အပိုင်း ၂၃၂
Viewers 49k

Chapter 232



ရှင်းရှင်းပြောရလျှင် ချန်ဖုန်းကလည်း သူ၏ တုံ့ပြန်မှုကိုမျှော်လင့်မထားပေ။သူမက သူ့ကို လမ်းဖယ်ပေးလိုက်သည်။


"ငါ မင်းအတွက် လမ်းခင်းပြီးပြီ...လင်းလော့ချင်း ငါ့ကိုစိတ်မပျက်စေနဲ့"


'ဘယ်စိတ်ပျက်စေပါ့မလဲ' 

လင်းလော့ချင်း ကျိယွီရှောင်ကို လှေကားထစ်ဆီသို့ တွန်းလိုက်ရင်း စိတ်ထဲမှာ တွေးလိုက်သည်။


အဖေလင်း၏စာကြည့်ခန်းက ဒုတိယထပ်တွင်ရှိနေသဖြင့် ကျိယွီရှောင်ကအပေါ်ထပ်သို့ မတက်နိုင်ပေ။ ထို့ကြောင့် သူက ကျိယွီရှောင်ကို ကောက်ပွေ့လိုက်သည်။လင်းအိမ်က အန်တီကြီးက ဘီးတပ်ကုလားထိုင်ကို ဒုတိယထပ်ကို ရွှေ့ပေး၏။


လင်းလော့ချင်းက သူမကို ကျေးဇူးတင်စကားဆိုပြီး ကျိယွီရှောင်အား အဖေလင်း၏စာကြည့်ခန်းဆီသို့ တွန်းလာခဲ့သည်။


သူ တံခါးခေါက်လိုက်သည်။အဖေလင်းက အမြန်ရောက်လာပြီး တံခါးကိုဖွင့်လိုက်သည်။


လင်းလော့ချင်း တံခါးနောက်ကွယ်မှ ပေါ်လာသော မျက်နှာကို ကြည့်လိုက်ရာ ခေတ္တ ထိတ်လန့်သွားသည်။အဖေလင်းက ဆေးရုံတက်တုန်းကနှင့် မတူတော့ပေ။သူက အသက်အတော်လေးကြီးလာသကဲ့သို့ရှိပြီး သူ့ခန္ဓာကိုယ်က သိပ်ကောင်းပုံမပေါ်ပေ။သူ ချောင်းဆိုးသည်ကို မရပ်နိုင်ဖြစ်နေသည်။


အဖေလင်းက သူလာသည်ကိုတွေ့သောအခါ ဝမ်းသာအားရပြောလာသည်။ "လာဝင်ခဲ့"


သူ လှည့်ပြီး ပြန်လျှောက်သွားသည်။လင်းလော့ချင်း အနည်းငယ်းကုန်းနေသာ သူ့ကျောပြင်ကို မြင်ပြီး တစ်လခွဲအတွင်း ဤလူက များစွာပြောင်းလဲသွားသည်ဟု ခံစားရသည်။


ယခုလိုအဖြစ်မျိုးတွေ တစ်ခုပြီး တစ်ခု ကြုံဖူးကြသည့် မည်သူမဆို ဘာမှမသက်ရောက်ပဲကျန်ရှိနေရန်ခက်မည်ပင်။


သူ့သားက သူ့ကို ပြန်ပေးဆွဲပြီး သူ့မိန်းမက သူ့ကို လှေကားပေါ်က တွန်းချသည်။ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းရင်း အဆုံးမရှိသော ရန်ပွဲတွေ အဆက်မပြတ် နှိုးဆွမှုတွေကြုံခဲ့ရသည်။အဖေလင်းအတွက် ဤနေရာတွင် ကောင်းမွန်စွာရပ်နေနိုင်သည်ကပင် တော်လှပြီဖြစ်သည်။


သူက အသက် 50 အရွယ်ကိုရောက်နေပြီဖြစ်သည်။15 နှစ်လည်းမဟုတ်သလို 25နှစ်လည်းမဟုတ်ပါချေ။ဤအသက်အရွယ်တွင်၊ သူ့ဇနီးနှင့် သူ့သားတို့ဆီက လှုံ့ဆော်ခံရပြီး ၎င်းကို အလေးအနက်မထားရန်က ခဲယဉ်းသည်။


မည်သို့ပင်ဖြစ်စေ သူတို့က သူ့ဘဝသက်တမ်းတစ်ဝက်လောက် သူနှင့် အတူရှိခဲ့ကြသူတွေမဟုတ်ပါလော။


လင်းလော့ချင်း သူ့နောက်ကို လိုက်သွားခဲ့သည်။


အဖေလင်းက စာရွက်စာတမ်းများစွာကို ထုတ်ကာ သူ့ထံ လွှဲပေးလိုက်သည်။ "ဒါတွေက ငါ့နာမည်အောက်က ပိုင်ဆိုင်မှုတွေ...ငါမင်းကို အခုလွှဲပေးမယ်...လောလောဆယ် မင်းငါ့အတွက် အရင်ကူထိန်းထားပေး...ငါကွာရှင်းပြီးတာနဲ့ မင်းငါ့ကို ပြန်ပေး"



လင်းလော့ချင်း ၎င်းကို ယူပြီးပြောလိုက်သည်။ 

"ကွာရှင်းမှဖြစ်မှာလား...အန်တီက အဖေနဲ့ နှစ်ပေါင်းများစွာ အတူရှိနေခဲ့တာလေ...အဖေသူ့ကို အရမ်းချစ်တာမဟုတ်ဘူးလား...အဖေ ဒါမှမဟုတ်…"


"ဘာမှ ထည့်တွေးပေးစရာမလိုတော့... မင်း ငါ့ကို ဖြောင့်ဖြဖို့ မလိုဘူး...ငါသူ့ကိုကွာရှင်းရမယ်၊ ရက်ပိုင်းအတွင်း ငါပြီးအောင်လုပ်မယ်" 


အဖေလင်းက သူ့ကိုဖြတ်ပြောသည်။ 

"အဲဒီကြွက်စုတ်... ငါသူနဲ့ တစ်ရက်လေးတောင်ထပ်မနေနိုင်ဘူး... သူက အရူး၊ အရှက်မရှိတဲ့ခွေးမ ...သစ္စာဖောက်တဲ့သားကို ထောက်ပံ့ဖို့ ငါ့ပိုက်ဆံဝေစုကိုတောင် လိုချင်နေသေးတယ်...အိပ်မက်မက်နေတာပဲ"


လင်းလော့ချင်း သက်ပြင်းချလိုက်သည်။ 

"အဖေ တိတိက ခဏလောက် စိတ်ရှုပ်ထွေးသွားတာပါ...အဖေ သူ့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးသင့်တယ်... သူက အဖေ့ကို ချစ်နေတုန်းပါပဲ"


"မင်းဘာလို့ ဒီခွေးသတောင်းစားအကြောင်း အကောင်းပြောနေသေးတာလဲ"


အဖေလင်းက လင်းလော့ချင်းကိုကြည့်ကာ သံကသံမဏိဖြစ်မလာသည်ကိုမုန်းနေလေသည်။

"သူ့ကြောင့်သာမဟုတ်ရင် မင်းအရင်က အဲဒီလောက်ဆင်းရဲတဲ့ဘဝမျိုး ကြုံရမှာတဲ့လား...သူ မင်းကို ဘယ်လို ဆက်ဆံခဲ့လဲ မေ့သွားပြီလား... သူတို့သားအမိလုပ်ခဲ့တာတွေကို မေ့သွားပြီလား...နှစ်ယောက်စလုံးက မင်းကို အကောင်းမပြောဖူးဘူး...ဒါကိုမင်းက သူတို့ကိုယ်စား ပြောနေသေးတာလား... မင်းက အရူးလား"


လင်းလော့ချင်းက စကားရပ်လိုက်ပြီး

ခေါင်းငုံ့ကာ နှုတ်ဆိတ်သွသည်။


၎င်းကိုမြင်သောအခါ အဖေလင်းက သူ့ကို နှစ်သိမ့်ပေးပြန်သည်။ 


"ကောင်းပြီ မင်းက စိတ်ကောင်းရှိမှန်း အဖေ သိပါတယ်...အစကတည်းက သူတို့နှစ်ယောက်က မင်းနဲ့ဘာမှမဆိုင်ဘူး... အခု ပိုတောင်မဆိုင်တော့သေးတယ်...ဒါပါပဲ"


"ဟုတ်တယ်လော့ချင်း...ဒီကိစ္စကို စိတ်မပူပါနဲ့တော့...အန်ကယ်က အသက်ကြီးပြီ... သူ့အတွက်ဘယ်ဟာကအကောင်းဆုံးလဲဆိုတာ ဘယ်လိုမှ မသိဘဲမနေဘူး"


 ကျိယွီရှောင်က လင်းလော့ချင်း၏ လက်ထဲက စာရွက်စာတမ်းတွေကို ယူပြီး ဖတ်ရင်း ပြောလိုက်သည်။၎င်းနောက် ထိုထဲမှာ သူလိုချင်သည့်အရာ ဘာတစ်ခုမှ မရှိသည်ကို တွေ့လိုက်ရ၏။


သူက ခဏလောက် စဉ်းစားပြီး ဖြည်းဖြည်းချင်း အကြံပြုလိုက်သည်။ 


"အန်ကယ်...အန်ကယ့်ရဲ့ရှယ်ယာတွေကို လော့ချင်းကို ဘာလို့ မလွှဲပေးတာလဲ...အန်ကယ်က အခုလုပ်သမျှက ချန်ဖုန်း နဲ့ လင်းလော့ကျင်းအတွက် ဘာမှ မကျန်အောင်လေ...အခု အန်တီချန်ဖုန်းက အလျင်လိုနေပြီး တခြားတစ်ခုခုလုပ်လိုက်ရင် မကောင်းဘူးမလား"


အဖေလင်းက သရော်သည်။ 

"ဘာလို့လဲ... သူငါ့ကို သတ်နိုင်သေးလို့လား... သူငါ့ကိုသတ်ရင် ထောင်ထဲရောက်လိမ့်မယ်... ပြီးရင် သူ့သားနောက်ကနေ လိုက်ပြီးအဖော်ပြုပေးလို့ရပြီ"


"ကျွန်တော်က အဲဒီလို မဆိုလိုပါဘူး...ကျွန်တော်ဆိုလိုတာက အန်ကယ်နဲ့ အန်တီချန်ဖုန်းက ကွာရှင်းသည်ဖြစ်စေ မကွာရှင်းသည်ဖြစ်စေ၊လင်းလော့ကျင်းက လင်းလော့ချင်းလိုပဲ အန်ကယ့်ရဲ့ပိုင်ဆိုင်မှုတွေကို တရားဝင်အမွေရပိုင်ခွင့်ရှိတယ်... အန်ကယ့်ရဲ့ပိုက်ဆံတွေကို လော့ချင်းကိုပေးလိုက်ပေမဲ့ ရှယ်ယာတွေက အန်ကယ်နဲ့အတူရှိနေတယ်.... အန်တီဖုန်းက ပိုက်ဆံမရနိုင်ရင် ရှယ်ယာတွေအပေါ် အာရုံစိုက်လာနိုင်တယ်”


"သူ(မ)က ထောင်ကျသွားနိုင်ကောင်းပေမဲ့ လင်းလော့ကျင်းမှာ ပေါယွမ်ရဲ့ရှယ်ယာတွေကို အမွေဆက်ခံခွင့်ရှိနေတုန်းပဲလေ... နှစ်အနည်းငယ်ကြာလို့ ထောင်ကထွက်လာတာနဲ့၊ သူ ပေါယွမ်ကို အမွေဆက်ခံပြီး ကောင်းကောင်းမွန်မွန်နေထိုင်လို့ရတယ်"


"သူ အိပ်မက်မက်နေတာပဲ... မကြာခင် ငါ သေတမ်းစာတစ်ခု ရေးမယ်... ငါသေရင် ငါ့နာမည်အောက်က ပိုင်ဆိုင်မှုအားလုံးကို လော့ချင်းပိုင်လိမ့်မယ်...သစ္စာမရှိတဲ့သားလင်းလော့ကျင်း ဘာတစ်ခုမှရမှာမဟုတ်ဘူး"


"အဖေဘာတွေပြောနေတာလဲ"

လင်းလော့ချင်းက မျက်မှောင်ကြုတ်လိုက်သည်။ 

"ကျွန်တော် အဖေ့ကိုဘာမှမဖြစ်စေချင်ဘူး"


"ဟုတ်တယ် အန်ကယ်...အန်ကယ်က ဒီလိုဖြစ်နေရင် လော့ချင်း ဘယ်လောက်အဆင်မပြေဖြစ်လိုက်မလဲ"

ကျိယွီရှောင်ကလည်း ထောက်ခံလိုက်သည်။


အဖေလင်းသည် သားဖြစ်သူထံမှ ပြန်ပေးဆွဲခံရမှုနှင့် ဇနီးဖြစ်သူထံမှ ရွဲ့စောင်းသောစကားများကို လောလောလတ်လတ် ကြုံပြီးခါစဖြစ်သည်။ သူက ချစ်ခြင်းမေတ္တာကို လိုအပ်သော ကာလမှာရှိနေသည်။လင်းလော့ချင်း ပြောသည်ကြားသောအခါ အတော်လေး ရင်ထဲထိသွားသည်။လင်းလော့ချင်းကို ခဏလောက်ကြည့်ရင်း သူ့မျက်လုံးတွေက ပိုနူးညံ့လာသည်။


ချန်ဖုန်းပြောသည်ကို သူ သတိရသွား၏။ 

"ရှင်က လင်းလော့ချင်းကို မချစ်ဘူး၊ သူ့ကို မယုံဘူး...သူဘယ်လောက်ပဲလုပ်လုပ် သူ့ကို မမြင်သလိုပဲသဘောထားရယ်... သနားစရာကောင်းတဲ့ကလေးက အရွယ်မရောက်ခင်မှာ ရှင့်ဆီကကန်ထုတ်ခံရပြီး လမ်းပျောက်နေတဲ့ခွေးလို့ အိမ်ထဲဝင်ဖို့ ပြန်ပြေးလာခဲ့ပေမဲ့ ရှင်ကသူ့ကို ခွင့်မပြုခဲ့ဘူး...တခြားသူတွေက ရှင့်ကိုမချစ်ဘူး၊ ဂရုမစိုက်ဘူးလို့သာ ရှင်ကဆက်တိုက်ပြောနေတာ...ဒါပေမဲ့ ရှင်ကရောဘယ်သူကို ချစ်ပြီး ဂရုစိုက်လို့လဲ...ရှင့်ကိုယ့်ရှင်ပဲချစ်တာ"


"ကျွန်မ ရှင့်ကိုပြောမယ်...ရှောင်ကျင်းက ရှင့်ကိုမချစ်ဘူး၊ကျွန်မလည်း ရှင့်ကိုမချစ်ဘူး...လင်းလော့ရှီး မသေခင်ကလည်း ရှင့်ကိုမချစ်ဘူး...ချုံးယုံရှင်းလည်းအတူတူပဲ...ဒီကမ္ဘာမှာ ရှင့်ကို ဘယ်သူမှ ချစ်မှာမဟုတ်ဘူး...လင်းလော့ချင်းလား... သူက ရှင့်ကို တကယ်ချစ်ပြီး ရှင့်ကို အဖေတစ်ယောက်လိုသဘောထားတာဖြစ်နိုင်ပေမဲ့ ရှင်ကဂရုမစိုက်ဘူးလေ.အဲဒါကြောင့် ရှင်တစ်ယောက်တည်း ဖြစ်နေတာ ...ရှင်က ဒီအရွယ်အထိ တစ်ယောက်တည်းရှိနေခဲ့တယ်... ရှင့်သေတဲ့အခါ ဘယ်သူမှ ရှင့်အတွက် စျာပနပွဲ လုပ်မှာမဟုတ်ဘူး"


မဟုတ်ဘူး...လင်းလော့ရှီး နှင့် ချိုးယုံရှင်းလည်း သူ့ကိုချစ်သည်ဟု အဖေလင်းတွေးမိသည်။လင်းလော့ချင်းက သူ့ကို ပိုချစ်သည်။ သူကတစ်ယောက်တည်း မဟုတ်ဘူး... သူ ဒီအသက်အရွယ်ထိ တစ်ယောက်ထဲ အသက်ရှင်နေခဲ့တာ မဟုတ်ဘူး... သူ့ပတ်ဝန်းကျင်က လူတိုင်းက သူ့ပိုက်ဆံကိုပဲ လိုချင်ပြီးသူ့ကိုဂရုမစိုက်တာမျိုးသူအဖြစ်မခံနိုင်ဘူး...


သူ လင်းလော့ချင်းကို ယုံတယ်...


သူ့အပေါ်ထားတဲ့ လင်းလော့ချင်းရဲ့ ခံစားချက်တွေကို သူယုံတယ်...


"အန်ကယ်...အန်ကယ်နဲ့ လော့ချင်းအတွက် လက်ရှိအဖေနဲ့သားဆက်ဆံရေးအထိအောင်ကြိုးစားဖို့မလွယ်ခဲ့ဘူး...လောလောဆယ်မှာ ပေါ်ယွမ်ကလည်း တိုးတက်လာနေတယ်... အရာရာတိုင်းက ကောင်းမွန်တဲ့ဘက်ကို ဦးတည်နေတယ်... သေမယ်ဘာမယ်အကြောင်း မပြောပါနဲ့...လော့ချင်းမှယ သူ့ကိုယ်ပိုင်ပစ္စည်းဥစ္စွာတွေရှိပြီး ငွေလည်းချို့တဲ့မနေဘူ...အန်ကယ့်ရဲ့အမွေကို သူမလိုချင်ဘူး...အန်ကယ်သာ တကယ်ထွက်သွားရင် သူ့မှာ ဆွေမျိုးသားချင်း ရှိတော့မှာမဟုတ်ဘူး...ဒါကြောင့် အန်ကယ်တစ်ခုခုဖြစ်လို့မရဘူး"


ကျိယွီရှောင် မီးထဲကိုလောင်စာဆီထပ်ထည့်လိုက်သည်။


"ဒီလိုဆိုရင်ရော...အန်ကယ်က ရှယ်ယာတွေကို လော့ချင်းဆီလွှဲပေးပြီး အန်ကယ့်မှာရှိသမျှက အခုလော့ချင်းနာမည်အောက်ရောက်သွားပြီ ဖြစ်တဲ့ကြောင်း အန်တီချန်ဖုန်းကို ပြောပြလိုက်ပါ...အန်ကယ်တကယ် မတော်တဆမှုတစ်ခုကြုံခဲ့ရင်တောင် လင်းလော့ကျင်းက ဘာအကျိုးကျေးဇူးမှ မရတော့ဘူး...ဒီနည်းနဲ့ အန်တီက သူ့ရဲ့ အမုန်းတရားတွေကို လော့ချင်းဆီ လွှဲပြောင်းလိုက်ရုံသာရှိပြီး သူ အန်ကယ်ကို ဘာမှလုပ်မှာ မဟုတ်တော့ဘူး"


"ဒါက ဘယ်လိုလုပ်ဖြစ်မှာလဲ" 


အဖေလင်းမှာ ရှားရှားပါးပါး အသိစိတ်တချို့ရှိနေသည်။ 

"အဲသလိုဆို လော့ချင်း အန္တရာယ်ရှိမှာမဟုတ်ဘူးလား"


"မဟုတ်ဘူး...ကျွန်တော် သူ့ကိုကာကွယ်နိုင်တယ်"

ကျိယွီရှောင်က အေးဆေးတည်ငြိမ်စွာပြောသည်။ 


"ဒါ့အပြင် လော့ချင်းက ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး လူထုအမြင်က အန်ကယ့်ထက် သူ့ကို ပိုပြီးအာရုံစိုက်တယ်... အန်တီချန်ဖုန်းအတွက် သူ့ကို ထိခိုက်အောင်လုပ်ဖို့ ပိုခက်လိမ့်မယ်"


"ဟုတ်တယ် အဖေ"

လင်းလော့ချင်းက စိုးရိမ်တကြီး ကြည့်သည်။ 


"ကျွန်တော်ကဘယ်လိုပဲဖြစ်ဖြစ် ရိုက်ကွင်းမှာပဲနေ့တိုင်းရှိနေတာ... ပုံမှန်အားဖြင့် သူ ကျွန်တော့်ကို မြင်တောင် မြင်ရမှာမဟုတ်ဘူး...အဖေကကျ သူက အဖေနဲ့အတူနေတာကြာပီ...အဖေ့အကြောင်းကို ကောင်းကောင်းသိတယ်...ကျွန်တော် စိုးရိမ်တာက သူ တစ်ခုခု တကယ်လုပ်ဖို့ကြိုးစားရင် ဘယ်လိုလုပ်မလဲ"


လင်းလော့ချင်းက မျက်ရည်များဝဲလာသည်။ 

"ကျွန်တော့်မှာ အမေနဲ့ အစ်မ မရှိတော့ဘူး...ကျွန်တော် အဖေ့ကိုပါ အဆုံးရှုံးမခံနိုင်ဘူး"


အဖေလင်းက သူ့မျက်လုံးထဲက မျက်ရည်တွေကို ကြည့်ပြီး နောက်ဆုံးမှာ စိတ်ပိုင်းဖြတ်လိုက်သည်။သူက ခေါင်းညိတ်ကာဆို၏။ 


"အေးပါသားရယ် စိတ်မပူပါနဲ့...အဖေအဆင်ပြေမှာပါ"


သူက လမ်းလျှောက်လာကာ အချိန်နှောင်းနေပြီဖြစ်သော ဖခင်မေတ္တာများအပြည့်ဖြင့် လင်းလော့ချင်းကို ပွေ့ဖက်လိုက်သည်။ယခုလိုမျိုး သားအဖချစ်ခြင်းမေတ္တာနှင့် နွေးထွေးမှုကို အမြဲရနိုင်ရန် သူမျှော်လင့်သည်။


ရက်အနည်းငယ်အကြာတွင် အဖေလင်းက ရှယ်ယာလွှဲပြောင်းခြင်းသဘောတူညီချက်ကို လင်းလော့ချင်းအား လွှဲပြောင်းပေးခဲ့သည်။ထိုစဥ်အတွင်းမှာ သူအတော်လေး ဝမ်းမြောက်သလိုခံစားရသည်။ "တကယ်တော့ ဒီထဲက 20% က မင်းအမေရဲ့ ရှယ်ယာဖြစ်သင့်တာ... အဲဒီတုန်းက ငါတို့ပေါ်ယွမ်ကို အတူတူစထောင်ခဲ့တာ... မင်းအမေက အများကြီး ပံ့ပိုးပေးခဲ့တယ်...သူက ရှယ်ယာ 20% ကို ယူသင့်ပေမဲ့ ငါ့ကိုအဓိကရှယ်ယာရှင်အနေနဲ့ လုပ်ပိုင်ခွင့်ပိုပေးဖို့အတွက် ငါ့ကိုဒီရှယ်ယာ20%ကို တိုက်ရိုက်ပေးခဲ့တယ်"


သူက စကားပြောရင်းနှင့် ထိုအမျိုးသမီးကို ပြန်သတိရသွားပုံရ၏။


အခုတလော သူ ချုံးယုံရှင်းကို အမြဲတွေးနေမိခဲ့သည်။ သူသည် တစ်ဖက်လူ၏ နူးညံ့သိမ်မွေ့မှုနှင့် ဆိတ်ငြိမ်မှုကို သတိရနေခဲ့၏။ သူမကြိုက်သည့်စာအုပ်တွေကို သတိရပြီး 'ကျွန်မပန်းတွေကို မထိနဲ့' ဟု ကူကယ်ရာမဲ့ ပြောသည်ကိုလည်း သတိရသည်။ 'ဒီလိုဆိုရင်ရော ဘယ်လိုလဲ'၊'ရှင့်အတွက် အကူအညီဖြစ်ရဲ့လား'ဟု သူ့ကို ကြင်နာစွာ မေးသည်ကိုလည်း သတိရမိသည်။ 


သူတို့မှာ အချိန်ကောင်းလေးတွေ အများကြီးရှိခဲ့သည်။သူ သူမအတွက် စိတ်မကောင်းဖြစ်မိသည်။


များစွာသော အရာများကို တွေ့ကြုံခံစားခဲ့ရပြီး ချန်ဖုန်းထံမှ လွတ်မြောက်လိုသော အချိန်တွင် သူ ချုံးယုံရှင်းနှင့် အမှတ်တရများထဲမှာပဲ သူ့ကိုယ်သူ ပုန်းနေချင်မိတော့သည်။


လူတို့သည် လူလတ်ပိုင်းအရွယ်သို့ရောက်သည်နှင့်၊ အထူးသဖြင့် အပြောင်းအလဲများစွာကို ကြုံတွေ့ရသောအခါတွင် အတိတ်းအမှတ်တရများကို ပြန်သတိရခြင်းအား ရှောင်လွှဲရန် မဖြစ်နိုင်ပေ။အဖေလင်းလည်း ထိုကဲ့သို့ပါပင်။သူ့ကိုချစ်သည့်သူများ သူ့နားမှာရှိနေစဥ်က သူပိုက်ဆံအတွက်လောဘကြီးခဲ့သည်။သူ့မှာ ပိုက်ဆံပိုရှိလာသည့်အခါ စိတ်ချမ်းသာမည်ဟု သူထင်ခဲ့ပေမဲ့ နောက်ဆုံးမှာ သူ့ကို တကယ်ချစ်သည့်သူ သူ့နားမှာမရှိတော့ကြောင်း သူတွေ့ရှိခဲ့ရသည်။ လွန်လွန်ကဲကဲကိုပင် ချစ်ခြင်းမေတ္တာနှင့် ခံစားချက်ကို သူလိုချင်ပြီး သူ့ကို တကယ်ချစ်သည့်သူရှိသေးကြောင်း ငြင်းခုံချင်သည်။


သူ သက်ပြင်းချလိုက်ပြီး အတိတ်ကိုပြန်တမ်းတရင်းဆိုမိသည်။

"မင်းအမေက မိန်းမကောင်းတစ်ယောက်ပါ"


ဒါပေမဲ့ အဲဒီတော့ဘာအသုံးဝင်လဲ...


လင်းလော့ချင်း တွေးလိုက်သည်။ သူမ ခင်ဗျားရဲ့ သစ္စာဖောက်ခြင်းကိုခံရတာပဲမဟုတ်ဘူးလား...ခင်ဗျားဖောက်ပြန်တာကို ခံရတာပဲမဟုတ်ဘူးလား...မယားငယ်က သူမအိမ်ကိုအပိုင်သိမ်းသွားပြီး သူမသားသမီးတွေ သူမအိမ်ကနေ နှင်ထုတ်ခံခဲ့ရတယ်...


အဲဒီတော့ ဒီအချိန်ကျမှ ဒီစကားကိုပြောတော့ ဘာအသုံးဝင်လဲ... 


သူက လက်ဆန့်ပြီး စာရွက်ကို ယူလိုက်သည်။ သူ့ရှေ့က လူအိုကြီးကို ကြည့်ကာ စိတ်ထဲတွင် ပြောလိုက်သည်။

'နောက်ဆုံးတော့ ပွဲကပြီးသွားပြီ' 


လင်းလော့ချင်း ကျိယွီရှောင်ကို ရှယ်ယာလွှဲပြောင်းခြင်းသဘောတူညီချက်ကို ပြသလိုက်သည်။ပြဿနာတစ်စုံတစ်ရာရှိမနေပေ။ယခု လင်းပေါ်၏ အစုရှယ်ယာများအားလုံးကို လင်းလော့ချင်းက တရားဝင်ပိုင်ဆိုင်ပြီဖြစ်သည်။


လင်းလော့ချင်း ရယ်မောလိုက်သည်။ နောက်နေ့တွင် သူ လင်းဖေးကို လင်းလော့ရှီး၏အုတ်ဂူဆီသို့ ခေါ်သွားခဲ့သည်။


လင်းလော့ရှီး၏ အုတ်ဂူပေါ်တွင် မောင် ဖြစ်သူလင်းလော့ချင်းမှ တည်ထားသည်ဟူသော စာကြောင်းတစ်ကြောင်း ရှင်းရှင်းလင်းလင်း ရေးသားထားသည်။


အချိန်တွေက ခြားနားသွားပြီး သူကမူလပိုင်ရှင်မဟုတ်သည်က စိတ်မကောင်းစရာပါပင်။


ခင်ဗျားမောင်ရဲ့ ခန္ဓာကိုယ် ယူမိတဲ့အတွက် စိတ်မကောင်းပါဘူး...ဒါပေမဲ့ ခင်ဗျားနဲ့ လင်းဖေးပိုင်သင့်တဲ့အရာအားလုံးကို ပြန်ယူနိုင်အောင် ကျွန်တော်ကူညီပေးခဲ့တယ်...အဲဒါကိုထောက်ရှုပြီးတော့ပဲဖြစ်ဖြစ်

ကျွန့်တော့်ကို ခွင့်လွှတ်ပေးနိုင်မလား...


လင်းလော့ချင်း သူမအား လေးလေးနက်နက် ဦးညွှတ်လိုက်သည်။



အနာဂတ်မှာ လင်းဖေးကို ကောင်းကောင်း ပြုစုပျိုးထောင်ပါ့မယ်...သူ့ကိုချစ်ပေးပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေမယ်လို့...ကျွန်တော် ကတိပေးပါတယ်...စိတ်မပူပါနဲ့...