🧑⚕️Chapter 64
ည ၉ နာရီတွင် ရှန့်ဖန်းယွိ လာပြီး နားရွက်နားတွင် လက်ဖျောက်လာတီးသောအခါ ကျန်းရွှိသည် သူ၏စားပွဲခုံတွင်ထိုင်နေခဲ့သည်။
"အိမ်ပြန်မယ်လေ..."
"အင်း"
ကျန်းရွှိကပြန်ဖြေသော်လည်း တုပ်တုပ်ပင် မလှုပ်ရှားခဲ့ပေ။
ရှန့်ဖန်းယွိသည် သူကြည့်ရာကို လိုက်ကြည့်ပြီးနောက်စားပွဲပေါ်ရှိစစ်ဆေးချက်စာရင်း ကိုတွေ့ခဲ့သည်။
သံသယဖြစ်ဖွယ်အကျိတ်ကို မိန်းကလေး၏အခြားသားဥအိမ်တွင် ထပ်တွေ့ရှိခဲ့ရသည့်အပြင် သူမ၏အစာအိမ်တွင်လည်း အဖုတစ်လုံးရှိနေသေးသည်။
အဆင့်နိမ့်သော ဆေးရုံတွင်ရောဂါမတွေ့ရှိကြောင်းကောက်ချက်ချခဲ့ကြသည်မှာ ဖြစ်နိုင်သည်။…။ လျန်းမြောင် ၏ရောဂါသည် ပုံမှန်သားအိမ်ကင်ဆာမဟုတ်ဘဲ လက္ခဏာမပြသော သားဥအိမ်ကင်ဆာဖြစ်သည်။ သားဥအိမ်ပေါ်ရှိအကျိတ်သည် ကြီးထွားနှုန်း လက္ခဏာမပြပေ…။မူလအကျိတ်သည် အစာအိမ်ထဲမှာတည်ရှိသော အဖုအကျိတ် လည်းဖြစ်နိုင်သည်။
အစာအိမ်နဲ့အူလမ်းကြောင်းမှ စတင်ဖြစ်တတ်သော ထိုအကျိတ်နှင့် လက္ခဏာမပြသော အကျိတ်အဖြစ် လူသိမျာသောသားဥအိမ်အကျိတ်အမျိုးအစားသည် အလွန်ရှားပါးသည်။
သားဥအိမ်၏လက္ခဏာမပြသော ကင်ဆာအကျိတ် သည်ပုံမှန် သားအိမ်ကင်ဆာနှင့်လုံးဝကွဲပြားခြားနားသည်။ ဆိုလိုသည်မှာမိန်းကလေး၏အကျိတ်သည်တခြားသောကိုယ်တွင်းအင်္ဂါများသို့ မည်သည့်လက္ခဏာမျှ မပြပဲ ကြိတ်၍ ပျံ့နှံနေခြင်းဖြစ်သည်။သူမ၏ရောဂါအဆင့်သည် အဆင့် ၁ မှ ၂ မှ ၄ အထိ…စသဖြင့် အဆိုးဆုံးအဆင့်ထိ ရောက်နှင့်နေလောက်ကာ…အရပ်စကားနှင့်ပြောရမည်ဆိုလျှင် ကင်ဆာ နောက်ဆုံး အဆင့်ဖြစ်သည်။
" သိပ်နောက်ကျသွားပြီပဲ…"
ရှန့်ဖန်းယွိက မှတ်ချက်ချသည်။
ကျန်းရွှိက ကသူ့ခေါင်းကိုခါယမ်းလိုက်ကာ
"ငါကြိုးစား ကြည့်ချင်သေးတယ်"
"မင်း အရင်ဆုံးပြန်လိုက်..."
ရှန့်ဖန်းယွိအား ကြည့်ကာပြောလိုက်သည်။ ထို့နောက် ဆေးစစ်ချက်အစီရင်ခံစာများကိုစုဆောင်းကာ အပေါ်ထပ်သို့ တက်ရန် လှည့်လိုက်သည်။ရှန့်ဖန်းယွိက သူ့အားနောက်ကွယ်မှဆွဲလိုက်ကာ
"အစာအိမ်နဲ့အူလမ်းကြောင်းခွဲစိတ်မှုက ၉ထပ်မှာလေ လှေကားကနေကရတက်မလို့လား "
ကျန်းရွှိက ရှန့်ဖန်းယွိအား တစ်ချက်ကြည့်ပြီး သူအစာအိမ်နဲ့အူလမ်းကြောင်းခွဲစိတ်ရေးဌာနအားသွားရန် စီစဉ်နေကြောင်း မည်သို့ခန့်မှန်းသိသွားခဲ့သည်ကို မမေးတော့ပေ။
သို့သော်သူနှင့် ရှန့်ဖန်းယွိ တို့အကြား ဤကဲ့သို့ တယောက်နှလုံးသား တယောက် နားလည်မှုသည် သူ၏နှလုံးသားထဲတွင်အလွန်သိမ်မွေ့သောခံစားချက်ပေးလေ့ရှိသည်ကိုသူဝန်ခံရပေမည်။
သူကျန်းရွှိအပေါ်တွင် ကောင်းကောင်းနားလည်ပေးနိုင်သည်။
သူကနောက်သို့ဆုတ်ကာ ဓာတ်လှေကားစီး ပြန်လှည့်လိုက်သည်။ နံပါတ်များသည်တထပ်ပြီးတထပ် မြင့်တက်လာခဲ့ပြီး ကျန်းရွှိသည်၉ထပ်မြောက်တွင် အစာအိမ်နဲ့အူလမ်းကြောင်းဌာနသို့တိတ်တဆိတ်ဝင်သွားကာရှန့်ဖန်းယွိကသူနောက်အားမလိုက်ခဲ့ပေ။ သို့သော် တံခါးနားတွင် သူ့အားစောင့်နေသည်။
" စီနီယာ အကို အန်း"
ကျန်းရွှိ ဝင်သွားသောအခါ အန်းဝေသည် မပြန်သေးပေ…။
သူသည်အစာအိမ်နှင့်အူလမ်းကြောင်းခွဲစိတ်မှုဌာန၌လည်ပတ်နေစဉ် အန်းဝေ သည် ကျန်းရွှိ၏ကြီးကြပ်သူ ဖြစ်ကာ နှစ်များစွာ ရင်းနှီးသောပုဂ္ဂိုလ်ရေးဆက်ဆံရေးမှုရှိခဲ့သည်။ သူတို့ တွင် တူညီသော လုံ့လဝီရိယရှိခဲ့ကြကာ ယခုအချိန်တွင်လည်း အချိန်ပိုအလုပ်လုပ်နေကြဆဲဖြစ်သည်။
"ကျန်းရွှိ.."
အန်းဝေ ကသူ့အား တွေ့သောအခါ အနည်းငယ်အံ့သြသွားသည်။
“ မင်းဘယ်လိုရောက်လာတာလဲ "
ကျန်းရွှိသည် အန်းဝေ အား ရှည်ရှည်ဝေးဝေး မပြောတော့ပဲ လျန်းမြောင်၏ ဆေးစစ်မှုအဖြေကို ပြကာ
"ကျွန်တော် သူမကိုခွဲစိတ်ပေးချင်တယ်…"
ဆေးဘက်ဆိုင်ရာအခွဲများသည် အသေးစိတ်ဆက်စပ်နေခဲ့ကြသည်။ သူသည် သားဖွားမီးယပ်အထူးကုကျွမ်းကျင်၍ ထိုလက္ခဏာမပြသောသားဥအိမ် အကျိတ်အားဖယ်ရှားနိုင်သော်လည်း အစာအိမ်အတွင်းမှ အကျိတ်၏ထိပ်ပိုင်းသည် မူလအကျိတ်နှင့် အလွန် နီးကပ်စွာရှိနေသည်။ ကျန်းရွှိ သည်အစာအိမ်အတွင်းမှ ကင်ဆာအကျိတ်ကိုဖယ်ရှားရန် အန်းဝေ အားသူနှင့်အတူ ဤခွဲစိတ်မှုတွင်အလုပ်တွဲလုပ်စေလိုသည်။
အန်းဝေ သည်ဆေးစစ်မှု အစီရင်ခံစာမှအားဖတ်ခဲ့ပြီးနောက် အချိန်ကြာမြင့်စွာတိတ်ဆိတ်သွားသည်။ ထို့နောက်သူသည် ဆေးစစ်ချက်အား ကျန်းရွှိသို့ပြန်ပေးကာ ငြင်းဆန်လိုက်သည်။
ကျန်းရွှိက "အာ…အကို အန်း…သူမရဲ့ မူလအကျိတ်က သိပ်ပြဿနာမရှိတာကြောင့် ခွဲစိတ်လို့ရပါတယ်…"
"ဒါပေမယ့် သားဥအိမ်နှစ်ခုလုံးကို အကျိတ်က ပြန့်နေပြီလေ…ကျန်းရွှိ …အဲ့တာက အရည်တွေနဲ့ ပြည့်နေတာ…ငါက အစာအိမ်ထဲက မူလအကျိတ်ကို ဖယ်ထုတ်နိုင်ပေမဲ့ မင်းက သားဥအိမ်ကအကျိတ်တွေကို ဖယ်နိုင်ပါ့မလား…မင်းမသိဘူးနော် အဲဒီ အကျိတ်တွေရဲ့ အမြစ်တွယ်နေတာက ဘယ်လောက်ဆိုးနေလဲဆိုတာ..မင်းစင်တီမီတာလေးနည်းနည်းလွဲသွားရင်တောင် အဲ့အကျိတ်တွေက ချိန်ကိုက်ဗုံးလိုပဲဖြစ်သွားမှာ…မင်းအဲ့လိုတကယ်လုပ်မယ်ဆိုရင် အဲ့တာ စွန့်စားရာကျတယ်နော်…"
"ကျန်းရွှိမင်းတခြားတယောက်ကို ရှာတာကောင်းလိမ့်မယ် ငါဒုက္ခမရောက်ချင်ဘူး"
ကျန်းရွှိက အန်းဝေ၏ ကျိုးကြောင်းရှင်းပြပုံကို နားလည်သည်။သို့သော် သူသည် နှုတ်ခမ်းများ တင်းတင်းစေ့ကာ အန်းဝေအားပြောလိုက်သည်။
"ကျွန်တော် လူနာရှင်မိသားစုနဲ့ စကားပြောပြီးပါပြီ…သူတို့လည်း ခွဲစိတ်မှုအတွက် လက်ခံပေးပြီး ပူးပေါင်းပေးကြပါတယ်..."
ခွဲစိတ်ကုသမှုမလုပ်ပါက သူမသည် သေမည့်အချိန်ထိုင်စောင့်နေရသလိုပင်ဖြစ်နေသည်။လျန်းမြောင် ၏လက်ရှိအခြေအနေအရသူမသည်သုံးလပင် အသက်ရှင်နေထိုင်နိုင်မည်မဟုတ်ကြောင်းနှင့်ခွဲစိတ်မှုသည်သူမ၏ဘဝသက်တမ်းကိုကြာရှည်စေရန်နောက်ဆုံးကြိုးပမ်းမှုဖြစ်သည်။
" ကျန်းရွှိ မင်းလုံလုံလောက်လောက် မခံစားရသေးဘူးလို့ငါထင်တယ်.."
အန်းဝေ သည်ပါးစပ်ဖျားနှင့်သာ ခါးသီးစွာပြောသည်။
"လူနာမိသားစုတွေက ဘယ်လောက်တောင်မှ ခွဲစိတ်မှုမတိုင်နဲ့ ခွဲစိတ်ပြီးအချိန် ဘယ်လိုစကားကို အပြောများဆုံးလဲ…ဒီလို သူတို့ သမီးငယ်လေးကို မင်းလက်ထဲမှာသေမှာကို လက်ခံပေးမှာတဲ့လား…"
"ဒီရောဂါက အချိန်ကုန်လာလေ ကလေးရဲ့အခြေအနေကတစ်နေ့ပြီးတစ်နေ့ပိုပို ဆိုးလာမှာ… ကင်ဆာရောဂါရဲ့ ပြန့်ပွါးနှုန်းက အစပိုင်းမှာနှေးကွေးပြီး နောက်မှ တအား မြန်လာတာကို မင်းသိပေမယ့် လည်း လူနာရဲ့မိသားစုက အဲ့အကြောင်းကို မသိနိုင်ဘူး…အခြေနေ တိုးတက်နေသူကတစ်နေ့ပြီးတစ်နေ့ပိုပို ဆိုးလာတယ်လို့ပဲ သူတို့ ကပြောကြမှာ…"
"ငါ့အမြင်အရမင်း ဒီကိစ္စကို ပထမဦးစားပေးမလုပ်သင့်ဘူး… ခွဲစိတ်ကုသမှုကို တာဝန်မယူနိုင်ပဲ လူနာရဲ့မိသားစုကိုမျှော်လင့်ချက်မပေးသင့်ဘူး …သူသာသေသွားပြီဆိုရင် မင်း နေ့စဉ်တိုင်ကြားမှုတွေကိုသာ စောင့်နေရတော့မှာ.. "
သူသည်ကျန်းရွှိအား ရုံးထောင့်ရှိအသုဘအခမ်းအနားများအတွက်အသုံးပြုသောပလတ်စတစ်ပန်းဖြူများကိုထောက်ပြပြီး
"မြင်လား"
ထို့နောက်သူသည် ကျန်းရွှိ ထိုင်နေသောစားပွဲခုံအားလက်ညှိုးထိုးပြကာ
" အဲ့ထိုင်ခုံကတယောက်က မနက်တုန်းက သွေးနဲ့ရေးထားတဲ့ခြိမ်းခြောက်စာတွေကို လက်ခံရထာသွေးအစစ်လား သုတ်ဆေးလား ငါတို့မသိဘူး ဒါပေမယ့် သူတော်တော် ကြောက်လန့်ပြီး သူအလုပ်မလုပ်တော့ဘူး လို့ ပြောသွားတယ်… သူကခွင့်မရပေမယ့် ဒါရိုက်တာကြီးဆီကနေနားရက်ရခဲ့တယ်..."
အန်းဝေက " အကယ်၍ အဲ့ဒါက အခြားရောဂါသာဆိုရင် အဆင်ပြေသွားနိုင်တယ်ဒါပေမယ့် ဒီလိုဖြစ်သွားတော့ နေရာတိုင်းက ငြင်းသွားတာ မဆန်းပါဘူး…"
"စီနီယာ အကိုအန်း… လွန်ခဲ့တဲ့ ၂ နှစ်က ကျွန်တော်ခွဲစိတ်ခဲ့တဲ့ အဲဒီလို ကင်ဆာအကျိတ်သည် လူနာက အသက်ရှင်နေတုန်းပဲနော်…မျော်လင့်ချက်ရှိပါသေးတယ်…"
ကျန်းရွှိက ပြန်ဖြေသည်။
"အဲ့ဒါ မင်း အဲဒီတခေါက်ပဲ ရှိခဲ့တာလေ"
အန်းဝေကဆက်၍ပြောသည်။
"လူနာတွေရဲ့ ကိစ္စတွေက တော်တော်များပြီး မတူကြဘူး…နည်းစနစ်ကျကျဖြစ်နိုင်ချေရှိတာကို ငါတို့ကြည့်ရတယ်…အခု ဒီကလေးမကိစ္စကကျ ဆရာဝန်ကသူခွဲစိတ်ကုသမှုကိုမလုပ်နိုင်ဘူး ခွဲစိတ်ကုသမှုမလုပ်နိုင်ဘူးလို့ လုံးလုံးလျားလျားပြောလိုက်လည်း စည်းမျဉ်းအာဏာပိုင်များသည်အမှားလို့ပြောမှာ မဟုတ်လို့ မင်းကောင်းဖို့အတွက် မင်းကို အကြံပေးနေတာ…အဲ့ကလေးမကိုတခြားဆေးရုံသို့ပြောင်းရွှေ့ခွင့်ပေးလိုက်ပါ…"
" ကျီဟွားက နိုင်ငံရဲ့ ထိပ်တန်းဆေးရုံလေ…ကျီဟွားက အဲဒီကလေးမကို တာဝန်မယူရင် ဘယ်ဆေးရုံက တာဝန်ယူမှာလဲ…"
"သူ့ကို ဘယ်သူမှ မခေါ်နိုင်တာလဲ မင်းသိရက်နဲ့ကွာ..."
"သူမက အခုမှ အသက် ၁၇ နှစ်သာရှိသေးတာလေ သူမက ကိုယ်ခံစွမ်းအားနှင့်ရုပ်ပိုင်းဆိုင်ရာအကောင်းဆုံးရှိသေးတယ် အကယ်၍ သူမကံကောင်းရင် အသက်ဆက်ရှင်နိုင်တယ်…"
"အဲဒီမှာကံက ဘယ်မှာလဲ… သူတကယ်ကံကောင်းတယ်ဆိုရင် ဒီရောဂါကို သူမခံစားရဘူးလေ "
"စီနီယာ အကို အန်း… အကိုက မူလအကျိတ်ဖြတ်တောက်ဖို့အတွက်ပဲတာဝန်ရှိတာပါ.. လူနာနဲ့နောက်ဆက်တွဲပြဿနာတွေ လူနာမိသားစုနဲ့နောက်ဆက်တွဲပြဿနာတွေအပါအ၀င် အကုန် ကျွန်တော်တာဝန်ယူမှာပါ…"
"အကယ်၍ သူမရဲ့ ကုသမှုရလဒ်အပေါ် ထင်မြင်ချက်တွေရှိခဲ့ရင် ကျွန်တော့်ဆီ လာဖို့ပဲ လူနာကိုရှင်းရှင်းလင်းလင်းပြောထားမှာပါ…"
သူသည် အန်းဝေအားကြည့်ကာ
" ကျွန်တော်တို့ ကြိုးစားမှဖြစ်မယ်"
" ငါသဘောမတူဘူးဆိုရင်ရော"
"အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ဆရာဝန်တွေအများကြီး ရှိတယ် အကယ်၍ အကို သဘောတူတယ် လို့မပြောရင် အခြားတစ်ယောက်ယောက် ကိုကျွန်တော်တွေ့အောင်ရှာမယ် "
အန်းဝေ ကသူ့ကိုကြည့်ကာ
"မင်းကတခြားတစ်ယောက်ယောက်ဆီကိုသွားရင်တောင် သူတို့က သဘောတူတယ်လို့ ပြောမှာမဟုတ်ဘူး"
ကျန်းရွှိ၏ မျက်လုံးများသည် ပို၍တည်ငြိမ်သွားကာ
"ကျွန်တော်မရ ရအောင် ကြိုးစားနိုင်တယ်"
အန်းဝေ ကသူ့စကားရပ်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ သူကအချိန်ကြာမြင့်စွာဘာမျှမပြောခဲ့ပေ။ ကျန်းရွှိသည် သူ့အားတိုက်တွန်းခြင်းမရှိသကဲ့သို့ မထွက်သွားသေးပေ။ ကျန်းရွှိသည်သူ့အနားတွင် ထိုင်ကာ သူစဉ်းစားရန်စောင့်ပေးခဲ့သည်။
" ငါဌာနမှာ လှည့်နေတုန်း ဒါရိုက်တာ ဟောင် က မင်းခေါင်းမာတဲ့အကြောင်း။ ဟိုးအရင်ကတည်းက ပြောခဲ့ပြီးသား… ငါအဲဒီအချိန်ကမင်းရဲ့စိတ်နေစိတ်ထား အဆင်ပြေတာပဲ တွေ့လေ့ရှိတာ… မင်းရုံးချိန်အများစုတုန်းက တကယ် ကို အေးဆေးပေမယ့် အခုငါ့လူဟောင်းရဲ့မျက်စိတွေက တကယ်အဆိပ်ဖြစ်နေတာ ငါသဘောပေါက်သွားပြီ…"
သူသည်ရုတ်တရက်မတ်တပ်ရပ်ကာ လူနာများထံမှပို့ထားသော အဖြူရောင်ပလပ်စတစ်ပန်းများကို ကုန်းကောက်ယူကာ
" ငါခွဲစိတ်ပေးမယ်…ဒါပေမယ့်သူ့ မိသားစုကဆေးရုံကိုပြဿနာလာရှာလို့ ဒုက္ခရောက်ရင် ငါမင်းကိုကူညီမှာမဟုတ်ဘူးဆိုတာ ကြိုပြီးရှင်းရှင်းလင်းလင်းပြောထားမယ်.."
"ကျေးဇူးတင်ပါတယ် စီနီယာ…"
အန်းဝေက…
"ငါမင်းကို ပြန်စဉ်းစားဖို့ အကြံထပ်ပေးတယ်နော်…"
သူသည်ပလပ်စတစ်ပန်းကို ကျန်းရွှိထံသို့ကမ်းပေးခဲ့ကာ
"ငါတို့အားလုံးက ဒီနေ့ ဒီ ပန်းတွေကို ကြောက်လန့် ခဲ့ကြပြီး အခုကျလွှင့်ပစ်ရတော့မယ်…ဒါပေမယ့်ဒါရိုက်တာ ဟောင် ကခွင့်မပြုခဲ့ဘူး…ဌာနက လူတိုင်းကို သတိဝိရိယရှိဖို့ တယောက်ယောက်ကို နမူနာပြနေကျ…အဲ့တော့ အသက်ကယ်ဖို့အရေးကြီးတယ်ဆိုတာသတိရပါ…ဒါပေမယ့်ဘယ်အရာမှ ကိုယ့်ကိုကိုယ်ထက်ပိုအရေးကြီးတယ်ဆိုတာ မမေ့နဲ့ …မင်းလည်းယူထားသင့်တယ်လို့ထင်တယ်..."
ကျန်းရွှိသည် အသုဘပန်းပွင့်ဖြူအား ကြည့်လိုက်သည်။
" ...... ဒါတွေမလိုအပ်ပါဘူး"
"ယူပါ..."
အန်းဝေ ကသူ့အိတ်ကပ်ထဲသို့ အတင်းထည့်ပေးပြီး
" မဟုတ်ရင် ငါနောင်တရနေလိမ့်မယ်..."
ကျန်းရွှိက အန်းဝေတွင် ရည်ရွယ်ချက်ကောင်းများရှိသည်ကိုသိသည်။ သူကပန်းကိုလက်ခံခဲ့သည်ကို တွေ့သောအခါ အန်းဝေ ကသူ့အားတိုက်တွန်းခဲ့သည်။
" အိုကေ သွား သွား ” သူကသူ၏ရင်ဘတ်ကိုဖုံးအုပ်ထားကာပြောသည် ကိုကြည့်ခြင်းအားဖြင့် ကျန်းရွှိက သူသည်မိုက်မဲသောအရာတစ်ခုခုကိုလုပ်မိနေကြောင်းသတိဝင်နေသည်။
ကျန်းရွှိသည် အခန်းမှထွက်လာသည်နှင့် ခေါင်းကို ကူကယ်ရာမဲ့စွာခါလိုက်သည်။ သူသည် အန်းဝေရုံးခန်းတံခါးအား ပိတ်လာပြီးသူ၏အဝတ်အစားများအတွင်းရုတ်တရက်ရွေ့လျားသွားကာ အိတ်ကပ်ထဲမှပန်းများကိုထုတ်လိုက်သည်။ ကျန်းရွှိသည် သူ၏မျက်လုံးများကိုပင့်ကြည့်သောအခါ ရှန့်ဖန်းယွိက တံခါးကိုမှီ၍ စောင့်နေဆဲဖြစ်ကြောင်းတွေ့ရှိရသည့်အတွက် အံ့အားသင့်ခဲ့သည်။
" မင်းမပြန်သေးဘူးလား"
သူနှင့် အန်းဝေ တို့သည်အချိန်ကြာမြင့်စွာစကားပြောခဲ့ကြပြီး အပြင်ဘက်တွင် ထိုင်စရာ ကုလားထိုင်တလုံးပင်မရှိခဲ့ပါ။
"အင်း… သူမင်းကိုအနိုင်ကျင့်မှာ ကြောက်လို့... "
ရှန့်ဖန်းယွိသည် ပလပ်စတစ်ပန်းကို သူ၏လက်၌နှစ်ခါ သုံးခါ ချိုးဖဲ့ကာအပိုင်းအစများကို အမှိုက်ပုံးထဲသို့ ပစ်ချလိုက်သည်။
"သင်္ချိုင်းကပန်းတွေကို လက်ခံရတာက ကံဆိုးတတ်တယ်…"
"မင်းဘာလုပ်တာလဲ..."
ကျန်းရွှိက သဘောမတူစွာ ပြောသည်။
"သူများတွေဆီက ပန်းတွေကိုမင်းလက်မခံရဘူး..."
ရှန့်ဖန်းယွိ ကပြောကြားခဲ့သည်.။
" ပန်းပွင့်ကိုကြိုက်ရင် နှင်းဆီပန်းနောက်တစ်စည်း ငါမှာပေးမယ် ဒီတခါ အဝါပေါ့..အဆင်ပြေလား…"
ကျန်းရွှိက ရှန့်ဖန်းယွိ သည် သူ စိတ်ကောင်းဝင်မနေကြောင်းသိသောကြောင့် သူ့ကိုအားပေးအားမြှောက်ပင့်ရန် ထွေရာလေးပါးပြောဆိုနေသည်ကို နားလည်သည်။ ထို့ကြောင့်သူက
" စီနီယာ အကို အန်း ကသဘောတူလိုက်တယ်.."
"သူသဘောတူမှာပေါ့... "
ရှန့်ဖန်းယွိက သူ့အားစိုက်ကြည့်ကာ
"မင်းကိုဘယ်သူကငြင်းနိုင်မှာလဲ"
ကျန်းရွှိသည်လျှောက်လမ်း စင်္ကြံကိုမှီကာ ရေရွတ်လိုက်သည်။
"ဟွန်း…"
ရှန့်ဖန်းယွိ သည်သူ၏နှုတ်ခမ်းထောင့်များကိုကွေးပြီး
"ပြဿနာမရှိပါဘူး.. ဒေါက်တာ ကျန်းက ရုပ်ရည်ချောမောပြီး ဂရုစိုက်တတ်တာ သိပါတယ်"
သူက ကျန်းရွှိ၏ ပခုံးပေါ်လက်ကိုတင်လိုက်ကာ
" ဒါပေမယ့်ငါ့ကို မင်းရဲ့ ချစ်ခြင်းမေတ္တာတချို့ မျှဝေနိုင်ရင်ကောင်းမှာပဲ.."
"ငါ့ရဲ့ ချစ်ခြင်းမေတ္တာတွေက လူနာတွေဆီကိုပဲပေးတာပါနော်…" ကျန်းရွှိက သူ့အား အလေးအနက်တုန့်ပြန်သည်။
"မင်း နေမကောင်း မဖြစ်ဘူးလို့ မျှော်လင့်ပါတယ်…"
"ဒီဘဝမှာမင်းရဲ့လူနာဖြစ်ဖို့မျှော်လင့်ချက်မရှိဘူးရယ်..."
ရှန့်ဖန်းယွိ ကရယ်၍ပြောသည်။
" ဒါပေမယ့်မင်းကတော့ ငါ့လူနာနော်… ငါ့ရဲ့အထူးလူနာ.."သူက ကျန်းရွှိအားထပ်ရယ်ကာပြောသည်။
"ကျစ်"
ကျန်းရွှိသည် သူ၏စကားများကိုပြုံးပြီး ရှန့်ဖန်းယွိအား နောက်တခါ မကြည့်မီခေါင်းကိုလှည့်လိုက်သည်။
ကျီဟွားကော်ရစ်ဒါတွင် အပြင်ဘက်ရှိကောင်းကင်မှလှည့်လည်နေသောကြယ်များအား မှိတ်တုတ်မှိတ်တုတ်မြင်နေရသည်။ရှန့်ဖန်းယွိ၏နောက်ကွယ်သို့ ကြယ်များကြွေကျသွားသောအခါ ရှန့်ဖန်းယွိအားကြည့်နေသော ကျန်းရွှိ၏ မျက်လုံးများထဲတွင် ကြယ်များကြွေနေခဲ့သည်။
ထို့ကြောင့် သူ၏မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပနေသည်။ သိမ်မွေ့စွာ မျက်တောင်ခတ်လိုက်ပြီးနောက်ရှန့်ဖန်းယွိက
"ငါ့ရဲ့ နောက်ထပ်နားရက်ရပြီ..အဲ့တော့ နောက်အပတ်ကျရင် ငါနဲ့အတူအိမ်ကို လိုက်မလား "