလိုဆိုမှတော့ ကျွန်မထွက်သွားပေးပါမယ် ဒါပေမယ့် ဒေါ်လေးကကျွန်မအတွက် တစ်ခုလုပ်ပေးပါ”


အမေရှောင်က နှာခေါင်းရှုံ့ပြီး ငါသိသားဘဲဟူသည့် ပုံစံဖြင့် ကြည့်လိုက်သည်။


“ပြောပါဦး နင်ကငါ့ကိုဘာလုပ်ခိုင်းမလို့လဲ၊ အိမ်တစ်လုံးဝယ်ချင်လား၊ ဒါမှမဟုတ် အလုပ်အသစ်ပြောင်းချင်လို့လား”


ထုံရွှယ်လူက ခေါင်းခါပြလိုက်သည်။

“တစ်ခုမှမဟုတ်ပါဘူး ကျွန်မက အထက်တန်းအဆင့် သင်္ချာ၊ရူပနဲ့ ဓာတုဗေဒစာအုပ်အစုံလိုက်ကိုလိုချင်ပါတယ် ပြီးတော့အဲ့ဒါတွေရဲ့ ကော်ပီ1000ကိုလည်းလိုချင်ပါတယ်”


? ?

အမေရှောင်က သရဲတစ်ကောင်မြင်နေရသလိုပင် ထုံရွှယ်လူကိုကြည့်လာသည်။


“နင်ကအဲ့ဒါတွေကို ဘာဖြစ်လို့လိုချင်တာလဲ အဲ့လောက်ကော်ပီတွေအများကြီး”


ထုံရွှယ်လူက ရှင်းပြလိုက်သည်။

“အခုချိန်မှာ အရင်းအမြစ်တွေက ရှားပါးလာပြီလေ၊ လူတော်တော်များများက ကျောင်းတက်ပြီးစာသွားသင်ဖို့မပြောနဲ့ စားဖို့တောင်‌လုံလုံလောက်လောက်မရှိကြတော့ဘူး၊ စာသင်ချင်ပေမယ့် အခြေအနေမပေးလို့မတတ်နိုင်တဲ့သူတွေကိုမြင်တိုင်း ကျွန်မရင်နာလို့ပါ”


“အဲ့ဒါကြောင့် ကျွန်မက ကော်ပီစာအုပ်တွေလိုချင်တာပါ အဲ့လိုဆို တစ်ခုခုပြန်ရမှာကိုမျှော်လင့်စရာမလိုဘဲ သူတို့ကိုကူညီပေးလို့ရပြီလေ ဒေါ်လေးနင် ဒေါ်လေးလိုကြင်နာတတ်တဲ့သူက ကျွန်မရဲ့ဆန္ဒကို မျက်ကွယ်မပြုလောက်ပါဘူးနော် ဟုတ်တယ်မလား”


အမေရှောင်: “……”


သင်္ချာ၊ရူပနှင့် ဓာတုဗေဒစာအုပ်များ အစုံလိုက်ရှာရခြင်းသည် မခက်ပေ။ ဘယ်လိုဘဲဖြစ်ဖြစ် သူမ၏အကိုကြီးက ပညာရေးဌာနတွင် အလုပ်လုပ်နေသူဖြစ်သည်။ သို့သော် စာအုပ်ရေ1000ဟူသည်မှာ အတော်များသောပမာဏဖြစ်သည်။


“တကယ်လို့ ဒေါ်လေးကမလုပ်ပေးချင်ရင် ကျွန်မဘယ်တော့မှမပြောခဲ့ဖူးလို့ဘဲ သဘောထားလိုက်ပါ”


အမေရှောင်က ထုံရွှယ်လူကိုစိုက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် အံကြိတ်ကာ‌ပြောလာ၏။

“ကောင်းပြီလေ ငါနင့်အတွက်လုပ်ပေးမယ် ဒါပေမယ့် နင်ပြောတာကိုတည်မှရမယ်နော် တကယ်လို့နင်သာ သူ့အနားလာရဲလို့ကတော့.....”


ထုံရွှယ်လူက သူမကိုဖြတ်ပြောလိုက်သည်။

“ဒေါ်လေးဘက်ကသာ ကျွန်မ‌လိုချင်တာကိုပေးသရွေ့ ကျွန်မကတိတည်မှာပါ ဒါပေမယ့် အကောင်းဆုံးနည်းလမ်းကတော့ ချန်ဖျင်ကို စစ်တပ်ထဲ တတ်နိုင်သမျှအမြန်ဆုံး ပြန်ပို့လိုက်ဖို့ဘဲ”


အမှန်ပင် အမေရှောင်ကလည်း သူတို့နှစ်ယောက်အချင်းချင်းဆက်ချိန်းတွေ့နေမည်ကိုစိုးရိမ်ပါက ချန်ဖျင်ကိုစစ်တပ်ထဲပြန်ပို့လိုက်ကခြင်းကသာ အကောင်းဆုံးဖြစ်မည်ကို သိ၏။


“အိုး ဟုတ်သား၊ ကျွန်မအခုနေတဲ့နေရာမှာ အသီးပင်မရှိဘူးဖြစ်နေတယ် တကယ်လို့ဒေါ်လေးနင်ကသာ တစ်ပင်လောက်ရအောင် လုပ်ပေးနိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့”


အခုချိန်သည် သူမ၏လက်ခံနိုင်ဖွယ်မရှိသော လိုအင်ဆန္ဒများကို ထုတ်ပြောပြရမည့် အချိန်ကောင်းပင်ဖြစ်သည်။


အမေရှောင်က အံကြိတ်လိုက်သည်။

“ကောင်းပြီ”


အမေရှောင်က ‌နောက်ဆုံးတွင် မှုန်ကုပ်နေသောမျက်နှာဖြင့် စားသောက်ဆိုင်မှပြန်ထွက်လာခဲ့သည်။


အမေရှောင်ထွက်သွားပြီးနောက်တွင် ထုံရွှယ်လူ၏နှုတ်ခမ်းများက ကွေးတက်သွားသည်။


အမေရှောင်၏ကြင်နာမှုကြောင့် သူမက ခဲတစ်လုံးတည်းဖြင့် ငှက်သုံးကောင်ပစ်နိုင်သွားပေသည်။


သူမက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ပြန်လည်ကျင်းပ‌လာသောအခါ လူအများစုက ဝင်ခွင့်အချက်အလက်များကိုအသာထား၊ ပုံနှိပ်စာအုပ်တစ်အုပ်မှတောင် မငှားနိုင်ကြသည်ကို အမှတ်ရမိသွားသည်။


သူမက ‌အချိန်တစ်နှစ်အတွင်းတွင် ဤစာအုပ်များကို ဈေးပေါပေါဖြင့်ရောင်းနိုင်ရန် စီစဉ်ထား၏။


ထိုနည်းဖြင့် သူမကဝင်ငွေတစ်ချို့ရှာနိုင်မည်ဖြစ်ကာ အခုမှစ၍‌တစ်နှစ်အတွင်း စာမေးပွဲဖြေဆိုမည့်သူများကိုလည်း ကူညီနိုင်လိမ့်မည်။


လူတိုင်းအတွက် သင်္ချာ၊ရူပနှင့်ဓာတုစာအုပ်များ အပြည့်အစုံရရန်မှာ အလွန်ခက်ခဲပေသည်။ ဤစာအုပ်များသည် စာအုပ်ဆိုင်တွင် ရှာလို့ရနိုင်သော စာအုပ်များမဟုတ်ပေ။


သို့သော် အမေရှောင်ကမူ လုပ်နိုင်စွမ်းရှိ၏။


အနည်းဆုံးအနေဖြင့် ပိုက်ဆံရှာနိုင်ကာ အခြားသူများကို ကူညီပေးလိုက်နိုင်ရုံသာမက နောက်ဆုံးတွင် ပုပ်သိုးနေသောချယ်ရီပန်းပွင့်ကြီးဖြစ်သည့် ရှောင်ချန်ဖျင်ကိုပါ အနားမှခွာအောင်လုပ်နိုင်တော့မှာဖြစ်သည်။


ရှောင်ချန်ဖျင်က သူ့ဘာသာသူဆိုလျှင် လူဆိုးမဟုတ်သော်လည်း သူ့မိခင်ကဲ့သို့သောလူတစ်ယောက်ရှိနေသဖြင့် သူမက သူနှင့်သူငယ်ချင်းတောင်မလုပ်လိုပေ။


အမေရှောင်အတွက်ကတော့ ပိုက်ဆံအများကြီးသုံးမိသွားလို့ ဝမ်းနည်းပေးမှာလား။ အဖြေမှာ သေချာပေါက်‘ဝမ်းမနည်းပါ’ဖြစ်သည်။


သူမသာ ဤအရာအားလုံးကိုလက်မခံလိုက်ပါက အမေရှောင်သည် သူမက ရှောင်ချန်ဖျင်ကိုကပ်တွယ်ဖို့ စဉ်းစားနေသေးလောက်သည်ဟု ထင်ပြီး အချိန်နှင့်အမျှ သူမကိုလာနှောင့်ယှက်တာမျိုးလုပ်နိုင်၏။


ထိုကိစ္စများက အနာဂတ်တွင် ပိုများသော ပြသနာများကိုသာ ယူဆောင်လာလိမ့်မည်။


ထို့အပြင် အမေရှောင်က သူမရောက်လာပြီး ဘာဖြစ်မှန်းမသိသေးခင်မှာပင် သူမကိုဆူငေါက်လာခြင်းဖြစ်သည်။ သူမကို ပိုက်ဆံတစ်အုပ်လောက်ဖြုန်းခိုင်းလိုက်သည်က မမှားပေ။


ထုံရွှယ်လူက သူမရသွားသည့် ပထမဆုံးသောရွှေခြင်းတောင်းကို‌တွေးမိလိုက်သောအခါ အလွန်ပျော်သွားသည်။


သို့သော်ငြား ဤပျော်ရွှင်မှုက ကြာရှည်မခံပေ။ အဘယ်ကြောင့်ဆိုသော် သူမအိမ်သို့ပြန်ရောက်သောအခါ ထုံကျားရှင်းကဒဏ်ရာရလာသည်ကို သိလိုက်ရ၍ဖြစ်သည်။


အိမ်ထဲသို့ သူမဝင်လာလာချင်းပင် လေထုကပုံမှန်နှင့်ကွဲပြားနေသည်ကို သတိထားမိသွားသည်။


ထုံကျားရှင်းက တစ်ယောက်ယောက်ကိုဒေါသထွက်နေသလိုပင် လက်ပိုက်ပြီးနံရံကိုမျက်နှာမူထား၏။ ထုံကျားမင်က သူ့ရှေ့တွင်ထိုင်နေပြီး သူသည်လည်းပျော်နေပုံမပေါ်ပေ။


ထုံမျန်မျန်၏မျက်လုံးဝိုင်းကြီးများက ရွှန်းစိုနေ၏။

ပုံမှန်အားဖြင့် သူမကမျက်လုံးများကို လခြမ်းလေးလိုကွေးနေသည်အထိ ပြုံးနေမည်ဖြစ်သော်ငြား အခုချိန်တွင်သူမ၏မျက်လုံးများက စိုးရိမ်မှုများပြည့်နှက်နေ၏။


သူမက ဒုတိယအကိုကိုကြည့်ပြီးနောက် တတိယအကိုကိုကြည့်လိုက်သည်။

“ရန်မဖြစ်ကြပါနဲ့ အာ့ကော၊ စန်းကော မျန်မျန်ဆီမှာနှစ်ယောက်လုံးအတွက် ချိုချဉ်တွေရှိတယ်”