အပိုင်း ၆၀
Viewers 11k

🧑‍⚕️Chapter 60



ကျန်းရွှိသည် တခဏမျှ တောင့်ကနဲ ဖြစ်သွားကာ သူသွားရာလမ်းတွင် ရပ်လိုက်သည်။သူ၏မျက်လုံးများထဲတွင် မှင်သက်အံ့ဩနေသော အကြည့်များရှိနေသော်လည်း ချက်ချင်းလက်ငင်းပင် စိတ်ရှုပ်သွားသော အကြည့်များကအစားထိုးသွားသည်။

ရှန့်ဖန်းယွိက သူ့အား ပူပူနွေးနွေးဟင်းပန်းကန်ကို ကမ်းပေးလိုက်သည်။

နှစ်ဦးသားသည် ယွမ်ထောင်ချီတန်သော အစားအစာများအတွက်ထွက်လာခဲ့သော်လည်း နေ့လည်စာဘူးများသာ စားရင်း အဆုံးသတ်သွားသည်။

.......

ICU ဌာနမှ ကြားရသော သတင်းအရ ဝမ်ချင်း၏ အခြေနေသည်ပုံမှန်အားဖြင့် တည်ငြိမ်သွားပြီဖြစ်သည်။ ထို့ကြောင့် ပင်ပန်းနေသောသို့မဟုတ် ပျော်ကောင်းပျော်နေသော မိသားစုသည် စိတ်အတော်အေးသွားသည်။

ကျန်းရွှိသည် ထန်ခယ်ဆီသို့ WeChat မက်ဆေ့ခ်ျတစ်စောင်ပို့လိုက်ပြီး အခြားအဖွဲ့များ၏ မေးခွန်းတရစပ်များကြားမှ အိမ်သို့ပြန်လာခဲ့သည်။

ကျန်းရွှိမှ သူ့အား ရုတ်တရက်ရေချိူးခန်းထဲသို့ တွန်းလိုက်သောအခါ ရှန့်ဖန်းယွိဖိနပ်အပါးပြောင်းစီးလိုက်သည်။ သူသည် ဝမ်ချင်းအား ကယ်တင်ရန်အားစိုက် ကြိုးစားခဲ့ရသောကြောင့် ရေထဲမှခုန်ထွက်လာသော ငါးကဲ့သို့ပင် ချွေးများစိုရွှဲနေသည်။

ကျန်းရွှိသည် ရှန့်ဖန်းယွိ အအေးမိသွားမည်ကိုစိုးရိမ်နေသည်။ထို့ကြောင့် ဆေးရုံတွင် စားသောက်ပြီးသည့်အခါ ရေချိုးရန် မှာခဲ့သည်။သို့သော် ရှန့်ဖန်းယွိသည် စကားနားမထောင်ပဲ ရေချိူးချိန်အမှီ သူနှင့်အတူ အိမ်အထိပြန်လာခဲ့သည်။
"ငါရေချိုးနေတုန်း မင်းထွက်ပြေးသွားမှာစိုးလို့…"

ရှန့်ဖန်းယွိထံတွင် ထိုသို့ကလေးဆန်သည့်စိတ်များ ဘယ်အချိန်ကစ၍ ရှိနေသည်ကို ကျန်းရွှိ မသိခဲ့ပါ။

ရှန့်ဖန်းယွိ နှင်းဆီပန်းများနှင့် ယုန်ဝတ်စုံ နှစ်မျိုးလုံးအားပြန်ယူခဲ့ပြီး ကော်ဖီစားပွဲတွင်တင်ထားလိုက်သည်။ကျန်းရွှိသည် ကော်ဖီစားပွဲပေါ်မှ ရှုပ်ပွနေမှုများနှင့်ပတ်သက်၍ စိတ်မသက်မသာ ဖြစ်သွားပြီး သူ၏ဘယ်ဘက်လက်ထဲတွင် ယုန်ဝတ်စုံနှင့်တွဲထားသော ယုန်ခေါင်းကိုင်၍ညာဘက်လက်ထဲတွင် နှင်းဆီပန်းများအားကိုင်ကာ အိပ်ခန်းထဲသို့ ဝင်သွားသည်။

သူသည် ယုန်ခေါင်းအားသေချာပြန်ဆန့်ကာ ပြတင်းပေါက်နားတွင်ထားလိုက်သည်။ယုန်ကြီး၏ပုံစံသည် အိပ်ယာပေါ်ရှိယုန်ငယ်ရုပ်လေးအားလှမ်းကြည့်နေသော ရှုထောင့်မှပုံစံမျိုးဖြစ်နေကာ အလွန်ချစ်စရာပင်ကောင်းသည်။ကျန်းရွှိသည် အချိန်အတော်အကြာတွေးပြီးနောက် ရှန်ဖန်းယွိအနေနှင့် သူကိုယ်တိုင်ဝတ်ခဲ့သည့် ယုန်ဝတ်စုံအားပြန်မကြောက်လောက်ပါဟုသာတွေးရင်း ယုန်ခေါင်းအားလက်ဖြင့်အသာပုတ်ကာ အိပ်ခန်းထဲတွင်ထားခဲ့လိုက်သည်။

နှင်းဆီပန်းများအတွက်မူ…

ကျန်းရွှိသည် အပွင့်များကြားထဲမှ အဖူးများအားကြည့်လိုက်သည်။ အနီရောင် ပွင့်ဖတ်အများစုသည် အထိများ၍ ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်လောက်ကာ နွမ်းခြင်းနှင့်ဝါခြင်း လက္ခဏာပြနေသော အပြင်ဖတ်မှ ပွင့်ဖတ်များထက် လန်းဆန်းတက်ကြွစွာ ပွင့်လန်းနေကြသည်။

သူသည် စာကြည့်ခန်းထဲမှ ပန်းအိုးအားရေဆေးလိုက်ကာစာရွက်ဖြင့်ပတ်ထားသော ပန်းများအားထုတ်လိုက်ကာ ရေဖြည့်ထားသော ပန်းအိုးထဲသို့ ထိုးထားလိုက်သည်။ ပန်းရနံ့သည် အလွန်လန်းဆန်းသောကြောင့် ပင်ပန်းမှုဒဏ်မှသက်သာရန်အတွက် အကျိုးပြုသဖြင့် ပန်းစည်းအား စာကြည့်ခန်းထဲတွင်သာထားခဲ့လိုက်သည်။

ရှန့်ဖန်းယွိပြောင်းလာသည့်အချိန်မှစ၍ ကျန်းရွှိစာဖတ်ခန်းသည် လူနှစ်ယောက်စာအဖြစ်ပြောင်းသွားခဲ့သည်။ မူလက တစ်ယောက်စာသစ်သားစားပွဲရှည်သည် ယခုအခါ ကွန်ပြူတာ နှစ်လုံးတင်၍ဆင်ထားပြီး ရှန့်ဖန်းယွိက ကျန်းရွှိနှင့်မျက်နှာချင်းဆိုင်ထိုင်နိုင်ရန် ကုလားထိုင်တစ်လုံးနှင့် စားပွဲတင်အကန့်တစ်ခုပါဝယ်လာခဲ့သည်။

ကျန်းရွှိသည် ပန်းများထည့်ထားသော ပန်းအိုးအား ကွန်ပြူတာနှစ်လုံးကြားတွင်ထားလိုက်ကာ အခန်းအပြင်အဆင်ကို ကြည့်ရန် ခြေလှမ်းကိုနောက်ဆုတ်လိုက်သည်။အချိန်အတော်တန် စဉ်းစားပြီးနောက် ကျန်းရွှိသည် ပန်းအိုးက သူ၏ညာလက်နှင့်အနည်းငယ်နီးနေကာ တိုက်မိလွယ်သည်ဟုခံစားမိသည်။

သူသည် ပန်းအိုး၏ နေရာအနေအထားကို ပြင်ရန် ရည်ရွယ်၍ ခြေလှမ်းနောက်ဆုတ်လိုက်သည်။ သို့သော် သူ ရှန့်ဖန်းယွိ၏ ဖိုင်တွဲအားမတော်တဆထိမိသွားသည်။

သူမသိလိုက်ပဲနှင့်ပင် ဝေ့ဝဲကြည့်လိုက်မိပြီး သူမရှိသည့်ရက်များအတွင်း ရှန့်ဖန်းယွိ၏ စာရွက်စာတမ်းများမှာ ရှုပ်ပွနေကာ စားပွဲပေါ်တွင်ပြန့်ကြဲနေသည်ကို တွေ့လိုက်ရသည်။

သူ၏အခန်းထဲမှ သန့်ရှင်းသပ်ရပ်မှုနှင့် ပတ်သက်၍ သိပ်ဂရုမစိုက်သော်လည်း အမျိုးအစားနှင့် အစီအစဉ်တကျ မှန်မှန်ကန်ကန် ထားရှိ၍စနစ်ကျသော ရုံးစားပွဲသည် သူလိုချင်သည့် အချက်အလက် များအားအလွယ်တကူ လျင်မြန်စွာရှာနိုင်သည့်အတွက်တန်ဖိုးထားသည်။ထို့ကြောင့် ဆေးရုံမှသူ၏ရုံးစားပွဲခုံနှင့် အိမ်၏စာကြည့်ခန်းရှိ အလုပ်စားပွဲ နှစ်ခုလုံးအား သေသေသပ်သပ် သာ ထားသည်။

ကျန်းရွှိ သည် ဤအကြောင်းကို ရှန့်ဖန်းယွိ အိမ်သို့စပြောင်းလာစဉ်ကတည်းကပင် ပြောထားသည်ဖြစ်သည်။ သူရှိနေသည့်အချိန်တွင်မူ ရှန့်ဖန်းယွိက စာရွက်များကို အမြဲသပ်ရပ်စွာစီထားလေ့ရှိသည်။

ရှန့်ဖန်းယွိသည် ခက်ခဲသောခွဲစိတ်မှုနှင့်ပတ်သက်သည်များကိုသာ ထိုကဲ့သို့ ဖိုင်တွဲများနှင့်သိမ်းတတ်သည်ကို ကျန်းရွှိသိသည်။သူသည် ခွဲစိတ်မှုမတိုင်မှီ အချက်အလက်စုံလင်အောင် စုဆောင်းလေ့ရှိကာ စာအိတ်ကြီးထဲတွင်ထည့်သိမ်းလေ့ရှိပြီး သူ၏ ကွန်ပြူတာဘေးတွင် ထို စက္ကူစာအိတ်များ အပုံလိုက်ပင် ရှိနေသည်။

သို့သော်လည်း ကျန်းရွှိမရှိချိန်တွင် ရှန့်ဖန်းယွိသည် သိသိသာသာ စည်းကမ်းမဲ့လာသည်။ထို့ပြင် စားပွဲပေါ်တွင် စာအိတ်များ ပြန့်ကျဲနေကာရှင်းလင်းသိမ်းဆည်းရန် ဆန္ဒရှိပုံပင် မပေါ်ပေ…။

ကျန်းရွှိသည် အခန်းထဲမှထွက်သွားရန် ပြင်လိုက်သည်။သို့သော် စာရွက်မြင်လျှင် ကောက်စီချင်နေသော သူ၏စိတ်ကြောင့် မျက်နှာ မလွှဲနိုင်ခဲ့ပေ။ထို့ကြောင့် သူသက်ပြင်းချကာ ခေါင်းကို ခါလိုက်ပြီး စာရွက်အိတ်များကိုစီ၍ ပုံကာသေသပ်စွာခေါက်လိုက်သည်။

စာအိတ်အများစုတွင် နံပါတ်များ သို့မဟုတ် ရောဂါများ၏ နာမည်အစ စာလုံးများရေးထားသည်။သို့သော် အသိသာဆုံး စာအိတ်တစ်ခုအားတွေ့လိုက်ရသော အခါသူ၏လက်များရပ်တန့်သွားသည်။

ထိုစာအိတ်သည် အလွန်ထူကာ စာအိတ်ပေါ်တွင် နံပါတ်များမရှိသလို ရောဂါနာမည် အစ စာလုံးနှင့် အကျဉ်းချုံးပင် မရေးထားပေ။ "JX"ဟူသည့် အက္ခရာ နှစ်လုံးသာ ရေးထားသည်။

ကျန်းရွှိသည် သူ၏ နာမည်အစစာလုံးများကို ရေးလေ့ရှိသည်။ထို့ကြောင့် ထိုစာလုံး နှစ်လုံးကို မြင်လိုက်ရသည်အခါ သတိထားမိပြီး သူနှင့်သက်ဆိုင်သည်ဟုပင် တွေးလိုက်သည်။

ရှန့်ဖန်းယွိအနေနှင့် သူ့အကြောင်းနှင့်ပတ်သက်၍ စောစီးစွာ အချက်လက်စုဆောင်းထားလိမ့်မည်ဟု ကျန်းရွှိ မထင်ခဲ့မိပေ…။စုဆောင်းစရာလည်း မရှိပေ…။

သူသည် စာအိတ်အား သံသယအရိပ်အယောင်နှင့် ဖွင့်ဖောက်လိုက်ပြီး မှ သူနှင့်ဘာမျှမဆိုင်ဟု တွေးကာ ချက်ချင်း ပြန်ပိတ်လိုက်သည်။

ထိပ်တွင် ပါမောက္ခဒေါက်တာ ရှန့်ဆီသို့ပေးပို့မည့် အီးမေးလ် အား A4စာရွက်နှင့် ပရင့်ထုတ်ကာ ကပ်ထားသည်။

သူသည် မျက်လုံးကို အောက်သို့နိမ့်၍ ဆက်ဖတ်လိုက်သည်။

"မင်္ဂလာပါ….အမျိုးသားကိုယ်ဝန်ဆောင်မှုကိစ္စ အကြောင်း သင်၏ စုံစမ်းမေးမြန်းမှုနှင့် စပ်လျဉ်း၍…"

ကျန်းရွှိသည် စာရွက်စာတမ်းများအား အကုန်ဆွဲထုတ်လိုက်သည်။

ထို အီးမေးလ်သို့ဆက်သွယ်ထားသောသူသည် ကျန်းရွှိနှင့်တူနေသည်။ထို့ပြင်သူသည် သူစစ်ဆေးခဲ့သည့် မအောင်မြင်ခဲ့သော ခွဲစိတ်မှုများ၏ တာဝန်ခံ ခွဲစိတ်ဆရာဝန်လည်းဖြစ်ခဲ့သည်ကို သတိရသွားသည်။ သူသည် နောက်တစ်ရွက်အား ဖတ်ရန် စာရွက်ကိုဖယ်လိုက်သည်။ထိုတစ်စောင်သည်ပြန်စာဖြစ်သည်။သူသည် တစ်ရွက်ပြီးတစ်ရွက်လှန်ကာ ဖတ်ကြည့်ပြီးနောက် ထို အီးမေးလ်ပို့သူများထဲတွင် အမျိုးသားကိုယ်ဝန်ဆောင်ခြင်းကိစ္စနှင့်ပတ်သက်၍ သူ ရှာခဲ့ဖူးသော ဆရာဝန်များအားလုံးနီးပါး ပါနေကြောင်းသိခဲ့ရသည်။

သူတို့သည် သူတို့၏ မအောင်မြင်ခဲ့ရသည့် ခွဲစိတ်မှုအတွေ့အကြုံများနှင့် ဖျက်ထားပြီးဖြစ်သော လူနာရောဂါမှတ်တမ်း၏ ကူးထားသောကော်ပီမှတ်တမ်း အချို့ အကြောင်း များလည်းပါဝင်ပြီး အချို့သည် ခေါင်းဆောင်ခွဲစိတ်သူများမဟုတ်သော်လည်း ခွဲစိတ်မှု တွင်ပါဝင်ခဲ့ဖူးသော သူများအကြောင်း စသဖြင့် ဆွေးနွေးပြောဆိုနေကြသည်။

သူ့အနေဖြင့် ရှန့်ဖန်းယွိသည် ထိုသူများထံသို့ တကယ် တမ်းသွား၍ မေးလ်နှင့်ဆက်သွယ်လိမ့်မည်ဟု မတွေးမိထားပေ…။

ဆွေးနွေးထားမှုများထဲတွင် နိုင်ငံပေါင်းစုံအတော်ပါဝင်ပြီး လူအများအပြားလည်း ပါဝင်ကာ တက္ကသိုလ်ဆေးရုံအဖွဲ့အစည်းပေါင်းများစွာလည်း ပါဝင်၍ ကြောင်းအရာအားလုံးကို ချိတ်ဆက်မည်ဆိုလျင်ပင် အတော်အတန် ငြီးငွေ့ဖွယ်ရာဖြစ်သည်။ ထို့ပြင် မအောင်မြင်ခဲ့သည့်ခွဲစိတ်မှုများထဲမှ အမှားများပြန်စစ်၍ ကောက်နှုတ်ချက်ယူရသည်မှာ တန်ဖိုးရှိသော်လည်း အောင်မြင်နိုင်ချေတစ်ခုထက်ပင် ပို၍ရာခိုင်နှုန်းနည်းနေသည်။

သို့သော်လည်း အမှားများပို၍ လျော့နည်းလာကာ ငြီးငွေ့ဖွယ်ကောင်းသော စိတ်မသက်သာမှုဖြစ်သော်လည်း ရှန့်ဖန်းယွိသည် ထိုကိစ္စအားဆက်စုံစမ်းရန်အတွက် သူ၏အချိန်အတော်များများကို ပင် ဖဲ့၍ချန်ထားထားသေးသည်။

ကျန်းရွှိသည် ကမန်းကတန်း ရက်ကို ပြန်တွက်လိုက်သည်။ နေ့စွဲအရဆိုလျှင် ရှန့်ဖန်းယွိ၏ပထမဆုံး စာသည် သူတို့၏ ကိုယ်ဝန်အကြောင်းဆွေးနွေးပြီးနောက် တစ်ရက်နှစ်ရက်အတွင်း လာခြင်းဖြစ်သည်။

စာ၏နောက်ဆုံးပိုင်းအများစုသည် သူ၏ ရောဂါရှာဖွေခြင်းရလဒ်များနှင့်တခါတလေ အမှတ်ပြုစရာတချို့ဖြစ်သည်။အောက်ဆုံးတွင်ဒေါက်တာခန်း၏ ဆောင်းပါးအားအလွန်အကြူးထည့်သွင်းထားကာ စာလုံးမည်းများဖြင့် စာရွက်၏ ဘေးမျဉ်းပေါ်တွင် ရိုက်နှိပ်ထားသည်။ထိုကိစ္စနှင့်ပတ်သက်၍ ရှန့်ဖန်းယွိ၏ စစ်ဆေးတွေ့ရှိချက်များနှင့် ခွဲစိတ်မှု ဗီဒီယိုများမှကောက်နှုတ်ထားသော မှတ်စုတိုများကိုပါ ဆောင်းပါးအောက်တွင် ထည့်သွင်းရိုက်နှိပ်ထားသေးသည်။ရှန့်ဖန်းယွိ ကိုယ်တိုင်ပင် ဗီဒီယိုထဲမှ နောက်ဆုံးမိနစ်ထိအတိုင်း ဌာနအစည်းဝေးပွဲတွင်ပြောသွားခဲ့သည်ထက် ထိုမှတ်စုများက ပိုစုံလင်၍ အသေးစိတ်ကျသည်။

ကျန်းရွှိသည် နောက်ထပ် ပြီးပြည့်စုံစွာ စုစည်းတင်ပြထားသော ထုတ်ဖော်တွေ့ရှိထားသော ဆေးပညာဆိုင်ရာအထောက်အထားတစ်ခု ဤကမ္ဘာပေါ်တွင် ရှိခဲ့မည်ဟုပင် မတွေးမိခဲ့ချေ…။

သူသည် စာရွက်စာတမ်းများအား စာအိတ်ထဲသို့ ပြန်ထည့်ကာ စာကြည့်ခန်းအား မှင်သေသေနှင့် ငေးငိုင်ပြီးနောက် နှင်းဆီပွင့်များပြည့်နေသော ပန်းစည်းအား အကြည့်ရောက်မိသွားသည်။

ရှန့်ဖန်းယွိငှါးရမ်းထားသော ယွမ် ၂၅၀တန် အကြံပေးဆရာသည် သူနှင့် ပတ်သက်၍လုပ်စရာတစ်ခုခုရှိလောက်မည်ဟု ကျန်းရွှိကတွေးမိသည်။ နှင်းဆီပန်းအဝါများသည် တောင်းပန်ခြင်း အဓိပ္ပာယ်သက်ရောက်သော်လည်း အနီရောင်နှင်းဆီများသည် အလွန်ပေါ်လွင်နေကာအနီရောင်နှလုံးသားအား သူ့ရှေ့တွင်ခွဲနေသည်ကို မြင်ရသကဲ့သို့ သူ၏အာရုံကို ဖမ်းစားသွားခဲ့သည်။စစ်မှန်၍ရိုးသားလွန်းကာ သူမလှုပ်နိုင်အောင်ပင်ဖြစ်ခဲ့ရသည်။

ကျန်းရွှိသည် ရေချိုးပြီးနောက် အိပ်ခန်းထဲသို့ပြန်လာသောအခါ ရှန့်ဖန်းယွိသည် ကြမ်းပြင်ပေါ်တွင် အိပ်ပျော်နေပြီဖြစ်သည်။သူသည် ယနေ့အလွန် ပင်ပန်းခဲ့ပုံရကာ ခေါင်းအုံးနှင့်ထိလိုက်သည်နှင့် အိပ်ပျော်သွားသည်ဖြစ်မည်။

ကျန်းရွှိသည် သူထားခဲ့သည့်ပုံစံအတိုင်းရှိနေသေးသည့် အိပ်ယာကို လှမ်းကြည့်လိုက်သည်။

သူရှိသည့်အချိန်ဆိုလျှင် သူသည် ကျန်းရွှိဆီသို့လာကာ နှောင့်ယှက်တတ်သည်။သူ၏အိပ်ယာ ပေါ်တွင် လှဲအိပ်ရန် နည်းလမ်းပေါင်းစုံနှင့်ကြိုးစားတတ်သည်။ကြမ်းပြင်ပေါ်တွင် အိပ်ရသည်မှာ မည်သို့ ခက်ခဲကြောင်း နှင့် ထိုသို့အိပ်ခြင်းကြောင့် သူ၏အရိုးများအားမည်သို့နာကျင်ကိုက်ခဲစေကြောင်း ချဲ့ကားပြောဆိုတတ်သေးသည်။

သူမရှိသော အခါ ရှန့်ဖန်းယွိသည် သူ့အိပ်ယာအားလုံးဝထိမထားပေ။

ကျန်းရွှိသည် အသံကျယ်လောင်စွာဖြင့် အိပ်မောကျနေသော ရှန့်ဖန်းယွိအား လှမ်းကြည့်လိုက်သည်။ သူသည် ဆံပင်ခြောက်အောင်ပင် မမှုတ်ထားသောကြောင်း စိုထိုင်းထိုင်းနှင့် သူ၏နဖူးပေါ်တွင်ကျနေသည်။ သူသည်မျက်လုံးများပိတ်ထားကာ လက်မောင်းကို အုပ်တင်ထားသည်။ကျန်းရွှိက ရှန့်ဖန်းယွိထိုသို့ အုပ်ထားခြင်းသည် အိပ်ရာမဝင်ခင်က မီးရောင်အလွန်စူး၍ဖြစ်မည်ဟုတွေးလိုက်သည်။

အမှန်ဆိုလျှင် သူသည် အိပ်ယာ မဝင်ခင် မီးကိုပိတ်လိုက်ခြင်းဖြစ်စေ ညအိပ်စနစ်ကိုပြောင်းထားခြင်း ဖြစ်စေ လုပ်ခဲ့သင့်သည်။

"သူက ညဘက် ကန်းနေတဲ့သူမဟုတ်ပါဘူး …မီးတွေပိတ်ထားရင်တောင် သူကမြင်နိုင်သေးတာပဲဟာ…မမြင်လည်း ဓာတ်မီးသုံးလို့ရရဲ့သားနဲ့…" ကျန်းရွှိရေရွတ်လိုက်သည်။

သူအရင် စာလုပ်နေစဉ်ကတည်းပင် ရှန့်ဖန်းယွိကဲ့သို့ အလွန်ဂရုစိုက်တတ်သည့် အခန်းဖော်မျိုး မတွေ့ဖူးပေ။ အခန်းထဲ မဝင်ခင် တံခါးခေါက်လေ့ရှိသည်။ အဝတ်လျှော်ရန်နှင့်ပတ်သက်၍မေးလေ့ရှိသည်။သူ အိပ်ပြီဟု မပြောမချင်း အိပ်ခန်းမီးကို မပိတ်ထားပေ။ကျန်းရွှိအလုပ်ရှုပ်နေလျှင် သူက ဝရန်တာသို့သွားကာ ဗီဒီယိုနှင့် အစည်းဝေးသွားတက်သည်။

ကျန်းရွှိသည် ထိုအချိန်မျိုးတွင် မိမိကိုယ်ကိုယ် သတိထားရခြင်းမျိုး မခံစားရပေ…။စည်းကမ်းချက်များထုတ်ခဲ့သူသည် သူကိုယ်တိုင်ဖြစ်ကာ ယခုတွင်မူ သူသည် မည်သည့် စိစစ်မှုမျှမရှိ ဝန်လေးတွေဝေမှုမရှိပဲ စည်းကမ်းများကို ပယ်ဖျက်လိုက်သည်။

"မင်း အဲ့လောက်ထိ ယဉ်ကျေးနေပြစရာမလိုပါဘူး …"

ရှန့်ဖန်းယွိသည် အိပ်မောကျနေရာမှ သူစကားပြောသံကြားသည့်အခါ မျက်စိများမပွင့်တပွင့် ဖွင့်လာခဲ့ပြီး အရာအားလုံး အဆင်ပြေသည်ထင်ကာ မျက်စိများပြန်ပိတ်သွားပြီး တလှုပ်လှုပ်တရွရွနဲ့ ပြန်အိပ်သွားသည်။

ကျန်းရွှိသည် အခန်းမီးကို စိတ်မပါသော မျက်နှာအနေအထားနှင့် ပိတ်လိုက်သည်။

ကျန်းရွှိသည်ညက အိပ်မပျော်ခဲ့ပေ။ ပထမဦးစွာ သူသည် အိပ်မပျော်နိုင်ပဲ မျက်စိကြောင်နေခဲ့ပြီး သူခေတ္တအိပ်ပျော်သွားသည်နှင့် ပေါ်မလာသည်မှာ ကြာပြီဖြစ်သော ကြွက်တက်ခြင်းက တဖန်ပြန်ဖြစ်လာသည်။

သူ အံကြိတ်ညည်းတွားကာ အိပ်ရာမှနိုးလာပြီး သူ၏တောင့်နေသော ခြေထောက်အား လှမ်းဆုပ်ကိုင်လိုက်သည်။ သူသည်အသက်ပြင်းပြင်းရှူလိုက်သည်။ သို့သော် ကြွက်တက်ခြင်းသည် သက်သာလာမည့်လက္ခဏာ မပြပေ။

ပုံမှန်ဆိုလျှင် သူသည် ရှန့်ဖန်းယွိအိပ်ယာပေါ်သို့ ယုန်ရုပ်နှင့်ပစ်ပေါက်လိုက်မည်။ထို့နောက် ရှန့်ဖန်းယွိသည် နိုးလာကာ သူ့ခြေထောက်အားနှိပ်ပေးလိမ့်မည်။သိုသော် ကျန်းရွှိသည် အလွန်ပင်ပန်းနေသော ရှန့်ဖန်းယွိ၏ မျက်နှာအားမြင်ယောင်လာကာ သူ့အား မနှိုးတော့ရန်ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း ရှန့်ဖန်းယွိက သူ့ဘာသာနိုးထလာသည်။

သူသည် ကျန်းရွှိ အိပ်ယာဘေး တွင်ထိုင်လိုက်သည်။သူ့မျက်လုံးများသည် ပိတ်ထားဆဲဖြစ်ကာ သူ၏လက်များသည် ဂွမ်းကပ်ဆောင်အားမမြင်မကမ်းနှင့် လိုက်စမ်းကာ ခြေထောက်များအားနှိပ်ပေးတော့သည်။

"ဘာလို့ ငါ့ကိုမခေါ်တာလဲ…"

"မင်း ဘယ်လိုသိတာလဲ "

ရှန့်ဖန်းယွိသည် ပို၍ဖိကာ နှိပ်လိုက်ပြီး ကြွက်တက်သောနာကျင်မှုများကို သက်သာသွားစေသည်။သူသည်လည်း အိပ်ချင်မူးတူး ဖြစ်နေသော အခြေအနေမှ နိုးကြားလာကာပြန်ဖြေသည်။

"မင်းရဲ့ အသက်ရှူသံက တမျိုးဖြစ်နေတာလေ…"

ကျန်းရွှိနှလုံးသားက တလှပ်လှပ်ဖြစ်သွားသည်။

"ရှန့်ဖန်းယွိ…ငါမင်းကို ပြောစရာရှိတယ်"သူမတ်တပ်ထလိုက်သည်။

"အင်း…" ရှန့်ဖန်းယွိ နူးညံ့စွာပြန်ဖြေလိုက်သည်။သူအိပ်ငိုက်၍ ခေါင်းနောက်နေသောကြောင့်လား မသိနိုင်သော်လည်း ရှန့်ဖန်းယွိပြန်ဖြေသောလေသံသည် အလွန်နူးညံ့သည်။

ကျန်းရွှိသည် ရှန့်ဖန်းယွိ၏ မျက်လုံးများအား လက်တစ်ဖက်တည်းဖြင့် ကာလိုက်ပြီး ကျန်တစ်ဖက်ဖြင့် အိပ်ယာဘေးမှ ညအိပ်မီးအား ဖွင့်လိုက်သည်။

ရှန့်ဖန်းယွိသည် မီးရောင်နှင့်ကျင့်သားရသောအခါ
"ငါအခုအဆင်ပြေတယ် ရပြီ"

ကျန်းရွှိ လက်ကိုဖယ်လိုက်ကာ သူ၏ အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများအားကြည့်လိုက်သည်။

"ငါဒီကလေးကိုမွေးချင်တယ်"

"ဟင်…မွေးမယ်…ကလေးမွေးမယ်…"

ရှန့်ဖန်းယွိသည်ရုတ်တရက် နိုးကြားသွားကာ သူ၏ အသံပင် ပို၍ ကြည်လင်သွားသည်။သူသည် ချီတုံချတုံဖြစ်သွားကာ သူကြားခဲ့သည့်ကိုမယုံနိုင်ဖြစ်သွားသည်။

"မင်း…တကယ်ကြီးလား…"

"အင်း…"

"ဘာလို့လဲ…"

"အခုမင်း ခွဲစိတ်မှုကို လုပ်လို့ရပြီ…နောက်လတွေကြာပြီးမှ မွေးလာမယ့်ကလေးကိုထိုင်စောင့်ရတာမျိုး မလိုတော့ဘူး…ငါ့ရဲ့ ကျွမ်းကျင်မှုတွေကို ယုံတယ်မလား…"

"ငါလည်း ဗီဇာ ရထားပြီးပြီ အကယ်၍ မင်းငါ့ကို မယုံရင် ငါလည်း မင်းနဲ့အတူ M နိုင်ငံကို လိုက်မယ်…ပိုက်ဆံအတွက်မပူနဲ့ ငါ အိမ်ရောင်းစျေးကို လျှော့ဖို့ အေးဂျင့်ကိုပြောလိုက်မယ်…အဲ့ဒါမှ မြန်မြန်ရောင်းထွက်မှာ…"

ကျန်းရွှိသည် သူ့အား လှမ်းကြည့်ပြီးနောက် မျက်နှာကို တဖက်သို့လှည့်သွားသည်။
"ကလေးမွေးရတာ ပိုဒုက္ခကြီးတယ်ဆိုပြီး ဘယ် အထောက်အထားမှ ရှိမနေဘူး…"

"ဒါပေမယ့်…မင်း….မင်း…."

ရှန့်ဖန်းယွိသည် ကျန်းရွှိ ဘာဆိုလိုသည်ကို နားမလည်ပဲ ခေါင်းထဲတွင် ထွေပြားရှုပ်ထွေးနေသည်။

"ဒါမှမဟုတ် မင်းကအဲ့လိုဖြစ်စေချင်နေတာလား…"
ရှန့်ဖန်းယွိ ပါးစပ်မှ နောက်ထပ် မင်း တစ်လုံးမထွက်ခင် ကျန်းရွှိက ကြားဖြတ်ပြောသည်။

"ငါ…." ရှန့်ဖန်းယွိသည် တစ်ခဏမျှ ငြိမ်သွားပြီး သူ့မျက်လုံးများကို ပင့်ကာ ဆက်ပြောသည်။

"ကိုယ်ဝန်ရှိနေတာက မင်းပါ…အဲ့တော့ ဆုံးဖြတ်ချက်ချခွင့်ရှိတာက လည်း မင်းတစ်ယောက်တည်းပါ…ရွေးချယ်စရာက အခုရှိလာပြီ…ငါတို့အရင်ကခွဲနေကြတုန်းကလို မဟုတ်တော့ဘူး….မင်း ငါ့အမြင်ကို သိပ်ပြီးထည့်တွေးမနေပါနဲ့…အရာအားလုံးမင်းအပေါ်ပဲ မူတည်တယ်…ငါမင်းကို လေးစားတယ်…ပြီးတော့ မင်း မလိုချင်ရင်လည်း ရတယ် အဆင်ပြေတယ်…"

ကျန်းရွှိသည် သူ့အား အချိန်အတန်ကြာစိုက်ကြည့်လိုက်ပြီးနောက် ရှန့်ဖန်းယွိလက်အား ရုတ်တရက်ဆွဲကိုင်ကာ သူ့ဝမ်းဗိုက်အောက်နားပေါ်သို့ တင်ပေးလိုက်ပြီး မျက်လုံးများကိုတည့်တည့်ကြည့်ကာ

"ဒါဖြင့် သေချာ နားထောင် ရှန့်ဖန်းယွိ…ငါသူ့ကို မွေးချင်တယ်…"

ရှန့်ဖန်းယွိလက်ထဲသို့ နူးညံ့သော အထိအတွေ့ရောက်လာပြီး ကောင်းကင်တခွင် နွေးသွားသကဲ့သို့ နွေးထွေးနေသည်။သူ၏မျက်ဆံများသည် တလက်လက်တောက်ပနေကာ ကျန်းရွှိအား မယုံနိုင်စွာ ကြည့်လိုက်သည်။

"ကျန်းရွှိ…"

သူ့နှုတ်မှ စကားသံထွက်သည်နှင့် ကျန်းရွှိဗိုက်ပေါ်မှ သူ့လက် သည် တုံပြန်မှု တစ်ခုကို ခံစားလိုက်ရသည်။ ကလေး၏ တုံ့ပြန်မှုသည်အလွန်မြန်သည်ကို သူခံစားမိပြီး သူ့လက်များသည် အလွန်တုန်လှုပ်နေသည်။ သူသည်ဆတ်ခနဲ ဗိုက်သို့ နူးညံ့စွာ ကပ်၍နားထောင်လိုက်သည်။ ကျန်းရွှိ မျက်လုံးများသည်လည်း အံ့ဩနေပြီး တုံ့ပြန်ချိန်ပင်မရလိုက်ပေ။

ကျန်းရွှိသည်လည်း ခံစားမိသည်။ငါးသေးသေးလေးမှ ရေပူဖောင်းများမှုတ်ထုတ်နေသလို…လိပ်ပြာငယ်လေးသည် သူ့ပိုးအိမ်မှ ထွက်လာကာ ပထမဆုံးအကြိမ် အတောင်ဖြန့်နေသလိုပင်ခံစားမိသည်။သူ၏ဗိုက်ထဲမှ ကလေးလေးသည် သူမ၏ တည်ရှိနေမှုအား ပထမဆုံးအကြိမ်ကြေညာပြီး သူမအား ဥပေက္ခာမပြုရန် သူတို့အား အသိပေးနေသကဲ့သို့ ခံစားရပြန်သည်။

"မင်းရောထင်လား…သူကငါတို့ပြောတာကို နားလည်နိုင်တယ်လို့လေ…"

သူတို့နှစ်ဦးစလုံး ထိုကလေးအားမွေးမည်ဟု ဆုံးဖြတ်ချက်ချခဲ့သည့် ညကဆိုလျှင် လသားအရွယ်ကလေး၏ လှုပ်ရှားမှုလေးစတင်ပေါ်လာခဲ့သည်။ ကြိုဆိုခံရသော ကလေးလေးသည် ဗိုက်ထဲတွင် ဝမ်းသာနေပုံရသည်။ မျှော်လင့်ထားသကဲ့သို့ ပင် ကလေး၏လှုပ်ရှားမှုအားမြင်ရသည့်အခါ အဖေဖြစ်သူနှစ်ဦး၏ အသည်းနှလုံးအားဆွဲလှုပ်နေသကဲ့သို့ပင် ကြည်နူးရသည်။

ကျန်းရွှိသည် သူ၏လက်အားမြောက်လိုက်ကာ ရှန့်ဖန်းယွိအား ခဏမျှဖြစ်သော်လည်း နူးညံ့ကြင်နာစွာ ဖက်လိုက်သည်။