အပိုင်း ၆၁
Viewers 11k

🧑‍⚕️Chapter 61




တစ်လနီးပါးအကြာတွင် …

ရှန့်ဖန်းယွိနှင့် ကျန်းရွှိတို့၏ နားရက်ဖြစ်သည်။

ညက မည်သူ လိုက်ကာဖွင့်ထားကာ ပြန်ဆွဲပိတ်ရန် မေ့ခဲ့သည်လည်းမသိပေ။ ကျန်းရွှိ၏အိပ်ခန်းသည် အရှေ့ဘက်သို့ မျက်နှာ မူထားလေရာ နံနက်စောစော နေရောင်ကြောင့် မျက်စိကျိန်းကာနိုးလာခဲ့ရသည်။

သူ အနည်းငယ် စိတ်မကြည်မှုများဖြင့် အိပ်ယာပေါ်တွင် ခဏထိုင်နေလိုက်သည်။သူပြန်၍ အိပ်မရတော့ကြောင်း သေချာသွားသည့်အခါသူစိတ်မကြည်စွာထလိုက်သည်။သူ၏အင်္ကျီပေါ်မှ ကြယ်သီးတန်းအားစမ်းရင်း အဝတ်အစားများလဲရန်ပြင်လိုက်သည်။

သူ့သခင်၏ဒေါသကြောင့်ပန်းရောင် ယုန်လေးသည်လေထဲတွင်ကျက်သရေကင်းမဲ့စွာဖြင့် ကြမ်းပြင်ပေါ်မှ လူ၏ခေါင်းသို့ တည့်တိုးဝင်တိုက်ချလိုက်တော့သည်။

"ရှန့်ဖန်းယွိ…"
ကျန်းရွှိ စိတ်တိုစွာခေါ်လိုက်သည်။

"သူကထွားလာတာမြန်လိုက်တာနော်…"

ရှန့်ဖန်းယွိသည် အရုပ်ဖြင့် ရိုက်ချခံရသောကြောင့် နိုးလာခဲ့သည်။ သူ၏မျက်လုံးများအားပွတ်ကာ ယုန်ရုပ်အားလက်မောင်းကြားတွင် ညှပ်ချီရင်း ကုတင်စွန်းတွင်ထိုင်နေသောကျန်းရွှိအား လှမ်းကြည့်လိုက်သည်။ကျန်းရွှိက သူ့အားကျောပေးထားသည်ဖြစ်၍ သူ၏ စူထွက်နေသောဗိုက်အား မမြင်ရပဲ ပခုံးနှင့် သေးသွယ်သော ခါးကိုသာမြင်ရသည်။

"မင်းက ခန္ဓာကိုယ် ကျစ်လစ်သေးသွယ် တာပဲ"
ရှန့်ဖန်းယွိက ခပ်ပေါ့ပေါ့ပုံစံဖြင့်ပြောလိုက်သည်။

ကျန်းရွှိသည် အသက်မပါစွာ လှည့်ကြည့်သည်။သူ၏ ၅လသားနီးပါး အရွယ် ဗိုက်အား သေချာမြင်ရပြီဖြစ်သည်။

ရှန့်ဖန်းယွိ ဟာသဉာဏ်ရွှင်ရွှင်နှင့်မပြောခင် မျက်တောင်တဖျက်ဖျက်ခတ်လိုက်ကာ

"ငါ့အဖေရဲ့ ဘီယာဗိုက်ထက်တော့ သာပါတယ်…"

"ရှန့်ဖန်းယွိ…"

ကျန်းရွှိစိတ်ဆိုးတော့မည်ကို မြင်သည်နှင့် ရှန့်ဖန်းယွိသည် မတ်တပ်ထရပ်ကာ ချော့လိုက်သည်။

"ဒီနေ့က ငါတို့ရဲ့ နားရက်လေးဆိုတော့ ရှော့ပင်းထွက်ကြရင် ဘယ်လိုလဲ…"

ကျန်းရွှိသည် အင်တင်တင်နှင့်ပင် သာမန်ခပ်ပွပွ အင်္ကျီ ကောက်လဲလိုက်သည်။

ခဏအကြာတွင် နှစ်ယောက်သား ရှော့ပင်းမောလ်ထဲတွင်ခေါက်တုံ့ခေါက်ပြန် လှည့်လည်သွားနေကြလေသည်။

ကျန်းရွှိ၏မျက်လုံးများသည် စီးပွါးရေးသမားများအတွက် အဝတ်အစားများ ရောင်းသည့်နေရာသို့ လှည့်ပတ်ကြည့်မိသွားကာ ရှန့်ဖန်းယွိက သူ့အား ခေတ်ပေါ်ဆိုင်ထဲသို့ ဆွဲခေါ်သွားသည်ကိုပင် သတိမထားမိလိုက်ပေ…။

ရှန့်ဖန်းယွိသည် ကျန်းရွှိအား စင်ပေါ်မှ ခေါင်းစွပ်ပါသော အားကစားအနွေးထည် ကာလာစုံများအား ကမ်းပေးလိုက်သည်။ ဆယ်ကျော်သက်လူငယ်များ၏ အကြိုက်ခံစားမှုများသည် ကျန်းရွှိအား မဆွဲဆောင်နိုင်ပေ..။

ကျန်းရွှိသည် သူ၏ လက်မောင်းတဝက်ခန့်ထိ ထိုးသွင်းထားသော အင်္ကျီအားကြည့်ကာ ရှန့်ဖန်းယွိအား ဗလာကြည့်ဖြင့် ထပ်ကြည့်လိုက်သည်။

"ရှန့်ဖန်းယွိ…ငါ အထက်တန်းကျောင်းပြီးထားတာ အတော်ကြာနေပြီနော်…"

သူသည် ၈နှစ်တာမျှ ဆေးကျောင်းသား ဖြစ်ခဲ့ပြီး ငါးနှစ်မြောက်တွင် ဆေးရုံသို့စဝင်ခဲ့သည် ထိုအချိန်မှစ၍ သူသည် လူငယ်ဆန်သောအဝတ်အစားများ လုံးဝ မဝတ်ေတာ့ပေ..။

သူက ငယ်ရွယ်သည့်ပုံပေါက်သောကြောင့် ပုံမှန်ထက် ထူးခြားသော ပုံစံများဝတ်လျှင် လူနာများအနေခက်မည်မှာ အသေအချာ ပင်ဖြစ်သည်။ထို့ကြောင့် သူသည် သူ့အားပို၍ ရင့်ကျက်တည်ငြိမ်သည့်ပုံပေါက်စေသော ရှပ်အင်္ကျီများဆွယ်တာများနှင့်စစ်မိုးကာကုတ်များကိုသာတွဲဝတ်လေ့ရှိသည်။

"ဒီအားကစားအင်္ကျီနှင့် ဆွယ်တာတွေက ချောင်ပွပြီး နွေးတယ် မင်းစမ်းဝတ်ကြည့်လိုက်…မင်းကုတ်အဖြူထပ်ဝတ်ထားရင် အောက်မှာဘာဝတ်ထားလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ…"

သူ ရွေးထားပြီးသော အားကစားအင်္ကျီများနှင့်ဆွယ်တာများအားခြင်းတောင်းထဲသို့ ပစ်ထည့်ကာ စိတ်ကောက်တဝက်ပြေသွားသောကျန်းရွှိ အား အဝတ်လဲခန်းထဲသို့ တွန်းလိုက်သည်။သူ ကျန်းရွှိကျောဘက်သို့ လက်အမြန်တင်ကာ တံခါးကို လော့ချလိုက်သည်။ထို့နောက် လက်ပိုက် ကာ ပြုံးပြရင်း ကျန်းရွှိအားကြည့်လိုက်သည်။

"မင်း အဝတ်အစားတွေ မလဲမချင်း ငါတံခါးကို ပိတ်ထားမှာ…"

"ရှန့်ဖန်းယွိ… မင်းဆရာဝန်ဖြစ်နေတာ အရည်အချင်းတွေအတွက်နှမြောစရာပဲ…မင်းဘာလို့အကြွေးတောင်းတဲ့သူ ဖြစ်မလာတာလဲ…"

ရှန့်ဖန်းယွိလို ငညစ်မျိုး သူတခါမှမကြုံဖူးပေ။

"သူများတံခါးတွေရှေ့ ပိတ်ရပ်ရမှာ ငါအရမ်းပျင်းတယ်နော်…"ရှန့်ဖန်းယွိ ရယ်ကာပြောလိုက်သည်။

ကျန်းရွှိ ခြင်းတောင်းထဲမှ အဝတ်အစားများကိုကူကယ်ရာမဲ့စွာလှမ်းကြည့်လိုက်သည်။ရှန့်ဖန်းယွိ ရွေးထားသော အဝတ်အစားများသည် အများအားဖြင့်အရောင် တောက်တောက်များဖြစ်သည်။ကျန်းရွှိသည် ပို၍ ကြည့်ရသက်တောင့်သက်သာဖြစ်သော အနက်ရောင်ဆွယ်တာ ရှာဖို့ ပင် အချိန်အတော်ကြာသွားခဲ့သည်။

သူ တစ်ဘက်သို့ ကျောလှည့်ကာ သူ့အင်္ကျီအားချွတ်လိုက်ကာ ရှန့်ဖန်းယွိလက်ထဲသို့ပစ်ထည့်လိုက်သည်။သူ အနက်ရောင် ဆွယ်တာသို့ပြောင်းဝတ်လိုက်သည်နှင့် တစ်ခုခုလွဲနေသည်ကို ခံစားမိလိုက်သည်။

ဆွယ်တာချုပ်သူ ဒီဇိုင်နာသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွသူဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသူက အကောင်းစား အထည်သား၏ရင်ဘတ်နေရာအပိုင်းတွက် အပေါက်ဖောက်ထားသည်။ ပိတ်စဖိုးအတွက် ပိုက်ဆံခြွေတာရန်သော်လည်းကောင်း သို့မဟုတ် တစ်ခုခုသောအကြောင်းကြောင့်လားဟူ၍ သူသိချင်သွားသည်။

သူမကြည်မသာ ဖြစ်နေသောအချိန်တွင် ရှန့်ဖန်းယွိက သူ့အားပုခုံးမှကိုင်ကာလှည့်လိုက်ပြီး သူ့အကြည့်များသည်ကျန်းရွှိ၏ ပေါ်နေသောအသားအရေ ပေါ်သို့ရောက်သွားသည်။

ဖြူဖွေးနေသော ရင်ဘတ်ပေါ်တွင် မွေးရာပါ အနီရောင်မှဲ့ကလေး ရှိနေကာ ဆွယ်တာ၏လှစ်ဟနေသောနေရာမှတစ်ဆင့် မြင်နေရသည်။

"လှသားပဲ…ငါ ဒီဆွယ်တာကိုမြင်တာနဲ့ မင်းနဲ့လုံးဝလိုက်မယ်တွေးလိုက်တာ…"
ရှန့်ဖန်းယွိသည် ကျန်းရွှိ၏ နှာခေါင်းအား လက်ဖြင့်တို့ကာပြောသည်။

ကျန်းရွှိက ငေါ့တော့တော့ဖြင့် ပြုံးကာ
"ဒါကြီးက ငါ့ကို တော်တော်နွေးစေတာပေါ့…အေး"

သူ၏စကားဆုံးသည်နှင့်သူ့နောက်မှ တံခါးလော့သည် ပွင့်သွားကာ မသွားရန်ဆုံးဖြတ်ထားပုံရသော ဒေါက်တာရှန့်သည် အဝတ်လဲခန်းအပြင်သို့ တွန်းထုတ်ခံလိုက်ရသည်။

ထို့နောက်ကျန်းရွှိသည် ရှန့်ဖန်းယွိအားသူ့အဝတ်အစားများနှင့်အတူ အပြင်ထုတ်ပြီး တံခါးလော့ခ်ချမိကြောင်းသိသွားသည်။

"ငါ့ကိုပေးဝင်အုံးလေ ကျန်းရွှိ…မင်းအဝတ်အစားတွေငါ့ဆီမှာ ရှိတုန်းလေ…"

ရှန့်ဖန်းယွိသည် အခန်းတံခါးကို ခေါက်ကာ လက်ထဲမှ အဝတ်အစားများကို ခါယမ်း၍ပြောလိုက်သည်။

ကျန်းရွှိ အံကြိတ်ခါ အရောင်တောက်တောက် အင်္ကျီများထည့်ထားသော ခြင်းထံသို့ စိုက်ကြည့်လိုက်သည်။ထို့နောက် စိတ်ပျက်လက်ပျက်နှင့်ပင် ထိပ်ဆုံးမှ လိမ္မော်ရောင် အားကစားအင်္ကျီကိုယူကာ ဝတ်ရန်ပြင်လိုက်သည်။

အဝတ်လဲခန်းထဲမှ တရွှတ်ရွှတ်အသံများကြားသောအခါရှန့်ဖန်းယွိ၏ နှုတ်ခမ်းထောင့်များကွေးတက်သွားသည်။

ခဏမျှအကြာတွင် ကျန်းရွှိ သည် သူ၏မျက်နှာပေါ်မှ အနည်းငယ် စိတ်ပျက်မှုများနှင့်အတူ အဝတ်လဲခန်းတံခါးအားတွန်းပွင့်လာသည်။

သူနောက်ဆုံးအကြိမ် ထိုကဲ့သို့အရောက်တောက်တောက် အဝတ်အစားများဝတ်ခဲ့သည်မှာ သူ၏အမှတ် ၆ အလယ်တန်းကျောင်းဝတ်စုံဝတ်ခဲ့စဉ်အချိန်ကပင်ဖြစ်လောက်မည်။

သို့သော်လည်း အနည်းဆုံးတော့ အပေါက်ကြီးပါ၍ ပြဲသယောင်ဖြစ်နေသော အားကစားအင်္ကျီထက်စာလျှင် ထို အရောင်တောက်တောက်က ပို၍ တော်ပါသေးသည်။

သူ မှန်ရှေ့ရပ်ကာ ဘေးမှ အရောင်းစာရေးဝန်ထမ်းပြောသကဲ့သို့ သူ့ကိုယ်သူကြည့်လိုက်သည်။

"ဝါး…မင်းကအရမ်းကြည့်ကောင်းတာပဲ…ကောလိပ်ကျောင်းသားလေးကျနေတာပဲ…"
အရောင်းစာရေးက အံ့ဩစွာပြောလာသည်။

"မှန်တာပေါ့…ငါပြောသားပဲ ငါ့မှာ အမြင်ရှိပါတယ်လို့…"

ရှန်ဖ့န်းယွိမျက်လုံးများသည် အလွန်တောက်ပနေကာ မှန်ထဲမှတစ်ဆင့် ကျန်းရွှိမျက်လုံးများအားစိုက်ကြည့်နေသည်။

ကျန်းရွှိ၏ အသားအရေသည် လိမ္မော်ရောင်ကြောင့်မှောင်သွားခြင်းမျိုးမရှိပေ။တစ်နည်းပြောရလျှင် ထိုအရောင်သည် သူ့အား သာမန်ထက်ပို၍ နုသွားစေပြီး ချောင်ပွနေသောအင်္ကျီကြောင့် သူ၏ ပူနေသောဗိုက်လေးအား နည်းနည်းမျှပင် မမြင်ရပေ။

သိုသော်လည်း ကျန်းရွှိသည် ထိုသို့ဝတ်ရသည်ကို မကြိုက်ပေ..။ထို့နောက် အဝတ်အစားပြန်လဲရန် အသွားတွင် ရှန့်ဖန်းယွိကပြောလာသည်၊

"ငါတို့ပထမဆုံးစတွေ့တုန်းက မင်းက ဒီလိုပုံစံမျိုးလေ"

"အဲ့တုန်းက မင်းက အမှတ်၆ အလယ်တန်း ကျောင်းဝတ်စုံကို ဝတ်ထားတာလေ…လူအုပ်ထဲမှာ နီနီရဲရဲထင်းနေတဲ့ မင်းဆီကို ငါ့မျက်စိတွေကချက်ချင်းရောက်သွားတာ"

ရှန့်ဖန်းယွိက မျက်တောင်ချကာ ပြုံးလိုက်သည်။

"အင်္ကျီတွေက နွေးတဲ့အရောင်တွေဆိုပေမယ့် မင်းမျက်နှာထားကြီးတော့ အေးစက်နေတာလေ…အဲ့အချိန်မှာ ငါတွေးမိတာ မင်းက ငါတို့အမှတ်၄ ကျောင်းကသာ ဆိုရင်ကောင်းမှာပဲလို့..ငါတို့ကျောင်းရဲ့ အပြာရောင် ကျောင်းဝတ်စုံနဲ့သာဆို မင်းက ပိုကြည့်ကောင်းနေမှာလေ…ဒါပေမယ့် အခုတော့…"

သူ၏လက်ချောင်းများက ကျန်းရွှိ၏မေးစေ့သို့ထိလိုက်ကာ ဖြည်းညင်းစွာ ပွတ်သပ်ပေးရင်း

"အရောင်တောက်တောက်တွေက မင်းနဲ့ လိုက်တယ်လို့ထင်တယ်…ပိုပြီးဖော်ရွေတဲ့ပုံစံဖြစ်သွားသလိုပဲ…"

အလုပ်အခွင့်လမ်းဆုံးရှုံးလိုက်ရသော အရောင်းစာရေးဝန်ထမ်းမလေးသည် မယုံကြည်နိုင်စွာဖြင့် ရှန့်ဖန်းယွိအား မတ်တပ်ရပ်၍ကြည့်နေသည်။ လူအများစုသည် အဝတ်အစားလာဝယ်သည့်အခါ သူတို့၏မိတ်ဆွေ သူငယ်ချင်းများအား ခေါ်လာ၍ အမွှန်းတင်ပြောဆိုကြသည်ကို သူမမြင်ဖူးကြုံဖူးသည်။ သို့သော် ထိုကဲ့သို့ အမွှမ်းတင်စကားမျိုး သူမလုံးဝ မကြားဖူးပေ။

သို့သော် ထို အရောင်းစာရေးဝန်ထမ်းမလေး မ မျှော်လင့်ထားသည်က အဝတ်အစားများဝတ်ကြည့်နေသော ကောင်လေးသည် ထိုစကားလုံးများကိုကြားပြီးနောက် လိမ္မော်ရောင်အင်္ကျီအား ဝယ်ရန်သဘောတူခဲ့ခြင်းဖြစ်သည်။သူမသည် အင်္ကျီအဝတ်အစားများအားထုပ်ပိုးနေသည့်အချိန်တွင် မူးဝေမလိုပင်ဖြစ်သွားသည်။

သူမသည် မသိစိတ်၏ လှုံဆော်မှုကြောင့် ကြည့်နေရင်းပင်ရှန့်ဖန်းယွိက ကျန်းရွှိအားစိုက်ကြည့်နေသည်ကို သူမတွေ့လိုက်ရသည်။

အကြည့်ခံနေရသော ကောင်လေးသည် သတိထားမိပုံမရပေ..။ ကြည့်နေသော ကောင်လေးသည်လည်း သူ၏မျက်လုံးများထဲမှ တမ်းတလွမ်းမောဖွယ်အကြည့်များ အား သတိထားမိပုံမပေါ်ပေ…။

သူမအနေနှင့် အံဩဖွယ်ရာ တစ်စုံတစ်ခုအားရှာဖွေတွေ့ရှိသွားသည်ဟုခံစားလိုက်ရသည်။

သူမအာရုံထွေပြားစွာရပ်နေသောကြောင့် ထိုကောင်လေးသည် ကောင်တာစားပွဲအား လက်ဖြင့်ခေါက်လိုက်ကာ အမည်းရောင်ဆွယ်တာကိုပါ ကမ်းပေးရင်း အသံနှိမ့်၍ပြောလာသည်။

"ဒီတစ်ခုကိုပါ ထုပ်ပေးပါ…"

ရှန့်ဖန်းယွိသည် တံခါးဆီသို့လျှောက်သွားကာ သူပိုက်ဆံရှင်းသည်အား စိတ်မရှည်စွာစောင့်နေသော ကျန်းရွှိအားကြည့်၍ အရောင်းစာရေးမလေးအား ထပ်၍ပြောလိုက် သည်။

"မြန်မြန်လုပ်ပေးပါ…သူ့ကိုမစောင့်ရပါစေနဲ့…"

"…" အရောင်းစာရေးဝန်ထမ်းမလေး.

သူတို့နှစ်ဦးသည် ရှော့ပင်းမော်လ်ထဲတွင် အတော်အတန်ကြာလျှောက်လည်ခဲ့ကြပြီးနောက် ကျန်းရွှိ၏ ၆လသားဗိုက်အထိ ဝတ်၍ရမည့်ဆွယ်တာနှင့် အားကစားအင်္ကျီတချို့အား အိတ်ကြီးများနှင့်အပြည့်ဝယ်ခဲ့ရင်း အဆုံးသတ်လိုက်သည်။

သူတို့ပြန်အထွက်တွင် ရှန့်ဖန်းယွိက ဖုန်းကိုကိုင်ကာ ပြန်ဖြေနေသည်။ ကျန်းရွှိက ကြည့်နေသောအခါ ရှန့်ဖန်းယွိက…
"လာ…သွားကြမယ်…မင်းရဲ့ ကလေးထိန်းနဲ့ သွားတွေ့ဖို့ခေါ်သွားမယ်…"

"ကလေးထိန်း…"

"အင်းလေ…အချိန်ကျရင် ငါကိုယ်တိုင် မင်းကို ဂရုစိုက်ပေးမှာပါ…ဒါပေမယ့် ကလေးအတွက်က ကျွမ်းကျင်တဲ့ ကလေးထိန်း နဲ့ဂရုစိုက်မှပိုအဆင်ပြေမှာပေါ့…ငါလိုက် လှည့်ပတ်မေးပြီးလို့သိရတာတော့ မင်း ကလေးထိန်းကို ၁နှစ်ကနေ ၂နှစ်ထိခန့်ထားလို့ရတယ်…အကယ်၍လိုအပ်ရင်တော့ တစ်ယောက်ကို နှစ်ရှည် ထပ်ငှါးထားလိုက်မယ်လေ…ငါတို့ အလုပ်သွားနေတဲ့ အချိန် အိမ်မှာ ကလေးကိုကြည့်ပေးဖို့ တစ်ယောက်ယောက် ရှိသွားတာပေါ့…"

ကလေးတစ်ယောက်အားစောင့်ရှောက်ရသည်မှာ မလွယ်ကူကြောင်းကျန်းရွှိသိသည်။ထို့ပြင်သူသည်လည်း ကလေးထိန်း ခေါ်ရန်အကြောင်းကို ကြိုတွေးထားခဲ့သည်။ သို့သော် မ မျှော်လင့်ပဲနှင့် ရှန့်ဖန်းယွိသည် သူတို့အား စောစီးစွာ ကြိုတင်ဆက်သွယ်ထားခဲ့သည်။

"မင်းတော့သိမှာမဟုတ်ဘူး…ဒီခေတ်ထဲ A မြို့မှာ ကလေးထိန်း၁ယောက်ရှာဖို့ဆိုတာ တော်တော်ကိုမလွယ်တဲ့ ကိစ္စ…မင်း၆လ အတွင်းမှာတင် ကလေးထိန်းတွေကို သူတို့အဆင့်အလိုက် ရွှေ၊ငွေ၊စိန်ဆိုပြီး အဆင့်အတိုင်း ကြိုတင် ဘိုကင်တင်ထားမှရတော့မှာကလေးမမွေးခင် ဆေးရုံတက်ဖိုင်တွဲတွေ ကြိုလုပ်ပေးထားရသလိုမျိုးပေါ့…မဟုတ်ရင် မင်းသူတို့ကို ခေါ်လို့ရမှာမဟုတ်ဘူး…"

"အဲ့ဒါက ငါတို့ နှစ်ဦးနှစ်ဖက် အင်တာဗျူးဖြေနေရသလိုပေါ့…ငါတို့ ကျောင်းဆရာတွေရွေးရသလိုပဲလေ…ငါအဖွဲ့အစည်းတချို့တွေဆီသွားပြီးအဆင်ပြေတယ်လို့ထင်ရတဲ့တစ်ယောက်ကို ရွေးခဲ့တယ်…ငါတို့လည်းအခုအားပြီး သူလည်းအားနေတာနဲ့ အိမ်တွင်းစီမံရေးစင်တာကနေအင်တာဗျူးသွားလုပ်ပေးဖို့ လှမ်းခေါ်တယ်လေ…"

"ဒါဆိုငါတို့အခြေအနေကိုက..."
ကျန်းရွှိသည် ပြောဖို့ရာ ဝန်လေးနေသည်။ သူတို့ကဲ့သို့ မိသားစုမျိုးသည် တနိုင်ငံလုံးတွင် အလွန်တမူထူးခြားနေသော ကိစ္စဖြစ်သည်။

"မင်းအမှန်တိုင်းပြောပြမှာလား…မဟုတ်ရင် ကလေးကိုမွေးပေးမယ်သူက မင်းဆိုတာကို မပြောတော့ဘူး…ကလေးထိန်းက အဲ့တာကိုနားလည်ရင်လည်းအဲ့တာ သူ့ကိစ္စ…လူရွေးတဲ့အခါကျရင်လည်း ငါ ပါးစပ်ဖွာတဲ့သူတွေဆိုရင် စစ်ထုတ်ပြီးပယ်လိုက်မယ်…ငါတို့အင်တာဗျူးသွားမယ်တစ်ယောက်ကလည်း ပါးစပ်ဖွာတတ်တဲ့သူမဟုတ်လောက်ပါဘူး…"

ရှန့်ဖန်းယွိက အသံတိတ်နေသော ကျန်ရွှိအားကြည့်ကာပြောသည်။ရှန့်ဖန်းယွိပြောစကားကြားသည့်အခါ ကျန်းရွှိသည်စိတ်သက်သာရာ ရသွားသည်။ သူတို့နှစ်ဦး အိမ်တွင်း စီမံရေးစင်တာ သို့ရောက်သည့် အခါ ကလေးထိန်းသည် ရောက်နှင့်နေပြီဖြစ်သည်။

ဝန်ထမ်းသည် သူတို့သုံးယောက်အား အစည်းဝေးခန်းထဲသို့ပို့ဆောင်ပေးကာ နှစ်စလုံးအား လက်ဘက်ရည်ခွက်များ ချပေးသည်။

"မစ္စတာကျန်း မစ္စတာ ရှန့်…ကျမကိုယ်ကျမမိတ်ဆက်ပါရစေ…"
ကလေးထိန်းက ပြောသည်။သူမသည် သိမ်မွေ့ပုံပေါ်ကာ အသက် ၃၀ကျော် ၄၀ ခန့်ရှိလောက်မည့်သူဖြသ်သည်။

"ကျမနာမည်က ပေါင်ညန် ပါ…A မြို့မှာ ကလေးထိန်းအဖြစ် အလုပ် လုပ်လာတာ ၈နှစ်ရှိပါပြီ…"

သူမသည် သူမ၏ အလုပ်လျှောက်လွှာ၊ ဆေးမှတ်တမ်းများ၊ များစွာသော လက်မှတ်များ၊ အရင်အလုပ်ရှင်များထံမှ သုံးသပ်ချက်များနှင့်ထောက်ခံစာများ အား သူတို့နှစ်ဦးရှေ့တွင် ထုတ်ပြလိုက်သည်။ သူတို့သည် ထို စာရွက်အပုံကို အသေးစိတ်စိစစ်ကြည့်သည်။

သူမသည် အလွန်တော်၍ ကျွမ်းကျင်သည်။ ကျန်းရွှိက ဘွဲ့ကြိုသင်တန်းတက်မည့်ကျောင်းသားအား အင်တာဗျူးမေးနေရသကဲ့သို့ခံစားလိုက်ရသည်။

သို့သော်လည်း သူ အင်တာဗျူးဆက်မေးလိုက်သည်။ ပေါင်ညန်က ပြုံး၍ မေးလာသည်။

"ကျမ ရှင်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို သိလို့ရမလား…စပ်စုတာမဟုတ်ပါဘူး…သိထားရင် ကျမအနေနဲ့ အလုပ်လုပ်ရတာ ပိုအဆင်ပြေနိုင်လို့ပါ..သိရတာနဲ့ ကျမ ပါးစပ်ကို လုံးဝပိတ်ထားလိုက်မှာပါ…"

ကျန်းရွှိနှင့် ရှန့်ဖန်းယွိတို့သည် တယောက်ကို တယောက်ကြည့်လိုက်ကာ သူတို့နှစ်ယောက်၏ ဆက်ဆံရေးသည် မည်သို့ဖြစ်သည်ကို ရှင်းပြရန် ခဏမျှ ခက်ခဲနေကြသည်။

ကျန်းရွှိ-"ကျောင်းနေဖက်တွေပါ"

ရှန့်ဖန်းယွိ- "သူငယ်ချင်းတွေပါ"

တခဏမျှ စဉ်းစားကြပြီးနောက် အတူတူ တချိန်တည်း ပြန်ဖြေကြသည်။

ကျန်းရွှိ- "သူငယ်ချင်းတွေပါ"

ရှန့်ဖန်းယွိ- "ကျောင်းနေဖက်တွေပါ"

သူတို့နှစ်ယောက်တယောက်ကိုတယောက်တယောက်ကြည့်လိုက်ကြသည်။သူတို့သည် တယောက်စကားတယောက်ပြောင်း၍ တချိန်တည်းပြောခဲ့ကြသည်။

"…." ပေါင်ညန် တယောက် ကြက်သေသေကာ တိတ်ဆိတ်နေသည်။

သူမကသဘောပေါက်ဟန်ဖြင့်ပြုံးလိုက်ကာ အခြေနေကို ထပ်ဖိအားမပေးတော့ပဲ

"ကျမသဘောပေါက်ပါပြီ…နှစ်ယောက်သား ကျမကိုရော နောက်ထပ် မေးစရာရှိသေးလား မသိဘူး…"

……….

ကျန်းရွှိနှင့် ရှန့်ဖန်းယွိသည် ဆက်ဆံရေးအဆင်ပြေသေကြောင် ပေါက်ညန် တယောက်တည်း စကားပြောနေရသည်မျိုးမဖြစ်ပေ။တစ်နာရီခွဲမျှအကြာတွင်အင်တာဗျုး ပြီးဆုံးသွားကာ နှစ်ဦးနှစ်ဖက်ကျေနပ်ကြသဖြင့် အလုပ်သက်တမ်းကာလ ကြိုတင်စာချုပ်ကို ချက်ချင်း ချုပ်လိုက်ကြသည်။

ပေါင်ညန်က အိမ်တွင်းစီမံရေးစင်တာတွင် ရုံးမထိုင်သောကြောင့် သူတို့သုံးယောက်သည် စာချုပ် ချုပ်ပြီးချိန်တွင် အတူတူပြန်ထွက်လာကြသည်။ ပေါင်ညန်က သူတို့နှစ်ဦးအား ယဉ်ကျေးသမှုဖြင့် နှုတ်ဆက်ကာ

"ဒါဖြင့် ကျမတို့တွေ ၆လနေရင် တွေ့ ကြတာပေါ့ရှင်…"

ရှန့်ဖန်းယွိသည် ကျန်းရွှိအား ကြည့်ပြီးနောက် ပေါင်ညန်အား ယဉ်ကျေးစွာ ပြန်မေးလိုက်သည်…။

"အမကြီး အိမ်ဘယ်မှာလဲ ကျနော်တို့ အိမ်အပြန် တခါတည်းပို့ပေးခဲ့မယ်လေ.."

"ရပါတယ် မလိုပါဘူး..ကျမ အမျိုးသားက ကျမကို ကြိုဖို့ ဒီမှာရောက်နေပါပြီ"

ပေါက်ညန်က မလှမ်းမကမ်းတွင် သူတို့ဆီသို့လျှောက်လာနေသော အမျိုးသားအား လက်ညှိုးညွှန်ပြကာပြောလေသည်။