အပိုင်း ၈၄
Viewers 19k

🍵Chapter 84

 -ဘယ်လိုဖြစ်ပြီး မိန်းမတစ်ယောက်က အခြားမိန်းမတစ်ယောက်ကို အဲ့ဒီလိုလုပ်နိုင်ရတာလဲ။



တတိယမြောက်နေ့တွင် ကျောင်းဘက်မှဆုံးဖြတ်ချက်ချလိုက်၏။ ထုံကျားမင်နှင့် ထုံကျားရှင်းတို့ကိုကျောင်းထုတ်လိုက်ပြီဖြစ်သည်။


ထုံရွှယ်လူက ထိုဆုံးဖြတ်ချက်ကြောင့် မအံ့ဩသွားသော်လည်း ဒေါသထွက်ကာ စိတ်ပျက်မိနေဆဲဖြစ်သည်။


ကျောင်းအုပ်ရုံးခန်းမှထွက်လာသောအခါ မာမိန်ကသူမရှေ့တွင်ထပ်ပေါ်လာ၏။


“တစ်နေ့တုန်းက ငါနင့်ကိုဘာပြောခဲ့လဲဆိုတာကို မှတ်မိသေးလား သူတို့နှစ်ယောက်ကကျောင်းထုတ်ခံရမှာဘဲလို့ ငါပြောခဲ့သားဘဲ၊ ငါအခုဘဲပြောလိုက်မယ် တစ်မြို့လုံးက ဘယ်‌ကျောင်းမှသူတို့နှစ်ယောက်ကို လက်ခံမှာမဟုတ်ဘူး”


ထုံရွှယ်လူက ဒီထက်ပိုပြီးဒေါသမထွက်နိုင်တော့ပေ။သို့သော်ငြား သူမက သနားကမားရုပ်ဖြင့် မာမိန်ကိုတောင်းဆိုလိုက်သည်။


“ဆရာမမာမိန်ရယ် ကျေးဇူးပြုပြီး ကျွန်မမောင်လေးတွေအတွက် ကောင်းတာလေးတွေပြောပေးပါဦး ကျွန်မတောင်းဆိုပါတယ်ရှင်”


ထုံရွှယ်လူက သူမကိုတောင်းပန်နေသည်ကိုမြင်သောအခါ မာမိန်ကအလွန်စိတ်ကျေနပ်သွားသည်။

“အခုမှတောင်းပန်လဲ နောက်ကျသွားပြီ၊ ဗလာ...... ဗလာာာာာ......”

(Tn:အဲ့လိုဘဲဘာညာကွိကွဆိုပြီးရေးထားတာပါ)


ထုံရွှယ်လူက သူမလွယ်အိတ်ထဲမှ ပိုက်ဆံများကိုထုတ်ကာ မာမိန်လက်ထဲထည့်ပေးလာသည်။

“ဆရာမမာ ကျွန်မမောင်လေးတွေအတွက် ကောင်းတာလေးတွေသာပြောပေးပါရှင် ဆရာမလိုချင်သလောက်ပေးပါ့မယ်”


မာမိန်က အလွန်လန့်သွားပြီး အလျင်အမြန်ပင် သူမလက်ကို ပြန်ဆွဲယူလိုက်သည်။


“ဘာလုပ်တာလဲ မြန်မြန်ပြန်ယူလိုက်”


ထုံရွှယ်လူက ပိုက်ဆံများကိုပြန်သိမ်းလိုက်သည်။

“ဆရာမမာ ကျွန်မတို့မှားတာကိုသိသွားပါပြီ ကျေးဇူးပြုပြီး ကူညီပေးပါရှင့်၊ ကျွန်မဆီမှာ အစိုးရစက်ရုံကရထားတဲ့ ‌နစ်နာကြေးလည်းရှိပါတယ် ဆရာမလိုချင်ရင် ကျွန်မပေးမှာပါ”


မာမိန်၏မျက်လုံးများက တောက်ပသွားသည်။

“ကျောင်းဆင်းတဲ့အချိန်ကျရင် ကျောင်းနောက်ကလမ်းကြားထဲကိုလာခဲ့၊ ဘယ်သူ့ကိုမှပေးသိလို့မရဘူးနော် မဟုတ်ရင် နင့်ကိုမကူညီတော့ဘူး”


ထုံရွှယ်လူက စိတ်အေးသွားကာ အံ့ဩသွားသလိုကြည့်လိုက်သည်။


“ဒါပေါ့ ဒါပေါ့ ကျွန်မအိမ်ပြန်ပြီး ပိုက်ဆံတွေသွားယူလိုက်ပါ့မယ် ကျောင်းဆင်းတဲ့အချိန်ကျရင် ကျွန်မစောင့်နေလိုက်ပါတယ် ဆရာမမာ ကျိန်းသေပေါက်လာရမယ်နော်”


မာမိန်က စိတ်ကြီးဝင်စွာခေါင်းညိတ်ပြလိုက်သည်။


ထုံရွှယ်လူက ခေါင်းညိတ်လိုက်ကာ ခေါင်းငုံ့ပြီး အပြုံးတစ်ခုနှင့်ထွက်သွားလေသည်။


ထုံရွှယ်လူထွက်သွားပြီးနောက်တွင် မာမိန်ကအထင်သေးနေသည့်ပုံပေါ်လာသည်။


“အရူးမ”


သူမက သူတို့ကို လုံးဝကူညီမည်မဟုတ်ပေ။


မည်သို့ပင်ဖြစ်စေ သူမက ပိုက်ဆံကိုယူလိုက်ပြီးနောက်မှ သူမတတ်နိုင်သမျှလုပ်ခဲ့ပါသည်ဟုသာ ပြောလိုက်၍ရပေသည်။


ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ကမိဘမဲ့တစ်အုပ်ဘဲလေ။


နောက်ခံလည်းမရှိ၊ အင်အားလည်းမရှိဘူး။ သူမက သူတို့ပိုက်ဆံကိုလိမ်လိုက်လျှင်တောင်မှ သူတို့လုပ်နိုင်တာဘာမှရှိမည်မဟုတ်ပေ။ 


ကျောင်းဆင်းချိန်တွင်။


မာမိန်က ရည်ရွယ်ချက်ရှိရှိပင် သူမ၏လုပ်ဖော်ကိုင်ဖက်များ ပြန်သည်ကိုစောင့်နေပြီးမှ ‌လမ်းကြားထဲသို့ဖြေးဖြေးချင်းလျှောက်လာ၏။


သူမက လမ်းကြားထဲသို့ရောက်ရောက်ချင်းပင် ထုံရွှယ်လူစောင့်နေသည်ကိုမြင်သွား၏။


‌အခုချိန်ကမှောင်နေပြီဖြစ်ကာ ကျောင်းကလည်း ခေါင်သောနေရာတွင်တည်ရှိသဖြင့် အနားတဝိုက်တွင်အလွန်တိတ်ဆိတ်နေပြီး လူတစ်ယောက်ကိုမှမမြင်ရပေ။


မာမိန်က အနားတွင်ဘယ်သူမှမရှိသည်ကို သေချာစေပြီးမှ လမ်းကြားထဲသို့ဝင်သွားလိုက်သည်။


“ငါရှင်းရှင်းပြောထားမယ်နော် ငါကကြိုးစားပေးရုံဘဲကြိုးစားပေးမှာ ဘာကတိကိုမှမပေးနိုင်ဘူး”


ထုံရွှယ်လူက ဒေါသတကြီးအော်လိုက်သည်။

“*ချီးကိုကြိုးစားပါလား”


ထုံရွှယ်လူက သူမကိုဆဲဆိုနေခြင်းဖြစ်ကြောင်း မာမိန်ကသဘောပေါက်ရန်အချိန်အနည်းငယ်ယူလိုက်ရသည်။

“နင်ကများ ဘယ်လိုဖြစ်ပြီး ငါ့ကိုအဲ့ဒီလိုပြောရဲရတာလဲ”


ထုံရွှယ်လူက ပြုံးလိုက်သည်။

“ဟုတ်တယ် ကျွန်မအခုဘဲပြောလိုက်‌တာလေ”


ထိုသို့ပြောပြီးနောက် ထုံရွှယ်လူက ရုတ်တရက်ခြေထောက်ကိုမြှောက်ကာ မာမိန်ကသတိမဝင်ခင်မှာပင် ဘေးဘက်မှကန်ထုတ်လိုက်သည်။


ထုံရွှယ်လူကန်သည်ကိုခံလိုက်ရသောအခါ မာမိန်က နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး မြေကြီးပေါ်သို့လဲကျသွားသည်။


ထုံရွှယ်လူက သူမကိုအော်ချိန်တောင်မပေးပေ။


သူမကအမြန်‌ေပြးလာပြီး မာမိန်ကိုမြေကြီးပေါ်တွင်ဖိချထားကာ အော်ခေါ်လိုက်၏။


“နင်တို့နှစ်ယောက် မြန်မြန်လာကြ”


သူမစကားဆုံးသောအခါ ထုံကျားမင်နှင့်ထုံကျားရှင်းတို့က လမ်း၏တစ်ဖက်မှ ပြေးထွက်လာကြသည်။


မာမိန်၏မျက်နှာက‌ဖြူလျော်သွားပြီး အားရှိသလောက်ရုန်းကန်လိုက်သည်။


“နင်တို့ဘာလုပ်မလို့လဲ၊ ငါပြောလိုက်မယ်နော် နင်တို့တစ်ခုခုလုပ်ရဲ့လိုကတော့ လွယ်လွယ်နဲ့အလွှတ်မပေးဘူး”


ထုံရွှယ်လူက မာမိန်၏ဖိနပ်ကိုချွတ်ကာ ပါးစပ်ထဲထိုးထည့်လိုက်သည်။ ထို့နောက် သူမက ထုံကျားမင်နှင့်ထုံကျားရှင်းတို့ကို မာမိန်၏ခြေလက်များအားဖိချုပ်ခိုင်းလိုက်သည်။


ထို့နောက် သူမက လက်သီးဆုပ်ကာ မာမိန်၏ရင်ဘတ်ကိုထိုးချလိုက်သည်။


ဖုန်းးးဖုန်းး။။

သူမက မာမိန်အား လက်ဝှေ့ထိုးသည့် သဲအိတ်လိုပင် ထပ်ခါတလဲလဲထိုးနေလိုက်သည်။


ပါးစပ်ထဲတွင် ဖိနပ်ထည့်ခံထားရသဖြင့် မာမိန်ကအသံမထွက်နိုင်ပေ။


သူမရင်ဘတ်ကနာလွန်းသဖြင့် မျက်ရည်များကပါးပြင်တစ်လျှောက်စီးကျလာသည်။


ဒီအရူးမတော့!!?!!!!

တကယ်ရူးနေတာဘဲ။


ထိုအရူးမက သူမ၏ရင်သားများကိုသာ ထိုးနေ၏။


တစ်ချက်ပြီးတစ်ချက် ထိုးချက်အားလုံးက သူမ၏ရင်သားအပေါ်သို့သာ ကျနေသည်။


ဘယ်လိုဖြစ်ပြီး မိန်းမတစ်ယောက်က အခြားမိန်းမတစ်ယောက်အပေါ် ဒီလိုမျိုးလုပ်နိုင်ရတာလဲ။

 ဘယ်ဘက်ရင်သားကို ထိုးခံလိုက်ရသည်။


ဘယ်လိုဖြစ်ပြီး မိန်းမတစ်ယောက်က အခြားမိန်းမတစ်ယောက်အပေါ် ဒီလိုမျိုးလုပ်နိုင်ရတာလဲ။

 ညာဘက်ရင်သားကို ထိုးခံလိုက်ရသည်။


သူမမျက်နှာကိုထိုးပါက ဒဏ်ရာကျန်နိုင်၏။

ထုံရွှယ်လူက မာမိန်သည် သူမ၏ရင်သားကိုရိုက်နှက်ခံရသည့်အကြောင်းအား အခြားသူများကို ပြောပြမည်မဟုတ်ဟု ယုံကြည်၏။ မဟုတ်ပါက သူမကသက်သေအဖြစ် အခြားသူများကိုထုတ်ပြရလိမ့်မည်။


ထုံရွှယ်လူက အဝရိုက်ပြီးသောအခါ မာမိန်၏ပါးစပ်ထဲမှ ဖိနပ်ကိုဆွဲထုတ်လိုက်သည်။


မာမိန်က သူမကိုပြင်းပြင်းထန်ထန်စိုက်ကြည့်နေရာ မျက်လုံးများပေါက်ထွက်တော့မလိုပင်။


“အရူးမ နင်ငါ့ကိုအခုသတ်ရင်သတ်လိုက် မဟုတ်လို့ကတော့ ငါနင့်ကိုရဲတိုင်ပစ်မယ်”


ထုံရွှယ်လူက ဖိနပ်ခုံဖြင့် သူမကိုအကြိမ်အနည်းငယ်ထပ်ရိုက်လိုက်သည်။


“ဘာလို့ငါကဘဲနင့်ကိုရိုက်ပြီး အခြားသူတွေကမရိုက်တာလဲဆိုတာကို ဘာလို့မမေးတာလဲ”


မာမိန်၏မျက်နှာက နီရဲသွားသည်။

“……” ထိုစကားများသည် သူမကထုံကျားမင်ကိုပြောခဲ့သည့်စကားများဖြစ်သည်။ 


“ဘာလို့လဲဆိုတော့ နင်ကသူတောင်းစားမ မလို့လေ”


မာမိန်က လူတစ်ယောက်ကိုအဆိပ်ခတ်နိုင်လောက်အောင်ပြင်းထန်သော အကြည့်ဖြင့်ကြည့်လာ၏။


ထုံရွှယ်လူက သူမကိုဆက်လှောင်လိုက်သည်။

“နင်ကငါ့ကိုရဲတိုင်ချင်တာလား ဟမ်၊ သွားလေ သွားတိုင်လိုက်၊ ငါကအစီအစဉ်မရှိဘဲနဲ့ နင့်ကိုလာရိုက်မယ်လို့များထင်နေတာလား၊ နင်သွားတိုင်ရဲလို့ကတော့ ငါသိထားတဲ့ နင့်ရဲ့အပုပ်အပွတွေအားလုံးကို ဖော်လိုက်မယ်၊ ပြီးတော့အတူတူသေကြတာပေါ့”


ထုံရွှယ်လူ၏စကားများက မာမိန်ကိုလန့်သွားစေသည်။ သူမက ထုံရွှယ်လူကိုရက်စက်စွာစိုက်ကြည့်လိုက်သည်။


ငါ့လျှို့ဝှက်ချက်ကို သူသိသွားတာလား။

၎င်းကဖြစ်နိုင်သည်ဟု သူမမထင်ပေ။

သူမက သူမ၏လမ်းကြောင်းများကို ကောင်းကောင်းဖုံးကွယ်ထားပေသည်။


ထုံရွှယ်လူက လျှောက်ပြောနေတာဖြစ်ရမည်။

ထိုသို့တွေးလိုက်ပြီး သူမကစိတ်ကိုငြိမ်အောင်ထားလိုက်သည်။

“ဘာတွေပြောနေတာလဲ၊ ငါ့မှာဘာအပုပ်အပွမှမရှိဘူး နင်ကအတူတူကျရှူံးချင်တယ်ဟုတ်လား ကောင်းပြီလေ လုပ်ကြတာပေါ့”


ထုံရွှယ်လူက မာမိန်တွေဝေသွားသည့် စက္ကန့်အနည်းငယ်လေးကို ဖမ်းမိလိုက်၏။ သူမကအကြံရသွားသည်။


အမှန်ပင် သူမကလျှောက်‌ပြောနေခြင်းဖြစ်သည်။


သို့သော်ငြား လူတိုင်းတွင်အပုပ်အပွများရှိတတ်သည်ကို သူမသိပေသည်။ တချို့က အဓိပ္ပါယ်မရှိသည့် လျှို့ဝှက်ချက်သေးသေးလေးများသာဖြစ်သော်လည်း တစ်ချို့ကမူ ကိစ္စကြီးများဖြစ်ကာ အခြားသူများကိုသိသွားစေ၍မဖြစ်ပေ။


မာမိန်၏အမူအရာမှတစ်ဆင့်အကဲခတ်ရလျှင် သူမ၏လျှို့ဝှက်ချက်က ကြီးသည့်ထဲတွင်ပါနေနိုင်၏။


သူမက မြေကြီးပေါ်တွင်ရှိနေဆဲဖြစ်သော မာမိန်ကို ငုံ့ကြည့်လိုက်သည်။


“နင်ကြိုးစားကြည့်လို့ရတယ်၊ ငါ့အတွက်အဆိုးဆုံးဆိုလို့ ပြန်လည်ပြုပြင်ရေးစခန်းကို အချိန်တစ်ချို့လောက် အပို့ခံလိုက်ရရုံဘဲ၊ နင်ဆိုရင်တော့ မတူဘူးလေ၊ နင့်ဘဝကြီးကပျက်စီးသွားမှာ ဘာမှကျန်တော့မှာ မဟုတ်ဘူး”


“! ! !”

ရုတ်တရက်ဆိုသလိုပင် မာမိန်၏မျက်နှာက ဖြူဖျော့သွားကာ ခြေဖျားလက်ဖျားများအေးစက်လာသည်။


သူမတကယ်ကိုသိနေတာဘဲ။


ထုံရွှယ်လူကပို၍သေချာသွားပြီဖြစ်သည်။


သူမမသိသေးသည်မှာ ဘယ်လိုကိစ္စက မာမိန်ကိုဤကဲ့သို့တုန်လှုပ်သွားစေတာလဲဆိုတာပင်။


ဒါက အရမ်းစိတ်ဝင်စားဖို့ကောင်းနေပြီ။


မှောင်နေပြီကိုမြင်သောအခါ သူမက ထရပ်ပြီး ထုံကျားမင်နှင့် ထုံကျားရှင်းတို့ကိုပြောလိုက်သည်။


“ပြန်ကြမယ်”


ထုံကျားရှင်းက မာမိန်၏ခြေထောက်ကိုလွှတ်ပေးလိုက်ကာ သူမဘေးမှ‌ဖြတ်သွားရင်း ရုတ်တရက် ခြေထောက်မြှောက်ပြီး သူမကိုခပ်မြန်မြန်တစ်ချက်ကန်လိုက်ပြီး အရူးလိုထွက်ပြေးသွားသည်။


မာမိန်က သူမလျှို့ဝှက်ချက်ဖော်ထုတ်ခံလိုက်ရသည်ကို လန့်နေဆဲဖြစ်သဖြင့် ထုံကျားရှင်း၏ရုတ်တရက်တိုက်ခိုက်မှုကို မရှောင်နိုင်ခဲ့ပေ။


သူမခါးကအလွန်နာကျင်သွားသဖြင့် အော်ငိုကာ နာကျင်မှုဖြင့် မျက်နှာကရှူံ့မဲ့သွား၏။


ထုံကျားရှင်းက လမ်းကြားထဲမှပြေးထွက်လာပြီးမှ အားရစွာပြောလာ၏။


“ဒုတိယအကို ကျွန်တော်အကို့အတွက် လက်စားချေလိုက်ပြီ သူ့ကိုကန်ပစ်လိုက်တယ်”


“အမ်းးး”


ထုံကျားမင်က သူ့ကိုအသိအမှတ်ပြုသလို အသံပေးလိုက်သည်။ သူ့နှုတ်ခမ်းများတွန့်ကွေးနေ၏။


ထုံကျားရှင်းပြောသည်ကို နားထောင်ပြီးနောက် ထုံရွှယ်လူက သူတို့နှစ်ယောက်ကိုပြောလိုက်သည်။

“ဒီနေ့ဖြစ်ခဲ့သမျှကို ဘယ်သူ့ကိုမှမပြောနဲ့နော် ဟုတ်ပြီလား”


သူတို့နှစ်ယောက်က ခေါင်းညိတ်ပြလိုက်ကြသည်။


ထုံကျားမင်က ဘယ်‌တုန်းကမှ သူ့ခံစားချက်ကိုထုတ်မပြပေ။ သို့သော်ငြား သူတစ်ချိန်လုံးခံစားနေခဲ့ရသည့် လေးလံမှုများကို လွှတ်ချနိုင်လိုက်ပြီဖြစ်ကြောင်း သူ၏ခြေလှမ်းများကပြောပြနေသည်။


သူက မာမိန်သူ့ကိုရိုက်သလို ပါးပြန်မရိုက်လိုက်နိုင်သော်ငြား သူမကိုရိုက်နိုင်သည့်အတွက် အလွန်ပျော်ရွှင်နေဆဲဖြစ်သည်။


ဤမတိုင်မီတွင် သူက အကြောင်းအရင်းမရှိဘဲ ဘယ်လိုတောင် အဆူအဆဲခံ၊ အရိုက်ခံနေခဲ့ရသည်ကို ပြန်တွေးကြည့်လိုက်သောအခါ အလွန်ဒေါသထွက်မိပေသည်။ နှစ်ညတိုင်အောင် သူကမခံမရပ်နိုင်မှုကြောင့် အိပ်ရာထဲတွင် ငိုခဲ့ရသည်။


ကျေးဇူးတင်စရာကောင်းစွာဖြင့် အခုဆိုလျှင် သူခံစားရသည်က အများကြီးသက်သာသွားပြီဖြစ်သည်။


ထုံရွှယ်လူက မာမိန်ကို သူတို့နှစ်ယောက်အတွက် ရိုက်ခဲ့ခြင်းဖြစ်သည်။


သူမက အထူးသဖြင့် ထုံကျားရှင်းအတွက်လုပ်ခဲ့ခြင်းဖြစ်သည်။

မဟုတ်ပါက ဤအဖြစ်အပျက်သည် ထုံကျားရှင်း၏ဘဝတစ်လျှောက်လုံး၌ အရိပ်မည်းကြီး‌လိုကပ်ပါလာကာ ဖြေရှင်းနိုင်မည်မဟုတ်ပေ။

 

သူမရလာသည့် အပိုအကြောင်းအရာများကိုမူ မမျှော်လင့်ထားမိပေ။


အခုချိန်တွင် သူမက မာမိန်၏လျှို့ဝှက်ချက်က ဘာဆိုသည်ကိုရှာပြီး ဘယ်လိုဖော်ထုတ်ရမလဲဆိုသည်ကို စဉ်းစားရပေမည်။


***

အမေရှောင်က အမြဲဆိုသလိုပင် လုပ်ကိုင်နိုင်စွမ်းရှိသောသူဖြစ်သည်။


သူမက ထုံရွှယ်လူနှင့်တွေ့ပြီးပြန်လာကတည်းက သူမ၏အကိုကြီးကိုဖုန်းဆက်ကာ အထက်တန်းအဆင့် သင်္ချာ၊ရူပ‌နှင့် ဓာတုစာအုပ်အပြည့်အစုံကို ကော်ပီ1000ရှာခိုင်းလိုက်သည်။ သူမ၏အကိုက ဘာကြောင့်စာအုပ်အများကြီးလိုချင်နေသည်ကို မသိ၍ခေါင်းရှူပ်သွားသည်။ သို့သော်ငြား သူမအတွက်လုပ်‌ထားပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်ဆဲဖြစ်သည်။


နှစ်ရက်ကြာပြီးနောက်တွင် စာအုပ်များရပြီဖြစ်သောကြောင့် သူက အမေရှောင်ကိုဖုန်းဆက်ကာ လာယူခိုင်းလိုက်သည်။


****ဘာသာပြန်သူမှာ လေရှည်စရာရှိ..

တကယ်အားရတာ မဟုတ်ရင် ဒေါသထွက်လို့ ရင်ထဲတောင်အောင့်တယ် 😁