အပိုင်း ၆၅ ( The Emperor 15 )
Viewers 10k

ယန်ကျင်းဇီ ပျော်ရွှင်နေသည်ကို တွေ့သောအခါ ချူထင်းရှိူ့လည်း ပျော်ရွှင်မိသည်။


အရှင်မင်းကြီးက သူ့ကို ဤပုံစံဖြင့် သဘောကျကတည်းက သူသည် ယခုအချိန်မှစ၍ ညီလာခံထဲတွင် အရှင်မင်းကြီး၏ဘက်၌ အမြဲတမ်း ရပ်တည်နိုင်ပြီဖြစ်သည်။


သူ(ယန်ကျင်းဇီ) ဤသို့ပြုမူနေသည်မှာ မည်သည့်အကြောင်းရင်းအတွက်ကြောင့်ပဲဖြစ်ဖြစ် သူသည်(ချူထင်းရှိူ့သည်) အမြဲတစေ သူ့အား(ယန်ကျင်းဇီအား) ပျော်ရွှင်အောင် ဆောင်ရွက်ပေးချင်သည် : " အရှင်မင်းကြီး ငါက မင်းဘေးမှာ အမြဲရှိနေမှာပါ။ "


" ကောင်းတယ်။ " ယန်ကျင်းဇီသည် ချူထင်းရှိူ့အား နမ်းလိုက်သည် : " ဆုအနေနဲ့ ရက်အနည်းငယ်အတွင်း ကိုယ် မင်းကို မြို့တော်အပြင်ဘက်က ရွာကို ခေါ်သွားမယ်။ "


" ငါ့ကို အပြင်ခေါ်ပြီး ထွက်လည်မယ်? " ချူထင်းရှိူ့ အံ့အားသင့်သွားသည်။


ယန်ကျင်းဇီက ဆိုသည် : " မင်း ဆော့ဖို့ အ‌ပြင်ထွက်တာ မဟုတ်ရင် ကိုယ်က မြို့တော်အပြင်ဘက်က ရွာမှာ ဘာသွားလုပ်ရမှာလဲ? အဲ့မှာ မြေကြီးက ကျယ်တယ်။ မင်း မင်းရဲ့မြင်းကို ယူပြီး အကြိမ်အနည်းငယ် မြင်းပတ်စီးလို့ရတယ်။ "


ချူထင်းရှိူ့ သဘောကျလိမ့်မည်ဟု ယန်ကျင်းဇီ တွေးခဲ့ပြီး ချူထင်းရှိူ့ကလည်း အမှန်တကယ် သဘောကျလေသည်။ နန်းတော်သည် သူ့အား စိတ်ညစ်စရာ ခံစားချက်ကို အမြဲတမ်း ပေးနေလျက်ရှိသဖြင့် ရက်အနည်းငယ်လောက် မြို့တော်အပြင်ဘက်မှ ရွာသို့ သွားရမည်မှာ ကောင်းမွန်လိမ့်မည်ပင်။


အရှင်မင်းကြီးနှင့်အတူ ခရီးသွားရခြင်းမှာ အလွန် ကောင်းမွန်သော အမှတ်တရတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။


" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး " ချူထင်းရှိူ့လည်း ယန်ကျင်းဇီအား နမ်းလိုက်သည်။


ခရီးမထွက်ခင်ကတည်းကပင် သူ့စစ်သူကြီးက အလွန်ပျော်ရွှင်နေပြီး စိတ်အားထက်သန်နေပြီဖြစ်သည်။ သူတို့ ရွာသို့ ရောက်သွားသည်ကိုသာ စောင့်လိုက်လျှင်...


ယန်ကျင်းဇီသည် သူ မသွားခင် ရက်အနည်းငယ် ကြာမြင့်ဦးမည်ဖြစ်ရာ အနည်းငယ် နှေးကွေးလွန်းသည်ဟု ရုတ်တရက် တွေးမိသွားသည်။


ယန်ကျင်းဇီနှင့် ခဏတဖြုတ် စကားပြောပြီးနောက် ချူထင်းရှိူ့သည် သူ နန်းတော်အပြင်ဘက်သို့ သွားရဦးမည်ဖြစ်ကြောင်း ပြောခဲ့သည်။


" သွားပြီး ညကျရင် ပြန်လာဖို့ သတိရဦး။ မဟုတ်ရင် ကိုယ် အရမ်းအထီးကျန်လွန်းလို့ အိပ်ပျော်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ကိုယ် အရမ်းဝမ်းနည်းနေရလိမ့်မှာ။ " ယန်ကျင်းဇီ သူ့ပါးစပ်ကို ဖွင့်ကာ ပြောတော့သည်။


ချူထင်းရှိူ့ မရယ်ဘဲ မနေနိုင်တော့ : " ငါ ပြန်လာပါ့မယ်။ "


အရှင်မင်းကြီးက သူ့ကို အမှန်တကယ် ချစ်မြတ်နိုးပြီး သူ့တစ်ယောက်တည်းသာလျှင် အရှင်မင်းကြီး၏နှလုံးသားထဲတွင် ရှိသည် ဟူသော ဤအရာများအားလုံးဟာ မှန်ကန်ကြောင်း သူ ယုံကြည်ချင်သည်။


နန်းတော်မှ ထွက်ခွာပြီးနောက် ချူထင်းရှိူ့ သူ့ညီမကို တွေ့ရန် အိမ်ပြန်ခဲ့သည်။


သူ၏ သူ့ညီမနှင့် နောက်ဆုံးတစ်ခေါက် ဆိုးဆိုးရွားရွား ကွဲကွာမှုပြီးနောက် အစပိုင်း၌ သူသည် ဒေါသထွက်ခဲ့သော်လည်း နောက်ပိုင်း သူ့တွင် သူ(မ)နှင့်ပတ်သက်၍ အပြစ်ရှိစိတ်များသာ ကျန်ရစ်ခဲ့သည်။


သူ့ညီမသည် ငယ်ရွယ်သေးပြီး သူ(မ) ပင်းဝမ်စီမှ ဖြားယောင်းခံရခြင်းမှာ သဘာဝကျသည်။ သို့သော် သူသည် သူ့ကိုယ်ပိုင်ခံစားချက်များနှင့် အလွန်နစ်မြုပ်နေခဲ့သဖြင့် သူ(မ)၏မူမမှန်မှုကို သတိပင်မပြုမိခဲ့ချေ။


ရလဒ်မှာတော့ သူသည် သူ့ညီမကို သွားတွေ့ရန် အနည်းငယ် ကြောက်ရွံ့နေမိသည်... ဒါက သူတို့ နောက်မှ တွေ့သော ပထမဆုံးအကြိမ် ဖြစ်သည်။


ချူထင်းရှိူ့သည် သူ့ညီမ၏ခြံရှေ့တွင် အတန်ကြာအောင် ရပ်နေပြီးမှ ဝင်ရောက်ရန် တစ်စုံတစ်ယောက်အား ခြံတံခါးကို ဖွင့်ခွင့်ပြုခဲ့သည်။


သူ့ညီမသည် အိမ်ထဲတွင် ရှိနေသော်လည်း သူ(မ)သည် အပြင်ဘက်မှ ဆူညံသံကို ကြားချိန်၌သာ ထွက်လာသည်။


အချိန်အတော်ကြာသွားပြီဖြစ်၍ ချူထင်းရှိူ့သည် သူ့ညီမက အတော်ပိန်သွားကြောင်း တွေ့လိုက်ရပြီး လူတစ်ယောက်လုံးဟာ တော်တော်လေး မျက်တွင်းကျသွားကာ သူ့ကိုတွေ့တော့ သူ(မ)၏မျက်ဝန်းထောင့်များမှာ ပို၍ပင် နီရဲလာခဲ့သည် : " အစ်ကို ညီမလေး မှားမှန်း သိပါပြီ။ "


" မင်း မှားမှန်း သိတာ ကောင်းတယ်။ " ချူထင်းရှိူ့က ဆိုသည် : " ပင်းဝမ်က ချူမိသားစုကို သူ့ဘက်ပါအောင် ခေါ်ဖို့ ကြိုးစားနေပြီး ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ မရှိဘဲ မင်းနားကို တမင်တကာ ချဥ်းကပ်ခဲ့တာ။ "


ချူထင်းလန်သည် သူ(မ)၏ခေါင်းကို နှိမ့်ကာ ငိုကြွေးသံတစ်ခုနှင့် တုံ့ပြန်သည်။ ပင်းဝမ်က သနားဖို့ကောင်းတာ လုံလောက်နေပါပြီ။ အခုထိ သူ(မ)အစ်ကိုက သူ့ကို သားပုပ်လေလွင့် စွပ်စွဲချင်နေတုန်းပဲ...


ဤအခိုက်အတန့်၌ ချူထင်းလန်တွင် အငြိုးအတေးများ ပြည့်နှက်နေသည်။


သူ(မ)သည် သူ(မ)အမှားကို ဝန်ခံချင်ခဲ့သည်မဟုတ်သော်ငြား... သူ(မ) မဝန်ခံရင် ချူထင်းရှိူ့က သူ(မ)ကို ဆက်ပြီး အခန်းထဲ ထည့်ပိတ်ထားဖို့ စီစဥ်ထားတာ!


သူ(မ) အပြင်ထွက်ချင်သည်။


ပင်းဝမ်၏ သူ(မ)အပေါ် သဘောထားအတွက်မူ... ပင်းဝမ်က ထိုသို့သော လူမျိုး မဟုတ်ကြောင်း သူ(မ) ယုံကြည်သည်။


အကယ်၍ ပင်းဝမ်၌ အမှန်တကယ်ပင် သူ(မ)အပေါ် မကောင်းသော ရည်ရွယ်ချက် ရှိပြီး သူ(မ)ကို လက်ထပ်ခြင်းဖြင့် သူ(မ)အစ်ကို၏ ထောက်ခံမှုကို ရယူချင်သည်ဆိုပါလျှင်... ဘာကြောင့် သူ(မ)၏အစ်ကိုက ပင်းဝမ်ကို မကူညီနိုင်ရပါသနည်း? သူ(မ)၏အစ်ကိုသာ ပင်းဝမ်ကို ကူညီရန် ဆန္ဒရှိပါလျှင် အခု ပလ္လင်ပေါ်က ယောကျာ်းပျိုက ပင်းဝမ် ဖြစ်နေပြီ!


" မင်း ကောင်းကောင်းအနားယူလိုက်ဦး။ မင်း လိုချင်တာ ရှိရင် မင်း အိမ်တော်ထိန်းကို မေးနိုင်တယ်။ " ချူထင်းရှိူ့ ပြောလိုက်သည်။ သူသည် ယခုတလော နန်းတော်ထဲတွင် နေထိုင်လျက်ရှိရာ သူ သူ့ညီ(မ)ကို အရမ်းကြီး မထိန်းချုပ်နိုင်ပေ။


" ဟုတ်ကဲ့ပါ... " ချူထင်းလန်က ခေါင်းမော့ကာ ချူထင်းရှိူ့ကို ကြည့်သည် : " အစ်ကို ညီ(မ)လေးရဲ့ လက်ထပ်ထိမ်းမြားမှု... "


ချူထင်းရှိူ့ : " ငါ မင်းကို ကူညီပြီး တစ်ယောက်ရွေးပေးမယ်။ " သူ့ညီ(မ)လေး မကြာခင် လက်ထပ်နိုင်လိမ့်မည်ဟု သူ မျှော်လင့်နေခဲ့သည်။


အနာဂတ်တွင် တစ်စုံတစ်ရာ သူ့ထံ၌ ဖြစ်သွားခဲ့ပါလျှင် သူ့ညီမလေး အိမ်ထောင်ပြုပြီးသရွေ့ သူ(မ) အဆင်ပြေလိမ့်မည်ဖြစ်သည်။


အရှင်မင်းကြီးက ကြင်နာတတ်ပြီး သူ့အတွက် ချစ်ခင်ကြင်နာမှု အနည်းငယ် ရှိလေရာ သူက(ယန်ကျင်းဇီက) ပလ္လင်အတွက်နှင့် သူ့ကို သည်းမခံနိုင်လျှင်တောင်မှ သူသည်(ယန်ကျင်းဇီသည်) သူ့ညီမအား မသက်ညှာဘဲနေမည်မဟုတ်ချေ။


" ကျေးဇူးတင်ပါတယ် အစ်ကိုတော်... အစ်ကို ညီမလေးနဲ့ အတူတူ ထမင်းစားသွားပါဦးလား? " ချူထင်းလန်က သူ(မ)၏အစ်ကိုအား မော့ကြည့်နေခဲ့သည်။


ချူထင်းရှိူ့ သဘောတူလိုက်သည်။


​နေ့လယ်စာကို ခင်းကျင်းပြင်ဆင်ခဲ့ပြီး သူတို့နှစ်ယောက် အတူတကွ သုံးဆောင်ခဲ့ကြသည်။ စားသောက်နေကြစဥ် ချူထင်းလန်သည် အပြင်လောကအကြောင်း မေးခွန်းတချို့ကိုလည်း မေးမြန်းခဲ့သည်။


ချူထင်းရှိူ့သည် ၎င်းတို့ကို တစ်ခုချင်းစီ ပြန်ဖြေခဲ့လေသည်။


ချူထင်းလန်က ရုတ်တရက် မေးခဲ့သည် : " အစ်ကိုကြီးက ဘာလို့ ညီမလေးကို အရှင်မင်းကြီးနဲ့ လက်မထပ်စေချင်တာလဲ? "


ချူထင်းလန်၏မေးခွန်းကို ကြားလိုက်ရတော့ ချူထင်းရှိူ့၏မျက်ခုံးများ တွန့်ချိုးသွားရသည်။


သူ့ညီမနှင့်ပင်းဝမ်တို့အကြောင်း သိရှိလိုက်ရပြီးနောက် သူ့ညီမတွင် နန်းတော်ထဲသို့ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ အခြားအကြံဉာဏ်များ ရှိနေလောက်မည် သို့မဟုတ် အရှင်မင်းကြီးအား မကောင်းတာ တစ်ခုခု ပြုလုပ်ရန် ပင်းဝမ်က သူ(မ)ကို သွေးထိုးလှုံ့ဆော်ပြီးသားပင် ဖြစ်နေလောက်သည်ဟု ချူထင်းရှိူ့ ခန့်မှန်းမိခဲ့သည်။


ထို့ကြောင့် ယခု သူ့ညီ(မ) ၎င်းကို ထည့်ပြောလာသောအခါ သူသည် သတိရှိသွားသည်။


သို့သော် သူ့ညီမမှာ ရိုးရိုးရှင်းရှင်း စူးစမ်းလိုစွာဖြင့် မေးမြန်းနေခြင်းလည်း ဖြစ်နိုင်သည်။


" အရှင်မင်းကြီးက မင်းကို မနှစ်သက်ဘူး။ တစ်နေ့ ငါ တစ်ခုခုဖြစ်ခဲ့ရင် နန်းတော်ထဲမှာ မင်းတစ်ယောက်တည်း ဘာဖြစ်လာလိမ့်မလဲ? " ချူထင်းရှိူ့သည် သူ့နှလုံးသား၏အောက်ခြေမှ စိတ်ရင်းစိတ်မှန်ကို ထုတ်ပြောလာသည်ဟု စဥ်းစားနိုင်သည်။


" အစ်ကိုတော်? " ချူထင်းလန် အံ့အားသင့်သွားသည်။


ချူထင်းရှိူ့သည် တခြားတစ်စုံတစ်ရာအကြောင်း စကားလမ်းကြောင်းပြောင်းလိုက်သည်။


ချူထင်းလန်သည် နောက်ထပ်မေးခွန်းများကို မမေးတော့ဘဲ သူတို့ စကားကောင်းခဲ့ကြသည်။


ချူထင်းရှိူ့ ထွက်ခွာသောအခါ ချူထင်းလန်သည် သူ မနက်ဖြန် အိမ်ပြန်လာနိုင်မလားဟု သူ့အား မေးမြန်းခဲ့သည်။


ချူထင်းရှိူ့ တွေးလိုက်သည်။


" မနက်ဖြန်နေ့လယ်ကျရင် ငါ မင်းနဲ့ နေ့လယ်စာ စားဖို့ ပြန်လာခဲ့မယ်။ "


ချူထင်းလန် ပျော်ရွှင်စွာ လက်ခံခဲ့သည်။


အိမ်မှထွက်လာပြီးနောက် ချူထင်းရှိူ့သည် တော်ဝင်တပ်ဖွဲ့၏ အဓိကစခန်းကို ဦးစွာ သွားလိုက်သည်။


ယနေ့ စခန်းတွင် နေထိုင်နေသူများအားလုံးမှာ မြောက်ပိုင်းတပ်ဖွဲ့မှ တပ်သားဟောင်းများ ဖြစ်ကြသည်။


တော်ဝင်တပ်သားတစ်ဦး ဖြစ်လာပြီးနောက် သူတို့တွင် နေထိုင်ရန် နွေးထွေးသော အိမ်များ ရှိလာရုံတင်မကဘဲ နေ့စဥ်နေ့တိုင်း သူတို့ စားချင်သလောက် စားနိုင်ပြီး မကြာခဏ သူတို့ အသားစားနိုင်သဖြင့် မြောက်ပိုင်းတပ်ဖွဲ့မှ ယောကျ်ားကြီးများကို အလွန်စိတ်ကျေနပ်စေလေသည်။


" ဒါတွေအကုန်လုံး အရှင်မင်းကြီးရဲ့ကျေးဇူးတော်ပဲ။ " ချူထင်းရှိူ့က ဆိုသည်။


ထိုတပ်မှူးများနှင့် တပ်သားများက ခေါင်းညိတ်ခဲ့ကြသည်။


ချူထင်းရှိူ့သည် ဤနေရာတွင် ခဏတဖြုတ်သာ နေပြီး ထို့နောက် နန်းတော်သို့ ပြန်သွားခဲ့သည်။


သူ ပြန်ရောက်သောအခါ ယန်ကျင်းဇီသည် ယနေ့ နိုင်ငံရေးကိစ္စရပ်များကို ဖြေရှင်းပြီးပြီဖြစ်ပြီး ယန်ကျင်းဇီက သူ့ကို မြင်သောအခါ ခေါင်းမော့ကာ ပြုံးပြသည်။


" ပြန်လာပြီလား? "


" အင်း " ချူထင်းရှိူ့ ရှေ့တိုးကာ ယန်ကျင်းဇီကို နမ်းလိုက်သည်။


သူ့အရှင်မင်းကြီးသည် သူ ပြန်လာမည်ကို စောင့်ဆိုင်းနေပုံလေရာ သူ့နှလုံးသားကို ပျော်ရွှင်မှုများနှင့် ပြည့်စေသည်။


" မင်း ဒီနေ့ ဘယ်သွားခဲ့လဲ? " ယန်ကျင်းဇီက ထပ်မေးသည်။


" ငါ့ညီမကို သွားတွေ့ပြီး တပ်စခန်းကို သွားကြည့်ခဲ့တယ်။ " ချူထင်းရှိူ့က ဖြေသည်။


" မင်းညီမ အခု ဘယ်လိုနေလဲ? " ယန်ကျင်းဇီက မေးပြန်သည်။


ချူထင်းရှိူ့သည် ယနေ့ သူ့ညီမနှင့် ပြောခဲ့သော စကားစမြည်များကို အပြည့်အစုံ ပြန်ပြောပြသည်။


ယန်ကျင်းဇီက ဆိုသည် : " ကိုယ် လူလွှတ်ပြီး သူ(မ)ကို စောင့်ကြည့်ခိုင်းထားလိုက်မယ်။ ပြီးရင် သူ(မ)အတွက် ခင်ပွန်းကောင်းတစ်ဦး ကိုယ် သေချာရှာပေးမယ်။ "မူလဇာတ်ကြောင်းတွင် ဤအမျိုးသမီးက မူလပိုင်ရှင်အား အဆိပ်ခတ်ခဲ့သော်လည်း သူ သူ(မ)ကို မမုန်းပါပေ။


တကယ်တော့ သူလည်း မူလပိုင်ရှင်ကို အဆိပ်ခတ်သတ်ချင်သည်။


ထို့အပြင် ဒါက ချူထင်းရှိူ့၏ ညီမ ဖြစ်သည်... ယန်ကျင်းဇီသည် ပိုမိုကောင်းမွန်သော လက်ထပ်ထိမ်းမြားမှုကို သူ(မ)အတွက် ရွေးချယ်ရန် စီစဉ်ထားပြီး အနာဂတ်တွင် သူ(မ) သားသမီးဖွားမြင်သောအခါ ကလေးက ချူမိသားစုသို့ ပြောင်းရွှေ့ခံရလိမ့်ပေမည်။


ဘာပဲဖြစ်ဖြစ် ချူထင်းရှိူ့က ဘယ်တော့မှ သူ့ဘဝမှာ ကလေးရှိလာမှာ မဟုတ်ဘူး!


သူကိုယ်တိုင်လည်း ကလေးယူမည် မဟုတ်ပေ... ယခုတလော ယန်ကျင်းဇီသည် ပင်းဝမ်၏ဖြစ်ရပ်ပြီးနောက် ငုံးတစ်ကောင်နှင့်တူသော ရုန်ဝမ်အား စောင့်ကြည့်နေဖြစ်သည်။


နှစ်အနည်းငယ်အတွင်း ရုန်ဝမ် အရွယ်ရောက်လာသောအခါ သူ့အား သားသမီးများ ပိုယူခိုင်းပြီး သူတို့ထဲမှ တစ်ဦးကို အနာဂတ်တွင် သူ့အမွေခံအဖြစ် ရွေးချယ်လိုက်မည်။


စကားမစပ် သူသည် ရုန်ဝမ်၏သားတော်ကိုသာ ကြည့်နေမည့်အစား ရုန်ဝမ်၏မြေးတော် အရွယ်ရောက်လာမည်ကိုပင် စောင့်ဆိုင်းနိုင်သည်... သူသာ သိုင်းပညာကို နေ့တိုင်း လေ့ကျင့်ပြီး သူ့ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် သူ ချူထင်းရှိူ့နဲ့ အသက်အရှည်ကြီး သေချာပေါက် နေနိုင်မှာ!


" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး " ချူထင်းရှိူ့ ကျေးဇူးတင်လိုက်သည်။ သူသည် ယန်ကျင်းဇီက သူ့ညီမအတွက် ခင်ပွန်းကိုပင် ရွေးချယ်ပေးလိမ့်မည်ဟု မမျှော်လင့်ထားပေ... သို့သော် ၎င်းမှာ ကောင်းမွန်သော ကိစ္စ ဖြစ်သည်။ သူ(မ)တွင် အရှင်မင်းကြီးကိုယ်တိုင် ချီးမြှင့်ထားသော ထိမ်းမြားလက်ထပ်မှု ရှိလျှင် သူ့ညီမသည် ပို၍လုံခြုံမှုရှိလိမ့်မည်။


ယန်ကျင်းဇီက ချူထင်းရှိူ့ ဘာလိုချင်လဲ မေးမြန်းခဲ့ပြီး သူက ဖြေသည် : " ငါ့မှာ ဘာတောင်းဆိုချက်မှ မရှိပါဘူး။ "


ချူထင်းရှိူ့တွင် မည်သည့်တောင်းဆိုချက်မှ မရှိခဲ့ဘဲ သူသည် ထိုယောက်ျားက သူ့ညီမကို ကောင်းမွန်စွာ ဆက်ဆံမည်ဟုသာ မျှော်လင့်သည်။


" ဒါဆို မင်း ကောင်းမွန်တဲ့ ထုံးတမ်းဓလေ့တွေ ရှိတဲ့ မိသားစုကောင်းကနေ ရွေးချယ်နိုင်တယ်။ သူတို့ရဲ့ ဒုတိယမြောက် အငယ်ဆုံးသားကို ရွေးပြီး သူတို့ ကလေးရလာရင် ချူမိသားစုထဲ ပြောင်းခိုင်းလိုက်။ " သူသည် ချူထင်းရှိူ့ထံ 'လွှဲပြောင်း'ဟု မပြောခဲ့ဘဲ ချူမိသားစုထံ'လွှဲပြောင်း'ဟု တည့်ပြောခဲ့သည်။


မည်သို့ပင်ဖြစ်စေ သူသည် ချူထင်းရှိူ့ ကလေးများ ထိန်းကျောင်းပျိုးထောင်နေခြင်းနှင့်ပတ်သက်၍ မပျော်ရွှင်ပေ။


သေချာတာပေါ့၊ ချူထင်းရှိူ့မှာ အချိန်ရှိရင် သူနဲ့ အတူရှိနေရမယ်!


ချူထင်းရှိူ့က ပို၍ပင် အံ့အားသင့်သွားရသည်။


သူ့အား ချစ်ခင်မြတ်နိုးစွာ ကြည့်နေသော ယန်ကျင်းဇီက ဆိုသည် : " မင်း ကိုယ့်ကို လာဘ်ထိုးချင်လား? ကိုယ် မင်းအတွက် အကောင်းဆုံးယောက်ဖကို ရှာပေးမယ်! "


ချူထင်းရှိူ့ သူ့ကို နမ်းလိုက်သည်။


အရှင်မင်းကြီးက စားပွဲပေါ်တွင် ညစာကို ခင်းကျင်းပြင်ဆင်စေချင်ပါပြီလားဟု လာရောက်မေးမြန်းသော ဝမ်ကျုံး : " ... " အရှင်မင်းကြီးက ချူစစ်သူကြီးကို ထပ်မံ၍ သွားရောက်ညှဉ်းပန်းနေပြန်ပြီ။ ညစာကမူ စောင့်ဆိုင်းရတော့မည်။ အိုက်ယား၊ ချူစစ်သူကြီး အရှင်မင်းကြီးအား စိတ်ရှည်စေရန်အတွက် ယခင်အတိတ်၌ အရှင်မင်းကြီး ခံစားခဲ့ရသော အခက်အခဲများအကြောင်း ချူစစ်သူကြီးနှင့် သူ ထပ်မံ စကားပြောသင့်ပြီပင်။


အစောင့်တပ်မှူး : " ... " ဖြစ်ပြန်ပြီဗျာ! အရှင်မင်းကြီးက တစ်ရက်လောက် ရပ်ပေးလို့မရဘူးလား? သူသည် အရှင်မင်းကြီးနှင့် ချူစစ်သူကြီးတို့အား နေ့စဉ်နေ့တိုင်း စောင့်ကြည့်နေရပြီး စိတ်ဆန္ဒများကို မျိုသိပ်ထားရသည်။ ရံဖန်ရံခါ အိမ်ပြန်ပြီး သူ့ဇနီးကို လူးလှိမ့်တာ များလွန်းသွားသဖြင့် သူ(မ) အိပ်ရာထဲကပင် မထွက်နိုင်တော့။


တော်ဝင်သမားတော်ဟူ : " ... " အရှင်မင်းကြီး၊ အဲ့လူးဆေးဆီတွေ အများကြီး သုံးသုံးနေတာ၊ ဘယ်လိုလုပ် အရှင် ချူစစ်သူကြီးစီက အရိုက်ခံမရသေးတာလဲ?


ဤလူများ၏အတွေးများကို ယန်ကျင်းဇီ မသိပေ။ သူသာ သိလျှင် သူ မတရားခံရသဖြင့် အော်ဟစ်ငိုကြွေးလောက်သည်။


အမှန်တကယ်တော့ သူ ‌အများကြီး မတွေးဖြစ်ချေ။ ၎င်းက သူ့စစ်သူကြီး၏ စိတ်အားထက်သန်မှု ဖြစ်သည်။


သေချာတာပေါ့၊ သူလည်း ပျော်မွေ့ပါတယ်!


...


ယန်ကျင်းဇီ နန်းတော်မှ ထွက်ခွာရန်မှာ အတော်လေး အလုပ်ရှုပ်ပြီး သူသည် တစ်စုံတစ်ယောက်အား ရွာကို ကြိုတင်ရှင်းလင်းစေခြင်း အစရှိသည့် ကြိုတင်ပြင်ဆင်မှုများစွာကို ဆောင်ရွက်ရသည်။ ရွာရှိ မူလရွာသားများကို အခြားတစ်နေရာတွင် နေထိုင်ရန် ခေါ်သွားရသည် – ပြီးနောက် သူသည် အမှုထမ်းရန် သူ၏ အယုံကြည်ရဆုံးသူများနှင့်သာ ကျန်ရစ်ခဲ့သည်။


ထိုနှင့် နောက်တစ်နေ့၌ အစောင့်တပ်မှူး အလုပ်သွားလေသည်။ ကောင်းမွန်သော ကိစ္စမှာ ဤရက်များအတွင်း ယန်ကျင်းဇီသည် သူ့လက်အောက်မှ လူတချို့ကို ရွေးထုတ်ပြီးပြီဖြစ်လေရာ တစ်ယောက်မှ မကျန်ရစ်တော့သည့်မျိုး မဟုတ်ချေ။


၎င်းမှာ ချူထင်းရှိူ့ အိမ်သို့ ထပ်ပြန်သွားသော နေ့ရက်လည်း ဖြစ်သည်။


မနေ့က ယန်ကျင်းဇီ ပြောခဲ့သည်များကို သူ့ညီမအား ပြန်ပြောသင့်၊မသင့် စဉ်းစားနေစဉ် ချူထင်းရှိူ့သည် သူ့ညီမ မေးတာကို ကြားလိုက်ရသည်။ " အစ်ကို အရှင်မင်းကြီး နန်းတော်ကနေ အပြင်ထွက်မယ့်အကြောင်း ကြားပြီးပြီလား? "


" ဟုတ်တယ်။ " ချူထင်းရှိူ့က ဖြေသည်။


" အစ်ကိုရော သူတို့နဲ့ လိုက်သွားမှာလား? " ချူထင်းလန်က ထပ်မေးပြန်သည်။


ချူထင်းရှိူ့ ခေါင်းညိတ်လိုက်သည်။ " ငါ လိုက်ပါရလိမ့်မယ်။ "


" ညီမလေး အစ်ကိုနဲ့ လိုက်လို့ရမလား? " ချူထင်းလန်တွင် မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။


ချူထင်းရှိူ့ တုံ့ဆိုင်းမှုမရှိ ငြင်းဆိုလိုက်သည်။ " မရဘူး။ " သူ အရှင်မင်းကြီးနှင့် နှစ်ယောက်တည်း ထွက်ကစားသည့်အချိန်၌ ဘယ်လိုလုပ် သူ သူ့ညီမကို ခေါ်သွားနိုင်မည်နည်း?


ချူထင်းလန် : " ... " သူ(မ)က အစ်ကို့အပေါ် အရမ်းကောင်းပေးပေမယ့် သူကတော့ အရှင်မင်းကြီးနဲ့ တွေ့ဖို့ သူ(မ)ကို ခေါ်သွားဖို့တောင် ဆန္ဒမရှိဘူး!


ချူထင်းလန်သည် စိတ်အနှောင့်အယှက်ဖြစ်မိသော်ငြား သူ(မ) လုပ်နိုင်သော အရာ ဘာမှမရှိ။


ချူထင်းရှိူ့သည် သူ(မ) တစ်ခုခုဖြစ်နေမှန်း သတိထားမိပြီး မျက်ခုံးများ တွန့်ချိုးသွားသည် : " ငါ အရှင်မင်းကြီးကို မင်းရဲ့ ထိမ်းမြားလက်ထပ်မှုအကြောင်း လျှောက်တင်ပြီးပြီ။ စိတ်ပူမနေနဲ့တော့။ အရှင်မင်းကြီးက မင်းအတွက် သင့်တော်တဲ့ ခင်ပွန်းတစ်ဦး ရွေးချယ်ပေးလိမ့်မယ်။ "


ချူထင်းလန်သည် သူ(မ)၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ကိုသာ အတင်းအကျပ် ဝတ်ဆင်လိုက်နိုင်သည်။


ရက်အနည်းငယ်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။


ရက်အနည်းငယ်ကြာပြီးနောက် ယန်ကျင်းဇီသည် သူစစ်သူကြီးနှင့် နန်းတော်မှ ထွက်ခွာလာခဲ့သည်။


တိုင်းခန်းလှည့်လည်မှုသည် လူများစွာဖြင့် မြို့တော်မှ ထွက်ခွာလာပြီး မြို့တော်အပြင်ဘက်သို့ သွားကာ ရွာတစ်ရွာကို ဝင်ရောက်သွားသည်။


ဤရွာကို တော်ဝင်တပ်ဖွဲ့မှ ကာကွယ်ထားသည်။


မြောက်ပိုင်းတပ်သားများ ဖြစ်ခဲ့ကြဖူးသော တော်ဝင်တပ်ဖွဲ့၏ တပ်သားများအားလုံးသည် တက်ကြွနေကြပြီး သူတို့ ယန်ကျင်းဇီကို တွေ့သောအခါ တညီတညွတ် ဒူးထောက်၍ အရိုအသေပြုကြသည်။


ယန်ကျင်းဇီသည် သူတို့၏ ထုံးတမ်းဓလေ့များကို သက်ညှာခွင့်ပေးလိုက်ပြီး ချူထင်းရှိူ့ကို ခေါ်ကာ ရွာထဲသို့ ဝင်သွားသည်။


" ဒါက ကိုယ် နန်းတော်အပြင်ဘက်ကို ရောက်ဖူးတဲ့ ပထမဆုံးအကြိမ် ဖြစ်ပြီး အပြင်လောကက ဒီလိုမျိုးမှန်း သိတဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်တယ်။ " ယန်ကျင်းဇီက ဆိုသည်။


ဤသည်ကို ချူထင်းရှိူ့ ကြားသောအခါ သူ့နှလုံးသား ကိုက်ခဲသွားရသည်။


အရှင်မင်းကြီးက ဧကရာဇ် ဖြစ်သော်ငြား သူ့တွင် အမှန်တကယ် ခက်ခဲ‌သော အချိန်များ ရှိခဲ့သည်။


မိန်းမစိုးချုပ်ဝမ်သည် ယခုဆိုလျှင် အသက်အရွယ်ကြီးရင့်လာသောကြောင့် ဖြစ်နိုင်ပြီး လူများကို နေ့ရက်ဟောင်းများအကြောင်း ပြောပြရသည်အား နှစ်သက်လာသည်။ မိန်းမစိုးချုပ်ဝမ်သည် သူ့အား အရှင်မင်းကြီး၏ ငယ်ဘဝအကြောင်း အများအပြား ပြောပြလေသည်။


နှစ်စဉ်နှစ်တိုင်း၊ သူ(မ)၏ သားတော်နှစ်ပါး ကွယ်လွန်ခြင်းနှစ်ပတ်လည် နီးလာတိုင်း ဘွားတော်ကြီးသည် အရှင်မင်းကြီးအား ပို၍ပင် ဖိအားပေးလိမ့်မည်ဖြစ်ပြီး သူ့အား ကျမ်းဂန်များကို နေ့ညအနည်းငယ်ကြာအောင် ရွတ်ဖတ်ရန် အတင်းအကျပ် ခိုင်းစေလိမ့်မည်ဖြစ်သည်။


အရှင်မင်းကြီးသည် ဉာဏ်အလွန်ကောင်းပါလျက်နှင့် အမြဲတမ်း ဖိနှိပ်ခံရသည်... ချူထင်းရှိူ့ စိတ်ညစ်ညူးမိပြီး အနာဂတ်တွင် အရှင်မင်းကြီး လွတ်လပ်ပါစေဟု ဆုတောင်းပေးမိသည်။


" ထင်းရှိူ့ မြင်းစီးချင်လား? " ယန်ကျင်းဇီက ‌ချူထင်းရှိူ့ကို မေးသည်။


သူတို့သည် အထုပ်ဖြည်ခြင်းကဲ့သို့သော ကိစ္စများကို ဆောင်ရွက်စရာမလိုသဖြင့် စတင်ကစားနိုင်ပေသည်။


ချူထင်းရှိူ့ : " ကောင်းတယ်။ "


ချူထင်းရှိူ့၏မြင်းသည် ဤနေရာသို့ ခေါ်ယူလာပြီးပြီဖြစ်သဖြင့် သူသည် သူ့မြင်းကို လှည့်ကာ ပြေးထွက်သွားသည်။


ယန်ကျင်းဇီသည် ချူထင်းရှိူ့၏နောက်ကျောကို ကြည့်ကာ ခဏအကြာတွင် သူ့နှလုံးခုန်သံ မြန်ဆန်လာခဲ့သည်။


သူ့စစ်သူကြီးက တကယ်ပဲ အရမ်းချောလွန်းတယ်!


ဒီလွတ်လပ်နေတဲ့မြင်ကွင်းက ပိုတောင် ဆွဲဆောင်မှုရှိသေးတယ်!


အနာဂတ်၌ သူ့တွင် အချိန်ရှိလျှင် သူသည် သေချာပေါက် သူ့စစ်သူကြီးအား မကြာခဏ အပြင်ခေါ်ပြီး သူ့စစ်သူကြီး၏ ဤပုံစံကို ‌ကြည့်ရှုသင့်သည်။


ဤ‌အတွေးနှင့်အတူ ယန်ကျင်းဇီတွင်လည်း မြင်းစီးရန် ရည်ရွယ်ချက် ရှိသည်။


ကံမကောင်းစွာဖြင့် မူလပိုင်ရှင်က... မြင်းစီးနည်း မသိပေ။


မြင့်မားပြီး အားအင်ပြည့်ဝသော မြင်းတစ်ကောင်ကို စိုက်ကြည့်လျက် ယန်ကျင်းဇီ လှည့်လိုက်ပြီး အစောင့်တပ်မှူးအား သူ့အတွက် ကျိူးနွံသော မြင်းမတစ်ကောင်ကို ရွေးလာခိုင်းလိုက်သည်။


လက်တွေ့ပိုကျသည်က သူ့အတွက် ပိုကောင်းသည်။


ယန်ကျင်းဇီသည် သူ သင်ယူသမျှကို လျင်မြန်စွာ သင်ယူနိုင်ပြီး သဘာဝကျစွာပင် သူသည် မြင်းစီနည်းကို အလွန်လျင်မြန်စွာ သင်ယူခဲ့သည်။


သို့သော် သူက စီးနည်းကို သင်ယူခါစဖြစ်ပြီး... မြင်းကို ပြေးခိုင်းရန်မှာ မဖြစ်နိုင်သေးပေ။


မဟုတ်ဘူး၊ ၎င်းမှာ မဖြစ်နိုင်တာ မဟုတ်ချေ...


ချူထင်းရှိူ့ မြင်းလှည့်ပတ်စီးရာမှ ပြန်ရောက်လာသောအခါ ယန်ကျင်းဇီ ချက်ချင်း ပြောလိုက်သည်။


" ထင်းရှိူ့ ကိုယ့်ကို မင်းရဲ့မြင်းပေါ် တင်ပြီး သယ်သွားပါဦး! "


သူ့ရင်ခွင်ထဲက သူ့စစ်သူကြီးနဲ့အတူ မြင်းစီးတာကမှ သူ လိုချင်တာပဲ!


ယန်ကျင်းဇီသည် ချူထင်းရှိူ့၏အနောက်တွင် ထိုင်ပြီး ခါးကို ဖက်ထားကာ သူ မြင်းမစီးနိုင်သည်မှာ ကောင်းမွန်ကြောင်း ရုတ်တရက် တွေးနေမိသည်။


ကံ‌မကောင်းစွာဖြင့် လုံခြုံဘေးကင်းရန်အတွက် သူသည် လှုပ်ရှားမှုသေးသေးလေးကိုပင် မလုပ်ရဲပေ...

____


Thanks for reading 💙


____