အပိုင်း ၁၁၀
Viewers 14k

Chapter 110




ခဏအကြာတွင် ရဲဌာန၏ လက်ထောက်အသင်းခေါင်းဆောင် ရောက်လာခဲ့သည် ။သူသည် လောင်ကျောက်ကို တစ်ချက်ကြည့်လိုက်သည် ။ နှစ်ယောက်သည် အရင်ထဲက သိနေကြပြီး လောင်ကျောက်က အပြုံးဖြင့်တုံ့ပြန်လိုက်သည် ။


လက်ထောက်အသင်းခေါင်းဆောင်သည် ထိုင်လိုက်ပြီးနောက် မှတ်တမ်းကို ဖတ်ပြလိုက်သည် ။ ထို့နောက်တွင် ဤကိစ္စတွင် မည်သူက တာဝန်ရှိသလဲဆိုသည်ကို ပြောခဲ့သည် ။ 

" ဘာတွေဖြစ်နေလဲ ဆိုတာကို တစ်ချက်ကြည့်ပါရစေအုန်း "


ထိုအရာအား ကြည့်ပြီးနောက်မှသာ ဟယ်ချုန်ရှန်း နှင့် မုန့်ချန်သည် စိတ်သက်သာရာရသွားကြသည် ။


  လောင်ကျောက်သည် သူ့ထံတွင် အင်အားရှိနေသည်ဟု ခံစားလိုက်ရပြီး ထို့နောက်တွင် သူ့ဘေးမှ ခုံအား ယူကာ ဝင်ထိုင်လိုက်သည် ။ သူသည် ရဲစခန်းထဲတွင် ဆေးလိပ်မီးမညှိခင် ခေါင်းပင်အသာမော့လိုက်သေးသည် ။


သူသည် ဟယ်ချုန်ရှန်းအား တစ်စုံတစ်ရာ ဂုဏ်ယူနေသလို ထပ်၍ အသံနှိမ့်ကာ ပြောလိုက်သည် ။

" လောင်ဟယ် ၊ ဒီတစ်ကြိမ်လည်း မင်းငါ့အပေါ်မှာ ထပ်ပြီးမျက်နှာသာပေးဖို့ အကြွေးတင်သွားပြီ "


ဟယ်ချုန်ရှန်းသည် အလျင်အမြန်ပင် အနည်းငယ် ဦးညွှတ်လိုက်သည် ။ " ဟုတ်တယ် ၊ ဟုတ်တယ် လောင်ကျောက် ။ မင်းကိုငါဒီတစ်ခါ ကျေးဇူးတင်ပါတယ် ။ မနက်ဖြန်လာပြီး မင်းကို ကျေးဇူးဆပ်ပါ့မယ် "


လောင်ကျောက်သည် ပြုံးလိုက်ပြီး စီးကရက်ကို တောက်ချလိုက်သည် ။ 


ဟယ်ချုန်ရှန်းသည် တတွတ်တွတ်စကားပြောနေပြီး သူ၏ မိန်းမသည် အလွန်ဆူညံကာ ယခုထိ ငိုယိုနေဆဲဖြစ်သည် ။သူ၏ မျက်နှာသည် မကြည်မလင်ဖြစ်နေပြီး သူသည် သူ၏ သူငယ်ချင်းရှေ့၌ မျက်နှာပျက်ရသည်ဟု ခံစားနေမိသည် ။ သူ၏ မိန်းမသည် သူ၏ နာမည်ကို ဖျက်ခဲ့သည်ဟု မတွေးဘဲမနေနိုင်ခဲ့ချေ ။


ဤတစ်ကြိမ်သည် ဒုတိယအကြိမ်ပင် ဖြစ်သည် ။


သူ၏မိန်းမသည် ထူးဆန်းသောကိစ္စများတွင် ပို၍ ပါဝင်ပက်သက်လာသည်နှင့်အမျှ သူပို၍ ထူးဆန်းလာရသည် ။


သူယခင်ကသိခဲ့သော မုန့်ချန်သည် သာမန်လူလတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်သာ ဖြစ်သည် ။သူမ ပြောခဲ့သည်မှာ သူမကလေးမမွေးနိုင်သောကြောင့် သူ၏ ယခင်ယောကျ်ားနှင့် ဆိုးရွားသောဆက်ဆံရေးရှိခဲ့သည် ဟူ၍ဖြစ်သည် ။ သူသည် မုန့်ချန်အား ထိုအရာကြောင့် ပို၍ မြတ်နိုးပေးခဲ့သည် ။ မုန့်ချန်၏ ဘဝသည် ဖြူစင်ပြီး ရိုးသားသည်ဟု တွေးခဲ့သည် ။ထို့ကြောင့် သူသည် မုန့်ချန်နှင့် ဆက်ဆံရေးတစ်ခုကို အလျင်အမြန်ပဲ တည်ထောင်ခဲ့ပြီး မိသားစုများ၏ ပိတ်ပင်မှုကိုပင် ဂရုမစိုက်ဘဲ လက်ထပ်ခဲ့သည် ။


သို့သော် ယခုတွင်တော့ သူသည် ခေါင်းပေါ်တွင်ရှိနေသော တိမ်စိုင်များကိုသာ ခံစားနေမိပြီး သူသည် မုန့်ချန်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ချေ ။ဘာတွေများဖြစ်နေပါသနည်း ။ ဤအရာများပြီးသည့်နောက်တွင် သူသည် ပြန်သွားပြီး သူမ၏ နောက်ကြောင်းအား ပြန်လည်စစ်ဆေးရန် ဆုံးဖြတ်လိုက်သည် ။


ရဲသည် နှစ်ဖက်လုံးအား မှတ်တမ်းယူပြီးပြီးချင်း၌ပင် လူတစ်ယောက်ဝင်လာပြီး ပြောခဲ့သည် ။

" လက်ထောက်အသင်းခေါင်းဆောင် ၊ လမ်းရဲ့ စောင့်ကြည့်စစ်ဆေးတဲ့ကင်မရာက ရုတ်တရက်ကြီး အထက်ကို လွှဲပြောင်းပေးလိုက်တယ် ။ ကျွန်တော်လည်း ဘာတွေဖြစ်နေမှန်းမသိဘူး "


လက်ထောက်အသင်းခေါင်းဆောင်သည် မတ်တပ်ရပ်လိုက်ပြီး နားမလည်စွာပင် ပြောလိုက်သည် ။

" ဘာလို့အဲ့တာက ရုတ်တရက်ကြီး လွှဲပြောင်းလိုက်ရတာလဲ "


သူ၏ လက်အောက်ငယ်သားသည် ပြန်ပြောလိုက်သည် ။ " ကျွန်တော်​မသိဘူး ။ အဲ့တာက ရာဇဝတ်မှုကို အထက်က စစ်ဆေးတဲ့အခါမှပဲ သုံးလေ့ရှိတာ ။ အဲ့တာပြန်ရဖို့ ဘယ်လောက်ကြာအုန်းမလဲဆိုတာလည်း ကျွန်တော် မသိဘူး ။ "


ဘာ ။


မုန့်ချန်နှင့် ယခုတွင်ရှိနေကြသော သူများအားလုံး ဆွံ့အသွားကြသည် ။ကြည့်ရသည်မှာ သူမ၏ရိုးသားမှုကိုသက်သေပြနိုင်သည့် အရာသည် ပျောက်ကွယ်သွားပုံရပြီး မုန့်ချန်သည် စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည် ။


" အဲ့တာက တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်တာ မဟုတ်ဘူးလား ။ ဘာလို့အဲ့လောက် ချောချောမွေ့မွေ့ဖြစ်နေရတာလဲ ။ စောင့်ကြည့်စစ်ဆေးထားတဲ့ ဗီဒီယို လွှဲပြောင်းလိုက်ပြီတဲ့လား ။ " 


ကျင်းမင်သည်လည်း အနည်းငယ်ပဟေဠိဖြစ်သွားရသည် ။ ဘုရားသခင်သည် သူတို့အား ဘာကြောင့် ကူညီပေးရသနည်း ။ ထိုအရာသည် တိုက်ဆိုင်မှုပင် ဖြစ်သည် ။ သူသည် ချက်ချင်းပင် သူ့ကိုယ်သူ အယူခံဝင်ပေးလိုက်သည် ။ 


" ရဲဦးလေးကြီး ခင်ဗျားစောင့်ကြည့်စစ်ဆေးရေးကင်မရာကို မကြည့်လည်း ဘာမှမဖြစ်ပါဘူး ။ ကျွန်တော်တို့လို့ အပြုအမူကောင်းတဲ့ကျောင်းသားတွေက ဒီအန်တီကို ဘယ်လိုလုပ်အမှုဆင်နိုင်မှာလဲ ။ "


မုန့်ချန်တစ်ယောက်ထဲကသာလျှင် သူ၏ နားကို ပေါက်ကွဲအောင် လုပ်သည့်သူဖြစ်သည် ။ သူသည် သူ့ကိုယ်သူအတွက် စကားလုံးအနည်းငယ်မပြောဘဲ နေနိုင်မည်လား ။


မုန့်ချန်သည် စိုးရိမ်ကြောင့်ကြလာရပြီး ကျင်းမင်အား ဒေါသတကြီး ကြည့်လိုက်သည် ။

" နင် မျိုးမစစ်ကောင်လေး "


ဤကိစ္စ၏ တာဝန်ရှိသော ရဲသည် ဆူပူကြိမ်းမောင်လာခဲ့သည် ။

" ခင်ဗျားဘာလို့ အော်ကြီးဟစ်ကျယ်လုပ်နေတာလဲ ။ဒါကရဲစခန်း ။ ဆူညံပူညံတွေ မလုပ်နဲ့ ။ "


အကယ်၍ စောင့်ကြည့်စစ်ဆေးထားသည့် အရာသာ မရှိတော့လျှင် သူ၏ မိန်းမသည် ရဲစခန်းတွင် မှတ်တမ်းထားခဲ့ရတော့မည်မဟုတ်လားဟုပင် ဟယ်ချုန်ရှန်းတွေးမိသည် ။


သူသည် လောင်ကျောက်အား ငိုမဲ့မဲ့ဖြင့် ကြည့်ကာ အကူအညီတောင်းနေခဲ့သည် ။


လောင်ကျောက်သည် စူးစိုက်ကြည့်ကာ တီးတိုးပြောလိုက်သည် ။

" အခုငါမင်းကို အများကြီး ကူညီပေးပြီးသွားပြီ ။ မင်းရဲ့ လုပ်ငန်းမှာ ငါ့ကို အစွန်းထွက် သုံးရာခိုင်နှုန်းလောက်တော့ ပေးရမယ်နော် ။ "


သူသည် ယုံကြည်ချက်ရှိစွာဖြင့် မတ်တပ်ထရပ်လိုက်သည် ။  လက်ထောက်အသင်းခေါင်းဆောင်အား လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ပြီး အနည်းငယ်ပြောလိုက်သည် ။

" ကျွန်တော်ပြောရမယ်ဆိုရင် ဒါတွေက ဘာမှ မဟုတ်ဘူး ။ လက်ထောက်အသင်းခေါင်းဆောင် ခင်ဗျား .."


သူစကားပြောလို့ မပြီးသေးခင်တွင် သူ၏ ခါးကြားတွင် ထိုးထားသော ဖုန်းသည် ရုတ်တရက်မြည်လာပြီး သူ၏ အတွင်းရေးလက်ထောက်ဆီမှ ဖြစ်သည် ။


  ပုံမှန်အခြေအနေတွင် သူ၏ အတွင်းရေးလက်ထောက်သည် ကိုယ်ရေးကိုယ်တာသုံးသည့်ဖုန်းနံပါတ်ကို ခေါ်ဆိုလိမ့်မည်မဟုတ်ပေ ။ဖြစ်နိုင်သည်မှာ ကိစ္စကြီးတစ်ခုခုရှိနေလို့ ဖြစ်လိမ့်မည် ။


လောင်ကျောက်အလျင်အမြန်ပဲ ပြောလိုက်သည် ။

" အားနာပါတယ် ၊ ကျွန်တော် ဖုန်းပြောဖို့ အပြင်ခဏထွက်လိုက်အုန်းမယ် "


ဟယ်ချုန်ရှန်း နှင့် မုန့်ချန် နှစ်ယောက်လုံးသည် စိုးရိမ်နေကြပြီး အထူးသဖြင့် ဟယ်ချုန်ရှန်းအား တိုက်တွန်းနေသော မုန့်ချန်ပင်ဖြစ်သည် ။မုန့်ချန်သည် သူ၏ လက်မောင်းကိုပင် ဆွဲလိုက်ဆိတ်လိုက်လုပ်နေကာ အသံနှိမ့်၍ မေးလိုက်သည် ။

" ရှင့်ရဲ့ သူငယ်ချင်းဟောင်းက ဘာလို့ပြန်မလာတော့တာလဲ ။ ဖြစ်နိုင်တာက သူရှင့်ကိုကတိပေးထားပေမယ့် သူထွက်သွားပြီထင်တယ် ။ သူ ဘာလို့အဲ့လိုလုပ်သွားတာလဲ "


ဟယ်ချုန်ရှန်း၏ စိတ်ထဲတွင် ယင်ကောင်ပေါင်းတစ်သောင်းလောက် တဝီဝီမြည်နေသလိုပင် ဖြစ်နေသည် ။  သူသည် မတတ်သာစွာဖြင့်ပင် မုန့်ချန်အား ပြောခဲလှသည့် ပြင်းပြင်းထန်ထန်စကားတို့အားပြောလိုက်သည် ။


"  မင်းသာ ဒီလိုကိစ္စတွေအများကြီးကို ထပ်မဖြစ်စေဘူးဆိုရင် ငါက အဖိုးကနေတစ်ဆင့်ပြောပြီး အဖွားကို ဒီဟာအတွက် ရှာခိုင်းတော့မှာ ။ သူက ငါ့ကိုကူညီပေးတယ်တဲ့ ။ သူဒီတစ်ခေါက် ငါ့ရဲ့ စီးပွားရေးလုပ်ငန်းကို ဘယ်လောက် ဖဲ့ယူသွားလဲ မင်းသိလား ။ "


မုန့်ချန်သည် သူ၏ နှလုံးသားထဲတွင် ဒေါသထွက်နေသည်ကို ခံစားခဲ့ရသည် ။

" ဒါဆို ရှင်က ကျွန်မကို ဂရုမစိုက်ချင်တော့ဘူးပေါ့ ဟုတ်လား ။ ရှင်အရင်က ကျွန်မကို ကောင်းကောင်းဆက်ဆံပါ့မယ်လို့ ရှင်ပြောခဲ့တယ် ။ အခု အဲ့တာက ဘယ်လောက်ကြာသေးလို့လဲ..."


ဟယ်ချုန်ရှန်း၏ ဦးနှောက်ထဲတွင် အထိနာသွားခဲ့ပြီး သူသက်ပျင်းချကာ ဆိုလိုက်သည် ။

" ကိုယ်တောင်းပန်ပါတယ် ။ ကိုယ်မဟုတ်တာတွေ ပြောလိုက်မိတာ "


သို့သော် လောင်ကျောက်ပြန်လာသည်ကို တွေ့သောအခါ ဟယ်ချုန်ရှန်း နှင့် မုန့်ချန် နှစ်ယောက်လုံး မတ်တပ်ထရပ်လိုက်ပြီး သူတို့၏ ကယ်တင်ရှင်အားကြည့်နေသကဲ့သို့ပင် လောင်ကျောက်အား အလေးအနက်ကြည့်နေကြသည် ။


သို့သော် ဤတစ်ခေါက်တွင် ပြန်လာသော လောင်ကျောက်၏ မျက်နှာသည် သိပ်မကောင်းလှပေ ။ ပို၍ ကြည့်ရဆိုးလာပြီး သူ၏ မျက်နှာတစ်ပြင်လုံး မဲမှောင်နေသကဲ့သို့ပင် အလွန်ဆိုးရွားနေခဲ့သည် ။


သူသည် လက်ထောက်အသင်းခေါင်းဆောင် အားပြောလိုက်သည် ။ 


" လက်ထောက်အသင်းခေါင်းဆောင် ကျွန်တော် နဲ့ ခင်ဗျားသိနေရင်တောင်မှ ဒီကိစ္စမှာ ကျွန်တော်ကတော့ ပုဂ္ဂိုလ်ရေးရာအရ မဆုံးဖြတ်စေချင်ဘူး ။ ဒီအတိုင်း ခင်ဗျား လုပ်သင့်သလိုသာ ဆောင်ရွက်လိုက်ပါ ။ "


  ပြောပြီးသွားသည့်နောက်တွင် သူသည် ဟယ်ချုန်ရှန်းအား ရှစ်နှစ်တာ ရန်သူအား ကြည့်နေသကဲ့သို့ ကြည့်လိုက်ပြီး အဝေးသို့လျှောက်သွားခဲ့သည် ။


ခဏတာလောက် တိတ်ဆိတ်သွားခဲ့သည် ။


ဟယ်ချုန်ရှန်း "..."


မုန့်ချန် အံ့အားသင့်စွာပြောလိုက်သည် ။

" ဘယ်လိုဖြစ်တာလဲ ။ဘယ်လိုလုပ် မြစ်ကို ဖြတ်ပြီးတာနဲ့ တံတားကို ဖျက်လိုက်ရတာလဲ ။ "


 လက်ထောက်အသင်းခေါင်းဆောင်သည်လည်း ပြဿနာကြောင့် စိတ်ရှုပ်လာရပြီး ပုံမှန်တာဝန်ရှိသော ရဲတစ်ယောက်ကို ပြောလိုက်သည် ။

" ဟုတ်ပြီ ။ ဒါဆို​ရင် စည်းမျဥ်းစည်းကမ်းတွေအရပဲ ဆက်လုပ်လိုက် ။ မှတ်တမ်းက ပြီးသွားပြီမလား ။ ဒဏ်ငွေဆောင်ပြီးတော့ လူကို ခေါ်သွားလို့ရပြီ ။ "


ဤနည်းလမ်းဖြင့် ဒီကိစ္စကို ထားခဲ့လိုက်ရန် မလိုအပ်ပေဘူးလား ။


 မုန့်ချန်၏မျက်နှာသည် ဖြူဖျော့ပြီး တုန်ရီနေခဲ့သည် ။ 

"  ဒီလူလိမ်လေးတွေက ကျွန်မကို အမှုဆင်သွားတာ ။ "


ဟယ်ချုန်ရှန်းသည်လည်း မုန့်ချန်ထက်ပင် လက်မခံနိုင်ဖြစ်နေခဲ့သည် ။သူ၏ ဇနီးသည် ရိုးသားသည့်သူသာ ဖြစ်သင့်သည် ။ သူပြန်သွားလျှင် အခြားသူများအား ဘယ်လိုကြည့်ရမည်နည်း ။ သူသည် အေမြို့မှ ဆွေမျိုးများထံမှ အလှောင်ခံရမည်လား ။ ဤပိတ်ရက်များတွင် ဆွေမျိုးများ မည်သို့ ဆွေးနွေးကြမည်နည်း ။ သူတို့သည် ဆိုးဆိုးရွားရွား ပြောလောက်မည်လား ။


 သို့သော် လက်ထောက်အသင်းခေါင်းဆောင် နှင့် လောင်ကျောက်သည် ထွက်သွားပြီဖြစ်သည် ။ ထို့နောက်တွင် သူတို့အား ကယ်တင်နိုင်သည့် သူမရှိတော့ချေ ။ ရဲသည် ပြေလည်အောင်ညှိနှိုင်းဖို့အတွက်သာ အာရုံစိုက်မည်ဆိုလျှင်တောင် ထိုအရာသည် ပြစ်မှုပင်ဖြစ်သည် ။