အပိုင်း ၂၂၁
Viewers 49k

Chapter 221



ကျိယွီရှောင် ထံမှ စကားပြန်မရသဖြင့် လင်းလော့ချင်း ဇဝေဇဝါဖြစ်သွားသည်။ “မင်း ဆက်မလုပ်ဘူးလား … ”


ကျိယွီရှောင် “……”


ကျိယွီရှောင် ချောင်းဟန့်လိုက်သည်။ “အရင်အိပ်ကြရအောင် … ”


လင်းလော့ချင်း “ … ”


လင်းလော့ချင်း ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည်။ “ဘာဖြစ်လို့လဲ … မလုပ်ချင်ဘူးလား … ”


ကျိယွီရှောင်က မလုပ်ချင်ဘူးတဲ့လား … သူ့ကို နောက်နေတာလား … 


သူ အသားစတင် စားပြီးကတည်းက သူက အသားစား သတ္တဝါအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ သူ ဒီနေ့ အရမ်းဖြူစင်နေတာလား … 


ဒါကြီးက လက်တွေ့မကျဘူးနော် … 


သူ့ရဲ့ ပြန်လည်ထူထောင်ရေး ကြောင့်များလား … 


ဒီလို မဖြစ်သင့်ဘူးလေ … 


လင်းလော့ချင်း နားမလည်ဟန်ဖြင့် မေးလိုက်၏။ “ဆရာဝန်က ပြန်လည်ထူထောင်ရေး လုပ်နေတုန်း ဒါကို မလုပ်ရဘူးလို့ ပြောထားလို့လား … ”


ကျိယွီရှောင် “……”


ကျိယွီရှောင် သူ၏ အပြစ်ကင်းစင်သော မျက်ဝန်းများကို ကြည့်ရင်း ထိုအခွင့်အရေးကို ယူကာ ခေါင်းညိတ်သင့် မညိတ်သင့် စဉ်းစားလိုက်သည်။ 


လင်းလော့ချင်းက တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ “မဟုတ်သေးပါဘူး … ဒီလိုမျိုးက ဘယ်မှာ ရှိလို့လဲ … ဆရာဝန်က အကြောင်းရင်းကို ရှင်းပြလား … ”


ကျိယွီရှောင် တွေးလိုက်သည်။ ‘အာ … ဒါက …’


လင်းလော့ချင်း အတန်ကြာ စဉ်းစားပြီးနောက် တစ်ဖက်လူ၏ ထူးဆန်းနေမှုကို ခံစားမိလိုက်၏၊


သူက သူ့ကို ဘာမှမပြောပဲ ငေးကြည့်နေသည့် ကျိယွီရှောင်ကို ကြည့်လိုက်သည်။ ထို့နောက် စိတ်ထဲတွင် ပေါ်လာသည့်အတိုင်း မေးလိုက်၏။ “မင်း ငါ့ကို တစ်ခုခုဖုန်းကွယ်ထားတယ် မဟုတ်လား … ”


ကျိယွီရှောင် အပြစ်ရှိစိတ်အား ခံစားလိုက်ရသည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ … မင်းရဲ့အမျိုးသားက ဒီလိုလူစားမှမဟုတ်တာ … ”


လင်းလော့ချင်းက သူ့အား ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်၏။ “အရင်ကတော့ မဟုတ်ပေမယ့် ဒီနေ့တော့ တစ်ခုခုပဲ ...”


ကျိယွီရှောင် “……”


ရုတ်တရက်ဆိုသလို လင်းလော့ချင်း တစ်စုံတစ်ခုအား တွေးမိသွားကာ အမူအရာ ပြောင်းလဲသွား၏။ 


“မင်း …” သူက ကျိယွီရှောင်အား တွန့်ဆုတ်စွာ ကြည့်လိုက်သည်။ 


ကျိယွီရှောင် သူ့ကို ကြည့်လိုက်ချိန်တွင် သံသယအပြည့်ပါသော မျက်ဝန်းများအား ရင်ဆိုင်လိုက်ရ၏၊ “ကိုယ်…”


“မင်း … မင်း …”


“ကိုယ် … ကိုယ်ဘာဖြစ်လို့လဲ … ”


“မင်း ပြန်လည်ထူထောင်ရေး လုပ်နေတုန်း ထိခိုက်သွားတာမဟုတ်လား … ” လင်းလော့ချင်း သူ့အနားကပ်ကာ တီးတိုးမေးလိုက်၏။ 


“အဲဒါကြောင့် အခုအဲဒါကို မလုပ်နိုင်တော့တာလေ … ”


ကျိယွီရှောင် “……”


ကျိယွီရှောင် သူ့နဖူးသူ ပွတ်လိုက်မိ၏။ ဒီလူက ဘယ်လိုတောင် တွေးနိုင်ရတာလဲ … 


ဘာကိုထိခိုက်မှာလဲ … 


သူ ပြန်လည်ထူထောင်ရေး လုပ်နေတာ အဲဒီ့နေရာကို မဟုတ်ဘူးလေ … 


ဘယ်လိုလုပ် ထိခိုက်မှာလဲ … 


လင်းလော့ချင်းက ကျိယွီရှောင်ကို ကြည့်ရင်း ထိုသူသည် ဝန်ခံရမည်ကို ရှက်ရွံ့နေခြင်း ပေလော၊ သို့မဟုတ် လင်းလော့ချင်း၏ မှန်းဆချက်အား ဖြေရှင်းရခက်နေခြင်း ပေလောဟု တွေးလိုက်၏။ 


“အဲ … အဲဒီ့လိုလား … ”


“မင်းကိုယ်မင်း အရမ်းရက်စက်ရာ မကျဘူးလား … ” ကျိယွီရှောင် သူ့ကိုကြည့်လိုက်သည်။ “ကိုယ်မလုပ်နိုင်တော့ရင် မင်းဘယ်လိုလုပ်မလဲ … ကိုယ်နဲ့အတူ အိပ်ချင်စိတ် ရှိပါဦးမလား … ”


လင်းလော့ချင်း သူ့ရင်ဘတ်သူ ဂုဏ်ယူစွာ ပုတ်ပြလိုက်သည်။ “ငါ လုပ်နိုင်တယ်လေ … ”


သူက အလွန်ပွင့်လင်းလှသည်။ “မင်းမလုပ်နိုင်လည်း ငါလုပ်နိုင်တုန်းပဲလေ … ငါတို့ရဲ့ ဆက်ဆံရေးက ကောင်းမွန်နေဦးမှာပါ ...”


ကျိယွီရှောင် “ … ”


ကျိယွီရှောင်က လင်းလော့ချင်းတွင် ထိုသို့အတွေးမျိုး ရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့။ “ဒါဆို မင်း စိတ်ပျက်သွားတော့မှာပဲ … ဘာလို့ဆို ကိုယ်ကလုပ်နိုင်တယ်လေ ...”


“ငါတော့ မယုံပါဘူး … ” လင်းလော့ချင်း အာခံလိုက်သည်။ “ဒီနေ့ သက်သေမပြရင်ပေါ့ …”


ကျိယွီရှောင် “……”


လင်းလော့ချင်း ပြုံးလိုက်၏။ “လုပ်နိုင်လို့လား … မလုပ်နိုင်ဘူးမလား ...”


ကျိယွီရှောင်က ထိုစကားများ၏ လှုံ့ဆော်ခြင်း ခံလိုက်ရသည်။ သူ၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းက ပြိုလဲသွား၏။


သူက လင်းလော့ချင်း၏ လှပသော မျက်ဝန်းများကို စိုက်ကြည့်ရင်း ပေါက်ပေါက်ဖောက်နေသည်ကို နားထောင်လိုက်၏။ နားထောင်နေရင်း ကျိယွီရှောင် စိတ်ဆိုးလာပြီး လင်းလော့ချင်း၏ ကော်လံကို ဆွဲယူလျှက် မရပ်မနား စကားများနေသည့် နှုတ်ခမ်းလေးအား အနမ်းဖြင့် ပိတ်ဆို့လိုက်သည်။ 


လင်းလော့ချင်းက ထိုအခြေအနေကို အခွင့်ကောင်းယူကာ တစ်ဖက်လူ၏ လည်တိုင်အား ပွေ့ဖက်လိုက်သည်။ သူက ကျိယွီရှောင်၏ နှုတ်ခမ်းများကို လျက်ရင်း ပြောလိုက်၏။ 


“အလုပ်မလုပ်တော့ရင်လည်း ငါ့ကို အားကိုးနိုင်ပါတယ် … မင်းကို သက်တောင့်သက်သာဖြစ်အောင် ငါလုပ်ပေးမှာပါ ...”


ကျိယွီရှောင် သူ့ကို ကိုက်လိုက်သည်။ “ဒီည မအိပ်ချင်တော့ဘူး ထင်တယ် .. .”


“အိုး … ဒါတော့ မင်းအပေါ် မူတည်တာပေါ့ ...” လင်းလော့ချင်း သူတို့နှုတ်ခမ်းများကို ဖိကပ်လိုက်၏။ သူက ရန်စလိုက်သည်။ “မင်းက အဲဒီ့လို လုပ်နိုင်လို့လား …”


ကျိယွီရှောင် “……”


ကျိယွီရှောင်၏ စိတ်ရှည်မှုမှာ လုံးလုံးလျားလျား ပြိုလဲသွားသည်။


သူက မီးအိမ်မှအလင်းကို လျှော့ချလိုက်သဖြင့် အခန်းမှာ မှောင်ကျသွား၏။ အခန်းတစ်ခုလုံးတွင် ဆီဆေးပန်းချီကဲ့သို့ ဝါဖျော့ဖျော့အလင်းက လွှမ်းခြုံလျှက်ရှိသည်။


ကျိယွီရှောင်က လင်းလော့ချင်းကို ဖြည်းညှင်းစွာ နမ်းရင်း သူ၏ ဆံစလေးများကို ပွတ်သပ်ပေးလိုက်၏။ ထို့နောက် သူက လင်းလော့ချင်း၏ မေးရိုးမှတဆင့် နားရွက်ကလေးကို ဆက်နမ်းလိုက်သည်။ 


လင်းလော့ချင်က အနမ်းဖြင့် ညှို့ယူခံလိုက်ရသည်။ သူက ကျိယွီရှောင်၏ ခန္ဓာကိုယ်ပေါ်တွင် လဲလျောင်းနေပြီး မုန်တိုင်းထန်သော ပင်လယ်အတွင်းရှိ လှေကလေးသဖွယ် လူးလွန့်နေ၏။ 


သူက မည်သည့်အချိန်ကတည်းက ပိတ်လိုက်မိမှန်း မသိတော့သည့် မျက်ဝန်းများကို ဖွင့်ကာ တစ်ဖက်လူကို ကြည့်လိုက်သည်။ ကျိယွီရှောင်၏ ဖီးနစ်မျက်ဝန်းတစ်စုံတွင် နူးညံ့မှုများဖြင့် ပြည့်နှက်နေ၏။ လင်းလော့ချင်းက သူ့လှေကလေး၏ အလင်းရောင်များကြောင့် ပင်လယ်ရေ မျက်နှာပြင်တစ်ခုလုံး တောက်ပနေသည်ကို ခံစားမိလိုက်သည်။ 


သူက ကျိယွီရှောင်အား ချွဲနွဲ့စွာ နမ်းလိုက်သည်။ ထို့နောက် ကျိယွီရှောင်က သူ့မျက်နှာလေးကို ထိကာ သူ့အား ထပ်ခါထပ်ခါ နမ်းရှိုက်လာ၏။ 


ထိုအပြုအမူများက လင်းလော့ချင်း အိပ်ချင်မူးတူးဖြင့် မညည်းညူခင်အထိ ဆက်တိုက်ဖြစ်နေခဲ့သည်။ “မင်း ဘယ်လောက်ကြာဦးမှာလဲ … ငါအိပ်ချင်နေပြီ ...”


ကျိယွီရှောင် ဂုဏ်ယူစွာ ပြောလိုက်သည်။ “ကိုယ်က မင်းမအိပ်နိုင်တဲ့အထိ လုပ်နိုင်စွမ်း ရှိလားလို့ မင်းပဲ မေးခဲ့တာလေ .. မင်းကျေနပ်အောင် လုပ်ပေးရမှာပေါ့ ...”


လင်းလော့ချင်း “……”


လင်းလော့ချင်း ထိုအခါမှသာ နောင်တရရကောင်းမှန်း နားလည်သွားသည်။ သူက မျက်စိရှေ့မှလူအား အလိုမကျဟန်ဖြင့် ကြည့်ကာ သနားညှာတာမှုကို တောင်းခံလိုက်၏။ 


သူက ကျိယွီရှောင်ထံသို့ ကွေးခြင်း၊ ဆန့်ခြင်းများကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ရပြီး ဤအချိန်များမှာ အဖိုးမဖြတ်နိုင်ကြောင်းကိုပင် ပြောခဲ့ရသည်။ သူက ယောက်ျားဟူ၍ပင် အကြိမ်ပေါင်းများစွာ ခေါ်ခဲ့ရ၏။ အဆုံးသတ်တွင် ကျိယွီရှောင်က သူ့အား လွှတ်ပေးလိုက်သည်။ 


လင်းလော့ချင်း အိပ်ငိုက်နေ၏။ ကျိယွီရှောင် သူ၏ နဖူးလေးကို နမ်းကာ ညှင်သာစွာ ပြောလိုက်သည်။ “အိပ်တော့ … ကောင်းသောညပါ …”


လင်းလော့ချင်း၏ အသိစိတ်မှာ ဝေဝါးနေသည်။ သူက ကောင်းမွန်စွာ မတွေးနိုင်ပဲ ကျိယွီရှောင်အား ကျေနပ်စေမည့် အသုံးအနှုန်းကိုသာ နာခံစွာ အသုံးပြုလိုက်၏။ “ကောင်းသောညပါ … ယောက်ျား … ”


ကျိယွီရှောင် “……”


ကျိယွီရှောင်က သူထပ်မံ တိုက်ခိုက်လိုသည်ဟု ခံစားလိုက်ရ၏၊ 


သူက မျက်လုံးများကို မှိတ်လိုက်ပြီ ဖြစ်သည့် လင်းလော့ချင်းကို ကြည့်ရင်း တစ်ဖက်လူ၏ မျက်နှာအား နမ်းလိုက်သည်။ ထို့နောက် သူ၏ အတွေးများကို စွန့်လွှတ်လိုက်၏။


သူက အဝတ်အားလုံး မချွတ်ခဲ့သလို လင်းလော့ချင်း မျက်လုံးမဖွင့်နိုင်အောင် ထပ်ခါထပ်ခါ နမ်းခဲ့သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အတွင်းကြေ ဒဏ်ရာများကို လင်းလော့ချင်း မတွေ့ခဲ့ချေ။ လင်းလော့ချင်းက ပွေ့ဖက်ကာ အနမ်းခံရခြင်းကို နှစ်ခြိုက်သူ ဖြစ်သည့်အလျောက် ထိုအပြုအမူနှင့် ပတ်သတ်၍ တစ်စုံတစ်ခု မှားယွင်းနေကြောင်း မသိခဲ့။ 


ကျိယွီရှောင်က လင်းလော့ချင်း၏ မျက်နှာလေးကို ပုတ်လိုက်သည်။ ယခုမှသာ သူက စိတ်သက်သာရာ ရသွားတော့၏။ 


နောက်တစ်နေ့မနက်တွင် လင်းလော့ချင်း နိုးလာချိန်၌ အဝတ်လဲပြီးပြီဖြစ်သော ကျိယွီရှောင်အား တွေ့လိုက်ရသည်။ 


လင်းလော့ချင်းက သူ့ကို ဖက်ကာ ပါးနှင့်ပွတ်သပ်လိုက်၏။ သူက ကျိယွီရှောင်အရှေ့တွင် အလိုလိုက်ခံရသည့် ကလေးတစ်ဦးကဲ့သို့ ပြုမူလျှက်ရှိသည်။ 


ကျိယွီရှောင်က တွန်းမလွှတ်ပဲ လင်းလော့ချင်း အိပ်ရာထရန် အသင့်ဖြစ်ချိန်အထိ ထိုကဲ့သို့ချွဲခွင့်ပြုထား၏။


“ငါ ရေချိုးမလို့ … ” လင်းလော့ချင်းက သူနှင့်မခွဲချင်သကဲ့သို့ ချွဲချွဲကလေး ပြောလိုက်သည်။ “ငါနဲ့ လိုက်ခဲ့ပါလား … ”


ကပ်ဘေးမှ လက်မတင်လေး လွတ်မြောက်လာသည့် ကျိယွီရှောင် ‘ဒါက …’


သူက ရေများ စီးကျလာတော့မလို နူးညံ့၍ လှိုင်းထနေသည့် လင်းလော့ချင်း၏ မျက်ဝန်းများနှင့် ရင်ဆိုင်လိုက်ရသည်။ 


အဆုံးသတ်တွင် သူ့အား ထိုသို့ငေးကြည့်နေသည့် လင်းလော့ချင်းအား ကျိယွီရှောင် မငြင်းဆန်နိုင်ခဲ့။ 


သူက ခေါင်းညှိတ်ကာ လင်းလော့ချင်းနှင့်အတူ ရေချိုးခန်းအတွင်းသို့ လိုက်ဝင်လိုက်သည်။ 


လင်းလော့ချင်းက သူ၏ အဝတ်များကို တည်တည်ငြိမ်ငြိမ် ချွတ်လိုက်သည်။ သူက ရေချိုးကန်အတွင်းသို့ ဝင်လိုက်ပြီး ကျိယွီရှောင်အား စောင့်ဆိုင်းနေ၏။ 


ကျိယွီရှောင် တွန့်ဆုတ်နေမိသည်။ သူက မေးခွန်းထုတ်ဟန် အပြည့်ပါနေသော လင်းလော့ချင်း၏ မျက်ဝန်းများကို ကြည့်ရင်း ပြောလိုက်သည်။ “လန့်မသွားနဲ့ … ”


လင်းလော့ချင်း တွေးလိုက်သည်။ ‘ဟမ် … ’


“စိတ်မကောင်းလည်း မဖြစ်နဲ့နော် ...”


လင်းလော့ချင်း “ … ”


“မင်း ဘာဖြစ်နေတာလဲ … ” လင်းလော့ချင်းက မေးလိုက်၏။ 


ကျိယွီရှောင် ပြန်မဖြေပဲ အဝတ်များကိုသာ ဖြည်းညှင်းစွာ ချွတ်လိုက်သည်။ 


လင်းလော့ချင်းက သူတစ်လျှောက်လုံး ဖုံးကွယ်ထားခဲ့သည့် အတွင်းကြေ ဒဏ်ရာများကို တွေ့လိုက်ရသည်။ 


အချို့အညိုအမည်းများက မှိန်ဖျော့နေပြီး မကြာခင် ပျောက်ကွယ်သွားမည့် ပုံပေါ်၏။ သို့သော် အချို့အညိုအမည်းများကမူ ထင်းထင်းကြီး ရှိနေကာ အလွန်နာကျင်မည့်ပုံပင်။


လင်းလော့ချင်းက ရေချိုးခန် အစွန်းဘက်သို့ တိုးလာမိသည်။ သူက မယုံနိုင်ဟန်ဖြင့် ကျိယွီရှောင်၏ ခါးနှင့် ခြေထောက်ရှိ အညိုအမဲများကို ကြည့်ရင်း တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ ပြန်လည်ထူထောင်ရေး လုပ်နေစဉ်အတွင်း လူတစ်ဦးသည် အချိန်မရွေး လဲကျနိုင်သည်။ သူတို့က လဲကျခြင်းနှင့် ပြန်ထခြင်းများကို အထပ်ထပ်အခါခါ ပြုလုပ်ရမှာပင်။ 


အညိုအမည်း မကျန်ပဲ ဘယ်နေမလဲ … 


မနာပဲ ဘယ်နေမလဲ …


ကျိယွီရှောင် မနေ့ညက ငြင်းဆန်ခဲ့ရသည့် အကြောင်းရင်းကို လင်းလော့ချင်း နားလည်သွားသည်။ 


သူက အလွန်မာနကြီးသူဖြစ်ရာ လင်းလော့ချင်းအား အညိုအမည်းများကို မပြသလိုခဲ့။ 


သူက မတ်တပ်ရပ်နိုင်သွားသည့် ရလဒ်ကိုသာ လင်းလော့ချင်းကို မြင်စေချင်ခဲ့သည်။ ထိုရလဒ် နောက်ကွယ်ရှိ ပင်ပန်းခက်ခဲမှုများနှင့် စိတ်ရှည်ခဲ့မှုများကိုမူ ဖုံးကွယ်ထားချင်ခဲ့၏။ 


‘အရမ်းနာမှာပဲ … ’ လင်းလော့ချင်း တွေးလိုက်၏။ ‘အညိုအမည်း တွေမှ အများကြီးပဲ …သူ တော်တော်နာရှာမှာ ….’


ကျိယွီရှောင်က သူ့မျက်ဝန်းထဲရှိ ဝမ်းနည်းမှုကြောင့် ပြုံးလိုက်မိသည်။ “ဘာဖြစ်လို့လဲ … ကိုယ်မင်းကို ဝမ်းမနည်းဖို့ ပြောထားတယ်လေ … ”


“ဘာလို့ မပြောခဲ့တာလဲ …” လင်းလော့ချင်း သူ့ကို မော့ကြည့်လိုက်သည်။ သူ့အသံက တစ်ကိုယ်တည်း ရေရွတ်သည့်နှယ် တိုးညှင်းနေ၏။ 


“ငါ လုံးဝမသိခဲ့ဘူး … ”


ကျိယွီရှောင် သူ့အား နှစ်သိမ့်ရန် ကြံလိုက်စဉ် လင်းလော့ချင်း သူ့ကိုယ်သူ အပြစ်တင်နေသည်ကို ကြားလိုက်ရသည်။


 “ငါ မကောင်းတာပါ … ငါအရမ်းပျော်နေပြီး သတိလက်လွတ်ဖြစ်နေခဲ့မိတယ် ...”


ကျိယွီရှောင် ထိုသို့မတွေးချေ။ သူက လင်းလော့ချင်း၏ ဦးခေါင်းလေးကို ညှင်သာစွာ ထိလိုက်၏။ “ကိုယ်က မင်းကို ပျော်စေချင်တယ်လေ … ပျော်တာ ကောင်းပါတယ် ....”


လင်းလော့ချင်း ထိုစကားကို ကြားချိန်၌ လက်တစ်ကမ်းအကွာရှိ ကျိယွီရှောင်၏ မျက်နှာထံ တိုးကပ်ကာ သူ့နှုတ်ခမ်းများကို နမ်းလိုက်၏။ 


ကျိယွီရှောင်က သူ့အား ညှင်သာစွာ နမ်းရှိုက်ရင်း ချော့လိုက်သည်။ “အဆင်ပြေပါတယ် … အဲဒါက တကယ်မနာပါဘူး ...”


“မဖြစ်နိုင်တာ … ” လင်းလော့ချင်း မယုံချေ။ 


ကျိယွီရှောင် ပြုံးကာ ပြောလိုက်သည်။ “နာကျင်မှုကို လုံးဝမခံစားရတာထက်စာရင် နာနေတာက ကောင်းတယ်လေ … ”


‘ဟုတ်သားပဲ … ’ လင်းလော့ချင်း တွေးလိုက်သည်။ ‘သူ ခံစားနိုင်တယ်ဆိုတာက ပြန်ကောင်းလာဖို့ မျှော်လင့်ချက် ရှိနေတာပဲ … .’


“စိတ်မကောင်း မဖြစ်နဲ့တော့နော် ...” ကျိယွီရှောင် ပြုံးလျှက် သူ့မျက်နှာလေးကို ထိလိုက်သည်။ “လိမ္မာပါကွာ ...”


လင်းလော့ချင်း ခေါင်းညှိတ်ကာ သူ့အား တင်းတင်း ဖက်လိုက်၏။ 


သူတို့နှစ်ဦးက ရေချိုးကန်ထဲတွင် ခဏအချိန်ဖြုန်းလိုက်၏။ လင်းလော့ချင်းက ကျိယွီရှောင်၏ ကျောကို ဆေးကြောပေးချိန်တွင် အညိုအမဲများစွာအား ထပ်မံတွေ့လိုက်ရသည်။ မနေ့ညက ကျိယွီရှောင်သည် လှဲနေခဲ့ပြီး ညအိပ်ဝတ်ရုံကိုလည်း မချွတ်ခဲ့သဖြင့် သူ သတိမထားမိခဲ့ခြင်းပင်။ 


သူက ခေါင်းငုံ့ကာ ကျိယွီရှောင်၏ အတွင်းကြေဒဏ်ရာများကို နမ်းလိုက်သည်။


ကျိယွီရှောင်က သူ့အား အံ့အားသင့်နေပုံဖြင့် ကြည့်လိုက်၏။ ထို့နောက် လင်းလော့ချင်း သူ့အား အနောက်ဘက်မှ ပွေ့ဖက်လိုက်ရင်း သူ့ ကျောပေါ်၌ ခေါင်းလေးမှီလိုက်သည်ကို ခံစားမိလိုက်သည်။ 


“ငါ ဆေးလိမ်းပေးမယ်လေ … ” သူက ပြောလိုက်သည်။ “မင်း ဆေးလိမ်းဖို့ လိုတယ် မဟုတ်လား … ”


လင်းလော့ချင်း အရင်က သူချော်လဲချိန် သို့မဟုတ် တစ်ခုခုနှင့် တိုက်မိချိန်၌ အညိုအမည်း စွဲသွားသည့်အခါ ဆေးလိမ်းရကောင်းမှန်း နားမလည်ခဲ့ချေ။ သွေးထွက်သည့် ဒဏ်ရာမျိုးကိုသာ ဆေးထည့်၍ ပလာစတာ ကပ်ရသည်ဟု သူ ယူဆခဲ့၏။ 


သူက ထိုသို့သာ ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။ သို့သော် လင်းဟန်ဟိုက်နှင့် ရုပ်ရှင် ရိုက်ကူးစဉ်က လင်းလော့ချင်း လဲကျကာ အညိုအမည်း စွဲသွားခဲ့သည်။ ထိုအခါ သူ့လက်ထောက်က သူ့အား ဆေးအဆီ လူးပေးခဲ့၏။ ထိုအခါမှသာ အတွင်းကြေဒဏ်ရာများအတွက်လည်း ဆေးရှိကြောင်း လင်းလော့ချင်း သိခဲ့ခြင်း ဖြစ်သည်။ 


သူက သာမန်မိသားစုမှ ကြီးပြင်းလာခြင်း ဖြစ်ပြီး သခင်ငယ်လေး တစ်ဦးကဲ့သို့ အလိုလိုက်ခြင်း မခံရသည့် အလျောက် သူထိုအရာကို နားမလည်ခဲ့ခြင်းဖြစ်သည်။ သူက ယောက်ျားလေးတစ်ဦးဖြစ်ရာ ကလေးဘဝကတည်းက ခဏခဏ အတွင်းကြေဒဏ်ရခဲ့သည်။ သူက ထိုအရာကို ပေါ့ပေါ့တန်တန်သာ သဘောထားခဲ့၏။ 


ကျိယွီရှောင်ကမူ ကွဲပြားသည်ဟု လင်းလော့ချင်း တွေးမိသည်။ ကျိယွီရှောင်က ကောင်းကောင်းဝတ် ကောင်းကောင်းစားပြီး ကြီးပြင်းလာရတာလေ … သူက ဆေးလူးသင့်တယ် မဟုတ်လား … 


သူ ကျိယွီရှောင်အား ဆေးလိမ်းပေးချင်၏။ 


ယခုမူ ကျိယွီရှောင် ဘယ်တော့မှ ပြန်လည်ထူထောင်ရေးတွင် သူ့အား ကူညီခိုင်းမည် မဟုတ်ကြောင်း လင်းလော့ချင်း သေချာသိသွားခဲ့သည်။ ကျိယွီရှောင် လဲကျသည်ကို သူကြည့်နိုင်သော်လည်း တစ်ဖက်လူက ထိုသို့ ကြည့်ခွင့်ပြုလိမ့်မည်မဟုတ်။ 


၎င်းက ကျိယွီရှောင်၏ အကျင့်စရိုက်ပင် ဖြစ်သည်။ လင်းလော့ချင်းက သူ၏ မိမိကိုယ်ကိုယ် တန်ဖိုးထားမှုကို နားလည်သည့်အလျောက် ထပ်မံတိုက်တွန်းမည် မဟုတ်တော့ချေ။ 


သို့သော် ကျိယွီရှောင်အတွက် စိတ်မကောင်းမဖြစ်ပဲ သူ မနေနိုင်ခဲ့။ ကျိယွီရှောင်က ထိုဒဏ်ရာများကို သူ့ကိုသာ ပြနိုင်ပြီး သူ့ကိုသာ ထိခွင့်ပြုမှာဖြစ်သည်။ ထို့သို့ဆိုပါက လင်းလော့ချင်း ကျိယွီရှောင်အား ဆေးလူးရာတွင် ကူညီပေးချင်မိသည်။


သို့သော် ကျိယွီရှောင်က လင်းလော့ချင်း တွေးထင်ထားသကဲ့သို့ မနူးညံ့ချေ။ 


သူ၏ ဘဝမှာ ဇိမ်ခံပစ္စည်းအပြည့်နှင့် ဖြစ်သော်ငြား ကျောင်းလူမိုက် တစ်ဦးအနေဖြင့် တိုက်ခိုက်ခြင်းသည် ကျိယွီရှောင်နှင့် မစိမ်းသက်ချေ။ သူ၏ အမာရွတ်များဆိုပါက ဆယ်ကျော်သက် ကာလ၏ ဂုဏ်ယူဖွယ် အမှတ်တရများဟူ၍ပင် ဆိုနိုင်၏။ ထို့ကြောင့် သူက အညိုအမည်းများကို ဂရုမစိုက်၊ ဆေးလိမ်းရန်ကမူ ထည့်ပြောရန်ပင် မလိုအပ်သည့် ကိစ္စဖြစ်သည်။ 


ယခုအချိန်မှသာ သူက အညိုအမည်းများကို လင်းလော့ချင်း မြင်တွေ့သွားမည် စိုးသဖြင့် ရှောင်လီအား ဆေးဝယ်ခိုင်းခဲ့သည်။ 


ထိုသို့မဟုတ်ပါက သူ ဆေးလိမ်းမှာ မဟုတ်ပေ။ 


“ကောင်းပြီလေ .. ” ကျိယွီရှောင် သဘောတူလိုက်သည်။ “ကိုယ်ရှောင်လီ့ကို မင်းဆီ ဆေးပေးထားဖို့ ပြောလိုက်မယ် … မင်းအိမ်မှာ ရှိနေတုန်း ကိုယ့်ကို ဆေးလိမ်းပေးပေါ့ ...”


လင်းလော့ချင်း ပျော်သွားကာ အဆက်မပြတ် ခေါင်းညှိတ်လိုက်သည်။ 


“အခု ဝမ်းမနည်းတော့ဘူး မဟုတ်လား … ” ကျိယွီရှောင် အပြုံးနှင့်မေးလိုက်သည်။ 


လင်းလော့ချင်း အနည်းငယ် ဝမ်းနည်းနေဆဲပင်။ မိမိချစ်ရသူကိုယ်ပေါ်တွင် အညိုအမည်းများကို တွေ့ပါက မည်သူမဆို ဝမ်းနည်းပေလိမ့်မည်။ 


သို့သော် သူက ပြုံးလျှက် ကျိယွီရှောင်အား သူလိုချင်သည့် အဖြေကို ပေးလိုက်သည်။ “အွန်း ...”


သူက တောက်ပစွာ ပြုံးလိုက်၏။ “မင်းငါ့ကို ဝမ်းမနည်းစေချင်ရင် ဝမ်းမနည်းတော့ဘူး ...”


သူက ကျိယွီရှောင်အား ညှင်သာစွာ ပွေ့ဖက်လိုက်သည်။



EDIT

Little Trash